← Chapters

ရယ်မောခြင်း ဗုဒ္ဓ

Vol. 2 Ch. 26

ရယ်မောခြင်း ဗုဒ္ဓ

Vol. 2 Ch. 26

အခန်း (၂၆ ) ရယ်မောခြင်း ဗုဒ္ဓ

ချင်ယွင်သည် ရန်စီချီကို အနိုင်မယူနိုင်သောကြောင့် သူမနောက်သို့ လိုက်ရုံသာ တတ်နိုင်ခဲ့သည်။

ထို့ကြောင့် သူတို့နှစ်ယောက်သည် ချင်းယွမ်မြို့ဆီသို့ အမြန်သွားကြသည်။ တစ်နေကုန် ကုန်ဆုံးပြီးနောက် ညနေပိုင်းတွင် ချင်းယွမ်မြို့သို့ သူတို့ ရောက်ရှိခဲ့ကြသည်။

ချင်ယွင်သည် မြင့်မားသော မြို့ပြမျှော်စင်ကို ကြည့်လိုက်သည်။ ဤမြို့ပြမျှော်စင်သည် မီတာသုံးဆယ်နီးပါးမြင့်ပြီး အစိမ်းရောင်ကျောက်တုံးများဖြင့် ခင်းထားသည်။ ၎င်း၏‌အော်ရာသည် အလွန်ခမ်းနားထည်၀ါသည်။

မျှော်စင်၏အောက်ဘက်တွင် ငါးမီတာမြင့်သော တံခါး‌ပေါက်တစ်ခု ရှိသည်။ တံခါးနှစ်ဖက်စလုံးတွင် ခါးတွင် လှံများ၊ ဓားရှည်များကိုင်ဆောင်ထားသော မြို့စောင့်တပ်များ တန်းစီရှိ‌နေကြသည်။

ဤမြို့အစောင့်များ၏ အနိမ့်ဆုံးအဆင့်မှာ သတ္တမအဆင့် ကောင်းကင်အလွှာ သိုင်းပညာရှင်များ ဖြစ်ကြပြီး တပ်မှူးသည် န၀မအဆင့် ကောင်းကင်အလွှာသို့ ရောက်ရှိနေသူဖြစ်သည်။ ဒါက ချင်းယွမ်မြို့၏ လုံခြုံရေးသည် အထူးကောင်းမွန်ပြီး မြို့တွင်းကို မည်သူမှ ဒုက္ခမပေးနိုင်သည့် အကြောင်းရင်းလည်း ဖြစ်သည်။

မြို့စောင့်များသည် ၀င်ထွက်သွားလာနေသည့် လူများကို စူးစိုက်ကြည့်ရူရင်း သူတို့၏ မျက်လုံးများသည် စူးရှတောက်ပနေသည်။ သူတို့သည် လိမ်လည်လှည့်ဖြားရန် ရည်ရွယ်ချက်ရှိကြောင်း တွေ့ရှိပါက မည်သူ့ကိုမဆို စစ်ဆေးမေးမြန်းကြမည်ဖြစ်သည်။

ရန်စီချီသည် ချင်းယွမ်မြို့သို့ ပြန်ရောက်သောအခါ သူမ၏ ရိုင်းစိုင်းသော ကိုယ်ရည်ကိုယ်သွေးကို အပြည့်အဝ ထုတ်ဖော်ပြသပြီး မြို့စောင့်တပ်များဆီသို့ တိုက်ရိုက် လျှောက်သွားသည်။ ချင်ယွင်သည် စကားတစ်ခွန်းမှမပြောဘဲ သူမနောက်သို့ လိုက်သွားခဲ့သည်။

"သခင်မလေး၊ မင်းပြန်လာပြီဘဲ။ လွန်ခဲ့တဲ့ ရက်အနည်းငယ်က သခင်မလေး ဘယ်ရောက်နေတာလဲ၊ မြို့တော်သခင်က အရမ်းစိတ်ပူနေတယ်။" မြို့စောင့်တပ်မှူးက ရန်စီချီကို တွေ့ရလျှင် အမြန်ပြေးပြီး ပြောလိုက်သည်။

"ငါ ဘယ်သွားမလဲဆိုတာကို မင်းကိုပြောပြစရာလိုသေးလို့လား? မြင်းကို မြန်မြန် သွားပြင်ဆင်စမ်း။ ဒီသခင်မလေး၊ အိမ်အမြန်ပြန်‌ရောက်ဖို့ အရေးတကြီး ဖြစ်‌နေတယ်" ရန်စီချီက မောက်မာစွာ ပြောသည်။

"ဟုတ်ကဲ့ ဟုတ်ကဲ့ ဟုတ်ကဲ့!" မြို့စောင့်တပ်မှူးသည် ဒေါသ လုံးဝမထွက်ပေ။ ရန်စီချီသည် ထိုသို့သောပုံစံဖြင့် ပြောသင့်သည်ဟုပင် အထင်ရှိပြီး သူက ဆောလျင်စွာ ခေါင်းညိတ်ကာ ဦးညွှတ်လိုက်သည်။

တပ်မှူးသည် သူ၏လူများကို မြင်းပြင်ဆင်ရန် အမိန့်ပေးတော့မည့်အခိုက်မှာပင်၊ ရန်စီချီ၏ နောက်ကွယ်ရှိ ချင်ယွင်ကို ရုတ်တရက် တစ်ချက်ကြည့်လိုက်သည်။ သူသည် ခဏလောက် အံဩသွားပြီး “သခင်မလေး…” ဟု ခေါ်လိုက်သည်။

"သူက ငါ့သူငယ်ချင်းပါ။ မင်း ဒီလို အဓိပ္ပာယ်မရှိတဲ့ အတွေးမျိုး ဘယ်ကရတာလဲ။ မြန်မြန်သွားစမ်း၊ မြင်းကောင်းနှစ်ကောင် ပြင်ဆင်လိုက်။" ရန်စီချီသည် ဒေါသတကြီး အော်လိုက်သည်။

"ဟိတ်ကောင်တွေ ၊ အခုပဲ လုပ်ကြစမ်း!" ထိုသို့ပြောပြီးနောက် လက်အောက် ငယ်သားများအား မြင်းကောင်းနှစ်ကောင် ယူဆောင်လာရန် ညွှန်ကြားလိုက်သည်။

သိပ်မကြာခင်မှာပဲ မြင်းများကို ယူဆောင်လာကြသည်။ ရန်စီချီသည် မဆိုင်းမတွပင် မြင်းဖြူတစီးကိုစီးပြီး မြို့ဘက်သို့ ပြေးသွားခဲ့သည်။

ချင်ယွင်သည် ခေါင်းကို အသာအယာယမ်းရုံသာတတ်‌နိုင်တော့သည်။

"မင်းက ဒီလို လှည့်စားတတ်တဲ့လူမျိုး မဟုတ်ဘူးဆိုတာ ရှင်းရှင်းလေးပဲလေ။ မင်း ဘာလို့ မာနကြီးချင်ယောင် ဆောင်နေတာလဲ" ချင်ယွင်က ရန်စီချီကို အမှီလိုက်ပြီး မေးသည်။

ဤနှစ်ရက်တာကာလကို အတူတူဖြတ်သန်းပြီးနောက် ရန်စီချီသည် ကြင်နာတတ်ကာ ချစ်ဖို့ကောင်းပြီး အနည်းငယ် မိုက်မဲသော မိန်းကလေးဖြစ်ကြောင်း ချင်ယွင် သိလိုက်ရ သော်လည်း သူမသည် အမြဲသောင်းကျန်းပြီး တဇွတ်ထိုးလုပ်တတ်သူ တယောက်လို ဟန်ဆောင်နေသဖြင့် ဒါက သူ့ကို အလွန်စိတ်ရှုပ်ထွေးသွားစေသည်။

"အဖေက ဒီလိုလုပ်ခိုင်းတာလေ" ရန်စီချီက ပြန်ဖြေသည်။

ချင်ယွင် အနည်းငယ် အံ့ဩဖွယ်သွားသည်။

ချင်ယွင် ပဟေဠိဖြစ်နေသည်ကိုမြင်တော့ ရန်စီချီက "မိန်းကလေးတယောက်ဟာ နည်းနည်းပါးပါး သောင်းကျန်းရင် ပိုကောင်းမယ်လို့ အဖေကပြောခဲ့တယ်။ သိမ်သိမ်မွေ့မွေ့ဖြစ်နေရင် သူမဟာ အမြဲ အနိုင်ကျင့်ခံရလိမ့်မယ်တဲ့။ အနာဂတ်မှာ သူမလက်ထပ်တဲ့ အချိန်ရောက်ရင် ဆိုးဆိုးဝါး၀ါးပြုမူကို ပိုခံစားရမယ်တဲ့"။

ချင်ယွင်သည် စကားပင် မပြောနိုင်တော့။ ဒါက ဘယ်လို ကောက်ကျစ်တဲ့ သီအိုရီလဲ။ ခဏလောက်တော့ သူနည်းနည်း စိတ်ဓာတ်ကျသွားသည်။ သူကိုယ်တိုင်ရော ချင်းယွမ်မြို့တော်သခင်ကို သွားတွေ့သင့်လား။

ချင်းယွမ်မြို့၏လမ်းများသည် အလွန်ကျယ်ဝန်းသည်။ မြင်းငါးကောင်ကို တစ်ပြိုင်နက်စီးဖို့က ပြဿနာမဟုတ်ပေ။ ဒါကြောင့် ရန်စီချီနှင့် ချင်ယွင်တို့သည် အတူတူပြေးနေပြီး ဘယ်သူကမှ ရှေ့ကိုကျော်မောင်းရခြင်း မရှိပေ။

သို့သော် မိုးပြာတိမ်တိုက်မြို့တော်၏ (ချင်းယွမ်မြို့) ရှုပ်ပွနေသည့် မြင်ကွင်းသည် ချင်ယွင်ကို ထူးထူးခြားခြား စိတ်ခံစားမှုဖြင့် သက်ပြင်းချစေနိုင်ခဲ့သည်။ မိုးပြာတိမ်တိုက်မြို့ရှိ လူအရေအ‌ရေအတွက်နှင့် ဆိုင်အမျိုးအစားများသည် ချင်နင်းမြို့အနေဖြင့် နှိုင်းယှဉ်နိုင်သည့် အရာမဟုတ်ပေ။

ချင်ယွင်သည် ရန်စီချီနှင့်အတူ မြင်းစီးလာပြီး မကြာမီ မြို့သခင်စံအိမ်၏ အဝင်ပေါက်သို့ ရောက်ရှိလာခဲ့သည်။

သို့သော်လည်း ချင်ယွင်သည် သူ၏မြင်းကိုရပ်လိုက်ပြီးနောက် သတင်းလက်ခံရရှိပြီး တံခါး‌ပေါက်အ၀တွင်ကြိုဆိုနေသော ချင်းယွန်မြို့၏ မြို့တော်သခင် ရန်ကျန်းကို မြင်သောအခါ ထိတ်လန့်သွားခဲ့ရသည်။

"ဒီဖက်တီးက ရန်ကျန်း ဖြစ်နိုင်လို့လား?" ချင်ယွင်၏ နှလုံးသားထဲတွင် မြက်ပင်နှင့်ရွှံ့ညွှန်တွေကြား မြင်းစီးပြေးနေရသလိုခံစားလိုက်ရသည်။

ရိုးရှင်းသော အပြုံးဖြင့် တံခါးဝတွင် ဖက်တီးကြီးတစ်ယောက် ရပ်နေသည်ကို သူ တွေ့လိုက်ရသည်။ သူ၏ခန္ဓာကိုယ်သည် အဆီအရမ်းများနေသည့်အတွက် ၀ဖောင်းနေသည်ဟုပင် ပြောရလိမ့်မည်။ အကယ်၍ သူသည် အဆင့်သုံး ကောင်းကင်အလွှာ သိုင်းဂိုဏ်းချုပ်နယ်ပယ်နှင့် ရန်စီချီက သူ့ကို 'အ‌ဖေ' လို့ ခေါ်တာ မဟုတ်လျှင် ဤလူကြီးသည် ဟင်းသီးဟင်းရွက်ဈေးက ဝက်သားရောင်းသည့် သားသတ်သမားတစ်ယောက်ဟုပင် ချင်ယွင် သေချာပေါက် ထင်မိလိမ့်မည်။

"သမီး၊ နောက်ဆုံးတော့ ပြန်လာပြီပေါ့။ ဖေဖေ အရမ်းစိတ်ပူနေတာ!" ဝက်ကဲ့သို့ ဆူဖြိုးသော ရန်ကျန်းသည် အိမ်တံခါးဝကို သွက်သွက်လက်လက် ဖြတ်ကျော်ကာ မြင်းပေါ်မှဆင်းရန် ကူညီပေးဖို့ သူ့သမီးတော်ရှေ့ အမြန်ပြေးသွားခဲ့သည်။

ထိုကဲ့သို့သောပုံမျိုးဖြင့် ရန်ကျန်းကိုကြည့်ရင်း ချင်ယွင်သည် ပြောစရာစကား မဲ့သွားခဲ့ရသည်။ သူ၏စိတ်ထဲတွင်ရှိသည့် ရန်ကျန်း၏ ပုံရိပ်က လုံးဝ ပြောင်းလဲ သွားခဲ့ရသည်။ သူမရောက်ခင်တုန်းကတော့ ချင်းယွမ်မြို့၏ မြို့တော်သခင်ဟာ အရပ်ရှည်ရှည် ဂုဏ်သိက္ခာရှိသည့် လူလတ်ပိုင်း ရုပ်ရည်ချော‌မောသူဖြစ်သင့်သည် ဟု သူထင်ခဲ့သည်။ ဒီလိုမှမဟုတ်ရင် သူ့မှာ ဒီလိုလှပတဲ့သမီးလေး ဘယ်လိုလုပ်ရနိုင်မှာ လဲ။

မြို့စောင့်များ၏ စည်းစနစ်တကျသော အသွင်အပြင်နှင့် အတူ ချင်းယွမ်၏ မြို့သခင်သည် အလွန်ပိန်ပါးပြီး လျင်မြန် ဖျတ်လတ်သူ ဖြစ်နိုင်သည်ဟု ချင်ယွင်က ခန့်မှန်းထားခဲ့သည်။ သို့သော် ယခုအချိန်တွင် ရန်ကျန်းသည် သူ၏သမီးလေးကို ချစ်စဖွယ်အမူအရာဖြင့် ပံ့ပိုးပေးနေသည်။ သူ၏သမီးလေး နာကျင်ကိုက်ခဲ ထိခိုက်မိမှာကို အလွန်စိုးရွံ့နေသည်။

ချင်ယွင်၏စိတ်ထဲက မြို့တော်သခင် ရန်ကျန်း၏ ပုံရိပ်က လုံးလုံးလျားလျား ပြောင်းလဲသွားခဲ့သည်။

သို့သော် ချင်ယွင်သည် ပို၍ပင် ကြောက်ရွံ့လာမိသည်။ မြို့တစ်မြို့ကို စီမံခန့်ခွဲခြင်းသည် ကျင့်ကြံခြင်းကိစ္စကဲ့သို့ မဟုတ်ပေ။ ဆိုလိုသည်မှာ အလွန်အရေးကြီးသည့်အရာများ မကြာခဏ ရှိကြသည် ထို့ကြောင့်၊ ရန်ကျန်းသည် သာမန်လူများ၏ အနေထားမျိုးထက် သာလွန်လေ၊ ချင်ယွင်အပေါ် ဖိအားများလေ ဖြစ်သည်။

"ဒဏ္ဍာရီလာ ရယ်မောခြင်းဗုဒ္ဓလား?" ချင်ယွင်သည် သူ၏စိတ်ထဲတွင် ၎င်းနှင့် အလွန်လိုက် ဖက်သော အကဲဖြတ်ချက်တခုကို ပေးလိုက်သည်။ တကယ်တော့ ဤကဲ့သို့သော လူမျိုးများသည် အလွန် ကြောက်စရာကောင်းသည်။ လူများကို စားသည့်အခါမှာတောင် အရိုး‌များကို ဘယ်တော့မှ ထွေးထုတ်ခြင်း မရှိခဲ့။

ချင်ယွင်သည် မြင်းပေါ်မှဆင်းကာ ရန်စီချီ နောက်သို့ လိုက်သွားခဲ့သည်။

သို့သော်လည်း ရန်ကျန်းသည် ချင်ယွင်ကို မမြင်သလိုပင် လှည့်ပင်မကြည့်ဘဲ ရန်စီချီကို နွေးထွေးစွာ မေးလိုက်သည်။

ချင်ယွင်သည် သူ၏စိတ်ထဲတွင် လှောင်ရယ်နေခဲ့သည်။ ဤရန်ကျန်းသည် သူ၏ စွမ်းအားကို ပြသနေခဲ့သည်။ ချင်းယွမ်မြို့သို့ သူတို့ ဝင်ရောက်လာစဉ်ကတည်းက သူ၏အချက် အလက်အားလုံးကို သူ၏စားပွဲသို့ ပေးပို့ထားပြီးဖြစ်နိုင်သည်။

"ဖေဖေ၊ မိတ်ဆက်ပေးပါရစေ။ ဒါက သမီးတွေ့ခဲ့တဲ့ သူငယ်ချင်းပါ။ သူ့နာမည်က ချင်ယွင်လို့ ခေါ်တယ်" ရန်စီချီက ရန်ကျန်းကို အမြန်ပြောလိုက်သည်။

"ချင်ယွင်လား ၊ မင်းက ငါ့ထက် ပိုသိမှာပါ။ မင်း ငါ့သမီးကို ဘာလို့ ရှာနေတာလဲလို့ ငါ တွေးမိတယ်။" ရန်ကျန်းသည် တဟားဟားရယ်နေပေမယ့် သူ၏အပြုံးက အနည်းငယ် မှုန်မှိုင်းနေသည် ။

ချင်ယွင်သည် သူ၏နှလုံးသားထဲတွင် ရှိုက်ကြီးတငင် ပြုံးလိုက်မိသည်။ ရန်ကျန်းက သူ၏လျှို၀ှက်ချက်များကို ဒီလောက်မြန်မြန်ဖော်ပြမယ်လို့ သူ မမျှော်လင့်ထားဘူး။ မူလက သူ၏သမီးကို မျက်နှာ သာပေးမယ်လို့ သူထင်ထားခဲ့သည်။ သမီးဖြစ်သူ ထွက်သွားပြီးမှ သူ၏လျို့ဝှက်ချက်များကို သီးသန့် ဖော်ပြမည်ပေါ့။ သို့သော် သူ့ကို ဤမျှလောက်ထိ မျက်နှာသာ ပေးလိမ့်မည်ဟု မျှော်လင့်မထားပေ။

"ဖေဖေ၊ သူ့ကို သိလို့လား" ရန်စီချီက အံ့သြစွာပြောသည်။

ရန်ကျန်းက ရယ်မောလိုက်ပြီး "ချင်ယွင်လား ၊ အခု ချင်းယွမ်မြို့မှာ သူ့ကို မသိတဲ့လူ ရှိလို့လား ?" လူအတ‌စ်ယောက်ဖြစ် ခြောက်နှစ်ကြာအောင်ရှိနေခဲ့ပြီး သူဟာ လွန်ခဲ့သည့် ဆယ်ရက်က လျူကလန်သခင်ရဲ့ သားနဲ့ လျူကလန်ရဲ့ တတိယအကြီးအကဲကို သတ်ခဲ့တယ်။ သူ၏ သတ်ဖြတ်ချင်စိတ်က ကောင်းကင်နဲ့မြေကြီးကိုတောင် ပဲ့တင်ထပ်စေခဲ့တယ်။ အဖိုးမဖြတ်နိုင်တဲ့ ရတနာ တစ်ခု ပိုင်ဆိုင်ထားတယ်လို့ သံသယ၀င်ခံရတယ်။ နောက်ပိုင်းမှာ မျိုးနွယ်စုသုံးစုက တပည့်အနည်းငယ်ကို စေလွှတ်ခဲ့သော်လည်း သူက အဲဒီတပည့်တွေထဲက တစ်ဒါဇင်ကျော်ကို ဆက်တိုက် သတ်ဖြတ်ခဲ့တယ်။ ယခု၊ သူက ချင်းယွမ်မြို့တစ်ခွင်မှာ ထင်ပေါ်ကျော်ကြားနေပြီ။ သူ့အချက်အလက်တွေက လွန်ခဲ့တဲ့ ဆယ်ရက်လောက်က တည်းက ငါ့စားပွဲပေါ်မှာ ရှိပြီးနေပြီးသား ။ “

ရန်ကျန်းသည် သူ၏မျက်လုံးများကို ကျဉ်း မြောင်းလိုက်သည်။ ချင်ယွင်သည် ခြောက်နှစ်တာလုံး လူအတယောက်ဖြစ်‌နေလိမ့်မည်ဟု သူမထင်ထားခဲ့ပေ။ မဟုတ်ရင် သူသည် ရုတ်တရက် နိုးထလာပြီး သူ၏ ခွန်အားများ ဘယ်လိုလုပ် မြင့်တက်လာနိုင် ပါ့မလဲ။ သူသည် လူပေါင်းများစွာကို ရှေ့ဆင့်နောက်ဆင့် သတ်ဖြတ်ခဲ့သည်။ ကြောက်မက်ဖွယ်အဖြစ်ပျက်များကို ခြောက်နှစ်လောက်ထိ ခံနိုင်ရည်ရှိခဲ့သည့် လူငယ်တစ်ယောက်ဟာ သူအမှတ်ရသည့်အချိန်မှာအလွန်ကြောက်စရာကောင်းပြီး ယင်းက သူ၏ရင်ထဲမှာ အေးခဲသွားသလို ခံစားလိုက်ရသည်။

သူ၏သမီးသည် နုံအလွန်းပြီး အလွယ်တကူ လှည့်စားခံရနိုင်သည်ကို သူသိသည်၊ ချင်ယွင် ၏ အကြံအစည်သည် အလွန်အမင်း မှန်းဆ၍မရသောကြောင့် သူမနှင့် အလွန်အကျွံ အဆက်အသွယ်ရန် လုံးဝခွင့်မပြုနိုင်ပေ။

ထို့ကြောင့် သူ၏သမီးရှေ့တွင် သူ၏လျှိုဝှက်များကို တိုက်ရိုက်ဖော်ထုတ်ရန် သူ ရွေးချယ်ခဲ့သည်။ မဟုတ်ရင် သူ၏အကျင့်စရိုက်အရဆို သူ၏သမီးကို မျက်နှာပေးကာ သီးသန့် တွေ့ဆုံသည့်အထိ သူ စောင့်မှာဖြစ်သည်။

ရန်စီချီသည် သူမအဖေ၏စကားကို ကြားသောအခါ အံ့အားသင့်သွားသည်။ သူမသည် ချင်ယွင်ကို ထိတ်လန့်တုန်လှုပ်သောအမူအရာဖြင့် ကြည့်လိုက်သည်။ ချင်ယွင်သည် လူများစွာကို သတ်ပစ်မည်ဟု သူမ မမျှော်လင့်ခဲ့ပေ။

"ကြည့်ရတာ မြို့သခင်ရန်က ငါ့ကို မကြိုဆိုဘူးထင်တယ်၊ ဒါဆို ငါ သွားတော့မယ်။ မြို့တော်သခင်ရန် နောင်တမရဘူးလို့ ငါမျှော်လင့်တယ်။" ချင်ယွင်က ရယ်မောရင်း ပြောလိုက်သည်။

"ကိုယ့်ကိုကိုယ်ဘဲ ကူညီပါဦး !" ရန်ကျန်းက အေးစက်စွာ အော်‌‌ပြောလိုက်သည်။

ချင်ယွင်က ခပ်ဖျော့ဖျော့ပြုံးကာ နောက်ပြန်ပင် လှည့်မကြည့်ဘဲ ထွက်သွားခဲ့သည်။

ချင်ယွင်ထွက်သွားတော့မည်ကို ရန်စီချီ မြင်သောအခါ သူမသည် ချက်ချင်းပင် စိုးရိမ်လာသည်။ ချင်ယွင် ထွက်သွားခဲ့လျှင် သူမအမေ၏ ရောဂါက ဘာဖြစ်သွားမည် နည်း?။

"ဖေဖေ၊ သမီးတို့ သူ့ကို လွှတ်လိုက်လို့ မရဘူး။ အမေရဲ့ ရောဂါကို သူ ကုပေးနိုင်တယ်" ရန်စီချီက ရန်ကျန်းကို လှမ်းအော်သည်။

"သမီး အမှန်အတိုင်း ပြောနေတာလား။" ရန်ကျန်း၏ တစ်ကိုယ်လုံး အံ့သြတုန်လှုပ်သွား သည်။

ရန်စီချီက ပြင်းထန်စွာ ခေါင်းညိတ်ပြသည်။

ချင်ယွင်ထွက်သွားသည့် လမ်းကြောင်းကို ကြည့်ရင်း "ညီငယ်ချင် မသွားပါနဲ့ဦး။ ဒီလူကြီးက မျက်စိကန်းနေလို့ပါ။ ငါ့ကို စောင့်ပါဦး!"

ထို့နောက် လူတိုင်းမယုံနိုင်လောက်သည့် အရှိန်အဟုန်ဖြင့် ဆူဖြိုးသော အသားစိုင်လုံးကြီးတခုသည် မြို့တံခါးဆီသို့ ဖြတ်သွားရာ နေရာတိုင်းတွင် ဖုန်မှုန့်များ မြင့်တက်လာသည်ကို တွေ့လိုက်ရသည်။

လမ်းမပေါ်ရှိ လမ်းသွားလမ်းလာများသည် တုန်လှုပ်ချောက်ချား သွားကြသည်။ ရန်စီချီ၏ မျက်လုံးများပင် ပြူးကျယ်သွားသည်။ မယုံနိုင်လောက်အောင် မြန်မြန် ဆန်ဆန် ပြေးသွားနေသည့် သူမအဖေကိုကြည့်ရင်း အဆုံးမှာ ကျယ်လောင်စွာ မရယ်မောဘဲ မနေနိုင်တော့။

All Chapters