← Chapters

ခရမ်းနီရောင် အမျှင်တန်း တခု

Vol. 3 Ch. 44

ခရမ်းနီရောင် အမျှင်တန်း တခု

Vol. 3 Ch. 44

အခန်း (၄၄) ခရမ်းနီရောင် အမျှင်တန်း တခု

ထိုစကားကိုကြားတော့ စိတ်ဝိဉာဏ်ပုလဲသည် စိတ်ဝိညာဉ်နှင့်ပတ်သက်သည့်အရာ တစ်ခုခုရှိနေမှန်း သူ သိသွားခဲ့သည်။ အမှန်တော့၊ ၎င်းသည် အထူး အင်မော်တယ် ပစ္စည်းတစ်ခု ဖြစ်သည်။

၎င်းပုလဲ၏လုပ်ဆောင်ချက်သည် တိုက်ခိုက်ရန်မဟုတ်ဘဲ စိတ်ဝိညာဉ်များကို အာဟာရဖြည့်နှင့် သိုလှောင်ရန်ဖြစ်သည်။ တစ်နည်းဆိုရသော် ၎င်းကို ရွှံ့ဆေး နန်းတော်အဖြစ် အသုံးပြုနိုင်သည်။

ဒီပုလဲ၏အသုံး၀င်မူက ဘာလဲ?

လူတစ်ဦး၏ ခန္ဓာကိုယ် အပြင်ဘက်တွင် ပြန်လည်၀င်စားအဖြစ် သိပ်သည်းစေ နိုင်သော အကြီးမြတ်ဆုံး အင်မော်တယ်အဆင့်ပစ္စည်း ဖြစ်သောကြောင့် အလွန် အသုံးဝင်ပါသည်။

၎င်းကို ကိုယ်ပွားဖန်တီးခြင်းဟုခေါ်သည်။ သူ၏ စိတ်ဝိညာဉ်တစ်ဝက်ကို စိတ်ဝိညာဉ် ပုတီးစေ့များအဖြစ် ခွဲထုတ်ကာ ကိုယ်ပွားအဖြစ် အသုံးပြုလိုသော ခန္ဓာကိုယ်ထဲသို့ ပေါင်းစပ်ရမည် ဖြစ်သည်။ ဤနည်းဖြင့်သာ ကိုယ်ပွားသည် ပြီးပြည့်စုံသော ပုံသဏ္ဍာန်ကို ရရှိနိုင်သည်။

ယခုအချိန်တွင်၊ ချင်ယွင်၏ စိတ်ဝိညာဉ်သည် သူ၏ကိုယ်ပွားကို ဖန်တီးရန် လုံလောက်နေပြီ ဖြစ်သည်။ ယခု သူ့မှာချို့တဲ့နေသည်က ခန္ဓာကိုယ် ကောင်းတစ်ခု ဖြစ်သည်။ သူ၏ခန္ဓာကိုယ်အတွက် ရှာဖွေရန် မခက်တော့ပေ။ ယခု သူသည် အရှားပါးဆုံးဖြစ်သော စိတ်ဝိဥာဉ်ပုလဲကို ရရှိထားပြီး၊ သူသည် အနာဂတ်တွင် သူ၏ ကိုယ်ပွားကို ဖန်တီးနိုင်မည် ဖြစ်သည်။

ချင်ယွင်သည် မြူနှင်းချောက်နက်ဓားကို နောက်တစ်ကြိမ် မကြည့်မီ စိတ်ဝိဉာဏ် ပုလဲကို ဂရုတစိုက် သိမ်းထားလိုက်သည်။

"အခု စမ်းသပ်မှု သုံးခုကို အောင်မြင်ပြီးပြီ၊ ကောင်းကင်ဘုံကိုးလွှာ ကြယ်စင်စု ပုံကြမ်းကို ရနိုင်မလား။" ချင်ယွင်က မေးလိုက်သည်။

"ရနိုင်ပြီ !" မြူနှင်းချောက်နက်ဓားထဲရှိ အဖိုးအိုက ပြန်ဖြေသည်။

ချင်ယွင်သည် မိုက်မဲစွာ ခုန်တက်လိုက်ပြီး ခန်းမထိပ်တွင် ချိတ်ဆွဲထားသည့် ကြယ်စင်စုပုံကြမ်းကို တိုက်ရိုက် ထုတ်ယူလိုက်သည် ။

ကောင်းကင်ဘုံကိုးလွှာ ကြယ်စင်စုပုံကြမ်းသည် ကောင်းကင်ဘုံကိုးလွှာ ကြယ်စင်စု ပန်းချီကားပေါ်တွင် ခြယ်မှုန်းထားသော ပုံတစ်ပုံဖြစ်ပြီး ကွက်ကွက်ကွင်းကွင်းရှိပြီး အသက်၀င်လှသည်။

ချင်ယွင်သည် သူ၏လက်ချောင်းကို ကိုက်လိုက်ပြီး သွေးတစ်စက်ကို ချလိုက်သည် ။

သေချာပါသည်၊ ပန်းချီကားထဲကို သွေးများ ပေါင်းထည့်လိုက်သည့်အခါ၊ ချင်ယွင်သည် သူ၏စိတ်က ကောင်းကင်ဘုံကိုးလွှာ ကြယ်စင်စုပုံကြမ်းနှင့် ဆက်စပ်နေသည်ဟု ခံစားလိုက်ရပြီး ကောင်းကင်ဘုံကိုးလွှာ ကြယ်စင်စုပုံကြမ်းနှင့် ပတ်သက်သည့် အချက်အလက်တချို့ သူ၏ ဦးနှောက်ထဲကို စိမ့်ဝင်လာသည်။

ကောင်းကင်ဘုံကိုးလွှာ ကြယ်စင်စုပုံကြမ်းသည် အကြီးမြတ်ဆုံး အင်မော်တယ် ပစ္စည်း ဖြစ်သည်။ ၎င်း၏ အကြီးမားဆုံးလုပ်ဆောင်ချက်မှာ စကြာဝဠာ၏ သဘာဝနိယာမ များကို နားလည်သဘောပေါက်ရန် ကူညီပေးခြင်း ဖြစ်သည်။ ဤမျှလောက် အံ့သြဖွယ်ကောင်းသော ဥပဒေသများ ပါရှိသည်။ တစုံတယောက်၏ စိတ်ဝိဉာဏ်သည် အထဲကိုဝင်ရောက်လိုက်သည်နှင့် အတွင်းမှာရှိသည့်အရာကို နားလည်နိုင်သည်။

ဒုတိယချက်အနေဖြင့်၊ ၎င်းသည် စိတ်ဝိဉာဏ်အတွင်း ပုံရိပ်ယောင်တိုက်ခိုက်မှုများကို လုပ်ဆောင်နိုင်သည်။ တိုက်ခိုက်မှုတစ်ခု၏ စွမ်းအားသည် ကျွမ်းကျင်သူ၏ ခွန်အားနှင့် ဆက်စပ်နေသည်။

ချင်ယွင်က သူ၏စိတ်ထဲတွင် ချီးမွမ်းလိုက်သည်။ ဤအရာသည် အမှန်တကယ် ကောင်းမွန်သည့် ရတနာတစ်ခု ဖြစ်သည်။

အတွေးတစ်ချက်ဖြင့်၊ ကောင်းကင်ဘုံကိုးလွှာကြယ်စင်စုပုံကြမ်းသည် အလင်းတန်း တစ်ခုအဖြစ်သို့ ပြောင်းလဲသွားပြီး သူ၏ဒန်တန်အတွင်းသို့ ၀င်ရောက်ကာ အစိမ်းရောင်ကြာပန်း ရေကန်၏အထက်တွင် ခိုင်မြဲစွာ လွင့်မျောနေသည်။

ချင်ယွင်သည် ခေါင်းညိတ်လိုက်သည်။ ယခုအချိန်သည် ကောင်းကင်ဘုံကိုးလွှာ ကြယ်စင်စု ပုံကြမ်းကို လေ့လာရန် အချိန်မဟုတ်ပေ။ အရေးကြီးဆုံးက သူသည် ဤနေရာမှ လွတ်မြောက်ရန် နည်းလမ်းရှာဖို့ဖြစ်သည်။ သူ သည် ဤခန်းမထဲတွင် တစ်ရက်နေခဲ့ပြီးပြီ။

"တကယ်တော့ မင်းအပြင်ထွက်ဖို့က အရမ်းရိုးရှင်းပါတယ်။ ဒီခန်းမထဲမှာ ပြင်ပကမ္ဘာကို ပို့ဆောင်ပေးတဲ့ တယ်လီပို့စနစ်တခု ခင်းကျင်းထားတယ်။ ပြင်ပကမ္ဘာကို တိုက်ရိုက်ပို့ဆောင် နိုင်တယ်။" အဘိုးအို၏အသံက မြူနှင်းချောက်နက် ဓားမှ ထွက်ပေါ်လာသည်။

ချင်ယွင်၏ မျက်နှာသည် ချက်ချင်းပင် ရွှင်မြူးသွားသည်။ နောက်ဆုံးတော့ သူသည် အပြင်ကို ထွက်သွားနိုင်တော့မည်။

ထို့နောက် အဘိုးအို၏ ညွှန်ကြားချက်ကို လိုက်နာပြီး ချိုင့်ဝှမ်းမှ ထွက်ရန် သူသည် တယ်လီပို့ စနစ်အစီရင်ကို အသုံးပြုခဲ့သည်။

သူ မမျှော်လင့်ထားသည့်အရာက တယ်လီပို့စနစ်အစီရင်ဟာ ချင်နင်းမြို့ အပြင်ဘက်မှာ တည်ရှိနေတာကိုပါ။

ချင်နင်းမြို့သို့ သူပြန်ရောက်သောအခါ ဒုတိယဖက်တီးသည် အမှန်တကယ် ပြန် ရောက်လာသည်ကို ချင်ယွင် တွေ့ရှိခဲ့သည်။

လျူကလန်ကိုကိုင်တွယ်ရန် ချင်ယွင်ကိုအသုံး ချရန်အတွက် လင်းကလန်နှင့် ၀မ်ကလန်တို့က ဖမ်းဆီးခြင်းခဲ့ခြင်းဖြစ်ကြောင်း သိရှိရသည်။

သို့သော်လည်း ချင်ယွင်သည် သူ၏ကြောက်စရာကောင်းသည့် အစွမ်းသတ္တိကိုပြသပြီး အဆင့်သုံး ဆိတ်သုဉ်းခြင်းသားရဲကိုခေါ်ဆောင်လာမည်ဟု သူတို့ မမျှော်လင့်ထားခဲ့ ကြပေ။ ယင်းကြောင့် လင်းကလန်နှင့် ၀မ်ကလန်တို့သည် ချင်ယွင်ကိုစော်ကားရန် ချက်ခြင်း တွန့်ဆုတ်သွားကြသည်။

ရန်စီချီ၏ ရုတ်တရက် ဝင်ရောက်စွက်ဖက်မှုနှင့်အတူ ချင်ယွင်ကို ရန်စခြင်းမပြုနိုင်ဟု သူတို့ခံစားခဲ့ရသည်။ ထိုကြောင့် သူတို့သည် တစ်စုံတစ်ဦးအပေါ်နာခံမှုဖြင့် ဒုတိယဖက်တီးကို စေလွှတ်ပေးခဲ့သည်။

ချင်ယွင်သည် ဤရလဒ်အတွက် ကျေနပ်နေပါသည်။

ဒုတိယဖက်တီးသည် လုံခြုံပြီး ကျန်းကျန်းမာမာ ရှိသည်ကို မြင်လိုက်ရသဖြင့် သူ၏ နှလုံးသားအတွင်းရှိ လေးလံသည့်ကျောက်တုံးကြီးတစ်တုံးကို သူ လွှတ်ချလိုက်သည်။ ဒါကြောင့် သူသည် ငြိမ်းချမ်းစွာ ထွက်ခွာသွားနိုင်ပြီ။

မျိုးနွယ်စုကြီးသုံးခုအတွက်တော့, ချင်ယွင်သည် သွေးဆာနေသူတစ်ဦး မဟုတ်ပေ။ မျိုးနွယ်စုကြီးသုံးခုက ရှုံးနိမ့်ကြောင်း ဝန်ခံခဲ့သောကြောင့် သူ့အတွက် အလျော့မပေးဘဲ ဆက်လက်တွယ်ကပ်နေရန် မလိုအပ်တော့ပေ။

သေချာသည်မှာ၊ သူသည် ထွက်သွားရန် စိတ်ကူးထားသော်လည်း သူ ပြန်လာနိုင်သေးသည်။အကယ်၍ ယခုအချိန်တွင် မျိုးနွယ်စုကြီးသုံးခုသည် သူ၏ ကြင်နာမှုကို တန်ဖိုးမထားလျှင် သူကလည်း ၎င်းတို့ကို ကောင်းကောင်းမွန်မွန် ဂရုစိုက်နေမှာ မဟုတ်ပါဘူး။

ချင်ယွင် ခွင့်မလွှတ်နိုင်သည့် တစ်ဦးတည်သောလူက အနီရောင်၀တ် အမျိုးသမီး ဖြစ်သည်၊ ထို့ကြောင့် ချင်ယွင်သည် နောက်နေ့တွင် လျူစံအိမ်သို့ တိတ်တဆိတ် လိုက်သွားခဲ့သော်လည်း သူမ၏သဲလွန်စပင် မတွေ့ခဲ့ရပေ။

ချင်ယွင်က သူမသည် ချင်နင်းမြို့မှ ထွက်ခွာသွားပြီဖြစ်ကြောင်း ခန့်မှန်းခဲ့ သည်။ ယင်းကြောင့် ချင်ယွင်သည် သူမကို လက်စားချေရန် စိတ်ကူးကို ခေတ္တ ပယ်ချခဲ့ရသည်။ နောက်ဆုံးမှာတော့ သူကိုယ်တိုင်ကလည်း အနီရောင်၀တ် အမျိုးသမီးနှင့် ပတ်သက်ပြီး သူ ယုံကြည်မှုမရှိသေးပါဘူး။

ထို့အပြင် ဒီအနီရောင်၀တ် အမျိုးသမီး၏ နောက်ခံဟာ ထူးဆန်းသည်ဟု သူအမြဲတမ်း ခံစားခဲ့ရသည်။ ချင်နင်းမြို့မှာ ထွက်‌ပေါ်လာသည့်အတွက် လျှို့ဝှက်ကြံစည်မှု အချို့တော့ ရှိရလိမ့်မည်။

သုံးရက်မြောက်သောနေ့တွင် ချင်ယွင်သည် သူ၏ခန္ဓာကိုယ်ရှိ ပျော်ရွှင်ခြင်းပန်း အဆိပ်၏ အဆိပ်များ စတင်ပေါက်ကွဲသွားသည်ကို ရှင်းရှင်းလင်းလင်း ခံစားလိုက်ရပြီး သူ့ခန္ဓာကိုယ်အတွင်းရှိ ‌‌ သွေးအနှစ်သာရများ ပူလောင်လာသည်။

နာရီပေါင်း တစ်ဒါဇင်အတွင်း သူ၏သွေးအနှစ်သာရများ လောက်ကျွမ်းပြီး သေဆုံးသွားမှာကို သူကြောက်မိသည်။

ဒါပေမယ့် ယခုအချိန်မှာ မိန်းမတ‌ယောက်ကို သူမည်သည့်နေရာမှာ သွားရှာရမှာ လဲ။ ပိုက်ဆံအကုန်ခံပြီး မီးရှူးမီးပန်းကျွန်းမှာ သွားရှာရမှာလား။ ဒါမျိုးကို ချင်ယွင် လက်မခံနိုင်ပါဘူး။

မျက်စိတစ်မှိတ်အတွင်းမှာပဲ ဆယ်နာရီနီးပါး ကြာသွားပြီးနောက် ချင်ယွင်၏ အသိစိတ်က တဖြည်းဖြည်း မှုန်ဝါးလာပါသည်။

တွေဝေမင်သက်နေစဉ်မှာ ချင်ယွင်သည် သူ၏ရင်ခွင်ထဲသို့ နူးညံ့သော ကိုယ်ခန္ဓာတခု ဗြုန်းခနဲ၀င်ရောက်လာသည်ကို ခံစားလိုက်ရပြီး သူ၏

သဘာဝဖွားဖက်‌တော်သားရဲက အလွန်မာ‌ကြောလာသည်... နောက်ဆုံးတွင် သူသည် လုံးဝ မေ့လဲသွားခဲ့သည်။

သူ မူးမေ့လဲမသွားခင် အခိုက်အတန့်မှာ ခန္ဓာကိုယ်တုန်ယင်သည်အထိ ငိုရှိုက်သံကို ယောင်ဝါးဝါး ကြားလိုက်ရသည်။ ခဏကြာ သူ၏နှလုံးသားကို တစ်စုံတစ်ခုက ဖမ်းဆုပ် ထားသလို ခံစားလိုက်ရပေမယ့် အလွန်မြန်စွာဖြင့် သတိလစ်သွားခဲ့သည်။

သတိလစ်မေ့မြောရာမှ ပြန်နိုးလာသောအခါ နောက်တစ်နေ့မနက်ပင် ဖြစ်နေ ပြီ။ သူ၏ဘေးမှာ ဘာအရိပ်အယောင်မှမရှိ၊ ကုတင်ခင်းပေါ်တွင် အနီကွက်များသာ ရှိတော့သည်။

ချင်ယွင်သည် အိပ်ယာခင်းပေါ်ရှိ ကြက်သွေးရောင် သွေးစွန်းကွက်များကို ကြည့်ပြီး အံ့အားသင့်သွားသည်။

မူလက ၎င်းအဖြစ်ပျက်သည် သူ့ကိုယ်ပိုင် ထင်ယောင်ထင်မှားဖြစ်မည်ဟု သူ ထင်ခဲ့သော်လည်း အရာအားလုံးသည် အမှန်ဖြစ်မည်ဟု သူ မမျှော်လင့်ခဲ့ပေ။

တစ်စုံတစ်ယောက်သည် မနေ့ညက သူ့အတွက် အမှန်တကယ် စတေးခဲ့သည်။ ဒါပေမယ့် မည်သူဖြစ်နိုင်မည်နည်း။

သူဘာလို့ ဘာဆိုဘာမှ မမှတ်မိခဲ့ရတာလဲ။

နောက်ပိုင်းတွင်၊ ချင်ယွင်သည် သူ၏ အိမ်နီးချင်း ဒုတိယဖက်တီးဆီမှ ယန်စီချီသည် သူ၏အိမ်သို့ ယမန်နေ့က ရောက်ရှိလာကြောင်း ပြောစကားဖြင့် နိဂုံးချုပ်နိုင်ခဲ့သည်။ ဒီစကားက သူ၏နှလုံးသားကို တုန်လှုပ်စေခဲ့သည်။ ဒါဆို ဒီသွေးက ရန်စီချီ၏ သွေးဖြစ်သည်ဟု ပြောဆိုနိုင်သည် မဟုတ်ပါလား?။

အဖြေရရန်အတွက် ချင်ယွင်သည် ထိုနေ့တွင် ချင်းယွမ်မြို့သို့ အပြေးအလွှား သွားခဲ့သော်လည်း ရန်စီချီသည် ကျင့်ကြံရန်အတွက် နံနက်စောစောကတည်းက ချင်းယွမ်မြို့မှ ထွက်ခွာပြီး စီရင်စုမြို့‌တော်ရှိ ဘိုင်ယွန်ကျောင်းတော်သို့ သွားရောက် ခဲ့လေပြီ။

ယင်းကြောင့် မနေ့ညက အမျိုးသမီးသည် ရန်စီချီ ဖြစ်ကြောင်း ချင်ယွင်အနေဖြင့် ပိုသေချာစေခဲ့သော်လည်း ရန်စီချီသည် အဘယ်ကြောင့် သူ့ကို နှုတ်မဆက်သည့် အကြောင်းကို သူ နားမလည်ခဲ့ပေ။ သူမကို နာကျင်စေခဲ့သည့်အတွက် ခဏတာ လက်ခံဖို့ ခက်ခဲစေခဲ့တာများ ဖြစ်နိုင်သလား။

ချင်ယွင်သည် မူးမေ့လဲမသွားခင် သူကြားလိုက်ရသည့် ငိုသံများကို မတွေးဘဲ မနေနိုင်တော့။ သူ၏စိတ်ထဲမှာ အတွေးတစ်ခုရှိနေတာက သူသည် ရန်စီချီကိုရှာဖွေရန် စီရင်စုမြို့တော်ကို သွားရမည်ဆိုတာကိုပါ။

ယန်မနေ့ညက သူ့အတွက် သူမ၏ဘ၀ကို စတေးခဲ့သူမှာ အကယ်၍ ရန်စီချီသာ ဆိုလျှင် သူသည် သူမကို သေချာပေါက် ပစ်ထားမှာမဟုတ်ပါဘူး။

"ရန်စီချီ၊ မနေ့ညက မင်းသာ တကယ်ဖြစ်ခဲ့ရင် ငါ ချင်ယွင်က မင်းကို သေချာ‌ပေါက်တွေ့ အောင်ရှာပြီး ဒီတစ်သက်မှာ မင်းကို ငါ့မိန်းမဖြစ်အောင်လုပ်မယ်လို့ ကတိပေးတယ်။" ချင်ယွင်က သူ၏စိတ်ထဲမှာ ကျိန်ဆိုလိုက်ပါသည်။

ထိုအချိန်မှစ၍ သူ၏နှလုံးသားထဲတွင် အခြားအမျိုးသမီးတစ်ယောက် ရှိလာခဲ့သည်။

ထို့နောက် ချင်ယွင်သည် ဒုတိယဖက်တီးနှင့် အခြားသူများကို နှုတ်ဆက်ပြီး ဘိုင်ယွမ်မြို့သို့ တစ်ယောက်တည်း လျှောက်လာခဲ့သည်။

သို့သော် သူအလွန်အလှမ်းဝေးကြီးမသွားမီ၊ မြူနှင်းချောက်နက်ဓားမှ ပျောက်ကွယ် သွားသော အဘိုးအိုသည် ရုတ်တရက် ပေါ်လာပြီး ချင်ယွင်ကို ဝမ်းသာအားရ ဖြစ်စေသော မေးခွန်းတစ်ခုကို မေးလိုက်သည်။

"ကောင်စုတ်လေး ၊ မင်းငါ့ကို မင်းရဲ့ဆရာအဖြစ် လက်ခံဖို့ ဆန္ဒရှိလား"

ချင်ယွင်သည် ထိုစကားကိုကြားသောအခါ အံ့အားသင့်သွားသည်။

ဓားထဲရှိအဘိုးအိုက ဘယ်သူလဲ?။

၎င်းသည် ဧကရာဇ်ယူမင်ကဲ့သို့ တူညီသည့်ခေတ်ကာလက အင်မော်တယ် ဧကရာဇ် အဆင့် ကျွမ်းကျင်သူတဦးဖြစ်သည်။ သူသည် သူ၏ရုပ်ခန္ဓာကို ဆုံးရှုံးခဲ့ရပြီး ယခင်ကဲ့သို့ မသန်မာသော်ငြားလည်း၊ အကယ်၍ သူသည် သေမျိုးတယောက် ဖြစ်လာခဲ့လျှင်ပင် သူသည် ရွေ့လျားနေသောသက်ရှိ ရတနာတစ်ခုအဖြစ် ရှိနေသေးသည်။ ထို့ကြောင့် ချင်ယွင်က မဆိုင်းမတွ သဘောတူလိုက်သည်။

ချင်ယွင်သည် အလွန်လျင်မြန်စွာပင် သူ၏ ဆရာအား အရိုအသေပေး လိုက်သည်။ ဟုတ်ပါသည်၊ သူသည် မြူနှင်းချောက်နက်ဓားကို သုံးကြိမ်တိုင်တိုင် ဂါရ၀ပြုလိုက်ရခြင်း ဖြစ်ပါသည်။ အဲဒီနောက်မှာတော့ ချင်ယွင်သည် အဖိုးအို၏ နာမည်ကို ပထမဆုံး လေ့လာမှတ်သားခဲ့ရသည်။ အဘိုးအို၏နာမည်မှာ အင်မော်တယ် ဧကရာဇ် ရှေးဟောင်းတာအို ဖြစ်လေသည်။

All Chapters