← Chapters

ဆက်တိုက် အဆင့်ချိုးဖြတ်ခြင်း

Vol. 3 Ch. 40

ဆက်တိုက် အဆင့်ချိုးဖြတ်ခြင်း

Vol. 3 Ch. 40

အခန်း (၄၀) ဆက်တိုက်အဆင့်ချိုးဖြတ်ခြင်း

"ဖရိုဖရဲ အစိမ်းရောင်ကြာပန်း၊ သတ္တဝါအပေါင်းတို့၏မိခင်၊ ကျွန်ုပ်သည် ပန်းများပွင့်လန်းနေသော သန့်ရှင်းသော ရေကန်ကြီးတွင် အစိမ်းရောင်

ကြာပန်းကို စိုက်ပျိုးပါ၏..."

ချင်ယွင်က ရွတ်ဆိုလိုက်ပြီး သူ၏အာရုံစူးစိုက်မှုအားလုံးကို ကျင့်ကြံခြင်း ပညာရပ်အပေါ် ပြောင်းလဲရန် ကြိုးစားပါတော့သည်။

ဖရိုဖရဲ အစိမ်းရောင်ကြာပန်းပညာရပ်သည် အင်မော်တယ်ကမ္ဘာမှာပင်နံပါတ်တစ် လျှို့ဝှက်ဆန်းကြယ်သော ကျင့်ကြံခြင်းနည်းစနစ်ဖြစ်ထိုက်ပါသည်။ ထိုအချိန်တုန်းက သူ၏ခမည်းတော်သည် ဤကျင့်ကြံခြင်းပညာရပ်ကို ရှေးဟောင်းခေတ် ဖရိုဖရဲနယ်‌မြေ၏ နက်ရှိုင်းသည့်နေရာထဲမှ သူ မတော်တဆရရှိခဲ့‌သော အရာဖြစ်သည်ဟု ပြောခဲ့ဖူးသည်။ ယင်းက လျှို့ဝှက်ဆန်းကြယ်ပြီး ဉာဏ်မမှီနိုင်သည့်နိုင်အရာဖြစ်သည်။ အကယ်၍ ရှေးဟောင်းခေတ် တည်ရှိမူ ရှိမနေဘူးဆိုလျှင် ဒီပညာရပ်လည်း တည်ရှိနေမည် မဟုတ်ပေ။

ဖရိုဖရဲအစိမ်းရောင်ကြာပန်းပညာရပ်၏ လမ်းညွှန်မှုအောက်တွင် တက်ကြွနေသော စွမ်းအင်များသည် ချင်ယွင်၏ ဒန်တန်ရှိ ကြည်လင်သောရေကန်ထဲသို့ အဆက်မပြတ် စီးဆင်းလာသည်။

ရေကန်ထဲသို့ စွမ်းအင်များသွန်းလောင်းလာသည်နှင့်အမျှ ရေကန်သည် ပိုမိုကြီးမား လာပြီး ရေကန်တစ်ခုလုံးတွင် အစိမ်းရောင်ကြာပန်းများဖြင့် ပြည့်နေသည်။

ဘန်း!

ချင်ယွင်၏ ကျင့်ကြံမှုသည် သိုင်းပညာရှင်နယ်ပယ် န၀မအဆင့် ကောင်းကင်အလွှာ အထိ တိုက်ရိုက်ချိုးဖျက်သွားသော်လည်း ဤစွမ်းအားသည် အရူးအမူး သွန်း‌လောင်းနေဆဲဖြစ်သည်။

ချင်ယွင်သည် ချက်ချင်းပင် ဝမ်းသာသွားသည်။ သူ၏ ချီစွမ်းအင် လမ်းကြောင်းများ သည် ပေါက်ကွဲခါနီးအထိ သူ၏အမြှေးပါးများ ဖောင်းကားနေသေးပေမယ့် သူအဆင့်ဖြတ်ကျော်နိုင်ခြင်းက သူ၏နှလုံးသားကို လွန်စွာ ရင်ခုန်စေသည်။

"ကောင်းပြီလေ၊ ဒီလိုဆိုမှတော့ အဆင့်ဖြတ်ကျော်ရာမှာ မင်းက ငါ့ကို ဘယ်နယ်ပယ်ထိရောက်အောင် ကူညီပေးနိုင်မလဲဆိုတာ ငါကြည့်ချင်တယ်"

ချင်ယွင်သည် သူ၏နှလုံးသားထဲတွင် ဂုဏ်ယူမူကို ခံစားလိုက်ရသည်။ သူသည် ဘာအမှားအယွင်းမှ မရှိတော့ဘဲ ဒီစွမ်းအားကို စုပ်ယူဖို့ သူ၏ စိတ်နှလုံးကို အကြွင်းမဲ့ မြှုပ်နှံထားနိုင်ခဲ့သည်။

အချိန်တွေ တရွေ့ရွေ့ကုန်ဆုံးလာပြီး ချင်ယွင်၏ ကျင့်ကြံမှုအဆင့်ကလည်း တိုးလာခဲ့ သည်။

ပထမအဆင့် ကောင်းကင်အလွှာ သိုင်းသခင်၊ ဒုတိယအဆင့် ကောင်းကင်အလွှာ သိုင်းသခင်၊ တတိယအဆင့် ကောင်းကင်အလွှာ သိုင်းသခင်။

ခြောက်နာရီကြာပြီးနောက်၊ ချင်ယွင်၏ ကျင့်ကြံမှုသည် သိုင်းသခင်နယ်ပယ် တတိယအဆင့် ကောင်းကင်အလွှာသို့ တိုက်ရိုက်ရောက်ရှိသွားခဲ့သည်။

ဤအရာက ချင်ယွင်၏ နှလုံးသားထဲတွင် ကျယ်လောင်စွာ အော်ဟစ်ချင်လာမိသည်။

ခြောက်နာရီအကြာဖြင့် သူသည် အဆင့်လေးဆင့်ကို ဆက်တိုက် ချိုးဖျက်ခဲ့ပြီး ၎င်းတို့အနက်မှ တစ်ခုသည် နယ်ပယ်ကြီးတခုဖြစ်သည်။ ဒီလိုအခွင့်အရေးမျိုးက ရှားပါးပြီး အခွင့်အလမ်းကောင်းတစ်ခုလို့ ပြောလို့ရသည်။

ယခုအခါတွင် သူ၏ ကျင့်ကြံမှုအဆင့်သည် တိုးလာရုံသာမက သူ၏ ခန္ဓာကိုယ်သည် လည်း များစွာ တိုးလာခဲ့သည်။

ယင်းက ချင်ယွင်သည် သူ၏လက်ရှိ အင်အားဖြင့် လျူကလန်၏ မျိုးနွယ်စု ခေါင်းဆောင်ကဲ့သို့သော န၀မအဆင့် ကောင်းကင်အလွှာ သိုင်းသခင်တစ်ယောက်ကို တိုက်ခိုက်ရန် ခွန်အားရှိနေသည်ဟု ခံစားမိစေသည်။ ဆဋ္ဌမအဆင့် ကောင်းကင်အလွှာ သိုင်းသခင်အောက်က ကျွမ်းကျင်သူများကို သူ၏ခန္ဓာကိုယ်ဖြင့်ပင် သတ်ပစ်နိုင်သည်။ သူသည် နဝမအဆင့် ကောင်းကင်အလွှာ သိုင်းသခင်ကို စွမ်းအားအပြည့်ဖြင့် တိုက်ခိုက်နိုင်ပေမည်။

"ကျေးဇူးတင်ပါတယ် စီနီယာ!" ချင်ယွင်က သူ၏ ရှေ့မှာ လွင့်မျောနေသည့် မြူနှင်းချောက်နက်ဓားကို ပြောလိုက်သည်။

"ဟမ့်၊ မင်း ငါ့ကို မြန်မြန် ကျေးဇူးတင်မနေနဲ့၊ နောက်ထပ် အတားအဆီးနှစ်ခု ကျန်နေ သေးတယ်။ တကယ်လို့ မင်းဖြတ်ကျော်နိုင်မယ်ဆို မင်း ရိတ်သိမ်းမှု ပိုကောင်းလာ လိမ့်မယ်။ မင်း မကျော်ဖြတ်နိုင်ဘူးဆိုရင်တော့ အရာအားလုံးက အချည်းနှီး ဖြစ်သွားလိမ့်မယ်။ ." အဘိုးကြီးက တင်းမာစွာပြောသည်။

ချင်ယွင်သည် အနည်းငယ် ခေါင်းညိတ်လိုက်သည်။

ရုတ်​တရက်​ သူ၏မျက်​လုံးများသည် ​မိုက်ခနဲဖြစ်ပြီး မူးလဲကျသွားသည်​

"မောင်လေး နိုးပြီလား..."

သူ၏အိပ်ယာထဲတွင် ချင်ယွင်သည် ရင်းနှီး‌ နေကျနူးညံ့သိမ်မွေ့သော အသံကို ကြားနေပုံရသည်။

သူသည် မျက်လုံးများကို ဖြည်းညှင်းစွာဖွင့်လိုက်ပြီး မြေအောက်ကမ္ဘာ နန်းတော်၏ ပင်မခန်းမဆောင်တွင် လဲလျောင်းနေသည်ကို တွေ့လိုက်ရသည်။ သို့သော် မြူနှင်း ချောက်နက်ဓားသည်ပျောက်ကွယ်သွားခဲ့သည်။ သူ၏မျက်လုံးများကို ဖမ်းစားလိုက် သည်မှာ အလွန်လှပပြီး လှုပ်ရှားနေသော မျက်နှာတစ်ခုဖြစ်သည်။

"အစ်မ!" ချင်ယွင်က အံ့သြစွာပြောသည်။ သူသည် အမြန်ထထိုင်လိုက်ပြီး သူ၏ရှေ့က လှပသည့် အမျိုးသမီးကို နွားတစ်ကောင်လို မျက်လုံးကျယ်ကြီးဖြင့် စိုက်ကြည့် နေသည်။

"ဘာလဲ? ငါတို့နောက်ဆုံးတွေ့တာ တစ်လပဲရှိသေးတယ်လေ။ ဒါပေမယ့် မင်းက အစ်မကို မသိတော့ဘူးလား။ ငါ့ကို ဒီလိုမျိုး ကြည့်နေစရာလား။" မိန်းမလှလေးက ချိုချိုသာသာ ပြုံးပြီး ပြောသည် ။

"ဘယ်လိုလုပ် ဖြစ်နိုင်မှာလဲ၊ ငါသေရင်တောင် ငါ့အစ်မကို မမေ့ဘူး။" ချင်ယွင်က ကမန်းကတန်းပြောလိုက်သည်။

ထိုစကားကို ပြောပြီးနောက် သူ့အစ်မ၏ ရင်ခွင်ထဲသို့ တိုး၀င်လိုက်သည်။ သူ၏ရှေ့ရှိ လှပသော အမျိုးသမီးသည် သိုင်းမြို့စားချင်းယွန်၏ လုယူသွားခြင်းကို ခံခဲ့ရသော လျူရန်ယွင်မှလွဲ၍ အခြားသူ မဟုတ်ပေ။

"မိုက်လိုက်တဲ့ ကောင်လေး၊ အနာဂတ်မှာ မင်းက သေမယ်ဆိုတဲ့စကားမျိုး မပြောမိ‌စေနဲ့။ ဒီမှာ အစ်မနဲ့အတူရှိနေမှတော့ အစ်မက မင်းကို သေခွင့်မပြုဘူး " လျူရန်ယွင်သည် ချင်ယွင် ၏ခေါင်းကို ပွေ့ဖက်ကာ ပြုံးပြရင်း သူမ၏ မျက်လုံးများသည် ချစ်ခြင်းမေတ္တာများဖြင့် ပြည့်နှက်နေသည်။

ချင်ယွင်သည် ရင်ခွင်ထဲမှမထွက်ခင် လျူရန်ယွင်၏ ရင်ခွင်ထဲတွင် အချိန်အတော်ကြာအောင် တိတ်တဆိတ် ချော့မြူခံနေသလို ပြုမူနေခဲ့သည်။ လျူရန်ယွင်၏ ရှေ့တွင် သူသည် အမြဲတမ်း ကလေးဆန်နေခဲ့သည်။

ခြောက်နှစ်ကြာ အတူတူ‌နေခဲ့ပြီးနောက် သန်မာသူတယောက်ဖြစ်လာသည့်အချိန်ထိ ချင်ယွင်သည် လျူရန်ယွန်းကို အကြာကြီး မှီခိုလာခဲ့ရသည်။

အရင်တုန်းက သူ လူအဖြစ်နေတုန်းအချိန်မှာ လျူရန်ယွင်သည် သူ၏အစ်မဖြစ်သလို သူ၏အမေဆိုလျှင်လည်း ဟုတ်ပေသည်။

နောက်ပိုင်းတွင် သူသည် လုံးလုံး သတိပြန်ရလာခဲ့သည်။ ချင်ယွင်သည် ယခင် လူအလေးတယောက် ဖြစ်စဉ်ကကဲ့သို့ သူမ၏ရှေ့တွင် ချော့မြူခံခြင်းမျိုး ပြုမူဝံ့ခြင်းမရှိသော်လည်း သူ၏အစ်မအပေါ် ထားရှိသော ခံစားချက်များက သူ၏ နှလုံးသားထဲတွင် မသိမသာ ခံစားချက်များ ဖြစ်ပေါ်လာခဲ့သည်။

ဤခံစားချက်သည် လွန်ခဲ့သည့်ခြောက်နှစ်က သူနှင့်အတူ လျူရန်ယွင် ရေချိုးရာမှ အစပြုလာခြင်းဖြစ်သည်။ သူမသည် သူ့ကို နေ့ရောညပါ အိပ်ပျော်အောင် နှစ်သိမ့်ပေးခဲ့ပြီး လျူရန်ယွင် အပေါ် ချင်ယွင်၏ ခံစားချက်များက တဖြည်းဖြည်း ရင့်မှည့်လာကာ သူ၏ ခန္ဓာကိုယ်နှင့် စိတ်ကို ပြောင်းလဲစေသည်။

ထို့ကြောင့် လျူရန်ယွင်အပေါ် ချင်ယွင်၏ ခံစားချက်သည် အလွန်ထူးခြားပါသည်။ သူသည် သူမအား မှီခိုအားကိုးပြီး သူမကို ပိုင်ဆိုင်လိုစိတ် ပြင်းပြလာခဲ့သည်။

ချင်ယွင်သည် သူ၏မှတ်ဉာဏ်များ နိုးထလာသည့် နေ့ကစပြီး ယခုလို စိတ်ခံစားချက်မျိုး စတင်ပြောင်းလဲလာခဲ့သည်။ သို့သော် ချင်ယွင်သည် သူ၏အစ်မ ဘာတွေးနေမှန်း သေချာမသိရဲပေ။

အကယ်၍ သူ၏အစ်မသည် သူ့ကို မောင်ငယ်တစ်‌ယောက်အဖြစ်သာ ဆက်ဆံခဲ့မည် ဆိုလျှင်၊ သူ၏ ရိုင်းစိုင်းသော အတွေးများသည် သူ၏ အစ်မအား စိတ်ထိခိုက်သွားဖွယ် ရှိသည်။ ဤအရာသည် သူအလွန်အမင်း မမြင်လိုသော အရာဖြစ်သည်၊ ထို့ကြောင့် ချင်ယွင် သည် ထိုအချိန်ကာလအတွင်း သူ၏အစ်မအား တမင်ရှောင်နေတော့သည်။

လျူမျိုးနွယ်၏ တတိယအကြီးကဲ၏ ဓားချက်ကို သူ၏အစ်မ တားဆီးလိုက်သော အခါမှပင် ချင်ယွင် ရုတ်တရက် နားလည်သွားခဲ့သည်။

နောင်တွင် သူနှင့် သူ၏အစ်မတို့ကြား ဆက်ဆံရေး မည်သို့ပင်ရှိစေကာမူ သူ၏အစ်မသည် သူ၏ ဘဝတွင် အရေးကြီးဆုံးသော ပုဂ္ဂိုလ်ဖြစ်သည်။

"အစ်မ ဒဏ်ရာတွေ ပိုကောင်းလာပြီလား" ချင်ယွင် က သူ၏အစ်မကို ကြည့်ပြီး စိတ်လှုပ်ရှားစွာ မေးသည်။

လျူရန်ယွင်က ချိုချိုသာသာ ပြုံးပြပြီး သူမ၏ လှပသော မျက်နှာလေးသည် ပို၍ပင် ချစ်စရာကောင်းနေသည်။

"ငါ့ဒဏ်ရာတွေက သက်သာလာတာကြာပြီ၊ ငါလည်း ကျင့်ကြံနေပြီ။ ငါ့ရဲ့ လက်ရှိ ကျင့်ကြံမှုအဆင့်ကို ကြည့်လိုက်လေ၊ ငါက သိုင်းပညာရှင်နယ်ပယ် စတုတ္ထအဆင့် ကောင်းကင်အလွှာရောက်နေပြီ!" လျူရန်ယွင်သည် သူမ၏လှပသော မျက်လုံးများကို ကျဉ်းမြောင်းပြီး ပြုံးလိုက်သည်။

လျူရန်ယွင်၏ တောက်ပသော အပြုံးကို မြင်လိုက်ရတော့ ချင်ယွင်သည် သူ၏စိ တ်ထဲတွင် အထူးပျော်ရွှင်နေခဲ့သည်။

"ဒါဆို အစ်မက ဘာလို့ ဒီမှာလာနေတာလဲ" ချင်ယွင်က ပြုံးပြုံးလေး မေးလိုက်သည်။

"မင်း ပျော်ရွှင်ခြင်းပန်းအဆိပ်ရဲ့ အဆိပ်သင့်ပြီး ဒီချောက်ကမ်းပါးပေါ်က ပြုတ်ကျတာ ကို ငါကြားရတယ်၊ ဒါကြောင့် ဒီဂူကို ရှာဖို့ အမြန်ပြေးလာခဲ့ပြီး မင်းက ဒီမှာ တကယ်ရှိနေတာကို တွေ့ခဲ့ရတာပဲ" လျူရန်ယွင်က ပြုံးလိုက်သည်။

ချင်ယွင် ခေါင်းညိတ်လိုက်သည်။

ရုတ်တရက် လျူရန်ယွင်က ချင်ယွင်၏ ပုခုံးပေါ်ကို လက်တင်ပြီး " မောင်လေး ၊ မင်းက ပျော်ရွှင်ခြင်းပန်းအဆိပ်ရဲ့ အဆိပ်သင့်နေပြီ၊ အခုချိန်က မင်း ငါ့ကိုလို အပ်နေတဲ့အချိန်ဘဲ။ အတိအကျပြောရရင် ငါ မင်းအဆိပ်သင့်နေတာကို မမြင်ချင်ဘူး" ဟု တိုးတိုးလေး ပြောလိုက်သည်။

"ဒါပေမယ့်…"

ချင်ယွင်သည် တစ်ခုခုကို ရှင်းပြချင်ပေမယ့် လျူရန်ယွင် က "အစ်မက မင်းကို မဆုံးရှုံးချင်ဘူး။ အစ်မက မင်းကို ခန္ဓာကိုယ်ကိုပေးဖို့ ဆန္ဒရှိတယ်"

ထိုသို့ပြောပြီးနောက် လျူရန်ယွင်သည် သူမ၏ ခန္ဓာကိုယ်ရှိ ကြယ်သီးများ ဖြုတ်လိုက် ပြီး သူမ၏ အပြာရင့်ရောင် ၀တ်စုံကို အမြန်ပြန်ချွတ်လိုက်သည်။ ချင်ယွင်သည် ခံနိုင်ရည်မရှိဖြစ်ကာ ပါးစပ်အပြည့်တံတွေး မျိုချလိုက်ရသည်။

သူသည် လျူရန်ယွင်ကို အနည်းငယ် မှေးကျဉ်းထားသည့် သူ၏မျက်လုံးများ ဖြင့်ကြည့်ရင်း နောက်ရာမှ မရွေ့နိုင်တော့ပေ။ သူ၏နှလုံးသားသည် ဒရမ်လို ခုန်နေသည်။

ချင်ယွင်သည် မူလကတည်းက (ဒီကိစ္စနှင့်ပတ်သတ်လျှင်) အခြေတည်ပြီးသော ကလေးဖြစ်သည်။ သူသည် နောက်ဆုံးအကြိမ် ဆိတ်သုဉ်းခြင်း ရှေးဟောင်း တောအုပ်တွင် ရန်စီချီ၏ သွေးဆောင်မှုကို ခံခဲ့ရပြီး အသိ ပျောက်ဆုံးလုနီးပါး ဖြစ်ခဲ့ရသည်။ အခုလည်း ပျော်ရွှင်ခြင်းပန်းအဆိပ်၏ အဆိပ်သင့်ခြင်းကိုတောင် ခံထားရသည်။ ထို့အပြင် သူသည် ဤအလှ‌လေးကို နှစ်သက်ခဲ့သည်မှာ ကြာခဲ့ပြီ။

"ဒီနေ့ မင်းရဲ့ဇနီးဖြစ်ပါစေ!" လျူရန်ယွင်၏ မျက်နှာသည် အရည်ရွှမ်းနေသကဲ့သို့ နီမြန်းနေပြီး ချင်ယွင်၏ ရင်ခွင်ထဲသို့ ပြိုလဲကျသွားသည် ။

ချင်ယွင်၏ ခေါင်းသည် ခဏတာကြာ အံ့အားသင့်သွားပြီး သူ၏စိတ်က တုန်လှုပ်သွားသည် ။

ချင်ယွင်သည် သူ၏လက်ကို လျူရန်ယွင်၏ အရိုးမဲ့ခါးပေါ် တင်လိုက်သည်။ သူ၏နှလုံးသားက ပြင်းထန်စွာ ထိုးနှက်ခံလိုက်ရသလို ခံစားလိုက်ရပြီး သွေးများလည်း ဆူပွက်လာသည်။

ချင်ယွင်သည် သူ၏ဆင်ခြင်တုံတရားကို လုံးလုံးလျားလျား ဆုံးရှုံးသွားရပြီး သူ၏ ခန္ဓာကိုယ် တစ်ခုလုံးသည် ရက်စက်ကြမ်းကြုတ်သော သားရဲတစ်ကောင်လိုဖြစ်နေကာ သူ၏အောက်ရှိ လျူရန်ယွင်ကို ဖိနှိပ်ထားသည်။

All Chapters