မြေအောက်ကမ္ဘာ အင်ပါယာနန်းတော်
Vol. 3 Ch. 38
အခန်း ( ၃၈) မြေအောက်ကမ္ဘာ အင်ပါယာနန်းတော်
"ဘာဖြစ်နေတာလဲ၊ တခြားတစ်ယောက်က စကားမပြောတော့ ဘူးလား၊ အခု တစ်ယောက်မှ မရှိတော့တာ ဘာဖြစ်လို့ပါလဲ" ချင်ယွင်သည် အံ့ဩသွားပြီး အထဲကို ဝင်ရဲခြင်းမရှိသေးပေ။
ရုတ်တရက် သူ၏စိတ်ထဲတွင် ရဲတင်းသည့် မှန်းဆချက်တခုရှိလာပြီး ဂူထဲထွက် ပေါက်သို့ ရောက်ရှိစဉ် အချိန်မီ နောက်ပြန်ဆုတ်လိုက်သည်။ ထို့နောက် သူသည် ရှေ့သို့ ခြေတစ်လှမ်းတိုးကာ ဂူထဲသို့ ထပ်မံ ဝင်ရောက်လာပြန်သည်။
သေချာသည်မှာ၊ သူ၏နားထဲမှာ ခေါင်းလောင်းသံနှင့်တူသည့် အသံတစ်ခု ထွက်ပေါ်လာပြန်သည်။" ဤသည်မှာ မြေအောက်ကမ္ဘာ ဖြစ်တယ်။ ကျူးကျော်သူများ သေကြလိမ့်မယ်။"
သူသည် ၀င်လိုက် ပြန်ဆုတ်လိုက်ဖြင့် ဤနည်းလမ်းအတိုင်း အကြိမ်ပေါင်းများစွာ ဆက်တိုက်ကြိုးစားခဲ့ပြီး အကြိမ်တိုင်း ဤအသံက ထွက်လာသည်။
ဤအရာက ချင်ယွင်ကို အလွန်ပျော်ရွှင်စေခဲ့သည်။ ယခုမှ ဤအသံ မည်ကဲ့သို့ ထွက်လာသလဲဆိုသည်ကို နောက်ဆုံးတော့ သူနားလည်သွားခဲ့သည်။
ဒီဂူထဲမှာ တစ်ယောက်မှ မရှိပါဘူး။ စောစောက ထွက်လာသည့်အသံသည် ကန့်သတ်ချက်တစ်ခုမျှသာဖြစ်သည်။ ကျူးကျော်သူများကို ဟန့်တားရန် အထူးဒီဇိုင်း ထုတ်ထားခြင်းဖြစ်သည်။
အင်မော်တယ်ကမ္ဘာတွင်၊ လူအများသည် ၎င်းတို့၏ လိုဏ်ဂူများပေါ်တွင် ထိုသို့သော ကန့်သတ်ချက်များကို ချမှတ်ထားလေ့ရှိသည်။ ပထမအချက်အနေဖြင့် ကျူးကျော်သူ များကို သတိပေးချင်တာ ဖြစ်သည်။ ဒုတိယအနေဖြင့် ကန့်သတ်ချက် များကို အသက်သွင်းလိုက်သည်နှင့် လိုဏ်ဂူပိုင်ရှင်က ချက်ချင်း သိမှာဖြစ်ပြီး သူတို့ရန်သူဆိုလျှင် တုန့်ပြန်နိုင်လိမ့်မည်။
ယခုမူ ချင်ယွင်သည် ဤကန့်သတ်တားမြစ်ချက်ကို အကြိမ်ပေါင်းများစွာ ဆက်တိုက် စမ်းသပ်ခဲ့ပြီး မည်သူမျှ ထွက်လာခြင်းမရှိသောကြောင့် ဂူထဲတွင် မည်သူမျှမရှိဟု ကောက်ချက်ချနိုင်ခဲ့သည်။
လှိုဏ်ဂူတွင် မည်သူမျှမရှိသောကြောင့် ဂူ၏အန္တရာယ်သည် အလွန် လျော့ကျသွား သည်ဟု ဆိုလိုခြင်းဖြစ်သည်။ ထို့ကြောင့် ချင်ယွင်သည် ဂူဆီသို့ ရဲတင်းစွာ လျှောက်၀င်လာခဲ့သည်။
ဂူဝင်ပေါက်သည် အလွန်ကျဉ်းမြောင်းသော်လည်း ဝင်ပြီးနောက် ရုတ်တရက် လင်းခနဲ ဖြစ်သွားသည်။
သူ၏ရှေ့လေထဲမှာ မီတာဆယ်ဂဏန်းခန့်မြင့်သည့် ခန်းမကြီးတစ်ခု ပေါ်လာသည်။
ခန်းမကြီးသည် ပြိုးပြိုးပြက်ပြက် အလင်းများနှင့် ခမ်းနားထည်၀ါလွန်း သည်။ ဦးခေါင်းအရွယ်အစားရှိ တောက်ပသောပုလဲအချို့ကို ခန်းမဆောင်ကြီး၏ ကျောက်နံရံများပေါ်တွင် မြှုပ်နှံထားပြီး ခန်းမတစ်ခုလုံးကို နေ့ခင်းဘက်ကဲ့သို့ တောက်ပစေသည်။
သူ၏ရှေ့ရှိ ခမ်းနားထည်ဝါသော ခန်းမကြီးကိုကြည့်ရင်း ချင်ယွင်၏ နှလုံးသားသည် အကြောင်းပြချက်မရှိဘဲ ရုတ်တရက် ခုန်သွားခဲ့သည်။ အထူးသဖြင့် ဧရာမတံခါးကြီး ပေါ်ရှိ မီတာနှစ်ဆယ်မြင့်သော ကမ္ပည်းပြားကြီးပေါ်တွင် ' မြေအောက်ကမ္ဘာခန်းမ ' ဟူသော ထိတ်လန့်တုန်လှုပ်သွားစေသည့် စကားလုံများကို မြင်လိုက်ရသည့် အချိန်မျိုးမှာ ဖြစ်သည်။
၎င်းမှ ထုတ်လွှတ်သော ဖိအားကြောင့် ချင်ယွင်သည် အသက်ပင် မရှူနိုင်တော့ပေ။
"မြေအောက်ကမ္ဘာခန်းမ၊ ဒါက ဒဏ္ဍာရီလာ မြေအောက်ကမ္ဘာခန်းမများလား ?"
ချင်ယွင်သည် အလွန်တုန်လှုပ်သွားသည်။ စောစောလေးတုန်းက သူဂူဝင်ပေါက်ထဲကို ၀င်လာစဉ် ဧကရာဇ်ယူမင်၏စံအိမ်ဆိုသည့် အဓိပ္ပါယ်ကို သူနားလည်သွားခဲ့သည်။
အင်မော်တယ်ကမ္ဘာတွင်၊ လျှို့ဝှက်ဆန်းကြယ်မှုကြီးတခု အမြဲတည်ရှိနေသည်။
တော်၀င်ချင်အင်မော်တယ်မင်းဆက် မတည်ထောင်မီ လွန်ခဲ့သည့် နှစ်ပေါင်း တစ်သိန်းကျော်တုန်းက အင်မော်တယ်ကမ္ဘာ တစ်ခုလုံးသည် ပရမ်းပတာ အခြေအနေသို့ ရောက်ရှိနေခဲ့သည်။ အဓိကအရေးပါသည့် အင်အားစုအသီးသီးသည် ခွဲထွက်ရေးသမားများဖြစ်ပြီး မည်သူမှ သူတို့ကို သိမ်းသွင်းလို့မရခဲ့ပေ။
သို့သော် ဤအခိုက်အတန့်တွင် အလွန်အစွမ်းထက်သော လူတစ်ယောက် ပေါ်လာခဲ့ သည်။ သူသည် အင်မော်တယ်ကမ္ဘာရှိ အင်အားကြီးမားသော အင်အားစုအမျိုးမျိုးကို ဖြတ်ကျော်ရန် ပြင်းထန်သော သတ်ဖြတ်မှုနည်းလမ်းများကို အသုံးပြုခဲ့သည်။ သူသည် အင်မော်တယ်ကမ္ဘာ, မြေအောက်ကမ္ဘာခန်းမတွင် ပထမဆုံး ပေါင်းစည်းထားသော အင်အားစုတခုကို ဖန်တီးရန် ရက်စက်ကြမ်းတမ်းသည့် သတ်ဖြတ်နည်းလမ်း အားလုံးနီးပါးကို အသုံးပြုခဲ့သည်။ ထိုလူကို ဧကရာဇ်ယူမင်ဟုလည်း ခေါ်ကြသည်။
မြေအောက်ကမ္ဘာခန်းမ၏ ရက်စက်ကြမ်းကြုတ်မှုကြောင့် လူတိုင်း၏ အမူအရာများ ပြောင်းလဲသွားခဲ့ရသည်။
နောက်နှစ်ထောင်ပေါင်းများစွာ ကြာသောအခါ၊ အင်မော်တယ်ကမ္ဘာ တစ်ခုလုံးသည် မြေအောက်ကမ္ဘာ ခန်းမ၏အုပ်ချုပ်မှုအောက်တွင် ရှိခဲ့သည်။ အင်မော်တယ်ကမ္ဘာ တစ်ခုလုံးရှိ မရေမတွက်နိုင်သောလူ ပေါင်းများစွာသည် လွန်စွာဆင်းရဲဒုက္ခ ခံစားခဲ့ရသည်။ ဤကာလအတွင်းတွင် ကျွမ်းကျင်သူအများအပြားသည် ဧကရာဇ်ယူမင်ကို ခုခံရန် ပုန်ကန်ထကြွခဲ့ကြသော်လည်း ၎င်းတို့ကို ဧကရာဇ်ယူမင်မှ အလွယ်တကူ ညှဉ်းပန်းနှိပ်စက်သတ်ဖြတ်ခဲ့ကြသည်။
လွန်ခဲ့သည့်နှစ်ပေါင်း တစ်သိန်းမတိုင်မီက ချင်ကလန်၏ ဘိုးဘေးများသည် အင်မော်တယ်ဧကရာဇ်ယူမင်ကို လေဟာနယ်တခုအတွင်း တိတ်တဆိတ် စည်းတံဆိပ် ခတ်ရန် အင်မော်တယ်ကမ္ဘာ၏ ထိပ်တန်း အင်မော်တယ်ဧကရာဇ် ဆယ်ယောက်နှင့် အတူ ပူပေါင်းခဲ့ကြသည်။ ထိုနောက်မှသာ အင်မော်တယ်ကမ္ဘာ အတွင်း ငြိမ်းချမ်းရေး ကို ရရှိခဲ့ကြသည်။ သို့သော်ငြားလည်း ထိပ်တန်း အင်မော်တယ် ဧကရာဇ်ဆယ်ပါးလုံး ပျောက်ကွယ်သွားခဲ့ကြသည်။ ချင်ကလန်၏ဘိုးဘေးများသာ အသက်ရှင်ကျန်ရစ် သည်။
ချင်ယွင်၏ခမည်းတော် အင်မော်တယ်ဧကရာဇ်ချင်ဟန်သည် ဧကရာဇ်ယူမင်၏ စွမ်းအားသည် အင်မော်တယ် ဧကရာဇ်ထက် အဆပေါင်းများစွာ သာလွန်နေပြီး နယ်ပယ်အသစ်တခုသို့ပင် ရောက်ရှိနေပြီဟု တစ်ချိန်က ပြောကြားခဲ့ဖူးသည်။ ဤနယ်ပယ်သစ်ကို အထွက်ထိပ်ဦးသျှောင်နယ်ပယ်ဟု ခေါ်သည်။
အနှစ်တစ်သိန်းကုန်လွန်သွားခဲ့ပြီး အင်မော်တယ်ကမ္ဘာတစ်ခုလုံးတွင် နောက်ထပ် အင်မော်တယ်ဧကရာဇ် အများအပြား မွေးဖွားလာခဲ့သည်။
သို့ပေမယ့် အထွက်ထိပ်ဦးသျှောင်နယ်ပယ် ကျွမ်းကျင်သူကတော့ ဧကရာဇ်ယူမင် တဦးတည်းသာ ရှိခဲ့ဖူးသည်။ ဧကရာဇ်ယူမင်၏ ဒဏ္ဍာရီများသည် နှလုံးသား နတ်ဆိုးများကဲ့သို့ ရှေးခေတ်အင်မော်တယ်ကမ္ဘာတွင် နေထိုင်ဖူးသောလူအားလုံး၏ နှလုံးသားထဲတွင် တည်ရှိနေခဲ့သည်။
ဧကရာဇ်ယူမင်၏ စံအိမ်တော်ထဲကို ဝင်လိုက်သည်နှင့် စစချင်းမှာ ချင်ယွင်သည် အင်မော်တယ်ကမ္ဘာမှာရှိသည့် အစွမ်းထက်ဆုံး ဧကရာဇ်ယူမင်နှင့် မဆက်စပ်မိခဲ့ပေ မယ့် ယခုတော့ မြေအောက်ကမ္ဘာနန်းတော်ကို မြင်တွေ့လိုက်ရသည့်အခါ သူ၏ရင်ထဲမှာ ထိတ်လန့်တုန်လှုပ် သွားခဲ့ရသည်။
ဧကရာဇ်ယူမင်၏စံအိမ်သည် သေမျိုးကမ္ဘာတွင် အဘယ်ကြောင့် ပေါ်လာရသ နည်း။ ထို့အပြင်၊ ဤ မြေအောက်ကမ္ဘာ နန်းတော်သည် အနှစ်တစ်သိန်းကျော်က တည်းက ဖျက်ဆီးခံခဲ့ရသည် မဟုတ်ပါလား။
ချင်ယွင်သည် သူ၏စိတ်ထဲတွင် ပဟေဌိဖြစ်နေပြီး အမှန်တရားကို စူးစမ်းရန် ပြင်ဆင်နေဆဲ ဖြစ်သည်၊ အကြောင်းမှာ ၎င်းသည် မြေအောက်ကမ္ဘာ နန်းတော်သာ ဖြစ်မည်ဆိုပါက ဧကရာဇ်ယူမင်၏ရတနာများ ရှိနိုင်ခြေများသည်။
ချင်ယွင်သည် ခန်းမအ၀င်မှ လျှောက်လာခဲ့ပြီး သူ့ထက် ဆယ်ဆပိုမြင့်သော တံခါးပေါက်မှ အက်ကွဲကြောင်းကို တွန်းထုတ်ရန် သူ၏ ခွန်အားအားလုံးကို အသုံးပြုခဲ့သည်။
ခန်းမထဲသို့ သူဝင်လိုက်သည်နှင့် တပြိုင်နက် ချင်ယွင်သည် သူ၏ရှေ့ရှိ မြင်ကွင်းကြောင့် အံ့အားသင့်သွားပြန်သည်။
အပြင်ဘက်မှ ကြည့်လျှင်ပင် ဤခန်းမသည် အလွန်ခမ်းနားနေပြီ ဖြစ်သော်လည်း ခန်းမထဲသို့ ဝင်ပြီးနောက် ချင်ယွင်သည် သူ၏ရှေ့ရှိမြင်ကွင်းကြောင့် တုန်လှုပ်သွား ရပြန်သည်။
အင်မော်တယ်ချီသည် ခန်းမထဲတွင် အုံ့ဆိုင်းနေပြီး ခေါင်မိုးပေါ်တွင် အလွန်ကြီးမား ကျယ်ပြန့်သည့် ကောင်းကင်ဘုံကိုးလွှာကြယ်စင်စုပုံကြမ်းကို ချိတ်ဆွဲထားသည်။
အောက်ခြေတွင် ကောင်းကင်သို့တိုင်ထိုးဖောက်နိုင်သော ကျောက်စာတိုင် ကိုးတိုင်ရှိ သည်။ ရိုင်းစိုင်းကြမ်းတမ်းပြီး ထူးခြားဆန်းပြားသော သားရဲကိုးကောင်ကို တိုင်များပေါ်တွင် ထွင်းထုထားပြီး ၎င်းတို့၏ သွားများနှင့် ခြေသည်းများကိုလည်း ဖွင့်လှစ်ထားကာ မာန်ဖီနေကြသည်။ တစ်ချက်ကြည့်လိုက်ရုံဖြင့်ပင် ကြောက်ရွံ့ တုန်လှုပ်သွားလောက်သည်။
ဟုတ်ပါသည်၊ ပင်မခန်းမအထက်မှာ ချင်ယွင်ကို ဖိနှိပ်ပြီး အသက်ရှူမဝအောင် ပြုလုပ်နေသည့် ပလ္လင်တစ်ခု ရှိနေသည်။ ၎င်း၏ကိုယ်တစ်ခုလုံးကို ခရမ်းရွှေအဖြူ ကျောက်စိမ်းဖြင့် ပြုလုပ်ထားပြီး အဆုံးမရှိဖိအားကို ထုတ်လွှတ်နေသည်။
"ဒါက ဒဏ္ဍာရီဆန်တဲ့ မြေအောက်ကမ္ဘာနန်းတော်လား။ တကယ်ကို ခမ်းနားထည်၀ါ လွန်းတယ်။ အဲဒါက ခမည်းတော်ရဲ့ အစိမ်းရောင်မြူနှင်းနန်းတော်ထက် မနိမ့်ကျဘူး။" ချင်ယွင်သည် သူ့ကိုယ်သူ အော်ပြောလိုက်မိသည်။
သို့သော် ဤအခိုက်အတန့်တွင် ဆူညံသံတစ်ခု ရုတ်တရက် ထွက်ပေါ်လာသည်။
"မြေအောက်ကမ္ဘာ နန်းတော်လား ၊ ဒဏ္ဍာရီလာ မြေအောက်ကမ္ဘာ နန်းတော်က ဘယ်လိုလုပ် ဒီလောက်အကြမ်းထည်ဆန်ရတာလဲ "
ချင်ယွင်သည် ချက်ချင်းပင် ထိတ်လန့်သွားသည်။ သူက ကမန်းကတန်း လှည့်ကြည့် လိုက်ပြီး "ဘယ်သူလဲ၊ ဘယ်သူပြောနေတာလဲ"ဟု မေးလိုက်သည်။
"ဟား ဟား၊ အရုပ်လေး, ငါက ဘယ်သူလဲ၊ နှစ်ပေါင်းတစ်သိန်း ရှိသွားပြီ။ တစ်စုံတစ်ယောက် ငါ့ကို ဒီလိုမမေးတာ နှစ်ပေါင်း တစ်သိန်းရှိသွားပြီ ကွ" အသံနက်ကြီးက ထပ်မံထွက်ပေါ်လာပြန်သည်။
သူ၏လက်ထဲက ဓားပျော့ကိုကြည့်ရင်း တစ္ဆေသရဲမြင်လိုက်ရသည့်အလား ချင်ယွင်၏ အမူအရာသည် ပြောင်းသွားသည်။
သူ၏စိတ်ဝိညာဉ်စွမ်းအားသည် အစောပိုင်းလေးက အသံသည် သိသာထင်ရှားခြင်းမရှိသော ဓားပျော့မှ ဆင်းသက်လာသည်ကို ရှင်းရှင်းလင်းလင်း ခံစားမိသည်။
လျူကျင်းကိုသတ်ပြီး ဤဓားကို ရယူခဲ့တုန်းကတည်းက ဤဓားသည် သာမန်ဓား မဟုတ်ဘူးလို့ ခံစားခဲ့ရသည်။ သို့သော်လည်း အချိန်အတော်ကြာ လေ့လာပြီးနောက် ဤဓား၏ ထက်ရှမှုမှလွဲ၍ ထူးခြားသောအရာ မရှိကြောင်း သူတွေ့ရှိခဲ့သည်။
ယခု ဤဓားမှ အမှန်တကယ် စကားသံထွက်လာပြီး သူခန့်မှန်းချက် မမှားဘူးဆိုတာ သက်သေပြဖို့ လုံလောက်ပြီ။
"ခင်ဗျားက ဒီဓားရဲ့ ဝိညာဉ်အစစ်လား" ချင်ယွင်က အံ့သြစွာ မေးလိုက်သည်။
"ပစ္စည်းဝိညာဉ်လား?" "ဒီအဘိုးကြီးက အင်မော်တယ်ဧကရာဇ်ကွ၊ ဘယ်လိုလုပ် ပစ္စည်းဝိညာဉ် ဖြစ်နိုင်ပါ့မလဲ။" အသံက တိုးတိုးလေး ထွက်လာပြန်သည်။
ချင်ယွင်၏ မျက်ခွံများ လှုပ်ယမ်းသွားသည်။
အင်မော်တယ် ဧကရာဇ်လား?
ဒါက သူ့ဖမည်းတော်နှင့် တစ်တန်းတည်း တည်ရှိနေမူ မဟုတ်လား။
သူ၏စိတ်ထဲတွင်၊ တော်၀င်ချင်အင်ပါယာတွင် အင်မော်တယ် ဧကရာဇ် စုစုပေါင်း လေးပါးနှင့် ခုနှစ်စင်ကြယ် အင်မော်တယ်နယ်မြေများ၏ ကောင်းကင်ဘုံနန်းတော် သုံးဆယ့်ရှစ်ခုကို အုပ်စိုးသော အင်မော်တယ် ဘုရင်သုံးဆယ့်ခြောက်ပါး ရှိသည်။ သူတို့တစ်ယောက်ချင်းစီက ကြီးကျယ်ခမ်းနားသည့် တည်ရှိမှုများဖြစ်သည်။
သူ့ရှေ့မှာရှိနေသည့် ဓားပျော့မှအသံသည် သူသည် အင်မော်တယ် ဧကရာဇ် တစ်ပါး ဖြစ်ကြောင်း အမှန်တကယ်ပင် ပြောနေသည်။ ဤအရာက ချင်ယွင်အတွက် အမှန်တကယ် တွေးကြည့်လို့ မရသည့်အရာဖြစ်သည်။
"ခင်ဗျားက အင်မော်တယ် ဧကရာဇ်တစ်ပါး ဖြစ်နေမှတော့ ခင်ဗျား ဘာလို့ ဒီဓားထဲ ၀င်နေရတာလဲ" ချင်ယွင်က စိတ်ရှုပ်ထွေးစွာဖြင့် မေးလိုက်သည်။
"ဟမ့် ၊ ဒါက ယုတ်မာကောက်ကျစ်တဲ့ ဧကရာဇ်ယူမင်ကြောင့်ပဲလေ။ သူက ငါ့ခန္ဓာကိုယ်ကို လက်တစ်ချောင်းတည်းနဲ့ ဖျက်ဆီးဖို့ သူ့ရဲ့ ခွန်အားကိုသုံးခဲ့ပြီး ဒီ 'မြူနှင်းချောက်'ဓားနဲ့ ငါ့စိတ်ဝိညာဉ်ကို ထာဝရ ချုပ်နှောင်ထားလိုက်တာလေ,။ ကံဆိုးတာပဲ၊ ဒီလူဆိုးကြီးက ငါ့ကို ဒီဓားရှည်ထဲမှာ ပိတ်ထားခဲ့တာ။ အနှစ် တစ်သိန်းရှိ သွားပြီ။ သူက ဒီဓားရဲ့အစွမ်းကိုတောင် စည်းတံဆိပ်ခတ်ပြီး ငါ့ကို အရှက်ရစေမယ့် သေမျိုးကမ္ဘာထဲသို့ ကန်ထုတ်ပစ်ခဲ့သေးတယ် ။" ဓားပျော့ထံမှ ဒေါသတကြီး အသံထွက်လာသည်။
ချင်ယွင်သည် သူ၏လက်ထဲက ဓားပျော့ကို ငုံ့ကြည့်လိုက်ပြီး အံ့သြသွားမိသည်။
"ဒါဆို ဒီဓားကို ယွန်ဟန်ဓား လို့ခေါ်တာလား"