အသက်ချွေ အရိပ်သိုင်း
Vol. 3 Ch. 31
အခန်း ( ၃၁) အသက်ချွေ အရိပ်သိုင်း
“သခင်လေး … ကျေးဇူးပြုပြီး ညင်သာပေးပါ…”
စံအိမ်ကြီးအတွင်းမှာ ခြံဝင်းငယ်တစ်ခု ရှိသည်။
လူငယ်တစ်ယောက်သည် အမျိုးသမီးငယ်၏ ခန္ဓာကိုယ်ကို လက်ဖဝါး တဖက်ဖြင့် ရိုက်နှက်နေသည်။ အထူးသဖြင့် သူ၏နှလုံးသားက ထိုအမျိုးသမီး၏ ရှေ့မှာ ဖော်မပြ နိုင်လောက်အောင် ပျော်ရွှင်နေခဲ့သည် ။ သူ၏ ဘေးတိုက်မြင်ကွင်းအနေထားမှ သူမကို ကြည့်ရင်း သူ၏ပြင်းထန်သော အတ္တကြီးမူအရ သူသည် အလွန်ကျေနပ်မူကို ရရှိခဲ့သည်။
သူ၏နာမည်က လျူဗြောင် ဖြစ်သည်။ မူလက သူသည် ပစ္စည်းအပေါင်ဌာနခွဲ၏ တပည့်တစ်ဦးသာ ဖြစ်သည်။ သူ၏အရည်အချင်းက မဆိုးပေ။ ထို့အပြင် သူသည် သူ၏ဘ၀တလျှောက်လုံး ကျင့်ကြံနိုင်ခဲ့သည်။ သူသည် လျူကလန်၏ အစေခံ တစ်ဦးသာ ဖြစ်သည်။
သို့သော်၊ ယခုတော့ အရာအားလုံးဟာ ကွဲပြားသွားပါပြီ။ လျူဖင်းရှန် သေဆုံးသွားပြီး နောက် လျူထန်းရှင်သည် သူ့ကို မွေးစားသားအဖြစ် လက်ခံခဲ့သည်။ သူသည် လျူကလန်၏ ဒုတိယသခင်လေးဖြစ်လာခဲ့သည်။ အတိတ်က သူ့ကို နှိမ့်ချခဲ့သည့် လူအားလုံးသည် ယခု သူ၏အရှေ့မှာ ဦးညွှတ်ကြရသည်။
သူ၏ရှေ့မှာရှိနေသည့် ဤအမျိုးသမီးလည်း တစ်ယောက်အပါ၀င် ဖြစ်သည်။
သူမသည် လျူဖင်းရှန်၏ ကိုယ်လုပ်တော်အမျိုးသမီးမှလွဲ၍ အခြားသူမဟုတ်ပေ။
လျူဖင်းရှန် အသက်ရှိသေးသည့် ယခင်အချိန်တုန်းက သူမသည် သူ့ကို အပြန်ပြန် အလှန်လှန် ဆင့်ခေါ်ခဲ့သည်။
ယခုလား?
ဤအောင်နိုင်သည့် ခံစားချက်က သူ၏နှလုံးသားကို အကန့်အသတ်မရှိ လှုံ့ဆော်ပေး ခဲ့ပြီး အဆုံးမရှိ ကျေနပ်သွားသည်။
"သခင်လေး..."
လျူဗြောင်က ကျယ်လောင်စွာ ရယ်မောနေချိန် ဖြစ်သည်။
"ဘယ်သူလဲကွ ?"
ရုတ်တရက် လျူဗြောင်သည် သူ၏ခန္ဓာကိုယ်ပေါ်သို့ စိမ့်ကျလာသော ရေခဲတုံး တစ်ခုကဲ့သို့ သူ၏နောက်ကျောတွင် အေးစက်မူကို ခံစားလိုက်ရသည်။ သူသည် မည်သည့်အရာကိုမှ ဂရုမစိုက်တော့ဘဲ ဘေးနားကို အလျှင်အမြန် လှည့်ကြည့် လိုက်သည်။
အေးစက်စက် ဆေဘာအလင်းရောင်သည် ချက်ချင်းပင် ဖြတ်ကျော်သွားကာ လျူဗြောင်၏ အရေပြားကို ပွတ်တိုက်သွားပြီး ထိုအမျိုးသမီးငယ်ကို တိုက်ရိုက် ဟက်တက်ကွဲသွားစေပြီး အမျိုးသမီးငယ်သည် ပွဲချင်းပြီး သေဆုံးသွားသည်။
လျူဗြောင်၏ နှလုံးသားသည် တုန်လှုပ်ခြောက်ခြားကာ ဒေါသထွက်ခဲ့ရသည်။
အကယ်၍ သူ၏ လျင်မြန်သော တုံ့ပြန်မှုကြောင့်သာ၊ ထိုသို့မဟုတ်ပါက၊ အစောပိုင်း လေးက ဆေဘာသည် သူ၏နှလုံးသားကို စူးဖောက်ဝင်ရောက် သွားလိမ့် မည်။ အခန်းတွင်း ရုတ်တရက် ပေါ်လာသော လူငယ်ကို သူသည် ဒေါသတကြီး ကြည့်လိုက်ရင်း သူ၏ သတ်ဖြတ်လိုစိတ်က သူ၏နှလုံးသားထဲတွင် ပြည့်လျှံနေသည်။
"မင်းက ချင်ယွင်လား?" လျူဗြောင်က ဒေါသတကြီး မေးသည်။
တစ်ချိန်တည်းမှာပင် သူ၏၀တ်ရုံကို ရစ်ပတ်လိုက်ရင်း သူ၏ဘေးနားက ဓားရှည်ကို ဆွဲကိုင်လိုက်သည်။
"ပြောစမ်း၊ မင်းဖမ်းထားတဲ့ ဆယ်ကျော်သက်အရွယ် ဖက်တီးလေး ဘယ်မှာ လဲ" ချင်ယွင်က သူ၏မေးခွန်းကို မဖြေဘဲ အေးစက်စွာ မေးလိုက်သည်။
အစမှအဆုံးအထိ သူ၏မျက်လုံးများက အေးစက်နေခဲ့သည်။ ယခုလေးကမှ ထိုအမျိုးသမီးနှင့် သူတို့နှစ်ယောက်ကြား စကားပြောသံကို ကြားလိုက်ပြီး သူတို့နှစ်ယောက်ကြားက ဆက်ဆံရေးကို ချက်ချင်းနားလည်သွားခဲ့သည်။
ယင်းက သူ့ကို ရွံရှာသည့် စိတ်ခံစားချက်ကို ပြင်းပြင်းထန်ထန် ဖြစ်ပေါ် ခံစားရစေ သည်။ ထို့ကြောင့် သူသည် ထိုအမျိုးသမီးကို မဆိုင်းမတွပင် သတ်ပစ်ခဲ့သည်။
"ဘယ်ဆယ်ကျော်သက်အရွယ်ဖက်တီးလဲကွာ။ ငါ မသိဘူး၊ မင်း လျူကလန်ကို အပြစ်ပြုပြီး ငါ့ရဲ့ကံကောင်းခြင်းကို ဖျက်ဆီးလိုက်တာပဲ ငါသိတယ်။ ပြီးတော့ မင်း သေရမယ်!"
လျူဗြောင်က အေးစက်စွာ အော်ဟစ်လိုက်ပြီး သူ၏လက်ထဲက ဓားဖြင့် ချင်ယွင် ဘက်သို့ ခုတ်ပိုင်းသည်။ ဓားနည်းစနစ်သည် ရက်စက်ပြီး ချင်ယွင်၏ မျက်ခုံးနှစ်ခု ကြားနေရာဆီသို့ ဖြောင့်တန်းစွာ တိုး၀င်လာခဲ့သည်။
လျူဗြောင်သည် သူ၏ထူးကဲသော အရည်အချင်းကြောင့် လျူထန်းရှင်၏ မွေးစားခံရ သည်ဟု ဆိုရမည်ဖြစ်သည်။ သူသည် အသက်ဆယ့်ရှစ်နှစ်တွင် ပထမအဆင့် ကောင်းကင်အလွှာ သိုင်းသခင်တစ်ဦးအဖြစ်သို့ တက်လှမ်း နိုင်ခဲ့သည်။ နောက်တချက် က သူ၏ ရက်စက်ကြမ်းကြုတ်မှုများကြောင့် ဖြစ်သည်။
လျူထန်းရှင်သည် သူ့ကို ပထမဆုံး မြင်လိုက်သောအခါတွင် သူ၏အရိုးများမှ ကောက်ကျစ်ပြီး သစ္စာမဲ့သော ခံစားချက်ကို အနံ့ခံလို့ရသည်။ ဤအရာက သူ့ကို တခြားသူများကိုသာ အနိုင်ကျင့်တတ်သည့် ပါရမီရှင်များနှင့် ကွဲပြားစေ သည်။ သူ၏ ခန္ဓာကိုယ်တွင် ပို၍ပင် ရက်စက်ကြမ်းကြုတ်မှုများ ရှိနေ သည်။ ယင်းကြောင့်ပင်၊ လျူထန်းရှင်သည် သူ့အပေါ် အထင်ကြီးပြီး သူ့ကို မွေးစားသားအဖြစ် လက်ခံခဲ့သည်။
ဟုတ်ပါသည်။ ချင်ယွင်သည်လည်း သက်သတ်လွတ်သမား မဟုတ်ပါဘူး။
လျူလျူဗြောင်၏ တိုက်ခိုက်မှုကို ရှောင်ရှားရန် လေအရိပ်ခြေလှမ်းကို ချက်ချင်း အသုံးပြုလိုက်သည်။
"မင်းမှာ အရည်အချင်းအချို့ ရှိတယ်။ မင်းက ငါ့တိုက်ခိုက်မူကို အကြိမ်အနည်းငယ် ရှောင်နိုင်မယ်ထင်တယ်"
လျူဗြောင်သည် နှာခေါင်းတချက်ရှုတ်ပြီး ရှေ့သို့ ခြေတစ်လှမ်းတိုးကာ အခန်းထဲတွင် ပျောက်ကွယ်သွားသည်။
ချင်ယွင်ပင် ချက်ချင်း မျက်မှောင်ကြုတ်လိုက်သည်။
လုပ်ကြံသတ်ဖြတ်ခြင်း သိုင်းပညာရပ်လား?
ဤသည်မှာ အံ့သြဖွယ် လုပ်ကြံသတ်ဖြတ်ခြင်း သိုင်းပညာတစ်ခု ဖြစ်သည်။
၎င်းပညာရပ်သည် လူတစ်ဦးအား အမှောင်ထုနှင့် ပေါင်းစပ်နိုင်စေပြီး ရန်သူ၏ သဲလွန်စများကို ထောက်လှမ်းရန် မဖြစ်နိုင်သည့်အတွက် ရုတ်တရက် သူတို့ကို သတ်ပစ်ရန် ပြင်းထန်သော တိုက်ခိုက်မှုတစ်ခုကို ပြုလုပ်နိုင်သည်။ အလွန် ထူးဆန်းသောသိုင်းပညာရပ်တစ်ခုဟု ဆိုနိုင်သည်။
အထူးသဖြင့် လုပ်ကြံသတ်ဖြတ်ခြင်းကို နှစ်သက်သော လူသတ်သမားများသည် ဤသိုင်းပညာရပ်မျိုးကို ကျင့်ကြံလေ့ရှိကြသည်။
သူ၏ရှေ့ရှိ လျူကလန်မှ ဤလူငယ်သည် ထိုသိုင်းပညာရပ်ကို အမှန်တကယ် နားလည် နိုင်လိမ့်မည်ဟု မည်သူထင်ထားမည်နည်း။ ဤလူငယ်လေ့ကျင့် ထားသည့် လုပ်ကြံ သတ်ဖြတ်ခြင်း သိုင်းပညာရပ်သည် အလယ်အလတ်အဆင့် အဆင့်နိမ့်တန်းစား ဝန်းကျင်တွင်သာ ရှိသော်လည်း၊ ၎င်းပညာရပ်သည် ပထမအဆင့် ကောင်းကင်အလွှာ သိုင်းသခင်များကြားမှာပင် သူ့ကို ထင်ရှားအောင် စွမ်းဆောင်နိုင်ခဲ့သည်။
သို့သော် ဤအရာက သာမာန်ကျင့်ကြံသူများအတွက်သာ မှန်ပါသည်။
ချင်ယွင်၏ စိတ်ဝိညာဉ်စွမ်းအားသည် အစစ်အမှန် အင်မော်တယ်နယ်ပယ် တွင်ရှိပြီး လျူဗြောင်၏ လှုပ်ရှားမှုတိုင်းသည် သူ၏ရှေ့တွင် လုံးဝ ဖုံးကွယ် ထားနိုင်ခြင်းမရှိပေ။
သူ၏ခြေဖဝါး အနည်းငယ် ရွေ့လျားမှုနှင့်အတူ ချင်ယွင်သည် လျူဗြောင်၏ တိုက်ခိုက်မှုကို အလွယ်တကူ ရှောင်တိမ်းခဲ့သည်။
"ဒါက ဘယ်လိုလုပ် ဖြစ်နိုင်မှာလဲ၊ မင်း ငါ့ကို တွေ့နိုင်တယ်လား" လျူဗြောင်၏ ရုပ်သွင်သည် ပေါ်လာပြီး ချင်ယွင်ကို အံ့သြစွာ ကြည့်လိုက်သည်။
ထိုအချိန်တွင် သူသည် ဓားချက်ပေါင်းများစွာကို ထိုးစိုက်ပြီး ဖြစ်သည်။
ဓားချက်တခုစီသည် ချင်ယွင်၏ မျက်စိ မမြင်နိုင်သောနေရာမှ ဖြစ်သော်လည်း ချင်ယွင်သည် ၎င်းဓားချက်ချက်များကို မြင်နိုင်ပုံရပြီး သူ၏တိုက်ခိုက်မှုများကို အလွယ်တကူ ရှောင်ရှားနိုင်ခဲ့သည်။
သူသည် မရေမတွက်နိုင်သော အဆင့်တူကျွမ်းကျင်သူများကို သတ်ဖြတ်ရန် ဤသိုင်းကွက်များကို အသုံးပြုခဲ့သည်။ ထို့အပြင် ချင်ယွင်၏ ကျင့်ကြံမှု အခြေခံသည် သိုင်းပညာရှင်နယ်ပယ် အဋ္ဌမအဆင့် ကောင်းကင်အလွှာ တွင်သာရှိသော်လည်း သူ၏ တိုက်ခိုက်မှုများကို အမှန်တကယ် ရှောင်တိမ်းနိုင်ခဲ့သည်။ သူ မည်သို့ ရှောင်တိမ်းနိုင်ခဲ့ သနည်း။
"ဟမ့်၊ ဒါက သေးငယ်တဲ့ သိုင်းစွမ်းရည်လေးတစ်ခုပဲလေ!" ချင်ယွင်က အေးစက်စွာ ဟစ်အော်လိုက်သည်။
လျူဗြောင်သည် ချက်ချင်းပင် ဒေါသထွက်သွားသည်။ ဤချင်ယွင်သည် အမှန်တကယ် ပင် သူ့ကို အထင်သေးလွန်းသည်။
"ပြောပါ၊ မင်းဖမ်းသွားတဲ့ ဒုတိယဖက်တီးလျန် ဘယ်မှာလဲ" ချင်ယွင်က ဆက်မေး သည်။
"မင်းပြောနဲ့ ဒုတိယဖက်တီးဆိုတာကို ငါမသိဘူး။ မင်း ဒီနေ့သေရမယ်ဆိုတာကိုဘဲ ငါသိတယ်!" လျူဗြောင်၏ သတ်ဖြတ်လိုသည့် ဆန္ဒများ မြင့်တက်လာခဲ့ပြီး သူ၏ လက်ထဲတွင်ရှိသည့် သတ်ဖြတ်ခြင်းဓားဆန္ဒက အရပ်မျက်နှာအားလုံဆီသို့ ပျံ့နှံ့သွားခဲ့ သည်။
"မင်းက မပြောဘူးဆိုမှတော့ မင်းမပြောမချင်း ငါ ရိုက်ရလိမ့်မယ်!" ချင်ယွင်က အေးစက်စွာ ဟစ်အော်လိုက်သည်။
ဤလူနှင့်အတူ အချိန်ဖြုန်းနေရန် စိတ်ရှည်သည်းခံမှု သူ့မှာ မရှိခဲ့တော့။
လျူကလန်သည် တစ်စုံတစ်ယောက် ကျူးကျော် ဝင်ရောက်လာသည်ကို မကြာမီပင် ရှာဖွေတွေ့ရှိသွားမည်ဟု သူထင်ထားသည်။ ထိုအချိန်တွင်၊ ဒုတိယ ဖက်တီးကို ရှာတွေ့ရန် ပို၍ပင်ခက်ခဲလိမ့်မည်။ ထို့ကြောင့် သူသည် တိုက်ပွဲကို အမြန်ဆုံး အဆုံးသတ်ရမည်။
"အစကတော့ ငါ လျူမုဟိုင်အတွက် ဒီလှုပ်ရှားမှု( သိုင်းကွက်)ကို ချန်ထားတာ၊ ဒါပေမယ့် မင်းက ငါ့ကို လုံးဝဒေါသထွက်စေတယ်။ ဒါကြောင့် ဒီသိုင်းကွက်ရဲ့ စွမ်းအားကို အရင်မြည်းစမ်းကြည့်စမ်း!"
လျူဗြောင်၏ ပါးစပ်ထောင့်ရှိ အပြုံးသည် ရုတ်တရက် ခက်ထန်လာပြီး သူ၏ လက်ထဲမှ ဓားသည် ရုတ်တရက် အနက်ရောင် အလင်းတန်းတစ်ခုနှင့် ဖုံးလွှမ်းသွား သည်။
"သေလိုက်စမ်း။ အမှောင်ညက မင်းရဲ့အသက်ကို တောင်းခံနေတယ်!"
လျူဗြောင်၏ ဓားသည် တခဏချင်း ခုတ်ပိုင်းလာပြီး အခန်းတစ်ခုလုံး အလင်းရောင် ဖျော့တော့သွားသည်။ အနက်ရောင်အလွှာနှင့် လွှမ်းခြုံ ထားသလိုပင်။ ပြင်းထန်သော ဓားချီသည် လေထဲသို့ တိုက်ရိုက် ထိုးဖောက်ဝင်ရောက်သွားပြီး ၎င်းပတ်လည်ရှိ အသုံးဆောင်ပရိဘောဂအားလုံး ပေါက်ကွဲသွားသည်။ ၎င်း၏ စွမ်းအားသည် အနှိုင်းမဲ့ ကြောက်မက်ဖွယ် ကောင်းသည်။
ချင်ယွင်လည်း အနည်းငယ် အံ့သြသွားသည်။ လျူဗြောင်သည် အရိပ်သိုင်းပညာရပ် တခုကို ဤမျှလောက် အတိုင်းအတာတစ်ခုအထိ ကျင့်ကြံထားမည်ဟု သူ မမျှော် လင့်ထားပေ။ ၎င်း၏စွမ်းအားသည် ထူးကဲလွန်းသဖြင့် ဒုတိယအဆင့် ကောင်းကင် အလွှာ သိုင်းသခင်တစ်ဦးကိုပင် ခြိမ်းခြောက်ရန် လုံလောက်သည်။
သို့သော်၊ ချင်ယွင်ကို ခြိမ်းခြောက်ဖို့ သူက ဤသိုင်းကွက်ကို အသုံးပြုချင် နေတာလား။
လုံလောက်ဖို့ အဝေးကြီးလိုပါသေးသည်။
"အနှစ်သာရဖြတ်တောက်ခြင်း!"
သူက တုန့်ဆိုင်းခြင်းမရှိ ထုတ်ဖော်လိုက်ရင်း ချင်ယွင်၏ ပါးစပ်ထောင့်အစွန်းက သရော်ပြုံးပြုံးမိသည်။
ကောင်းကင်နှင့် ကမ္ဘာမြေကြီးရှိ လေဒြဗ်စင်တို့သည် တဟုန်ထိုး ပျံ့နှံ့သွားပြီး ချင်ယွင်၏ဆေဘာထဲသို့ အဆက်မပြတ် ပေါင်းစပ်သွားကြသည်။
ဆေဘာချီသည် ချက်ချင်းပင် လေထဲသို့ ဖြတ်သွားကာ အရှည်ငါးပေအထိ ရောက်ရှိ လာသည်။ ၎င်းသည် စူးရှထက်မြက်သော အလင်းရောင်ကို ထုတ်လွှတ်သည်။
လျူဗြောင်၏ဓားနှင့်ထိပ်တိုက် တွေ့ဆုံခြင်းက သူ၏ဆေဘာချီကို တိုက်ရိုက် ကွဲကြေသွားစေသော်လည်း ဆေဘာချီသည် အားနည်းသွားခြင်းမရှိ လျူဗြောင်ကို တိုက်ရိုက်တိုက်ခိုက်ခဲ့သည်။
လျူဗြောင်သည် အလျင်အမြန် ရှောင်တိမ်းလိုက်ပြီး၊ ဆေဘာချီသည် သူ၏ပါးပြင်ကို ဖြတ်ကျော်သွားကာ မျက်နှာပေါ်တွင် သွေးစွန်းနေသော အမာရွတ်နှင့် ဆံပင်များ ရှုပ်ပွနေပြီး စိတ်ဆင်းရဲစရာမြင်ကွင်းတခု ကျန်ရစ်ခဲ့သည်။
"ဒါက ဘယ်လိုလုပ်ဖြစ်နိုင်မှာလဲ?" လျူဗြောင်သည် အံ့သြသွားသည်။ သူ၏ ဂုဏ်ယူရ ဆုံး သိုင်းကွက်က တကယ်ကို လွယ်လွယ်ကူကူနှင့် ပျိုပြက်သွားခဲ့ ရသည်လား။
ထိုဆေဘာတိုက်ကွက်သည် ကြောက်စရာကောင်းလွန်းသည်။ မီတာအနည်းငယ် အကွာအဝေးမှပင် ဆေဘာအလင်းမှ ထုတ်လွှတ်နေသည့် ကြောက်မက်ဖွယ် ဖြတ်တောက်ခြင်းစွမ်းရည်ကို သူခံစားနိုင်သည်။ဒါက အနှိုင်းမဲ့ ထက်ရှမူဖြစ်သည်။
"မကောင်းတော့ဘူး!"
လျူဗြောင်သည် ရုတ်တရက် ချင်ယွင် ပျောက်ကွယ်သွားသည်ကို တွေ့ရှိရသည့် အတွက် အံ့ဩသွားပြီး တုန့်ဆိုင်းခြင်းမရှိ အလျင်အမြန် နောက်ဆုတ်လိုက်သည်။
သို့သော် ယခုအခိုက်အတန့်တွင် ချင်ယွင်သည်သူ၏ရှေ့တွင် ပေါ်လာပြီး သူ၏ ဝမ်းဗိုက်ကို မညှာမတာ လက်သီးဖြင့် ထိုးသည်။
ကြောက်မက်ဖွယ်ကောင်းသော စွမ်းအားက သူ၏ တစ်ကိုယ်လုံးကို ပုစွန်ထုပ် အဖြစ်သို့ ကွေးသွားစေသည်။ သူ၏မျက်လုံးများ ချက်ချင်း ပြူးထွက်သွားပြီး သွေးများလည်း အရူးအမူး အန်တော့သည်။
"ငါ့ကို မြန်မြန်ပြောစမ်း၊ ဒုတိယ ဖက်တီးလျန် ဘယ်မှာလဲ၊ မဟုတ်ရင် နောက်တစ်ချက်က မင်းရဲ့ခေါင်း ဖြစ်သွားလိမ့်မယ်!" ချင်ယွင်၏ မျက်လုံးများသည် သတ်ဖြတ်ခြင်း နတ်ဘုရားများကဲ့သို့ပင်။
ဤအခိုက်အတန့်တွင် လျူဗြောင်သည် အကြောက်တရားကို ခံစားလိုက်ရသည်။