ခွင့်မလွှတ်နိုင်သော
Vol. 2 Ch. 29
အခန်း (၂၉) ခွင့်မလွှတ်နိုင်သော
ချင်ယွင်သည် တစ်ညလုံး အလျင်အမြန်သွားခဲ့ပြီး နောက်ဆုံးတွင် ချင်နင်းမြို့သို့ ရောက်ရှိခဲ့သည်။
ရင်းနှီးသော လမ်းများကိုကြည့်ရင်း ချင်ယွင်၏ နှလုံးသားသည် ရောထွေးနေသော ခံစားချက်များဖြင့် ပြည့်နှက်နေသည်။
လွန်ခဲ့တဲ့ ဆယ်ရက်လောက်က သူနဲ့ သူ၏ အစ်မတို့သည် ဤနေရာမှာ ဘာစိတ်ပူစရာမှ မလိုဘဲ နေကြတုန်းပါပဲ။ ယခုမူ သူတို့သည် မျိုးနွယ်စုကြီးသုံးခုမှ လိုက်လံဖမ်းဆီးခြင်း ခံရရုံသာမက၊ သူ၏အစ်မဆိုလျှင်လည်း မိုးပြာတိမ်တိုက်စီရင်စု (ချင်းယွန်စီရင်စု)၏ မင်းသမီးအဖြစ် ပြောင်းလဲသွားကာ သိုင်းမြို့စား ချင်းယွန် လွှတ်လိုက်သော တစ်စုံတစ်ဦး၏ လုယူသွားခြင်း ခံခဲ့ရသည်။
"အစ်မ ဘာပဲဖြစ်ဖြစ် ငါ မင်းကို သေချာပေါက် လာရှာမယ်။ မင်းသာ ဆန္ဒမရှိရင် ငါ မင်းကို နဝမမြောက်မင်းသားနဲ့ လက်ထပ်ခွင့် မပေးဘူး" ချင်ယွင်သည် သူ၏စိတ်ထဲမှာ ခက်ထန်စွာ ပြောနေရင်း သူ၏ လက်သီးများကို တင်းတင်းကြပ်ကြပ်ဆုပ်ထားသည်။
ဟုတ်ပါတယ်၊ အခုချိန်မှာ အရေးကြီးဆုံးက ဒုတိယ ဖက်တီးကို လျူကလန်က တကယ်ဖမ်းသွားခြင်း ဟုတ်မဟုတ် သိဖို့ပါ။ သူ့ကိုသာ လျူကလန်က အမှန်တကယ်ဖမ်းသွားခဲ့လျှင် သူချင်ယွင်သည် လျူကလန်ကို အမြစ်ဖြတ်ရန် စိတ်မကောင်းဖြစ်စရာ မလိုတော့ပေ။ သူ၏စိတ်ထဲတွင် လျူကလန်၏ မျိုးနွယ်စု
သခင်သည် န၀မအဆင့် ကောင်းကင်အလွှာ သိုင်းသခင် တစ်ယောက်သာ ဖြစ်သည်။ အဆင့်သုံးသို့ ရောက်ပြီးသောရှောင်ဘိုင်၏ စတုတ္ထအဆင့် ကောင်းကင်အလွှာ သိုင်းဂိုဏ်းချုပ် နယ်ပယ်ကျင့်ကြံမူဖြင့်ဆို လျူကလန် တစ်ခုလုံးကို သေချာပေါက် ဖျက်ဆီးနိုင်မည်ဖြစ်သည်။
"လျူကလန်၊ မင်းတို့ ဒုတိယဖက်တီးကို ဘာမှမထိခိုက်စေဖို့ ငါမျှော်လင့်ပါတယ်။ မဟုတ်ရင် မင်းရဲ့ လျူကလန်က ကြက်တွေ ခွေးတွေပါမကျန် ဘာမှမကျန်အောင် ငါသေချာပေါက် လုပ်ပစ်မယ်။" မြင်းစီးပြီး ဒုတိယဖက်တီးအိမ်သို့ အပြေးအလွှား သွားနေစဉ် ချင်ယွင်၏ မျက်လုံးများတွင် အေးစက်သော အလင်းရောင်တစ်ခု လင်းလက်လာသည်။
ချင်နင်းမြို့သည် ကြီးကြီးမားမားမဟုတ်သလို ရန်စီချီကလည်း ချင်ယွင်ကို အဆင့်မြင့် နဂါးကြေးခွံမြင်းကို ပေးခဲ့သည်။ ထိုမြင်းသည် တစ်နေ့လျှင် ကီလိုမီတာငါးထောင် သွားလာနိုင်သည်။ ထို့ကြောင့် ချင်ယွင်သည် အမွှေးတိုင်တတိုင်ထွန်းစာ အချိန်မကုန် ခင် ဒုတိယဖက်တီး၏ အိမ်အဝင်ပေါက်သို့ ရောက်ရှိခဲ့သည်။
ချင်ယွင်သည် တံခါးကို တင်းတင်းပိတ်ထားသည့် ဒုတိယဖက်တီး၏ လက်ဖက်ရည် ဆိုင်ကို ကြည့်လိုက်ရာ ဆိုးရွားသော ကြိုတင်သတိပေး ချက်တစ်ခု သူ့နှလုံးသားထဲတွင် ထွက်ပေါ်လာသည်။
သူသည် မြင်းပေါ်ကခုန်ဆင်းပြီး တံခါးခေါက်သည်။
ဘယ်သူမှ ပြန်မဖြေပေ။
"ရန်ကျန်းပြောသလိုပဲ ဒုတိယ ဖက်တီးကို လျူကလန်က ဖမ်းသွားတာများ လား။" ချင်ယွင်သည် လေးလေးနက်နက် မျက်မှောင်ကြုတ်လိုက်သည်။
"အော်!"
ထိုအချိန်တွင် ဒုတိယဖက်တီး လက်ဖက်ရည်ဆိုင်၏ သစ်သားတံခါးတွင် အက်ကွဲကြောင်းတစ်ခု ပွင့်လာသည်။ ထို့နောက် ဦးခေါင်းတစ်လုံး ပြူထွက်လာ သည်။ လူလတ်ပိုင်းအရွယ် အမျိုးသားတစ်ဦးဖြစ်သည်။ သူ၏ ဆံပင်များသည် မီးခိုးရောင်သမ်းကာ ရှုပ်ပွနေပြီး သူ၏မျက်နှာ ဘယ်ဘက်ခြမ်းသည် ပေါင်းထားသည့် မုန့်လုံးလို ရောင်ကိုင်းနေသည်။
"ဦးလေး လျှန်လား ?" ချင်ယွင်သည် လူလတ်ပိုင်းအရွယ် အမျိုးသားကို အံ့သြစွာဖြင့် ကြည့်လိုက်သည်။ ဤလူသည် ဒုတိယဖက်တီးလျှန်၏ဖခင် လျှန်ဒါဟူမှလွဲ၍ အခြားသူမဟုတ်ပေ။
"မြန်မြန်ဝင်လာပါ!" လျှန်ဒါဟူသည် ချင်ယွင်ကို အခန်းထဲသို့ ဆွဲခေါ်သွားပြီး တံခါးကို အမြန်ပိတ်လိုက်သည်။ သူ၏အမူအရာမှာ အလွန်ထိတ်လန့် နေပုံရသည်။
ချင်ယွင်သည် ပဟေဠိဆန်သောအမူအရာရှိသော်လည်း၊ ဘယ်ဘက်လက်မောင်းပေါ်ရှိ လျှန်ဒါဟူ၏ ဗလာကျင်း အဝတ်ကိုမြင်လိုက်သောအခါတွင် ပြင်းထန်သည့် ရန်လိုမူက သူ၏စိတ်ထဲတွင်တစ်ဟုန်ထိုး ရုန်းထလာသည်။ " ဦးလေးလျှန်၊ ဦးလေးရဲ့ ဘယ်ဘက် လက်မောင်း..."
လျှန်ဒါဟူသည် ကိုးရိုကားယားနိုင်စွာ ပြုံးပြီး "အဆင်ပြေပါတယ် ၊ ဒဏ်ရာလေး တစ်ခုပါပဲ!"
"ဒဏ်ရာ သေးသေးလေးလား။ မင်းဘယ်ဘက်လက်မောင်း တစ်ခုလုံး ပျောက်သွား တာလေ။
ဘယ်သူ လုပ်တာလဲ။ လျူကလန်က လုပ်လိုက်တာလား။ ချင်ယွင်သည် နီမြန်းသော မျက်လုံးများဖြင့် အော်မေးသည်။
ချင်ယွင်၏ မှတ်ဉာဏ်များတွင် ဦးလေး လျှန်သည် အလွန်ရိုးပြီး ရိုးသားသူ ဖြစ်သည်။ ပုံမှန်အားဖြင့် သူနှင့် ဒုတိယ ဖက်တီးလျှန်တို့သည် ချင်ယွင်နှင့် သူ၏အစ်မကို များစွာကူညီခဲ့သည်။ သူတို့သည် ချင်ယွင်နှင့် လျူရန်ယွင်တို့ကို အမှန်တကယ် ကောင်းစွာ ဆက်ဆံခဲ့သော အိမ်နီးနားချင်း လူများဖြစ်ကြသည်။
ဦးလေးလျှန်သည် အတိတ်က မြူခိုးတိမ်တိုက်စားသောက်ဆိုင်တွင် ဖြစ်ပျက်ခဲ့သမျှကို ဖြေရှင်းရန် ကူညီပေးခဲ့သူ ဖြစ်သည်။ ဦးလေးလျှန်သည် ၎င်းတို့အား ဆွေမျိုးများကဲ့သို့ ဆက်ဆံသည်ဟု ဆိုနိုင်သည်။
ထို့ကြောင့် ချင်ယွင်သည် ဦးလေးလျှန်၏ ဘယ်ဘက်လက်မောင်းတဖက်လုံး မရှိသည်ကို မြင်သောအခါတွင် သူ၏နှလုံးသည် ဒေါသတကြီး ခုန်လာသည်။
"ဟင်း ၊ လျူကလန်က တကယ်လုပ်ခဲ့တာပေါ့။" ဦးလေးလျှန်က မထိန်းနိုင်ဘဲ သက်ပြင်းချလိုက်သည်။
"ငါ သူတို့ကို သွားသတ်လိုက်မယ်။" ချင်ယွင်က ဒေါသတကြီး ပြောသည်။ ဦးလေးလျှန် သည် သူ ထွက်သွားတော့မယ့်အခိုက် သူ့ကို ပြန်ဆွဲလိုက်သည်။
'"ကလေး၊ မင်းရဲ့နောက်ခံက ထူးထူးခြားခြားဖြစ်နေတယ်ဆိုတာ ငါသိပါတယ်။ အထူးသဖြင့် မင်း တုန်းအခြင်းမရှိတော့တဲ့နောက် မင်းပြသခဲ့တဲ့ သိုင်းပညာရပ်ရဲ့ ခွန်အားတွေပဲ။ မင်းဘယ်လောက်ပဲ အစွမ်းထက်နေပါစေ လျူကလန်ကို အနိုင်ယူလို့မရနိုင်ဘူး။ မင်းကိုယ်တိုင် ကိုယ်ထင်ပြလာဖို့ မင်းကိုဆွဲဆောင်ရန် အခု ဖက်တီးကိုဖမ်းပြီး မင်းကို ထောင်ချောက်ဆင်ထားတာ မဟုတ်ဘူးလား" ချင်ယွင်က လျူကလန်ကို လက်စားချေလိုကြောင်း မြင်သည့်အခါ ဦးလေး လျှန်က စိုးရိမ်တကြီး ပြောသည်။
ချင်ယွင်သည် အနည်းငယ် အံ့အားသင့်သွားပြီး "ဒုတိယ ဖက်တီးကို သူတို့ တကယ် ဖမ်းသွားခဲ့တာလား။
"အင်း !" ဦးလေးလျှန်က လေးလေးပင်ပင် သက်ပြင်းချလိုက်တယ်။ သူက “ဒီအတိုင်းဘဲ ပေါ့။ မင်းထွက်သွားကတည်းက မင်းရဲ့အချက်အလက်တွေကို မေးဖို့ ချင်နင်းမြို့ကို လူတွေလာကြတယ်။ သူတို့ထဲမှာ မျိုးနွယ်စုကြီးသုံးခုထဲက အများစုဟာ ငါ့မိသားစုက လူနှစ်ယောက်နဲ့ အတော်လေး ရင်းနှီးတယ်။ ဒါကြောင့် မျိုးနွယ်စုကြီးသုံးခုက ကလေးတွေက
မင်းရဲ့ အချက်အလက်ကို တောင်းခံဖို့ ငါ့ဆီ မကြာခဏ လာခဲ့ကြတယ်။
ချင်ယွင်သည် ခေါင်းညိတ်လိုက်သည်။ ဦးလေးလျှန်ကို တစ်စုံတစ်ယောက်က ပြဿနာရှာလာလိမ့်မည်ဟု သူ မျှော်လင့်ခဲ့သည်မှာ ကြာပါပြီ။
သို့သော် သူ၏အမြင်အရဆိုလျှင် ထိုလူများသည် မေးခွန်းအနည်းငယ်မျှ မေးမြန်းချင်ရုံ လောက်ဟု သူထင်ထားခဲ့သည်။ ဦးလေးလျန်နှင့် တခြားလူများလို သာမန်လူများ အတွက် သိပ်ခက်ခဲသည့် အရာများကို လုပ်မှာ မဟုတ်ဘူးပေါ့။ သို့သော် ယခုတော့ သူ အထင်မှားနေသည်မှာ ရှင်းရှင်းလင်းလင်းပင်။ မျိုးနွယ်စုကြီးသုံးခုမှ လူများသည် သူထင်ထားသည်ထက် ပို၍ပင် စက်ဆုပ်ရွံရှာဖွယ်ကောင်းသည်။
"ဒါဆို နောက်ပိုင်း ဘာဖြစ်သွားလဲ" ချင်ယွင်က မေးသည်။
"နောက်တော့ တခြားလူတစ်စု ရောက်လာတယ်။ လွန်ခဲ့တဲ့ သုံးရက်လောက်က သူတို့ဟာ လက်ဖက်ရည်ဆိုင်ထဲကို ဝင်ပြီး စကားမပြောဘာမပြော ဖက်တီးကို သတိလစ်အောင် ကန်ကျောက်ကြတယ်။ သူတို့က ဖက်တီးကို အတင်းဆွဲ ခေါ်သွားချင်ကြတယ်။ သေချာတာပေါ့၊ ငါ သူတို့ကို လွှတ်မပေးခဲ့ဘူး။ ငါ သူတို့ကို တားဆီးတာပေါ့။ ဒါပေမယ့် သူတို့က ငါ့ကို ရိုက်နှက်ရုံမက ငါ့လက်တစ်ဖက်ကိုပါ ဖြတ်ပစ်ကြတယ်… ဖက်တီးရဲ့အမေကို အရှင်လတ်လတ် သတ်ပစ်ခဲ့တယ်!” ဦးလေး လျှန်သည် ဤစကားများပြောသည့်အခါ မျက်ရည်များက သူ၏ပါးပြင်ပေါ်မှာ စီးကျလာသည်။
ချင်ယွင်၏ မျက်လုံးများမှ သတ်ဖြတ်လိုသည့် ဆန္ဒများဖြင့် ချက်ချင်း ပေါက်ကွဲ ထွက်လာသည်။ ဒုတိယဖက်တီး၏အမေကို အခု မမြင်တွေ့ရသည်မှာ အံ့သြစရာမရှိပါ ဘူး။ သူမသည် ထိုလူများ၏ ရိုက်နှက်သတ်ဖြတ်ခြင်း ခံခဲ့ရကြောင်း ထင်ရှားသည်။
လျှန်ဒါဟူသည် မထိန်းနိုင်ဘဲ ငိုကြွေးနေပြီး သူ၏မျက်နှာကို တုန်လှုပ်နေသော သူ၏လက်ကြမ်းကြီးဖြင့် သုတ်နေသည်။ "သူတို့က ဒုတိယဖက်တီးကို ကယ်တင်ချင်ရင် သူ့နေရာမှာ အစားထိုးဖို့ မင်းကို လျူကလန်ဆီ လွှတ်ပေးရမယ်တဲ့။ ဒါပေမယ့် ငါ မင်းကို မသေစေချင်ပါဘူးကွာ။ သနားစရာ့ ဖက်တီး လျှန်ဒါဟူပါတကား..."
ချင်ယွင်သည် တခဏချင်း အသက်ပိုကြီးသွားပုံရသော ဦးလေးလျန်ကို ကြည့်လိုက် သည်။ သူ၏ နှလုံးသားမှာ တုနှိုင်းမရသည့် နာကျင်မှုများဖြင့် ပြည့်နေ သည်။ သူ့အတွက်ကြောင့်သာ မဟုတ်ရင် ဦးလေးလျှန်၏ မိသားစုသည် ဒီလိုအဖြစ်ဆိုးမျိုး ကြုံတွေ့ရမှာ မဟုတ်ဘူး။
"လျူကလန်၊ မင်းတို့က အလွယ်တကူ ခွင့်လွှတ်လို့ မရနိုင်တော့ဘူးပဲ!" ချင်ယွင်က ဒေါသတကြီး ဟစ်ကြွေးပြီး သူ၏တစ်ကိုယ်လုံး သတ်ပစ်ချင်စိတ်များ ချက်ချင်း ပြည့်နှက်သွားသည်။
ဦးလေးလျှန် ချက်ချင်း အံ့သြသွားတယ်။ သူက ချင်ယွင်ကို အလျင်စလို ဆွဲထုတ်လိုက်ပြီး "ကလေး၊ စိတ်လိုက်မာန်ပါ မလုပ်နဲ့၊ မင်း သူတို့ကို သွားရှာလို့ မရဘူး၊ မင်းကို သူတို့ သတ်ပစ်ကြလိမ့်မယ်။ မင်း သူတို့ကို အပြစ်တင်ချင်ရင်တော့ မင်း ဖက်တီးရဲ့( အားနည်းတဲ့) ဘ၀ကိုပဲ မင်း အပြစ်တင်လို့ရမယ်..."
ချင်ယွင်က ဦးလေးလျှန်၏လက်ကို ဆုပ်ကိုင်လိုက်ပြီး "ဦးလေးလျန်၊ စိတ်မပူပါနဲ့၊ ကျွန်တော် သေချာပေါက် ဘေးကင်းကင်းနဲ့ ပြန်လာပါ့မယ်။ နောက်ပြီး အဒေါ်လျန်ရဲ့ သွေးကြွေးကိုလည်း ပေးဆပ်ရမယ်"
ထိုသို့ပြောပြီးနောက် ချင်ယွင်သည် ဦးလေးလျံ၏ အကြံဉာဏ်ကို လျစ်လျူရှုကာ လက်ဖက်ရည်ဆိုင်မှ ထွက်လာခဲ့သည်။
"ကလေး…"
ဦးလေးလျှန်သည် တစ်ခုခုပြောချင်သော်လည်း လက်ဖက်ရည်ဆိုင်မှ ပြေးထွက်လာ ချင်ယွင်သည် နဂါးကြေးခွံမြင်းကို စီးနေပြီဖြစ်သည်။
နဂါးကြေးခွံမြင်းသည် တောက်လျှောက် ပြေးလွှားနေသည်။ အဒေါ်လျန်နှင့် သူ၏ အစ်မတို့ ချက်ပြုတ်နေသည့် မြင်ကွင်းသည် ချင်ယွင်၏ စိတ်ထဲတွင် ပေါ်လာသည်။ ထိုနွေးထွေးသော အပြုံးနှင့် အငွေ့ပျံ နေသော အစားအစာများသည် တစ်ချိန်က သူတို့၏နှလုံးသားကို နွေးထွေးစေခဲ့ သည်။ ထိုအချိန်တုန်းက ချင်ယွင်သည် တုံးအနေသော်လည်း သူသည် ထိုအမှတ်တရများကို အမှတ်မရဘူးလို့ မဆိုလိုပေ။
နူးညံ့သိမ်မွေ့ပြီး ကြင်နာတတ်သည့် ဦးလေးလျှန်တို့ မိသားစုသည် ဒီလို ပုံစံမျိုး ပျက်ဆီးသွားသည့် မြင်ကွင်းနှင့် ဦးလေးလျန်၏ အားကိုးရာမဲ့ပြီး နွမ်းနယ်နေသည့် ပုံပန်းသဏ္ဍာန်အဖြစ် ပြောင်းလဲသွားသည့်အနေထားကို တွေးမိလိုက်သောအခါ သူ၏နှလုံးသားကို မမြင်ရတဲ့လက်ဖြင့် ဆုပ်ကိုင်ထားသလို သူခံစားရသည်။ သူ၏ နှလုံးသားထဲတွင် သတ်ပစ်လိုစိတ်များ ပို၍ပြင်းထန်လာကာ သူ၏ မျက်လုံးများက ပို၍ အေးစက်လာသည်။
ချင်ယွင်၏ဘဝမှာ အရေးကြီးဆုံးအရာက သူ၏ စိတ်ခံစားချက်များဖြစ်သည် ။ ဦးလေးလျန်တို့ မိသားစုသည် သူနှင့်သူ၏အစ်မကို ကြင်ကြင်နာနာ ဆက်ဆံခဲ့ သည်။ ဒီကျေးဇူးကို ပြန်မဆပ်နိုင်ရင် သူ ဘယ်တော့မှ အေးချမ်းသည့်ဘဝနှင့် နေနိုင်မှာ မဟုတ်ဘူး။
လျူကလန်သည် သူ့ကို စောင့်နေဖို့ ပိုက်ကွန်တစ်ခုကို သေချာပေါက် ချထားမယ်ဆိုတာ သူသိပေမယ့် သူ လိုက်သွားရလိမ့်မည် ။
"လျူကလန် ၊ ငါ ချင်ယွင် မင်းတို့လုပ်ရပ်အားလုံးအတွက် တူညီတဲ့ တန်ဖိုးတစ်ခု ပြန်ပေးဆပ်ရမယ်လို့ မင်းတို့ကို ဒီနေ့ပြောလိုက်မယ်။ မင်းတို့ ငါ့ဆီက ရတနာတွေကို မလိုချင်ဘူးလား၊ အဲ့ဒီတော့ မင်းတို့ကို ငါကိုယ်တိုင် ရတနာလာပေးတော့မယ်။"
ချင်ယွင်၏တစ်ကိုယ်လုံးသည် နဂါးကြေးခွံမြင်းကို စီးနေစဉ် သတ်ဖြတ်လိုသည့် ဆန္ဒများဖြင့် ပြည့်နှက်နေသည်။