ထောင့်အစွန်းထိ တွန်းပို့ခံရခြင်း
Vol. 3 Ch. 36
အခန်း (၃၆) ထောင့်အစွန်းထိ တွန်းပို့ခံရခြင်း
အနီရောင်အခိုးအငွေ့များသည် ချင်ယွင်ကို ဖုံးအုပ်ထားပြီး သူ၏နှာခေါင်းနှင့် ပါးစပ်မှတစ်ဆင့် သူ့ခန္ဓာကိုယ်ထဲသို့ အဆက်မပြတ် စိမ့်ဝင်နေသည်။
"ဒါကဘာလဲ?" ချင်ယွင်သည် အံ့သြစွာပြောသည်။ အနီရောင်အမှုန်အမွှားများ ဆက်လက်စိမ့်ဝင်နေသည်ကို ခံစားရသည်နှင့်အမျှ သူ၏ခန္ဓာကိုယ်ထဲက ချီနှင့် သွေးများသည် ပွက်ပွက်ဆူနေသော ရေနွေးအိုးတလုံးကဲ့သို့ အလွန်မင်းပူလောင်ပြီး ခြောက်ကပ်နေသလို ခံစားရသည်။ သူ၏ဦးနှောက် တွေတောင် စတင် ရှုပ်ထွေးလာနေပြီ။
"မင်း ငါ့လက်ဖဝါးကနေ လွတ်မြောက်နိုင်မှာ မဟုတ်ဘူး။ မင်းက ငါ့ရဲ့ ပျော်ရွှင်ခြင်း အဆိပ်ပန်းက အဆိပ်သင့်သွားပြီ။ မင်းဟာ မိန်းမတယောက်နဲ့ လိင်မဆက်ဆံရင် ဆယ့်နှစ်နာရီအတွင်း မင်းရဲ့ ချီစွမ်းအင်လမ်းကြောင်းတွေ ကျိုးပဲ့ပေါက်ကွဲပြီး မင်း သေဆုံရလိမ့်မယ်။ အခု မင်း အရမ်းပူနေပြီမလား။"
အနီရောင်၀တ် အမျိုးသမီး၏ ရုပ်သွင်သည် ချင်ယွင်အနားတွင် သိပ်သည်းလာ ပြန်သည်။ သူမ၏သွယ်လျသောလက်မောင်းသည် ချင်ယွင်၏ပခုံးပေါ်သို့တက်သွားပြီး ချင်ယွင်၏နားအနားကပ်ကာ တိုးတိုးလေးပြောသည်။
"ခွေးမ" ချင်ယွင်သည် ချက်ချင်းပင် ဒေါသထွက်သွားသည်။
အခုအချိန်မှာတော့ သူ၏အသားအရည်သည် နီရဲနေပြီ။ သူ၏ခန္ဓာကိုယ်ထဲမှာ မီးတောင်တစ်ခု ပေါက်ကွဲတော့မည့်ပုံပင်။ သူ့တစ်ကိုယ်လုံး ပူပြင်းခြောက်သွေ့ နေ၏။ အနီရောင်၀တ် အမျိုးသမီးသည် လိမ်ညာနေခြင်း မဟုတ်ကြောင်း သူ သေချာပေါက် သိနိုင်သည်။ ဆယ့်နှစ်နာရီအတွင်း ဖွင့်မထုတ်လျှင် အရှိန်ပြင်းပြင်း တက်လာသည့် လေပူများကြောင့် တမြည့်မြည့်တိုက်စားပြီး ယိုယွင်းပျက်ဆီး သွားနိုင်ချေရှိသည်။ နောက်ဆုံးတွင် သူ၏ ကြွက်သားများနှင့် သွေးကြောများ ကျိုးပဲ့ပျက်ဆီးသွားကာ သူ သေသွားမည်ဖြစ်သည်။
ဒါပေမယ့် အခု တခြားမိန်းမကို ဘယ်မှာ သွားရှာရမှာလဲ။ ပထမအချက်, အနီရောင်ဝတ်အမျိုးသမီးက သူ့ကို သေချာပေါက် ခွင့်ပြုမှာ မဟုတ်ဘူး။ ဒုတိယချက်အနေဖြင့် သူ၏ဦးနှောက်က ရှုပ်ထွေးနေပြီ။ သူသည် အမိန့်များကို နားမထောင်နိုင်သလို တခြားနည်းလမ်းများကိုလည်း မစဉ်းစားနိုင်တော့။
"မဟုတ်ဘူး၊ ငါတို့ဒီလိုဆက်သွားလို့မရဘူး။ ဒီအတိုင်းဆက်သွားရင် ဒီစုန်းမရဲ့ အစာဖြစ်လာလိမ့်မယ်"
ချင်ယွင်သည် သူ့ကိုယ်သူ နိုးနိုကြားကြားနေလိုစိတ်ဖြင့် ပြင်းပြင်းထန်ထန် ခေါင်းယမ်း လိုက်သည်။ သို့သော် ဤ ပျော်ရွှင်ခြင်းပန်းအဆိပ်သည် အဆိပ်ပြင်းထန် လွန်းသည်။ ယခုအချိန်တွင် သူသည် မြေကြီးတုန်ခါမှုကို စတင်ခံစားနေရပြီဖြစ်ပြီး သူ့ရှေ့ရှိ နတ်ဆိုးမိန်းမသည်လည်း တစ်ယောက်မှ နှစ်ယောက်အထိ ပြောင်းလဲသွား ခဲ့သည်။
'ဟား၊ ဟား၊ ရုန်းကန်မနေပါနဲ့၊ ဒီ ပျော်ရွှင်ခြင်းပန်းအဆိပ်ဟာ မူလကတည်းက မင်းရဲ့ ခန္ဓာကိုယ်ထဲက သွေးစွမ်းအင်ကို ထုတ်လွှတ်ပေးတဲ့ ထိပ်တန်းဆေး တစ်မျိုးပဲ။ နောက်ပြီး ငါ့ခန္ဓာကိုယ်ထဲက ဝိညာဉ်စွမ်းအင်တွေကလည်း အဆက်မပြတ် အဆိပ်ကို ထိန်းချုပ်ထားတယ်။ သိုင်းဂိုဏ်းချုပ်ကျွမ်းကျင်သူ တွေတောင်မှ ဒါကို မခုခံနိုင်ဘူး။ မင်းလို သိုင်းပညာရှင်ငယ်လေး တစ်ယောက်က လုံး၀ ခုခံနိုင်မှာမဟုတ်ဘူး။ မင်းခန္ဓာကိုယ်ထဲက သွေးစွမ်းအင်တွေအားလုံး အငွေ့ပျံမသွားဘူးဆိုရင် ဆိပ်ဆေးရဲ့ အာနိသင်တွေကလည်း ပျောက်ကွယ်သွားမှာ မဟုတ်ဘူး။" အနီရောင်၀တ် အမျိုးသမီးက ယုတ်မာသည့် အမူယာဖြင့် ရယ်မောလိုက်သည်။
"ငါ့ကို မထိနဲ့!" ချင်ယွင်က ဒေါသတကြီး အော်ဟစ်လိုက်သည်။ သူသည် အနီရောင်ဝတ်အမျိုးသမီး၏ လုပ်ရပ်ကို စိတ်ထဲတွင် အလွန် ခံနိုင်ရည်ရန် တောင့်ခံနေရသည်။ သို့သော်လည်း သူ့ခန္ဓာကိုယ်ရှိမကောင်းဆိုးဝါးမီး တောက်များက အဆက်မပြတ်တောက်လောင်နေ၏။
"ကောင်းပြီ ၊ မင်းက လူတော်လေးတစ်ယောက်ပါ။ လာပါ။ အစ်ကြီးကို ဖက်ထား လိုက်ပါ။" ချင်ယွင်ကို ကြည့်ရင်း အနီရောင်၀တ်အမျိုးသမီးက ကျေနပ်စွာ ပြုံးလိုက်သည်။
ချင်ယွင်သည် စုန်းမကြီး၏ သွယ်လျသောခါးကို သိုင်းဖက်ကာ နှစ်ယောက်သား လျင်မြန်စွာ လုံးထွေးသွားသည်။
သို့သော် ချင်ယွင်သည် လုံးလုံးလျားလျား သတိပျောက်ဆုံးသွားသည်နှင့်အမျှ လန်းဆန်းသော အငွေ့အသက်သည် သူ၏တစ်ကိုယ်လုံးသို့ ချက်ချင်း စီးဆင်းသွား ကာ အသိဉာဏ်ပျောက်ဆုံးသွားသော ဦးနှောက်ကို ချက်ချင်း နိုးထစေခဲ့သည်။
"ဒါက အစိမ်းရောင်ကြာပန်းစည်းတံဆိပ်ရဲ့ တန်ခိုးအစွမ်းလား !" ချင်ယွင်သည် အလွန် ဝမ်းသာသွားသည်။
သူသည် ဤစွမ်းအားနှင့် အလွန်ရင်းနှီးလွန်းသည်။ သူ ပထမဆုံးသတိပြန်ရသည့် အချိန်တုန်းက ဤစွမ်းအားသည် တကြိမ်ပေါ်လာခဲ့ပြီး၊ လျူကလန် တတိယ အကြီးအကဲဖြစ်သူ၏ ရေခဲဓားကြောင့် ဒဏ်ရာရသွားသော အခါတွင်လည်း ဤစွမ်းအားသည် တစ်ကြိမ်ပေါ်လာခဲ့ပြန်သည်။ သူ့ကို ရန်စီချီမှ အစပျိုး လိုက်သော အခါတွင် ၎င်းသည် တစ်ဖန်ပေါ်လာပြန်သည်။ ယခုလေးကြိမ်မြောက် ပေါ်လာခဲ့ခြင်း ဖြစ်ကာ ပေါ်လာတိုင်းလည်း အလွန်အရေးကြီးသော အခိုက်အတန့်တွင် ရှိနေပါသည်။
"ဒီအစိမ်းရောင်ကြာပန်းစည်းတံဆိပ်က တကယ်ကို အချိန်မီနိုးထလာတာဘဲ။ ဒီနတ်ဆိုးမိန်းမလက်ထဲ ရောက်လုနီးနီး ဖြစ်နေပြီ။" ချင်ယွင်သည် သူ၏ စိတ်ထဲတွင် သက်ပြင်းအမောကြီး ချလိုက်မိသည်။
ချင်ယွင်သည် ရုတ်တရက် လှုပ်ရှားမူရပ်တန့်သွားသည်ကို အနီရောက်ဝတ်စုန်းမက မြင်သောအခါ တစ်ခုခုမှားနေပြီဟု သူမ ချက်ချင်း ခံစား လိုက် ရသည်။ သူမသည် မျက်လုံးဖွင့်ကြည့်လိုက်တော့ ချင်ယွင်၏ မျက်လုံးများက အမှန်တကယ် ကြည်လင် နေတာကို တွေ့လိုက်ရသည်။ သူမ ချက်ချင်း အံ့သြသွားပြီး "တကယ် နိုးထလာပြီ လား?"
ချင်ယွင်သည် ပြုံးပြပြီး အနီရောင်ဝတ် အမျိုးသမီး၏ ရင်ဘတ်ကို လက်ဝါးဓားဖြင့် ခုတ်ချလိုက်သည်။
သူတို့နှစ်ယောက်ကြားရှိ အကွာအဝေးက အရမ်းကို နီးကပ်နေသည့်အတွက် ချင်ယွင်သည် အားသာချက်ရှိပြီး သူက တိကျပြတ်သားပြီး ရက်စက်ကြမ်း ကြုတ်စွာ ပိုင်းချက်လိုက်သည့်အတွက် အနီရောင်ဝတ်လုံစုန်းမအမျိုးသမီးသည် ရှောင်တိမ်းဖို့ အချိန်မရှိခဲ့ပါဘူး။
လက်ဖဝါးဓားတစ်ချောင်းက သူမ၏ရင်ဘတ်ကို ထိုးဖောက်ပြီး သွေးများ ထွက်ကျလာသည်။
အနီရောင်၀တ်နတ်ဆိုးမိန်းမ၏ နဝမအဆင့် ကောင်းကင်အလွှာ သိုင်းဂိုဏ်းချုပ်၏ ခွန်အားသည် သက်သတ်လွတ် စောင့်နေခြင်းတော့ မဟုတ်ပေ။ သူမသည် ရှောင်ရန်အချိန်မရှိသော်လည်း အရေးကြီး နေရာများကို ချက်ချင်း ရှောင်ရှားသွားခဲ့သည်။
လက်ဖဝါးတချက်က ချင်ယွင်၏ ရင်ဘတ်ကို ထိမှန်ကာ သူလည်း လွင့်စင်သွားခဲ့သည်။
အနီရောင်၀တ်စုန်းမ၏ ရင်ဘတ်ကို ချင်ယွင်၏ လက်ဖဝါးဓားက လှီးဖြတ်သွားခဲ့ သည်။ သွေးများက တဟုန်ထိုး စီးဆင်းလာပြီး သူမ၏ ခန္ဓာကိုယ်ရှိ ဝိညာဉ်စွမ်းအင်များ ချက်ချင်း ပျောက်ကွယ်သွားခဲ့သည်။ သူမ၏အငွေ့အသက်တစ်ခုလုံး ဟိုအောက်ဆုံးထိ ပြိုဆင်းသွားခဲ့သည်။
ချင်ယွင်ကို အနီရောင်ဝတ်စုန်းမကြီးကလည်း သူမ၏အစွမ်းရှိသမျှ လုပ်ကြံခဲ့ခြင်း ဖြစ်သည်။ သူလည်း တောင့်မခံနိုင်တော့။ သူသည် မီတာရာနှင့်ချီ နောက်ပြန် လွင့်သွားပြီး မြေပြင်ပေါ်တွင် ဆယ်ကြိမ်ထက်မနည်း လှိမ့်သွားခဲ့သည်။ သူ၏အရိုးများ ကွဲထွက်မတတ်ပင်။ သူ့တစ်ကိုယ်လုံး ဒဏ်ရာများ သွေးများနှင့် ဖုံးလွှမ်းနေ သည်။ သူ့ခန္ဓာကိုယ်၏ အစိတ်အပိုင်းတစ်ခုမှ ပြီးပြည့်စုံတာ မရှိတော့ပေ။ အရေးကြီးဆုံး အချက်က ချင်ယွင်သည် သူ၏ ခန္ဓာကိုယ်ထဲမှ အငွေ့သက်များ တစ်ဖန်ပြန်တက်လာသည်ကို ခံစားလိုက်ရခြင်းဖြစ်သည်။
"ဒါက ဘယ်လိုအဆိပ်မျိုးပါလိမ့်။ ကြာပန်းစိမ်း စည်းတံဆိပ်တောင် မချေဖျက် နိုင်လောက်အောင်ကြောက်စရာကောင်းလွန်းတယ်။" ချင်ယွင်၏စိတ်ထဲတွင် မုန်တိုင်း တခုထန်နေသလိုပင်။ "မဟုတ်ဘူး၊ ငါ ဒီနေရာကနေ တတ်နိုင်သမျှ အမြန်ဆုံး ထွက်သွားရမယ်။ မဟုတ်ရင် နတ်ဆိုးမိန်းမ ဒဏ်ရာကနေ ပြန်ကောင်းလာတာနဲ့ သူမ ငါကို သတ်မှာမှာ သေချာပါတယ်။"
ချင်ယွင်သည် မတ်တပ်ရပ်ရန် ရုန်းကန်ကြိုးစားစဉ် ပြင်းထန်သညိ့ ဝေဒနာက သူ၏နှလုံးသားကို ထိုးဖောက်သွားသည်။
ယခုအချိန်တွင် ရှောင်ဘိုင်သည် သတိလစ်သွားပြီဖြစ်သည်။ သူသည် သူ့ကိုယ်သူသာ အားကိုးနိုင်ပြီး အမြန်ဆုံး ထွက်သွားဖို့ နည်းလမ်းကို တွေးနေရသည်။
ချင်ယွင်ထွက်ခွာသွားကြောင်း အနီရောင်၀တ်စုန်းမက မြင်သောအခါ သူမသည် ပို၍ပင် ဒေါသထွက်သွားခဲ့သည်။ သူမသည် မတ်တပ်ထရပ်ပြီး ချင်ယွင်ကို အစိတ်ပိုင်း တစ်သောင်းအဖြစ် ခွဲပစ်လိုက်ချင်သည်။ သို့သော် သူမ၏ဒဏ်ရာများမှာ ပြင်းထန် လွန်းလှသည်။ သူမသည် ခဏတာမျှ မလှုပ်ရှားနိုင်တော့ဘဲ တင်ပျဉ်ခွေထိုင်ကာ သူမ၏ ဒဏ်ရာများကို ကုသရန် သူမ၏ ကျင့်ကြံမှုအခြေခံကို အသုံးပြုခဲ့သည်။
ချင်ယွင်သည် ဒဏ်ရာရနေသော သူ၏ခန္ဓာကိုယ်ကို ထောက်ပံပေးရင်းအဝေးသို့ ထွက်လာခဲ့သည်။သူ၏ ရင်ဘတ်ပေါ်ရှိ နံရိုးရှစ်ချောင်း၊ လက်မောင်းတစ်ချောင်းနှင့် ခြေထောက်တစ်ချောင်း ကျိုးသွားခဲ့သည်။
ထို့ကြောင့် ခြေလှမ်းတိုင်းသည် သူ၏ နှလုံးသားကို ထိုးစိုက်သလို နာကျင်ခဲ့ရသည်။
စုန်းမကြီးသည် မလှုပ်ရှားနိုင်အောင်ဖြစ်နေပြီး အခွင့်ကောင်းယူပြီး သူမကိုသတ်ရန် သူ ဘာကြောင့် မရွေးချယ်ခဲ့ရတာလဲ။
အဘယ်ကြောင့်ဆိုသော် ချင်ယွင်သည် နဝမအဆင့် ကောင်းကင်အလွှာ သိုင်းဂိုဏ်းချုပ်တစ်ယောက်သည် ကိုင်တွယ်ရန် လွယ်ကူမည်မဟုတ်ကြောင်း သူ သေချာပေါက် သိသောကြောင့်ဖြစ်သည်။ ယင်းသည် သူမ၏ နောက်ဆုံး ကြိုးတစ၏ အဆုံးသို့ ရောက်သွားမည်ဆိုလျှင် သူမ၏အသက်အန္တရာယ်ကို ခြိမ်းခြောက် လာသောအခါ အပြင်းအထန် တုန့်ပြန်ထိုးနှက်ချက်သည် အဋ္ဌမအဆင့် ကောင်းကင် အလွှာ သိုင်းပညာရှင်ငယ်လေးတဟ်ယောက် ခံနိုင်ရည်မရှိသည်မှာ သေချာပါသည်။
သူ၏ဓားဆန္ဒဖြင့်ပင် ချင်ယွင်သည် ရန်သူကို လုံးလုံးသတ်နိုင်မည်ဟု အာမ မခံနိုင်ပေ။ ထိုအချိန်တွင် သူကိုယ်တိုင်ကလည်း သူ၏ နောက်ဆုံးကြိုးတစ၏ အဆုံးတွင် ရောက်ရှိနေဖြစ်ပြီး အခြားသူများ သနားညှာတာမှ အမှန်တကယ် ချမ်းသာရာရမည့် အနေထားမျိုး ဖြစ်နေသည်။
အချိန်က တဖြည်းဖြည်းကုန်ဆုံးသွားခဲ့သည်။ ချင်ယွင်သည် နှစ်နာရီကျော်ကြာအောင် လမ်းလျှောက်လာခဲ့ပြီ ။ ပျော်ရွှင်ခြင်းပန်းအဆိပ်၏ အဆိပ်သည် နောက်တဖန် စတင်တိုက်ခိုက်နေပြီ ဖြစ်သည်။ ချင်ယွင်၏ ခေါင်းသည် ဝေဝါးလာပြန် သည်။ နောက်ပြီး ညဉ့်ကလည်း မှောင်နေပြီ။ ချင်ယွင်သည် သူ မည်သည့်နေရာ ရောက်သွားမှန်းမသိဘူး။ ယခုအချိန်တွင် သူသည် ခံနိုင်ရည်ရှိရန် အလိုလို တုန့်ပြန်သည့် စိတ်စွမ်းအားကိုသာ အားကိုးနေရသည်။ ပြင်းထန်သော ဝေဒနာက သူ့ကို ထုံထိုင်းစေခဲ့သည်။
"မောင်လေး, မင်းဟာလေ ဒီအစ်မကြီးရဲ့ နှလုံးသားကို နာကျင်စေခဲ့တယ်၊ မင်း ဒီလိုပဲ ထားသွားချင်တာလား။"
ဤအခိုက်အတန့်တွင် အနီရောင်၀တ် နတ်ဆိုးမိန်းမ၏အသံသည် ချင်ယွင်၏ နားထဲတွင် ထွက်ပေါ်လာပြန်သည်။
ချင်ယွင်သည် ချက်ချင်းပင် အာရုံပြန်ကောင်းလာသည်။
ဒါက ဆိုး၀ါးသွားပြီဆိုသည်ကို သူသိသည်။ အနီရောင်ဝတ်စုန်းမက သူမ၏ ဒဏ်ရာများကို တည်ငြိမ်အောင် ထိန်းထားနိုင်ခဲ့ပြီ။
တစ်ချိန်တည်းမှာပင်၊ ချင်ယွင်သည် ချောက်ကမ်းပါးတခုဆီသို့ သူ လျှောက်လာခဲ့မိ ပြီဖြစ်ကြောင်း တွေ့လိုက်ရသည်။ ချောက်ကမ်းပါးသည် အောက်ခြေကိုပင် မမြင်နိုင်လောက်အောင် နက်ရှိုင်းသော ချောက်ကြီးတစ်ခု ဖြစ်သည်။ အကယ်၍ သူသာ ခုန်ချလိုက်မည်ဆိုလျှင် သူ၏ခန္ဓာကိုယ်သည် ကြေမွသွားမှာ သေချာသည်။
"သေရတော့မှာလား!" ချင်ယွင်သည် အံကြိတ်တင်းတင်းကြိတ်ကာ ချောက်ကမ်းပါး ပေါ်မှ ခုန်ဆင်းချင်မိသည်။
"မောင်လေး၊ မင်းက သိပ်ကို နှလုံးသားကင်းမဲ့ရာ မကျဘူးလားကွယ်။ တကယ်လို့ မင်း သေသွားရင် မင်းဟာ အစ်မကြီးရဲ့စကားကို နာခံမှာ မဟုတ်တော့ဘူး လေ" အနီရောင်ဝတ်အမျိုးသမီးသည် သူမ၏မျက်နှာပေါ်တွင် ဆိုးသွမ်းသောအပြုံးဖြင့် ချင်ယွင်ရှေ့မှာ ပေါ်လာသော်လည်း၊ သူမစိတ်ထဲတွင်မူ "ဟမ့်၊ မင်းက သေချင်နေ တယ်ပေါ့။ ဒီလောက် မလွယ်ဘူးလေ!"
ထို့နောက် သူမသည် ချင်ယွင် ချောက်ကမ်းပါးမှ ခုန်မချမီ သူ့ကို တားဆီးလိုပြီး ချင်ယွင်ဆီသို့ ပြေးသွားခဲ့သည်။
ချင်ယွင်၏ ကိုယ့်ကိုကိုယ်သေခြင်းဆန္ဒက ပြတ်သားသည်။ အနီရောင်၀တ် အမျိုးသမီး သည် သူ၏နောက်မှ လိုက်လာနေသည်ကို မြင်ပြီး သူသည် ချက်ချင်းပင် နောက်ပြန် လှည့်ကာ လေဓားကို ဝှေ့ယမ်းလိုက်သည်။
အနီရောင်ဝတ် နတ်ဆိုးအမျိုးသမီးသည် ရှောင်တိမ်းရန် တခဏသာ ရပ်လိုက် ရသည်။ သူမသည် အာရုံပြန်ကောင်းလာသောအခါ ချင်ယွင်သည် ချောက်ထဲသို့ ခုန်ဆင်းနေပြီ ဖြစ်သည်။
"နတ်ဆိုးမကြီး ၊ တကယ်လို့ ကျုပ်ချင်ယွင် မသေခဲ့လို့ နောက်တစ်ကြိမ်ပြန်တွေ့ရင် ခင်ဗျားကို ကြောက်စရာကောင်းတဲ့ သေခြင်းမျိုးနဲ့ သေရအောင် ကျုပ်သေချာပေါက် လုပ်ပေးမယ်!" ချင်ယွင်၏အော်သံများသည် ချိုင့်ဝှမ်းတစ်လျှောက် ပဲ့တင်ထပ်ကာ အဆုံးမသတ်နိုင်တော့ပေ။
"ဘယ်လောက်တောင် ဆိုးလိုက်လဲ!" အနီရောင်ဝတ်စုန်းမသည် ချောက်ကမ်းပါးစွန်း တွင် ရပ်နေပြီး သူမ၏အမူအရာသည် ရေခဲကဲ့သို့ အုံ့မှိုင်းနေသည်။
ပါးစပ်အ၀ရောက်နေသည့် ဘဲတကောင်ဟာ ဒီအတိုင်း ပျံသန်းသွားခဲ့သည်။