← Chapters

လျှို့ဝှက်ဆန်းကြယ်လှိုဏ်ဂူ

Vol. 3 Ch. 37

လျှို့ဝှက်ဆန်းကြယ်လှိုဏ်ဂူ

Vol. 3 Ch. 37

အခန်း (၃၇) လျှို့ဝှက်ဆန်းကြယ်လှိုဏ်ဂူ

"ဟင် ငါမသေဘူးလား"

ချင်ယွင်သည် သစ်ပင်ပေါ်တွင် တွဲလောင်းကျ‌နေသော ထူထပ်သည့် အကိုင်းအခက် များအတွင်း မြုပ်နေပြီး မေ့မြောရာမှ နိုးလာသည်။ ဤအကိုင်းအခက်များကြောင့် သူသည် ချောက်ကမ်းပါးမှ ပြုတ်ကျသော်လည်း မသေဘဲ ပြုတ်ကျခဲ့ခြင်း ဖြစ်သည်။

ချင်ယွင်သည် သူ၏ခန္ဓာကိုယ်ပေါ်ရှိ အကိုင်းအခက်များကို ဖြည်ချလိုက်ပြီး သစ်ပင်ပေါ်မှ ခုန်ဆင်းလိုက်သည်။ သူက သက်ပြင်းတစ်ချက်ချကာ "ကြည့်ရတာ တကယ်ကံကောင်းခဲ့ပုံပဲ၊ ငါ မသေသေးဘူး" ဟု ဝမ်းသာအားရ ပြောလိုက်မိသည်။

ဒါပေမယ့် မတော်တဆ မသေခဲ့ရုံမှလွဲပြီး သူလည်း ဘာမှ ပိုကောင်းလာတာ မရှိပေ။

ထိုအချိန်တွင် သူ၏တစ်ကိုယ်လုံး ဒဏ်ရာများဖြင့် ဖုံးလွှမ်းနေသည်။

သူ၏အဝတ်အစားများသည် တစ်ပိုင်းတစ်စ စုပ်ပြတ်ပျက်‌ဆီးနေပြီ။ အပြင်းထန်ဆုံးက တော့ သူ၏ခန္ဓာကိုယ်မှ ဒဏ်ရာများဖြစ်သည်။

ယခုအချိန်မှာ သူ၏တစ်ကိုယ်လုံးသည် ကမောက် ကမ ဖြစ်နေပြီ။ သူ၏ ချီစွမ်းအင် လမ်းကြောင်းများ သည် တွန့်လိမ်ကာ ပြောင်းလဲသွားပြီး သူ၏အတွင်းပိုင်းအင်္ဂါ အစိတ်ပိုင်းများလည်း လုံးဝ ရွှေ့ပြောင်းသွားခဲ့သည်။ သူ၏ခန္ဓာကိုယ်သည် အနည်းငယ်လှုပ်ရှားလိုက်လျှင်ပင် ပြင်းထန်တဲ့ နာကျင်မှုကို ခံစားရပါလိမ့်မည်။

ထို့အပြင်၊ ပျော်ရွှင်ခြင်းပန်းအဆိပ်သည် အဆိပ်သင့်နေဆဲဖြစ်ပြီး၊ သူ၏ခန္ဓာကိုယ်ရှိ အနှစ်သာရစွမ်းအင်သည် အဆက်မပြတ် အငွေ့ပျံသွားကာ ပူလောင်မူဒဏ်ကို ခံနိုင်ရည်ရှိရန် ခက်ခဲစေသည်။

ချင်ယွင်၏ ကိုယ်တွင်းအင်္ဂါအစိတ်ပိုင်းများနှင့် ပျော်ရွှင်ခြင်းပန်းအဆိပ်၏ အဆိပ်ကို ဖိနှိပ်ထားရန် အစိမ်းရောင်ကြာပန်း စည်းတံဆိပ်၏ လျှို့ဝှက်ဆန်းကြယ်သော စွမ်းအားကြောင့်သာ မဟုတ်ပါက၊ ချင်ယွင်သည် သူကိုယ်သူ သတ်မသေခင် သေဆုံး‌ကောင်း သေဆုံးသွားပေလိမ့်မည်။

ချင်ယွင်သည် အံကြိတ်ကာ တင်ပျဉ်ခွေထိုင်လိုက်သည်။ သူသည် ပြင်းထန်သော နာကျင်မှုကို ခံနိုင်ရည်ရှိရန်တောင့်ခံပြီး မျက်လုံးမှိတ်ကာ သူ၏ ဒဏ်ရာများကို ကုသရန် သူ၏ကျင့်ကြံမူအခြေခံကို စတင်အသုံးပြုလိုက်သည်။

ဖရိုဖရဲ အစိမ်းရောင်ကြာပန်းပညာရပ်သည် အင်မော်တယ်ကမ္ဘာမှာပင် နံပါတ်တစ် လျှို့ဝှက်ဆန်းကြယ်သော ပညာရပ် ဖြစ်ထိုက်ပါသည်။ အစိမ်းရောင်ကြာပန်း စည်းတံဆိပ်၏ လျှို့ဝှက်ဆန်းကြယ်သော စွမ်းအားဖြင့် ပေါင်းစပ်ပြီးနောက် သုံးနာရီအတွင်း ချင်ယွင်၏ ဒဏ်ရာများ ပြန်လည်ကောင်းမွန်လုနီးပါးဖြစ်လာခဲ့သည်။

ရလာဒ်အနေဖြင့်၊ သူ၏ ကျင့်ကြံမှုအဆင့်မှာ အနည်းငယ်တိုးလာပြီး၊ သူသည် သိုင်းပညာရှင်နယ်ပယ်၏ နဝမအဆင့် ကောင်းကင်အလွှာကိုပင် ဖြတ်ကျော်ရန် ယောင်ဝါးဝါး ခံစားလာရသည်။

သို့သော် ပျော်ရွှင်ခြင်းပန်းအဆိပ်ကို လုံး၀ မချေဖျက်နိုင်‌သေး။ အစိမ်းရောင် ကြာပန်း ပညာစည်းတံဆိပ်၏ စွမ်းအင်ကို အသုံးပြုခြင်းဖြင့်သာ ၎င်းကို ဖိနှိပ်နိုင်မည် ဖြစ်သည်။

"ဒီပျော်ရွှင်ခြင်းပန်းအဆိပ်ရဲ့ မူလအစက ဘာလဲ၊ လုံးလုံး ချေဖျက်လို့ မရဘူး။ အနီရောင်၀တ် အမျိုးသမီး ပြောခဲ့သလိုဆိုရင်, ဒီအဆိပ်ကို လုံး၀ရှင်းထုတ်ဖို့ဆို ပျော်ပါးဖို့အတွက် မိန်းမတ‌ယောက်ကို ရှာရမယ်၊ အဲဒါ တကယ်ရော ဖြစ်နိုင်ပါ့မ လား?" ချင်ယွင်သည် မျက်လုံးဖွင့်ပြီး မျက်မှောင်ကြုတ်ကာ ပြောလိုက်သည် ။

ယခုလေးတင် သူသည် နည်းမျိုးစုံဖြင့် ကြိုးစားခဲ့သော်လည်း ပျော်ရွှင်ခြင်း ပန်းအဆိပ်ဟာ သူ၏ အသွေးအသားနှင့် လုံးလုံးလျားလျား ပေါင်းစပ်သွားပုံပင်။ သူသည် မည်ကဲ့သို့ ရှင်းထုတ်သည်ဖြစ်စေ လုံးလုံးလျားလျား မဖယ်ရှားနိုင်ပေ။

ထို့အပြင် ပျော်ရွှင်ခြင်းပန်းအဆိပ်၏အဆိပ်သည် အလွန်လျင်မြန်စွာ ပျံ့နှံ့သွား သည်။ အစိတ်ပိုင်းတစ်ခုကို သူရှင်းပြီးသည်နှင့် တစ်နာရီမပြည့်ခင်မှာ ပြန်ပေါ် လာပါသည်။ ချင်ယွင်၏ လက်ရှိ အင်အားဖြင့် ဆို သူသည် ချက်ခြင်း ရှင်းထုတ်နိုင်ခြင်း မရှိသရွေ့ ဒီအဆိပ်ကို အလွယ်တကူ ရှင်းထုတ်နိုင်မည်မဟုတ်ပေ။

ယခုအချိန်တွင် သူ၏ခွန်အားဖြင့် ပျော်ရွှင်ခြင်းပန်းအဆိပ်၏အဆိပ်ကို နောက်ထပ် သုံးရက်သာ ဖိနှိပ်ထားနိုင်မည်ဖြစ်သည်။ သူသည် သုံးရက်အတွင်း လုံးလုံးမချေဖျက် နိုင်လျှင် သူ၏အနှစ်သာရစွမ်းအင်များ အငွေ့ပျံပြီး သေသွားလိမ့်မည်။

သုံးရက်အတွင်း သူနှင့်ပျော်ပါးရန် မိန်းမတစ်ယောက်ကို မည်သည့်နေရာမှာ သွားရှာရ မည်နည်း။ ထို့အပြင်၊ သူ၏ ပင်ကိုယ်စရိုက်အရ၊ ထိုသို့သောအမှုကို ပြုရန် အမျိုးသမီးတစ်ဦးကို မည်ကဲ့သို့ ပေါ့ပေါ့တန်တန် ရှာနိုင်လိမ့်မည်နည်း။

ထူးဆန်းသော နောက်ခံရှိ၍ ဆွဲဆောင်မှုရှိပြီး ဆိုးဝါးသည့် ဆွဲဆောင်ခြင်း နည်းပညာရပ်ကို ကျင့်ကြံထားသည့် ထိုအနီရောင်၀တ် အမျိုးသမီးလည်း ရှိသေးသည်။ သူမ၏ကျင့်ကြံမှုသည် သူ့ထက် သာလွန်သည်။ ထို့အပြင်၊ သူမသည် ပျော်ရွှင်ခြင်းပန်းအဆိပ်၏ ထူးဆန်းသောအဆိပ်ကို သူမ၏ဝိညာဉ်စွမ်းအင်အဖြစ်သို့ ပေါင်းစပ်ထားနိုင်ခဲ့သည်။ အကယ်၍ သူမသာ တိုက်ခိုက်ပါက၊ သူမ၏ စွမ်းအားသည် သာမန် နဝမမြောက် ကောင်းကင်အလွှာ သိုင်းဂိုဏ်းချုပ်နယ်ပယ် ကျွမ်းကျင်သူများ ထက် များစွာ သာလွန်နေပေလိမ့်မည်။

သိုင်းမြို့စားနယ်ပယ်မှ ကျွမ်းကျင်သူတစ်ဦးပင်လျှင် ၎င်းတို့သည် ကြိုတင် ပြင်ဆင်မှုမပြုထားပါက သူမ၏ထောင်ချောက်ထဲသို့ ကျရောက်သွားမည်ဖြစ်သည်။

ချင်ယွင်သည် ဤအကြောင်းကို ပိုတွေးလေ၊ ပိုကြောက်စရာကောင်းလေ ဖြစ်ရသည်။ အနီ‌ရောင် ၀တ်အမျိုးသမီး၏လက်မှ လွတ်မြောက်နိုင်ခြင်းမှာ အနီရောင်၀တ် အမျိုးသမီးသည် ရန်သူကို လျှော့တွက်ခြင်းက သူ့အတွက် ကံကောင်းသည်ဟု ဆိုနိုင်သည်။

နောက်တစ်ကြိမ်သာ ရှိခဲ့လျှင် သူသည် သေခြင်းမှ လွတ်မြောက်နိုင်မည် မဟုတ်တော့ ပေ။ သိုင်းဂိုဏ်းချုပ်နယ်ပယ်ကို မရောက်ခင်မှာ သူသည် အနီရောင်၀တ်အမျိုးသမီး၏ ပြိုင်ဘက်မဖြစ်နိုင်ပေ။

သူသည် ချင်နင်းမြို့ကို ခေတ္တပြန်၎င်၍ မရနိုင်သော်လည်း ဒုတိယဖက်တီးမှာ မျိုးနွယ်စုကြီးသုံးခု၏ လက်ထဲတွင် ရှိနေသေးသည်။ ဤအကြောင်းကိုတွေးရင်း ချင်ယွင်သည် ခေါင်းကိုက်လာမိသည်။

"မေ့လိုက်ပါ၊ ဒီနေရာက အရင်ထွက်သွားရမယ် !" ချင်ယွင်သည် သက်ပြင်း ချလိုက်ပြီး သူ၏ ပတ်ဝန်းကျင်ကို စတင်စူးစမ်းသည်။

ထိုအချိန်တွင် သူသည် တောင်များဝန်းရံထားသော ချိုင့်ဝှမ်းတစ်ခုထဲတွင် ရှိနေသည်။ ချောက်ကမ်းပါးများသည် ပေထောင်ပေါင်းများစွာ မြင့်မားပြီး ချောက်ကမ်းပါးများသည် အနှိုင်းမဲ့ ချောမွေ့နေပါသည်။ ထို့အပြင် ၎င်းတို့ကို မှောင်မိုက်ပြီး စိုစွတ်သော ရွှံ့နွံများဖြင့် ဖုံးအုပ်ထားသည်။ အကယ်၍ တောင်တက် သွားချင်သည်ဆိုလျှင် ကောင်းကင်ပေါ်တက်သလို ခက်လိမ့်မယ်။

လေပေါ်ပျံသန်းခြင်းအတွက်လား၊ ဟင်း ။ ကျင့်ကြံသူများသည် သိုင်းမြို့စားနယ်ပယ်သို့ မရောက်ရှိပါက လေထဲတွင် မပျံသန်းနိုင်ပေ ။ အကယ်၍ သူတို့သည် ထိပ်တန်း လှုပ်ရှားမှုပညာရပ်များကို အားကိုးမည်ဆိုလျှင်ပင် ထိုပညာရှင်များသည် တခဏလောက်သာ လေထဲမှာ နေနိုင်မှာဖြစ်ပြီး ပေထောင်ချီမြင့်သည့် ဤချိုင့်ဝှမ်းထဲမှ ပျံသန်းချင်သည်ဆိုလျှင်တော့ မဖြစ်နိုင်ပါဘူး။

"ငါဒီမှာနေပြီး သိုင်းမြို့စားနယ်ပယ်ရောက်သည်အထိ ကျင့်ကြံနေရမှာလား။"

ချင်ယွင်သည် လေးလေးနက်နက် မျက်မှောင်ကြုတ်လိုက်သည်။ သူသည် တောတွင်းရှိ အသီးအနှံများကို စားသုံးကာ သိုင်းမြို့စား နယ်ပယ်သို့ ဖြတ်ကျော်ဝင်ရောက်ရန် သုံးနှစ်မှ ငါးနှစ်အထိ ကျင့်ကြံခြင်းဖြင့် ဤနေရာတွင် အသက်ရှင်နိုင်လိမ့်သည်။

ဒါပေမယ့် ယခု သူသည် ပျော်ရွှင်ခြင်းပန်းအဆိပ်၏ အဆိပ်သင့်နေပြီး သုံးရက်အတွင်း သေရတော့မည်။ အခြေအနေက အလွယ်တကူ သူ့ကို ခွင့်မပြုခဲ့ပါဘူး။

ပျော်ရွှင်ခြင်းပန်းအဆိပ်၏အဆိပ်ဒဏ်ကို မခံစားရဘူးဆိုရင်တောင် သူ ဒီမှာဆက်နေဖို့ ဆန္ဒမရှိပါဘူး။ သူသည် ဒုတိယ ဖက်တီးကို ကယ်တင်ပြီး သူ၏ အစ်မကို ရှာရဦးမည်။ သုံးနှစ်မှငါးနှစ်အတွင်းတွင်၊ သူ၏အစ်မသည် နဝမမင်းသားကို လက်ထပ်ရန် အတင်းအကျပ် ခိုင်းစေခြင်း ခံ‌ရ‌လောက်သည်။

ဤအရာသည် သူအလွန်ပင် မမြင်လိုသော အရာဖြစ်သည်။

"ဝှမ်း..."

ထိုအခိုက်အတန့်တွင် ချင်ယွင်သည် မနီးမဝေးမှ စီးဆင်းလာသော ရေစီးသံကို ရုတ်တရက် ကြားလိုက်ရသည်။

ချင်ယွင်၏မျက်လုံးများသည် ချက်ချင်းတောက်ပလာပြီး သူ၏ခြေဖ၀ါးအောက်ရှိ မြေပြင်ကို တချက်စောင့်ပြီး လေအရိပ်ခြေလှမ်းများကို အသက်သွင်းလိုက်သောအခါ သူ၏တစ်ကိုယ်လုံးသည် ရေသံ၏ ဦးတည်ရာဆီသို့ လျင်မြန်စွာ လိုက်ပါသွားကြသည်။

သေချာပါသည်၊ ချင်ယွင်နှင့် ဒါဇင်အနည်းငယ်သာဝေး‌သည့်အရပ်မှာ သစ်ပင်ကြီး တပင်ရှိ နေပြီး အံသြစရာကောင်းစွာ နှစ်မီတာကျယ်သည့် စမ်းချောင်းတစ်ခုလည်း ရှိနေသည်။ ဤချောင်းသည် အလွန်ကြည်လင်ပြီး စမ်းချောင်းအောက်ခြေကိုပင် မြင်နိုင်သည်။ ရေသည် ရေပက်သံကဲ့သို့ စီးကျလာသည်။ တစ်ချက်ကြည့်လိုက်ရုံဖြင့် သက်ရှိရေလို့ ပြောနိုင်သည်။

ယင်းကြောင့် ချင်ယွင်သည် ချက်ချင်းပင် ဝမ်းသာသွားခဲ့သည်။ လက်ရှိအနေထားအရ ရေအရင်းအမြစ်ရှိရမည်။ ရေအရင်းအမြစ်သည် ဤချိုင့်ဝှမ်း၏ ထွက်ပေါက်ဖြစ်နိုင် သည်။

ထို့ကြောင့် ချင်ယွင်သည် ရေစီးကြောင်းဆီသို့ ဦးတည်ကာ ရေအရင်းအမြစ်ဆီသို့ ဦးတည်သွားလေသည်။ အမှန်တော့၊ ရေစီးကြောင်း၏ အရင်းအမြစ်မှာ ဂူတစ်ခုဆီမှ ဖြစ်သည်။

လှိုဏ်ဂူသည် မည်းမှောင်နေပြီး ဝင်ပေါက်သည် သစ်ပင်သစ်အရွက်များ ထူထပ်စွာ ဖုံးလွှမ်းနေပြီဖြစ်သည်။ သေသေချာချာ ဂရုတစိုက် မကြည့်လျှင်လွယ်လွယ်နှင့် ရှာတွေ့နိုင်မှာ မဟုတ်ပေ။

"ဒီဂူထဲက ရေတွေ စီးဆင်းနေပုံပဲ။ ဂူအပြင်ဘက်မှာနောက်ထပ် ထွက်ပေါက်တစ်ခု ရှိကောင်းရှိနိုင်တယ်။" ချင်ယွင်သည် သူ၏စိတ်ထဲတွင် မှန်းဆလိုက်သည်။

သို့သော် သူ၏ရှေ့ရှိ လှိုဏ်ဂူသည် ကြီးမားသော အန္တရာယ်များ ရှိနေသကဲ့သို့ အနည်းငယ် လျှို့ဝှက်ဆန်းကြယ်ကြောင်း သူ အမြဲလိုလို ခံစားမိသည်။

ဤခံစားချက်သည် စိတ်ဝိညာဉ်စွမ်းအားဖြင့် ရှာဖွေခြင်းမှမဟုတ်ဘဲ ပင်ကိုယ် အသိစိတ်မှ လာခြင်းဖြစ်သည်။

သာမာန်ကျင့်ကြံသူများသည် ဤကဲ့သို့သော ပင်ကိုယ် ထိုးထွင်းသိမြင်မှု မရှိသလောက် ပင်။ အကယ်၍ သူတို့သည် ဤကဲ့သို့ ပင်ကိုယ်ထိုးထွင်းသိမြင်မူမျိုး ရရှိခဲ့ပါက အလွန်တိကျမှန်ကန်လိမ့်မည်။ ထို့ကြောင့် ချင်ယွင်သည် ဤဂူထဲသို့ ၀င်သင့်မ၀င်သင့် တခဏမျှ တုံ့ဆိုင်းသွားခဲ့သည်။

"‌ငါ့လခွမ်း, ထားလိုက်စမ်းပါ ။ ငါချင်ယွင်ဟာ ဘယ်တုန်းက ဒီလောက်ထိ အရှက်မဲ့သွားရတာလဲ။ အဲဒါက လှိုဏ်ဂူငယ်လေးပဲ မဟုတ်လား။ ငါ့ကို ဒီလောက်ထိ ကြောက်စရာကောင်းစေလို့လား" ချင်ယွင်က ဂရုမစိုက်သလို ကြိမ်းမောင်းသည်။

သို့သော် သူ သတိထားနေဆဲ ဖြစ်သည်။ သူ၏ခါးမှ ဓားပျော့ကို ဆွဲထုတ်ပြီး ဂူပေါက်ဝရှိ သစ်ကိုင်းသစ်ရွက်များကို ဖြတ်တောက်လိုက်သည်။ ပြီးနောက် သူသည် ဂူထဲသို့ ဖြည်းညှင်းစွာ လျှောက်သွားခဲ့သည်။

သို့သော် သူသည် ဂူထဲသို့ ဝင်လိုက်သည်နှင့်ပင် ခေါင်းလောင်းသံကဲ့သို့ သူ၏နားထဲတွင် ရုတ်တရက် ပေါက်ကွဲသံကို ကြားလိုက်ရသည်။

"ဒါက ဧကရာဇ်ယူမင်ရဲ့ စံအိမ်ကြီးပါ။ ကျူးကျော်သူတွေ သေရလိမ့်မယ်!"

သူ၏ခန္ဓာကိုယ်ထဲရှိ သွေးများနှင့်ချီသည် ကြောက်ရွံ့မှုနှင့်အတူ ချင်ယွင်၏ စိတ်နှလုံးလည်း တုန်လှုပ်သွားသည်။

"စာကြောင်းလေးတစ်ကြောင်းတည်းနဲ့ ငါ့ရဲ့စိတ်တွေ တုန်လှုပ်သွားတယ်။ သေမျိုးကမ္ဘာမှာ ဒီလောက် အစွမ်းထက်တဲ့သူ ဘယ်လိုလုပ် ရှိနိုင်မှာလဲ" ချင်ယွင်သည် အလွန်တုန်လှုပ်သွားသည်။

သူ၏ လက်ရှိ ကျင့်ကြံမှုသည် အဋ္ဌမအဆင့် ကောင်းကင်အလွှာ အထွတ်အထိပ် တွင်သာ ရှိသော်လည်း၊ သူ၏ စိတ်၀ိဉာဏ်သည် အစစ်အမှန် အင်မော်တယ်နယ် ပယ်သို့ ရောက်ရှိနေခဲ့ပြီး ဖြစ်သည်။ တစ်ဖက်သားက ဆူပူကြိမ်းမောင်း သတိပေးရုံမျှဖြင့် သူ၏စိတ်ကို တုန်လှုပ်စေခဲ့သည်။ ဆိုလိုသည်မှာ တစ်ဖက်သား၏ ကျင့်ကြံမှုသည် အင်မော်တယ်နယ်ပယ် အထက်တွင် ရှိနေသည်ဟု ဆိုလိုသည်။

ဒါ့ပြင် သူသည် ဧကရာဇ်ယူမင်၏စံအိမ် ဖြစ်သည်ဟု ပြောခဲ့သည်။ ဧကရာဇ်များဟု ကြွေးကြော်နိုင်သူများသည် သာမန်ကျွမ်းကျင်သူများ မဟုတ်သည်မှာ သေချာပါ သည်။ ယေဘုယျအားဖြင့် ပြောရလျှင် ထိုကဲ့သို့သော ကျွမ်းကျင်သူများ၏ စံအိမ်များကို ခွင့်ပြုခြင်းမရှိဘဲ ပိုင်နက်ကျူးလွန်ခြင်းသည် ကြီးလေးသော ပြစ်မှုဖြစ်သည်။

ထို့ကြောင့် ချင်ယွင်သည် အဆောလျင် တောင်းပန်လိုက်ပြီး "ဒီလူ‌ငယ်လေး ချင်ယွင်က စီနီယာကိုစော်ကားဖို့ ရည်ရွယ်ချက်မရှိပါဘူး၊ ခွင့်လွှတ်ပါ စီနီယာ"

သူ၏အသံက ဂူတဝိုက်မှာ ပဲ့တင်ထပ်နေပြီး သူတုံ့ပြန်ပြီးနောက် အချိန်အတော် ကြာသွားခဲ့သည်။

All Chapters