စိတ်ဝိဥာဉ်စာချုပ်
Vol. 2 Ch. 22
အခန်း (၂၂) စိတ်ဝိဥာဉ်စာချုပ်။
"ဘယ်သူ ပြောနေတာလဲ" ချင်ယွင်၏ ခေါင်းထဲတွင် မြူခိုးများ ပြည့်နေသကဲ့သို့ ဖြစ်နေပြီး ပတ်ဝန်းကျင်ကို ကြည့်လိုက်သောအခါ လူတစ်ဦးတစ်ယောက်မျှ မရှိသည်ကို တွေ့ရလေသည်။
"သခင်၊ ငါက အရင်တုံးက စပါးအုံးဖြူပဲလေ!" နူးညံ့သော အသံတစ်ခု ထပ်မံ၍ ထွက်ပေါ်လာပြန်သည်။
"စပါးအုံးဖြူလား?" ချင်ယွင်သည် ခဏတာ အံ့အားသင့်သွားသည်။ အထဲကို အမြန် ပြန်ကြည့်လိုက်တော့ အိတ်အရွယ်စား ခရမ်းရွှေရောင် စပါးအုံးဖြူလေးက သူ့ကို ကြည့်နေသည်ကို တွေ့လိုက်ရသည်။
ထို့နောက်တွင်၊ လျှို့ဝှက်ဆန်းကြယ်သောအလင်းတန်းတစ်ခုသည် ချင်ယွင်၏ စိတ်ဝိညာဉ်ထဲသို့ စီးဆင်းသွားသည်။ ချင်ယွင်သည် သူ၏စိတ်က ခရမ်းရွှေရောင် စပါးအုံးဖြူနှင့် ဆက်စပ်နေသည်ဆိုတာကို သိလိုက်ရသည်။
"ဘာတွေဖြစ်နေတာလဲ?" ချင်ယွင်က စိတ်ရှုပ်ထွေးစွာဖြင့် မေးလိုက်သည်။
ခရမ်းရွှေရောင်စပါးအုံးဖြူလည်း စိတ်ရှုပ်ထွေးစွာဖြင့် ခေါင်းယမ်းလိုက်သည်။ " အခုလေးတင် စုပ်ယူခံရပြီးတာနဲ့ ငါ့သခင်နဲ့ စိတ်ဝိညာဉ်စာချုပ်တစ်ခု ထူထောင်ထား တာကို ငါ သိလိုက်ရတယ်။"
ခရမ်းရွှေရောင်စပါးအုံးဖြူကြီး၏ စကားကိုကြားတော့ ချင်ယွင်သည် ပို၍ပင် ပဟေဠိ ဖြစ်သွားသည်။ အစိမ်းရောင်ကြာပန်းစည်းတံဆိပ်သည် ခရမ်းရွှေရောင်စပါးအုံးဖြူကို မျိုချပြီးနောက် ခရမ်းရွှေရောင်စပါးအုံးဖြူနှင့် အဘယ်ကြောင့် စိတ်ဝိဉာဥ်စာချုပ် ချုပ်ဆိုခဲ့ ရသနည်း။ အစိမ်းရောင် ကြာပန်းစည်းတံဆိပ်သည် နတ်ဆိုးသားရဲများကို ထိန်းချုပ်နိုင်စေရန် ကူညီပေးနိုင်သလား။
လောလောဆယ်တွင် အစိမ်းရောင်ကြာပန်းအမှတ်သားသည် အဓိကလုပ်ဆောင်မှု သုံးခုရှိကြောင်း သူတွေ့ရှိခဲ့ရသည်။ တစ်မျိုးက ကျင့်ကြံမှုကို အရှိန်မြှင့်နိုင်ပြီး၊ နောက်တစ်ခုက ခုခံကာကွယ်မှု ဖြစ်သည်။ တတိယတခုကတော့ သူ၏ခန္ဓာကိုယ်ကို သန့်စင်ရန်အတွက် လျှို့ဝှက်ဆန်းကြယ် စွမ်းအင်များကို ထုတ်လွှတ်ပေး သည်။ အကယ်၍ သူသည် ဤတစ်ကြိမ်တွင် ဆိတ်သုဉ်းခြင်းသားရဲကို ထိန်းချုပ်နိုင်ခဲ့ လျှင် ချင်ယွင်သည် အစိမ်းရောင်ကြာပန်းစည်းတံဆိပ်မှ ရှာဖွေတွေ့ရှိခဲ့သော စတုတ္ထမြောက် လုပ်ဆောင်မှု ဖြစ်လာမည် ဖြစ်သည်။
"ကြည့်ရတာ အစိမ်းရောင်ကြာပန်းစည်းတံဆိပ်မှာ တူးဖော်ဖို့ အံ့ဩစရာကောင်းတဲ့ သုံးပုံသုံးနည်းတွေ အများကြီး ကျန်နေသေးပုံပဲ" ချင်ယွင်သည် သူ၏စိတ်ထဲတွင် တိတ်တဆိတ် သက်ပြင်းချလိုက်သည်။ ဤကြာပန်းအမှတ်သားမှာ လျှို့ဝှက် ဆန်းကြယ်မှုတွေ အများကြီးရှိနေသည်ဟု သူအမြဲတမ်း ခံစားခဲ့ရသည်။
"မင်းနာမည်က ရှောင်ဘိုင်လို့ ပြောလိုက်တာလား?" ချင်ယွင်သည် ခရမ်းရွှေရောင် စပါးအုံးဖြူသို့ စိတ်ပိုင်းဆိုင်ရာဆက်သွယ်မူ ပေးပို့လိုက်သည်။
ယခု သူသည် ခရမ်းရွှေရောင်စပါးအုံးဖြူ နှင့် စိတ်ဝိညာဉ်စာချုပ်ကို ချုပ်ဆိုထားသော ကြောင့် သူ၏စိတ်က စေ့ဆော်လိုက်သရွေ့ သူသည် အခြားသူနှင့် စကားပြောနိုင်သည်။
"ဟုတ်တယ် ငါ့နာမည်က ရှောင်ဘိုင်ပါ၊ ငါက ဒီနာမည်ကို ကိုယ့်ဘာသာကိုယ် မှည့်ထားတာ"
ရှောင်ဘိုင်က ပြန်ဖြေသည်။
"ဒါဆို မင်း ဘယ်ကနေ ရောက်လာတာလဲ သိလား" ချင်ယွင်က ဆက်မေးသည်။
"မသိဘူးလေ၊ ဒီဆိတ်သုဉ်းခြင်းရှေးဟောင်းတောအုပ်ထဲမှာ မွေးဖွားခဲ့တာပဲ သိတယ်။ ငါက ဗိုက်အရမ်းဆာတယ်လေ။ ငါ နေရာတိုင်းမှာ သားကောင်တွေ လိုက်ရှာနေတာ ။ငါ ဗိုက်အရမ်းဆာနေလို့ စောစောက သခင်ကို တိုက်ခိုက်လိုက်တာပဲ။" စပါးအုံးဖြူလေး သည် ခေါင်းယမ်းပြသည်။
ချင်ယွင်သည် အနည်းငယ် ထိတ်လန့်သွားပြီး "ရှောင်ဘိုင်၊ မင်းမိဘတွေက ဘယ်သူလဲဆိုတာ မင်းမသိဘူးလား။"
ရှောင်ဘိုင်က အပြစ်ကင်းစွာ ခေါင်းခါယမ်းလိုက်သည်။
ချင်ယွင်သည် တခဏတာ အကူအညီမဲ့စွာ ခံစားခဲ့ရသည်။ ရှောင်ဘိုင်သည် ယခုအချိန်တွင် အလွန်နာခံကြောင်း သူတွေ့ရှိခဲ့ရသည်။ ယခင် သူ့ကို တိုက်ခိုက် စဉ်တုန်းကလို မရက်စက်တော့။ ယခု သူသည် ကလေးတစ်ယောက်ကဲ့သို့ ဖြစ်နေပုံရ သည်။ မည်သည့်အရာကိုမှ နားမလည်သေးဘဲ အလိုလိုဗီဇကြောင့်သာ သူ့ကိုယ်သူ ကာကွယ်ရန် တိုက်ခိုက်ခဲ့ပုံရသည်။
ရုတ်တရက် ချင်ယွင်သည် အလွန်ဆိုးရွားသော ပြဿနာတစ်ရပ်ကို တွေးလိုက် သည်။ ရှောင်ဘိုင်သည် လောလောဆယ်တွင် သူ၏ရင်ဘတ်ရှိ ကြာပန်းအမှတ်သားထဲ တွင် ပုန်းနေသောကြောင့် သူ့ကို မည်ကဲ့သို့ အပြင်ထုတ်ရမည်နည်း။
"သခင်၊ မင်းစိတ်ထဲကနေ ငါ့ကို ဆင့်ခေါ်ချင်နေသမျှ ငါ အပြင်မှာ ပေါ်လာမှာ လေ။" ရှောင်ဘိုင်နှင့် ချင်ယွင်တို့သည် တူညီသော အတွေးအမြင်များ ရှိကြပြီး ချင်ယွင်ကိုယ်တိုင်ကလည်း ၎င်းကို တမင်ဖုံးကွယ်ထားခြင်း မရှိသောကြောင့် ရှောင်ဘိုင်သည် ချင်ယွင်၏ အတွေးများကို သဘာဝကျကျ သိပါသည်။
"ဒါက ဒီလောက်ရိုးရှင်းလား?" ချင်ယွင်က အံ့သြစွာမေးလိုက်သည်။
ရှောင်ဘိုင်က ခေါင်းညိတ်လိုက်သည်။
ချင်ယွင်သည် ရှောင်ဘိုင်ကို ဆင့်ခေါ်ရန် မစောင့်နိုင်တော့ဘဲ အတွေးတချက်နှင့်အတူ အပြင်ကို ဆင့်ခေါ်လိုက်သည်။
ဟုတ်ပါတယ်၊ အစိမ်းရောင်အလင်းတချက် လင်းလက်မူနှင့်အတူ ရှောင်ဘိုင်၏ ဧရာမရုပ်သွင်ကြီးက ချင်ယွင်၏ ရှေ့မှာ ပေါ်လာသည်။
ချင်ယွင်သည် ထိတ်လန့်သွားပြီး ရှောင်ဘိုင်၏ ခေါင်းကိုထိဖို့ သူ၏လက်ကို ဆွဲဆန့်လိုက်သည်။
ရှောင်ဘိုင်လည်း နာခံမူရှိစွာ သူ၏ခေါင်းကို နှိမ့်လိုက်ပြီး အလွန်ပျော်ရွှင်သော အမူအရာဖြင့် ချင်ယွင်ကို ကြင်နာစွာ ပွတ်သပ်ခွင့်ပြုသည်။ သူသည် ချင်ယွင်၏ ပွတ်သပ်မှုကို အလိုလိုက်ကြိုက်ဆောင်ခံထားရသော ကလေးဆိုးတယောက်ကဲ့သို့ သူ၏ဦးခေါင်းကို အသုံးပြုပြီး မကြာခဏ လှုပ်ယမ်းပွတ်တိုက်သည်။
"ဒါဆို ငါ မင်းကို ဘယ်လိုပြန်ထည့်ရမှာလဲ" ချင်ယွင်က မေးသည်။
"သခင်၊ မင်း ငါ့ကို ပြန်ခေါ်ချင်နေသရွေ့ မင်းလုပ်နိုင်မှာပါ" ရှောင်ဘိုင်၏ အသံသည် ချင်ယွင်၏ စိတ်ထဲတွင် ထွက်ပေါ်လာသည်။
ချင်ယွင်သည် ရုတ်တရက် ရိပ်မိလာသည်။ သူကြိုးစားပြီး အတွေးတစ်ချက်ဖြင့် ရှောင်ဘိုင်သည် အလင်းတန်းတစ်ခုအဖြစ်သို့ ပြောင်းလဲသွားပြီး သူ့ရင်ဘတ်ပေါ်ရှိ ကြာပန်းစိမ်းအမှတ်သားဆီသို့ ပြန်ရောက်သွားခဲ့သည်။
"ဘယ်လောက်တောင် အံ့သြစရာကောင်းလိုက်လဲ!" ချင်းယွင်သည် လေးစားမူနှင့်အတူ သက်ပြင်းချလိုက်မိသည်။ အခြားလူများသည် ကမ္ဘာငယ်အမျိုးစား ရတနာများကို မပိုင်ဆိုင်ထားပါက ဆိတ်သုဉ်းခြင်းသားရဲများကို ၎င်းတို့၏ ခန္ဓာကိုယ်အတွင်းသို့ ထည့်သွင်းထိန်းချုပ်နိုင်မည်မဟုတ်ပေ။ သို့သော် သူသည် ရှောင်ဘိုင်ကို သူနှင့်အတူ သယ်ဆောင်ရန် အစိမ်းရောင်ကြာပန်းအမှတ်ကို အသုံးပြုနိုင်သည်။
'"ဟုတ်ပါတယ် သခင်၊ ဒီအစိမ်းရောင်ကြာပန်းက သိပ်ကို ဆန်းကြယ်ပါတယ်။ အဲဒါက ငါ့ ခန္ဓာကိုယ်ထဲကို လျှို့ဝှက်ဆန်းကြယ်တဲ့ စွမ်းအင်တွေ ဆက်တိုက် သွန်းလောင်းပေး နေတယ်။ ဒါက အရမ်းနွေးထွေးပြီး သက်တောင့်သက်သာ ရှိစေတယ်။ ငါ့ရဲ့ ကြီးထွားမှု နှုန်းက အများကြီး တိုးလာတယ်လို့ ခံစားရတယ်။ ငါ သိပ်မကြာခင် အဆင့်သုံးကို ချိုးဖျက်သွားမှာတောင် စိုးရွံ့မိတယ်" ရှောင်ဘိုင်က ဝမ်းသာအားရ ပြောလိုက်သည်။
ချင်ယွင်လည်း ဝမ်းသာသွားသည် ။ အခု ရှောင်ဘိုင်သည် သူ၏အိမ်မွေးတိရစ္ဆာန် ဖြစ်လာမှတော့ ရှောင်ဘိုင်၏ခွန်အား ပိုအားကောင်းလေလေ၊ သူ၏ခွန်အားက ပိုမြင့်မားလေ ဖြစ်သည်။
ရှောင်ဘိုင်သည် အဆင့်သုံးသို့ တက်လှမ်းလိုက်သည်နှင့် ၎င်း၏ထူးဆန်းသော လျှပ်စီးကြောင်းနှင့်အတူ သာမန်သိုင်းဂိုဏ်းချုပ်အဆင့် ကျွမ်းကျင်သူ တယောက်ပင် ၎င်းကို လှုပ်ခါနိုင်မည်တော့မဟုတ်။ ထိုအပြင်၊ သူ့မှာ သိုင်းဂိုဏ်းချုပ်အဆင့် ကိုယ်ရံတော်တစ်ဦး ရှိလာမည် ဖြစ်သည်။ ဤအရာက သူ၏အသက်ကို ကာကွယ်ဖို့ ဝှက်ဖဲတစ်ခုဆိုသည်မှဦ သံသယဖြစ်စရာ မလိုပေ။
"ရှောင်ဘိုင် ၊ မင်းက များများစားလေ မြန်မြန်ကြီး ထွားလေလား" ချင်ယွင်က မေးသည်။
"ဟုတ်ပါတယ် သခင်၊ ငါတို့ဟာ ဆိတ်သုဉ်းခြင်းသားရဲတွေကို စားသောက်ခြင်းအားဖြင့် ငါတို့ရဲ့ သွေးစွမ်းအင်ကို ဖြည့်စွမ်းပေးနိုင်တယ်။ ဆိတ်သုဉ်းခြင်းသားရဲတွေက ပိုမို သန်မာအားကောင်းပြီး သူတို့ရဲ့ ခန္ဓာကိုယ်မှာရှိတဲ့ သွေးစွမ်းအင်တွေက ပိုသိပ်သည်း လေ၊ သူတို့ရဲ့ အသားတွေကို စားပြီးရင် ငါက ပိုသန်မာလာ လေပဲ”။ ရှောင်ဘိုင်က အမှန်အတိုင်း ပြန်ဖြေသည်။
"ကောင်းပြီ ဒီနေ့ကစပြီး မင်းကို ငါကူညီမယ်" ချင်းယွန်က ပြတ်ပြတ်သားသား ပြောသည်။ ရှောင်ဘိုင်ကို အဆင့်သုံး ဒါမှမဟုတ် အဆင့်လေးသို့ မြန်မြန်ရောက်အောင် ကူညီပေးရန် သူ ဆုံးဖြတ်လိုက်သည်။ ဤနည်းဖြင့်၊ သူသည် မိုးပြာတိမ်တိုက် သိုင်းမြို့စားစံအိမ်ကို စိန်ခေါ်ပြီး သူ၏အစ်မကို ကယ်တင်ရန် ပိုမိုခွန်အားရှိလာမည် ဖြစ်သည်။
"ကျေးဇူးပါပဲ သခင်!"
နောက်ရက်အနည်းငယ်တွင် ချင်ယွင်သည် ဆိတ်သုဉ်းခြင်းသားရဲအချို့ကို ရှာဖွေရန် ရှောင်ဘိုင်ကို ခေါ်ဆောင်လာခဲ့သည်။ အဆင့်တစ် ဆိတ်သုဉ်းခြင်းသားရဲမှစ၍ အဆင့်နှစ် ဆိတ်သုဉ်းခြင်းသားရဲအထိ လူတယောက်နှင့် သားရဲတစ်ကောင်သည် ရူးသွပ်စွာ သတ်ဖြတ်ကြတော့သည်။
လေးရက်အတွင်း၊ ချင်ယွင်သည် အဆင့်တစ် ဆိတ်သုဉ်းခြင်းသားရဲ ၂၈ကောင်နှင့် အဆင့်နှစ် ဆိတ်သုဉ်းခြင်းသားရဲ ခြောက်ကောင်တို့ကို သတ်ပစ်ခဲ့သည်။ ရှောင်ဘိုင်၏ တိုက်ပွဲမှတ်တမ်းက ပိုလို့တောင် အံ့သြစရာ ကောင်းသည်။ ၎င်း၏ချွန်ထက်သော သွားများပေါ်တွင် သေဆုံးသွားခဲ့ကြသော အဆင့်တစ် ဆိတ်သုဉ်းခြင်းသားရဲ ငါးဆယ်ထက်မနည်း ရှိခဲ့သည်။ ၎င်းတို့အထဲတွင် အဆင့်နှစ် ဆိတ်သုဉ်းခြင်း သားရဲအမျိုးစားဆယ်ခု၊ ကျန်ဆိတ်သုဉ်းခြင်း သားရဲများသည် အဆင့်တစ်အမျိုးစား ဖြစ်ကြသည်။
ဟုတ်ပါသည်၊ ဒီဆိတ်သုဉ်းခြင်း သားရဲအလောင်းများ၏ အစိတ်အပိုင်း အနည်းငယ်ကို သာ ချင်ယွင်ကစားခဲ့ပြီး ကျန်အများစုကတော့ ရှောင်ဘိုင်၏ ဗိုက်ထဲကို ရောက်သွားခဲ့ပါသည်။
ရှောင်ဘိုင်၏ ခန္ဓာကိုယ်သည် အရှည် မီတာ နှစ်ဆယ်အထိ သိသိသာသာ ကြီးထွားလာ သည်။ ဒါပေမယ့် အဆင့်သုံးအထိတော့ မရောက်သေးပါဘူး။
ဤကာလအတွင်း ချင်ယွင်နှင့် အခြားသူများသည် မျိုးနွယ်စုကြီးသုံးခုမှ တပည့်အနည်းငယ်နှင့်လည်း ကြုံတွေ့ခဲ့ရသည်။ ခြွင်းချက်မရှိ၊ ချင်ယွင်ကို သတ်ချင်သူ တိုင်း အသတ်ခံခဲ့ရပြီး အများစုမှာ သိုင်းသခင်နယ်ပယ် ကျွမ်းကျင်သူများ ဖြစ်ကြပါ သည်။
လေးရက်မြောက်နေ့ ညနေတွင် ချင်ယွင်နှင့် ရှောင်ဘိုင်တို့သည် အဆင့်နှစ် သွေးမျက်လုံးမျောက်ဝံ လိုက်ရှာခဲ့ကြသည်။ စားပြီးနောက် ရှောင်ဘိုင်သည် ချင်ယွင်၏ ခန္ဓာကိုယ်ထဲသို့ ဝင်ရောက်ကာ အိပ်ပျော်သွားခဲ့သည်။
ဆိတ်သုဉ်းခြင်းသားရဲများအတွက် အိပ်စက်ခြင်းသည် ကျင့်ကြံရန်ဖြစ်သည်။ နေ့တိုင်း အိပ်စက်ချိန်လုံလောက်နေသရွေ့ အစားအစာကို ချေဖျက်နိုင်ပြီး ခွန်အားလည်း သိသိသာသာ တိုးလာမှာဖြစ်သည်။
ရှောင်ဘိုင်အိပ်ပျော်သွားတဲ့အတွက် ချင်ယွင်သည် သဘာဝအတိုင်း သက်တောင့် သက်သာ ရှိခဲ့နေခဲ့သည်။ သူသည် ကိုယ်ကိုယ်တိုင် ကျင့်ကြံရန်အတွက် ဆိတ်ငြိမ်ရာ နေရာကို ရှာဖွေရန် ပြင်ဆင်ထားသောကြောင့် ဆိတ်သုဉ်းခြင်း ရှေးဟောင်း တောအုပ်၏ အစွန်းတစ်ဝိုက်တွင် လှည့်လည်သွားနေလာခဲ့သည်။
ချင်ယွင်၏ လက်ရှိကျင့်ကြံမူနှင့်အတူ အဖြူလေးနှင့် (ရှောင်ဘိုင်) ဆို အဆင့်သုံး ဆိတ်သုဉ်းခြင်းသားရဲများနှင့် မတွေ့ကြုံသရွေ့ အပြင်ဘက် ပတ်၀န်းကျင်မှ မိုင်တစ်ရာ အတွင်း အလျားလိုက်နီးပါး သွားလာနိုင်သည်။
သူတို့သည် ရံဖန်ရံခါ တွေ့ဆုံခဲ့ပေမယ့် ချင်းယွင်၏ ထိုးထွင်းသိမြင်မူအရ သူတို့သည် ၎င်းတို့ကို ကြိုတင်၍ ရှောင်ရှားနိုင်ကြမည်။ ထို့ကြောင့်၊ လက်တွေ့အားဖြင့် မိုင်ရာချီ ပတ်၀န်းကျင်တွင်း ချင်ယွင်၏တည်ရှိမှုကို ခြိမ်းခြောက်နိုင်သည့် မည်သည့်အရာမျှ မရှိပေ။
ချင်ယွင်သည် လမ်းလျှောက်လာရင်း စမ်းချောင်းငယ်လေး၏ တစ်ဖက်ခြမ်းဆီသို့ သူ တဖြည်းဖြည်း ရောက်သွားခဲ့သည်။ ထိုအချိန်တွင် သူ၏တစ်ကိုယ်လုံး သွေးစိမ်းရှင်ရှင် ထွက်စေမယ့် မြင်ကွင်းတစ်ခုကို သူ မြင်လိုက်ရသည်။
မိန်းမပျိုလေးတစ်ဦးသည် စမ်းချောင်းထဲတွင် ကိုယ်လုံးတီးဖြင့် ရေချိုးနေသည်။ သူမ၏ နှင်းဖြူ ရောင်ပုခုံးများနှင့် အပြစ်အနာ အဆာကင်းသော နောက်ကျောသည် ချင်ယွင်၏မျက်လုံးများကို လုံးလုံးလျားလျား ဖမ်းစားသွားခဲ့သည်။
ချင်ယွင်သည် တံတွေးကို ခက်ခက်ခဲခဲ မျိုချလိုက်ရသည်။ သူသည် အင်မော်တယ် ဧကရာဇ်မင်းမြတ်၏ သားတော်ဖြစ်သော်လည်း၊ သူ၏အသက်အရွယ်ကြောင့်၊ သူသည် လူပျိုစစ်စစ် ဖြစ်နေဆဲ ဖြစ်သည်။
သူနှင့် အထိတွေ့မူအရှိဆုံးသော တစ်ဦးတည်းသော အမျိုးသမီးမှာ သူ၏အစ်မ လျူရန်ယွင် ဖြစ်သည်။ သူမနှင့်အတူ မကြာခဏ ရေချိုးလေ့ရှိပေမယ့် ထိုအချိန်တုန်းက သူဟာ လူတုံးလူအတစ်ယောက်လို ဖြစ်နေပြီး မည်သည့်အရာကိုမှ မသိသေးပါဘူး။
ယခု ဤအမျိုးသမီးသည် ချင်ယွင်၏ရှေ့တွင် အဝတ်ဗလာဖြင့် ရှိနေပြီး၊ ၎င်းသည် ချင်ယွင်၏ အာရုံခံစားမူအကြောတစ်ခုလုံးကို တိုက်ရိုက်နှိုးဆွခဲ့ပြီး သူ၏ခန္ဓာကိုယ်တွင် ဆိုးရွားသော မီးတောက်မီးလျံများ ထွက်ပေါ်လာခဲ့သည်။
ဤအခိုက်အတန့်တွင် မိန်းကလေးသည် အမှတ်မထင် လှည့်ကြည့်လာပြီး အလွန်လှပသော မျက်နှာကို ပေါ်လွင်စေသည်။ ဒါက အဓိကသော့ချက် မဟုတ်ပေ။ အဓိကသော့ချက်က အကန့်အသတ်မဲ့ ရှုမြင်ခင်းက၏ ချင်ယွင်ရဲ့ မျက်လုံးများကို လုံးလုံးလျားလျား ဖမ်းစားသွားခဲ့သည်။
"အရမ်းလှတာဘဲ!"
ဤသည်မှာ ချင်ယွင်၏စိတ်ထဲတွင် တစ်ခုတည်းသောအတွေး ဖြစ်သည်။ သူ၏ နှာခေါင်းမှ သွေးများပင် လျှံထွက်လာသည်။
သို့သော်လည်း မကြာမီ စမ်းချောင်းတွင် ရေချိုးနေသည့် မိန်းကလေးသည် ရုတ်တရက် မျက်ခုံးများ ကျဉ်းသွားကာ “ဘယ်သူလဲ” ဟု ဒေါသတကြီး အော်လိုက်သည်။
ပြင်းထန်သော သတ်ဖြတ်လိုစိတ်က ချင်ယွင်ကို ချက်ချင်း လွှမ်းမိုးသွားခဲ့သည်။