← Chapters

အနီရောင်ဝတ် အမျိုးသမီး

Vol. 3 Ch. 35

အနီရောင်ဝတ် အမျိုးသမီး

Vol. 3 Ch. 35

အခန်း (၃၅) အနီရောင်ဝတ် အမျိုးသမီး

လျူကလန်၏အိမ်မှ ထွက်ခွာပြီးနောက် ချင်ယွင်သည် ရှောင်ဘိုင်၏ခန္ဓာကိုယ်ကို တိုက်ရိုက်စီးပြီး မြောက်ဘက်သို့အမြန်ဆုံးထွက်ခွာသွားခဲ့သည်။

"အိုး၊ မင်းရဲ့သတိထားမှုက ဒီလောက်ပြင်းထန်လိမ့်မယ်လို့ ငါမမျှော်လင့်ထားဘူး။ ငါ့ရဲ့တည်ရှိနေမူကို မင်း တကယ်သိနိုင်ခဲ့တယ်"

ထိုအချိန်တွင် ချင်ယွင်၏ နားထဲတွင် စွဲဆောင်မှုရှိသော အသံတစ်ခု ရုတ်တရက် ထွက်ပေါ်လာသည်။ အနီရောင်အလင်းတန်းတစ်ခုသည် ချင်ယွင်ကို ဖြတ်ကျော်သွား ကာ သူ့နှင့်မနီးမ‌ဝေးတွင် အနီရောင်ဝတ် အမျိုးသမီးတစ်ဦးအဖြစ် စုစည်းသွားခဲ့သည်။

ချင်ယွင်သည် ရောက်လာသော လူကို စူးစူးစိုက်စိုက် ကြည့်သည်။

လျူကလန်မှာရှိတုန်းက သူသည် အမှောင်ထဲမှာ အစွမ်းထက်သည့် အငွေ့သက်တခု ကို သတိထားမိခဲ့သည်။ ၎င်းသည် အနည်းဆုံး သိုင်းဂိုဏ်းချုပ် နယ်ပယ် ဆဋ္ဌမအဆင့် ကောင်းကင်အလွှာမှာ ရှိနေသည်။ ထိုသို့မဟုတ်လျှင် သူသည် လျူထန်းရှင်နှင့်အတူ အဓိပ္ပာယ်မရှိသည့်စကားများ ပြောမနေဘဲ ရှောင်ဘိုင်ကို လျူထန်းရှင် ကြောက်လန့်သည်အထိ သတ်ပစ်ဖို့ တိုက်ရိုက် အမိန့်ပေးခဲ့ပါလိမ့်မည်။

လျူကလန်ထဲမှ သူထွက်သွားတော့ ထိုအ‌ငွေ့အသက်က သူ၏နောက်ကို လိုက်လာနေသည်ကို တွေ့လိုက်ရ‌သောကြောင့် ရှောင်ဘိုင်ကို သူနှင့်အတူ အမြန်ဆုံး ထွက်သွားဖို့ တောင်းဆိုခဲ့ရတာ ဖြစ်သည်။ သို့သော် ရှောင်ဘိုင်သည် ဤမျှ မြန်လိမ့်မည်ဟု သူ မမျှော်လင့်ခဲ့ပေ။ သူသည် မြို့ပြင်မှထွက်ပြေးပြီး အဆင်ပြေသော နေရာသို့ အရောက်လှမ်းနိုင်ခဲ့သည်။

ရှောင်ဘိုင်သည် အနီရောင်ဝတ်အမျိုးသမီး၏ ခြိမ်းခြောက်မှုကို သတိပြုမိပြီး သူ၏ အစွယ်များကို ထုတ်ဖော်လိုက်သည်။ နီမြန်းသော သူ၏မျက်လုံးများက အနီရောင်၀တ် အမျိုးသမီးကို စိုက်ကြည့်ကာ ဆက်၍ ဟစ်အော်သည်။

"တိရိစ္ဆာန်ကောင်၊ ထွက်သွားစမ်း!" အနီရောင်၀တ်အမျိုးသမီးက ဒေါသတကြီးအော် သည်။ သူမ သူ၏၀တ်စုံလက်မောင်းကို ဝှေ့ယမ်းလိုက်ပြီး အနီရောင်အလင်းတန်းက ရှောင်ဘိုင်၏အကြေးခွံများကို ထိမှန်သွားသည်။

ရှောင်ဘိုင်၏ အကြေးခွံများသည် ပေါက်ကွဲသွားပြီး သူ၏အရေပြားနှင့် အသားစများ ကွဲထွက်သွားပြီး သွေးများ စီးထွက်လာသည်။

"ရှောင်ဘိုင်,!"

ချင်ယွင်သည် အံ့သြသွားသည်။ ရှောင်ဘိုင်၏ ခွန်အားသည် သိုင်းဂိုဏ်းချုပ် နယ်ပယ် စတုတ္ထအဆင့် ကောင်းကင်အလွှာတွင်သာရှိသော်လည်း သူ့ခန္ဓာကိုယ်ရှိ အကြေးခွံများ သည် အလွန်မင်း အဆင့်မြင့်မားသည်။ သာမန် ဆဋ္ဌမအဆင့် ကောင်းကင်အလွှာ သိုင်းဂိုဏ်းချုပ်များပင် ဖြတ်ကျော်နိုင်မည်မဟုတ်ပေ။ သို့တိုင် အနီရောင်ဝတ် အမျိုးသမီးသည် ရှောင်ဘိုင်ကို ပေါ့ပေါ့တန်တန် ရိုက်ချက်ဖြင့် ပြင်းထန်စွာ ဒဏ်ရာရစေခဲ့သည်။

"သိုင်းဂိုဏ်းချုပ်နယ်ပယ် နဝမအဆင့် ကောင်းကင်အလွှာ" ၎င်းသည် နဝမအဆင့် ကောင်းကင်အလွှာ သိုင်းဂိုဏ်းချုပ်တစ်ယောက်၏ စွမ်အားဖြစ်သည်မှာ သေချာပါ သည်။

ချင်ယွင်က အနှိုင်းမဲ့ ထိတ်လန့်သွားသည်။ လျူကလန်တွင် ဤမျှ အစွမ်းထက်သော ကျွမ်းကျင်ပညာရှင် ရှိလိမ့်မည်ဟု သူ မထင်ခဲ့ပေ။

"ခင်ဗျားက လျူမိသားစုက မဟုတ်ဘူးမလား" ချင်ယွင်က အနီရောင်၀တ် အမျိုးသမီး ကို အေးစက်စွာ ကြည့်ပြီး ပြောသည် ။

နဝမအဆင့် ကောင်းကင်အလွှာ သိုင်းဂိုဏ်းချုပ်တစ်ယောက်ကို ရင်ဆိုင်တုံ့ပြန်ရန် သူ့မှာ ခွန်အားနည်းနည်းလေးမှ မရှိခဲ့ပါဘူး။ ထို့အပြင် တဖက်လူက သူ့ကို သတ်ချင်ပုံ မပေါ်။ အကယ်၍ သူမသာဆန္ဒရှိရင် လျူကလန်မှာရှိကတည်းက သူ့ကို အလွယ်တကူ သတ်ပစ်နိုင်ပါသည်။ ထို့ကြောင့် ချင်ယွင်က သူမသည် လျူကလန်က မဟုတ်ဘူးဟု ကောက်ချက်ချခဲ့ခြင်း ဖြစ်သည်။ ယင်းက သူ့အတွက် ရှင်သန်ဖို့ အခွင့်အလမ်း ရှိနေသေးသည်ဟု ခံစားရစေသည်။

"မောင်လေး၊ မင်းက အရမ်းဉာဏ်ကောင်းတာဘဲကွယ်။ မင်း ခန့်မှန်းတာ မှန်တယ်၊ ငါက လျူကလန်က မဟုတ်ဘူး" အနီရောင်၀တ် အမျိုးသမီးက ချစ်စရာ ကောင်းစွာ ပြုံးပြသည်။

ချင်ယွင်သည် ရုတ်တရက် သူ၏ဆံပင်များ အဆုံးထိ ထောင်သွားသည်ဟု ခံစားလိုက်ရ သည်။ သူ၏ ရှေ့မှ အနီရောင်၀တ် အမျိုးသမီးသည် ဆွဲဆောင်မှု ရှိလွန်းသည်။ သူ့ကို ယခုလိုလေသံနှင့် ပြောလာတော့ သူ၏တစ်ကိုယ်လုံးရှိ အမွေးအမျှင်များ ထောင်သွားသလို ခံစားလိုက်ရသည်။

"ခင်ဗျားက လျူကလန်ကမဟုတ်ဘူးဆိုကတည်းက ငါတို့အနေနဲ့ ဟန်ဆောင် မျက်နှာဖုံးတွေ စွပ်ထားစရာ မလိုတော့ဘူးပေါ့။ ငါတို့မှာ အရင်က ရန်ငြိုးရန်စတွေ မရှိခဲ့တာ သေချာတယ်။ ဒီတော့ ခင်ဗျားက ကျုပ်ကို ဘာလို့ လာရှာနေတာ လဲ" ချင်ယွင်က ရဲရင့်စွာ ပြောလိုက်သည်။

"မင်းက သိပ်ဉာဏ်‌ကောင်းတယ်မလား။

ခန့်မှန်းကြည့်လေ ။" အနီရောင်၀တ်အမျိုးသမီးသည် ချစ်စရာကောင်းစွာ ပြုံးနေခဲ့ သည်။

"ခင်ဗျား ကျုပ်ကို စိတ်ကူးယဉ်နေတာလို့တော့ မပြောနဲ့နော်!" ချင်ယွင်သည် မျက်လုံးများကို လှိမ့်ကစားလိုက်သည်။ အနီရောင်၀တ် အမျိုးသမီး၏ လုပ်ရပ်ကို သူ အမှန်တကယ်ကို သည်းမခံနိုင်တော့။

"ဟား၊ ဟား!" အနီရောင်၀တ် အမျိုးသမီးသည် ကျယ်လောင်စွာ ရယ်မောပြီး ချင်ယွင်ကို ချစ်စရာကောင်းသော အကြည့်တစ်ချက် ပစ်လွှတ်လိုက်သည်။

ချင်ယွင်သည် မျက်လုံးပြူးသွားပြီး သူ၏တစ်ကိုယ်လုံး တုန်လှုပ်သွားသလို ခံစားလိုက်ရသည်။ သူသည် အလွန်ထိတ်လန့်သွားပြီး ခြေလှမ်းအနည်းငယ်ပင် နောက်ပြန်ဆုတ်သွားသည်။ သူ၏ရှေ့မှ ဤအမျိုးသမီးသည် ဆွဲဆောင်မှုရှိပြီး ရက်စက်လွန်းသဖြင့် သူမသည် အနက်ရောင်မုဆိုးမ အစိမ်းရောင် ဝါးရွက်နှင့် တူသည်။ သူမကို လုံးဝ စိတ်မဆိုးနိုင်ပေ။

"ဘာတွေ ကြောက်နေတာလဲ?" အနီရောင်၀တ် အမျိုးသမီးက ပြုံးပြသည်။

ချင်ယွင်၏ ခေါင်းထဲတွင် ဘာမှမရှိသလို ဟာလာဟင်းလင်း ဖြစ်သွားပြီး "ဟုတ်တယ် ငါကြောက်တယ်။ ညဘက် အိပ်မက်ဆိုးတွေ မက်မှာ ကြောက်တယ်" ဟု မကျေမနပ် ပြောလိုက်သည်။

"ဟား၊ ဟား!" အနီရောင်၀တ် အမျိုးသမီးသည် ကျယ်လောင်စွာ ရယ်မောလိုက် ပြန်သည်။ ထို့နောက် သူမသည် အလွန်မင်းလောဘကြီးသော အမူအရာဖြင့် ပြုံးပြပြီး "ဘယ်လောက်တောင် ကြီးကျယ်လိုက်တဲ့ ရုပ်ပိုင်းဆိုင်ရာ ခန္ဓာကိုယ် ကြီးလဲ။ အနှစ်သာရ စွမ်းအင်တွေကလည်း ပေါများလိုက်တာ။ ရှားပါးတဲ့ စားစရာတစ်ခုပဲ။ မင်း ငါ့နောက်လိုက်ပြီး အစ်မကြီးနဲ့အတူ ကျိုးကျိုးနွံနွံ ကျင့်ကြံမယ်ဆိုရင် ဒီအစ်မကြီးက မင်းကို ကောင်းကောင်းဆက်ဆံမယ်လို့ ကတိပေးတယ်"။

"ဗြွတ်၊ ကောင်းကောင်းဆက်ဆံမှာလား!" ချင်ယွင် ကျိန်ဆဲလိုက်သည်။

အနီရောင်၀တ်အမျိုးသမီးက ဒေါသမထွက်ဘဲ “မင်းမစမ်းကြည့်ချင်ဘူးလား” လို့ ဆက်ပြီး ဆွဲဆောင်နေပါသည်။

'"ခင်ဗျားက ဆွဲဆောင်ခြင်းနည်းစနစ်ကို ကျင့်ကြံနေတာကို ကျုပ်မသိဘူးလို့ ခင်ဗျားထင်နေလား"။ ခင်ဗျားက ကျင့်ကြံတယ်လို့ ပြောပေမယ့် အမှန် တကယ်တော့ ခင်ဗျားက ကျုပ်ကို ခင်ဗျားရဲ့ ဆေးပေါင်းအိုး ဖြစ်စေချင်တာ မဟုတ်လား။ ကျုပ်သာ ခင်ဗျားနဲ့အတူ ပူပေါင်းပြီးကျင့်ကြံရင် နောက်ဆုံး ရလာဒ်က ပင်ပန်းပြီး ကျုပ်ရဲ့ အနှစ်သာရစွမ်းအင်တွေ ကုန်ဆုံးကာ သေဆုံးခြင်း ဖြစ်သွားလိမ့်မယ် " ချင်ယွင်က အထင်သေးဟန်ဖြင့် ရယ်မောလိုက်သည်။

အရင်ကတည်းက ဒီအမျိုးသမီးဟာ တစ်ခုခုမှားနေပြီဟု သူအမြဲတမ်း ခံစားခဲ့ရ သည်။ သူမ ထုတ်လွှတ်လိုက်သည့် စွဲဆောင်မှုအငွေ့အသက်က မူမမှန်လွန်း ပါဘူး။ ယခုမူ၊ ၎င်းသည် မူလကတည်းက မိစ္ဆာလမ်းစဉ် ကျင့်ကြံသူများ အသုံးပြုသည့် ဆွဲဆောင်ခြင်းနည်းစနစ်တစ်ခုဖြစ်ကြောင်း နောက်ဆုံး သူ နားလည်ခဲ့သည်။

ယေဘုယျအားဖြင့်ပြောရလျှင် ဤကျင့်ကြံခြင်းနည်းစနစ်သည် အမျိုးသမီးများကိုသာ ကျင့်ကြံခွင့်ပေးသည်။ အလွန်ရက်စက်ကြမ်းကြုတ်သည်။ အမျိုးသားများသည် သူမတို့ ၏ ခွန်အားကို မြှင့်တင်ရန်အတွက် သူတို့၏အနှစ်သာရ စွမ်းအင်ကို စုပ်ယူကာ ဆေးပေါင်းအိုးအဖြစ် သဘောထားကြသည်။ ယန်စွမ်းအင် စုပ်ယူခံရသည့် ( အမျိုးသာ) ဆေးပေါင်းအိုးအတွက်မူ များသောအားဖြင့် ခြောက်သွေ့ပြီး သေဆုံးသွားတတ်ကြ သည်။ ထို့ကြောင့် ဤနည်းစနစ်ကို ကျင့်ကြံသော အမျိုးသမီးများသည် ယေဘုယျအား ဖြင့် ဤကမ္ဘာကြီးက လက်မခံပေ။ တွေ့သည့်လူတိုင်းက သတ်ပစ်ကြလိမ့်မည်။

အနီရောင်ဝတ် အမျိုးသမီးသည် န၀မအဆင့် ကောင်းကင်အလွှာ သိုင်းဂိုဏ်းချုပ် နယ်ပယ်သို့ရောက်ရှိရန် ဆေးပေါင်းအိုးများစွာမှ ယန်ချီ အများအပြားကို စုပ်ယူထားရ မည် ဖြစ်သည်။ ဤဆေးပေါင်းအိုးများကို ရယူရန်အတွက် သူမသည် ဤဝေးလံ ခေါင်သီသော ချင်နင်းမြို့ လျူကလန်တွင် နေခဲ့ရခြင်းဖြစ်ပေလိမ့်မည်။

"သြော် ,မင်းက နည်းနည်းပါးပါး သိထားတယ်ပေါ့။ အစ်မကြီးက မင်းကို တကယ်လျှော့တွက်ထားမိတယ်။" အနီအနီရောင်၀တ် အမျိုးသမီးက ရယ်မောလိုက် သည်။

"ဟမ့်!" ချင်ယွင်က အထင်သေးဟန်ဖြင့် အေးစက်စွာ နှာခေါင်းရှုတ်လိုက်သည်။

ရုတ်​တရက်​ သူ၏အမူအရာ ​ပြောင်းသွားကာ နောက်ကို အမြန်​ပြန်​ဆုတ်​သွားသည်​။

ထို့နောက် အရာအားလုံးက အချည်းနှီး ဖြစ်သွားရသည်။ သူ၏ရှေ့မှာ အနီရောင် အခိုးအငွေ့များ ရုတ်တရက် ပေါ်လာသည်။ လက်တစ်ဖက်က အနီရောင် အခိုးအငွေ့ကြားမှ ဆန့်ထွက်ကာ ချင်ယွင်၏ ရင်ဘတ်ကို တိုက်ရိုက် ရိုက်ချလိုက် သည်။

ချင်ယွင်သည် သူ၏ရင်ဘတ်ပေါ်ကို သံတူကြီးဖြင့် ထုရိုက်သွားသကဲ့သို့ ခံစားရသည်။ သူသည် မီတာတစ်ရာနီးပါး နောက်သို့ လွင့်ပျံသွားခဲ့ပြီး သူ၏ ရင်ဘတ်တွင် နစ်၀င်သွားကာ သွေးများ ပြင်းထန်စွာ အန်ထွက်ခဲ့သည်။

"ရွှီး ရွီး!" ချင်ယွင် ဒဏ်ရာရနေသည်ကိုမြင်တော့ ရှောင်ဘိုင်က ဟောက်ပြီး ခရမ်းရောင် လျှပ်စီးများကို ထွေးထုတ်ကာ အနီရောင်၀တ်အမျိုးသမီးကို တိုက်ခိုက်လိုက်သည်။

အနီအနီရောင်၀တ် အမျိုးသမီးသည် အထင်သေးဟန်ဖြင့် ပြုံးကာ လက်ညိုးထိုး လိုက်သည်။ အနီရောင်အလင်းတန်းတစ်ခု ထွက်ပေါ်လာပြီး မိုးကြိုးလျှပ်စီးနှင့် တိုက်မိသွားသည်။

"ဘုန်း!"

လျှပ်စီးကြောင်းသည် အနီရောင်အလင်းတန်းနှင့် တိုက်မိပြီး တိုက်ရိုက် ပေါက်ကွဲ သွားကာ မြေပြင်ပေါ်တွင် နက်ရှိုင်းသော ချိုင့်ကြီးတခု ဖြစ်ပေါ်ခဲ့သည်။

ချင်ယွင် အနည်းငယ် ထိတ်လန့်သွားသည်။ ရှောင်ဘိုင်၏လျှပ်စီးကြောင်းကို သူအရင်က မြင်ဖူးသည်။ ၎င်းသည် စိတ်ဝိညာဉ်ကို တိုက်ခိုက်ရန် အထူးနည်းလမ်း ဖြစ်သည်။ လွယ်လွယ်နှင့် ဘယ်လိုမှ မတားဆီးနိုင်ပေ။

ရူး!

အနီရောင်၀တ် အမျိုးသမီးသည် သူမ၏လက်‌ ချောင်းများကို အသာယာ လှုပ်လိုက်ပြီးကြောက်မက် ဖွယ် စွမ်းအင်အတက်ကျလှိုင်းများ ထုတ်လွှတ်နေသည့် နောက်ထပ်အနီရောင်တန်းတခုကို ထုတ်လွှတ်လိုက်သည်။

"ရှောင်ဘိုင် သတိထား!" ချင်ယွင်သည် ထိတ်လန့်သွားပြီး စိတ်ပိုင်းဆိုင်ရာ ဆက်သွယ်မူကိုအလျင်အမြန် ပို့လွှတ်လိုက်သည်။

ရှောင်ဘိုင်သည် ရှောင်တိမ်းချင်ပေမယ့် အနီရောင်မီးလျှံက မြန်ဆန်လွန်းတာကြောင့် ရှောင်ဘိုင်၏ ခန္ဓာကိုယ်ကို တိုက်ရိုက်ထိသွားသည်။

"ဖြန်း"

ရှောင်ဘိုင်၏ ခန္ဓာကိုယ်ကို ထိုးဖောက်ပြီး သွေးများ စီးကျလာသည်။

"သခင်... သူမက အရမ်း သန်မာလွန်းတယ်။ ငါက သူမရဲ့ပြိုင်ဘက် မဟုတ်ဘူး" ရှောင်ဘိုင်က စိတ်ပိုင်းဆိုင်ရာ ဆက်သွယ်မူကို ပြန်ပို့လိုက်ပြီး သူ၏အသံကလည်း အလွန်အားနည်းနေသည်။

"အစိမ်းရောင်ကြာပန်း အမှတ်သားထဲ မြန်မြန်ဝင်ပြီး မင်းရဲ့ဒဏ်ရာတွေကို ကုသလိုက်ပါ။ ငါ့ကိုတစ်ယောက်တည်း ထားခဲ့လိုက်!" ချင်ယွင်က ကမန်းကတန်း ပြောလိုက်သည်။

"ဒါပေမယ့်" ရှောင်ဘိုင်သည် တုံ့ဆိုင်းသွားသည်။

"ဒါပေမယ့် မရှိဘူး၊ စိတ်မပူနဲ့၊ ငါ့မှာ လွတ်မြောက်ဖို့ နည်းလမ်းရှိတယ်။"

ချင်ယွင်က စိုးရိမ်တကြီးပြောသည်။

"ဒါဆိုလည်း သခင် ဂရုစိုက်ပါ" ရှောင်ဘိုင်က ပြောသည်။ သူပြောပြီးသည်နှင့် သူသည် အဖြူရောင်အလင်းတန်းတစ်ခုအဖြစ်သို့ ပြောင်းလဲသွားပြီး ချင်ယွင်၏ခန္ဓာကိုယ်ထဲသို့ ဝင်ရောက်သွားသည်။

အနီရောင်ဝတ် အမျိုးသမီးသည် ရှောင်ဘိုင်၏ လှုပ်ရှားမူကို မတားဆီးခဲ့ ပါဘူး။ ယင်းအစား၊ သူမက ချင်ယွင်ကိုကြည့်ကာ ပြုံးပြီး "ဒီအဆင့်သုံး ဆိတ်သုဉ်းခြင်း သားရဲက မင်းရဲ့ ဝှက်ဖဲပေါ့။ သူက ငါ့ကြောင့် ဒဏ်ရာတွေ ရနေပြီဆိုတော့ မင်းမှာ ဝှက်ဖဲတွေ မရှိတော့ဘူး။ မင်း ဘာလို့ လက်မြှောက်အရှုံးပေးပြီး ကျိုးကျိုးနွံနွှံ အဖမ်းမခံတာလဲ။ မင်း အစ်မကြီး နောက်ကို လိုက်ခဲ့မယ်ဆိုရင်ရော ဘယ်လိုလဲ"

ချင်ယွင်သည် သွေးတစ်လုတ်အန်ရင်း မြေပြင်မှထရန် ရုန်းကန် နေလေ သည်။ သူ၏ရှေ့မှ အနီရောင်၀တ် အမျိုးသမီးကို ကြည့်ပြီး "ခင်ဗျားက အရမ်းကို ရုပ်ဆိုးတယ်။ ခင်ဗျားမျက်နှာကို မြင်တာနဲ့တင် ကျုပ် အန်ချင်နေပြီ။ ကျုပ် ဘယ်လိုလုပ် ကျင့်ကြံလို့ရပါ့မလဲ"

အနီရောင်၀တ် အမျိုးသမီးသည် ဒေါသတကြီး ဖြစ်နေသည်။ သူမသည် ချင်ယွင်ကို ကြည့်ကာ သွားများကို ဖိကိုက်လိုက်သည်။ "မင်းက ဒီလောက် အသိဉာဏ် နည်းနေမှတော့ မယဉ်ကျေးတဲ့အတွက် ငါ့ကို အပြစ်မတင်နဲ့။"

ထိုသို့ပြောပြီးနောက် အနီရောင်၀တ်အမျိုးသမီးသည် ချင်ယွင်ကို တိုက်ရိုက် ဖုံးအုပ်ထားသည့် အနီရောင် မြူခိုးလုံးတစ်ခုအဖြစ် ပြောင်းလဲသွားပြန်သည်။

All Chapters