← Chapters

ဝံပုလွေအုပ်ထဲက ကျား

Vol. 3 Ch. 42

ဝံပုလွေအုပ်ထဲက ကျား

Vol. 3 Ch. 42

အခန်း (၄၂) ဝံပုလွေအုပ်ထဲက ကျား

ချင်ယွင်သည် ရက်စက်ကြမ်းကြုတ်သည့် ကျားတကောင်ကဲ့သို့ သွေးဆာဝံပုလွေ တစ်ကောင်၏ ဦးခေါင်းခွံ ညာဘက်ခြမ်းကို လက်သီးတချက်ဖြင့် တိုက်ရိုက် ထိုးလိုက်သည်။

သားရဲ၏ဦးခေါင်းခွံသည် ချက်ခြင်းပေါက်ကွဲသွားကာ ၎င်း၏ဦးနှောက်သည် ပတ်ပတ်လည်သို့ လွင့်စင်သွားခဲ့ပြီး အခင်းဖြစ်ရာနေရာတွင် သေဆုံးသွားခဲ့သည်။

ဤသည်မှာ ချင်ယွင်၏ ' ရှေးဟောင်းခေတ် အစိမ်းရောင်ကြာပန်းပညာရပ်' ၏ ကြောက်စရာကောင်းသော အစိတ်အပိုင်းဖြစ်သည်။ ဝိညာဉ်စွမ်းအားနှင့် ရုပ်ခန္ဓာ အသားအရေကို ကျင့်ကြံနိုင်သော ကျင့်ကြံခြင်းနည်းစနစ်များစွာ ရှိသော်လည်း ' ရှေးဟောင်းခေတ် အစိမ်းရောင်ကြာပန်းပညာရပ်' ကဲ့သို့သော ကြောက်မက်ဖွယ် ကောင်းသည့် ကျင့်ကြံခြင်းအဆင့်မျိုးကို ဤကမ္ဘာပေါ်တွင် မည်သူမျှ မရရှိနိုင်ပေ။

လက်ရှိတွင်၊ ချင်ယွင်၏ ဝိညာဉ်စွမ်းအင် ကျင့်ကြံမှုသည် သိုင်းသခင်နယ်ပယ် တတိယအဆင့် ကောင်းကင်အလွှာတွင် ရှိနေသော်လည်း သူ၏ ခန္ဓာကိုယ်ရှိ ဝိညာဉ်စွမ်းအင်များသည် ဆဋ္ဌမအဆင့် ကောင်းကင်အလွှာ သိုင်းသခင်ထက် အားနည်းခြင်းမရှိပေ။ အမှန်မှာ၊ သူ၏ဝိဉာဏ်စွမ်းအင်သည် ဆဋ္ဌမအဆင့် ကောင်းကင်အလွှာ သိုင်းသခင်ထက်ပင် အရည်အသွေးမြင့်မားသည်။

သူ၏ ရုပ်ပိုင်းဆိုင်ရာကျင့်ကြံမှုကို စံတစ်ခုထားပြီး တိုင်းတာရန် ခက်ခဲသည်။ သူသည် အမှန်တကယ် နှိုင်းယှဉ်ကြည့်ချင်သည်ဆိုလျှင်တော့ ချင်ယွင်၏ ရုပ်ခန္ဓာခွန်အား ကြံ့ခိုင်မူတစ်ခုတည်းက ဆဋ္ဌမအဆင့် ကောင်းကင်အလွှာ သိုင်းပညာရှင်ကို တိုက်ခိုက် ရန် လုံလောက်ပါသည်။

သူ၏ခန္ဓာကိုယ်က မည်မျှ ကြောက်စရာကောင်းသည်ကို သိနိုင်သည်။ ယင်းက ချင်ယွင်၏ ဝှက်ဖဲများထဲက တစ်ခုလည်း ဖြစ်ပသည်။

သေချာသည်မှာ, ဟိုအတိတ်တုန်းက ချင်ယွင်မှာ ရှေးဟောင်းခေတ် ဖရိုဖရဲ အင်မော်တယ်အရိုး ရှိစဉ်တုန်းက သူ၏ခန္ဓာကိုယ်သည် ပြိင်ဘက်ကင်း ဖြစ်ခဲ့ပါ သည်။ ထိုအချိန်တုန်းက သူသည် ကမ္ဘာပေါ်တွင် မယုံကြည်နိုင်စရာကောင်းသည့် နဂါးမျိုးနွယ် အင်မော်တယ်အဆင့်သားရဲနှင့်ပင် ထိပ်တိုက်ရင်ဆိုင်တွေ့ခဲ့ပြီး နောက်ဆုံးတွင် နဂါးမျိုးနွယ်စု အင်မော်တယ်သားရဲကို ဒဏ်ရာများဖြင့် ဖုံးလွှမ်းသွားသည်အထိ အနိုင်ယူခဲ့သည်။

သို့သော် နောက်ပိုင်းတွင်၊ ဤအရာအားလုံးကို ဆုံးရှုံးသွားခဲ့ရသည်။

ချင်ယွင်သည် တစ်ဖက်မှ ကန်သွင်းရင်း သွေးဆာ ဝံပုလွေတစ်ကောင်ကို ကန်ထုတ်လိုက်သည်။ နှစ်မီတာရှည်သော သားရဲသည် မျဉ်းဖြောင့်တခုအဖြစ် ပြောင်းသွားပြီး မြေပြင်ပေါ်သို့ မြေပေါ်ပစ်ချလိုက်သောကျောက်တုံးကြီးတစ်တုံးကဲ့သို့ ပစ်လွင့်သွားပြီး မြေကြီးပေါ်တွင် တွင်းကြီးတစ်ခု ဖန်တီးဖြစ်ပေါ်စေသည်။

ထိုအချိန်တွင် ချင်ယွင်သည် ရက်စက်ကြမ်းကြုတ်သောစစ်နတ်ဘုရားကဲ့သို့ဖြစ်နေပြီး သားရဲများကို လွင်းပျံစေကာ အချို့ဆို ပေါက်ကွဲသွားကြသည်။

သို့သော် ဤဝံပုလွေများသည် အလွန်အများအပြားရှိခဲ့သည်။ သူ၏ခန္ဓာကိုယ်က သန်မာပြီး လက်သီးနှင့်ကန်ချက်တိုင်းက သားရဲတစ်ကောင်ကို လွင့်ထွက်သွား စေနိုင်ပေမယ့် ဤဝံပုလွေများ၏ ဒဏ်ရာ‌ပေးမူကိုလည်း ခံနေရဆဲပင်ဖြစ်သည်။

ထိုအချိန်တွင် သူ၏အဝတ်အစားများသည် စုတ်ပြဲသွားခဲ့ပြီ ။ သူ့တစ်ကိုယ်လုံး သွေးများဖြင့် ဖုံးလွှမ်းသွားသည်။ သူ၏တစ်ကိုယ်လုံးမှာ ခြေသည်းရာနှင့် သွားရာများရှိ သည်။ ၎င်းဒဏ်ရာတို့အနက် အနက်ရှိုင်းဆုံးမှာ သူ၏နောက်ကျောတွင်ရှိသည့် ခြေသည်းလက်သည်း အမှတ်အသားဒဏ်ရာ သုံးခုဖြစ်ပြီး တစ်ပေခန့် ရှည်လျားသည်။ သူ၏နောက်ကျောက ဒဏ်ရာများသည် အလွန်နက်ပြီး အရိုးဖြူများကိုတောင် မြင်နေရသည်။

ဤဒဏ်ရာများသည် သားရဲများ ချင်ယွင်၏ နောက်ကွယ်မှ မတော်တဆ တိုက်ခိုက်ခံရခြင်းကြောင့် ဖြစ်ပေါ်လာခြင်းဖြစ်သည်။

ချင်ယွင်သည် အံတင်းတင်းကြိတ်ကာ ပြင်းထန်သော လက်သီးကိုချက်ကို ပစ်လွှတ်ပြီး မြေပြင်ပေါ်ရှိ သားရဲတစ်ကောင်ကို တိုက်ရိုက်သတ်ပစ်လိုက်သည်။

သို့သော်လည်း ပြင်းထန်သော နာကျင်မူက အေးစက်သော ချွေးများဖြင့် ကွဲထွက်နေသော ဒဏ်ရာမှ ဖြစ်ပေါ်နေသေးသည်။ ယခု သူသည် ပေါ့ပေါ့ ပါးပါး လှုပ်ရှားနေမူကပင် သူ၏ခန္ဓာကိုယ်ထဲက နာကျင်မှုအားလုံးကို ထိခိုက်စေနိုင်လိမ့်မယ်။

"မြေယိုးတွေကွာ ၊ ဒီသားရဲတကောင်ချင်းစီဟာ ရက်စက်ကြမ်းကြုတ်ပြီး သူတို့ရဲ့ ပူးပေါင်းဆောင်ရွက်မှုတွေကလည်း နားလည်မူရှိလွန်းတယ်။ အခု သူတို့တစ်ရာကို အနိုင်ယူပြီးနောက် ငါ့ကို ဒီလိုပုံစံမျိုးဖြစ်အောင် သူတို့လုပ်နိုင်တယ်။ ကျန်တဲ့နှစ်ရာကို မင်း ဘာလုပ်နိုင်တော့မှာလဲ။"ချင်ယွင်သည် သွေးတစ်လုတ်ကို အန်ကာ ပြင်းထန်စွာ ဟစ်ကြွေးမိသည်။

မလှမ်းမကမ်းတွင် စောင့်ကြည့်နေသော မှုန်မှိုင်းနေသည့် မျက်လုံးများကို မြင်သော အခါ ချင်ယွင်သည် ခေါင်းကိုက်လာသည်။

ဟူး!

လေဓားတစ်လက်က ဝံပုလွေ၏ပျင်းရိသော ခါးကို ဖြတ်ပစ်လိုက်သည်။

သို့သော်လည်း ချင်ယွင်သည် စိတ်သက်သာရာရကာ သက်ပြင်းတစ်ချက်မချမီတွင်၊ အလယ်မှ ပိုင်းပြတ်သွားသော ဝံပုလွေ၏နောက်ကွယ်မှ ဝံပုလွေတစ်ကောင်သည် ရုတ်တရက် ခုန်ထွက်လာကာ ချင်ယွင်၏ရင်ဘတ်ပေါ်သို့ တိုက်ရိုက်ဆွဲကုတ်လိုက်ရာ သာမန်မျက်စိဖြင့်ပင် မြင်နိုင်သော သွေးထွက်သံယို အမှတ်အသားသုံးခု ကျန်ရစ်ခဲ့သည်။

ချင်ယွင်သည် သူ၏ဒဏ်ရာများကို လျစ်လျူရှုပြီး ခိုးဝင်တိုက်ခိုက်လာသော သားရဲ၏ဦးခေါင်းကို ဖြတ်ရန် သူ၏ လက်ဖဝါးဓားကို တိုက်ရိုက်အသုံးပြုခဲ့သည်။

"သေစမ်း သောက်သားရဲ ၊ ဒီအတိုင်းဆက်သွားရင် မကြာခင် ဒါမှမဟုတ် နောက်ပိုင်းမှာ ငါသေတဲ့အထိ ကစားရလိမ့်မယ်!"

ချင်ယွင်၏ မျက်လုံးများသည် ဒေါသများဖြင့် တောက်လောင်နေသည်။

ဒီတစ်ခါတော့ သူ လုံးဝ ‌ ဒေါသထွက်သွားခဲ့သည် ။

ဤသားရဲများသည် ကျောက်ကျစ်ပါးနပ်လွန်းသည်။ သူတို့အားလုံးသည် သူတို့၏ အရိုးထဲမှာပင် ရက်စက်ကြမ်းကြုတ်သည့်သဘာ၀ကို ပိုင်ဆိုင်ထားသည့် ဝံပုလွေများ ဖြစ်သည်။ ထို့အပြင် ၎င်းတို့သည် ဉာဏ်ရည်ဉာဏ်သွေးကိုလည်း သေချာပေါက် ပိုင်ဆိုင်ထားကြသည်။

သူတို့၏ ခြေသည်းများကို အသုံးပြုသည့်အခါတိုင်း သူ၏ လည်ပင်း၊ နှလုံးနှင့် တခြား သေစေနိုင်သည့် ကိုယ်အင်္ဂါအစိတ်အပိုင်းများကိုသာ တိုက်ခိုက်ခဲ့သည်။ ချင်ယွင်သာ အချိန်မီ မတုံ့ပြန်နိုင်ခဲ့လျှင် သူသေတာကြာပြီဖြစ်သည်။

ချင်ယွင်ဒဏ်ရာပြန်ရနေသည်ကို မြင်လိုက်ရလျှင် ငရဲဝံပု‌လွေများသည် စိတ်လှုပ်ရှားမူနှင့် ပေါက်ကွဲ ထွက်လာကြသည်။ ထို့နောက် သူတို့သည် မြစ်ကိုဖြတ်၍ ပြေးလာသကဲ့သို့ ချင်ယွမ်ဆီသို့ ပြေးသွားကြသည်။ ချင်ယွင် ဒဏ်ရာရ‌နေသည်ကို အခွင့်ကောင်းယူပြီး သူ့ကို အသေကိုက်သတ်ပစ်ချင်သလိုပင်။

ချင်ယွင်သည် ဝံပုလွေများ တစ်ဖန်ပြန်ဝင်လာသည်ကို မြင်လိုက်သဖြင့် မျက်လုံးများကို မှိတ်ထားလိုက်သည်။ ဝိညာဉ်ချီသည် သူ၏ခန္ဓာကိုယ် တစ်ခုလုံးမှ ခုန်တက်လာ သည်။ တစ်ချိန်တည်းမှာပင် သူသည် ချီဖြတ်တောက်ခြင်းကို သူ၏ လက်ဝါးနှစ်ဖက်ကို အသုံးပြုလိုက်သည်။ သူသည် မြေပြင်ကို တချက်ပေါက်နင်းလိုက်သည်နှင့် မြေပြင် သည် အက်ကွဲသွားသည်။ နောက်တစ်စက္ကန့်အကြာတွင် ချင်ယွင်သည် တဟုန်ထိုး ပစ်၀င်သွားခဲ့သည်။

"သေလိုက်ကြစမ်း!"

ချင်ယွင်သည် ဝံပုလွေအုပ်ထဲသို့ ပြေးဝင်သွားပြီး အစိမ်းရောင်ဝိညာဉ်စွမ်းအင်ဖြင့် လွှမ်းခြုံထားသော သူ၏လက်ဖဝါးများသည် မရဏဓားနှစ်ချောင်းကဲ့သို့ ဖြစ်ပြီး ငရဲ၀ပုလွေများ၏ အသက်များကို အဆက်မပြတ် ရိတ်သိမ်းနေသည်။

သူ၏ခြေလက်များ လွင့်ပျံသွားသည်နှင့် နေရာအနှံ့ သွေးများ စီးကျ သည်။ အသက်ရူချိန် ဒါဇင်ထက်မနည်းအကြာတွင်၊ ငရဲဝံပုလွေ အ‌ကောင်နှစ်ဆယ်‌ကျော်သည် သွေးအိုင်ထဲသို့ ပြုတ်ကျနေပြီဖြစ်သည်။

ချင်ယွင်သည် အသက်ပြင်းပြင်းရှူပြီး ၀ပုလွေအုပ်ထဲကို အပြေးဝင်လာပြန် သည်။ ထို့နောက် နောက်ထပ် သတ်ဖြတ်မှု လှိုင်းလုံးကြီး ပေါ်လာသည် ပြန်။ အမွှေးတိုင်တစ်ချောင်းထွန်းစာ အချိန်ကုန်ပြီးနောက် ကွင်းပြင်ပေါ်တွင် ငရဲဝံပုလွေအကောင် ရှစ်ဆယ်ကျော်ကျော်သာ ကျန်တော့သည်။

သို့သော်လည်း ယခုအချိန်တွင် ချင်ယွင်သည်လည်း အလွန်ပင်ပန်းနေ ပါပြီ။ သူ၏ခန္ဓာကိုယ်ထဲတွင် ဝိညာဉ်စွမ်းအင်အများကြီး မကျန်တော့ပေ။ အနှစ်သာရ ဖြတ်တောက်ခြင်းကို အသုံးပြုခြင်းသည် ဝိဉာဏ်စွမ်းအင် အလွန်ကုန်ဆုံးပြီး လက်နှစ်ဖက်စလုံးဖြင့် တစ်ပြိုင်နက်အသုံးပြုခြင်းကို အသာထား အချိန်ကြာမြင့်စွာပင် အသုံးပြုလို့မရပေ။

ဤသည်မှာလည်း ချင်ယွင်သည် သူ၏ဝိညာဉ်စွမ်းအင်ကို အစပိုင်းမှာ အသုံးမပြုရခြင်း ၏ အကြောင်းရင်း ဖြစ်သည်။

ထိုဝံပုလွေများသည် အသတ်ခံရမည်ကို ကြောက်နေပုံရသည်။ သူတို့အားလုံး ခပ်ဝေးဝေးမှာနေပြီး ချင်ယွင်ကို စိုက်ကြည့်ရင်း အစွယ်များကိုဖွင့်ကာ ဟစ်အော်ကြသည်။ ချင်ယွင်သည် လှောင်ပြောင်ပြီး သူ့ကိုယ်သူ တွေးလိုက်သည် "ဒါဆို ဒီအကောင်တွေက ကြောက်ရကောင်းမှန်းတော့ သိသားဘဲ။ သူတို့ဟာ အကြောက်တရား ကင်းမဲ့တယ်လို့ ငါထင်ခဲ့ပေမယ့် အခု သူတို့ ရှေ့ဆက် မတက်ရဲတော့ဘူး။ ဒါက ငါ့ကို အသက်ရှူဖို့ အခွင့်အရေးပေးတာဘဲ။ မင်းတို့ ငါ့ကို လက်ဖက်ရည်တစ်ခွက်သောက်ချိန်လောက်တော့ အချိန်လေးပေးပါ။ ငါ ဝိညာဉ်စွမ်းအင် အချို့ ပြန်လည်ရရှိနိုင်ပြီး ဒီသားရဲအားလုံးကို လုံး၀ သတ်ပစ်နိုင် လိမ့်မယ်"

ထိုအချိန်တွင် ချင်ယွင်သည် သူ၏နောက်တွင် ပြင်းထန်သော အေးစက်မှုကို ခံစားလိုက်ရသည်။

ထိုအကြောင်းကိုပင် သူ မတွေးနိုင်တော့ဘဲ သူ၏ နောက်သို့ လေဓါးကို တိုက်ရိုက် လှည့်ပြီး ပစ်လိုက်သည်။

သို့သော်၊ သံမဏိနှင့်တူသော မာကြောသောခြေသည်းသည် လေဓားပေါ်သို့ တိုက်ရိုက် ရိုက်ခတ်သွားပြီး အနှစ်သာရဖြတ်တောက်ခြင်း စွမ်းရည်ပါရှိသော လေဓါးကို ကွဲကြေသွားစေခဲ့သည်။

"ဘာလဲဟ?"

ချင်ယွင်သည် တုန်လှုပ်သွားပြီး လေအရိပ် ခြေလှမ်းများကို အမြန်အသုံးပြုကာ ဆုတ်ခွာခဲ့ရသည်။

သို့သော် သူ နောက်ကျသွားခဲ့ပြီ။ သံမဏိခြေသည်းများသည် လျှပ်စီးလက်သလို ထွက်ပေါ်လာပြီး ချင်ယွင်၏ ရင်ဘတ်ပေါ်သို့ တိုက်ရိုက် ကုတ်ခြစ်ချလိုက် သည်။ သွေးများ ချက်ချင်း ဖျန်းခနဲထွက်လာပြီး အသားတစ်ပိုင်းတစ လွှင့်ထွက် သွားသည်။

"အား…"

ချင်ယွင်သည် မီတာဒါဇင်များစွာ ဆက်တိုက်လွင်းစင်သွားခဲ့ပြီး သူ၏ခန္ဓာကိုယ်သည် ထိန်းမနိုင်သိမ်းမရ ဆုတ်ခွာသွားရသဖြင့် ပြင်းထန်သောနာကျင်မှုကို ခံစားလိုက်ရသည်။

ချင်ယွင်သည် နာကျင်ကိုက်ခဲမှုကို ခံနိုင်အောင်ကြိုးစားပြီး မတ်တပ်ထရပ်လိုက်သည်။ သူသည် သူ၏ ရင်ဘတ်ကို ကြည့်သည်။ မြင်ကွင်းက ချင်ယွင်ကို သူ၏စိတ်ထဲမှာ ကြောက်လန့်သွားစေသည် ။ ဒီအချိန်တွင် သူ၏ရင်ဘတ်က သွေးများ နီရဲနေပြီ။ အသားတစ်ပိုင်းတစ ပျောက်ကွယ်သွားသည်။ သူ၏နံရိုးနှင့် အင်္ဂါအစိတ် အပိုင်း တစ်ခုလုံးကို ထုတ်ဖော်သွားခဲ့သည်။ ဤအရာက နည်းနည်း ကြောက်စရာကောင်းလွန်းသည်။

ချင်ယွင်သည် အသက်ပြင်းပြင်းရှူပြီး ဒဏ်ရာမှ သွေးထွက်ခြင်းကိုရပ်တန့်ရန် ကျန်ရှိသော ဝိညာဉ်စွမ်းအင်များကို စုစည်းပြီး အစိမ်းရောင် ကြာပန်းပညာရပ်ကို အလျင်အမြန် ဖြန့်ကျက်လိုက်သည်။ ဒီလိုမှမဟုတ်လျှင် အရိပ်ဝံပုလွေက သူ့ကို မသတ်ခင်မှာ သူသည် သွေးထွက်လွန်ပြီး သတ်ပြီးသား ဖြစ်လိမ့်မယ်။

ဤကိစ္စအားလုံးကို ပြုလုပါပြီးသည့်အခါ ချင်ယွင်သည် သူ့ကို စောစောလေးက တိုက်ခိုက်ခဲ့သည့် သွေးဆာနေသော ဝံပုလွေကို ကြည့်လိုက်သည်။ ဤဝံပုလွေသည် သာမန်ဝံပုလွေနှင့် အရွယ်အစားတူသည်။ တစ်ခုတည်းသော ခြားနားချက်မှာ ဝံပုလွေသည် ၎င်း၏ ဦးခေါင်းပေါ်တွင် လခြမ်းနှင့်ဆင်တူသည့် ငွေရောင်အမှတ် အသား ပါရှိသည်။

"သွေးဆာနေတဲ့ အရိပ်ဝံပုလွေဘုရင်!"

ဤသည်မှာ သွေးဆာနေသော အရိပ်ဝံပုလွေဘုရင်၏ အမှတ်အသားဖြစ်ကြောင်း ချင်ယွင် ချက်ချင်း မှတ်မိသည်။

သွေးဆာအရိပ်ဝံပုလွေဘုရင်သည် သွေးဆာအရိပ် ဝံပုလွေဘုရင်သည်၏ တော်ဝင်မျိုးနွယ်စုများထဲမှ တစ်ခုဖြစ်သည်။ သူတို့၏ ခန္ဓာကိုယ်တွင် လရောင်ဟိန်း ဟောက် ကောင်းကင်ဝံပုလွေ နတ်ဘုရားသားရဲ၏ သွေးမျိုးဆက်ပါ၀င်သောကြောင့် ၎င်းတို့သည် အဆင့်သုံး ဆိတ်သုဉ်းခြင်း သားရဲအဆင့်ကို ဖြတ်ကျော်နိုင် သည်။ ထို့ကြောင့် ၎င်းတို့သည် သွေးဆာအရိပ်ဝံပုလွေမျိုးနွယ်စု၏ အုပ်စိုးရှင်များ အဖြစ် မွေးဖွားလာခဲ့သည်။

သူ၏ရှေ့တွင်ရှိသော သွေးဆာအရိပ်ဝံပုလွေဘုရင်သည် အဆင့်သုံးတစ်ပိုင်းသို့ ရောက်ရှိနေပြီဖြစ်ပြီဖြစ်သည်။ ဆိုလိုသည်မှာ သူသည် အဆင့်သုံး ဆိတ်သုဉ်းခြင်း သားရဲအဆင့်သို့ ခြေတလှမ်း ၀င်ရောက်နေခဲ့ပြီး သူ၏ ခွန်အားသည် အမြင့်ဆုံး နဝမအဆင့် ကောင်းကင်အလွှာ သိုင်းသခင်တစ်ဦးနှင့် နှိုင်းယှဉ်နိုင်သည်။ .

ချင်ယွင်သည် အေးစက်သောလေကို မရူရှိုက်ဘဲ မနေနိုင်တော့။ ယခင်က ဤသွေးဆာဝံ ပုလွေများကြားတွင် သွေးဆာဝံပုလွေဘုရင်ရှိမည်ဟု သူသံသယရှိခဲ့ဖူး သည်။ နောက်ပိုင်းတွင် သူသည် အချိန်အတော်ကြာ ပေါ်မလာသည်ကို မြင်သောအခါ သွေးဆာဝံပုလွေဘုရင် မရှိဟု သူထင်ခဲ့သည်။

သို့သော်လည်း၊ သူ၏ခန္ဓာကိုယ်ထဲရှိ ဝိဉာဏ်ချီ ကုန်ဆုံးပြီး သူ့ကို သေစေလောက်သည့် တိုက်ခိုက်မူတချက်ဖြင့် အဆုံးသတ်နိုင်သည့်အချိန်အထိ ဝံပုလွေအုပ်ထဲမှာ အမှန်တကယ် ပုန်းနေလိမ့်မည်ဟု သူ မမျှော်လင့်ထားခဲ့။ ယင်းအချက်မှကြည့်လျှင် ၎င်း၏ ဉာဏ်ရည်ဉာဏ်သွေးသည် ထိုဝံပုလွေများထက် များစွာ ကြီးမားသည်ကို တွေ့မြင်နိုင်သည်။ လူများကို အကြောက်တရားခံရအောင် လုပ်ဆောင်နိုင်ပြီး အလွန်ရက်စက်သည်။

"ငါတို့ ဘာလုပ်သင့်လဲ?" ချင်ယွင်သည် စိတ်​ပူ​နေသည်​။ သူဒီမှာ မသေချင်သလို ဒဏ်ရာအပြင်းအထန်လည်း မရချင်ဘူး။ ပြီး‌တော့သူ၏ ခန္ဓာကိုယ်ထဲမှာ ဝိညာဉ်စွမ်းအင် အများကြီးမကျန်တော့ပေ။ သွေးဆာအရိပ်ဝံပုလွေဘုရင် ထပ်ပြီး တိုက်ခိုက်နေသရွေ့ သူရှောင်တိမ်းနိုင်မည် မဟုတ်။ ထိုအချိန်တွင် သူသည် အမှန်တကယ် သေဆုံးရပေလိမ့်မည်။

သို့သော်၊ သွေးဆာနေအရိပ်ဝံပုလွေဘုရင်သည် အားပျော့ချိန်တွင် ချင်ယွင်အား ပြင်းထန်သော တိုက်ခိုက်မူပေးရန် သူ၏စိတ်ထဲတွင် ကြံရွယ်ထားပုံရ သည်။ အမှန်တကယ်လည်း ၎င်းသည် အလင်းတန်းတစ်ခုအဖြစ် ပြောင်းလဲသွားပြီး နောက်တဖန် အမြန်ပြေး၀င်လာခဲ့သည်။

ဤတစ်ကြိမ်တွင် သူသည် ချင်ယွင်၏လည်ပင်းကို တိုက်ရိုက်ကိုက်ကာ သူ့ကို လုံးဝသတ်ပစ်ချင်သည်။

ချင်ယွင်၏ မျက်နှာသည် ဖြူဖပ်ဖြူလျော်ဖြစ်ပြီး အလွန်စိုးရိမ်နေပါသည်။

All Chapters