← Chapters

မီးနဲ့ကစား၍ ကိုယ့်ကိုယ်ကိုပူလောင်ခြင်း

Vol. 2 Ch. 24

မီးနဲ့ကစား၍ ကိုယ့်ကိုယ်ကိုပူလောင်ခြင်း

Vol. 2 Ch. 24

အခန်း (၂၄) မီးနဲ့ကစား၍ ကိုယ့်ကိုယ်ကိုပူလောင်ခြင်း

"ဟေး၊ မင်း မငိုတော့ဘူးလား။ မင်း တစ်နေ့လုံး ငိုနေခဲ့တာ။ ငါလည်း မင်းကို ဘာမှမလုပ်ရပါဘူး"ချင်ယွင်သည် မျက်ရည်မကျဘဲ ငိုချင်လာမိသည်။

လွန်ခဲ့သော ဆယ်နာရီက ချင်ယွင်သည် မိန်းကလေး၏ မျက်ခုံးကြားတွင် အစိမ်းရောင် ကြာပန်းမျိုးစေ့တခုကို စိုက်ပြီးကတည်းက ဤမိန်းကလေးသည် ငိုနေခဲ့သည်။ ချင်ယွင်သည် သူမကို ဘယ်လိုဘဲ ဆွဲဆောင်ဖို့ ကြိုးစားနေပါစေ အသုံးမ၀င်ခဲ့ပေ။ ဒါက ချင်ယွင်၏ခေါင်း ပေါက်ကွဲမတတ် ဖြစ်စေခဲ့သည်။

အစိမ်းရောင်ကြာပန်းမျိုးစေ့သည် ရှောင်ဘိုင်အပေါ် ယခင်က ချမှတ်ခဲ့သော စိတ်ဝိညာဉ်စာချုပ်မျိုး မဟုတ်ပေ။ ချင်ယွင်ကျင့်ကြံခဲ့သော ဖရိုဖရဲ အစိမ်းရောင် ကြာပန်းပညာရပ်နှင့် တွဲဖက်ထားသော အထူးသိုင်းပညာရပ်တစ်ခု ဖြစ်သည်။ သူသည် အခြားတစ်ယောက်၏ ခန္ဓာကိုယ်တွင် အစိမ်းရောင်ကြာပန်းမျိုးစေ့ကို စိုက်ပျိုးပြီး သည်နှင့် အချိန်မရွေး ဖောက်ခွဲပြီး ရန်သူကို သတ်ဖြတ်နိုင်သည်။

သင်သည် 'ရှေးဟောင်းခေတ် အစိမ်းရောင်ကြာပန်းပညာရပ်'ကို ကျင့်ကြံထားသူ မဟုတ်ပါက၊ သင်သည် သိုင်းဧကရာဇ်နယ်ပယ် ကျွမ်းကျင်သူတဦးဖြစ်လျှင်ပင်၊ ဤကြာပန်းမျိုးစေ့ကို ထုတ်ယူနိုင်မည်မဟုတ်ပေ။ ထို့ကြောင့် ဤမိန်းကလေး၏ ဘဝတစ်ခုလုံးသည် ချင်ယွင်၏လက်ထဲတွင် ကျရောက်နေလေပြီ။

"နင် ငါ့ကို လွှတ်‌ပေးရင် ငါ မငိုတော့ဘူး!" မိန်းကလေးသည် ချင်ယွင်ကို ချစ်စဖွယ် မျက်လုံးရွှဲကြီးများဖြင့် ကြည့်ရင်း စူးစူးဝါးဝါး ပြောလိုက်သည်။

တစ်နေကုန်နီးပါး အတူနေထိုင်ပြီးနောက် ချင်ယွင်သည် ရက်စက် ကြမ်းကြုတ်သူ မဟုတ်သလို သူမကိုလည်း အမှားအယွင်းတစ်ခုမှ မလုပ်ခဲ့ကြောင်း သူမတွေ့ရှိခဲ့သည်။ မဟုတ်လျှင် သူမ၏ ကြံ့ခိုင်သည့်ပင်ကိုယ်စရိုက်အရ သူမသေဆုံးသွားရင်တောင် ချင်ယွင်ကို အောင်မြင်ခွင့်ပြုမှာ မဟုတ်ပါဘူး။

ဆန့်ကျင်ဘက်အနေနှင့်၊ ချင်ယွင်သည် အမှန်တကယ်ပင် သူမငိုခြင်းကြောင့် အရှုံး‌ပေးခဲ့ရပါသည်။ ဒါက ချင်ယွင်ကို သူမ မုန်းတီးခဲ့ပေမဲ့ တချိန်တည်းမှာပင် သူ့အပေါ် ရွံမုန်းမှုများ အများကြီး လျော့ပါးလာခဲ့သည်။ ထို့ကြောင့် သူမသည် ယခုအချိန်တွင် ညုတုတုနှင့် ချစ်စဖွယ်ကောင်းသည့်အမူယာကို တတ်နိုင်သမျှ လုပ်ဆောင်ခဲ့သည်။

"မဟုတ်ဘူး၊ ငါမလုပ်ပေးဘူး။ မင်းနဲ့ လောင်းကြေးကို အနိုင်ရပြီးမှ ငါ့အစေခံအဖြစ် မင်းခွင့်ပေးခဲ့တာလေ။ ငါ မင်းကို ဘယ်လိုလုပ် လွယ်လွယ်နဲ့ လွှတ် ပေးနိုင်မှာလဲ" ချင်ယွင် ခေါင်းခါလိုက်သည်။

မိန်းကလေးသည် ချင်ယွင်ကို ဒေါသတကြီးစိုက်ကြည့်နေ သည်။ ရုတ်​တရက်​ သူမမျက်​လုံး​များ လင်းလက်သွားပြီး သူမကိုယ်​သူမ ​တွေးလိုက်​သည်​။

"ချင်ယွင် ငါ့ခန္ဓာကိုယ်က ကြည့်ကောင်းရဲ့လား" ကောင်မလေးသည် ချင်ယွင် ရှေ့သို့ လျှောက်လာပြီး သူမ၏ သွယ်လျသော လက်မောင်းသည် ချင်ယွင်၏ ပခုံးပေါ်ကို တင်ကာ လည်ပင်းကို သိုင်းဖက်ရင်း ချင်ယွင်ကို မျက်နှာချင်းဆိုင်ပြီး အလွန်ချစ်စရာ ကောင်းသော အမူအရာဖြင့် ပြောလိုက်သည်။

ချင်ယွင်သည် ချက်ချင်းပင် အံ့အားသင့်သွားပြီး မိန်းမပျို‌လေး၏ လှပသောရုပ်သွင်သည် သူ၏စိတ်ထဲတွင် ပေါ်လာသည်။ သူ၏နှလုံးသားထဲက ဆိုးသွမ်းတဲ့ မီးတောက်လျံများ က လျင်မြန်စွာ လောင်ကျွမ်းသွားသည်။

"ကြည့်..ကောင်းတယ်!" ချင်ယွင်သည် လန့်ဖျပ်‌နေပြီး သူ၏အသံများပင် တုန်နေသည်။

နောက်ဆုံးတော့ သူသည် လူပျိုလေးတယောက်ဖြစ်သည်။ သူသည် မိန်းမပျိုလေးကို ပိုင်ဆိုင်ချင်သော်လည်း ခွန်အားဖြင့် အနိုင်ယူရန် မဖြစ်နိုင်ကြောင်း သူသိသည်။ ထို့အပြင် သူမအား အတင်းအကြပ် ခိုင်းစေရခြင်းကို သူ မကြိုက်ပေ။ သို့သော် ယခုအချိန်တွင် ကောင်မလေး၏ ရန်စမူကို သူခံနေရပြီး သူ၏နှလုံးသားက ယားယံလာသည်။

ကောင်မလေးသည် စိတ်ထဲတွင် အေးစက်စွာ ဟစ်အော်လိုက်မိသည်။ သူမသည် ချင်ယွင်ကို အသေကိုက်သတ်နိုင်ရန် ဆန္ဒရှိသော်လည်း ချစ်စရာကောင်းဟန် ဆောင်ကာ "နင် ကြိုက်လား?"

"ငါ ငါ ကြိုက်တယ်!" ချင်ယွင်က အမှန်အတိုင်း ပြန်ဖြေသည်။

"ဒါဆို မင်းငါ့ကို လက်ထပ်ဖို့ ဆန္ဒရှိလား" မိန်းမပျို လေး၏ မျက်လုံးရွဲကြီးများသည် တဖျပ်ဖျပ်ပုတ် ခတ်သွားပြီး သူမ၏ လှပသော မျက်နှာသည် ပို၍ပင် ချစ်စရာ ကောင်းလာသည်။ ချင်ယွင်ကို ပွေ့ဖက်ထားသည့် လက်သည် အနည်းငယ် တင်းကျပ်လာသည်။

ချင်ယွင်သည် မိန်းကလေး၏ ခန္ဓာကိုယ်ပေါ်ရှိ ထူးခြားသောရနံ့ကို အနံ့ခံပြီး တံတွေးကို တဂွတ်ဂွတ်နှင့် မျိုချနေရသည်။

သူ၏ရှေ့ရှိ ဤမိန်းကလေးသည် သူကိုမျှားခေါ်ရန် ‌သွေးဆောင် ဖျားယောင်းနေမှန်း သူသိသော်လည်း ကောင်မလေး၏ ကြည်လင် ပြတ်သားသည့်အသံဖြင့် နွားအကောင်ကြီး များစွာကိုပင် စွဲဆောင်နိုင်သော ချစ်စရာကောင်းသည့် မျက်နှာလေးက သူ့ကို ခွင့်မပြုနိုင်သေးပေ။

"သောက်ရမ်းတမျိုးကြီးဟ " ချင်ယွင်သည် သူ၏စိတ်ထဲတွင် ကျိန်ဆဲလိုက်သည်။ သူ့ရှေ့က ကောင်မလေး၏ ချစ်စရာကောင်းသည့် အမူအရာကို ကြည့်လိုက်တော့ သူမ၏ အသက်ရူအငွေ့သက်အောက်မှာ သူမကိုဖိနှိပ်လိုစိတ် ရုတ်တရက် ပေါက်လာ သည်။

ဒီအချိန်မှာ ကောင်မလေးက ရူးသွပ်စွာ လှုပ်ရှားနေသည်။

ကောင်မလေးက ချင်ယွင်ကို သူ၏နောက်က သစ်ပင်ကြီးဆီသို့တွန်းပြီး အလွန်ချစ်စရာ ကောင်းသညိ့ အမူအရာဖြင့်" ချင်ယွင်၊ တကယ်တော့ ငါက ချင်းယွမ်မြို့ မြို့သခင်ရဲ့ သမီးပဲ။ ငါ့နာမည် ရန်စီချီတဲ့၊ နင် အိမ်ကိုလာပြီး လက်ထပ်ခွင့်တောင်းလို့ ရမလား " သူမပြောပြီးသည်နှင့် သူမသည် ချင်ယွင်၏ ခန္ဓာကိုယ်ကို တမင်တကာ မှီလိုက်သည်။ သူမတစ်ကိုယ်လုံးသည် ချင်ယွင်၏ကိုယ်ပေါ်တွင် လဲလျောင်းလုနီးပါး ဖြစ်နေပြီ။

ချင်ယွင်၏ ခေါင်းတစ်ခုလုံး မူးဝေသွားသည်။ သူ၏စိတ်ထဲတွင် ရန်စီချီ၏ ခန္ဓာကိုယ်မှ စိတ်ဆိုးစိတ်ယုတ်များကို ဆွဲဆောင်နိုင်သည့် နက်မှောင်သော ရနံ့များဖြင့် ပြည့်နေသည်။ ထို့အပြင်၊ ရန်စီချီ၏ခန္ဓာကိုယ်သည် ချင်ယွင်၏ ခန္ဓာကိုယ်တွင် ကပ်လုနီးပါးဖြစ်နေပြီး ချင်ယွင်၏ ရိုင်းစိုင်းသေား သားရဲသွေးများက ပေါက်ကွဲ ထွက်နေခဲ့သည်။

"ဝူး!"

ချင်ယွင်သည် စိတ်မထိန်းနိုင်တော့ဘဲ ရန်စီချီ၏ ခေါင်းကို လှမ်းဖက် ထားကာ သူမ၏ ဆွဲဆောင်မှုရှိသော အနီရောင်နှုတ်ခမ်းများကို အရူးအမူး နမ်းရှိုက် တော့သည်။

ချင်ယွင်သည် သူမကို အနမ်းပေးလို့မဆုံးခင်မှာ သူ၏လက်က အောက်ကို လျှော့ကျလာ ပြီး သူမ၏ခါးလေးကို ပွေ့ဖက်လိုက်သည်။ သူမ၏ သွယ်လျသောခါးမှ သာယာ နှစ်သက်မူသည် ချင်ယွင်၏ နောက်ဆုံး ကျိုးကြောင်းဆီလျော်မှု အနည်းငယ် ကျန်သေးသည့် သူ၏စိတ်ကို ချက်ချင်း တိမ်မြုပ်သွားစေပြီး သူ့ကို လုံးဝ ရူးသွပ်သွား စေကာ ရန်စီချီ၏ ဝတ်စားများကို စုတ်ဖြဲမိသွားစေခဲ့သည်။

ရန်စီချီသည် သူမ၏ ထိတ်လန့်တုန်လှုပ်မှုကြောင့် ချက်ချင်း အသိပြနိ၀င်လာပြီး အရူးအမူး ရုန်းကန်သည်။ သူမ၏လက်များသည် ချင်ယွင်၏ရင်ဘတ်ကို အသည်းအသန် ထုလိုက်သော်လည်း သူမ၏ခွန်အားသည် ချင်ယွင်နှင့် မည်သို့ ယှဉ်နိုင်မည်နည်း။ သူမ ဘယ်လောက်ပဲ ရုန်းကန်နေပါစေ အသုံးမဝင်တော့။

“မဟုတ်ဘူး… မလုပ်နဲ့…” ရန်စီချီက ချက်ချင်း ငိုတသည်။

သို့သော် ချင်ယွင်သည် လုံးဝရူးသွပ်သွားခဲ့သည်။ ရန်စီချီ၏ အော်ငိုသံသည် သူ၏နားထဲ တွင် ဆိုးရွားလှသော အဆိပ်အတောက်တစ်ခုလည်းဖြစ်သည်။ သူသည် ရန်စီချီကို မြေကြီးပေါ်သို့ တွန်းလှဲပြီး အရူးအမူး ဖိလိုက်ကာ ရန်စီချီ၏ ၀တ်စုံကို အတင်းဆုတ်ဖြဲ သည်။ တစ်ချိန်တည်းတွင် ရန်စီချီစ လည်ပင်းကို အဆက်မပြတ် နမ်းသည်။

"ဒီလိုမလုပ်ပါနဲ့" ရန်စီချီက အော်လိုက်သည်။ သူမ၏ ခန္ဓာကိုယ်တွင် ထုံကျင်ခြင်း ကြောင့် သူမသည် ခံနိုင်ရည်အား ဆုံးရှုံးနေပြီဖြစ်သည်။ သို့သော် သူမ၏ နှလုံးသားသည် အလွန်အေးစက်နေခဲ့သည်။ ကြည်လင်သော မျက်ရည်စီးကြောင်း နှစ်လိုင်းသည် စိတ်ပျက်အားငယ်သော အကြည့်ဖြင့် သူမမျက်နှာပေါ်သို့ စီးကျလာ သည်။

ချင်ယွင်သည် သားရဲတိရစ္ဆာန်ကဲ့သို့ ရန်စီချီကို ဗလက္ကာရပြုကျင့်နေခဲ့သည့် ယခုအခိုက်တန့်တွင် သူ၏ရင်ဘတ်မှ အေးမြသော ခံစားမှုတစ်ခု ထွက်ပေါ်လာပြီး သူ ချက်ချင်း နိုးကြားလာခဲ့သည်။

ချင်ယွင်သည် ရန်စီချီ၏ ကူကယ်ရာမဲ့သော အမူအရာကို ကြည့်ပြီး အပြစ်ရှိကြောင်း ပြင်းထန်သော ခံစားချက်က သူ၏နှလုံးသားထဲသို့ ချက်ချင်း ဝင်လာသည်။

"ဒါ" ချင်ယွင်သည် စကားများ ထစ်အနေမိသည်။ သူသည် သူ၏စိတ်ထဲတွင် သက်ပြင်းချမိသည်။ သူသည် စောစောလေးက စိတ်လွတ်ပြီး ရန်စီချီကို လုံး၀ လွန်ကျူးမိလုနီးပါး ဖြစ်သွားခဲ့ရသည်။ ထိုအချိန်တွင်၊ ရန်စီချီသည် မိမိကိုယ်ကို သတ်သေရန် သေချာပေါက် ရွေးချယ်သွားခဲ့လိမ့်သည်။

ချင်ယွင်သည် သူ တကယ့်အမှားကြီးကို ကျူးလွန်လုနီးပါး ဖြစ်သွားသည်ကို တွေးတော မိသည့်အခါ အလွန်အမင်း အပြစ်ရှိသလို ခံစားလိုက်ရပါသည်။

သူသည် သူမကို လိုချင်ပေမယ့် သူမဆန္ဒအပေါ် မူတည်နေရမည်။ ရန်စီချီက ခေါင်းခါနေ သရွေ့ ချင်ယွင်သည် သူမကို အတင်းအကျပ် ဖိအားပေးမှာ မဟုတ်ဘူး။ ရန်စီချီသည် မြေပြင်ပေါ်တွင် လဲလျောင်းနေပြီး မျက်ရည်များကို သုတ်ရင်း သူမ၏ မျက်နှာက အေးစက်သွားသည်။

"ငါ နင့်ကို အပြစ်မတင်ဘူး။ စောစောလေးက မီးကို ငါကိုယ်တိုင် တင်ရှို့ခဲ့တဲ့သူပဲ" ရန်စီချီက အေးစက်စွာပြောသည်။

ချင်ယွင်က တိတ်ဆိတ်နေခဲ့တယ်။ အခုချိန်မှာ သူဘာပြန်ပြောရမှန်းတောင် မသိတော့ပါဘူး။

တုန်လှုပ်ချောက်ချားလျက် မြေပြင်ပေါ်တွင် လဲလျောင်းနေသေးသော ရန်စီချီကို ကြည့်ရင်း ချင်ယွင်သည် တိတ်တဆိတ် ထွက်သွားလေသည်။ သူသည် ဝံပုလွေအစွယ်ရှိ နှင်းဝက်တစ်ကောင်ကို ရိုက်သတ်ကာကာ မီးမွှေးပြီး အသားကင်လုပ်တော့သည်။

အချိန်က ညဖြစ်နေပြီ။ ညဘက်တွင် တောထဲ၌ မီးထွန်းခြင်းသည် အလွန်အန္တရာယ် များပြီး ဆိတ်သုဉ်းခြင်းသားရဲအချို့ကို အလွယ်တကူ ဆွဲဆောင်နိုင်မည်ဖြစ်သည်။

ချင်ယွင်သည် သေချာပေါက် ဒါကိုသိထားပေမယ့် အခုတော့ ရန်စီချီဟာ သက်တောင့် သက်သာရှိဖို့ လိုအပ်နေပြီး အစားအသောက်က အမျိုးသမီးများအတွက် အကောင်းဆုံး သက်တောင့်သက်သာ ဖြစ်သောအရာဖြစ်သည်။ ဒါက ချင်ယွင်၏ သာမာန်အမေက သူ့ကို ပြောခဲ့ဖူးသည့်စကားဖြစ်သည်။

ထို့ကြောင့်၊ ချင်ယွင်သည် ပတ်ဝန်းကျင်တွင် ဘိုင်ရှောင်ဆီမှ ခွာခဲ့သော အကြေးခွံ အချို့ကို နောက်တွင် လိမ္မာပါးနပ်စွာ ချထားခဲ့ပြီး ရှောင်ဘိုင်၏ အငွေ့အသက်ကို ချန်ထားခဲ့သဖြင့် ထိုဆိတ်သုဉ်းခြင်းသားရဲများသည် သူ့ထံသို့ ထပ်မံ မချဉ်းကပ်ဝံ့တော့ ပေ။

တဖြည်းဖြည်း တိုက်ခတ်နေသည့် လေပြေလေညှင်းအောက်တွင် အသားကင်၏ ပြင်းထန်သောမွှေးရနံ့သည် နှာခေါင်းထဲ အပြည့်၀င်လာသည်။

"လာ တကိုက်လောက် စားလိုက်ဦး!" ချင်ယွင်သည် ရန်စီချီ၏ရှေ့မှာ အသားကင် တစ်ပိုင်းကို တင်ပေးပြီး ပြောလိုက်သည်။

ရန်စီချီက သူ့ကို လျစ်လျူရှုလိုက်သည်။

ချင်ယွင်သည် အားကိုးရာမဲ့နေခဲ့သည်။ ယခုလောလော ဆယ်မှာတော့ သူမ လက်မခံနိုင်ဘူးဆိုသည်ကို သူသိပါသည်ိ၊ ဒါကြောင့် အသားကင်တုံးကို အဝတ်တစ်ထည်ဖြင့် ထုပ်ပြီး ရန်စီချီအနားမှာ ထားခဲ့ရုံသာ တတ်နိုင်တော့သည်။

အချိန်ကြာလာသည်နှင့်အမျှ ချင်ယွင်သည် နှင်း၀ံပု‌လွေအစွယ် ဝက်သားတစ်ဝက်ကို အပြောင်ရှင်းလိုက်ပြီးအထိ ရန်စီချီ လုံးဝမလှုပ်‌‌သေးကြောင်း တွေ့ရှိခဲ့ရသည်။

"မင်း ကျရှုံးသွားပြီလား?" ချင်ယွင်သည် သူ၏စိတ်ထဲတွင် စိတ်ပျက်လက်ပျက်ဖြစ်မူက ပေါက်ကွဲထွက်လာသည်ကို ခံစားလိုက်ရသည်။

ထိုအချိန်တွင် ရုတ်တရက် ကျယ်လောင်သော တဂွိဂွိမြည်သံကို ကြားလိုက်ရသည်။

ချင်ယွင်၏မျက်နှာသည် ချက်ချင်းပြုံးရိပ်သန်းပြီး စိတ်ထဲတွင် ပြုံးကာ "သေချာပါတယ် အမေက ငါ့ကို လိမ်မှာမဟုတ်ဘူး။ မိန်းမဖြစ်သရွေ့ အရသာတွေရဲ့ ဆွဲဆောင်မှုကို ခံနိုင်ရည်ရှိမှာ မဟုတ်ဘူး။"

All Chapters