ဒြပ်စင်တစ်ပါး ကောင်းကင်ကပ်ဘေးဒုက္ခ
Vol. 2 Ch. 28
အခန်း (၂၈) ဒြဗ်စင်တစ်ပါးကောင်းကင်ကပ်ဘေးဒုက္ခ
ထိုနေ့မွန်းလွဲပိုင်းတွင် ချင်ယွင်သည် တိုက်ရိုက်နှုတ်ဆက်ကာ ထွက်လာခဲ့သည်။
မထွက်လာခင်မှာ ရန်စီချီက သူ၏စီးတော်ယာဉ်အဖြစ် သူ့ကို မြင်းတစ်ကောင် ပေးခိုင်းခဲ့သည်။
ချင်ယွင်သည် မူလက ရန်စီချီ၏ မျက်ခုံးကြားရှိ အစိမ်းရောင်ကြာ ပန်းမျိုးစေ့ကို ထုတ်ယူလိုသော်လည်း ရန်စီချီက ၎င်းကို တိုက်ရိုက် ငြင်းပယ်လိမ့်မည်ဟု သူ မမျှော်လင့်ခဲ့ပေ။ ယင်းက ချင်ယွင်ကို အံ့သြစေသည်။
"နင် စီရင်စုမြို့တော်ကို ရောက်ရင် ငါ့ကို လာရှာဖို့ မမေ့နဲ့နော်!"
ဤစကားများသည် ရန်စီချီ ချင်ယွင်ကို နောက်ဆုံးပြောခဲ့သော စကားဖြစ်သည်။
ထိုအချိန်တွင် ချင်ယွင်သည် သူ၏နှလုံးသားထဲတွင် နွေးထွေးမှုတစ်ခု ထွက်ပေါ်လာ သည်။ သူသည် ပြင်းပြင်းထန်ထန် ခေါင်းညိတ်ပြပြီး မြင်းပေါ်တက်ကာ ပြေးထွက်သွားခဲ့သည်။
ချင်းယွန်မြို့မှ ထွက်ခွာပြီးနောက် ချင်ယွင်သည် ချင်နင်းမြို့သို့ တိုက်ရိုက်မပြန်ခဲ့ ပေ။ ချင်နင်းမြို့သို့ သွားမည့် ဤခရီးစဉ်တွင် လျှို့ဝှက်ကြံစည်မှုတစ်ခုပါ၀င်သည်ဟု သူ အမြဲတမ်း ခံစားမိသောကြောင့် သူသည် တတ်နိုင်သမျှ သူ၏ခွန်အားကို တိုးမြှင့်ထား ချင်သည်။
တောင်အုပ်အတွင်း လွတ်နေသည့် နေရာတခုကို ရှာတွေ့ပြီးနောက် ချင်ယွင်သည် ရှောင်ဘိုင်ကို လွှတ်ပေးလိုက်သည်။
ရှောင်ဘိုင်သည် တောအုပ်ထဲတွင် အဆင့်တက်လို့ရသော်လည်း သူ၏ခန္ဓာကိုယ်ထဲမှာ နေပြီး ထိုကဲ့သို့ အဆင့်တက်ရန် မဖြစ်နိုင်ပေ။
"ရှောင်ဘိုင်၊ ဒီမူကျင့်ကြံခြင်းဆေးပြား နှစ်ဆယ်က မင်း အဆင့်သုံးအထိဖြတ်ကျော်ဖို့ လုံလောက်သင့်တယ်။" ချင်ယွင်သည် ရှောင်ဘိုင်၏ စိတ်ဝိညာဉ်ဆီသို့ အသံတစ်ခု ပေးပို့လိုက်သည်။
"တကယ်လား သခင်?" ရှောင်ဘိုင်သည် ချက်ချင်းပင် ဝမ်းသာသွား သည်။ သူ၏ဧရာမခေါင်းကြီးသည် ချင်ယွင်၏ပွေ့ဖက်မှုကို ခံယူရင်း ကလေးဆိုးကြီး တစ်ယောက်ကဲ့သို့ အပြင်းအထန် ပွတ်တိုက်နေသည်။
ချင်ယွင်သည်လည်း ရှောင်ဘိုင်၏အသွင်အပြင်ကို သဘောအကျကြီး ကျနေသည်။
"ကောင်းပြီ၊ ရှုပ်နေတာ ရပ်လိုက်။ မြန်မြန်စားတော့။" ထိုသို့ပြောပြီးနောက် ချင်ယွင်သည် ရန်ကျန်းပေးထားသည့် ဆေးပုလင်းကို တိုက်ရိုက်ဖွင့်ကာ ရှောင်ဘိုင်၏ ပါးစပ်ထဲသို့ ဆေးလုံးနှစ်ဆယ်လုံးကို လောင်းထည့်လိုက်သည်။
ရှောင်ဘိုင်သည် ဆေးကိုမျိုချပြီးနောက် ကျောက်ဆောင်ကြီး တစ်ခုပေါ်တွင်ထိုင်ကာ ဆေးကိုစတင်ချေဖျက်လိုက်သည်။
ချင်ယွင်သည် ရှောင်ဘိုင်ကို ကာကွယ်ရန် သစ်ပင်ကြီးတစ်ပင်ပေါ်တွင် တင်ပျဉ်ခွေ ထိုင်လိုက်သည်။
မကြာမီ သုံးနာရီမှ လေးနာရီကြာသည်ထိရှိသွားပြီး ကောင်းကင်သည်လည်း တဖြည်းဖြည်း မှောင်လာသည်။
"ဘာလို့ ဒီလောက်ကြာတာတောင် မအောင်မြင်ရတာလဲ" ချင်ယွင်၏ မျက်နှာပေါ်တွင် စိုးရိမ်မှုအရိပ်အယောင် ပေါ်လာသည်။
ယုတ္တိဗေဒအရပြောရလျှင် ရှောင်ဘိုင်သည် ဤမူလကျင့်ကြံခြင်းဆေးပြား နှစ်ဆယ်ကို မျိုချပြီးနောက် အောင်မြင်မှုတစ်ခုကို ဖန်တီးနိုင်သင့်သည်။ ယခုအချိန်အထိ မည်သည့်အတွက်ကြောင့် မည်သည့်လှုပ်ရှားမှုမှ မရှိသေးရသနည်း။ ချင်ယွင် စိုးရိမ်နေစဥ်မှာပင် ပေါက်ကွဲသံတစ်ခု ရုတ်တရက် ထွက်ပေါ်လာသည်။ ချင်ယွင်သည် ကမန်းကတန်း ငုံ့ကြည့်လိုက်သည်။
ရှောင်ဘိုင်၏ ခန္ဓာကိုယ်မှ လျှပ်စီးကြောင်းများ ထွက်ပေါ် လာသည်။ ဒါဇင် ပေါင်းများစွာ သော လျှပ်စီးမြွေများသည် ၎င်း၏ခန္ဓာကိုယ်အနှံ့ အဆက်မပြတ် ကူးခတ်လာကာ ပိုထူထပ်လာသည်။ အဆုံးတွင်၊ ၎င်းတို့သည် လျှပ်စီးပိုးအိမ်တစ်ခုကို ဖန်ဆင်းပြီး ရှောင်ဘိုင်ကို အတွင်းသို့ငုံကာ လုံးလုံးလျားလျား ထုပ်ပိုးထားလိုက်သည်။
ခရမ်းရောင်လျှပ်စီးကြောင်းမြွေများသည် အရူးအမူး ကူးခတ်နေကာ ပတ်ဝန်းကျင်ရှိ သစ်ပင်များအားလုံးကို ကွဲမွသွားစေခဲ့သည်။
ချင်ယွင်သည် အံ့သြသွားပြီး အမြန်ပြန်ဆုတ်သွားရသည်။
"သူ အဆင့်တက်တော့မှာလား" ချင်ယွင်၏ မျက်လုံးများ ချက်ချင်း တောက်ပလာပြီး စိတ်လှုပ်ရှားစွာ ပြောလိုက်မိသည်။
သို့သော် ထိုအခိုက်အတန့်တွင် မှောင်မိုက်နေသော တိမ်တိုက်ကြီးများသည် ကြယ်ရောင်စုံသော ညကောင်းကင်မှာ ရုတ်တရက် ထွက်ပေါ်လာ သည်။ တိမ်မည်းများတွင် မိုးခြိမ်းသံများ ကျယ်လောင်စွာ ထွက်ပေါ်ကာ ကောင်းကင်ယံမှ ပြင်းထန်သော ဖိအားတစ်ခု ထွက်ပေါ်လာပြီး မိုးခြိမ်းသံများ ပြည့်နှက်နေသောတိမ်တိုက်အတွင်းမှ ကြောက်မက်ဖွယ်ကောင်းသည့် လျှပ်ဆီးများ ပစ်လွှတ်နေသည့်အလား ချင်ယွင်၏ ဦးရေပြားကို ထုံကျင်စေသည်။
"ဘာလဲဟ ? ဒါက လျှပ်စီးကပ်ဘေးဒုက္ခတစ်ခု မဟုတ်လား " ချင်ယွင်သည် ထိတ်လန့်စွာပြောမိသည်။
နောက်တဆင့် တက်ရောက်ရန် လျှပ်စီးကပ်ဘေးဒုက္ခကို ခံယူရမည့် ဆိတ်သုဉ်းခြင်း သားရဲအကြောင်းကို သူ တစ်ခါမျှ မကြားဖူးပေ။ သာမာန်အားဖြင့်၊ အဆင့်ငါး ဆိတ်သုဉ်းခြင်း သားရဲတစ်ကောင်သည် နတ်ဆိုးသားရဲဖြစ်လာရန် ဖြတ်ကျော်သည့် အခါ အဆင့်သုံး ကောင်းကင်ကပ်ဘေးဒုက္ခငယ်တစ်ခုနှင့် နတ်ဆိုးသားရဲမှ အင်မော်တယ်သားရဲအဖြစ် ဖြတ်ကျော်လာသောအခါ ဒြဗ်စင်ကိုးပါး ကောင်းကင် ကပ်ဘေးဒုက္ခကြီးတစ်ခုသာ လိုအပ်မည် ဖြစ်သည်။
သို့သော် ရှောင်ဘိုင်သည် အဆင့်နှစ်မှ အဆင့်သုံးအထိသာ ဖြတ်ကျော်ခြင်း ဖြစ်သောကြောင့် ကောင်းကင်ကပ်ဘေးဒုက္ခကို မည်ကဲ့သို့ဆွဲဆောင်နိုင်ရသနည်း။
ရှောင်ဘိုင်သည် ခရမ်းရောင်လျှပ်စီးကြောင်းများကို ထွေးထုတ်ကာ လူတယောက်၏ စိတ်ဝိညာဉ်ကို တိုက်ခိုက်နိုင်ခဲ့ကြောင်း ချင်ယွင် ရုတ်တရက် သတိရသွား သည်။ ယခုဆိုလျှင် ရှောင်ဘိုင်သည် သာမန် ခရမ်းရွှေရောင်စပါးအုံးဖြူမဟုတ်ဘူးဟု ထင်ရသည်။
ယင်းက သူ့ကို ဟိုယခင်တုန်းက သူ၏အဖေပြောခဲ့သည့် စကားများကို အမှတ်ရစေ သည်။ အချို့သော ဆိတ်သုဉ်းခြင်းသားရဲများသည် ၎င်းတို့၏ ရှေးခေတ်သွေးမျိုး ဆက်ကို နိုးထစေပြီး အစွမ်းထက်သော မွေးရာပါစွမ်းရည်များဖြင့် ပေါက်ဖွားလာ နိုင်ကြသည်။ ယင်းကို "ဘိုးဘေးများထံ ပြန်လည်နှိုးထခြင်း ဖြစ်စဥ်"ဟု ခေါ်ဝေါ်ကြ သည်။
ရှောင်ဘိုင်သည် သူ၏ရှေးခေတ်သွေးမျိုးဆက် နိုးကြားလာသောကြောင့် ကောင်းကင်ဘုံကို အံတုရာ ရောက်ပြီး ကောင်းကင်ကပ်ဘေးဒုက္ခကို ဆွဲဆောင်နိုင်ခြင်း ဖြစ်လိမ့်မည်။
ကျင့်ကြံခြင်းသည် ကောင်းကင်ဘုံကို အံတုခြင်းဖြစ်သည်။ ကျင့်ကြံသူ၏ အရည်အချင်း သည် ကောင်းကင်ဘုံကို အံတုလွန်းသည်နှင့် တစ်ပြိုင်နက်၊ ဆိတ်သုဉ်းခြင်းသားရဲ သို့မဟုတ် လူသားများသည် ကောင်းကင်၏ ပြစ်ဒဏ်ကို ဆွဲဆောင်ကြလိမ့်မည်။
ချင်ယွင်သည် အလွန်ဝမ်းသာသွားသည်။ ရှောင်ဘိုင် ပိုသန်မာခြင်းက ချင်ယွင် ပိုသန်မာခြင်း ဖြစ်သည်။
ဟုတ်ပါသည်, ချင်ယွင်ကိုယ်တိုင်လည်း ရှောင်ဘိုင်သည် ဤကြောက်စရာကောင်းသည့် လျှပ်စီးဒုက္ခကို ခံနိုင်ရည်မရှိမှာကို စိုးရိမ်နေခဲ့သည်။။
ကောင်းကင်ယံမှာ မိုးကြိုးတိမ်တိုက်များက ပိုမိုထူထပ်လာပြီး အတွင်းမှာပါသည့် မိုးခြိမ်းသံများသည် ရက်စက်ကြမ်းကြုတ်သည့် ရှေးဟောင်းခေတ်သားရဲ၏ ဟောက်သံများ အလားပင်။၊ ကြောက်စရာကောင်းသည့် ဖိအားများကလည်း ပိုပိုပြီး ကြောက်စရာကောင်းလာသည်။
တစ်ချိန်တည်းမှာပင်၊ ရန်ကျန်းသည် ချင်းယွန်မြို့၏ အမြင့်ဆုံး အဆောက်အအုံ တစ်ခု၏ ထိပ်တွင် သူ၏နောက်ကျောတွင် လက်နှစ်ဖက်ယှက်ပြီး(လက်နောက်ပစ်ပြီး) မတ်တပ်ရပ်နေသည်။ အဝေးမှ မိုးခြိမ်းသံများနှင့် လင်းလက်နေသည့်လျှပ်စီးများကို မြင်လိုက်ရသောအခါ အလွန်ထိတ်လန့်သွားသည်။
ဤအခိုက်အတန့်တွင် သူသည် လျှပ်စီးကြောင်း၏ အလယ်ဗဟိုမှ မိုင်ရာဂဏန်း အကွာအဝေးတွင်ရှိသော်လည်း မိုးခြိမ်းသံများ ပြည့်နှက်နေသော တိမ်တိုက်များ အတွင်းမှ ကြောက်မက်ဖွယ်စွမ်းအားကို သူခံစားနိုင်သေးသည်။
"ဒါက ဒဏ္ဍာရီဆန်ဆန် ကောင်းကင်ကပ်ဘေးဒုက္ခများလား။ ဒီလောက်ထိ ကြောက်စရာကောင်းမယ်လို့ ငါ မမျှော်လင့်ထားဘူး။ အတိအကျ ဘယ်သူက ဒီကပ်ဘေးဒုက္ခကို ဖြတ်သန်းနေတာပါလိမ့်။" ရန်ကျန်းသည် အံ့အားသင့်သွားပြီး သူ၏ မျက်နှာပေါ်ရှိ အသားများပင် တုန်ရီနေသည်။
စူးစမ်းလိုစိတ်များ ပြည့်နှက်နေသော်လည်း စူးစမ်းရန် ရှေ့မတိုးဝံ့ပေ။ ကပ်ဘေးဒုက္ခကို ကျော်လွှားနိုင်သည့် တည်ရှိမှုသည် သူ ဆန့်ကျင်ဘက်ပြုနိုင်သော အရာမဟုတ်သည်မှာ သေချာပါသည်။ တစ်ဖက်သားကို ဒေါသထွက်စေသည်နှင့် နေရာမှာတင် သူ အသတ်ခံရသွားနိုင်သည်။
" ဒီကပ်ဘေးဒုက္ခကို ဖြတ်ကျော်နေတာ အတိအကျ ဘယ်သူများပါလိမ့်"
"ချင်းယွမ်မြို့မှာ ဒီလိုကျွမ်းကျင်သူတစ်ယောက် ဘာကြောင့် ရှိနေတာလဲ၊ သူက မြို့ကို ဖြတ်သွားဖြတ်လာ တယောက်များလား ။ ဒါမှမဟုတ် သူက လျှို့ဝှက်ထားတဲ့ အဓိကအင်အားစုကြီး တစ်ခုကလား"
ချင်းယွမ်မြို့တည်ရှိရာ အရပ်ဒေသမှ ကျွမ်းကျင်သူများအားလုံး ငြိမ်ငြိမ်သက်သက် လှုပ်ရှားလာကြသည်။ သူတို့သည် ဤ ကပ်ဘေးဒုက္ခဖြတ်ကျော်သူ၏ ကိုယ်ရေး အချက်များကို အဆက်မပြတ် ခန့်မှန်းနေသော်လည်း မည်သူမျှ ယင်းကို စူးစမ်းလေ့လာရန် သတ္တိမရှိကြပေ။
ရုတ်တရက် ချင်းယွမ်မြို့တစ်ခုလုံး အုတ်အုတ် ကျက်ကျက် ပေါက်ကွဲသွားပါသည်။
ချင်နင်းမြို့ရှိ လျူကလန်၏ ခြံဝင်းအတွင်းရှိ စင်မြင့်တစ်ခုတွင် အနီရောင်ဝတ်ရုံ၀တ် အမျိုးသမီးတစ်ဦးသည် မတ်တတ်ရပ်ကာ အဝေးကို လှမ်းကြည့်လိုက်သည်။ သူမသည် အေးစက်သောအမူအရာဖြင့် မိုးထစ်ချုန်းနေသောတိမ်တိုက်များကို သူမ၏ အနီရောင် အလင်းများတောက်ပနေသောမျက်လုံးများဖြင့် ကြည့်နေသည်။
"ဟမ့်၊ မင်း ဘယ်ကလာလဲဆိုတာ ငါ ဂရုမစိုက်ဘူး။ မင်း ငါ့ရဲ့ကံကြမ္မာကို မပျက်စီးစေဖို့ပဲ ငါမျှော်လင့်တယ်။" ဝတ်လုံနီ၀တ်အမျိုးသမီးက အေးစက်စွာ ဟစ်အော်ရင်း သူမမျက်လုံးများတွင် သတ်ချင်စိတ်များ ပြည့်နှက်နေသည်။
မိုးခြိမ်းသံများ ပြည့်နှက်နေသည့် တိမ်တိုက်များ ဆက်လက်စုပုံလာသည်နှင့်အမျှ ဖိအားများက ပို၍ ကြောက်စရာကောင်းလာသည်။
ချင်ယွင်သည် ကောင်းကင်တွင် လျှပ်စီးကပ်ဘေးဒုက္ခကို ကြည့်ပြီး အလွန်တုန် လှုပ်သွားသည်။
သူသည် ဒြဗ်စင်ကိုးပါး ကောင်းကင်ကပ်ဘေးဒုက္ခမှ လွတ်မြောက်လာသူ တစ်ဦးဖြစ်သောကြောင့် ဤလျှပ်စီးကြောင်းတွင်ပါရှိသော စွမ်းအားသည် မည်မျှ ထိတ်လန့်စရာကောင်းသည်ကို သဘာဝကျကျ သိခဲ့သည်။
ဤအခိုက်အတန့်တွင်၊ အဖြူလေး (ရှောင်ဘိုင်)၏ ကောင်းကင်ကပ်ဘေးဒုက္ခသည် ယခင်တုန်းက သူ၏လျှပ်စီး ကပ်ဘေးဒုက္ခများထက် တစ်,ရာခိုင်နှုန်း ပိုအားကောင်းခဲ့ သည်။ ထိုအချိန်တုန်းက၊ သူသည် ဒြဗ်စင်ကိုးပါး အင်မော်တယ် အသွင်ပြောင်းခြင်း ကပ်ဘေးဒုက္ခတစ်ခုကို ရင်ဆိုင်ခဲ့ရတာဖြစ်ပြီး၊ သူ့ကိုတိုက်ခိုက်ရန် လျှပ်စီးကိုးခု လိုအပ်ခဲ့သည်။
ရှောင်ဘိုင်၏လျှပ်စီးကပ်ဘေးဒုက္ခသည် အနည်းဆုံး ဒြပ်စင်တစ်ပါး ကောင်းကင် ကပ်ဘေးဒုက္ခအသေး ဖြစ်သင့်သည်၊ သို့သော် ယခု ချင်ယွင်သည် ရှောင်ဘိုင်၏ ကောင်းကင်ကပ်ဘေးဒုက္ခအသေးသည် သာမန်ဒြဗ်စင်တစ်ခု ကောင်းကင်ကပ်ဘေး ဒုက္ခနှင့် လုံးဝကွာခြားသွားပြီဟု ခံစားမိသည်။ တိမ်တိုက်အတွင်းမှာပါရှိသော လျှပ်စီးကြောင်းသည် စတုတ္ထအဆင့် ကောင်းကင်အလွှာ သိုင်းဂိုဏ်းချုပ်များကိုပင် သတ်ဖြတ်ရန် လုံလောက်သည်။
ချင်ယွင်၏ နှလုံးသားသည် နက်ရှိုင်းသော စိုးရိမ်မှု အရိပ်အယောင်ဖြင့် ခုန်လာသည်။
ယခုအချိန်တွင် ရှောင်ဘိုင်၏ ခန္ဓာကိုယ်သည် သိသိသာသာ ပြောင်းလဲနေပြီဖြစ်ပြီး သူ၏ခန္ဓာကိုယ်ပေါ်ရှိ လျှပ်စီးကြောင်းများလည်း တဖြည်းဖြည်း ပျောက်ကွယ်သွားခဲ့ သည်။
နှင်းဖြူရောင်အကြေးခွံများသည် လျှပ်စီးလက်မှုအောက်တွင် သံမဏိချပ်ဝတ်နှင့်တူ သည်။ မြွေ၏ ခန္ဓာကိုယ် အရှည်သည်လည်း ကြောက်မက်ဖွယ် ကောင်းစွာ မီတာ သုံးဆယ်အထိ ရှိလာသည်။ မြွေ၏ ခန္ဓာကိုယ်သည် ရေပုံးလောက် ထူထပ်လာပြီး ပို၍ပင် ရက်စက်ပြီး ကြီးစိုးနေပုံရသည်။
ရှောင်ဘိုင်သည် ခေါင်းကို မော့ကာ ရေခဲလိုအေးစက်သော မျက်လုံးများဖြင့် မိုးခြိမ်းသံများ ပြည့်နေသော တိမ်တိုက်များကို ကြည့်လိုက်သည် ။ သူသည် ကောင်းကင်သို့ ဦးခေါင်းကို မြှောက်လိုက်ပြီး ကောင်းကင်၏ တန်ခိုးကို စိန်ခေါ်နေသ ကဲ့သို့ ကောင်းကင်ဆီသို့လှုပ်ယမ်းနေကာ ဟိန်းဟောက်သံကို ပို့လွတ်လိုက်သည်။
"အဆင့်သုံး ဆိတ်သုဉ်းခြင်းသားရဲ ၊ ဘာလို့ ဒီကို ရောက်နေတာလဲ၊ ကောင်းကင် ကပ်ဘေးဒုက္ခ ခံနေရတာ ဖြစ်နိုင်သလား" ပတ်ဝန်းကျင်မှ ကျွမ်းကျင်သူများသည် ဤဟောက်သံကို ကြားလိုက်သောအခါ သူတို့၏ မျက်လုံးများ ပြူးကျယ်သွားကြသည်။
ထိုအချိန်တွင် အချိန်အတော်ကြာအောင် စုစည်းထားခဲ့သည့် မိုးခြိမ်းသံသည် နောက်ဆုံးတော့ ပေါက်ကွဲသွားသည်။ လက်မောင်းအရွယ် ငွေရောင်လျှပ်စီးကြောင်း သည် ကောင်းကင်ယံကိုဖြတ်ပြီး ရှောင်ဘိုင်ဆီသို့ ဖြတ်သွားသည်။
ရှောင်ဘိုင်က ဒေါသတကြီး ဟောက်လိုက်သည်နှင့် သူ၏တစ်ကိုယ်လုံး ချက်ချင်း ထောင်မတ်လာသည်။ သူသည် ပါးစပ်ကိုဖွင့်ကာ လျှပ်စီးကြောင်းကို မျိုချလိုက်သည်။
"မျိုချတာလား?" ချင်ယွင် ချက်ခြင်း ထိတ်လန့်သွားသည်။
ဤလျှပ်စီးကပ်ဘေးဒုက္ခသည် ဒြပ်စင်ကိုးပါး အင်မော်တယ်ကပ်ဘေးဒုက္ခ၏ ပထမလျှပ်စီးကပ်ဘေးဒုက္ခထက် နည်းနည်းလေးမှ အားမနည်းပေ။ သို့သော် ထိုကဲ့သို့ ကြောက်မက်ဖွယ်ကောင်းသော လျှပ်စီးကြောင်းကြောင့် ရှောင်ဘိုင်သည် ၎င်းကိုခုခံရန် သူ၏မာကျောသော အကြေးခွံများ မလိုအပ်ပေ။ ယင်းအစား မျိုချရန် ရွေးချယ်ခဲ့ သည်။ ဤသည်မှာ အန္တရာယ်အရှိဆုံးနှင့် အရူးသွပ်ဆုံး လှုပ်ရှားမှုဖြစ်သည်မှာ သေချာပါသည်။
ရှောင်ဘိုင်သည် လျှပ်စီးကြောင်းကို တစ်ချက် ကိုက်လိုက်သည်။ ဟုတ်ပါတယ်၊ အဲဒါကလည်း သိပ်အဆင်မပြေဘူး။ လျှပ်စီးကြောင်း၏ စွမ်းအားသည် သူ၏ ခန္ဓာကိုယ်တစ်ဝိုက်တွင် တောက်လောင်နေသဖြင့် နာကျင်မှုကြောင့် အဆက်မပြတ် တွန့်လိမ်နေသည်။
အချိန်အတော်ကြာပြီးနောက် ရှောင်ဘိုင်သည် ငြိမ်သက်သွားပြီး မြေပြင်ပေါ်သို့ လဲကျသွားသည်။
"ရှောင်ဘိုင် မင်းအဆင်ပြေရဲ့လား" ချင်ယွင် က မေးသည်။
"အဆင်ပြေပါပြီ၊ သခင်။ ငါ ကပ်ဘေးဒုက္ခကို အောင်အောင်မြင်မြင် ဖြတ်ကျော်ပြီးပါပြီ။ လျှပ်စီးကြောင်းကိုလည်း ထိန်းချုပ်ထားပြီးသားပါ။ လောလောဆယ်တော့ အစာချေဖျက်ရဦးမယ်။" ရှောင်ဘိုင်က အနည်းငယ် အားနည်းသွားသည့် သူ၏အသံဖြင့် တုန့်ပြန်သည်။
ရှောင်ဘိုင်၏စကားကိုကြားတော့ ချင်ယွင်သည် ချက်ခြင်း သက်ပြင်းချလိုက် သည်။ ထို့နောက် သူ့နှလုံးသားထဲတွင် ပြင်းထန်သော စိတ်လှုပ်ရှားမှုများ ထွက်ပေါ်လာ သည်။ နောက်ဆုံးတွင် ရှောင်ဘိုင်သည် မည်သည့်အမျိုးစား ရှေးဟောင်းနတ်ဘုရား သားရဲကြီး၏သွေးမျိုးဆက်ကို သူ၏သွေးမျိုးဆက်မှ နိုးထလာသနည်းဆိုသည်ကို သူ သိလိုက်ပါသည် ။
လျှပ်စီးကြောင်းကို ဝါးမြိုနိုင်သလား။
ဒါက ဒဏ္ဍာရီလာ ကောင်းကင်မျိုစပါးအုံးမြွေရဲ့ ကြောက်စရာကောင်းတဲ့ စွမ်းရည် မဟုတ်ဘူးလား။
ရှောင်ဘိုင်သည် ကောင်းကင်မျိုစပါးအုံးမြွေ၏ ရှေးဟောင်းသွေးမျိုးဆက်ကို နိုးကြားစေခဲ့သော ခရမ်းရွှေရောင်စပါးအုံးဖြူ ဖြစ်နိုင်သည်ဟုတွေးကာ ချင်ယွင်၏ နှလုံးသည် တဟုန်ထိုးခုန်နေသည်။
ကောင်းကင်မျိုစပါးအုံးမြွေသည် ကောင်းကင်နှင့်မြေကြီးကိုပင် ကိုက်စားနိုင်သော ဒဏ္ဍာရီဆန်ဆန်တည်ရှိမှုတစ်ခု ဖြစ်သည်။
၎င်းသည် အင်မော်တယ်ဧကရာဇ်အဆင့် ရှေးဟောင်း နတ်ဘုရားသားရဲဖြစ်လာရန် ကျင့်ကြံနိုင်သည်။