ကြောင်က ကြွက်ဖမ်းသည်။
Vol. 2 Ch. 18
အခန်း (၁၈) ကြောင်က ကြွက်ဖမ်းသည်။
"ဘာ? မင်းက သေခြင်းတရားကို တောင်းခံနေတာဘဲ။" ဖက်တီးသည် ဒေါသတကြီး ဖြစ်နေသည်။ ချင်ယွင်က သူ့ကို ဒီလိုစကားမျိုးပြောမည်ဟု သူ မမျှော်လင့်ထားဘူး။ ဖြစ်နိုင်တာက သူ၏စိတ်ထဲ ကြောက်လန့်နေပြီး စိတ်လွတ်သွားတာများလား။
"ငါက မင်းကို ဖက်တီးပုပ်တယောက် ၊ အသုံးမဝင်တဲ့ အမှိုက်တစ်စလို့ ပြောနေတာကွ။ မင်းဟာ လင်းကလန်ရဲ့ တပည့်တွေကြားထဲမှာ အဆင့်အတန်းနိမ့်ကျတဲ့ လူတစ်ယောက်ပဲလို့ ငါထင်ခဲ့တယ်။ မင်းဟာ မကြာခဏ အနိုင်ကျင့်ခံနေရတာ မဟုတ်လား၊ တကယ်တော့ မင်းဟာ အနိုင်ကျင့်ခံရဖို့ ထိုက်တန်ပါတယ်!" ချင်ယွင်က လှောင်ပြောင် လိုက်ပြန်သည်။
"မျိုးမစစ်ကောင်၊ မင်းက သေခြင်းတရားကို တောင်းခံနေတာဘဲ။" ဖက်တီးက ကျယ်လောင်စွာ အော်လိုက်သည်။ သူ၏မျက်လုံးများသည် ချက်ချင်းပင် နီမြန်းလာ သည်။ ဒေါသကြောင့် သူ၏အဆုတ်တစ်ခုလုံး ပေါက်ကွဲတော့မည်။ သတ္တမအဆင့် ကောင်းကင်အလွှာ သိုင်းပညာရှင်လေး တစ်ယောက်က သူ့ကို အမှိုက်ဟု ခေါ်သည်။ ဒါကို သူဘယ်လိုလုပ်ခံနိုင်ရည်ရှိနိုင်မလဲ။
"ကောင်းပြီ မင်းမှာ အရည်အချင်းရှိရင် ငါ့ကိုလာသတ်ကွာ!" ချင်ယွင်က ဆက်၍ ရန်စလိုက်သည်။
"ငါ မင်းကို အပိုင်းပိုင်း ခွဲပစ်လိုက်မယ်!" ဖက်တီးသည် ဒေါသအလွန်ထွက်ကာ နှာခေါင်းမှ အခိုးငွေ့များပင် ထွက်ကာ အံတင်းတင်းကြိတ်သွားသည်။
ဖက်တီးသည် အမှန်တကယ် သတ်ဖြတ်လိုသည့် ရည်ရွယ်ချက်များ ရှိနေသည်ကို သူ၏ဘေးမှ ပိန်ပါးပါးလူက မြင်လိုက်သဖြင့် "ဖက်တီး ၊ စိတ်လျှော့လိုက်ပါ။ ငါတို့ရည်ရွယ်ချက်ကို မင်း မေ့သွားပြီလား၊ အခု သူ့ကိုသတ်ရမယ့်အချိန်မဟုတ်ဘူး"
ဖက်တီးသည် သူ၏ရှေ့မှာပင် အော်ငေါက်ခံရသဖြင့် ချက်ချင်း လန့်နိုးလာသည်။
"စိတ်မပူပါနဲ့၊ ငါသူ့ကိုသတ်မှာမဟုတ်ဘူး၊ ဒါပေမယ့် သူ့ကို သုံးစားမရအောင်လုပ်တဲ့ အတွက် ပြဿနာ တော့ မဖြစ်လောက်ပါဘူး။" ဖက်တီးက နှာခေါင်းရှုတ်ကာ ပြောသည်။
"မင်း သူ့ကို မသတ်သရွေ့ မင်းသဘောတိုင်းဘဲ ။" ပိန်ပါးပါးလူက ပြောသည်။
ဖက်တီးသည် ခေါင်းညိတ်ပြပြီး ချင်ယွင်ကို ပြန်ကြည့်သည်။ သူ၏မျက်လုံးများသည် သတ်ဖြတ်ချင်စိတ်ဖြင့် တောက်ပနေသည်။ "မင်း ငါ့ကို ဒေါသဖြစ်အောင် အောင်အောင်မြင်မြင် လုပ်နိုင်ခဲ့တယ်။ ငါ မင်းရဲ့ထောင်ချောက်ထဲ ပြုတ်ကျလုနီးပါး ဖြစ်သွားခဲ့တယ်။ ငါ မတော်တဆ မင်းကို သတ်မိမလို ဖြစ်သွားခဲ့ရတယ်။ ဒါပေမယ့် အခု မင်း ပိုပြီး ဒုက္ခရောက်ရလိမ့်မယ်။ ငါ အကြိုက်ဆုံးအရာက တစ်စုံတစ်ယောက်ရဲ့ အရိုးတွေကို ချိုးပစ်တာပဲ။"
ချင်ယွင်သည် ခဏတာ စကားမပြောနိုင်ဖြစ်သွားရသည်။ သူစိတ်ထိခိုက်ရဆုံးက ဒီဖက်တီးကောင်က သူ၏သေခြင်းကို တောင်းဆိုဖို့အတွက် သူ့ကို ဒေါသထွက်အောင် ရန်စနေသည်ဟု ထင်နေခြင်းဖြစ်သည်။ သူသည် သေခြင်းတရားကို တောင်းခံနေသူနှင့် အမှန်တကယ် တူနေပါသလော။ သို့သော် မင်းက ငါ့ကို မသန်မစွမ်းဖြစ်အောင် လုပ်ချင်မှတော့ မင်း ငရဲသို့ သွားနိုင်ပြီ။
ချင်ယွင်၏ မျက်နှာသည် ချက်ချင်း အေးစက်သွားသည်။ သူ၏ခြေထောက်အောက်ကို ပြင်းပြင်း ထန်ထန် တချက်ပေါက်ပြီး ထိုလူဆီ တဟုန်ထိုး ပစ်၀င်သွားသည်။
ချင်ယွင်က သူ့ဘက်သို့ ပစ်၀င်လာသည်ကို မြင်သည့်အခါ ဖက်တီးသည် ရက်စက်စွာ ရယ်မောလိုက်သည်။ ဒီကောင်က သူကို ရုပ်ခန္ဓာကိုယ်ခြင်း အနီးကပ် တိုက်ခိုက်ရဲသည်။ သူ့တွင် ' ဆိတ်သုဉ်းခြင်းသားရဲ လူသားအသွင်ပြောင်း ' ဟုခေါ်သည့် နာမည်ပြောင်ရှိနေ သည်ကို ဒီကောင်လေး မသိလောက်ပေ။
"မင်းက သေခြင်းတရားကို တောင်းခံနေတာဘဲ။!"
ဖက်တီးသည် ကျယ်လောင်စွာအော်လိုက်ပြီး သူ့ဆီသို့ ရုတ်တရက် ပစ်၀င်လာသော ချင်ယွင်ဆီသို့ တိုက်ရိုက် လက်သီးတချက် ပစ်ထိုးလိုက်သည်။
ချင်ယွင်၏ မျက်လုံးများသည် ပြင်းထန်သော တိုက်ပွဲဝင်လိုစိတ်များ ထွက်ပေါ်လာ သည်။ သူလည်း အလားတူ လက်သီးတချက် ထိုးလိုက်သည်။ သူ၏လက်သီးက ဖက်တီး၏လက်သီးနှင့် ထိပ်တိုက် တွေ့ဆုံသွားသည် ။
"ဒိုင်း!"
ပြင်းထန်သည့် ဝိညာဉ်စွမ်းအင် လှိုင်းလုံးကြီးများ ထွက်ပေါ်လာပြီး ပုံရိပ်တခုသည် နောက်သို့ လွင့်ပျံသွားသည်။
"ဘာလဲဟ?"
ဘေးနားက ခပ်ပိန်ပိန်လူသည် အံ့သြသွားတယ်။ နောက်သို့ လွင့်စင်သွားသူသည် အမှန်တကယ်ပင် ဖက်တီးဖြစ်နေသည်။
ဖက်တီးသည် အသားအရေပြားအခြေပြုသည့် ကိုးလက်မ စပါးအုန်းမြွေထီး ခွန်အားပညာရပ်ကို လေ့ကျင့်ထားကြောင်း သူ သိရှိထားသည်။ သူ၏ ကျင့်ကြံမှုသည် လင်းမျိုးနွယ်၏ အောက်ခြေတွင်သာ ရှိနေသော်လည်း၊
သူ၏ခန္ဓာကိုယ်သည် အစွမ်းထက်သည်ဟု အသိအမှတ်ပြု ခံခဲ့ရသည်။ လက်သီးတစ်ချက်ပင်လျှင် ဂျင် ၂၀၀၀ ခွန်အားရှိမည် ဖြစ်သည်။ သိုင်းသခင်နယ်ပယ်မှာ ရှိသည့်သူများပင် သူ့ကို ထိပ်တိုက်မတိုက်ရဲပေ။
သို့သော် ယခု သူသည် သတ္တမအဆင့် ကောင်းကင်အလွှာ သိုင်းပညာရှင်တစ်ဦးကို တိုက်ခိုက်နေပြီး အမှန်တကယ်ပင် သူသည် နောက်ပြန်လွင့်ထွက်သွားသူ ဖြစ်ခဲ့ရသည်။ ဒါက ဘယ်လိုလုပ် ဖြစ်နိုင်မှာလဲ။
နောက်ပြန် လွင့်စင်သွားသည့် ဖက်တီးလည်း အံ့သြသွားသည်။ သူ၏ [ကိုးလက်မ စပါးအုန်းမြွေထီးခွန်အား]သည် အဆင့်နိမ့်အဆင့် အဆင့်မြင့်တန်းစား ကျင့်ကြံနည်း စနစ်တစ်ခုဖြစ်သော်လည်း၊ ၎င်းသည် ရုပ်ပိုင်းဆိုင်ရာခန္ဓာကိုယ်အပေါ် အားသာသည်။ သူ၏ ရုပ်ခန္ဓာခွန်အားသည် ပထမအဆင့် ကောင်းကင်အလွှာ သိုင်းသခင်များနှင့်ပင် လုံးဝ နှိုင်းယှဉ်နိုင်သည်။
သို့သော်လည်း သူနှင့် ချင်ယွင်ထိပ်တိုက်တွေ့သောအခါတွင် သူ၏လက်မောင်းမှ ကြီးမားသော စွမ်းအားတစ်ခု ထွက်လာသည်ကို ခံစားလိုက်ရပြီး သူ၏လက်ကို ထုံကျင်သွားစေသည်။ ဒါ့အပြင် သူ၏တစ်ကိုယ်လုံးအား တွန်းအားဖြင့် ထုတ်လွှတ်ပစ်လိုက်သည်။
"သူ့ခွန်အားက အနည်းဆုံး ငါ့ထက် နှစ်ဆပဲ!" ဖက်တီးသည် သူ၏စိတ်ထဲတွင် တုန်လှုပ်သွားသည်။ သူ့တွင် ဂျင် ၂၀၀၀ ခွန်အားသာရှိသည်။ ဂျင် ၄၀၀၀ ထောင်က သူ့ခွန်အား၏နှစ်ဆ မဟုတ်ဘူးလား သတ္တမအဆင့် ကောင်းကင်အလွှာ သိုင်းပညာရှင် တဦးသည် တစ်ချက်ထိုးရုံဖြင့် ဂျင် ၄၀၀၀ ခွန်အားကို ပိုင်ဆိုင်ထားပါသလား။ ဒါက ဘယ်လိုလုပ်ဖြစ်နိုင်ပါသလဲ။ ရုတ်တရက်ပင် အလွန်ဆိုးရွားသည့် ကြိုတင်သတိ ပေးချက်တစ်ခုက သူ၏နှလုံးသားထဲသို့ တိုးဝင်လာခဲ့သည်။
သို့သော် ထိုအချိန်တွင် ပိန်ပိန်ပါးပါးလူ၏အသံသည် သူ၏နားထဲတွင် ရုတ်တရက် ကြားလိုက်ရသည်။
"သတိထား မင်းနောက်မှာ!"
ဖက်တီးသည် ချက်ခြင်းလှည့်ကြည့်တော့ ချင်ယွင်သည် သူ၏နောက်တွင် လှောင်ရယ် နေမှန်း သိလိုက်ရသည်။
"သူ့နောက်မှာ ဘယ်အချိန်တုန်းက ပေါ်လာတာလဲ။"
ဖက်တီးသည် အလွန်တုန်လှုပ်သွားသည်။ သူ၏နှလုံးသားထဲတွင် ကြီးမားသော တုန်လှုပ်ချောက်ချားမှုလှိုင်းလုံးကြီး ပေါ်လာသည်။
နည်းနည်းလေးမှ တုန့်ဆိုင်းခြင်းမရှိ၊ ဖက်တီးသည် သူ၏ရင်ဘတ်ကို ပိတ်ဆို့ဖို့ လက်နှစ်ဖက်ကို အလျင်အမြန် ဆန့်ထုတ်လိုက်ပြီး သူ့ကိုယ်သူ ခုခံကာကွယ်ချင်ခဲ့ သည်။
"အသုံးမဝင်ဘူး!"
ချင်ယွင်က အေးစက်စွာ ရယ်မောလိုက်ပြီး ဖက်တီး ၏ ဝမ်းဗိုက်ကို ဒူးဖြင့် တိုက်လိုက်သည်။ ဖက်တီးသည် ပုဇွန်ကွေးလို ချက်ချင်းကွေးလိုက်သည်။ သူ၏ ဝမ်းဗိုက်ကို ပိတ်ဆို့ထားသော လက်မောင်းမှ ထင်ရှားပြတ်သားသော ဖျစ်ခနဲ မြည်သံတချက် ထွက်ပေါ်လာပြီး ပြင်းထန်သော နာကျင်မှုသည် သူ၏ ဦးနှောက်ထဲသို့ ချက်ချင်း ဝင်လာသည်။
"အား…"
ဖက်တီးသည် ဝက်တစ်ကောင်လို အော်ဟစ်သည်။ အခုလေးတင် ချင်ယွင်က သူ၏ လက်မောင်းအရိုးတွေကို ဒူးဖြင့်တိုက်ကာ ချိုးပစ်လိုက်သည်။
ဘေးနားက ပိန်ပိန်ပါးပါးလူသည်လည်း အံသြသွားသည်။ အခုလေးတင် သနားညှာတာပေးရန် တောင်းခံနေသည့် ချင်ယွင်ဆိုတာ ဒါလား။ ဘာလို့ ဒီလောက်တောင် ရက်စက်ရတာလဲ။
"မင်း ငါ့ကို သုံးစားမရအောင် လုပ်မလို့မဟုတ်ဘူးလား။ ပြီးတော့ မသန်မစွမ်း တယောက်ရဲ့ခံစားချက်ကို မြည်းစမ်းခွင့်ပေးမယ်ဆို။" ချင်ယွင်၏ မျက်လုံးများတွင် ရက်စက်သော အလင်းရောင်တစ်ခု လင်းလက်လာသည်။
"ရပ်!" ပိန်ပိန်ပါးပါးလူက ကျယ်လောင်စွာ အော်လိုက်ပြီး သူ၏လက်ထဲတွင် ဓားရှည်တစ်ချောင်း ပေါ်လာသည်။ ထို့နောက် သူက ချင်ယွင်ဆီသို့ ပြေး၀င်လာသည်။
ချင်ယွင်သည် အေးစက်သော အပြုံးဖြင့် ပိန်ပိန်ပါးပါးလူကို ကြည့်လိုက်သည်။ ထို့နောက် ဖက်တီး၏ ဒူးကို ပြင်းပြင်းထန်ထန် ကန်ထုတ်လိုက်သည်။ ဖက်တီး၏ ခြေထောက်သည် မယုံနိုင်စရာ ထောင့်တစ်ခုတွင် ချက်ချင်း လိမ်သွားကာ သူ၏ ခြေထောက်အရိုးတစ်ခုလုံး တိုက်ရိုက်ကျိုးသွားခဲ့သည်။
"အား…"
ဖက်တီး၏ သနားစရာကောင်းသည့် အော်သံက တောင်ပေါ် သစ်တောတစ်ခုလုံးကို ပဲ့တင်ထပ်က ငှက်ကလေးများ လန့်ပြီး ပျံသွားကြသည်။ သူ့မျက်နှာမှာ နာကျင်မှုတွေနဲ့ ပြည့်နှက်နေပြီး ခေါင်းက ချွေးအေးတွေနှင့် ဖုံးလွှမ်းနေသည်။
ပိန်ပိန်ပါးပါးလူသည် အံ့အားသင့်သွားသည်။ ဤရက်စက်ကြမ်းကြုတ်သော မြင်ကွင်းကြောင့် သူသည် ရပ်တန့်သွားသည် အထိ ကြောက်လန့်သွားသည်။ တခြားလူများ၏ ခြေထောက်အရိုး ချိုးခြင်းဟာ ဖက်တီးအတွက် မကြာခဏ ပြုလုပ်နေကြ အရာဖြစ်ပြီး တော်တော်များများကို သူ တွေ့ဖူးပေမယ့် ဒီအဖြစ်အပျက် က ဖက်တီးအတွက်တော့ ကြောက်စရာကောင်းသည့် ခံစားချက်ကို ဖြစ်စေခဲ့သည်။
ချင်ယွင်က သူ၏မျက်နှာကို ပြုံးပြုံးလေး ကြည့်နေတာကို မြင်လိုက်ရတော့ ပိုလို့တောင် ကြောက်ရွံ့သွားသည်။
"မင်း တခြားသူတွေရဲ့ အရိုးတွေကို ချိုးရတာ မကြိုက်ဘူးလား၊ အဲဒါ ဘယ်လို ခံစားရလဲ။" ချင်ယွင်က ဖက်တီးကို အေးစက်စွာကြည့်ပြီး ရယ်မောလိုက်သည်။ သူ့နှလုံးသားထဲမှာ မခံစားနိုင်သည့် အရိပ်အယောင်မျိုး မတွေ့ခဲ့ရပါဘူး။ ထိုအဖြစ်အပျက်ကို ဖြတ်သန်းပြီးနောက်တွင် သူသည် သူ့ထက် ရက်စက် ကြမ်းကြုတ်သော ရန်သူများနှင့် ရင်ဆိုင်ရတော့သည်။ ဤနည်းဖြင့်သာ သူ ရှင်သန်နိုင်မည် ဖြစ်သည်။
“ကျေးဇူးပြုပြီး ခွင့်လွတ်ပါ…” ဖက်တီးက အံကြိတ်ပြီး နာကျင်စွာ တောင်းပန် လိုက်သည်။ သူ တကယ်ကြောက်သွားခဲ့ပြီ။ ဤ ချင်ယွင်၏ တိုက်ခိုက်မှုသည် ရက်စက်လွန်းပြီး သူ၏ ရက်စက်မှုသည် သူ့ကိုယ်ထက်ပင် ပို၍ ကြောက်စရာ ကောင်းသည်။
"ကောင်းပြီ ငါမင်းကိုလွှတ်လိုက်မယ်!" ချင်ယွင်ကရယ်သည်။
ဖက်တီးသည် ချက်ချင်းပင် ဝမ်းသာသွားသည်။ သို့သော် သူပြုံးမရယ်မီတွင် သူ၏ အခြားခြေထောက်မှ ကြီးမားသော အင်အားလှိုင်းတစ်ခု ထပ်မံ ထွက်ပေါ်လာသည်။ သူ့ခြေထောက်အရိုးက ချက်ချင်းကျိုးသွားပြီး မြေပြင်ပေါ် တိုက်ရိုက် ဒူးထောက်သွား သည်။
"မင်း…"
ဖက်တီးသည် ချင်ယွင်ကို မျက်လုံးပြူးပြီး စိုက်ကြည့်နေသည်။ သူ့စကားသူ မတည်သော ချင်ယွင်ကို သူ မုန်းတီးခဲ့သည်။
ချင်ယွင်က "မင်း တခြားသူတွေကို အနိုင်ကျင့်တဲ့အခါ လွှတ်ပေးဖို့ စိတ်ကူးဖူးလား။ ငါ သနားဖို့ တောင်းပန်တဲ့အခါ၊ မင်း ငါ့ကို လွှတ်ပေးဖို့ စိတ်ကူးထားတာ ဖြစ်နိုင်လား"
ဖက်တီးသည် ဒေါသထွက်ကာ မခံမရပ်နိုင်ဖြစ်ပြီး ပါးစပ်မှ သွေးတပွက် အန်လိုက်ရပြီး ရည်တည်နိုင်စွမ်းမရှိတော့။
ချင်ယွင်၏ မျက်လုံးများသည် အေးစက်သွားသည်။ မျိုးနွယ်စုကြီးများ၏ တပည့်များ သည် ယောက်ျားနှင့် မိန်းမများကို အနိုင်ကျင့်လေ့ရှိသည်။ တခြားသူတွေကို ရှောင်ပေးဖူးပါသလား။
"မင်းတစ်ယောက်ထဲပဲ ကျန်တော့တယ်!" ချင်ယွင်သည် ပိန်ပိန်ပါးပါးလူကို လှမ်းကြည့်ကာ ထိုသူ့ဆီသို့ တစ်လှမ်းချင်း လျှောက်လာသည်။
ပိန်ပိန်ပါးပါးလူသည် တံတွေးကို မျိုချလိုက်သည်။ ချင်ယွင် လျှောက်လှမ်းလာသည်ကို မြင်တော့ သူ၏စိတ်ထဲ ချက်ချင်း ကြောက်သွားတယ်။ သူက သနားညှာတာရန် ဒူးထောက်လိုက်ပြီး "ကျေးဇူးပြုပြီး ငါ့ကိုလွှတ် ပေးပါ၊ မင်း ငါ့ကိုလွှတ်ပေးသရွေ့ မင်းရဲ့နွားမြင်းဖြစ်ဖို့တောင် ဆန္ဒရှိပါတယ်။"
"ဟမ်၊ ခွေးတကောင်ဖြစ်ရမှာ မဟုတ်ဘူးလား၊
သေပေတော့ကွာ!"
ချင်ယွင်က အေးစက်စွာ ဟစ်အော်လိုက်ပြီး လေအရိပ်ခြေလှမ်း ချက်ခြင်း အသုံးပြုလိုက်သည်။ သူ၏ လက်ဖဝါးဓားသည် တဖျပ်ဖျပ်ခတ်ကာ ပိန်ပိန်ပါးပါး အမျိုးသား၏ လည်ပင်းကို တိုက်ရိုက် သုတ်သင်လိုက်သည်။
သူ၏ခေါင်းက လွှင့်ထွက်သွားပြီး သွေးများက ပန်ထွက်လာသည်။
ချင်ယွင်က ပိန်ပိန်ပါးပါးလူအလောင်းကောင်၏ခါးမှာ ရစ်ပတ်ထားသည့်အိတ်ကိုယူပြီး နောက်ပြန်လှည့်မကြည့်ဘဲ ထွက်သွားတော့သည်။
မြေပေါ်လဲကျသွားသည့် ဖက်တီးက မသေပါဘူး။ သူ့အဖော်ဆီ လွင့်စင်သွားသည့် ဦးခေါင်းကို ကြည့်လိုက်ပြီး ချင်ယွင်က သူတို့ရှေ့မှာ ကရုဏာထားဖို့ အသနား ခံနေခြင်းက သူတို့ကို လှည့်စားနေခြင်းဖြစ်သည်ကို သူ နောက်ဆုံး သိလိုက်ပါပြီ။ သို့သော် သူ၏ နှလုံးသားထဲတွင် ဒေါသ အရိပ်အယောင်များ မရှိပေ။ သူ၏နှလုံးသားထဲ တွင် နက်ရှိုင်းသော အေးစက်မှုတစ်ခုသာ ရှိခဲ့သည်။
ထိုအချိန်တွင် ချင်ယွင်၏ အသံသည် သူ၏နားထဲတွင် ထွက်ပေါ်လာပြန်သည်။
"ဖက်တီး၊ ပြန်သွားပြီး ကြောင်နဲ့ ကြွက်ကစားနည်းဆော့ချင်တယ်ဆို ငါ ချင်ယွင်က အဆုံးထိ လိုက်ပါဆော့ဖို့ ဆန္ဒရှိတယ်ဆိုတဲ့အကြောင်း မျိုးနွယ်စုကြီး သုံးခုရဲ့ အကြီးအကဲတွေကို ပြောပြလိုက်ပါ!"
ဖက်တီး၏တစ်ကိုယ်လုံး တုန်လှုပ်ခြောက်ခြားသွားပြီး ပတ်ပတ်လည်ကို လှည့်ပတ် ကြည့်ရူတော့ ချင်ယွင်၏ အရိပ်ယောင်ပင်မရှိတော့ကြောင်း သိလိုက်ရသည်။