← Chapters

လျူမျိုးနွယ်စုသခင်

Vol. 3 Ch. 32

လျူမျိုးနွယ်စုသခင်

Vol. 3 Ch. 32

အခန်း (၃၂) လျူမျိုးနွယ်စုသခင်

"ဒုတိယ ဖက်တီးလျန်က ဘာလဲဆိုတာ ငါတကယ်မသိဘူး၊ ငါ့ကို သွားခွင့်ပြုပါ!" လျူဗြောင်က သနားညှာတာရန် တောင်းပန်လိုက်သည်။ သူသည် အမှန်တကယ် နည်းနည်း‌တော့ ကြောက်သွားခဲ့သည်။

ယခင်က ချင်ယွင်သည် မျိုးနွယ်စုကြီးသုံးခုမှ တပည့်ငယ်များစွာကို သတ်ခဲ့ကြောင်း ကောလာဟလများ ရှိခဲ့သော်လည်း ၎င်းကို သူ မယုံသေးပေ။ ကောလဟာလတွေ အတိုင်း မှန်ခဲ့မည်ဆိုလျှင်ပင် သူဟာ ရတနာတစ်ခုခုကို မှီခိုအားထားပြီး လုပ်နိုင်ခဲ့သည်ဟု သူယုံကြည်နေဆဲ ဖြစ်သည်။

ယခုမူ ဤအရာအားလုံး မှားနေပြီဟု သူ ထင်သည်။ ဤချင်ယွင်၏ စွမ်းအားသည် အလွန်ကြောက်စရာကောင်းသည်။ ယခု သူပြသခဲ့သော စွမ်းအားသည် ဒုတိယ အဆင့် ကောင်းကင်အလွှာ သိုင်းသခင်တစ်ဦးထက် အားမနည်းပေ။

"မင်း တကယ်မသိဘူးလား?" ချင်ယွင်သည် မျက်မှောင်ကြုတ်ကာ မေးလိုက်သည်။

ဦးလေးလျန်သည် ဒုတိယကိုဖက်တီးကို လျူမိသားစုမှဖမ်းဆီးသွားသည်ကို ကိုယ်တိုင်ကိုယ်ကျ တွေ့မြင်ခဲ့ရသော်လည်း ယခု လျူဗြောင်သည် ဒုတိယဖက်တီးကို လုံးဝ မသိကြောင်း ပြောနေသည်။

ဘာတွေဖြစ်နေတာလဲ?

ချင်ယွင်၏ အတွေးများသည် လျင်မြန်စွာ ပျံ့နှံ့သွားသည်။ ဖြစ်နိုင်ခြေနှစ်ခုသာ ရှိသည် ကို သူသည် လျင်မြန်စွာ နားလည်သွားခဲ့သည်။

တစ်ခုမှာ လျူဗြောင်က သူ့ကို လိမ်နေခြင်းဖြစ်ပြီး နောက်တစ်ခုကတော့ တစ်စုံတစ်ယောက်က ဒုတိယဖက်တီးကို ခေါ်သွားပြီး လျူကလန်နှင့် ထိပ်တိုက် ရင်ဆိုင်ရန် သူ့ကို မြှား‌ခေါ်ခြင်း ဖြစ်သည်။ ဤနောက်ဆုံးတစ်ခုကတော့ လျူကလန်၏ ရန်သူဟောင်းများ ဖြစ်နိုင်ချေများသည်။ ၀မ်ကလန် သို့မဟုတ် လင်းကလန် ဖြစ်လိမ့်မည်။

ပထမချက်ကိုတော့ အလွယ်တကူ ဖြေရှင်းလို့ရသည်။ အဆိုးဆုံးအနေဖြင့် လျူကလန်သည် သည်းမခံနိုင်တော့သည့်အဆုံး ဒုတိယဖက်တီးကို လွှဲပြောင်းပေးရန် အဆိုပြုလိမ့်မည်။

သို့ပေမယ့် နောက်ပိုင်းအချက်ဖြစ်နေရင်တော့ ဤကိစ္စက ဒုက္ခများလိမ့်မည်။ သူသည် မျိုးနွယ်စုကြီးသုံးခု၏ နယ်ရုပ်တခု ဖြစ်လာခဲ့သည်။

"ကူညီကြပါ!" ချင်ယွင်သည် အတွေးများဖြင့် သတိလစ်သလို ဖြစ်နေချိန် လျူဗြောင်သည် ပြတင်းပေါက်မှ ရုတ်တရက် ခုန်ဆင်းပြေးပြီး အော်ဟစ်လိုက်သည်။

"မကောင်းတော့ဘူး!"

ချင်ယွင်သည် လျူစံအိမ်မှလူများကို သတိထားမိခြ င်းမပြုမီ လျူဗြောင်ကို သတ်ဖြတ်ရန် သူ့နောက်သို့ အလျင်အမြန် လိုက်လာခဲ့သည်။

သို့သော် နောက်ဆုံးတွင် သူကံမကောင်းခဲ့ပေ။ လျူဗြောင်၏အိမ်ရှေ့တွင် ကင်းလှည့် အစောင့်တစ်ဖွဲ့ ဖြတ်သွားခဲ့သည်။ လျူဗြောင်၏အော်သံကို ကြားရ‌လျှင် ထိုအ‌စာင့်များ သည် တိုက်ရိုက် ပြေးဝင်လာကြသည်။

"ဘယ်သူလဲ?" အစောင့်များသည် ဓားတစ်ချောင်းစီကိုင်ဆောင်ကာ ချင်ယွင်ကို ဝိုင်းထားသည်။

"သူ့ကို သတ်လိုက်ပါ၊ သူက သခင်လေး လျူဖင်းရှန်ကိုသတ်ခဲ့တဲ့ ချင်ယွင်ပဲ" လျူဗြောင်က ကမန်းကတန်း အမိန့်ပေးလိုက်သည်။

အစောင့်ခေါင်းဆောင်သည် ချက်ချင်းပင် လေးနက်သော အမူအရာကို ထုတ်ဖော် လိုက်သည်။ သို့သော်လည်း အမိန့်ပေးသူသည် လျူကလန် မျိုးနွယ်စုသခင်၏ မွေးစားသားဖြစ်သည့် လျူဗြောင်ဖြစ်သောကြောင့် သူ့အမိန့်ကို မနာခံဘဲမနေဝံ့ပေ။

"သွား!"

ခေါင်းဆောင်အစောင့်က အမိန့်ပေးကာ ချင်ယွင်ဆီသို့ တိုက်ရိုက် ခုတ်ပိုင်းလိုက်သည်။

"ဖယ်စမ်း!

ချင်ယွင်က အော်ဟစ်လိုက်ပြီး သူ၏လက်ထဲမှ ဆေဘာကပုံရိပ်တစ်ခုအဖြစ် ပြောင်းလဲ သွားသည်။

ဆေဘာအလင်းတန်းများက တဖျပ်ဖျပ်လင်းလက်သွားပြီး ထပ်ခါထပ်ခါ အော်ဟစ် ညီးညူသံများ ထွက်ပေါ် လာသည်။ ကျိုးပဲ့နေသည့် လက်ခြေ အစိတ်ပိုင်းများ မြေပြင်မှာ ပြန့်ကျဲနေသည်။

ချင်ယွင်သည် ဒုတိယဖက်တီးအတွက် စိတ်မကောင်းဖြစ်နေမိသည်။ ယခုအချိန် တွင် ထိုငါးပုဇွန်လေးများသည် တကယ်ကို မုန်းတီးစရာ ကောင်းလွန်းသည်။ ဟုတ်ပါသည်၊ ထွက်ပေါ်လာသည့် ရလာဒ်ကလည်း စိတ်မချမ်းသာစရာ ကောင်းနေပါ သည်။

ထိုမြင်ကွင်းကိုမြင်လိုက်ရလျှင် လျူဗြောင်သည် ချက်ချင်းဆိုသလို ထိတ်လန့်သွားပြီး အပြင်မှာပြေးနေသလိုမျိုး ထွက်ပြေးသွားသည်။

"သောက်ရမ်း ရက်စက်ပါလား။ ငါ လူသတ်တာ မြင်ဖူးပါတယ်၊ ဒါပေမယ့် ဒီလောက်ရက်စက်တဲ့လူကို တစ်ခါမှမတွေ့ဖူးဘူး။"

ဒီလူက ရမ်းကားတဲ့ လူသတ်သမားမဟုတ်ဘူး။ လူ့အသက်တွေကို အလွယ်တကူ ရိတ်သိမ်းနေသူဘဲ။

"မင်းမလွတ်နိုင်ဘူး!"

ချင်ယွင်၏အသံသည် လျူဗြောင်၏နားထဲတွင် တိုက်ရိုက်ပေါက်ကွဲသွားပြီး သူ၏ မူလကတည်းက ယိမ်းယိုင်နေသော ခြေလှမ်းများသည် မြေပြင်ပေါ်သို့ တိုက်ရိုက် ပြိုကျသွားတော့သည်။

ချင်ယွင်က ရယ်မောလိုက်ပြီး လျူဗြောင်ဆီသို့ တစ်လှမ်းချင်း လျှောက်သွားသည်။ သူ၏လက်ထဲက ဆေဘာရှည်ကြီးက မြေပြင်ပေါ်ကို ပွတ်ဆွဲရင်း မြေပြင်ပေါ်တွင် ရှည်လျားသည့်စင်းကြောင်း ကျန်ရစ်ခဲ့သည်။ ဆေဘာထိပ်ပေါ်ရှိ သွေးများသည် ရဲရဲတောက်နီရဲနေပြီး ပြိုးပြိုးပြက်ပြက် လင်းလက်ကာ သွေးစွန်းထင်း နေခဲ့သည်။

"မလုပ်နဲ့...ငါ့ကိုမသတ်ပါနဲ့!" ဤတစ်ကြိမ်တွင် လျူဗြောင်သည် အမှန်တကယ်ပင် ကြောက်လန့်နေခဲ့သည်။ သူသည် ချင်ယွင်၏ မျက်လုံးများကိုပင် မကြည့်ဝံ့တော့‌ပေ။ ယခုအချိန်တွင် ချင်ယွင်သည် သူ့ရှေ့တွင် သတ်ဖြတ်ခြင်းနတ်ဆိုးတစ်ဦး ဖြစ်နေသည်။

"ငါ မင်းကို နောက်ထပ် အခွင့်အရေး ပေးမယ်။ ဒုတိယဖက်တီး ဘယ်မှာလဲ မင်းသိလား" ချင်ယွင်က အေးစက်စွာပြောသည်။

လျူဗြောင်သည် ချက်ချင်းပင် သူ၏မျက်နှာပေါ်တွင် နာကျင်သော အမူအရာ ပေါ်လာသည်။ သူသည် ချင်ယွင်ကို မျက်လုံးဖြင့်တောင် မကြည့်ဝံ့ပေ။ "ဒုတိယ ဖက်တီးက ဘာအမျိုးအစားလဲဆိုတာ ငါတကယ်မသိလို့ပါ။ ကျေးဇူးပြုပြီး ငါ့ကို လွှတ်ပေးပါ"

ချင်ယွင်သည် လျူဗြောင်၏ စကားကို သူ၏မျက်နှာပေါ်က အတု‌ယောင် မဟုတ်သည့် အကြောက်တရားကြောင့် ယခုတစ်ကြိမ်တွင် အမှန်တကယ် ယုံကြည်ခဲ့လေသည်။ ဒုတိယ ဖက်တီးလျှန်အကြောင်းကို သူတကယ် မသိခဲ့ပုံရသည်။

"မင်း ဘာမှမသိဘူးဆိုတော့ မင်းကိုဆက်ချန်ထားလို့ ဘာအကျိုးရှိမှာလဲ" ချင်ယွင်က အေးစက်စွာ ပြုံးလိုက်သည်။ သူ၏ အပြုံးသည် ငရဲမှ ထွက်လာသော အသူရာ တစ်ယောက်နှင့်တူပြီး ယင်းက လျူဗြောင်၏ နှလုံးသားကို အေးခဲသွားစေသည်။

“မဟုတ်ဘူး… မွေးစားအဖေ… မွေးစားအဖေ… မွေးစားအဖေ ကျွန်တော်ကို ကယ်ပါ…”လျူဗြောင်သည် အရူးအမူးအော်ရင်း သူ၏ခန္ဓာကိုယ်က နောက်ပြန် တွားတွားဆုတ်‌နေသည်။

"ငရဲကိုသွားလိုက်တော့ !"

ချင်ယွင်သည် သူ၏ လေအရိပ်ခြေလှမ်းများကို အသုံးပြုလိုက်ပြီး လျူဗြောင်၏ ရှေ့သို့ ချက်ချင်း ရောက်ရှိလာသည်။ ထို့နောက် သူသည် သူ၏‌ဆေဘာကို ထုတ်ကာ လျူဗြောင်၏ ဦးခေါင်းကို ခုတ်ဖြတ်ပစ်ချင်ခဲ့သည်။

"ရပ်လိုက်!"

ထိုအချိန်တွင် ခြံဝင်းထဲတွင် ဒေါသတကြီး အော်သံ ထွက်ပေါ်လာသည်။ လျူဗြောင်၏ ရှေ့မှာ အသက်လတ်ပိုင်းအရွယ် အမျိုးသားတစ်ယောက် ပေါ်လာပြီး ချင်ယွင်ကို လက်ဖဝါးဖြင့် ရိုက်လိုက်သည်။

ချင်ယွင်သည် ချက်ချင်းပင် ထိတ်လန့်သွားပြီး ဟန့်တားရန်အတွက် သူ၏‌ဆေဘာကို ဝှေ့ယမ်းကာ အမြန်ဆုတ်လိုက်သည်။

လက်ဖဝါးတစ်လုံးသည် သူ၏ဆေဘာနှင့် ထိပ်တိုက်ဆုံမိသွားသည်။သံမဏိကောင်းနှင့် ပြုလုပ်ထားသည့် ဆေဘာသည် ချက်ချင်း ကွဲသွားသည်။ ပြင်းထန်သော လက်ဖဝါး လေလှိုင်းသည် ကျားဟိန်းသံကဲ့သို့မြည်ဟည်းကာ ချင်ယွင်၏ ရင်ဘတ်ကို ရိုက်ခတ် သွားသည်။ ချင်ယွင်၏ တစ်ကိုယ်လုံးသည် ကြိုးပြတ်နေသော စွန်ကဲ့သို့ နောက်သို့ လွင့်ပျံသွားသည် ။

ကျောက်တိုင်ပေါ် ပါးစပ်အပြည့် သွေးတစ်လုတ် ဖျန်းခနဲ အန်ထုတ်လိုက်ရသည်။

"နဝမအဆင့် ကောင်းကင်အလွှာ သိုင်းသခင်တစ်ဦး၊ ခင်ဗျားက လျူကလန်ရဲ့ မျိုးနွယ်စုသခင် လျူထန်းရှင်မလား " ချင်ယွင်က သူ၏ပါးစပ်ထောင့်မှ သွေးများကို ကြမ်းတမ်းစွာ သုတ်လိုက်ပြီး အံ့အားတသင့် ပြောလိုက်သည်။

"အ‌ဖနတ်ဘုရား!" လူလတ်ပိုင်းအရွယ် အမျိုးသားကို မြင်လိုက်ရတော့ လျူဗြောင်သည် ချက်ချင်းပင် ဝမ်းသာသွားသည်။

လူလတ်ပိုင်းအရွယ်ထိလူက လျူဗြောင်ကို ခေါင်းညိတ်ပြပြီး သူ၏လက်ကို ဝှေ့ယမ်းကာ စိတ်အေးအေးထားရန် သူ့ကိုအချက်ပြလိုက်သည်။

ထိုအချိန်တွင် လူအုပ်ကြီးတစုသည် ခြံဝင်းကို ဝိုင်းထားပြီး လက်နက်များ ကိုင်ဆောင်ထားကြသည်။ မျိုးနွယ်စုသခင် အမိန့်ပေးလိုက်သည်နှင့် သူတို့သည် အပြေးအလွှား ရှေ့တက်ပြီး ချင်ယွင်ကို အသေသတ်ပစ်ကြမည် ဖြစ်သည်။

လျူဗြောင်သည် လူအုပ်စုကြားထဲသို့ ဆုတ်သွားပြီး သူ၏နှလုံးသားထဲတွင် ကြောက်ရွံ့မှုများ ပျောက်ကွယ်သွားခဲ့သည်။ သူက ချင်ယွင်ကို မထီမဲ့မြင်ပြုသည့် ပုံစံဖြင့် " ဒီနေ့ မင်းသေရတော့မယ်ဆိုတဲ့ အဓိပ္ပာယ်ကို ဖော်ပြနေသယောင်ပင်"

ချင်ယွင်သည် လျူဗြောင်၏ ရန်စမူကို လျစ်လျူရှုထားပြီး လျူထန်းရှင်ကို စိုက်ကြည့် လိုက်သည်။

တစ်ချိန်တည်းမှာပင်၊ လျူထန်းရှင်လည်း ချင်ယွင်ကို စိုက်ကြည့်သည်။

"မင်းက ချင်ယွင်လား? မျှော်လင့်ထားတဲ့အတိုင်း မင်းက ငါ့ထက်အရင် သိ‌နေတာဘဲ" လျူထန်းရှင်က အထင်သေးဟန်ပြုံးပြီး အရင်ပြောလိုက်သည်။

"လျူကလန်က ဒီနေရာမှာ ဘယ်လို‌တောင် ကျော်ကြားလိုက်လဲ။ ချင်းယွမ်မြို့မှာ လျူကလန်ရဲ့ မျိုးနွယ်စုသခင်က ချင်နင်းမြို့မှာ ကောင်းကင် ကိုတောင်ဖုံးလွှမ်းနိုင်တဲ့ တည်ရှိမူဆိုတာကို ဘယ်သူကရော မသိလို့လဲ " ချင်ယွင်က အေးစက်သော အပြုံးဖြင့် ပြန်ပြောသည် ။

လျူထန်းရှင်၏ ပါးစပ်ထောင့်များ တွန့်ကွေးသွားကာ သူ၏အပြုံးသည် ပို၍ပင် မှုန်မှိုင်းလာသည်။

"ချင်ယွင်၊ မင်းက ငါ့သား လျူဖင်းရှန်ကိုသတ်ခဲ့တယ်၊ ဒီနေ့ မင်းက ငါ့မွေးစားသားကို သတ်ချင်နေခဲ့တယ်၊ မင်း ငါ့လျူကလန်နဲ့အတူ အဆုံးသတ်တော့မှာလား။" လျူထန်းရှင်က အေးစက်စွာပြောပြီး သူ့မျက်လုံးထဲမှာ သတ်ပစ်ချင်စိတ်တွေ ပေါ်လာသည်။

"ခင်ဗျားရဲ့လျူကလန်က ကျုပ်နဲ့ကျုပ်အစ်မကို အရင်သတ်ချင်နေတာလေ။ ခင်ဗျားတို့ရဲ့ လက်အောက်ငယ်သားတွေကိုလည်း လူတွေကို အနိုင်ကျင့်ခွင့် ပြုထားတယ်။ ကျုပ်က ကောင်းကင်ဘုံကိုယ်စား လှုပ်ရှားပေးလိုက်တယ်ဆိုရင်ရော ဘာဖြစ်လဲ။" ချင်ယွင်က မောက်မာစွာ ပြန်ဖြေသည်။

"ဟား၊ ဟား၊ ဘယ်လို ကောင်းကင်လမ်းစဉ်မျိုးလဲ!" လျူထန်းရှင်က ဟက်ဟက်ပက်ပက် ရယ်မောလိုက်ပြီး သူ၏မျက်နှာသည် လုံးဝအေးစက် သွားသည် ။ သူသည် အမှန်တကယ်ဒေါသထွက်သွားပြီး "မင်းက ကောင်းကင်လမ်းစဥ်ကို လျှောက် မှာ မဟုတ်ဘူးလား။ ပြီးတော့ မင်းကို ပြောပါရစေ၊ ဒါချင်နင်းမြို့၊ ဒီနေရာမှာ ငါ့လျူကလန်က ကောင်းကင်ဘုံပဲ၊ မင်း ငါ့လျူကလန်ကို စော်ကားရင် မင်းအတွက် အဆုံးသတ်တခုပဲ ရှိလိမ့်မယ်။ အဲဒါက ... သေခြင်းပဲ!"

ထိုစကားကို ပြောပြီးနောက် လျူထန်းရှင်၏ အော်ရာသည် ပြင်းထန်စွာ ထွက်ပေါ် လာပြီး သူ၏ ၀တ်ရုံများသည် အဆက်မပြတ် တုန်လှုပ်သွားကာ ပြိုင်ဘက်ကင်းသည့် အရိပ်အယောင်များ ထွက် ပေါ်လာသည်။

"မျိုးနွယ်စုသခင်က ကိုယ်တိုင် လှုပ်ရှားတော့မှာလား? ဒီချင်ယွင်က အရမ်းကို မောက်မာလွန်းတယ်၊ အခုတော့ သူသေသွားပြီပေါ့!"

လျူကလန်၏ ပတ်ဝန်းကျင်ရှိ တပည့်များသည် လျှို့ဝှက်စွာ ထိတ်လန့်နေကြပြီး ချင်ယွင်ကို သူတို့၏ အကြည့်များက အထင်အမြင်သေးခြင်းများဖြင့် ပြည့်နှက်နေ သည်။

သူတို့၏ နှလုံးသားထဲတွင် လျူထန်းရှင်သည် လျှို့ဝှက်ဆန်းကြယ်သော အကြီးအကဲမှ လွဲပြီး လျူကလန်၏ နံပါတ်တစ်ကျွမ်းကျင်သူ ဖြစ်သည်။ထို့အပြင် သူတို့ရှေ့မှာ ရှိနေသည့် လေးစားမူကင်းမဲ့သည့် ချင်ယွင်သည် သိုင်းပညာရှင်နယ်ပယ် အဋ္ဌမအဆင့် ကောင်းကင်အလွှာမှာပဲ ရှိသေးသည်။ သူတို့ကြားက ခြားနားချက်က နယ်ပယ် တစ်ခုလုံး ဖြစ်ပြီး သူတို့ကြားက ကွာဟချက်က လုံးဝပြန်ပြင်လို့ မရသည့်အရာ ဖြစ်သည်။

"ဟမ့်, ချင်ယွင်၊ ငါ့မွေးစားအဖေက ကိုယ်တိုင်အရေးယူမှတော့ ဒီနေ့ မင်းသေမှာ သေချာတယ်!"

လျူဗြောင်၏ မျက်လုံးများသည် ရက်စက်မှု အရိပ်အယောင်များဖြင့် တောက်ပ လာသည်။ အစောပိုင်းက သူ့အပေါ် ချင်ယွင်၏ အရှက်ခွဲမှုသည် သူ၏ နှလုံးသားထဲ တွင် ချင်ယွင်ကို အကြီးအကျယ်မုန်းတီးသွားစေခဲ့သည်။

"ခင်ဗျား ကျုပ်ကို ဒီမှာ ထားနိုင်တာ သေချာရဲ့လား" ချင်ယွင်၏ ပါးစပ်ထောင့်တွင် လှောင်‌ပြောင် သရော်ပြုံးတခုရှိနေသည်။ သူ၏လက်ထဲတွင် ရှောင်ဘိုင်ဆိုသည့် ဝှက်ဖဲကို ကိုင်ဆောင်ထားပြီး လျူထန်းရှင်ပင်တားဆီးနိုင်မည်မဟုတ်။

"မင်းက မာနကြီးတုန်းပဲ။ ငါ့ရဲ့ လျူကလန်က မင်းဆန္ဒရှိတဲ့တိုင်း ဝင်လို့ရတဲ့နေရာ မဟုတ်ဘူးဆိုတာ မင်းကို ဒီနေ့ ငါ ပြောပြမယ်။"

လျူထန်းရှင်သည် သူ၏မျက်လုံးများကို ကျဉ်းမြောင်းလိုက်ပြီး ချင်ယွင်ဆီသို့ အရှိန်အဟုန်ပြင်းပြင်းဖြင့် ပစ်၀င်လိုက်သည်။ မျက်စိတစ်မှိတ်အတွင်းမှာပဲ သူသည် ချင်ယွင်ရှေ့ကို ရောက်လာသည်။

"ဘယ်လောက်မြန်လိုက်လဲ!"

ချင်ယွင်သည် ချက်ချင်းပင် ထိတ်လန့်သွားပြီး နောက်ပြန်ဆုတ်ရန် လေအရိပ် ခြေလှမ်းများကို အသုံးပြုလိုက်ရသည်။

All Chapters