← Chapters

ကြောက်မက်ဖွယ်ကောင်းသော သတ်ဖြတ်မှု အစီအရင်

Vol. 3 Ch. 41

ကြောက်မက်ဖွယ်ကောင်းသော သတ်ဖြတ်မှု အစီအရင်

Vol. 3 Ch. 41

အခန်း (၄၁) ကြောက်မက်ဖွယ်ကောင်းသော သတ်ဖြတ်မူအစီရင်

သို့သော် ချင်ယွင်သည် သူ၏သေနတ်ကိုပစ်ပြီး တိုက်ပွဲဝင်ခါနီးတွင် ကျယ်လောင်သော အော်သံတစ်ခု ရုတ်တရက်ထွက်ပေါ်လာသည်။

"ထွက်သွားစမ်း!"

ဤကျယ်လောင်သောဟောက်သံသည် ချင်ယွင် ၏ခေါင်းကို လှုပ်ခါစေပြီး မူးဝေစေကာ ကောင်းကင်နှင့်မြေကြီးကို ချာလပတ် လှည့်ပတ်သွားစေသည်။

ထို့နောက် ခန်းမတစ်ခုလုံး ပြင်းထန်စွာ တုန်ခါသွားပြီး ယခုအချိန်တွင် သူ၏အောက်ရှိ လျူရန်ယွင် လည်း ပျောက်ကွယ်သွားခဲ့သည်။

ချင်ယွင်သည် ရုတ်တရက် မျက်လုံးဖွင့်လိုက်ရာ ခန်းမဆောင်၏ ပလ္လင်ပေါ်တွင် ထိုင်နေသေးသည်ကို တွေ့လိုက်ရပြီး မြူနှင်းချောက်နက်ဓားတစ်ချောင်းက သူ၏ရှေ့တွင် လွင့်မျောနေသည်။

"ခုနက ဖြစ်ပျက်ခဲ့သမျှဟာ ထင်ယောင်ထင်မှား ပုံရိပ်ယောင် ဖြစ်နေပေမယ့် ဘာကြောင့် ဒီလောက် အစစ်အမှန် ဖြစ်ရတာလဲ" ချင်ယွင်သည် မယုံကြည်နိုင်စွာ ပြောလိုက်သည်။

သူ၏အရေပြားတစ်လက်မတိုင်းဟာ ယခုချိန်မှာ အပူချိန်ဖြင့် ဖုံးလွှမ်းနေပြီး ခံစားချက်က တကယ့်အစစ်အမှန် ဖြစ်နေသည့်အတိုင်းပင်။

"ဟမ့်!"

မြူနှင်းချောက်နက်ဓားမှ အေးစက်စက် နှာခေါင်းရှုံ့သံတစ်ချက် ထွက်ပေါ်လာပြီး ဒေါသတကြီး ပြစ်တင်ကြိမ်းမောင်းသည် " ကောင်စုတ်လေး၊ ငါ့အတွက် ခိုင်မာတဲ့ ခန္ဓာကိုယ်တစ်ခု သိပ်သည်း နိုင်စွမ်းမရှိသေးလို့သာပေါ့။ ဒီလိုမှမဟုတ်ရင် ငါ ခုန်ထွက်လာပြီး မင်းကို သေချာပေါက် သေတဲ့အထိ ပါးရိုက်မိလိမ့်မယ်။ အလှပလေးတခုကိုတောင် မကျော်ဖြတ်နိုင်ခဲ့ဘူး။ တခြားဘာတွေလုပ်နိုင်မယ်လို့ မင်းထင်လဲ”

ချင်ယွင်သည် ခဏတာ ရှက်သွားသည်။ သူက ခေါင်းငုံ့ကာ အဘိုးအို၏ ဆုံးမစကားကို နားထောင်နေပြီး ယွမ်ဟန်ဓားကို တည့်တည့်ပင် မကြည့်ဝံ့။

အဘိုးအိုဆုံးမတာ ငြီးငွေ့သွား‌သည်နှင့် ချင်ယွင်က အားနည်သည့်အသံဖြင့် မေးလိုက်သည် "စီနီယာ, အခုနက ဘာဖြစ်တာလဲ?"

အဖိုးအိုသည် ချင်ယွင်နှင့် ငြင်းခုံရန် အလွန်ပျင်းနေပုံရသည်။ သူက စိတ်မရှည်သည့်အသံဖြင့် ပြောပြသည် “ဒီပလ္လင်က အမှန်တကယ်တော့ အမွေဆက်ခံခြင်း ပလ္လင်ပဲ ။ ၎င်းကို အစီရင်သုံးမျိုးဖြင့် ဖွဲ့စည်းထားတယ်။ ၎င်းအစီရင်သုံးမျိုးက ဝိညာဉ်စုစည်းခြင်းအစီရင်၊ ပုံရိပ်ယောင်အစီရင်နှင့် သတ်ဖြတ်ခြင်းအစီရင်တို့ ဖြစ်တယ်။ အမွေဆက်ခံသူဟာ ဒီပလ္လင်ပေါ်မှာ ထိုင်နေသမျှ ကာလပတ်လုံး ဒီဖွဲ့စည်းပုံသုံးမျိုးကို တွေ့ကြုံရလိမ့်မည်။ အစီရင်တစ်ခုကို ချိုးဖျက်လိုက်တိုင်း၊ အမွေဆက်ခံခြင်းဆုလာဘ်တစ်ခုကို ရရှိလိမ့်မယ်။"

ချင်ယွင်သည် ရုတ်တရက် ခေါင်းငြိမ့်လိုက်ပြီး ကိစ္စတစ်ခုလုံး၏ အကြောင်းရင်းကို ချက်ခြင်းနားမလည်မီ တစ်ခဏမျှ စဉ်းစားလိုက်သည်။

ပထမအဆင့်မှာ ဝိညာဉ်စုစည်း အစီရင်ဖြစ်သည်။ ဝိညာဉ်ချီပမာဏများစွာသည် သူတို့၏ခန္ဓာကိုယ်ထဲသို့ စိမ့်ဝင်သွားလိမ့်သည်။

လူအများစုသည် ဤဝိညာဉ်ချီကြောင့် ပေါက်ကွဲထွက်သွားလိမ့်မည်။ အောင်မြင်ခဲ့လျှင် ထိုအတွက် ဆုလာဘ်သည် ၎င်းတို့၏ ကျင့်ကြံမှုတွင် အဆင့်ချိုးဖျက်ခြင်းဖြစ်သည်။ ဒုတိယအဆင့်မှာ ပုံရိပ်ယောင် အစီရင် ဖြစ်သည်။ သူ့အစ်မ၏ အသွင်အပြင်သည် ပုံရိပ်ယောင် အစီရင်ကြောင့်ဖြစ်‌ပေါ်လာခြင်း ဖြစ်သည်။ သို့သော် ဒုတိယအဆင့်သည် သူ့ကြောင့် ကျိုးပျက်သွားခြင်းမဟုတ်။ ဓားထဲရှိ အဘိုးအိုက ပြင်းပြင်းထန်ထန် ဖျက်ဆီးခဲ့ခြင်းကြောင့်သာ အစီရင်က ပျက်ဆီးသွားရပြီး နောက်ဆုံး သူလည်း ဆုလာဘ်ကို အရမယူနိုင်ခဲ့ပေ။

ကံကောင်းထောက်မစွာ၊ အဘိုးအိုက အချိန်မီ လှုပ်ရှားနိုင်ခဲ့သည်။ မဟုတ်ပါက သူသည် အစီရင်ကို မဖြတ်ကျော်နိုင်ရုံသာမက၊ သူကိုယ်တိုင်လည်း အစီရင်ထဲတွင် လုံးလုံးလျားလျား လွတ်မြောက်နိုင်ခြင်းမရှိ ပုံရိပ်ယောင်အစီရင်ထဲတွင် နှစ်မြုပ်နေပေလိမ့်မည်။

"ဒါဆို တတိယအဆင့်က သတ်ဖြတ်ခြင်း အစီရင်လား။" ချင်ယွင်က မေးသည်။

ဓားထဲရှိအဘိုးအိုက တုန့်ပြန်လိုက်သည် "မင်း ကိုယ့်ကိုယ်ကို ယုံကြည်မူရှိရဲ့လား? တတိယအဆင့်ရဲ့ သတ်ဖြတ်ခြင်းအစီရင်က အန္တရာယ်တွေနဲ့ ပြည့်နှက်နေ တယ်ဆိုတာကို မင်းသိထားသင့်တယ်။ နည်းနည်းလေး သတိမထားမိတာနဲ့ မင်းခန္ဓာကိုယ်ကို သေစေလိမ့်မယ်၊ နောက်ပြီး ငါလည်း မင်းကို ကယ်တင်လို့မရဘူး။ မင်း ကိုယ့်ကိုကိုယ်ပဲ အားကိုးလို့ရတယ်။"

ချင်ယွင်သည် တုန့်ဆိုင်းခြင်းမရှိ ခေါင်းညိတ်လိုက်သည်။ စောစောလေးက အဘိုးအို၏ ကယ်တင်၍ တိုက်ခိုက်မှုကပင် သူ့ကို အရမ်းကျေးဇူးတင်နေပြီ။

သူသည် ဘာမှမသိသော ဂျူနီယာ ကောင်လေးတယောက် မဟုတ်ပေ။ ကျင့်ကြံမှု လမ်းကြောင်းသည် အန္တရာယ်များဖြင့် ပြည့်နှက်နေပသည်။ အခွင့်အလမ်းများ လေလေ၊ သူကြုံတွေ့ရမည့်အန္တရာယ်က ကြီးမားလေဖြစ်သည်။

ခြေလှမ်းတိုင်းကို သင်ကိုယ်တိုင် လုပ်ဆောင်ရန် လိုအပ်ပြီး သင့်အား မည်သူမျှ မကူညီနိုင်ပါ။

အဘိုးအိုသည် ချင်ယွင်၏ သဘောထားကို အလွန်ကျေနပ်နေလေသည်။ ကျင့်ကြံသူ တယောက်သည် ရှင်ခြင်းနှင့်သေခြင်းကို ကြောက်ရွံ့ပါက ဤလမ်းပေါ်တွင် ကြာရှည်စွာ လျှောက်လှမ်းနိုင်မည်မဟုတ်ပေ။ ကျင့်ကြံခြင်းသည် မူလကတည်းက ကောင်းကင်နှင့်ဆန့်ကျင်ခြင်းဖြစ်သည်။ ဒီလမ်းကို လျှောက်လှမ်းလိုက်သည့်အခါ ကောင်းကင်ဘုံကို တိုက်ခိုက်ရန် ဆုံးဖြတ်ထားရမည်။ အကြောက်တရားကင်းသည့် လူများသာ ရှင်သန်နိုင်ကြသည်။

"ကောင်းပြီ၊ မင်း အစီရင်ကို အခုပဲ အသက်သွင်းနိုင်အောင် ငါကူညီပေးမယ်။" အဘိုးအိုက ပြောသည်။

ထိုစကားကို ပြောပြီးနောက် မြူနှင်းချောက်နက်ဓားမှ အလင်းတန်းတစ်ခု ထွက်လာပြီး ပလ္လင်ပေါ်သို့ ကျဆင်းလာခဲ့သည်။ ထို့နောက် ချင်ယွင်သည် သူ၏ရှေ့တွင် အမှောင်ထုကို ခံစားလိုက်ရပြီး ကောင်းကင်နှင့်မြေကြီးသည် ချက်ချင်းပြောင်း လဲသွားသည်။

ချင်ယွင်၏ရှေ့မှာ ပေါ်လာခဲ့သည့်အရာက အဆုံးမဲ့တောတန်းကြီးဖြစ်သည်။ ဖုံးကွယ်ရန်နေရာ ဘာတစ်ခုမှ မရှိ။ ပတ်ဝန်းကျင်မှာ အနက်ရောင် ကြမ်းတမ်းသည့် ဝံပုလွေများနှင့် ပြည့်နေသည်။

"အဆင့်နှစ် ဆိတ်သုဉ်းခြင်းသားရဲ၊ သွေးဆာဝံပုလွေများ!" ချင်ယွင်က ထိတ်လန့်စွာ ပြောသည်။

သွေးဆာငရဲဝံပုလွေများသည် ရက်စက်ကြမ်းကြုတ်ကြီး သွေးအလွန်ဆာလောင်ကာ အဆင့်နှစ် ဆိတ်သုဉ်းခြင်းသားရဲ ဖြစ်သည်။ ၎င်းတို့တစ် ကောင်ချင်းစီသည် သတ္တမအဆင့် ကောင်းကင်အလွှာ သိုင်းသခင်တဦးနှင့် ညီမျှသည်။

ယခုဆိုလျှင် ဤနေရာ၌ သွေးဆာဝံပုလွေများ သုံးရာ ထက်မနည်း ရှိကောင်းရှိ နိုင်သည်။ ဤကဲ့သို့ကြောက်စရာကောင်းသည့် သွေးဆာဝံပုလွေအရေအတွက်ဟာ အစွမ်းထက်သည့် သိုင်းဂိုဏ်းချုပ်ကကျွမ်းကျင်သူပင် ထိပ်တိုက်ရင်ဆိုင်ရန် သတ္တိရှိမှာ မဟုတ်ပါဘူး။ ဤဝံပုလွေအုပ်ကြား နစ်မြုပ်​သွား​သည်​နှင့်​အမျှ သေ​ဆုံသွား​ရလိမ့်​မည်။

ထိုအချိန်တွင် ချင်ယွင်သည် အဖိုးအို၏ အသံကို ကြားလိုက်ရသည်။

"ဒီသားရဲတွေအားလုံးကို သတ်ပစ်တာဟာ ဒီသတ်ဖြတ်အစီရင်ကို ဖြိုခွဲလိုက်တာပဲ၊ မဟုတ်ရင် မင်းကို ဒီသားရဲတွေက မင်းမသေမချင်း ဒီသတ်ဖြတ်ခြင်း အစီရင်ထဲမှာ ထာဝရ ပိတ်လှောင်ထားလိမ့်မယ်။"

ချင်ယွင်၏ ခန္ဓာကိုယ်သည် အနည်းငယ် တုန်ခါသွားသည်။ ဤသွေးဆာနေသော ဝံပုလွေများအားလုံးကို သတ်ပစ်ရန် မည်သို့ဖြစ်နိုင်မည်နည်း။

သူ၏ လက်ရှိ ကျင့်ကြံမှုမှာ အလွန်တိုးတက်လာသော်လည်း၊ ဓားကိုမသုံးဘဲ သတ္တမအဆင့် ကောင်းကင်အလွှာ သိုငိးသခင်တဦးနှင့် ရင်ဆိုင်ခြင်းသည် အဆင်ပြေသော်လည်း တစ်ချိန်တည်း သုံးရာကျော်ကို ရင်ဆိုင်ရပါက ပင်ပန်းနွမ်းနယ်ပြီး သေဆုံးသွးရပေလိမ့်မည်။

လေထုဖြတ်တောက်ခြင်းသဘောတရားကို နားလည်ခြင်းမှာဆိုရင် ယခု သူသည် သဘောတရားကို နားလည်ခြင်းနယ်ပယ် ၏ ပထမအဆင့်သို့ ရောက်ရှိနေပြီဖြစ်သည်။ သူသည် သူ၏ ပထမဆုံး သိုင်းပညာဖြစ်သော အနှစ်သာရဖြတ်တောက်ခြင်းကိုပင် ဖန်တီးခဲ့သည်။ ဤတိုက်ကွက်၏ စွမ်းအားသည် ယခင်က သုံးဆယ်ရာခိုင်နှုန်း သူအသုံးပြုနိုင်သော သဘောတရားကိုနားလည်ခြင်းနယ်ပယ်၏ စွမ်းအားကို ကျော်လွန်နေပြီဖြစ်သည်။ ဤအရာက ချင်ယွင်သည် သူလမ်းကြောင်းမှန်ပေါ်ကို ရောက်နေပြီဟု ပို၍ပင် ယုံကြည်လာစေသည်။

မြင့်မားသည့် ကျင့်ကြံခြင်းအ‌ခြေခံရှိသူတိုင်း တစ်စုံတ‌ယောက်သည် သန်မာသည်ဟု မဆိုလိုပါ။ အမှန်တကယ် သန်မာနေမှသာလျှင် အစစ်အမှန် သန်မာသည်ဟု ဆိုလိုပါသည်။

ရုတ်တရက် ချင်ယွင်သည် သူ၏ပတ်ဝန်းကျင်ရှိ အပူချိန်ကျဆင်းသွားသည်ကို ခံစားလိုက်ရသည်။ သူသည် အဆင့်နှစ် သွေးဆာဝံပုလွေများသည် သူ၏တည်ရှိမှုကို ရှာဖွေတွေ့ရှိသွားသလိုမျိုး ကြည့်နေကြသည်။

ဝံပုလွေအားလုံးသည် သူ့အား ပြင်းပြင်းထန်ထန် စိုက်ကြည့်နေကြပြီး ရက်စက် ကြမ်းကြုတ်သည့် အစွယ်များကို ထုတ်ဖော်ကြသည်။ အရသာရှိသည့် သားကောင်ကို မြင်လိုက်ရသကဲ့သို့ သူတို့၏အစွယ်များပေါ်မှာ တဖျပ်ဖျပ်တောက်နေပနေသည့် တံတွေးများလည်း စီးကျနေသည်။

"မကောင်းတော့ဘူး၊ ငါကို ရှာတွေ့သွားပြီ!"

ချင်ယွင်၏နှလုံးသည် ရုတ်တရက် တင်းမာလာသည်။ မသိစိတ်က သူ၏ခါးပေါ်ရှိ ဓားပျော့ကို ဆွဲယူလိုက်သော်လည်း ဘာမမရှိ အလွတ်ဖြစ်နေသည်။

" သောက်ကျိုးနည်း၊ ဒါက သတ်ဖြတ်ခြင်းအစီရင်ကွင်းထဲမှာပဲ ။ ငါ့ခန္ဓာကိုယ်အစစ်က ပင်မခန်းမထဲမှာ ရှိနေတုန်းပဲ။ မြူနှင်းချောက်နက်ဓားက ငါ့အပေါ်မှာ လုံးဝမရှိဘူး" ချင်ယွင်၏စိတ်ထဲတွင် ရွှံ့လူးမြင်းတစ်သောင်းလို ပြေးလွှားနေသည်။

သူ့မှာလက်နက်မရှိရင် သူ၏အင်အားက အနည်းဆုံး တစ်ဝက်လောက် အားနည်းသွားလိမ့်မည်။ အကယ်၍ သူသည် သွေးဆာနေသော ဤဝံပုလွေများကို လက်ဗလာဖြင့် ကိုင်တွယ်လိုပါက၊ သူသည် သေခြင်းကို ရိုးရိုးရှင်းရှင်းပင် ချစ်မြတ်နိုး၍သာ ဖြစ်ပါလိမ့်မည်။

သို့သော်၊ လက်ရှိ ချင်ယွင်တွင် ထိပ်တိုက် ရင်ဆိုင်ရန်မှတပါး အခြားရွေးချယ်စရာ မရှိပေ။ အဘယ်ကြောင့်ဆိုသော် သွေးဆာနေသော ဝံပုလွေသုံးရာသည် သူ့ထံသို့ ခြေလှမ်းတလှမ်းပြီး တလှမ်းတိုးကာ အခွင့်အရေးကို စောင့်မျှော်နေသောကြောင့် ဖြစ်သည်။ သူတို့သည် နောက်တစက္ကန့်အတွင်း ရှေ့သို့တိုးလာကာ ချင်ယွင်ကို သူတို့၏သားကောင်အဖြစ် လုံးလုံးလျားလျား ကုတ်ခြစ်နိုင်ဖွယ်ရှိသည်။

ချင်ယွင်သည် အဖိုးအို၏ စကားကို သံသယမရှိခဲ့ပေ။ သူသည် လောလောဆယ်တွင် ဤသတ်ဖြတ်မှု အစီရင်ထဲတွင် ရှိနေသော်လည်း သူ၏ အသိစိတ် ပျောက်ကွယ်သွား သည်နှင့် တစ်ပြိုင်နက် သူ၏ ခန္ဓာကိုယ်သည်လည်း ပျက်စီးသွားလိမ့်မည်။ ထိုအချိန်ရောက်လျှင် သူ၏ခန္ဓာကိုယ်သည် အမှန်တကယ် သေဆုံးသွားလိမ့်မယ်။ သူ့မှာ လုပ်စရာတွေ အများကြီးရှိသေးသည်။ သူဒီမှာသေဖို့ ဘယ်လိုလုပ်ဆန္ဒရှိနိုင်မလဲ။

ထိုအချိန်တွင်၊ သွေးဆာနေသော ဝံပုလွေသည် မထိန်းနိုင်တော့ဘဲ ချင်ယွင်ဆီသို့ ပြေးသွားကာ သူ့ရှေ့က သားကောင်ကို ခွဲဖြဲပြီး ကိုက်စားချင်နေလေသည်။

" သောက်ဝံပုလွေစုတ်တွေ၊ အကုန်ထွက်သွားစမ်း!"

ချင်ယွင်သည် ပြင်းထန်စွာ ကျိန်ဆဲလိုက်ပြီး ခြေထောက်ကို စောင့်နင်းကာ ပြင်းထန်သော ကျားတစ်ကောင်လို ပြေးထွက်သွားသည်။

All Chapters