← Chapters

လေ၏ လျင်မြန်သွက်လက်မှု

Vol. 3 Ch. 43

လေ၏ လျင်မြန်သွက်လက်မှု

Vol. 3 Ch. 43

အခန်း (၄၃) လေ၏ လျင်မြန်သွက်လက်မူ။

သွေးဆာနေသော အရိပ်ဝံပုလွေဘုရင် ခုန်အုပ်လာသည်ကို မြင်သောအခါ ချင်ယွင်၏ သူငယ်အိမ်များသည် ချက်ခြင်းပင် ပြူးကျယ်သွားသည်။

" မြေနိုးကောင် , မင်း ထွက်သွားစမ်း!"

ချင်ယွင်သည် သူ၏သွားများကို တင်းတင်းကြိတ်ကာ နာကျင်ကိုက်ခဲနေပြီဖြစ်သော သူ၏ ခန္ဓာကိုယ်သည် ဝိညာဉ်စွမ်းအင်အမျှင်တန်းတခုကို လျင်မြန်စွာ စုစည်းပြီး တုန့်ဆိုင်းမရှိဘဲ အနှစ်သာရဖြတ်တောက်ခြင်းကို ထုတ်ဖော်ကာ တိုက်ခိုက်ရန် အသင့်ပြင်ဆင်ထားသည်။

သွေးဆာအရိပ်ဝံပုလွေဘုရင်၏ သံမဏိနှင့်တူသော ခန္ဓာကိုယ်ကို လက်ဝါးဓား တစ်စင်းက ထိမှန်ပြီး ဖြတ်သွားခဲ့သည်။

"ဘုန်း !"

လက်ဖဝါးဓားအတွင်းရှိ ထက်ရှသော လေဓားသည် သွေးဆာဝံပုလွေဘုရင်နှင့် ထိပ်တိုက်ဆုံမိရာ ပေါက်ကွဲသံကို ဖြစ်ပေါ်စေခဲ့သည်။ သွေးဆာဝံပုလွေဘုရင်၏ ခန္ဓာကိုယ်သည် ပိတ်ဆို့ခံလိုက်ရပြီး ၎င်း၏ကြီးမားလှသော ခန္ဓာကိုယ်သည် ခြေလှမ်း အနည်းငယ် နောက်ပြန်ဆုတ်သွားခဲ့ရသည်။ နက်မှောင်သော ခန္ဓာကိုယ်ပေါ်တွင် ခြစ်ရာတစ်ခု ပေါ်လာသည်။

"ဘဘာဖြစ်တာလဲ ၊ ဘာကြောင့် အ​မွေး​တွေကတောင် အရမ်းမာနေရတာလဲ ။" ချင်ယွင်က အံ့သြစွာ ပြောသည်။

သွေးဆာအရိပ်ဝံပုလွေဘုရင်၏ အကာကွယ်သည် သာမန်သွေးဆာအရိပ် ဝံပုလွေဘုရင်များနှင့် နှိုင်းယှဉ်နိုင်သည့်အရာ မဟုတ်ကြောင်း သူ အချိန်အ‌တော် ကြာကတည်းက ခန့်မှန်းထားခဲ့သည်။ သို့သော်၊ ၎င်း၏သားရဲအမွှေးသည် ဤမျှ မာကျောလိမ့်မည်ဟု ဘယ်သောအခါမှ သူ မမျှော်လင့်ထားခဲ့၊ သူ၏ အနှစ်သာရ ဖြတ်တောက်ခြင်းတိုက်ခိုက်မူကပင် ၎င်း၏သားမွေးများကို မချိုးဖျက်နိုင်ခဲ့ပေ။

ငါ ဘယ်လိုတိုက်ရမှာလဲ ?

ချင်ယွင်သည် ပြောစရာပင် မဲ့နေရပြီ။

"ဝူး!"

သွေးဆာအရိပ် ဝံပုလွေဘုရင်သည် ချင်ယွင်၏ တန်ပြန်တိုက်ခိုက်မှုကို ဒေါသထွက် သွားသကဲ့သို့ ကောင်းကင်ဆီမော့ကာ ဟောက်လိုက်သည်။

ဝံပုလွေများသည် ပတ်ဝန်းကျင်မှ ဝံပုလွေဘုရင်၏ ဟောက်သံကို ကြားရပြီး ဟောက်စ ပြုလာသည်။ ထို့နောက် သူတို့သည် အခြားဘာကိုမှ မခွဲခြားတော့ဘဲ ချင်ယွင်ဆီသို့ တစ်ဖန် ပြေးသွားကြသည်။ သွေးဆာအရိပ်ဝံပုလွေဘုရင်သည် ၎င်း၏ခွာများဖြင့် မလှမ်းမကမ်းတွင် လျှောက်လှမ်းနေသော်လည်း သူ၏ အုံ့မှိုင်းနေသော မျက်လုံးတစ်စုံ သည် ချင်ယွင်ကို စိုက်ကြည့်နေသည်။

ချင်ယွင်သည် ဤမြင်ကွင်းကိုမြင်သောအခါ ဒေါသအရမ်းထွက်ပြီး ကျိန်ဆဲချင်လာ သည်။ ဤသွေးဆာအရိပ် ဝံပုလွေဘုရင်သည် အလွန်ကောက်ကျစ်ပြီး ရက်စက် ကြမ်းကြုတ်သူ ဖြစ်သည်။ သူကိုယ်တိုင်က အရင်ဆုံးတိုက်ခိုက်ရန် အစမပြုဘဲ ၎င်းအစား ၎င်း၏ အဖော်များကို တိုက်ခိုက်ခွင့်ပြုသည်။ သေချာသည်မှာ၊ ချင်ယွင်ကို အမှန်တကယ် ပြင်းထန်သည့် တိုက်ခိုက်မူပေးနိုင်ရန်အတွက် အခွင့်အရေးရရန် အနားတွင် စောင့်ချင်နေသည်မှာ ထင်ရှားသည်။

ချင်ယွင်သည် ပြင်းထန်သော ဝေဒနာကို ခံနိုင်ရည်ရှိအောင်ကြိုးစားရင်း သူ၏ ရုပ်ခန္ဓာခွန်အားကိုအားကိုးကာ ထိုဝံပုလွေများ၏ တိုက်ခိုက်မှုများကို ရှောင်တိမ်းပြီး ရှောင်တိမ်း‌နေရသော်လည်း သူသည် ဝမ်းနည်းစရာ အခြေအနေတွင် ရှိနေဆဲ ဖြစ်သည်။

ယခု၊ သူ့ကို လောဘကြီးစွာ စိုက်ကြည့်နေသည့် ဝံပုလွေဘုရင်ကို အသာထား။ ဤဝံပုလွေငယ်များဖြင့်ပင် သူ့မှာ အသည်းသန် တိုက်ခိုက်နေရသည်။ ချင်ယွင်သည် ယခု သူတို့နှင့် ရင်ဆိုင်ရသည်မှာ ပင်ပန်းနေပြီဖြစ်ပြီး ဆက်လက်တိုက်ခိုက်ရပါက သူသေမည်မှာ သေချာပါသည်။

"မဟုတ်ဘူး၊ ငါဒီမှာမသေနိုင်ဘူး။ ငါချင်ယွင် ဒီသားရဲကောင်တွေရဲ့ ပါးစပ်ထဲမှာ ဘယ်လိုလုပ်သေရမှာလဲ" ချင်ယွင်သည် သူ၏စိတ်ထဲတွင် မကျေမနပ် ပြောလိုက်မိ သည်။ တစ်ချိန်တည်းမှာပင်၊ သူသည် သူ၏ ကျင့်ကြံခြင်းပညာရပ်ကို အလျင်အမြန် ဖြန့်ဝေပြီး ကောင်းကင်နှင့် မြေကြီး၏ ဝိညာဉ်စွမ်းအင်ကို စတင်စုပ်ယူလိုက်သည်။

ဟူး!

နောက်ထပ် နက်မှောင်ပြီး ကြမ်းတမ်းတဲ့ သံမဏိခြေသည်းတချက် ထွက်ပေါ်လာ သည်။

ချင်ယွင်၏ တစ်ကိုယ်လုံး လွင့်ထွက်သွားပြန်သည်။ ဒီတစ်ကြိမ်က နောက်ဆုံး အကြိမ်ထက်တောင် ပိုဆိုးသေးတယ်။ ချင်ယွင်သည် ပြန်ထမရပ်မီ မြေပြင်ပေါ်တွင် တစ်ဒါဇင်ကျော် လူးလိမ့်နေခဲ့ရသည်။

သူ၏တစ်ကိုယ်လုံး ပြိုကျသွားသလို ခံစားရသည်။

" မြေနိုးသားရဲတွေ!"

ချင်ယွင်သည် အန်ထွက်ခါနီးသွေးများကို ပြင်းပြင်းထန်ထန် မျိုချလိုက်ပြီး သူ၏ ခြေဖဝါးက ဒယီးဒယိုင်ဖြစ်နေပြီ။ သို့သော် ဝံပုလွေများသည် သူ့ကို ကြိုဆိုနေကြဆဲ ဖြစ်သည်။

ချင်ယွင်သည် ကူကယ်ရာမဲ့ဖြစ်ပြီး ဆက်လက်လှုပ်ရှားရုံသာ တတ်နိုင်ခဲ့သည်။

သူ လှုပ်ရှားလိုက်သည်နှင့် ချင်ယွင်သည် ပတ်ဝန်းကျင်ရှိလေထု၏ အပြောင်းအလဲများ ကို ခံစားလိုက်ရသည်။ တဖြည်းဖြည်းနှင့် သူ မျက်လုံးများသည် မှေးမှိတ်သွားခဲ့သည်။

သူသည် သူ၏ကံကြမ္မာကို လက်မခံချင်ဘဲ သေခြင်းတရားကို စောင့်ဆိုင်းနေခဲ့ ရသော်လည်း ထိုအချိန်မှာပင် သူသည် ထူးဆန်းသော အခြေအနေသို့ ၀င်ရောက်သွားခဲ့ သည်။

"လေသည် နှလုံးသား‌နောက်ကို လိုက်၏၊ လူသည် လေနောက်သို့ လိုက်သည်..."

ချင်ယွင်က တိတ်တိတ်လေး ရေရွတ်လိုက်သည်။ တဖြည်းဖြည်းနှင့် သူ၏ ခြေလှမ်းများသည် အံ့ဩစရာဖြစ်လာပြီး ဝံပုလွေများ၏တိုက်ခိုက်မှုကို ရှောင်ရှားရန် တဖြည်းဖြည်း သဘာဝကျလာသည်။ အစတုန်းကလို ဖရိုဖရဲ ဖြစ်မနေတော့ပေ။

ဂရုတစိုက်ကြည့်လျှင် ချင်ယွင်သည် ‌ငရဲဝံပုလွေများ၏တိုက်ခိုက်မှုကို အချိန်တိုင်း ရှောင်လွှဲနိုင်သည်ကို တွေ့ရလိမ့်မည်။ သွေးဆာဝံပုလွေများ၏ သံမဏိခြေသည်းများ သူ၏ ခန္ဓာကိုယ်ကို ဖြတ်ကျော်သွားတိုင်း သူ့ကို နည်းနည်းလေးမှ မထိခိုက်နိုင်ခဲ့ပါဘူး။

တစ်ချိန်တည်းမှာပင် မြေအောက်ကမ္ဘာ နန်း‌တော်အတုတွင်, ချင်ယွင်သည် ရတနာပလ္လင်ပေါ်တွင် တင်ပျဉ်ခွေထိုင်နေ၏။ သူသည်သူ၏မျက်လုံးများကို တင်းတင်း စေ့ထားပြီး လေပြေလေနုအေးက သူ၏ပတ်ဝန်းကျင်မှာ လှည့်ပတ်နေသည်။

"အယ်၊ သူဟာ တကယ်တော့ "လေ"စွမ်းရည်သဘောတရားကို နားလည်ခြင်း နယ်ပယ်ထဲက လေဝိဥာဉ်အပေါ် နားလည်သဘောပေါက်ခြင်းဉာဏ်အလင်းကို ရရှိသွားတာဘဲ" အဘိုးအို၏ အံ့သြဖွယ်အသံသည် မြူနှင်းချောက်နက်ဓားမှ ထွက်ပေါ်လာသည်။

လေ၏ဒြပ်စင်၌ သဘောတရားကိုနားလည်ခြင်းနှင့်ပတ်သတ်ပြီး သုံးမျိုးရှိ၏။ ၎င်းတို့မှာ လေထုဖြတ်‌တောက်ခြင်း သဘောတရား၊ လေဝိဉာဏ်သဘောတရားနှင့် လေကိုအသွင်အပြောင်းခြင်း သဘောတရားတို့ဖြစ်သည်။

ယခုအချိန်ထိ ချင်ယွင်နားလည်ထားသော အရာမှာ လေထုဖြတ်တောက်ခြင်း သဘောတရားတစ်ခုသာ ဖြစ်သည်၊ သို့သော် သူသည် လေဝိဉာဏ် သသဘောတရား နယ်ပယ်သို့ မည်သည့်အခါမျှ ဝင်ရောက်ခွင့်ရရန် အခွင့်ရေးမရခဲ့ပေ။ ယနေ့မှ မမျှော်လင့်ဘဲ၊ သူသည် မတော်တဆ ထိတွေ့မိပြီး လေဝိညာဉ်သဘောတရားကို နားလည်သွားခဲ့သည်။

ချင်ယွင်သည် ဝံပုလွေအုပ်ထဲတွင် ကူးခတ်နေသော ငါးတကောင်နှင့်တူသော်လည်း ထိုဝံပုလွေများက သူ့ကို အနည်းငယ်မျှ မထိခိုက်စေနိုင်ပေ။

မနီးမဝေးတွင်ရှိနေသော ဝံပုလွေဘုရင်သည် အရှိန်အဟုန်ဖြင့် ဆက်လက် တိုက်ခိုက်သော်လည်း တိုက်ခိုက်ရန် အခွင့်ကို မတွေ့ရှိရသေးပေ။

"ဝူး!"

အရိပ်ဝံပုလွေဘုရင်သည် သူ၏ခေါင်းကိုမော့ပြီးထပ်ပြီး ဟောက်လိုက်သည်။ ဝံပုလွေများသည် လျင်မြန်စွာ ဆုတ်ခွာသွားပြီး ချင်ယွင်ကို တိုက်ခိုက်ခြင်းကို ရပ်လိုက်သည်။

ချင်ယွင်သည် မျက်လုံးများကို ဖြည်းညှင်းစွာဖွင့်လိုက်ပြီး သူ၏မျက်နှာပေါ်တွင် ပျော်ရွှင်သော အပြုံးတစ်ခု ပေါ်လာသည်။

ယခုပင်၊ သူသည် လေဝိဉာဏ်နယ်ပယ်၏ တံခါးခုံသို့ လှမ်းတက်ခဲ့ပြီး ပထမအဆင့်သို့ ရောက်ရှိခဲ့သည်။

ယခု သူသည် လေအရိပ်ခြေလှမ်းများကို ထပ်မံအသုံး‌နေပြုပါက သူ၏အရှိန်သည် ကြောက်မက်ဖွယ်အဆင့်သို့ ရောက်ရှိသွားပေလိမ့်မည်။ သူ၏ပုံသဏ္ဍာန်သည် လေကဲ့သို့ သွက်လက်နေသည်။ သွေးဆာနေ‌သောဒီဝံပုလွေများသည် သူ၏အရှိန်ကို မည်ကဲ့သို့ ထိန်းချုပ်နိုင်မည်နည်း။

"ဟဲဟဲ၊ ခွေးကလေးတွေ၊ မင်းတို့ ငါ့ကို နာကျင်အောင် လုပ်နိုင်ပါ့မလား၊ ဘာလဲ မင်းတို့ စိတ်ဆိုးနေသလား" ချင်ယွင်သည် တိုက်ပွဲအတွင်း ထိုးထွင်းသိမြင်မူ ဉာဏ်အလင်း ရခဲ့သောကြောင့် စိတ်ကောင်း၀င်‌နေသည်။ သူသည် အရိပ်ဝံပုလွေဘုရင်ကို အထင်သေးဟန်ဖြင့် လှောင်ပြောင်နေခဲ့သည်။

အရိပ်ဝံပုလွေဘုရင်သည် ထူးထူးခြားခြား ဉာဏ်ရည်ဉာဏ်သွေးရှိသောကြောင့် သူ၏စကားများကို သဘာဝကျကျ နားလည်သည်။ ၎င်းသည် သူ့ကို ဒေါသတကြီး ဟောက်ပြီး ချင်ယွန်းဆီ ပြေး၀င်လာသည်။

ချင်ယွင်သည် တဟားဟား ရယ်မောလိုက်သည်။ သူထိုးထွင်းသိမြင်မူဉာဏ်အလင်း ရသည့်အချိန်တုန်းက သူသည် ရှေးဟောင်းခေတ် အစိမ်းရောင်ကြာပန်းပညာရပ်ကို ဖြန့်ကျက်နေခဲ့သည်။ ယခုအခါတွင်၊ သူ၏ဝိညာဉ်ရစွမ်းအင်သည်လည်း အနည်းငယ် ပြန်လည်ကောင်းမွန်လာခဲ့သည်။ အခုတော့ အရိပ်ဝံပုလွေဘုရင်က သူ့ကို ထပ်ပြီး နာကျင်စေချင်သည်ဆိုလျှင် အိပ်မက်ထဲမှာဘဲ ဖြစ်နိုင်တော့မည်။

ထို့ကြောင့် ချင်ယွင်သည် လေပြေလေညင်းအဖြစ်ပြောင်းသွားပြီး အရိပ်ဝံပုလွေ ဘုရင်၏ ရှေ့သို့ ချက်ခြင်းရောက်လာသည်။

အရိပ်ဝံပုလွေဘုရင်၏ ရုပ်အသွင်သည် ရပ်တန့်သွားသည်။ သူသည် သိသိသာသာ ထိတ်လန့် သွားသော်လည်း ချင်ယွင်၏ လက်သီးသည် သူ၏နဖူးပေါ်သို့ ပြင်းထန်စွာ ရိုက်မိသွားသည်။

အရှိန်ဟုန်က ဥက္ကာပျံတစင်း ကမ္ဘာမြေပြင်ပေါ်သို့ ပြုတ်ကျသွားသကဲ့သို့ အရှိန်ဟုန်က ပြင်းထန်လှသည်။

ချင်ယွင်သည် အရိပ်ဝံပုလွေဘုရင်ကို မြေပြင်ပေါ်သို့ တိုက်ရိုက်ထိုးချလိုက်ပြီး မြေပြင် သည် ချက်ချင်းပင် တွင်းနက်တခုအဖြစ်သို့ နစ်မြုပ်သွားခဲ့သည်။

ဒါက အဆုံးမဟုတ်သေးပါဘူး။ ချင်ယွင်သည် အရိပ်ဝံပုလွေဘုရင်၏ ခန္ဓာကိုယ်ကို စီးနင်းပြီး သူ၏ လက်သီးများက အရိပ်ဝံပုလွေဘုရင်ကို မုန်တိုင်းရိုက်ခတ်ကဲ့သို ရိုင်းစိုင်းစွာ အော်ဟစ်ရင်း နှုတ်ဆက်နေလေသည်။

"ဟမ့်၊ မင်းရဲ့မာကြောတဲ့အရေကို ငါမချိုးနိုင်လို့ မင်းကို အသားငါးပိဖြစ်တဲ့အထိ ရိုက်ပစ်မယ်ကွ။" ချင်ယွင်က ခက်ထန်စွာပြောရင်း ရယ်မောလိုက်သည်။

ယခုတွင် ချင်ယွင်သည် လေဝိဥာဉ်၏ သဘောတရားကို နားလည်သဘောပေါက်ခဲ့ပြီး၊ ၎င်းသည် ပထမအဆင့်သာဖြစ်သော်လည်း၊ သူ၏အရှိန်သည် နှစ်ဆတိုးလာခဲ့သည်။ ထို့အပြင် ဤအမြန်နှုန်းသည် သူ၏လှုပ်ရှားမှုအမြန်နှုန်းသာမက တိုက်ခိုက်ရေး အမြန်နှုန်းလည်းဖြစ်သည်။ ထို့ကြောင့် အရိပ်ဝံပုလွေဘုရင်သည် တုံ့ပြန်ရန် အချိန်မရှိ ပေ။ ချင်ယွင်၏ လက်သီးများက တစ်ချက်ပြီး တစ်ချက် နှုတ်ဆက်‌နေသည်။

နောက်ဆုံးတွင် သနားစရာအရိပ်ဝံပုလွေဘုရင် သည် ချင်ယွင်၏ ရိုက်နှက်ခြင်းကို သနားစဖွယ် ခံခဲ့ရသည်။ သူ၏သားမွေးနှင့်အရိုးစုများသည် အကောင်းတိုင်း ရှိနေပေ မယ့် သူ၏ကိုယ်တွင်းအင်္ဂါအစိတ်ပိုင်းများသည် ကြေမွအက်သွားပြီး ၎င်းသည် နောက်ထပ် အသက်မရှင်နိုင်တော့ပေ။

ဝံပုလွေများသည် ဝံပုလွေဘုရင် အသတ်ခံရသည်ကို မြင်သောအခါ ၎င်းတို့အားလုံး သရဲတစ္ဆေလို ထွက်ပြေးချင်ကြသည်။

ဒါပေမယ့် ချင်ယွင်သည် သ၎င်းတို့ကို မည်ကဲ့သို့ လွှတ်ပေးနိုင်မည်နည်း?။ သတ်ဖြတ် ခြင်း အစီရင်ကို ဖြိုခွင်းလိုပါက သူသည် ၎င်းအားလုံးကို သတ်ပစ်ရမည်။

ထို့ကြောင့် ချင်ယွင်သည် အလင်းတန်းတစ်ခုအဖြစ်သို့ ပြောင်းလဲသွားပြီး ထွက်ပြေးသွားသော ဝံပုလွေများနောက်သို့လိုက်ကာ တစ်ကောင်ပြီး တစ်ကောင် သတ်ပစ်ခဲ့သည်။

သေချာသည်မှာ၊ ချင်ယွင်သည် နောက်ဆုံး ဝံပုလွေကိုသတ်ပြီးနောက်၊သူသည် သတ်ဖြတ်ခြင်း အစီရင်သို့ ၀င်ရောက်နေရာမှ သူ၏ အသိစိတ်သည် ပြန်ဝင်လာခဲ့ သည်။

"သတ်ဖြတ်ခြင်းအစီရင် ပြိုကွဲသွားပြီလား"

ချင်ယွင်သည် ရင်းနှီးနေသော ခန်းမကိုကြည့်ကာ ဝမ်းသာအားရ မျက်နှာထားဖြင့် ကြည့်လိုက်သည်။

စောစောလေးက သူသည် အမှန်တကယ်အန္တရာယ်များလှသည်။ အကယ်၍ သူသည် သူ၏အသက်နှင့်သေဆုံးခြင်းဖြစ်စဉ်အတွင်း လေဝိဥာဉ်သဘော တရားကို ချက်ချင်း နားမလည်ခဲ့ပါက၊ သူသည် ယခုအချိန်တွင် သွေးဆာဝံပုလွေဘုရင်၏ ထိုးဖေါက်ခြင်း ကို ခံရပေလိမ့်မည်။

"အဲဒါကဘာလဲ?" ချင်ယွင်သည် သူ၏ လက်တွင် ပုလဲနက်တစ်လုံးရှိနေသည်ကို ရုတ်တရက် တွေ့ရှိလိုက်ရသည်။ ပုလဲသည် လုံးဝမှောင်နေပြီး အလွန်ထူးဆန်းနေ သည်။

"ဒါက တတိယအကြိမ် စမ်းသပ်မှုကို ကျော်ဖြတ်တဲ့အတွက် မင်းရဲ့ဆုလာဘ်ပဲ။ အဲဒါကို စိတ်ဝိဉာဏ်ပုလဲ လို့ခေါ်တယ်။" မြူနှင်းချောက်နက်ဓားထဲရှိ အဖိုးအိုက ပြောပြသည်။

"စိတ်ဝိဉာဏ်ပုလဲလား !" ချင်ယွင်၏ မျက်လုံးများ တောက်ပလာသည်။ ဤအရာသည် နှိုင်းယှဉ်မရနိုင်လောက်အောင် ရှားပါးသည့် ပစ္စည်းကောင်းတစ်ခု ဖြစ်လိမ့်မည်။

All Chapters