← Chapters

ကျားအရေခွံကို ဆွဲထုတ်ခြင်း။

Vol. 3 Ch. 34

ကျားအရေခွံကို ဆွဲထုတ်ခြင်း။

Vol. 3 Ch. 34

အခန်း (၃၄) ကျားအရေခွံကို ဆွဲထုတ်ခြင်း။

ချင်ယွင်၏အသံသည် လျူထန်းရှင်၏ နှလုံးသားကို လေးလံသောတူဖြင့် ထုရိုက်လိုက်သည်နှင့် တူသည်။ သူသည် ချင်ယွင်ကို အစိတ်ပိုင်းတစ်သောင်းအထိ အပိုင်းပိုင်းခွဲပစ်ရန် ဆန္ဒရှိသော်လည်း ချင်ယွင်၏ နောက်ကွယ်ရှိ ဧရာမ စပါးအုံးဖြူကြီးကို မြင်လိုက်ရသောအခါတွင် ပြင်းထန်သော ကြောက်ရွံ့မှုတစ်ခု ထွက်ပေါ်လာသည်။

"ဒီဆိတ်သုဉ်းခြင်းသားရဲက ထူးခြားတယ် ။ သူ့ရဲ့အစွမ်းက အနည်းဆုံး စတုတ္ထအဆင့် ကောင်းကင်အလွှာ သိုင်းဂိုဏ်းချုပ်တစ်ယောက်နှင့်ညီမျှတယ်။ ဒါပေမယ့် ဒီလို အင်အားကြီးတဲ့ ဆိတ်သုဉ်းခြင်းသားရဲက ချင်ယွင်ဆီမှာ ဘယ်လိုလုပ် လက်အောက်ခံ အဖြစ် နေနိုင်မှာလဲ"

လျူထန်းရှင်၏ မျက်လုံးများသည် ရန်လိုခြင်း မရှိ၍ မဟုတ်ပေ။ သူ၏ရှေ့မှ စပါးအုံးဖြူကြီး၏ ထူးခြားတဲ့အသွင်အပြင်ကို အကြည့်တစ်ချက်ဖြင့်ပင် မြင်နိုင်ပေ မယ့် ဤကဲ့သို့ အစွမ်းထက်သည့် ဆိတ်သုဉ်းခြင်းသားရဲကို ချင်ယွင်လိုသေးငယ်သည့် သိုင်းပညာရှင်ငယ်လေးက ဘယ်လို ထိန်းချုပ် ထားသလဲဆိုသည်ကို သူ နားမလည်နိုင်ပေ။

ရုတ်တရက် လျူထန်းရှင်၏ ခန္ဓာကိုယ်သည် ဖြစ်နိုင်ချေတခုကိုတွေးရင်း တုန်ယင်သွား သည်။

ချင်ယွင်၏နောက်ကွယ်တွင် ကျွမ်းကျင်ပညာရှင်တစ်ဦး အမြဲရှိခဲ့ပြီး ဤကျွမ်းကျင် ပညာရှင်သည် အနည်းဆုံး သိုင်းဂိုဏ်းချုပ်နယ်ပယ် စတုတ္ထအဆင့် ကောင်းကင်အလွှာတွင် ရှိလိမ့်မည်။ သို့မဟုတ် သိုင်းမြို့စားနယ်ပယ်တွင်ပင် ဖြစ်ကောင်းဖြစ်နိုင်သည်။

ဤရုတ်တရက် အတွေးက လျူထန်းရှင်အား ချွေးအေးများ ချွဲနစ်သွား‌စေသည်။

အကယ်၍သာ ဤအတိုင်း မှန်ကန်ပါက ချင်ယွင်ကို ရန်စခြင်းက ချင်ယွင်၏ နောက်ကွယ်ရှိ ကျွမ်းကျင်သူများကို ဒေါသဖြစ် စေဖွယ်ရှိသည်။

"ချင်ယွင်၊ မင်းလို အဋ္ဌမအဆင့် ကောင်းကင်အလွှာသိုင်းပညာရှင်တ‌ယောက်က စတုတ္ထအဆင့်ကောင်းကင်အလွှာ သိုင်းသခင်တယောက်ကို တိုက်ခိုက်နိုင်တဲ့ တူညီတဲ့ရုပ်ခန္ဓာခွန်အားကို ပိုင်ဆိုင်နိုင်မယ်လို့ ငါထင်တယ်။ ဒါက မင်းတစ်ယောက် တည်းနဲ့ လေ့ကျင့်လို့ မရလောက်ဘူး။ မင်းရဲ့ဆရာက ဘယ်သူလဲလို့ ငါ သိချင်မိတယ်။ ?" လျူထန်းရှင်သည် နာကျင်မှုကို တောင့်ခံရင်း မတ်တပ်ရပ်လိုက်သည်။

ချင်ယွင်က ပြုံးပြီး လျူထန်းရှင်၏ ရည်ရွယ်ချက်ကို ချက်ချင်း နားလည်သွားသည်။

ခင်ဗျားက ကျုပ်နောက်ခံကို သံသယရှိနေတာလား။

ဒါဆိုလည်း ခင်ဗျားဆန္ဒအတိုင်း ဖြစ်ရပါ့မယ်။

ချင်ယွင်က သူ၏လည်ချောင်းကို ရှင်းထုတ်ပြီး "ခင်ဗျား ခန့်မှန်းတာ မှန်ပါတယ်။ ကျုပ်မှာ အစွမ်းထက်တဲ့ ဆရာတစ်ယောက်ရှိတာပေါ့။ ကျုပ်အစ်မရဲ့ ကိုယ်ရေး အချက်လက်ကိုရော ခင်ဗျားသိရဲ့လား။ သူမက သိုင်းမြို့စား ချင်းယွန်ရဲ့ သမီးပဲ။"

လျူထန်းရှင်သည် ချက်ချင်းပင် ထိတ်လန့်သွားသည်။ မိုးပြာတိမ်တိုက် သိုင်းမြို့စား၏ သမီး။ (မိုးပြာတိမ်တိုက်ဟူသည် ချင်းယွန်ကို မြန်လိုရေးထားခြင်း ဖြစ်ပါသည်. နောက်ပိုင်း ပါသည့်အတိုင်း ရေးသားပါမည်။)

ချင်ယွင်၏ဆရာသည် မိုးပြာတိမ်တိုက်သိုင်းမြို့စားများ ဖြစ်နေမလား။

ယခုအတိုင်းသာဆိုရင် ချင်ယွင်သည် သေချာပေါက် သူ ရန်စလို့ရမည့်သူ မဟုတ်ပါဘူး။

သိုင်းဂိုဏ်းချုပ်နယ်ပယ် အထက်တွင် သိုင်းမြို့စားနယ်ပယ် ဖြစ်သည်။ သို့ပေမယ့် သိုင်းမြို့စားအဆင့်ကျွမ်းကျင် ပညာရှင်များစွာ ရှိပါသည်။ သိုင်းမြို့စားအဆင့် ကျွမ်းကျင်ပညာရှင်တိုင်းကို အင်ပါယာမှ မြို့စားရာထူး ပေးခြင်းမျိုးမရှိပါဘူး။ သိုင်းမြို့စားချင်းယွန်ကဲ့သို့ တည်ရှိမူမျိုးသည် ယေဘုယျအားဖြင့် ထူးချွန်သော သိုင်းမြို့စားအဆင့်ကျွမ်းကျင်သူတစ်ဦး ဖြစ်သည်။ သူ၏စွမ်းအားသည် သိုင်းဧကရာဇ် အဆင့် ကျွမ်းကျင်သူများ အောက်သာ နိမ့်ကျပါသည်။

လျူထန်းရှင်၏ မျက်နှာပေါ်ရှိ အမူအရာမှာ အလွန်ညှိုးငယ်သွားသည်။

မစင်စားမိသည့်အလား ဖြစ်ပျက်နေသည့် လျူထန်းရှင်၏ မျက်နှာပေါ်ရှိ အမူယာကို မြင်လိုက်ရသည့်အခါ ချင်ယွင်သည် မရယ်မောဘဲ မနေနိုင်တော့။

"ခင်ဗျား ကျုပ်ကိုမယုံရင် စုံစမ်းကြည့်ဖို့ တစ်ယောက်ယောက်ကို လွှတ်လိုက် နိုင်တယ်။ ငါ့အစ်မကို သိုင်းမြို့စားချင်းယွန်ရဲ့စီရင်စုမှလူတွေက အဝေးကို ပြန်ခေါ်သွားကြပြီ။" ချင်ယွင်က လျူထန်းရှင်ကို သံသယမ၀င်အောင် ကြားဖြတ်ပြီး ထပ်ပြောလိုက်သည်။

လျူထန်းရှင်၏ မျက်နှာပေါ်ရှိ အမူအရာသည် မသေချာသလိုဖြစ်‌နေရာမှ ဖော်မပြနိုင် လောက်ပင် ရုပ်ဆိုးသွားသည်။

"သခင်လေးချင်က သိုင်းမြို့စားချင်းယွန်ရဲ့အစွမ်းထက် တပည့်တစ်ယောက် ဖြစ်မယ်လို့ ငါ မမျှော်လင့်ထားဘူး။ သခင်လေးချင်က ငယ်ငယ်ရွယ်ရွယ်နဲ့ ဒီလောက် သန်မာနေတာ အံ့သြစရာမရှိပါဘူး။" လျူထန်းရှင်သည်

သူ့မျက်နှာကို ပြုံးပြပြီး ပြောလိုက်သည်။

သူသည် ဤချင်ယွင်ကို အပိုင်းပိုင်း ဖြတ်တောက်နိုင်ရန် ဆန္ဒရှိသော်လည်း ချင်ယွင် သည် မိုးပြာတိမ်တိုက် သိုင်းမြို့စား၏အဖွဲ့၀င်တယောက် အမှန်တကယ် ဖြစ်နေပါက သူသည် လုံးဝ မလှုပ်ရှားနိုင်ပေ။ ထို့အပြင် ချင်ယွင်သည် ယခုအချိန်တွင် အဆင့်သုံး ဆိတ်သုဉ်းခြင်းသားရဲ၏ အကာအကွယ်ကိုလည်း ရရှိနေပြီဖြစ်သည်။ အကယ်၍ သူသည် သူ့ကိုသတ်ချင်သည် ဆိုလျှင်ပင် တော်၀င်အကြီးအကဲ၏တိုက်ခိုက်ခြင်းကိုပင် ခံရလိမ့်မည်။

ထို့အပြင် လျူကလန်သည် အန္တရာယ်အတွင်းသို့ အမှန်တကယ် ကျရောက်နေခြင်း မဟုတ်ပါက၊ သူမသည် ပေါ့ပေါ့ဆဆ လှုပ်ရှားမည်မဟုတ်ကြောင်း ပထမ အကြီးအကဲက ပြောကြားထားသည်။ ထို့အပြင် ပထမတော်၀င်အကြီးကဲသည် သဲလွန်စမရှိဘဲ ရောက်လာတတ်ပြီး ယခုအချိန်တွင် သူမ မည်သည့်နေရာ ရောက်နေမှန်းပင် သူလည်းမသိပေ။

ထိုအချိန်မှာဘဲ ချင်ယွင်က "ကောင်းပြီ၊ ချင်းယွမ်မြို့ရဲ့ မြို့သခင်ရန်ကျန်းက အခု ငါ့ယောက္ခထီး ဖြစ်သွားပြီ။ သူက သူ့သမီးနဲ့ကျုပ်ကို လက်ထပ်ပေးပြီးပြီ။ ပြီးတော့ သူ့သမီးကို သိုင်းမြို့စားဘိုင်ယွန်က တိုက်ရိုက်တပည့်အဖြစ် လက်ခံထားတဲ့ကိစ္စကို လျူကလန်ရဲ့မျိုးနွယ်စုခေါင်းဆောင်က သိထားပြီး ဖြစ်ရမယ်"။

လျူထန်းရှင်၏နှလုံးသည် နောက်တကြိမ် ဆွဲထုတ်ခံလိုက်ရပုံ‌ပေါ်သည်။ ချင်းယွမ်မြို့သခင်၏ သမီးကို သိုင်းမြို့စားဘိုင်ယွန်မှ တိုက်ရိုက်တပည့်အဖြစ် လက်ခံထားခြင်းကိစ္စကို သူ အမှန်တကယ် သိထားသော်လည်း ချင်ယွင်သည် ချင်းယွမ်မြို့သခင်၏ သားမက်ဖြစ်လာကြောင်းကိုတော့ သူလည်း မသိပေ။

အရင်က ဒီကောင်လေးကို လူအတ‌ယောက်လို့ မပြောခဲ့ကြဖူးလား။ ဘာကြောင့် သူက သိုင်းမြို့စားနှစ်ယောက်နဲ့ ရုတ်တရက် ပါဝင် ပတ်သတ်သွားရတာလဲ။ သိုင်းမြို့စားချင်းယွန် သို့မဟုတ် သိုင်းမြို့စားဘိုင်ယွန် ဖြစ်ပါစေ၊ သူတို့ထဲမှ တစ်ယောက်ကပင် သူ့လျူကလန်ကို ပုရွက်ဆိတ် တစ်ကောင်လို သတ်ပစ်နိုင်သည်။

လျူထန်းရှင်၏ အမူယာသည် ဝက်အသည်းကဲ့သို့ ရုပ်ဆိုးအကျည်းတန် နေသည်ကို မြင်လျှင် ချင်ယွင်သည် သူ၏နှလုံးသားထဲတွင် ရယ်မောလိုက်သည်။ ကျား၏အရေခွံ သည် ဤမျှလောက် နှစ်သက်စရာ ကောင်းလိမ့်မည်ဟု သူ မမျှော်လင့်ထားပေ။

အတိတ်မှာတုန်းက သူသည် အင်မော်တယ်ဧကရာဇ်မင်းမြတ်၏ တန်ဖိုးအရှိဆုံး သားတော်ဖြစ်ခဲ့ပါသည်။ သူသည် မည်သည့်နေရာကိုသွားသွား တခြားလူများသည် ခွေးတွေလို သူ့ကို မျက်နှာသာပေးကြလိမ့်မည်။ သို့သော် ထိုခံစားချက်သည် ဤကဲ့သို့ မဟုတ်ပေ။ ယခုခံစားချက်က သူ့ကို အရမ်း လန်းဆန်းသွားစေသည်။

သိုင်းမြို့စားချင်းယွန်နှင့် သိုင်းမြို့စားဘိုင်ယွန်တို့နှစ်‌ယောက်စလုံးသည် သူနှင့် ဘာမှ မဆက်နွယ်ကြောင်း သူ သိသည်။ အကယ်၍ ဆက်နွှယ်လာမည်ဆိုပါက အနာဂတ်တွင် ရန်လိုသောဆက်ဆံရေးတစ်ခုသာ ဖြစ်လာနိုင်သည်။ သူ့အတွက် ရပ်တည်‌ပြီး သူ့ကိုကူညီပေးဖို့က ပိုလို့တောင် မဖြစ်နိုင်ပါဘူး။ အကယ်၍ အမှန်တကယ် သူသေသွားမယ်ဆိုရင်တောင် သူတို့က ဂရုစိုက်မှာမဟုတ်ပါဘူး။

ယခု ချင်ယွင်သည် ကျား၏အရေခွံကိုခွာပြီး ( အကာကွယ်ရရန်) အသုံးပြုခဲ့သည်။ ထို့အပြင် ၎င်းသည် လျူထန်းရှင်ကို အမှန်တကယ် ခြိမ်းခြောက်နိုင်ခဲ့သည်။ ဤခံစားချက်သည် ဖော်မပြနိုင်လောက်အောင် ကျေနပ်စရာကောင်းနေသည်။

"မျိုးနွယ်စုသခင်လျူ ၊ ခင်ဗျားကို နောက်တစ်ကြိမ် မေးပါရစေ၊ ခင်ဗျားရဲ့ လျူမိသားစုက ကျုပ်အိမ်နီးချင်း ဒုတိယဖက်တီးကို ဖမ်းသွားခဲ့လား" ချင်ယွင်က ရုတ်တရက် အေးစက်စွာပြောလိုက်သည်။

ချင်ယွင်၏နောက်တွင် ရှောင်ဘိုင်သည် လျူထန်းရှင်ကို အေးစက်စွာ စိုက်ကြည့်ကာ မြွေစာအား မျိုချလိုက်သည်။ သူ လိမ်ညာပြောနေသရွေ့ ၎င်းက ချက်ခြင်းပင် တိုက်ခိုက်လာမည်ဟု ထင်ရသည်။ ယင်းက လျူထန်းရှင်၏ နောက်ကျောကို အေးခဲသွားစေသည်။

"မဟုတ်ဘူး၊ ငါတို့က အဲဒီဖက်တီးကောင်ကို သေချာ‌ပေါက် မဖမ်းပါဘူး။ ငါတို့ကို ကျဉ်းထဲကျပ်ထဲပို့ပြီး မင်းကို ငါတို့ လျူကလန်နဲ့ရင်ဆိုင်စေချင်တဲ့ လင်းကလန် ဒါမှမဟုတ် ၀မ်ကလန်ကလူတွေပဲ ဖြစ်ရမယ်။ ဟုတ်သားပဲ။ လင်းကလန်နဲ့ ၀မ်ကလန်ရဲ့ လူငယ်တပည့်တစုဟာ လွန်ခဲ့တဲ့ ရက်အနည်းငယ်က ချင်နင်းမြို့ကို ရောက်ရှိလာပြီး အလျင်အမြန် ပြန်ထွက်ခွာသွားခဲ့တယ်လို့ တစုံတယောက်က သတင်းပို့ထားတယ်။ မင်းပြောခဲ့တဲ့ ဖက်တီးကောင်လေးကို သူတို့ ဖမ်းသွားခဲ့တာ ဖြစ်နိုင်တယ်" လျူထန်းရှင်က အဆောတလျင် ရှင်းပြသည်။

ချင်ယွင်၏ အကြည့်သည် သိမ်းငှက်နှင့်တူသည်။ လျူထန်းရှင်သည် လိမ်ညာပုံ မပေါ်သည်ကို မြင်လိုက်ရသဖြင့် ဤပြဿနာ၏ ဇစ်မြစ်ကို သူနားလည်သွားသည်။

"လင်းကလန်နဲ့ ၀မ်ကလန်, အရမ်း တော်နေကြတယ်ပေါ့၊ သူတို့က ငါ့ကို လျှို့ဝှက်လက်နက်အဖြစ် ဆက်ဆံရဲတယ်ပေါ့" ချင်ယွင်၏ မျက်နှာပေါ်တွင် ဒေါသအရိပ်အယောင်များ ပေါ်လာသည်။

လျူထန်းရှင်သည် တိတ်တဆိတ် သက်ပြင်းချလိုက်သည်။ ချင်ယွင်၏ နောက်ကွယ်မှ ဆိတ်သုဉ်းခြင်းသားရဲသည် အလွန်ကြောက်မက်ဖွယ် ကောင်းသော်လည်း ချင်ယွင်၏ မျက်လုံးများအတွင်းအကြည့်က သူ့တစ်ကိုယ်လုံးကို တုန်လှုပ်သွားစေခဲ့သည်။

"ဒါဆို သခင်လေးလျူရဲ့ သေဆုံးမူအတွက် လျူကလန်သလင်က ကလဲ့စား ချေချင်သေးလား?" ချင်ယွင်သည် လျူထန်းရှင်ကို သရော်ဟန်ဖြင့် မေးသည်။

ဒုတိယဖက်တီးကို လျူမိသားစုမှ ဖမ်းမထားသောကြောင့် လျူမိသားစုကို ရန်ငြိုးထားရန် မလိုအပ်တော့ပေ။ သေချာသည်မှာ၊ အကယ်၍ အနာဂတ်မှာ လျူမိသားစုကသာ သူ့နောက်ကို မဆုတ်မနစ် ဆက်လက် လိုက်နေမည်ဆိုလျှင် ယင်းအတွက် လျူမိသားစုကို အစုလိုက် အပြုံလိုက်သတ်ဖြတ်ရမည်ဆိုလျှင်လည်း သူ စိတ်အနှောင့်ယှက်ဖြစ်မှာ မဟုတ်ပါဘူး။

"မရှိတော့ဘူး၊ မရှိတော့ပါဘူး!" လျူထန်းရှင်သည် ချွေးဇောပြန်ကာ ပြန်ပြောရ သော်လည်း သူ၏စိတ်ထဲတွင် "သောက်ကောင်လေး, မင်းဘေးမှာ ကြောက်စရာ ကောင်းတဲ့ ဆိတ်သုဉ်းခြင်းသားရဲတစ်ကောင်ရှိ‌ နေတယ်လေ။ ငါ ကလဲ့စားချေချင် ရင်တောင် အခုချိန်မှာ ရွေးစရာမရှိသေးဘူးဟ။"

ချင်ယွင်က ရယ်မောလိုက်သည်။ လျူထန်းရှင်သည် လက်စားချေရဲမည် မဟုတ်ကြောင်း သူသိသော်လည်း ဒါကိုလက်ခံရန် သူ့အတွက် မဖြစ်နိုင်ပေ။ သူ၏ ကလေးငယ်တစ်ဦး သတ်ဖြတ်ခံရခြင်း၏ ရန်ငြိုးကို သူသည် မည်ကဲ့သို့ လွယ်ကူစွာ ဖယ်ရှားနိုင်မည်နည်း။

'"မင်း သတင်းပို့ချင်ရင် အနာဂတ်မှာ အချိန်မရွေး ငါ့ဆီလာခဲ့လို့ရတယ်။ ဒါပေမယ့် ဒီနေ့တော့ ငါ့စကားတွေကို ဒီမှာချန်ထားခဲ့မယ်။ မင်းရဲ့လျူကလန်က အနာဂတ်မှာ လှုပ်ရှာချင်ပြီး ငါ့ဘေးနားကလူတွေကို ထိခိုက်‌စေမယ်ဆိုရင် မင်းရဲ့လျူကလန်ကို ချင်နင်းမြို့ကနေ လုံးလုံးလျားလျား ပျောက်ကွယ် သွားအောင် ငါ လုပ်ရမယ်ဆိုရင် လည်း စိတ်အနှောက်ယှက်ဖြစ်မှာ မဟုတ်ဘူး" ချင်ယွင်က အေးစက်စွာပြောသည်။

ထိုသို့ပြောပြီးနောက် တံခါးဆီသို့ လျှောက်သွားလိုက်သည်။

ရှောင်ဘိုင်က အော်ဟစ်ပြီး စပါးအုံးမြွေအမြီးကို ဝှေ့ယမ်းလိုက်ရာ သူ၏နောက်က အိမ်တစ်ခုလုံး အပိုင်းပိုင်းကွဲသွားတယ်။ ထို့နောက် ချင်ယွင်နောက်သို့ လိုက်သွားခဲ့ သည်။

ချင်ယွင် လမ်းလျှောက်လာသည်ကို မြင်လိုက်ရသဖြင့် ပတ်ဝန်းကျင်ရှိ လျူကလန် ၏ တပည့်များသည် အလွန်ထိတ်လန့်သွားပြီး အမြန်ပြန်ဆုတ်ကာ သူ့အတွက် လမ်းဖယ်ပေးလိုက်ကြသည်။ သူတို့ကို မည်သူမှ မတားရဲကြပါဘူး။

လျူထန်းရှင်သည် လူတစ်ဦးနှင့် မြွေတစ်ကောင် ထွက်ခွာသွားသည်ကို ကြည့်ရင်း သူ၏နှလုံးသားသည် ရှင်းမပြနိုင်လောက်အောင် ရှုပ်ထွေးနေသည်။

ထိုအချိန်တွင် လျူထန်းရှင်အနားတွင် အနီရောင်အခိုးအငွေ့တစ်ခု ပေါ်လာပြီး လူရုပ်သွင်အဖြစ် ပေါင်းစပ်သွားသည်။

လျူထန်းရှင်သည် ဤလူကိုမြင်သောအခါတွင် ပျော်ရွှင်မှုအရိပ်အယောင်တစ်ခု ပေါ်လာပြီး သူသည် အလျင်အမြန် စကားပြောချင်လာသည်။

"မင်းပြောချင်နေတာတွေကို ငါသိတယ်။ အနာဂတ်မှာ မင်း ဒီချင်ယွင်ကို ရန်မစတာ ပိုကောင်းလိမ့်တယ်။ နောက်ပြီး မင်း ကလဲ့စားချေမယ့် အကြံစည်ကို လည်း လုံးလုံးရှင်းပစ်လိုက်ရင် ပိုကောင်းမယ် ။ ဒီလိုမှမဟုတ်ရင် မင်းရဲ့လျူကလန်ဟာ လောင်ကျွမ်းသွားလိမ့်မယ်"

လျူထန်းရှင်၏ ခန္ဓာကိုယ် တစ်ခုလုံးသည် မိုးကြိုး ပစ်ခံရသကဲ့သို့ထိုနေရာတွင်ပင် အံ့အားသင့်ကာ ရပ်နေမိ၏။

All Chapters