ကျားကို မောင်းထုတ်ပြီး ဝံပုလွေကို ဝါးမျိုခြင်း
Vol. 2 Ch. 19
အခန်း (၁၉) ကျားကိုမောင်းထုတ်ပြီး ဝံပုလွေကို ဝါးမျိုခြင်း
"မသတ်ပါနဲ့၊ မင်း ငါ့ကိုသတ်ရင် ၀မ်ကလန်က မင်းကို ခွင့်လွှတ်မှာ မဟုတ်ဘူး"
၀မ်ကလန်မှ လူငယ်တစ်ယောက်သည် ထိတ်လန့်တကြား အော်လိုက်သည်။ သို့သော်၊ သူ့အား တုံ့ပြန်လာသည့်အရာမှာ ရေခဲလိုအေးစက်သည့် ဆေဘာအလင်းတစ်ခု ဖြစ်သည်။
သွေးများက စီးကျလာပြီး လူ့ဦးခေါင်းက မြေပြင်ပေါ်ကို ကျသွားသည်။
ချင်ယွင်၏ အမူအရာက အစအဆုံး အေးစက်၏။
လူသားတို့သည် စည်းစိမ်ဥစ္စာကြောင့် သေကြရ၏၊ ငှက်တို့သည် အစာစားကြောင့် သေကြရ၏။ သူ၏ ဦးခေါင်းကို ရောင်းဝယ် ဖောက်ကားချင်သော ဤလူများသည် ကိုယ်ကိုယ်တိုင်လည်း အသတ်ခံရနိုင်သည်ဟူသော အသိမျိုး ရှိထားရမည်။
"ဒါက ခုနှစ်ယောက်မြောက် ဖြစ်နေပြီ!"
ချင်ယွင် ပြုံးလိုက်သည်။ လင်းကလန်မှ ပိန်ပိန်ပါးပါး လူငယ်နှင့် ဖက်တီးစုံတွဲကို သူတွေ့ပြီး သုံးရက်သာ ရှိသေးသည်။ သူ့ကို အမဲလိုက်ရန် လာကြသည့် အဖွဲ့ လေးဖွဲ့နှင့် သူတွေ့ပြီးပြီ။
သူတို့ပါးစပ်ကို ဖွင့်လိုက်သည်နှင့် သူ၏ကျင့်ကြံမူကို သုံးစားမရအောင်လုပ်ရန် အော်ဟစ်ပြောဆိုခဲ့ကြသည်။ သို့သော် နောက်ဆုံးတွင်၊ ချင်ယွင်၏ သိုင်းကွက်သုံးကွက် ကိုပင် မခံနိုင်တော့ဘဲ ဆေဘာတစ်ချောင်းဖြင့် သူ၏ သတ်ဖြတ်ခြင်းကို ခံလိုက်ရသည်။
ပုံမှန်အလေ့အကျင့်အတိုင်း ချင်ယွင်သည် ဤလူများ၏ အလောင်းများကို ရှာဖွေသည်။ လွန်ခဲ့သည့် သုံးရက်အတွင်း၊ ချင်ယွင်သည် စုစုပေါင်း သိုလှောင်အိတ် ခုနစ်လုံး၊ ရွှေဒင်္ဂါး ၃,၀၀၀ ကျော်နှင့် မူလကျင့်ကြံခြင်း ဆေးပြား ရှစ်ပြားကို ရှာဖွေခဲ့ သည်။ ထိုအဆင့်နိမ့်အဆင့် သိုင်းပညာရပ်စာအုပ်နှင့်ပတ်သက်၍ ၎င်းတို့အားလုံးကို ချင်ယွင်သည် ကြုံရာကျပန်း အဝေးကို လွှင့်ပစ်ခဲ့သည်။
"အယ်၊ ဒါက တကယ့်ကို အံ့ဖွယ်သန့်စင်မြက်ပါလား!"
ချင်ယွင်သည် ဤ ၀မ်ကလန်မှလူငယ်၏ သိုလှောင်အိတ်ကို ပုံမှန်အတိုင်း ဖွင့်လိုက်သည်။ သို့သော် မူလကျင့်ကြံခြင်း ဆေးပြားများပင်မရှိ။ ရွှေဒင်္ဂါးသုံးရာသာ ရှိသည်။ ယခင်ကတည်းက ချင်ယွင်သည် ဘာမှမရရှိသည့် အကြိမ်များကိုလည်း ကြုံတွေ့ဖူးပြီး သိုလှောင်အိတ် အောက်ခြေတွင် အံ့ဖွယ်သန့်စင်မြက်တစ်ပင်ရှိမည်ဟု သူ မမျှော်လင့်ခဲ့ပေ။
အံ့ဖွယ်သန့်စင်မြက်ဟူသော ဤအမည်၏ အဓိပ္ပာယ်မှာ စိတ်အာရုံကို ကြည်လင်စေပြီး စိတ်အာရုံစူးစိုက်ရာမှ ကူညီပေးသည့် ဆေးပင် ဖြစ်သည်။ (သမာဓိရအောင် ကူညီပေးသည်ဟူ) အသုံးပြုသည့်လူကို သဘာဝတရားအခြေနေထဲ လုံးလုံးလျားလျား နစ်မြုပ်သွားစေနိုင်ပါသည်။ နားလည်သဘောပေါက်မူဉာဏ်အလင်းအတွက် အလွန် အထောက်အကူ ပြုသည်။ တစ်ခုတည်းသော အားနည်းချက်မှာ ၎င်း၏ ဆေးဖက်ဝင် အာနိသင်သည် တိုတောင်းပြီး အမွှေးတိုင် တစ်ချောင်းစာသာ ကြာရှည်ခံနိုင်ခြင်း ဖြစ်သည်။ သို့သော်၊ ဤသည်မှာ ချင်းယွမ်မြို့ ငယ်လေးအတွက် အလွန်ရှားပါးသော ရတနာတစ်ခု ဖြစ်နေပါပြီ။
"ဒီဝိဉာဉ်ဆေးဟာ ရွှံ့နွံတွေ ရှိနေတုန်းပဲ၊ အခုမှ ခူးဆွတ်ထားပုံရတယ်။ ၀မ်မျိုးနွယ်စု နာမည်ရှိတဲ့ ဒီလူငယ်လေးဟာ ဒီဆိတ်သုဉ်းခြင်း ရှေးဟောင်းတောအုပ်ထဲ ၀င်ပြီး နောက်မှ ကြုံခဲ့ရတာ ဖြစ်သင့်တယ်။" ချင်ယွင်သည် သူ၏စိတ်ထဲမှ မှန်းဆလိုက်သည်။
သို့သော် ချင်ယွင်၏ မျက်လုံးများသည် ချက်ချင်းပင် တောက်ပ လာသည်။ ဤအံ့ဖွယ် သန့်စင်မြက်ဖြင့်ဆို သူသည် သူ၏ အနှစ်သာရ ဖြတ်တောက်ခြင်း သိုင်းပညာစွမ်းရည် ကို ပို၍ စုစည်းစေနိုင်ပြီး ထိုအချိန်တွင်၊ သူထုတ်လွှတ်မည့် စွမ်းအားသည် ပို၍ပင် ကြီးမားလာမည်ဖြစ်သည်။
ဤအကြောင်းကိုတွေးရင်း ချင်ယွင်သည် တုံ့ဆိုင်းမနေတော့။ သူသည် ချက်ချင်းပင် လေအရိပ်ခြေလှမ်းကို အသုံးပြုပြီး ထိုနေရာမှ ထွက်သွားကာ အံ့ဖွယ်သန့်စင်မြက်ကို ထုတ်ယူပြီး အတော်လေး ဘေးကင်းသော နေရာတစ်ခုကို ရှာဖွေလိုက်သည်။
ဆေးမြက်၀င်သွားသည်နှင့် အေးမြပြီး လန်းဆန်းနေသည်။
ဤအခိုက်အတန့်တွင် လန်းဆန်းသောအငွေ့သက်တစ်ခုက သူ၏ဦးနှောက်ထဲသို့ ချက်ချင်းဝင်လာပြီး သူ၏စိတ်ကို လုံးဝ ငြိမ်သက်သွားစေသည်။ တစ်ချိန်တည်းမှာပင်၊ ချင်ယွင်သည် ပတ်ဝန်းကျင်ရှိ ကောင်းကင်နှင့် မြေကြီးဒြပ်စင်များသည် အလွန် ရင်းနှီးလာသည်ဟု ခံစားမိသည်။
"ဒီခံစားချက်က အရမ်းကို သက်တောင့်သက်သာ ဖြစ်လွန်းတယ်"
ချင်ယွင်သည် ကလေးငယ်ကို သူ၏အမေ အနီးပတ်၀န်းကျင်မှာ ဆော့ကစား စေချင်သည့်အလား အနီးပတ်ဝန်းကျင်က ကောင်းကင်နှင့် မြေကမ္ဘာရှိ ဒြပ်စင်အားလုံး သည် သူ၏ ပတ်ဝန်းကျင်မှာ ရှိနေသည်ဟု ခံစားရသည်။ အထူးသဖြင့် လေဒြဗ်စင်၊ ၎င်းသည် အထူထပ်ဆုံးနှင့် အတက်ကြွဆုံးဖြစ်ပြီး အစိမ်းရောင်အစက်များသည် အဆက်မပြတ် ကခုန်နေသည်။
အတွေးတစ်ချက်ဖြင့် အစိမ်းရောင်အလင်းတန်းများသည် စုစည်းလာပြီး စူးရှသော အငွေ့အသက် ထုတ်လွှတ်နေသည့် မျက်စိဖြင့်မမြင်နိုင်သော အစိမ်းရောင် လေဓားတစ်ခုအဖြစ်သို့ ပေါင်းစပ်သွားသည်။
မှန်ပေသည်။ ဤသည်မှာ လေ၏သဘောတရားကို နားလည်သဘော ပေါက်ခြင်းပင် ဖြစ်သည်။ ဤဒြပ်စင်ဖိုတွန်များသည် ကောင်းကင်နှင့် မြေကြီးကြားတွင် တည်ရှိနေ ၏။ ၎င်းတို့ကို သာမန်မျက်စိဖြင့် ရှာဖွေတွေ့ရှိရန် မှာ အလွန်ခက်ခဲပြီး ၎င်းတို့ကို အခြားသူများက စုပ်ယူနိုင်ခြင်း လည်းမရှိပေ။ နားလည် သဘောပေါက်ခြင်းဟု ခေါ်ဆိုရသည်မှာ ဤဒြပ်စင် ဖိုတွန်များကို မည်သို့ စည်းရုံးရမည်ကို နားလည်ရန်၊ ဤ ဒြပ်စင်ဖိုတွန်များနှင့် ၎င်းတို့၏ ရင်းနှီးမှုကို မြှင့်တင်ရန်၊ မတူကွဲပြားသော အကျိုးသက်ရောက်မှုများ ရရှိစေရန်အတွက် ၎င်းတို့ကို နည်းလမ်း အမျိုးမျိုးဖြင့် စီစဉ်ရန် ဖြစ်သည်။
ဥပမာအားဖြင့်၊ ချင်ယွင် နားလည်ခဲ့သော လေထုဖြတ်တောက်ခြင်း သဘောတရား သည် ပြင်းထန်သော ဖြတ်တောက်လိုသည့်ဆန္ဒကို ရရှိရန်နှင့် လေဓါးသွားများကို ဖွဲ့စည်းရန်အတွက် ဤဒြပ်စင် ဖိုတွန်များကို အသုံးပြုရမည် ဖြစ်သည်။
သို့သော်လည်း၊ အရင်တုန်းက ချင်ယွင်၏နားလည် သဘောပေါက်မှုသည် အလွန် အကြမ်းထည်ဆန်သည်။ သူသည် သဘောတရား၏ အရှိန်ဟုန်နောက်သို့သာ လိုက်ပါခဲ့ပြီး သူ၏ သဘာ၀တရားအပေါ် နားလည်နိုင်စွမ်းကို ပိုမိုအားကောင်းစေသော သိုင်းပညာရပ်အဖြစ် ပြောင်းလဲရန် မေ့လျော့နေခဲ့သည်။ သူ့မှာ နားလည် သဘောပေါက်မူ တစ်ခုရှိခဲ့သော်လည်း၊ ၎င်းကို အသုံးမချနိုင်ခဲ့ပေ။
ထို့ကြောင့် ချင်ယွင်သည် သူ၏ယခင်နားလည်မှုကို စွန့်လွှတ်ကာ ၎င်းကို ထပ်မံ ဖြတ်ကျော်ရန် ရွေးချယ်ခဲ့ခြင်း ဖြစ်သည်။ ဤနည်းဖြင့်သာ သူသည် သူ၏ခွန်အားကို ပိုမိုကျယ်ပြန့်သည့် အတိုင်းအတာအထိ ပြသနိုင်မည် ဖြစ်သည်။
ယခုအချိန်မှာ၊ ချင်ယွင်လုပ်ဖို့ လိုအပ်သည့် ပထမခြေလှမ်းမှာ ဤလေဒြဗ်စင် ဖိုတွန်များကို သူ၏ဓားနှင့် မည်သို့ပေါင်းစပ်ရမည်ကို နားလည်ပြီး၊ လေထု ဖြတ်တောက်ခြင်းသဘောတရားကို သူ၏ဓားချီနှင့် ဆေဘာချီအတွင်းသို့ လုံးလုံးလျားလျား ပေါင်းစည်းရန် ဖြစ်သည်။
ချင်ယွင်သည် သူ၏ဆေဘာကို အဆက်မပြတ် ဝှေ့ယမ်းနေပြီး ဒြပ်စင်ဖိုတွန်များကို အဆက် မပြတ် လှုပ်ရှားစေခဲ့သည်။
ဆေဘာချီသည် ရည်ရွယ်ချက်ကင်းမဲ့နေပြီး ဆေဘာတိုက်ခိုက်မူ တခုချင်းစီသည် ဆန့်ကျက်ဘက်အရပ်ရှိ ဧရာမကျောက်တုံးကြီးပေါ်တွင် တပေခန့်ရှည်လျားသည့် ခြစ်ရာများ ကျန်ရစ်ခဲ့သည်။
အမွှေးတိုင်တစ်ချောင်းစာ အချိန်သည် အလျင်အပြန် ကုန်ဆုံး သွားသည်။ ချင်ယွင်သည် ဆေဘာခုတ်ချက် တစ်ထောင်ကျော်ကို ထုတ်ဖော်ပြီးဖြစ်သည်။ အစပိုင်းမှာ သူသည် တစ်ပေမျှရှည်သောခြစ်ရာကိုသာ ချန်ထားခဲ့နိုင်သည်။ ယခုတော့ သူသည် ကျောက်တုံးပေါ်တွင် သုံးပေရှည်ပြီး တစ်လက်မနက်သော ခြစ်ရာကို ချန်ထားနိုင်ခဲ့သည်။
"အခုလောလောဆယ်မှာ၊ ငါ့ရဲ့ အနှစ်သာရဖြတ်တောက်ခြင်း သိုင်းစွမ်းရည်က လေစွမ်းရည်သဘောတရား ပထမအဆင့်ရဲ့ စွမ်းအားကို အပြည့်အဝ ထုတ်လွှတ်နိုင်စွမ်း ရှိသွားပြီ။ တကယ်လို့ ငါသာ လေစွမ်းရည်သဘောတရားကို တတိယအဆင့်အထိ မြှင့်တင်နိုင်မယ်ဆိုရင် ဆေဘာတချက်နဲ့ ဒီကျောက်တုံးကြီးကို တစ်ဝက်လောက် ဖြတ်နိုင် မှာတောင် ငါ ကြောက်မိတယ်။" ချင်ယွင်သည် ချွေးသီးချွေးပေါက် တဒီးဒီးကြီး စီးကျနေပေမယ့် သူ၏မျက်နှာမှာ အရမ်းပျော်နေတဲ့ အပြုံးတစ်ခု ပေါ်နေသည်။
အကယ်၍ ၎င်းသည် ဤအံ့ဖွယ်သန့်စင်မြက်ကြောင့်သာ မဟုတ်ပါက၊ ချင်ယွင်သည် ဤအဆင့်သို့ တက်လှမ်းရန် တစ်လ အချိန်ယူရပေ လိမ့်မည်။ ဤအံ့ဖွယ်သန့်စင် မြက်သည် မည်မျှထိရောက်သည်ကို တွေးကြည့်နိုင်သည်။ ၎င်းသည် မျိုးနွယ်စုကြီးများ ၏ တပည့်များ ကျင့်ကြံလေလေ၊ ကျင့်ကြံမှု ပိုမိုမြန်ဆန်လေ ဖြစ်ရခြင်း၏ အကြောင်းရင်း တစ်စိတ်တစ်ပိုင်းလည်း ဖြစ်သည်။
"နောက်ထပ် အံ့ဖွယ်သန့်စင်မြက် သုံးပင်သာရှိခဲ့ရင်၊ ငါ့ရဲ့ အနှစ်သာရ ဖြတ်တောက်ခြင်း ဆေဘာစွမ်းရည်ဟာ ပြီးပြည့်စုံတဲ့ နယ်ပယ်ကို ရောက်ရှိနိုင်လိမ့်မယ်။ အဲဒီအချိန်ရောက်ရင် ငါ့ရဲ့ အနှစ်သာရ ဖြတ်တောက်ခြင်း ဆေဘာစွမ်းရည်ဟာ ဒုတိယအဆင့် ကောင်းကင် အလွှာ သိုင်းသခင်ကိုတောင် ခြိမ်းခြောက်နိုင်လိမ့် မယ်။" ချင်ယွင်သည် သူ့ကိုယ်သူ တွေးနေမိသည်။
ကံမကောင်းစွာပဲ၊ အံ့ဖွယ်သန့်စင်မြက်သည် လိုချင်သလို ရရှိနိုင်သော အရာမဟုတ်ပေ။ ကံတရားပေါ်မှာ မူတည်သည်။ ကံကြမ္မာကောင်းများ မရောက်လာခဲ့ ရင် ဘာကိုမှအတင်း အကျပ် လုပ်ခိုင်းလို့ မရပေ။
နောက်ရက်အနည်းငယ်တွင်၊ ချင်ယွင်သည် သူ၏ အနှစ်သာရ ဖြတ်တောက်ခြင်း ဆေဘာပညာရပ်ကို အဆက်မပြတ် လေ့ကျင့်နေခဲ့ပြီး သူ၏ သဘောတရားအပေါ် နားလည်မူကို လေ့ကျင့်ရင်းတိုးမြှင့်နေခဲ့သည်။
ဤကာလအတွင်း သူသည် မျိုးနွယ်စုကြီး သုံးခုမှ တပည့်အနည်းစုကိုလည်း ကြုံတွေ့ခဲ့ရသည်။ ဆုလာဘ်ရရန်အတွက် သူ့ကိုသတ်ချင်သူတိုင်းကို ချင်ယွင်က တစ်ယောက်ချင်းစီ သတ်ပစ်လိုက်သည်။ သူတို့အထဲတွင် ပထမအဆင့် ကောင်းကင်အလွှာ သိုင်းသခင်များပင် ပါ၀င်သည်။
ချင်ယွင်သည် လူများကို ပိုပိုပြီး သတ်ဖြတ်လာသည်နှင့်အမျှ မျိုးနွယ်စုကြီး သုံးခုသည် ပိုလို့တောင် တုန်လှုပ်သွားခဲ့ကြသည်။
လင်းကလန်၏ ခြံဝင်းထဲတွင် လင်းကလန်ခေါင်းဆောင် လင်းကျင်းထန်က ဒေါသတကြီး စိုက်ကြည့်ပြီး သူ၏မုတ်ဆိတ်များက တုန်ခါနေသည်။
ရက်အနည်းငယ်အတွင်းမှာပင် သူ့မျိုးရိုး၏ တပည့်ငယ်ဆယ်ယောက်သည် အမှန်တကယ် သေဆုံးသွားခဲ့ရသည်။ ၎င်းသည် သူ့မျိုးနွယ်စု တပည့်ငယ်များ၏ ထက်ဝက်ခန့်ရှိပြီး ၎င်းတို့တွင် ပထမအဆင့် ကောင်းကင်အလွှာ သိုင်းသခင်သုံးဦး ပါသည်။ မျိုးနွယ်စုသည် ဤတပည့်ငယ်များကို ပြုစုပျိုးထောင်ရန် ငွေကြေး အမြောက်အမြားသုံး စွဲခဲ့ရသည်။ ၎င်းတို့သည် အနာဂတ်မျိုးနွယ်စု၏ အင်အားစုအသစ် ဖြစ်သည်။
ယခု ရက်အနည်းငယ်အတွင်း သူ၏အင်အားတစ်ဝက်လောက် ဆုံးရှုံးသွားသည့် အတွက်ကြောင့် လာမည့်နှစ်အနည်းငယ် အတွင်း သူ့မိသားစု၏ အင်အားသည် အလွန်မင်း အားနည်းသွားတော့မည် ဖြစ်သည်။
"အဖေ၊ ဒီတစ်ကြိမ်မှာ ကျွန်တော်တို့ မျိုးနွယ်စုက တပည့်ငယ် ၁၀ ယောက် ဆုံးရှုံးခဲ့ပြီး ၀မ်ကလန်ကလည်း ဆယ်ယောက် ဆုံးရှုံးခဲ့တယ်။ လျူကလန်က သုံးယောက်ပဲ ဆုံးရှုံးခဲ့ပြီး သူတို့အားလုံးဟာလည်း သတ္တမအဆင့် ကောင်းကင်အလွှာ သိုင်းပညာရှင်တွေပဲ ဖြစ်တယ်။ ဒီနောက်ကွယ်မှာ လျှို့ဝှက်ကြံစည်မူအချို့ ရှိမယ်ထင် တယ်။" လင်းရှန်ထင်းသည် ဒေါသထွက်နေသော သူ၏အဖေကိုကြည့်ကာ မျက်မှောင် ကြုတ်လိုက်သည်။
'"ဟုတ်တယ်၊ ဒီတစ်ကြိမ် ရတနာသတင်းထုတ်ပြန်မူက လျူကလန်ရဲ့ ပူးပေါင်းကြံစည်မှုတစ်ခုပဲဆိုတာ ငါရှာဖွေတွေ့ရှိခဲ့တယ်။ သူတို့ဟာ ငါတို့မျိုးနွယ်စုကြီး နှစ်ခုရဲ့ ခွန်အားကို အားနည်းသွားစေဖို့အတွက် ဒီချင်ယွင်ကို အသုံးပြုချင်ကြတယ်။ လျူကလန်၊ မင်းတို့မှာ အစီအစဉ်ကောင်းတွေ ရှိတာပဲ" လင်းကျင်းထန်က မျက်မှောင်ကြုတ်ပြီး သူ၏စကားများ၀င် သတ်ချင်စိတ်များ ပြည့်နှက်နေသည်။
"ဒါဆို အဖေ၊ ငါတို့ ချင်ယွင်နောက်ကို ဆက်လိုက် ချင်သေးလား" လင်းရှန်ထင်းက ပြောသည်။
လင်းကျင်းထန်က ခဏလောက် စဉ်းစားပြီး " အပြင်ရောက်နေတဲ့ မျိုးနွယ်စုရဲ့ တပည့်အားလုံးကိုသွားစုစည်းလိုက် " ဟုပြောလိုက်သည်။
"ဒါဆို ချင်ယွင်ကို ဒီအတိုင်း လွှတ်ထားလိုက်ရမယ်ပေါ့" လင်းရှန်ထင်း အနည်းငယ် အံ့အားသင့်သွားသည်။
"သေချာပေါက် မဟုတ်ဘူးပေါ့ ၊ သူဟာ လျူကလန်ရဲ့ ပစ်မှတ်ထားခြင်း ခံရပေမယ့် သူက ငါတို့ လင်းကလန်ရဲ့ တပည့်ငယ် ၁၀ ယောက်ကို သတ်ပစ်လိုက်တယ်။ ငါတို့သာ သူကို လွယ်လွယ်နဲ့ လွှတ်ပေးလိုက်ရင် ငါတို့လင်းကလန်ရဲ့မျက်နှာ ဘယ်ရောက်သွား မလဲ။" လင်းကျင်းထန်၏ မျက်နှာပေါ်တွင် ရက်စက်မှု အရိပ်အမြွက်များ ထွက်ပေါ်လာသည်။
"ဒီတော့ အဖေက ဘာကိုဆိုလိုတာလဲ" လင်းရှန်ထင်းက သံသယစိတ်ဖြင့် မေးလိုက် သည်။
လင်းကျင်းထန်က အေးစက်စွာ ပြုံးလိုက်ပြီး နောက်ဆုံးမှာတော့ "သူတို့လျူကလန်ဟာ ကျားတွေကို မောင်းထုတ်ပြီး ဝံပုလွေတွေကို ကိုက်ဖြတ်စားရတာ နှစ်သက်တဲ့အတွက် သူ့တို့ဆီကိုလည်း ဘေးဆိုးကြီးတစ်ခု ယူဆောင်ပေးလိုက်ရအောင်။” ၀မ်ကလန်ဆီ အမြန်လိုက်ခဲ့လိုက်ပါ။
ဒီလုပ်ရပ်အတွက် လျူကလန်ကို နောင်တရစေရမယ်" ။"
သူ့အဖေ၏စကားကိုကြားတော့ လင်းရှန်ထင်း၏ မျက်လုံးများ တောက်ပလာပြီး မထီမဲ့မြင်အပြုံးကို ထုတ်ဖော်လိုက်ပါသည်။
အမှန်တကယ်တော့ ဒီစစ်ပွဲဟာ မျိုးနွယ်စုကြီး သုံးခုကြားက ပြိုင်ဆိုင်မှုဖြစ်နေပါပြီ။
ချင်ယွင်အတွက်တော့၊ သူက ပုရွက်ဆိတ်တစ်ကောင်ပါပဲ။