← Chapters

ကျွန်တော်နာမည် ရှောင်ဘိုင်ပါ။

Vol. 2 Ch. 21

ကျွန်တော်နာမည် ရှောင်ဘိုင်ပါ။

Vol. 2 Ch. 21

အခန်း (၂၁) ကျွန်တော်နာမည် ရှောင်ဘိုင်ပါ။

"အဟွတ် အဟွတ်... အရမ်းကြောက်စရာကောင်းလွန်းတယ်!"

ချင်ယွင်၏ ပါးစပ်ပေါ်တွင် သွေးများ ထွက်လာသည်။ ဒီခရမ်းရွှေ‌ရောင်စပါးအုံးဖြူ၏ အစွမ်းက ကြောက်စရာ ကောင်းလွန်း သည်။ စပါးအုံးမြွေအမြီးသည် သူ၏ခန္ဓာကိုယ် ပေါ်သို့ ကျရောက်လာပြီး ပေါက်ကွဲလုမတတ် ဖြစ်နေသည်။

"မဟုတ်ဘူး၊ ငါ ထိပ်တိုက်ရင်ဆိုင်လို့ မရဘူး။ ဒီအကောင်က အရမ်းသန်မာ တယ်!" ချင်ယွင်သည် သူ၏ နာကျင်ရောင်ရမ်းနေသော ရင်ဘတ်ကို ဖုံးအုပ်ထားပြီး တောအုပ်အကွာအဝေးသို့ ထွက်ပြေးရန် လေအရိပ်ခြေလှမ်းများကို အလျင်အမြန် အသုံးပြုခဲ့သည်။

သို့သော်လည်း ခရမ်းရွှေ‌ရောင်စပါးအုံးဖြူသည် ၎င်း၏သားကောင်ကို လက်လွှတ် မခံခဲ့ပေ။ ၎င်း၏ ချောမွတ်သည့် ခန္ဓာကိုယ်နှင့်အတူ ၎င်း၏ခန္ဓာကိုယ်ပေါ်တွင် အမှန်တကယ် လျှပ်စီးများ လက်လာသည်။ ၎င်း၏ကြီးမားလှသော ခန္ဓာကိုယ်ကြီးသည်

တောတွင်းသို့ လျင်မြန်စွာ ဖြတ်သန်းသွားသည်။ ဖြတ်သန်းသွားသည့် နေရာတိုင်းတွင် သစ်ရွက်သစ်ကိုင်းများ တူးခြစ်ကာမည်းတူးကျန်ခဲ့ပြီး ၎င်း၏ အရှိန်ဟုန်က အလွန်မြန် သည်။ ချင်ယွင်ထက်ပင် သာလွန်နိုင်သည်။ သူ့ထက် နိမ့်ကျခြင်းမရှိပေ။

"သောက်ရမ်းစွမ်းထက်တယ်ဟ၊ ဒီကောင်က ဘယ်လိုလုပ် ဒီလောက် မြန်ရတာ လဲ" ချင်ယွင်သည် သူ၏စိတ်ထဲမှ ကျိန်ဆဲလိုက်ပြီး သူ၏ အရှိန်ဟုန်ကို အရှိန်မြှင့် လိုက်သည်။

ခရမ်းရွှေ‌ရောင် စပါးအုံးဖြူကြီး၏ ဖမ်းဆီးမူခံရသည်နှင့် သူသေမည်မှာ သေချာသည်။ သို့သော် သူတို့နှစ်ဦးကြားရှိ အကွာအဝေးသည် ပိုမိုနီးကပ်လာနေသေး သည်။

မီတာ ၂၀၀၊ ၁၀၀ မီတာ၊ ၅၀ မီတာ၊ ၃၀ မီတာ

နောက်ဆုံးတော့ ငါးမီတာလောက်ပဲ ကျန်တော့တယ်။

"ဟင့်အင်း ငါမပြေးနိုင်တော့ဘူး။ ငါအသက်ရှင်ချင်ရင် တိုက်ပွဲဝင်ရမယ်!"

ချင်ယွင်သည် သူ၏နှလုံးသားထဲတွင် ရက်စက် ကြမ်းကြုတ် လာသည်။ တုန့်ဆိုင်းမ နေတော့ဘဲ သူ၏ခါးမှ ဓားပျော့ကို ဆွဲထုတ်ကာ အစိမ်းရောင်ဝိညာဉ်စွမ်းအင်ကို လောင်းထည့် လိုက်သည်။ ပျော့ပျောင်းသောဓားသည် ဖြောင့်စင်းလာသည်။

"ငရဲကိုသွားစမ်း!"

ချင်ယွင်သည် ကျယ်လောင်စွာအော်လိုက်ပြီး ခရမ်းရွှေ‌ရောင်စပါးအုံးဖြူ၏ မျက်လုံးများ ဆီသို့ အနှစ်သာရ ဖြတ်တောက်ခြင်း ဓားပညာရပ်ကို အသုံးပြုလိုက် သည်။ အကြေးခွံများကို ထိုးဖောက်၍ မရသောကြောင့်၊ မျက်လုံးများက သူ၏ အားနည်းချက် ဖြစ်သည်။

"ဝှစ်!"

ခရမ်းရွှေ‌ရောင်စပါးအုံးဖြူသည် အလွန်လိမ္မာပါးနပ်သည်၊ ချင်ယွင်သည် သူ၏ မျက်လုံးများကိုထိုးရန် တိုက်ခိုက်လိုက်သည်နှင့် သူ၏ ပါးစပ်ကိုဖွင့်ကာ ခရမ်းရောင်လျှ ပ်စီး‌ကြောင်းတခုကို တိုက်ရိုက် ထွေးထုတ်လိုက်သည်။

ခရမ်းရောင်လျှပ်စီးကြောင်းသည် အလွန်လျင်မြန်ပြီး ချင်ယွင်၏ ခန္ဓာကိုယ်ကို ချက်ချင်းရိုက်ခတ်သွားကာ သူ၏တစ်ကိုယ်လုံးကို ပျံ့နှံ့သွားသည်။

ချင်ယွင်သည် သူ၏ခေါင်းကို ဓားနှင့်ထိုးသည့် ဝေဒနာမျိုး ခံစားလိုက်ရပြီး ချက်ခြင်း ထိတ်လန့်သွားခဲ့သည်။ သူသတိ၀င်လာသောအခါတွင် စပါးအုံးမြွေကြီး၏ အမြီးသည် သူ့ရင်ဘတ်ပေါ်သို့ တိုက်ရိုက် ဆင်းသက်လာသည်ကို တွေ့လိုက်ရပြီး တစ်ကိုယ်လုံး လင့်စင်သွား ပြန်သည်။

"အဟွတ် အဟွတ်!"

ချင်ယွင်သည် ချောင်းဆိုးလိုက်သည်။ သူ၏ရင်ဘတ်ပေါ်ရှိ နံရိုးသုံးချောင်း ကျိုးသွားသည်ကို ခံစားရနိုင်သည်။ ပြင်းထန်သော နာကျင်မှုက သူ့ကို မူးဝေစေသည်။

"စောစောက ခရမ်းရောင်လျှပ်စီးကြောင်းက ဘာများပါလိမ့်။ ဘာလို့ ငါ့စိတ်ဝိညာဉ်ကို ထိခိုက်စေတာလဲ၊ ခရမ်းရောင်လျှပ်စီးက ငါ့စိတ်ဝိညာဉ်ကို တိုက်ခိုက်တာ ဖြစ်နိုင်ပါ့ မလား" ချင်ယွင်၏ အတွေးများသည် ချက်ချင်းပင် စီးဆင်းသွားသည်။

အကယ်၍ သူသည် အစောပိုင်းလေးက ခရမ်းရောင်လျှပ်စီးကြောင်း ထိမှန်ခြင်းမရှိဘဲ သူ၏ဦးနှောက်သည် တခဏအတွင်း ဗလာဟင်းလင်း ဖြစ်မသွားပါက၊ သူသည် ခရမ်းရွှေ‌ရောင်စပါးအုံးဖြူ ၏တိုက်ခိုက်မှုကို ရှောင်တိမ်းနိုင်သင့်သည် မဟုတ်ပါလား။

ချင်ယွင်၏ခန္ဓာကိုယ်သည် သန်မာသော်လည်း ခရမ်းရွှေ‌ရောင် စပါးအုံးဖြူ၏အမြီး နှစ်ကြိမ်ထိမှန်ပြီးနောက် ပြင်းထန်စွာဒဏ်ရာရရှိနေဆဲ ဖြစ်သည်။

ထူးဆန်းသောလျှပ်စီးကြောင်းများကို ထွေးထုတ်နိုင်စွမ်းရှိသည့် အဆင့်နှစ် ဆိတ်သုဉ်းခြင်း သားရဲသည် ကိုင်တွယ်ရန် လွယ်ကူမည် မဟုတ်ပေ။

"အေး သောက်ရမ်းကောင်းတယ်ကွာ ၊ မင်းဆီမှာရှိသေးလား။ ကုန်သွားပြီလား"

ထိုအခိုက်တွင် ချင်ယွင်သည် ခရမ်းရွှေ‌ရောင်စပါးအုံးဖြူကြီးကို မြင်လိုက်ရပြီး သူ၏ နှလုံးသားသည် ချက်ချင်းပင် ဒေါသနှင့်အတူ ခုန်လာသည်။

လေ၏သဘောတရားသည် လှိုင်းထလာပြီး လေထဲမှာ စိမ်းပြာရောင်ဓားချီကြီး တစ်ချောင်းအဖြစ် ဖြစ်တည်လာကာ ဧရာမစပါးအုံးမြွေကြီး၏ ခေါင်းပေါ်သို့ တိုက်ရိုက် ထိုးကျသွားသည်။

ဓားစွမ်းအင်များ ပေါက်ကွဲသွားသော်လည်း ၎င်း၏စွမ်းအားသည် ခရမ်းရွှေ‌ရောင် စပါးအုံးဖြူ၏ အကြေးခွံများကို မဖြတ်ကျော် နိုင်သေးပေ။ သို့သော်လည်း ကြီးမားသော သက်ရောက်မှုကြောင့် ခရမ်းရွှေ‌ရောင် စပါးအုံးဖြူကြီးကို နာကျင်စွာ ဟိန်းဟောက် စေခဲ့သည်။

"ဟမ့် ! မင်း အခု နာကျင်မူက ဘာလဲဆိုတာ သိပြီးလား။" ချင်ယွင်က အေးစက်စွာ အော်ဟစ်လိုက်ပြီး သူ၏လက်က ရပ်တန့်ခြင်းမရှိ ချီဓားများကို အဆက်မပြတ် လွှတ်ထုတ်နေသည်။

ချီဓားသည် ခရမ်းရွှေ‌ရောင်စပါးအုံးဖြူ၏ ကိုယ်ပေါ်တွင် ပေါက်ကွဲသွားပြီး နာကျင်စွာ မြေပြင်ပေါ်သို့ လူးလိမ့်သွားသည်။ အနီးနားရှိသစ်ပင်များသည် ၎င်း၏အမြီး၏ ရိုက်ခတ်မူကြောင့် တိုက်ရိုက်ကျိုးပဲ့ကုန်၏။

"မင်း အခု ငါ့ကို စားချင်သေးလား" ချင်ယွင်က ရယ်မောပြီး တိတ်တိတ်လေး အသက်ရှူသွင်းလိုက်သည်။ ချီဓားငါးချောင်းကို ဆက်တိုက်အသုံးပြုရန် သူ၏ ဝိညာဉ်စွမ်းအင်ကို များစွာ သုံးစွဲခဲ့သည်။ ဟုတ်ပါတယ်၊ သူ ဆက်ပြီး မသုံးနိုင်တော့ ပါဘူး။

"ချီ!"

ခရမ်းရွှေ‌ရောင် စပါးအုံးဖြူသည် ဒေါသတကြီး ကောင်းကင်ယံသို့ မော့ကာ ဟောက် သည်။ ကြောက်မက်ဖွယ်ကောင်းသော လျှပ်စီးကြောင်းသည် သူ၏ခန္ဓာကိုယ်ပေါ်တွင် ချက်ချင်း ပေါ်လာသည်။ လျှပ်စီးမြွေများသည် နေရာတိုင်းတွင် အရူးအမူး ပျံသန်းသွား ကာ ပတ်ဝန်းကျင်ရှိ သစ်ပင်များသည် မည်းသည်းကုန်သည်။

ချင်ယွင်သည် အလျင်စလို နောက်သို့ဆုတ်ခွာပြီး စိတ်ထဲမှ ကျိန်ဆဲလျက် " ဒီခရမ်းရွှေ‌ရောင် စပါးအုံးဖြူအစုတ်ပလုတ်‌‌ကောင်က ဘာလို့ ဒီလောက် ကြောက်စရာကောင်း နေရတာလဲ၊ ခရမ်းရွှေ‌ရောင် စပါးအုံးဖြူက ဒီလို ကြောက်စရာကောင်းတဲ့ လျှပ်စီးကြောင်းတွေကို ထိန်းချုပ်နိုင်တယ်ဆိုတာ ငါ တစ်ခါမှ မကြားဖူးဘူး။ အဓိကကတော့ ဒီသောက်လျှပ်စီးကြောင်းတွေ စိတ်ဝိညာဉ်ကို တိုက်ခိုက်နိုင်တဲ့ လျှပ်စီးကြောင်းတွေ ဖြစ်နေတာဘဲ!"

သူ၏စိတ်ဝိညာဉ်သည် အလွန်နုနယ်သေးသည်။ သူ၏စိတ်ဝိညာဉ် တိုက်ခိုက်ခံရသည် နှင့် မည်သို့သေသွားသည်ကိုပင် သူသိလိုက်က်မည် မဟုတ်ပေ။

ချင်ယွင်၏ စိတ်ဝိညာဉ်သည် အစစ်မှန်အင်မော်တယ် နယ်ပယ်တွင် ရှိနေ သည်။ ဤထူးဆန်းသော ခရမ်းရောင်လျှပ်စီးကြောင်းဖြင့် သူ၏စိတ်ဝိဉာဏ် ထိုးစိုက်ခံရ ပါက အကယ်၍ သူသာ သာမန်သိုင်းပညာရှင်တယောက်ဆိုလျှင် သူသည် ထိုနေရာတွင် ပင် သေသွားပေလိမ့်မည်။ သိုင်းဂိုဏ်းချုပ်များပင်လျှင် ဒဏ်ရာ အပြင်းအထန် ရသွားလိမ့်မည်။

ဒီခရမ်းရွှေ‌ရောင် စပါးအုံးဖြူသည် ကြောက်စရာ ကောင်းလွန်း သည်။ ခရမ်းရောင် လျှပ်စီးကြောင်းသည် လူတစ်ယောက်၏ စိတ်ဝိညာဉ်ကို အမှန်တကယ် တိုက်ခိုက်နိုင် သည်။ ဒါက သူအရင်တုန်းက မကြားဖူးသည့်အရာ ဖြစ်သည်။ အင်မော်တယ်ကမ္ဘာမှာ တောင် လူတစ်ယောက်၏ စိတ်ဝိညာဉ်ကို တိုက်ခိုက်နိုင်သည့် လူနှင့် နတ်ဆိုးသားရဲများ သည် အလွန်ရှားသည်။

ဥပမာအားဖြင့်၊ ဒဏ္ဍာရီလာအ‌မှောင်နဂါးမျက်လုံး၊ ခြေသုံးချောင်း ရွှေကျီးကန်းမီးလျှံနှင့် ကောင်းကင်ကျားဟိန်းသံတို့သည် အင်မော်တယ်နယ်မြေ၏ သမိုင်းတွင် ထူးခြားသော ရှေးခေတ် နတ်ဘုရားသားရဲများဖြစ်ကြသည်။ သူ့ရှေ့ရှိ ခရမ်းရွှေ‌ရောင် စပါးအုံးဖြူသည် ဒဏ္ဍာရီလာ ရှေး‌ဟောင်းနတ်ဘုရားသားရဲများ၏ တည်ရှိမှုနှင့်ပင် ယှဉ်နိုင်သည်လား။

"ဘုန်း!"

ချင်ယွင် အံ့သြနေသည့်အခိုက် ခရမ်းရွှေ‌ရောင်စပါးအုံးဖြူကြီးသည် အရင်ကထက် နှစ်ဆပိုထူသည့် ခရမ်းရောင်လျှပ်စီးကြောင်းကို ရုတ်တရက် ဖောက်ကွဲထုတ်လိုက် သည်။

ချင်ယွင် အံ့သြသွားသည်။ ခရမ်းရောင်လျှပ်စီးကြောင်းက သူ့ကို လုံလုံလောက်လောက် ခံစားစေခဲ့ရပြီး ဖြစ်သည်။ အခု သူသည် သတ္တိရှိရှိ ဘယ်လိုလုပ် တောင့်ခံနိုင်မှာ လဲ။ သို့သော် ခရမ်းရောင်လျှပ်စီးကြောင်းသည် ချင်ယွင် ရှောင်တိမ်းနိုင်သည်ထက် မြန်ဆန်လွန်းသည်။

"ငါ ဘာလုပ်သင့်လဲ။ ငါ ဘာလုပ်ရမလဲ?" ချင်ယွင်သည် အလွန်စိုးရိမ်နေခဲ့ သည်။ အကယ်၍ သူသည် ထိမှန်ခံရပါက၊ သူ၏ စိတ်ဝိညာဉ်သည် ပြင်းထန်စွာ ဒဏ်ရာရပြီး ခရမ်းရွှေ‌ရောင်စပါးအုံးဖြူ၏ ဝါးမျိုချမူကို ခံရနိုင်ဖွယ်ရှိသည်။

"ဟုတ်ပြီ၊ အစိမ်းရောင်ကြာပန်းစည်းတံဆိပ်!"

ချင်ယွင်၏ မျက်လုံးများသည် ချက်ချင်းပင် တောက်ပ လာသည်။ ထိုအချိန်တုန်းက သူသည် လျူကလန် တတိယအကြီးကဲ၏ရေခဲဓားဖြင့် တိုက်ချုက်မူခံရပြီး အအေးစွမ်းအင်ကြောင့် လှုပ်ရှားမရဖြစ်နေစဉ် သူ့ကို ကယ်တင်ခဲ့သည်မှာ အစိမ်းရောင် ကြာပန်းစည်းတံဆိပ်ပင် ဖြစ်သည်။ အခု အစိမ်းရောင်ကြာပန်း စည်းတံဆိပ်က ခရမ်းရောင်လျှပ်စီးကြောင်းကို တားဆီးနိုင်ဦးမလားဆိုသည်ကိုတော့ သူလည်း မသိပေ။

"အားလုံးထွက်လာခဲ့စမ်း! အလောင်းစားလုပ်ကြစို့!"

ချင်ယွင်၏ မျက်လုံးများတွင် ရက်စက်မှု အရိပ်အမြွက် ထွက်ပေါ်လာ သည်။ သူသည် ချက်ချင်းပဲ အစိမ်းရောင်ကြာပန်းစည်းတံဆိပ်ကို အသက်သွင်းလိုက်ပြီး ဧရာမအစိမ်း‌ရောင်ကြာပန်းသဏ္ဍာန်သည် ချင်ယွင်ကို ချက်ခြင်း လွမ်းခြုံသွားသည်။ ထိုအချိန်တွင် ခရမ်းရောင်လျှပ်စီးသည် အစိမ်းရောင်ကြာပန်းကို ရိုက်ခတ်သွားသည်။

ခရမ်းရောင်လျှပ်စီးကြောင်းက ကြာပန်းပွင့်ကို ရိုက်ခတ်သွားသဖြင့် ကြာပန်းတစ်ခုလုံး လှုပ်ခါသွားပြီး ကွဲအက်လုနီးပါး ဖြစ်သွားခဲ့သည်။

ချင်ယွင်သည် အလွန်စိုးရိမ်နေပြီး သူ၏မျက်နှာမှာ စိတ်ပျက်မူများနှင့် ပြည့်နေသည်။

သို့သော်လည်း ယခုအချိန်တွင် ချင်ယွင်၏ ရင်ဘတ်ပေါ်ရှိ အစိမ်းရောင်ကြာပန်း အမှတ်အသားမှ ပြင်းထန်သော အစိမ်းရောင်အလင်းတန်းတစ်ခု ရုတ်တရက် ထွက်ပေါ် လာသည်။ ပြင်းထန်ကြီးမားသော စုပ်ယူမှုစွမ်းအားတစ်ခုသည် တိုက်ရိုက်ရောက်ရှိ လာပြီး ခရမ်းရောင်လျှပ်စီးကြောင်းကို ချက်ချင်း မျိုချလိုက်သည်။

"အောင်မြင်ပြီ!" ချင်ယွင်သည် စိတ်လှုပ်ရှားစွာ‌ အော်ဟစ်မိသည်။ အစိမ်းရောင် ကြာပန်း စည်းတံဆိပ်၏ စွမ်းအားသည် အဘယ်ကြောင့် ရုတ်တရက် တိုးလာပြီး ခရမ်းရောင်လျှပ်စီးကြောင်းကို မျိုချလိုက်သည်ကို သူနားမလည်သော်လည်း ချင်ယွင်သည် ကယ်တင်ခြင်း ခံရပြီဖြစ်‌ကြောင်း သိရှိလိုက်သည်။

"အယ်!"

ချင်ယွင်သည် ကယ်တင်ခြင်းခံရသည့်အတွက် ဝမ်းမြောက်နေစဉ် ပိုမိုကြီးမားသော စုပ်ယူမှုစွမ်းအားတစ်ခု ထပ်မံရောက်ရှိလာပြီး ခရမ်းရွှေ‌ရောင်စပါးအုံးဖြူကို ရစ်ပတ်ကာ သူ၏ ရင်ဘတ်ထဲသို့ စုပ်လိုက်တော့သည်။

"ဘာဖြစ်တာလဲဟ?"

ချင်ယွင် အံသြသွားသည်။ ကြီးမားသော ခရမ်းရွှေ‌ရောင် စပါးအုံးဖြူကြီးကို ဤကဲ့သို့ မျိုချလိုက်သည်လား ။

ချင်ယွင်သည် သူစိတ်၀ိဉာဏ်ကို အလျင်အမြန် အသုံးပြုကာ သူ၏ရင်ဘတ်ကို ကြည့်လိုက်သည်။ သူ၏ရင်ဘတ်ပေါ်၌ အစိမ်းရောင်ကြာပန်းတစ်ပွင့်ကို မြင်လိုက်ရ သည်။ အိတ်အရွယ်စား မြွေဖြူတစ်ကောင်သည် အစိမ်းရောင်ကြာပန်းအတွင်း၌ ခွေခွေလေး ရှိနေသည်။ ၎င်းသည် အလွန်ချစ်စရာကောင်းပြီး နာခံမှုရှိ သည်။ အစိမ်းရောင်ကြာပန်း အမှတ်အသားဖြင့် ဝါးမျိုခံထားရသော ခရမ်းရွှေ‌ရောင် စပါးအုံးဖြူကြီး ဖြစ်သည်။

"မင်္ဂလာပါ သခင်။ ကျွန်တော်နာမည် ရှောင်ဘိုင်ပါ!"

ထို့နောက် ချင်ယွင်၏ စိတ်ထဲတွင် နူးညံ့သော အသံတစ်ခု ထွက်ပေါ်လာပြီး ကြောက်ရွံ့သည့် အရိပ်အယောင်များလည်း ရောထွေးနေသည်။

All Chapters