← Chapters

မွေးစား ယောက္ခမ

Vol. 2 Ch. 27

မွေးစား ယောက္ခမ

Vol. 2 Ch. 27

အခန်း (၂၇) မွေးစား ယောက္ခမ

ချင်ယွင်သည် ရန်စံအိမ်တံခါးမှ ထွက်သွားသည့်အခါ ရန်ကျန်းက အမှီလိုက်လာ နိုင်မည်ဆိုသည်ကို သူသိသည့်အတွက် လေအရိပ်ခြေလှမ်းများကို တမင်တကာ အသုံးပြုပြီး ရန်ကျန်းကို အရှက်ရစေခဲ့သည်။

သို့သော် ရန်ကျန်း၏အရှိန်ဟုန်သည် အလွန်မြန်သည်ဟု ဆိုရမည်ဖြစ်သည်။ ချင်ယွင် မြို့တံခါးမရောက်ခင်မှာ ရန်ကျန်းက သူ့ကိုမှီသွားပြီ ဖြစ်သည်။

ချင်ယွင်သည် ဝက်ဖက်တီးတကောင် ခုန်ပေါက်နေသည့် ရယ်စရာကောင်းသော မြင်ကွင်းကို ကြည့်လိုက်သည်။ သူသည် ရယ်မောခြင်းကို အတင်းကြပ် ထိန်းလိုက်ပြီး ရန်ကျန်းအား အေးစက်သောမျက်နှာဖြင့် "မြို့သခင် ရန်၊ မင်း ငါ့ကို ထွက်သွားခွင့်မပြုဖို့ စီစဉ်နေပြန်ပြီလား"

"မဟုတ်ဘူး၊ မဟုတ်ပါဘူး ညီလေးချင်၊ ငါ မင်းကို တောင်းပန်ရုံ သက်သက်ပါ။ အခု ငါ တောင်းပန်ပါတယ်။ မင်းရဲ့ဂုဏ်ရှိန်၀ါကလည်း ကြီးမားလှတယ်လေ။ စိတ်‌ အေးအေးထားပါ ။" ရန်ကျန်းက သူ၏နှုတ်ခမ်းကိုသပ်ပြီး ပြုံးလိုက်သည်။ သူ၏ မျက်နှာပေါ်ရှိ အသားများသည် တွဲကျလျက် ရှိသည်။

ချင်ယွင် ရယ်မောမိသွားသည်။ ဤ ရန်ကျန်းသည် ပြုံးနေသောဗုဒ္ဓဟု ခေါ်ဆိုထိုက်ပေ သည်။ စောစောလေးကမှ သူဟာ ရက်စက်ပြီး ဆိုးသွမ်းသည့်ပုံပေါက်နေပေမယ့် အခုတော့ ချင်ယွင်အတွက်ဆို မြင်းတစ်ကောင်ပင် ဖြစ်ချင်နေပုံရသည်။

တကယ်တော့ ချင်ယွင်သည် ရန်ကျန်းကို စက်ဆုပ် ရွံရှာခြင်းမရှိခဲ့။ ဆန့်ကျင်ဘက် အနေဖြင့်၊ ရန်ကျန်း သည် သူ၏ဇနီးနှင့်သမီးကို အလွန်စိတ်ရင်းမှန်ဖြင့်ချစ်ကြောင်း သူခံစားခဲ့ရပြီး သူ့ကို အလွန်စိတ်လှုပ်ရှားစေခဲ့သည်။

"မြို့သခင် ရန်၊ ငါတို့အားလုံးက ဉာဏ်ပညာရှိတဲ့ လူတွေပါပဲ။ အမှန်တရားကို ပြောကြမယ်ဆိုရင်ရော " ချင်ယွင်က ရိုးရိုး သားသားပြောသည်။

ရန်ကျန်းသည် မျက်လုံးများကို မှိတ်ထားလိုက်ပြီး သူ့မျက်နှာပေါ်ရှိ အပြုံးသည် အနည်းငယ် လျော့ပါးသွားသည်။ သူက "ကောင်းပြီ၊ ဒါဆိုလည်း တကယ်ကို ရိုးရိုးသားသား ပြောကြတာပေါ့!"

"မြို့သခင်ရန်၊ ခင်ဗျားက ခင်ဗျားမိန်းမကို ကျုပ်ကို ကုသစေချင်တယ်။ ဒါပေမယ့် ကျုပ်မှာ အခြေအနေတစ်ခုတော့ရှိတယ်!" ချင်ယွင်က အပြုံးလေးဖြင့် ပြောလိုက်သည်။

"ဘယ်လိုအခြေအနေလဲ။" ရန်ကျန်းသည် မျက်ခုံးပင့်ကာ အံ့သြစွာ ပြုံးပြသည်။ သူနဲ့စေ့စပ်ညှိနှိုင်းဖို့ သတ္တိရှိတဲ့ တစုံတယောက်ကို ရှာမတွေ့ခဲ့ နှစ်ပေါင်းများစွာ ကြာခဲ့လေပြီ။

"ခင်ဗျား ရန်စီချီနဲ့ ကျုပ်ကို လက်ထပ်ပေးစေချင်တယ်။" ချင်ယွင်က ပြောသည်။

"ဟား ဟား ကောင်းပြီ!" ရန်ကျန်းသည် ချက်ချင်းပင် ကျယ်လောင်စွာ ရယ်မောလိုက်ပြီး ပွင့်ပွင့်လင်း သဘောတူလိုက်သည်။

"အယ်?" ချင်ယွင်သည် ချက်ချင်းပင် ထိတ်လန့်သွားသည်။ ယုတ္တိဗေဒအရပြောရလျှင် ရန်ကျန်းသည် ဒေါသထွက်သင့်သည်။ စိတ်မဆိုးရင်တောင် ငြင်းသင့်တယ်။ အချိန်အတော်ကြာစဥ်းစား ပြီးနောက် သူသည် ဘယ်လိုလုပ် ပွင့်ပွင့်လင်းလင်း သဘောတူနိုင်မလဲ။

"ဒီလောက် ပွင့်ပွင့်လင်းလင်းကြီး သဘောတူခဲ့လို့ မအံ့သြဘူးလား" ရန်ကျန်းက ပြုံးပြီးပြောသည် ။

ချင်ယွင်သည် ခေါင်းညိတ်ပြသော်လည်း အလွန်သိချင်နေ၏။ ရန်ကျန်း၏ သူ့အပေါ် သဘောထားက ဘာကြောင့် ၁၈၀ ဒီဂရီအထိ ပြောင်းသွားရတာလဲ။

"ပထမချက်အနေနဲ့ မင်းက အရမ်းအရည် အချင်းရှိတယ်လို့ ငါထင်ပါတယ်။ အသက်ဆယ့်ခြောက်နှစ်အရွယ် လူငယ်တစ်ယောက်က မျိုးနွယ်စုကြီးသုံးခုအတွက် ခေါင်းကိုက်စေနိုင်ခဲ့တယ်။ ဒါက မင်းဟာ ထူးခြားသူဖြစ်ကြောင်း ပြသနိုင်လောက်ပြီ။ ဒုတိယအချက်က အရေးကြီးဆုံးအချက်လည်း ဖြစ်တယ်။ မင်းဟာ ချစ်ခြင်း‌မေတ္တာနဲ့ ရိုးသားဖြောင့်မတ်မှုကို တန်ဖိုးထားသူတစ်ယောက်ဆိုတာ သိလိုက်ရတယ်။ ဒါကြောင့် ချီအာက မင်းကို လက်ထပ်နိုင်ရင် သေချာပေါက် အမှားအယွင်းမရှိဘူး" ရန်ကျန်းက ပြုံးလိုက်သည်။

ချင်ယွင်က ပြုံးဖြဲဖြဲလုပ်ပြီး ပြောသည် "ယောက္ခထီးကြီးက ဒီလောက်အတွေ့ကြုံများ မယ်လို့ ‌ငါ မမျှော်လင့်ထားဘူး"

တကယ်တော့ သူသည် ရန်ကျန်း၏စကားကို သူ၏ စိတ်ထဲတွင် မယုံခဲ့ပေ။ ရန်ကျန်းသည် သဘောတူလို့ ခေါင်းညိတ်နိုင်ရင်တောင် တခြားအကြောင်းတစ်ခုခု ကြောင့် ဖြစ်လိမ့်မယ်၊ ဒါမှမဟုတ် အချိန်ဆွဲတာမျိုလည်း ဖြစ်ကောင်း ဖြစ်နိုင်ပါသည်။

"ဒါပေမယ့် ချီအာက သဘောတူခေါင်းညိတ်မှ ဖြစ်လိမ့်မယ်။ သူမ သဘောမတူရင် ငါဘာပြောပြော ဘာမှ အကျိုးရှိမှာ မဟုတ်ဘူး။" ရန်ကျန်းက ပြောသည်။

ချင်ယွင်သည် ခေါင်းညိတ်လိုက်သည်။ သူသည်လည်း အခြားသူများကို ဒုက္ခရောက်အောင် အတင်းအကြပ်လုပ်ရန် နှစ်သက်သူမဟုတ်ပါ။ ရန်စီချီက သဘောမတူရင် သူတို့ကို အတင်းအကြပ် ဖိအားပေးမှာ မဟုတ်ပေ။

"အခုပြန်ကြရအောင်။ ချီအာ အလျင်လိုနေလိမ့်မယ်!" ရန်ကျန်းသည် ချင်ယွင်၏ပခုံးကို ပုတ်ပြီး ပြောလိုက်သည်။

ချင်ယွင်က ခေါင်းညိတ်ပြပြီး ရန်ကျန်းနှင့် ဘေးချင်းကပ်လျက် ရန်စံအိမ်သို့ ပြန်သွားခဲ့ သည်။

ရန်စီချီသည် ချင်ယွင်နှင့် သူမအဖေတို့ စကားစမြည်ပြောပြီး ရယ်ရယ်မောမော ပြန်လာသည်ကို တွေ့ရတော့ အလွန်အံ့သြသွားသော်လည်း ဘာပဲဖြစ်ဖြစ် သူမအဖေ ချင်ယွင်နှင့် ပြောဆိုဆက်ဆံနေသည်ကို တွေ့ရသဖြင့် သူမ အလွန်ပျော်နေပါသည်။

မူလက သူမ၏နှလုံးသားထဲတွင် ချင်ယွင်အပေါ် မုန်းတီးမှု အရိပ်အယောင်များ ရှိနေသေးသော်လည်း ချင်ယွင်သည် သူမအား နှစ်သိမ့်ရန် အသားကင်ကို အသုံးပြုနေသည်ကို သူမမြင်လိုက်သောအခါတွင် သူမ၏နှလုံးသားထဲတွင် အမုန်းတရားများ ပျောက်ကွယ်သွားခဲ့သည်။

အထူးသဖြင့် ချင်ယွင်သည် သူမအမေကို ကယ်တင်ရမည့် နည်းလမ်းကို ပြောပြသည့် အခါ ရန်စီချီသည် ချင်ယွင်သာ သူမအမေကို အမှန်တကယ် ကယ်နိုင်ခဲ့ပါက ချင်ယွင်၏ အစေခံဖြစ်လိုစိတ်ပင်ရှိသည်ဟု စိတ်ထဲမှာ ဆုံးဖြတ်ထားသည်။ နောက်ဆုံးမှာတော့ ချင်ယွင်သည် သူမခန္ဓာကိုယ်ပေါ်ရှိ လျှို့ဝှက်အပ်သည့် အခြားအရာအားလုံးကို မြင်တွေ့ခဲ့ပြီး ဗလက္ကာရပြုရန် ကြိုးစားခဲ့သည်။

ရှေးခေတ် သွန်သင်ချက်များအရ သူမသည် တကိုယ်တည်း အပျိုကြီးအဖြစ်ဖြင့် သေလျှင်သေ သို့မဟုတ်ပါက ချင်ယွင်နှင့် လက်ထပ်ရမည် ဖြစ်သည်။

ထို့နောက် ချင်ယွင်သည် ရန်စံအိမ်သို့ တိုက်ရိုက်ပြောင်းရွှေ့ခဲ့သည်။ ထိုအချိန်တွင် ရန်စီချီ သည် ချင်ယွင်ကို သူမမိခင်၏ရောဂါကို ကြည့်ရန် ခေါ်သွားခဲ့သည်။

ရန်စီချီမိခင်၏ရောဂါသည် အလွန်ပြင်းထန်ကြောင်း ချင်ယွင် တွေ့ရှိခဲ့ရသည်။ သူမသည် တစ်နေကုန် မေ့မြောနေပြီး၊ အဆိပ်ရှိသောအစက် ပြောက်များသည် သူမ၏လည်ပင်းအထိ ပျံ့နှံ့နေပြီဖြစ်သည်။ နောက်တစ်ဆင့်ကတော့ သူမရဲ့ ဦးနှောက်ပင်။ ထိုအချိန်တွင် သူမသည် လုံးဝသေဆုံးသွားမည် ဖြစ်သည်။

ချင်ယွင်သည် ဆေးစာတစ်စောင်ကို အလျင်အမြန်ရေးပြီး ရန်စီချီအား ဆေးများ စုဆောင်းရန် ညွှန်ကြားခဲ့သည်။ အမှန်တော့၊ ဤအရာအားလုံးသည် သူမမိခင်၏ ခန္ဓာကိုယ်ကို အားကောင်းစေရန်အတွက်သာ ဖြည့်စွက်ဆေးများ ဖြစ်သည်။ အရေးအကြီးဆုံးကတော့ ရန်စီချီ၏သန့်စင်‌သော ယင်သွေးပင် ဖြစ်သည်။

ရန်စီချီ၏မိခင်အား ချင်ယွင်ပြင်ဆင်ပေးသောဆေးကို ပေးပြီးနောက် သူမမိခင်၏ ခန္ဓာကိုယ်ပေါ်ရှိ အဆိပ်အတောက်များ ပြန့်ပွားခြင်းမရှိတော့။ ရန်စီချီနှင့် ရန်ကျန်းတို့ကို အလွန်ပျော်ရွှင်စေသည့် မှိန်ဖျော့ဖျော့အရိပ်များ ရှိလာလေပြီ။

ထို့နောက် ချင်ယွင်သည် အနာဂတ်တွင် သူမအမေအား ဤနည်းအတိုင်း နေ့စဉ် ဆေးတိုက်ရန် ရန်စီချီကို ညွှန်ကြားခဲ့သည်။ သုံးရက်ဆက်တိုက်သောက်ပြီးနောက် သဘာဝအတိုင်း ပြန်လည်ကောင်းမွန်လာမည် ဖြစ်သည်။

ရန်စီချီသည် အလွန်ဝမ်းသာသွားပြီး ချင်ယွင်အား စိတ်လှုပ်ရှားစွာ ပွေ့ဖက်လိုက်သည်။

ချင်ယွင်သည် ရန်စီချီ၏ ရုတ်တရက် ပွေ့ဖက်မှုကြောင့် မှိန်းမောသွား၏။ သူ၏ သွေးသား တောင်းဆိုမူက တစ်ဖန်ပြန်တက်လာသည့် အရိပ်အယောင်များ ပြသလာသည်။

နောက်တစ်နေ့တွင် ညစာစားပြီးနောက် ချင်ယွင်အား ရန်ကျန်းက စာကြည့်ခန်းထဲသို့ ဆွဲခေါ်သွားခဲ့သည်။

"ချင်ယွင် ၊ ကျေးဇူးအများကြီး တင်ပါတယ်။ မင်းကြောင့်သာ မဟုတ်ရင် ငါ့မိန်းမရဲ့ အသက်က ဆုံးရှုံးသွားမှာ သေချာတယ်" ရန်ကျန်းက ရိုးရိုးသားသား ပြောသည်။

"ခင်ဗျား ကျုပ်ကို ကျေးဇူးတင်နေစရာ မလိုပါဘူး။ ကျုပ်က ချီအာလေးအတွက် ဒါကို လုပ်နေတာပါ၊ အဒေါ် ရွှဲ့ကလည်း အနာဂတ်မှာ ကျုပ်ယောက္ခမဖြစ်မှာဆိုတော့ ကျုပ်က သူမကို ဘာလို့ မကယ်တင်ရမှာလဲ။" ချင်ယွင်က ရယ်ရင်း‌ပြောသည်။

"တကယ်တော့ ငါ မင်းကို မပြောဖြစ်ခဲ့တာတစ်ခု ရှိတယ်!" ချင်ယွင်သည် သူ၏ စိတ်ထဲတွင် လှောင်ရယ်နေခဲ့သည်။ နောက်ဆုံးတော့ မြေခွေးအိုကြီးက သူ၏ အမြီးကို ထုတ်ပြတော့မှာလား။ မင်းကစားနေတဲ့ လှည့်ကွက်တွေကို ငါ ကြည့်ချင်ပါသေးတယ်။

"ယောက္ခထီး ၊ ကျေးဇူးပြုပြီး ပြောပါ။" ချင်ယွင်သည် သူ၏မျက်နှာပေါ်တွင် အပြုံးမပျက် ဆက်လက် တည်ရှိနေခဲ့သည်။

"တကယ်တော့ ချီအာလေးဟာ သူမအမေကို ဒီတစ်ကြိမ် ကုသပြီးရင် ဘိုင်ယွန်စီရင်စု ထဲမှာရှိတဲ့ ဘိုင်ယွန်ကျောင်းတော်ကို သွားပြီး ကျင့်ကြံတော့မယ်။ သူမကို သိုင်းမြို့စား ဘိုင်ယွန်ရဲ့တပည့်အဖြစ် လက်ခံထားပြီးသား။ မင်းတို့ရဲ့အိမ်ထောင်ရေးက အချိန်အတော်ကြာအောင် နှောင့်နှေးသွားမှာကို ငါစိုးရိမ်မိတယ်။” ရန်ကျန်းက ရှက်ရွံ့သော အမူအရာဖြင့် ပြောလိုက်သည်။

ချင်ယွင်သည် ဤမြေခွေးအိုကြီးသည် မြေခွေးအိုကြီးဟု ခေါ်ခြင်းခံရရန် အမှန်တကယ် ထိုက်တန်ကြောင်း သူ၏စိတ်ထဲတွင် ချက်ချင်း နားလည်ခဲ့သည်။ ဒီစကားတွေအရ သူဆိုလိုသည်က ရန်စီချီက သူ့ကို လက်ထပ်မယ်လို့ ကတိပေးထားရင်တောင် ဒီကတိက မလုံလောက်တော့။ အနာဂတ်တွင်၊ သူသည် သိုင်းမြို့စားဘိုင်ယွန်၏ သဘောတူညီချက်ကိုလည်း ရယူရမည် ဖြစ်သည်။

ထို့အပြင် ရန်စီချီသည် စီရင်စုမြို့တော်တွင် ပညာသင်ကြားနေချိန်အတွင်း ဘာမဆို ဖြစ်သွားနိုင်သည်။ ရန်စီချီသည် အလွန်လှပပြီး အအေးဓာတ် ယင်ခန္ဓာကိုယ်ဖြင့် မွေးဖွားလာသူဖြစ်သည်။ အနာဂတ်တွင် သူမနှင့် လိုက်ဖက်ညီမူရှိသော အမျိုးသား အရေအတွက် အများအပြားရှိမည်မှာ သေချာပါသည်။ ထိုအချိန်တွင် ချင်ယွင်သည် ရန်စီချီကိုလက်ထပ်လိုပါက သူ၏ပြိုင်ဘက်အားလုံးကို အနိုင်ယူရမည် ဖြစ်သည်။

အကယ်၍ ချင်ယွင်သည် ထိုပြိုင်ဘက်များကို ရှုံးနိမ့်ခဲ့ပါက ရန်စီချီနှင့် သူ၏ အိမ်ထောင်ရေးသည် သဘာဝအတိုင်း အောင်မြင်မည် မဟုတ်ပေ။ အကယ်၍ ချင်ယွင်သာ အနိုင်ရခဲ့ရင် ချင်ယွင်ဟာ တကယ်ကို ကြီးကျယ်ခမ်းနားသည့် အလားအလာရှိသည်ဟု ဆိုလိုရာရောက်သည်။ သူနှင့်သူ၏သမီးကို လက်ထပ်ပေးခြင်း က ဆုံးရှုံးမှုတခု မဟုတ်တော့ပါဘူး။

ထိုသို့သော ပေတီးခုံတွက်ကိန်းဖြင့် ရန်ကျင်းသည် ချင်ယွင်ကို စောစောကပေးခဲ့သော အိမ်ထောင်ရေးကတိသည် အလဟဿ ကတိတစ်ခုနှင့် ညီမျှသည်။

သို့သော် ချင်ယွင်သည် လုံးဝနောင်တမရခဲ့ပေ။ တကယ်တော့ ရန်ကျန်းသည် သူ့စကား အတိုင်း မလိုက်နာရင်တောင် ချင်ယွင်သည် ရန်စီချီကို ဖြေဆေး အပ်ထားဆဲပင်။ ထို့ကြောင့် သူနှင့် ရန်ကျန်းကြားတွင် ဤအရောင်းအဝယ်သည် အောင်မြင်ခြင်းမရှိပေ။

"စိတ်မပူပါနဲ့ ယောက္ခထီး။ ငါ စီချီကိုရှာဖို့ စီရင်စုမြို့တော်သွားပြီး သူမကို လက်ထပ်လိုက်ပါ့မယ်။" ချင်ယွင်က ပြုံးပြီး တုံးအဟန်ဆောင်သည့် အဖြေမျိုးကို တိုက်ရိုက်ပေးလိုက်သည်။

ရန်ကျန်းသည် ပြုံးပြီး ချင်ယွင်၏ လျှို့ဝှက်အဓိပ္ပါယ်ကို သဘာဝကျကျ အသိအမှတ် ပြုသည်။ သူက ချင်ယွင်၏ ပုခုံးကို ပုတ်ပြီး ပြောသည် "ကောင်းပြီ ယောက္ခထီးက မင်းကို ပံ့ပိုးပေးပါ့မယ်!"

ချင်ယွင်က ပြုံးပြီး ခေါင်းညိတ်ပြပေမယ့် "ဒီမြင်ကွင်းက တကယ်ကို သောက်ရမ်း ပင်ပန်းလွန်းတယ်" ဟု သူ၏စိတ်ထဲတွင် လှောင်ရယ်လိုက်မိ၏။ (ဟန်ဆောင်ရတာ ပင်ပန်း၏ဟူလို)

ရန်ကျန်း၏ မျက်နှာပေါ်ရှိ အပြုံးသည် ရုတ်တရက် ကွယ်ပျောက်သွားသည်။ သူက ချင်ယွင်အား "အင်း၊ အခုပဲ မင်းရဲ့အိမ်နီးချင်း ဒုတိယဖက်တီး တစ်ခုခုဖြစ်ခဲ့တယ်ဆိုတဲ့ သတင်းက ချင်နင်းမြို့က ရောက်လာခဲ့တယ်။

"ဒုတိယဖက်တီး တစ်ခုခုဖြစ်သွားတာလား၊ ဘယ်သူလုပ်တာလဲ။" ချင်ယွင်သည် ရုတ်တရက် ထိတ်လန့်သွားသည်။

"ဟုတ်တယ်၊ လျူကလန် ဖြစ်ပုံရတယ်!" ရန်ကျန်း က ပြောသည်။

"လျူကလန်လား!" ချင်ယွင်၏ မျက်လုံးများတွင် ပြင်းထန်သော သတ်ဖြတ်လိုသည့် ဆန္ဒများ ထင်ရှားလာသည်။

ရန်ကျန်းသည် အနည်းငယ် ထိတ်လန့်သွားပြီး မျက်လုံးများ မှေးကျဉ်းသွားသည်။ သူ၏ မျက်နှာက အသားများနှင့် ပြည့်နေမို့ ပြုံးနေတာလား လှောင်ရယ်နေလား မမြင်ရပေ။

"လာ ၊ လာ၊ ဒီယောက္ခထီးက မင်းကို ဘာမှ ပြန်ပေးစရာ မရှိဘူး၊ ဒီမှာ မူလကျင့်ကြံခြင်း ဆေး ဆေးပြား နှစ်ဆယ်။ ယူသွားပါ!" ရန်ကျန်းက ပြောပြီး ချင်ယွင်အား ဆေးပြားတစ်ပုလင်း ပေးလိုက်သည်။

"ကျေးဇူးတင်ပါတယ် ယောက္ခထီး။" ချင်ယွင်က ပြုံးပြီး သူ၏ သိုလှောင်အိတ်ထဲ ဆေးပုလင်းကို သတိပင်မထားဘဲ ပစ်ထည့်လိုက်သည်။

တကယ်တော့ ချင်ယွင်သည် ဒီမူလကျင့်ကြံခြင်းဆေးကို သူကိုယ်တိုင် စားဖို့ဆို လက်မခံပါဘူး။ ယခုအချိန်တွင် ရှောင်ဘိုင်သည် အဆင့်သုံး ဆိတ်သုဉ်းခြင်းသားရဲ အဖြစ် ဖြတ်ကျော်ရန် ခြေတစ်လှမ်းသာ လိုပါတော့သည်။ ဤမူလကျင့်ကြံခြင်း ဆေးပြားနှစ်ဆယ်ဖြင့်ဆို ရှောင်ဘိုင်သည် အဆင့်သုံး ဆိတ်သုဉ်းခြင်းသားရဲအဖြစ်သို့ ဖြတ်ကျော်သွားနိုင်မည် ဖြစ်သည်။

ရှောင်ဘိုင်သည် အဆင့်သုံးသို့ ရောက်သွားသည်နှင့်၊ သူသည် စတုတ္ထအဆင့် ကောင်းကင်အလွှာ သိုင်းဂိုဏ်းချုပ်ကျွမ်းကျင်သူတဦး တည်ရှိမှုနှင့် ယှဉ်နိုင်မည်ဖြစ် သည်။ လျူကလန်တစ်ခုလုံးကို ဖျက်ဆီးနိုင်ခြင်းမရှိဟု သူ မယုံကြည်ပေ။

All Chapters