ငါနှင့်အတူ အိမ်ပြန်လိုက်ခဲ့။
Vol. 2 Ch. 25
အခန်း (၂၅)ငါနှင့်အတူ အိမ်ပြန်လိုက်ခဲ့။
နောက်နှစ်ရက်ကြာအောင် ရန်စီချီသည် ချင်ယွင်၏ နောက်သို့ လိုက်နေခဲ့သော်လည်း သူမသည် စကားတစ်ခွန်းမှ မပြောခဲ့ပေ။
ချင်ယွင်က သူမကိုစကားပြောသည့်အခါ သူမသည် ချင်ယွင်ကို စိုက်ကြည့်နေခဲ့သည်။ ချင်ယွင် အသားကင် ချက်ပြုတ်နေချိန် လောက်သာ ရန်စီချီက ချင်ယွင်ကို ကြင်နာစွာ ပြုံးပြသည်။
ဒါက ချင်ယွင်ကို စကားမပြောနိုင်အောင် ဖြစ်သွားစေသည်။ ဤသူမလေးသည် သူ ခေါ်ယူထားသော အစေခံတဦးမဟုတ်ဘူးလား ။ သူမကိုယ်သူမ အရှင်သခင် တယောက်လို ပြုမူနေခဲ့သည်။ သူက အရသာရှိသောစားသောက်များရရှိအောင် တာ၀န် ထမ်းဆောင်ရ၏။ သူသည် နေ့တိုင်းနှာခေါင်းအေးပြီး မျက်လုံးလည်း အေးနေရပြီ။ သို့သော် သူ၏လက်ငါးချောင်းက အခြားတယောက်၏တောင်ထိပ်နှစ်ခုနှင့် မိုးမခပင်လို သွယ်လျသည့်ခါးပေါ် မည်သို့တက်နိုင်ခဲ့သည်ကို ပြန်စဉ်းစားမိသောအခါတွင် သူသည် စိတ်သက်သာရာ ရသွားခဲ့သည်။
သို့သော်၊ ချင်ယွင်သည် ဤ ချင်းယွမ်မြို့၏ မင်းသမီးသည် အဘယ်ကြောင်းကြောင့် ဆိတ်သုဉ်းခြင်းရှေးဟောင်းတောအုပ်တွင် တစ်ယောက်တည်း ပေါ်လာသည်ကို သိချင်နေမိသည်။ သူမသည် လျှို့ဝှက်စွာ ထွက်ပြေးလွတ်မြောက်လာခြင်း ဖြစ်နိုင်ပါသ လား။
"မင်းကို ချင်းယွမ်မြို့ကို ပြန်လိုက်ပို့ပေးမယ်။ အချိန်တန်ရင် မင်းမျက်ခုံးကြားမှာရှိတဲ့ ကြာပန်းမျိုးစေ့ကို ငါဖယ်ထုတ်ပေးမယ်၊ ဒါပေမယ့် မင်း ငါ့ကို ဒုက္ခမပေးရဘူးနော်" ချင်ယွင်က ပြောသည်။
ချင်ယွင်သည် ဤနှစ်ရက်အကြာထိ ရန်စီချီကို အပိုင်သိမ်း ချင်နေသေးသော်လည်း ဆက်လက်လုပ်ဆောင်ပါက၊ ချင်းယွမ်မြို့သခင်သည် သူ့ကို အလွတ်ပေးမည်မဟုတ် ကြောင်း သူသိထားပြီး သူ၏အစ်မကိုရှာဖွေရန် မိုးပြာတိမ်တိုက်စီရင်စုသို့ သွားရမည် ဖြစ်သည်။
ရန်စီချီသည် ချင်ယွင်ကို အံ့အားသင့်စွာကြည့်ရင်း၊ ဤသူသည် အဘယ်ကြောင့် ဤမျှကြင်နာမှုပြပြီး သူမကို လွှတ်လိုက်ရသနည်းဟု
တွေးနေမိသည်။
"ငါ ပြန်မသေးဘူး။ ရေခဲပြာမြက်ကို ဆက်ရှာဖို့လိုသေးတယ်" ရန်စီချီက ပြတ်ပြတ်သားသား ငြင်းဆိုခဲ့သည်။
"ရေခဲပြာမြက်လား။ မင်းက ဘာအတွက် လိုအပ်တာလဲ၊
ချင်ယွင် မျက်မှောင်ကြုတ်လိုက်သည်။ ဟုတ်ပါသည်၊ သူသည် ရေခဲပြာမြက်ကို ကြားဖူးပြီး အလွန်ရင်းနှီးသည်ဟုပင် ဆိုနိုင်သည်။ ဘာကြောင့်လဲဆိုတော့ သူ ငယ်ငယ်တုန်းက ဤရေခဲပြာမြက်ကို အထူးလေ့လာခဲ့သောကြောင့် ဖြစ်သည်။ ၎င်းသည် အနုတ်လက္ခဏာရှိသော အဆိပ်ရှိမြက်ပင်ဖြစ်ပြီး ၎င်း၏အဆိပ်သည် အလွန် ပြင်းထန်သည်။ သာမာန်သိုင်းမြို့စားနယ်ပယ်ကျွမ်းကျင်သူတယောက် စားလိုက်လျှင် ပင် သူ၏၀မ်းဗိုက်သည် ဖောင်းပွပြီးသေသွားလိမ့်မည်။
ဤအဆိပ်ရှိသောမြက်မျိုးသည် အလွန်ရှားပါးသည်။ အလွန်အေးသောနေရာများတွင် ပေါက်တတ်သည်။ ထိုအတိတ်အချိန်တုန်းက ချင်ယွင်သည် ၎င်းကိုရှာဖွေရန် ကြိုးပမ်းအားထုတ်ခဲ့ရသည်။ ဆိတ်သုဉ်းခြင်း ရှေးဟောင်းတောအုပ်တွင် ထိုကဲ့သို့သော အရာမျိုး မည်သို့ရှိနိုင်သနည်း။
သို့သော် ရေခဲပြာမြက်သည် အထူးအာနိသင်ရှိ၍ မီးပိုးအဆိပ်၏ နာကျင်မှုကို သက်သာစေနိုင်သည်။
"ငါ့အမေ နေမကောင်းဘူး။ သူမရောဂါကုဖို့ ရေခဲပြာမြက်လိုတယ်။" ရန်စီချီက ပြန်ဖြေသည်။
ချင်ယွင်က "မင်းအမေက မီးပိုးအဆိပ်ကြောင့် ဖျားနာနေတာလား။ အင်းဆက်လို အစက် အပြောက်တွေ ပေါ်လာလိမ့်မယ်။ အဲဒီအစက်ပြောက်တွေ ပေါက်ကွဲသွားတဲ့ အခါ ဒီအဆိပ် အတောက်တွေက မီးလောင်သလို နာကျင်ခံစားရလိမ့်မယ်"
"နင် ဘယ်လိုသိတာလဲ?" ရန်စီချီသည် အံ့သြစွာဖြင့် "မှန်တယ်၊ ငါ့အမေမှာ ထူးဆန်းတဲ့ မီးပိုးအဆိပ်ရှိတယ်။ ဒီရောဂါကို မီးသန်ကောင်အဆိပ်လို့ ခေါ်ပြီး ရှေးဟောင်း စာအုပ်ထဲမှာ ငါ တွေ့ခဲ့ရတာ။ ဒီရောဂါကို ရေခဲပြာမြက်က ကုသနိုင်တယ်လို့ အဲဒီစာအုပ်ထဲမှာ ငါတွေ့တာ။ သမားတော်တွေတောင် မသိကြဘူး၊ နင် ဘယ်လို သိတာလဲ"
ချင်ယွင်သည် ခါးသီစွာ ပြုံးလိုက်မိသည်။ မီးပိုးအဆိပ်ကို သူ ဘယ်လိုလုပ် မသိဘဲနေနိုင်မှာလဲ ။
တကယ်တော့ မီးပိုးမွှားများ၏အဆိပ်ကြောင့် ရောဂါရတာ မဟုတ်ပါဘူး။ ယင်းကို ဂူအဆိပ်အမျိုးအစားဟု ဆိုနိုင်သည်။ ဤဂူအမျိုးအစားအဆိပ်သည် အလွန် ရက်စက်ကြမ်းကြုတ်ပြီး သာမန်လူများ၊ ကျင့်ကြံသူများနှင့် အင်မော်တယ်များအတွက် ပင်လျှင် ကြီးမားသော ခြိမ်းခြောက်မှုတစ်ခုဖြစ်သည်။
မီးပိုးကြောင့် အဆိပ်သင့်သူများသည် ၎င်းတို့၏ ခန္ဓာကိုယ်အနှံ့ အဆိပ်တောက် အစက်ပြောက်များ ပေါက်ဖွားလာကြသည်။ နေ့စဉ်နေ့တိုင်း မွန်းတည့်ချိန် အရောက်တွင် မီးပိုးအဆိပ်က တစ်ကြိမ်သာ ထလာသည်။ မီးလောင်သလိုပင် နာကျင်ရသည်။ အဆိပ်ရှိသော အစက်အပြောက်များသည် သူတို့၏ ခန္ဓာကိုယ် တစ်ခုလုံးကို ဖုံးလွှမ်းသွားသည်နှင့်၊ အင်မော်တယ် ဧကရာဇ်များပင်လျှင် ယုံမှားသံသယ ဖြစ်ဖွယ်မရှိ သေဆုံးရပေလိမ့်မည်။
သေချာသည်မှာ၊ မတူကွဲပြားသော ကျင့်ကြံမူအဆင့်လိုက် အဆိပ်သည်လည်း မတူညီသော အရှိန်ဟုန်ဖြင့် ပျံ့နှံ့သွားလိမ့်သည်။
သာမာန်လူများသည် အနည်းဆုံး တစ်နှစ်အတွင်း အဆိပ်သင့်ပြီး သေဆုံးရလိမ့်မည်။ ကျင့်ကြံသူများသည် ပိုကြာတတ်သည်။ ခိုင်မာသောကျင့်ကြံမူအခြေခံရှိသူအချို့သည် အနှစ်တစ်ရာမျှပင် အသက်ကြာရှည် နေနိုင်သော်လည်း အနှစ်တစ်ရာပတ်လုံး ဝေဒနာ ခံစားနေကြရမည်ဖြစ်သည်။ ထို့အပြင် နောက်ပိုင်း မီးပိုး၏အဆိပ်များ ပိုမို ပြင်းထန်လာလေ ထိုလူများသည် ဝေဒနာပိုခံစားရလေ ဖြစ်သည်။
ထိုအတိတ်အချိန်တုန်းက ချင်ယွင်၏မိခင်သည် ထိုခွေးမ၏ အဆိပ်ခတ်ခြင်းကို ခံခဲ့ရပြီး သူ၏မိခင်သည် ငါးနှစ်တာလုံး ခံစားခဲ့ရသည်။ ထိုအချိန်က ချင်ယွင်သည် ရေခဲပြာမြက်ကို လေ့လာခဲ့ပြီး ရေခဲပြာမြက်က မီးပိုးအဆိပ်ကို သက်သာစေသော ကြောင့် ဖြစ်သည်။
သို့သော် ချင်ယွင် သိချင်နေခဲ့သည်။ ဤဂူအဆိပ်မျိုးကို ရှေးဟောင်း ဂူအင်းဆက်ပိုးကောင်မှ သန့်စင်ထားခြင်း ဖြစ်သည်။ သာမာန်အားဖြင့်၊ ၎င်းသည် အင်မော်တယ်ကမ္ဘာတွင်သာ တည်ရှိသည်။ အင်မော်တယ်ကမ္ဘာမှ တစ်စုံတစ်ဦးသည် ရည်ရွယ်ချက်ရှိရှိ ဖြန့်ကြက်ထားခြင်းမရှိပါက ဤသေမျိုးနယ်မြေတွင် တည်ရှိရန် မဖြစ်နိုင်ပေ။ ဒါပေမယ့် အဲဒီအတွက် အကြောင်းပြချက်က ဘာများဖြစ်မလဲ။
"မင်းအမေဆီမှာ အဆိပ်အတောက်တွေ ဘယ်လောက်ထိ ပျံ့နှံ့သွားပြီလဲ။" ချင်ယွင်က လေးနက်စွာ မေးလိုက်သည်။
"အမေ နေမကောင်းဖြစ်တာ နှစ်နှစ်ရှိပြီ၊
အဆိပ်အတောက်တွေက သူမခန္ဓာကိုယ်ရဲ့ တစ်ဝက်လောက်ကို ပျံ့နှံ့နေပြီ။" ရန်စီချီက အမှန်အတိုင်းဖြေသည်။ ချင်ယွင်သည် မီးပိုး၏အဆိပ်ကို အဘယ်ကြောင့် သိနေသည်ကို သူမမသိသော်လည်း ချင်ယွင်သည် သူမအမေကို ကယ်တင်နိုင်မည်ဟု သူမ ခံစားမိသေးသည်။
“ဒီလိုဆိုရင် ရေခဲပြာမြက်က မင်းအမေရဲ့အဆိပ်ကို မကုသနိုင်တော့ဘူး” ဟု ချင်ယွင်က ပြောသည်။
"မကုသနိုင်ဘူးလား? ရေခဲပြာမြက်က မီးပိုးအဆိပ်ကို ကုသပေး နိုင်တယ်ဆိုတာကို အဲဒီစာအုပ်မှာ ရှင်းရှင်းလင်းလင်း ပြောထားတယ်လေ။ နင် လိမ်နေတာ။" ရန်စီချီသည် ချက်ခြင်းစိုးရိမ်သွားပြီး သူမ၏ပါးပြင်ပေါ်သို့ မျက်ရည်များ စီးကျလုနီးပါးဖြစ်နေသည်။
ချင်ယွင်သည် ခေါင်းခါပြီး ကူကယ်ရာမဲ့စွာ ပြောလိုက်သည် "စာအုပ်ကပြောတာ မှန်ပေမယ့် မပြည့်စုံဘူးလေ။ အဆိပ်မိတာ သိပ်မကြာသေးလို့ရှိရင် ရေခဲပြာမြက်ကို ချက်ခြင်း စားသုံးတာက မီးပိုးရဲ့ အဆိပ်ကို ကုပေးနိုင်ပါတယ်။ ဒါပေမယ့် မင်းအမေကတော့အဆိပ်ဝေဒနာကို နှစ်နှစ်ကျော် ခံစားနေခဲ့ရတယ်။ အခု ဒီရေခဲပြာမြက်က အဆိပ်ကို သက်သာစေရုံပဲ ရှိတော့မယ်"
ရန်စီချီ၏ တစ်ကိုယ်လုံးသည် ဓာတ်လိုက်သလိုဖြစ်နေပြီး သူမ၏ပါးပြင်တွင် မျက်ရည်များ ချက်ချင်းစီးကျလာသည်။
အမေသည် သူမအတွက် အရမ်းအရေးကြီးသည်။ သူမအမေ၏ရောဂါက ကုလို့မရတော့ ဘူးဟု သမားတော်များ ပြောသည့်အခါတုန်းက သူမသည် သုံးရက်လုံးလုံး ငိုခဲ့ရသည်။
ယင်းနောက်မှာတော့ သူမသည် ရှေးကျသည့် ဆေးပညာစာအုပ် အမျိုးမျိုးကို အရူးအမူး လှန်လှောဖတ်ရူခဲ့သပြီး တစ်နှစ်ခွဲကြာ ပြီးနောက်တွင် ရေခဲပြာမြက်သည် သူမမိခင်၏ရောဂါကို ကုသပေးနိုင်ကြောင်း ရှေးဟောင်းစာအုပ်တစ်အုပ်တွင် တွေ့ရှိခဲ့သည်။
စကားတစ်ခွန်းမှ မပြောဘဲ၊ သူမသည် ချင်းယွမ်မြို့မှ ခိုးထွက်ကာ ရေခဲပြာမြက်ကို ရှာဖွေရန် ဆိတ်သုဉ်းခြင်း ရှေးဟောင်းတောအုပ်ထဲသို့ ပြေးဝင်လာခဲ့သည်။
ယခုမူ ချင်ယွင်က သူမအမေ၏ရောဂါကို ရေခဲပြာမြက်က မကုသနိုင်ဟု ပြောပြသည်။ သူမသည် ကောင်းကင်တစ်ခုလုံး ပြိုလဲသွားသလို ခံစားလိုက်ရကာ သူမ၏ကြိုးစားအားထုတ်မှုအားလုံးသည် အချည်းနှီးဖြစ်သွားခဲ့ရသည်
"နင်ကို ဘာလို့ ယုံရမှာလဲ၊ နင်က လူယုတ်မာလေ" ရန်စီချီသည် ချင်ယွင်၏ရင်ဘတ်ကို အသဲအသန်ရိုက်ရင်း မျက်ရည်များကျလာသည်။
ချင်ယွင်သည် မျက်ရည်ကျနေသော ရန်စီချီကိုကြည့်ကာ နှလုံးသားထဲတွင် နာကျင်ခြင်းအရိပ်အယောင်ကို မခံစားရဘဲ မနေနိုင် တော့။ “အရင်တုန်းက ငါ့အမေဟာ မီးပိုးအဆိပ်သင့်ခဲ့ပြီး ငါးနှစ်လောက်ကြာခဲ့တယ်” ဟုပြောလိုက်သည်။
ရန်စီချီ အံ့အားသင့်သွားသည်။
ရုတ်တရက် သူမ၏ မျက်လုံးများ တောက်ပလာသည်။ သူမသည် ချင်ယွင် ၏လက်ကို တင်းတင်းကြပ်ကြပ်ဆုပ်ကိုင်လိုက်ပြီး "နင့်အမေက နောက်ဆုံးတော့ ပျောက်ကင်းသွား ခဲ့ပြီ။ ဟုတ်တယ်မလား?"
ချင်ယွင် ခေါင်းညိတ်လိုက်သည်။
ရန်စီချီသည် ချက်ချင်းပင် ဝမ်းသာသွားသည်။ ချင်ယွင်သည် သူ့မိခင်၏ မီးပိုးအဆိပ်ကို ကုသပေးနိုင်သောကြောင့် ရောဂါကို မည်သို့ကုသနိုင်သည်ကို သိရှိရမည်ဖြစ်သည်။ “ငါ့ကို မြန်မြန်ပြောပါ၊ ဘယ်နည်းလမ်းက ရောဂါကို ပျောက်ကင်းနိုင်မလဲ” အလောတကြီး မေးသည်။
"အရမ်းကြီးလည်း အပျော်မစောနဲ့ဦး။ ဒီမီးပိုးအဆိပ်ကို ကုသနိုင်မလားဆိုတာ ကံပေါ်မှာလည်း မူတည်တယ်။ ဒီရောဂါကို ကုသချင်တယ်ဆိုရင် တစုံတခု ဒါမှမဟုတ် တစုံတယောက်ကို လိုသေးတယ်"
"လူလား?" ရန်စီချီက စိတ်ရှုပ်ထွေးစွာဖြင့် မေးသည် "ဒါက အံ့ဖွယ်ကောင်းတဲ့ သမားတော် ဖြစ်နိုင်သလား"
"မဟုတ်ပါဘူး!" ချင်ယွင်က ခေါင်းယမ်းလိုက်ပြီး "မီးပိုးမွှားအဆိပ်ကို ကုသဖို့အတွက်၊ ရှန်းတန်ယင်အအေးခန္ဓာကိုယ်ပိုင်ရှင်ရဲ့သွေးကို ဆောင်ထားရမယ်။ ယင်နှစ်မှာ မွေးဖွားတဲ့ အမျိုးသမီးရဲ့ သွေးနဲ့ ယင်ဆန်းရင်ကို အဓိကဆေးအဖြစ် လိုအပ်တယ်။ ဒီအမျိုးသမီးကလည်း အပျိုဖြစ်ရဦးမယ်။ အပိုဆေးတွေက အရမ်းများပြီး တချို့ကို ဆေးဆိုင်တွေမှာ ဝယ်လို့ရပေမယ့် ဒီရှန်းတန် ယင်အအေးခန္ဓာကိုယ်ကတော့ ရှားပါးတယ်။"
ချင်ယွင်သည် သက်ပြင်း အနည်းငယ် ချလိုက်သည်။ဒါ့အပြင် သူ၏နှလုံးသားမှာ ဝမ်းနည်းမှု အပြည့်ရှိသည်။
ရှန်းတန်ယင်အအေးခန္ဓာကိုယ်သည် ရှားပါးလွန်းပြီး ၎င်းသည် အပျိုစင်ခန္ဓာကိုယ်လည်း ဖြစ်ရမည်။ ထိုအချိန်တုန်းက၊ သူ၏ဖခင် အင်မော်တယ် ဧကရာဇ် ချင်ဟန်သည် အင်မော်
တယ်ချင်မင်းဆက်တစ်ခုလုံး၏ အစွမ်းကိုအသုံးပြုပြီး တော်၀င်ချင်မင်းဆက် တစ်ခုလုံးကို ရှာဖွေရန် အမိန့်ပေးခဲ့သော်လည်း တစ်နှစ်ပတ်လုံး အချိန်ယူခဲ့ရသည်။
ဤသေမျိုးကမ္ဘာမှာဆိုရင် ပြောစရာပင် မလိုတော့။ သူမဖခင် ချင်းယွမ်မြို့၏ မြို့တော်သခင်ခွန်အားဖြင့် သူမအမေ မသေဆုံးမီတွင် ၎င်းကိုရှာဖွေနိုင်ဖို့က အခြားကိစ္စတစ်ခု ဖြစ်သွားပါပြီ။
သို့သော်လည်း ချင်ယွင်သည် ရန်စီချီ၏ မျက်နှာပေါ်တွင် ရွှင်လန်းမှုကို မြင်လိုက်ရပြီး သူ့အား ကြိုတင်သတိပေးချက်တစ်ခု၀င်လာကာ "မင်း... မဖြစ်နိုင်ဘူး မဟုတ်လား"
"မှန်တယ်၊ ငါက ရှန်းတန်ယင်အအေးခန္ဓာကိုယ်ပိုင်ရှင်ဘဲ ။" ရန်စီချီက စိတ်လှုပ်ရှားစွာ ပြောသည်။
ချင်ယွင်သည် အံသြသွားပြီး "ဒီလိုတိုက်ဆိုင်မှုမျိုး မရှိသင့်ဘူး မဟုတ်လား။ ကံကောင်းစွာပဲ သူအရင်က မလွန်ကျူးခဲ့မိလို့၊ ဒီလိုမှမဟုတ်ရင် သူ၏ဘ၀ တစ်သက်လုံး ရန်စီချီကို ဘယ်တော့မှ ထပ်မရနိုင်တော့ဘူး"
"လာ၊ ငါ့အိမ်ကို လိုက်ခဲ့!" ရန်စီချီ၏ မျက်နှာသည် ရွှင်မြူးလျက်ရှိသည်။ ထိုစကားကို ပြောပြီးနောက် သူမသည် ချင်ယွင်၏လက်ကို ဖမ်းကိုင်ကာ ထွက်ပြေးသွားချင်နေမိသည်။