ခရမ်းရွှေဖြူ စပါးအုံးမြွေ
Vol. 2 Ch. 20
အခန်း (၂၀) ခရမ်းရွှေဖြူ စပါးအုံးမြွေ
နောက်ထပ်နှစ်ရက်ကြာပြီးနောက် ချင်ယွင်နောက်ကို လိုက်နေသည့် အဖွဲ့များအားလုံး ဆုတ်ခွာသွားကြသည်။ နောက်ပိုင်းတွင် ချင်ယွင်သည် ရန်သူကိုပင် မမြင်နိုင်တော့ သဖြင့် အလွန်စိတ်ပျက်သွားခဲ့သည်။
မူလက သူသည် သူ၏ ဆေဘာပညာရပ်များကို ဆက်လက် လေ့ကျင့်ရန် ထိုလူများကို အသုံးပြုချင်ခဲ့သော်လည်း ယခုတွင် လူတစ်ဦး တစ်ယောက်ကိုပင် ရှာမတွေ့ခဲ့ ပေ။ မျိုးနွယ်စုကြီးသုံးခုသည် မည်သည့်အရာတွေ လုပ်နေသည်ကို သူ အမှန်တကယ် နားမလည်တော့ပေ။ သူ့နောက်ကို လိုက်ဖို့ စွန့်လွှတ်လိုက်တာများ ဖြစ်နိုင်သလား။
သို့သော်လည်း၊ ဤအရာက ဖြစ်ရော ဖြစ်နိုင်ပါ့မလား။
သူသည် သူတို့မျိုးနွယ်စု၀င် လူများစွာကို သတ်ခဲ့ဖူးပြီး မျိုးနွယ်စုကြီး သုံးခုသည် မျက်နှာပျက်ရသောကြောင့် သူမသေမချင်း အနားမယူသင့်ပေ။
ချင်ယွင်၏ အတွေးအမြင်အရ၊ သူသည် မျိုးနွယ်စုသုံးခုမှ တပည့်ငယ်များစွာကို သတ်ပစ်ခဲ့သည်။ မျိုးနွယ်စုကြီးသုံးခုသည် လက်ရွေးစင်တပည့်များ သို့မဟုတ် ဝါရင့်ကျွမ်းကျင်သူများကို စေလွှတ်မည်မှာ သေချာပါသည်။ သို့သော် ယခုအချိန်တွင် လှုပ်ရှားမှုတစ်ခုမျှမရှိ။ ယင်းကြောင့် ချင်ယွင်သည် ထိုသူများ တစ်စုံတစ်ခုကို ကြံစည်နေသည်ဟု သံသယရှိစေသည်။
ချင်ယွင်သည် ခြေလှမ်းတိုင်းတွင် အလွန်သတိကြီးစွာဖြင့် မနေထိုင်ပါက မျိုးနွယ်စုကြီး သုံးခု၏ ထောင်ချောက်ထဲသို့ ကျသွားမည်ကို ကြောက်ရွံ့မိသည်။
"ဒါပေမယ့်၊ ဒီတိုက်ပွဲကာလမှာ၊ ငါ့ရဲ့ဆေဘာပညာရပ်ဟာ ပိုလို့တောင် ကျွမ်းကျင်လာ တယ်။ အနှစ်သာရဖြတ်တောက်ခြင်း ပညာရပ်မှာလည်း အနည်းငယ် တိုးတက်လာ တယ်။"
ချင်ယွင်သည် လွန်ခဲ့သည့် ရက်အနည်းငယ်က သူ၏ ဆေဘာပညာရပ်ကို တမင်တကာ အသုံးချ လေ့ကျင့်နေခဲ့သည်ဟု သူ့ကိုယ်သူ တွေးနေမိသည်။
လေအရိပ်ခြေလှမ်းများဖြင့်ပင် သူသည် နဝမအဆင့် ကောင်းကင်အလွှာ သိုင်းပညာရှင်ကို ချက်ချင်းသတ်ပစ်နိုင်သည်။ အကယ်၍ သူသည် သူ၏ ဆေဘာကို အသုံးပြုပါက၊ ပထမအဆင့် ကောင်းကင်အလွှာ သိုင်းသခင်နယ်ပယ် ကျွမ်းကျင်သူကို ပင် သတ်ပစ်ရန် လုံလောက်မည် ဖြစ်သည်။
ဓားပျော့ကို အသုံးပြုလိုက်မယ်ဆို၊ သူသည် တတိယအဆင့် ကောင်းကင်အလွှာ သိုင်းသခင်ကိုပင် ခြိမ်းခြောက်နိုင်ပြီး ဒုတိယအဆင့် ကောင်းကင်အလွှာ သိုင်းသခင်ဆိုလျှင် ချက်ခြင်းပင် သတ်ပစ်နိုင်သည်။
ယခုအချိန် သူသည် လျူမျိုးနွယ်စု၏ တတိယအကြီးအကဲကို တိုက်ခိုက်မည်ဆိုလျှင် ချင်ယွင်သည် ဓားဆန္ဒကိုအသုံးပြုရန်ပင် မလိုအပ်တော့ပေ။ အနှစ်သာရ ဖြတ်တောက် ခြင်းပညာရပ်ကို အားကိုးရုံဖြင့် သူ့ကို တိုက်ခိုက်နိုင်သည်။
သို့သော် ချင်ယွင်က မကျေနပ်သေးပေ။ သူသည် လေဒြဗ်စင်အပေါ်ကို နားလည်မူမှာ နှေးကွေးနေသေးသည်။။
ဟုတ်ပါတယ်၊ ချင်ယွင်သည် သူ၏အသက်ဆယ့်ခြောက်နှစ်သာ ရှိနေသေးသည်ကို သိထားရမည် ဖြစ်ပြီး၊ သူ၏ကျင့်ကြံမူလမ်းကြောင်းက အရှည်ကြီး ကျန်နေပါသေး သည်။
မိုးကြိုးသဘောတရားနှင့် ပတ်သက်၍ သူသည် သဲလွန်စ အရိပ်ယောင်ရပြီးသည့် နောက်ဆုံး အချိန်ကတည်းကစပြီး နားမလည်ခဲ့တော့ပေ။ ဤအရာက ချင်ယွင်ကို ရှုံးနိမ့်မှုဟု ခံစားရစေသည်။
ကံကောင်းထောက်မစွာပင်၊ မနေ့က သူသည် နောက်ဆုံးတော့ သိုင်းပညာရှင် နယ်ပယ်၏ အဋ္ဌမအဆင့် ကောင်းကင်အလွှာကို ဖြတ်ကျော် ၀င်ရောက်သွားခဲ့ပြီး သူ၏ခွန်အားက အနည်းငယ် တိုးလာပါသည်။
ရှေးဟောင်းခေတ် အစိမ်းရောင်ကြာပန်းပညာရပ်သည် စိတ်ဝိညာဉ်နှင့် အသားရေပြား နှစ်မျိုးလုံးအတွက် ကျင့်ကြံလို့ရသည့် ကျင့်ကြံခြင်း ပညာရပ်တစ်ခု ဖြစ်သည်။ သူ၏ ကျင့်ကြံမှုတိုးမြင့်လာသည်နှင့်အမျှ ချင်ယွင်၏ ခန္ဓာကိုယ်သည် ပို၍ပင် မာကြောလာပြီး အားကောင်းလာခဲ့သည်။
အမှန်တကယ်ဆို, ရှေးဟောင်းခေတ် ဖရိုဖရဲ အင်မော်တယ်အရိုးနှင့် အင်မော်တယ် ရုပ်ခန္ဓာကိုယ်တို့ကို သိမ်းပိုက်ခံရပြီးနောက် ဆုတ်ယုတ်သွားပြီး သုံးစားမရ ဖြစ်သွားသည့် အချက်ကြောင့်သာ။
ထိုသို့မဟုတ်ပါက ချင်ယွင်၏ အစစ်အမှန် အင်မော်တယ်နယ်ပယ်၏ ရုပ်ခန္ဓာကိုယ် ခွန်အားဖြင့်ပင် အစစ်အမှန် အင်မော်တယ် ကျွမ်းကျင်သူများကို တိုက်ရိုက် သတ်နိုင်မည် ဖြစ်သည်။ ရှေးဟောင်းခေတ် အစိမ်းရောင် ကြာပန်းပညာရပ်သည် မည်မျှ ကြောက်စရာကောင်းသည်ကို တွေ့မြင်နိုင်သည်။
ယခုပင်၊ ချင်ယွင်၏ ရုပ်ခန္ဓာကိုယ်ခွန်အားတစ်ခုတည်းကပင် သာမန် နဝမအဆင့် ကောင်းကင်အလွှာ သိုင်းပညာရှင်များကို အရှုံးမပေးဘဲ တွန်းလှန်နိုင်မည် ဖြစ်သည်။
" ရှော။ ရှော !"
ထိုအချိန်တွင် မဝေးလှသော ချုံပုတ်များအတွင်းမှ အသံတစ်ခု ထွက်ပေါ်လာသည်။
ချင်ယွင်သည် ချက်ချင်းပင် နိုးကြားလာသည်။
သူသည် ဆေဘာကိုကိုင်ကာ ချုံပုတ်ကို စိုက်ကြည့်နေသည်။
သာမာန်အားဖြင့်၊ သူ၏စိတ်ဝိညာဉ်စွမ်းအားသည် မီတာတစ်ထောင် အကွာအဝေး အတွင်း၊ လူများ သို့မဟုတ် ဆိတ်သုဉ်းခြင်းသားရဲများ ၎င်းတို့ ပထမဆုံး ရောက်ရှိလာသော အခိုက်အတန့်မှာပင် ရှာဖွေတွေ့ရှိနိုင်မည် ဖြစ်သည်။ သို့သော်လည်း ချုံပုတ်များအတွင်းမှ တစ်စုံတစ်ခု ချဉ်းကပ်လာသည်မှာ သိသာထင်ရှားပြီး ၎င်းကို သူ အမှန်တကယ်ပင် သတိမထားမိခဲ့။ ဒါက သူ့ကို အရမ်းအံ့သြသွားစေသည်။
"ထွက်လာခဲ့စမ်း!" ချင်ယွင်က အေးစက်စွာအော်လိုက်ပြီး စိမ်းပြာရောင် ဆေဘာချီကို ချုံပုတ်များဆီသို့ တိုက်ရိုက် ခုတ်ချလိုက်သည်။
ဆေဘာချီသည် ချုံပုတ်များထဲသို့ ပစ်၀င်သွားပြီး အကိုင်းအရွက် များအားလုံးကို ဖြတ်တောက်လိုက်သောအခါတွင် ဒေါသပြင်းထန်သောစပါးအုံးမြွေသည် ချုံပုတ်ထဲမှ အလျင်အမြန် ပြေးလာပြီး ချင်ယွင်ဆီသို့ ပါးစပ်ကျယ်ကျယ်ဖြင့် ကိုက်လိုက် သည်။ စိမ်းပြာရောင်ဆေဘာချီသည် ၎င်း၏ အကြေးခွံများပေါ်တွင် ကျဆင်းသွားသော် လည်း မည်သည့်ခြစ်ရာမျှ မကျန်ရစ်ခဲ့ပေ။
ချင်ယွင်သည် ချက်ချင်းပင် ထိတ်လန့်သွားသည်။ သူ အမြန်ပြန် ဆုတ်လိုက် သည်။ သူသည် ဧရာမစပါးအုံးမြွေကြီးကို ကြည့်ကာ "အဆင့်နှစ် ဆိတ်သုဉ်းခြင်းသားရဲ စိမ်းပြာအစင်းကျား စပါးအုံးမြွေဖြူကြီး" ဟု ထိတ်လန့်စွာ ပြောလိုက်သည်။
ဧရာမ စိမ်းပြာအစင်းကျားစပါးအုံးမြွေဖြူသည် ကြီးထွားမှု မြင့်မားသည့် ဆိတ်သုဉ်းခြင်း သားရဲအမျိုးစား ဖြစ်သည်။ ရှေးဘိုးဘွားစဉ်ဆက် နဂါးသွေးမျိုးဆက်သည် ၎င်း၏ ခန္ဓာကိုယ်တွင် ရှိသောကြောင့်၊ ကြီးထွားလာသည်နှင့်အမျှ ၎င်း၏ ခွန်အားသည် ပိုမို အားကောင်းလာမည် ဖြစ်သည်။ နောက်ဆုံးမှာတော့ စိမ်းပြာအစင်းကျား အဖြူရောင် စပါးအုံးမြွေသည် အစွမ်းထက်သော ကြီးထွားမှုမြင့် အမျိုးအစား ဆိတ်သုဉ်းခြင်း သားရဲတစ်ကောင် ဖြစ်နေဆဲ ဖြစ်သည်။
၎င်းတို့သည် မွေးကတည်းက အဆင့်နှစ် ဆိတ်သုဉ်းခြင်း သားရဲများဖြစ်ကြ သည်။ အရွယ်ရောက်ပြီးသည်နှင့် ၎င်းတို့သည် ကြောက်မက်ဖွယ်ကောင်းသော အဆင့်ငါး ဆိတ်သုဉ်းခြင်းသားရဲ အဖြစ်သို့ ရောက်ရှိသွားကြသည်။ ၎င်းတို့သည် သိုင်းဧကရာဇ်နယ်ပယ် ကျွမ်းကျင်သူများနှင့် နှိုင်းယှဉ်နိုင်သည်။ သူ၏ရှေ့ရှိ သားရဲသည် ဆယ်မီတာကျော်ရှည်လျားပြီး အရွယ်ရောက်ပြီးသူ လူတစ်ယောက်၏ ပေါင်လုံး လောက်သာ ထူသည်။ ၎င်းသည် မွေးကင်းစ ကလေးငယ်သာ ဖြစ်နေသေးပြီး ၎င်း၏ ခွန်အားသည် ဆဋ္ဌမအဆင့် ကောင်းကင်အလွှာ သိုင်းပညာရှင်ဝန်းကျင်သာ ရှိသည်။
"အီ၊ တစ်ခုခုတော့ မှားနေပြီ။ သူ့ခေါင်းမှာ ဘာပုံစံရှိနေတာလဲ၊ ဘာလို့ စိမ်းပြာရောင် မဟုတ်တာလဲ"
ထိုအခိုက်အတန့်တွင် ချင်ယွင်သည် စိမ်းပြာအစင်းကျား စပါးအုံးဖြူမြွေ၏ ဦးခေါင်းပေါ်ရှိ ပုံစံများသည် စိမ်းပြာရောင်မဟုတ်ဘဲ ခရမ်းရွှေရောင် ဖြစ်ကြောင်း ရုတ်တရက် တွေ့ရှိလိုက်ရသည်။
ပုံမှန်အားဖြင့် စိမ်းပြာအစင်းကျား စပါးအုံးဖြူမြွေ၏ ဦးခေါင်းပေါ်တွင် လျှပ်စီးကြောင်း နှင့်တူသော စိမ်းပြာရောင်ပုံစံရှိရမည်ဖြစ်သော်လည်း စိမ်းပြာအစင်းကျားအဖြူရောင် စပါးအုံးမြွေ၏ ဦးခေါင်းတွင် စိမ်းပြာရောင် အစင်းကျားအစား ခရမ်းရွှေရောင် ဖြစ်နေသည်။
"ဒါက... ခရမ်းရွှေရောင် စပါးအုံးဖြူများ ဖြစ်နိုင်မလား?" ချင်ယွင်၏ မျက်လုံးများ ပြူးကျယ်သွားပြီး သူ၏နှလုံးသားသည် ထိတ်လန့် တုန်လှုပ်သွားသည် ။
ခရမ်းရွှေရောင်စပါးအုံးဖြူနှင့် စိမ်းပြာအစင်းကျား စပါးအုံးဖြူမြွေတို့သည် ၎င်းတို့၏ ဦးခေါင်းပေါ်တွင် ပုံစံအမျိုးမျိုးရှိသည့် အရောင်များ ပါရှိသော်လည်း ၎င်းတို့ကြားက ကွာခြားချက်မှာ တိမ်နှင့်ရွှံ့လိုပင် ကွာခြားကြသည်။
အရွယ်ရောက်ပြီးသော စိမ်းပြာအစင်းကျား စပါးအုံးဖြူများသည် အဆင့်ငါးအစွမ်းသာ ရှိသော်လည်း ခရမ်းရွှေရောင် စပါးအုံးဖြူများသည် အရွယ်ရောက်ပြီးသည်နှင့် အစစ်အမှန် အင်မော်တယ်စွမ်းအားများ ရှိလာမည်ဖြစ်သည်။ သူတို့သည် လျှပ်စီး နိယာမတခုကို တိုက်ရိုက် ဖမ်းဆုပ်နားလည်နိုင်ကြသည်။ သူတို့သည် သဘာဝ မိုးကြိုးများ၏ အချစ်တော်များဟု ဆိုနိုင်သည်။
ဒါက အရေးအကြီးဆုံးအရာ မဟုတ်ပါသေးပါဘူး။ အဆင့်ငါး ဆိတ်သုဉ်းခြင်း သားရဲအဖြစ်မှ နတ်ဆိုးသားရဲ အဆင့်သို့ ရောက်သွားသောအခါ၊ ၎င်းတို့သည် နတ်ဆိုးနည်းပညာများကို ကျင့်ကြံနိုင်မည်ဖြစ်ပြီး ၎င်းတို့၏ ခွန်အားသည်လည်း ခုန်ပျံကျော်လွှား တိုးတက်လာမည် ဖြစ်သည်။
အင်မော်တယ်ကမ္ဘာလူများစွာသည် ခရမ်းရွှေရောင် စပါးအုံးဖြူကဲ့သို့သော ဆိတ်သုဉ်းခြင်းသားရဲကို အမဲလိုက်ကြသည်။ ၎င်းတို့၏ မရင့်ကျက် သေးသည့် အရွယ်ကို အခွင့်ကောင်းယူပြီး အနိုင်ယူကာ၊ သူတို့၏ အိမ်မွေးတိရိစ္ဆာန်များအဖြစ် မွေးမြူကြသည်။ ၎င်းတို့ အရွယ်ရောက်ပြီးသည်နှင့် သူတို့ဟာ ကြီးမားတဲ့ အင်အားတစ်ခု ဖြစ်လာလိမ့်မည်။
ဒါကို စဉ်းစားရင်း ချင်ယွင်၏ မျက်လုံးများသည် အလင်းရောင်များဖြင့် ပေါက်လာ သည်။ အကယ်၍ သူသည် ဤခရမ်းရွှေဖြူစပါးအုံးကို အနိုင်ယူနိုင်ပါက၊ သူသည် အနာဂတ် အင်မော်တယ်ကမ္ဘာသို့ ပြန်သွားသည့်အခါ၊သူ၏ ခွန်အားသည် သေချာပေါက် တိုးလာနိုင်မည် ဖြစ်သည်။
"ဟစ်!"
ခရမ်းရွှေရောင် စပါးအုံးဖြူသည် ၎င်း၏ တိုက်ခိုက်မှု လွဲချော်သွားသည့်အတွက် အနည်းငယ် ဒေါသထွက်သွားသည်။ ၎င်းသည် အနီရောင်စာလုံးကို မျိုချလိုက်ပြီး ၎င်း၏ အေးစက်သော ဒေါင်လိုက်မျက်လုံးများသည် ခရမ်းရောင်ဆန္ဒများဖြင့် တဖျပ်ဖျပ်ဖျပ် ခတ်နေသည်။
"မင်းရဲ့ညီမကို သွားအနိုင်ယူလိုက်ပါလား။ သူက မွေးပြီး သိပ်မကြာခင်မှာပဲ နဝမမြောက် ကောင်းကင်အလွှာ သိုင်းသခင်တယောက်ရဲ့ အထွတ်အထိပ်ကို ရောက်နေပြီဘဲ!"
ချင်ယွင်သည် ဒေါသတကြီး အော်ဟစ်လိုက်မိသည်။ ခုနက သူရရှိထားသည့် ရူးသွပ်သော အကြံအစည်ကို အလျင်စလို ဖိနှိပ်ထားလိုက်ရသည်။ သူ၏ လက်ရှိ ကျင့်ကြံမှုဖြင့်၊ သူသည် သူ၏အတွေးများကို အကောင်ထည်ဖော်ဖို့ မပြောနှင့်၊ ခရမ်းရွှေရောင်စပါးအုံးဖြူ၏ အစာမဖြစ်သွားရင်ကို ကောင်းနေပါပြီ။
ဝှစ်!
ခရမ်းရွှေရောင် စပါးအုံးဖြူကြီးသည် ၎င်း၏ပါးစပ်ကြီးကိုဖွင့်ကာ ချင်ယွင်ဆီသို့ ထပ်မံကိုက်လိုက်သည်။ ချင်ယွင်ကလည်း ၎င်းဆန္ဒအတိုင်း ဘယ်လိုလုပ် ခွင့်ပြုနိုင်ပါ့မ လဲ။ သူသည် ချက်ချင်းပင် လေအရိပ်ခြေလှမ်းကို အသုံးပြုပြီး ခရမ်းရွှေရောင် စပါးအုံးဖြူဘေးတွင် ဖျတ်ခနဲ ပေါ်လာသည်။
"အနှစ်သာရဖြတ်တောက်ခြင်း!"
ချင်ယွင်သည် ဒေါသတကြီးအော်လိုက်ပြီး သူ၏ ဆေဘာနှင့် ချက်ချင်း ခုတ်ချလိုက် သည်။
"ကာ ချာ!"
လင်းလက်တောက်ပသော စိမ်းပြာရောင် ဆေဘာချီသည် ခရမ်းရွှေရောင်စပါးအုံးဖြူ၏ အဖြူရောင် အကြေးခွံများပေါ်တွင် ခြစ်ရာအစင်းရာ တစ်ခုသာ ကျန်ရစ်ခဲ့တော့ သည်။ ထို့နောက် ဆေဘာပြန်ကန်သံကို ကြားလိုက်ရသည်။
"ဘာလဲ၊ ဘာလို့ ဒီလောက်မာကြောနေရတာလဲ" ချင်ယွင် အံ့သြသွားသည်။
သူ၏ ဆေဘာသည် သာမန်သန့်စင်သော သံမဏိဖြင့်သာ ပြုလုပ် ထားသော်လည်း ၎င်းသည် ကျောက်တုံးများကိုပင် အပိုင်းပိုင်းပိုင်း ဖြတ်နိုင်သည်။ ယခုအခါတွင် ဆေဘာသွားသည် ခရမ်းရွှေရောင် စပါးအုံးဖြူ၏ ခန္ဓာကိုယ်ကို ခုတ်ပိုင်းလိုက်ပြီး အမှန်တကယ်ဆို တိုက်ရိုက်ကွဲသွားသင့်သည်။ ခရမ်းရွှေရောင် စပါးအုံးဖြူ၏ ခုခံ ကာကွယ်မှုက ဘယ်လောက်ထိ ကြောက်စရာကောင်းလိုက်လဲ။
"မကောင်းတော့ဘူး!"
ရုတ်တရက် ချင်ယွင်သည် ပြင်းထန်သော လေပြင်းတစ်ချက်ကို ခံစားလိုက်ရ သည်။ သူ၏နှလုံးခုန်သံများ ပြင်းထန်လာပြီး သူသည် သူ့နောက်ကို အလျင်အမြန် လှမ်းကြည့်လိုက်သည်။ သံမဏိကြာပွတ်ကဲ့သို့ လျင်မြန်စွာ ဆွဲငင်လာသော စပါးအုံးမြွေ အမြီးကို သူမြင်လိုက်ရပြီး မျက်စိတစ်မှိတ်အတွင်းမှာပင် သူ့ရှေ့သို့ ရောက်လာသည်။
ချင်ယွင် အံ့သြသွားသည်။ ယခုအချိန်တွင် သူသည် လွတ်မြောက်ရန် အချိန်မရှိသော ကြောင့် သူ့ကိုယ်သူ အပြင်းအထန် ခုခံကာကွယ်ရုံသာတတ်နိုင်ခဲ့သည်။
သို့သော် စပါးအုံးမြွေ အမြီး၏ အစွမ်းသည် ကြီးမားလွန်းသဖြင့် ချင်ယွင်၏ ခန္ဓာကိုယ် တစ်ခုလုံး တိုက်ရိုက် လွင့်စင်သွားခဲ့သည်။ သူမရပ်ခင် သူ၏ ခါးလောက်ထူထပ်သည့် သစ်ပင်ကြီးနှစ်ပင်ကို ရိုက်ချိုး သွားခဲ့သည်။ သူ၏နှလုံးနှင့် အဆုတ်ကို ခွဲထုတ်လိုက် သကဲ့သို့ ပြင်းထန်သော ဝေဒနာတစ်ခု သူ၏ရင်ဘတ်မှ ထွက်လာသည်။