← Chapters

ရက်စက် ကြမ်းကြုတ်သော လေ့ကျင့်မှု

Vol. 3 Ch. 45

ရက်စက် ကြမ်းကြုတ်သော လေ့ကျင့်မှု

Vol. 3 Ch. 45

အခန်း (၄၅) ရက်စက် ကြမ်းကြုတ်သော လေ့ကျင့်မှု

နောက်ရက်များတွင် ချင်ယွင်၏ဘဝသည် ပြောမပြနိုင်လောက်အောင် သနားစရာ ကောင်းသည်ဟု ဆိုနိုင်သည်။

အဖိုးအို၏စကားအရ ချင်ယွင်သည် ယခုအခါ နားလည်နိုင်စွမ်း၊ ခန္ဓာကိုယ်နှင့် သိုင်းပညာဆိုင်ရာတွင် သက်တူရွယ်တူအများစုထက် သာလွန်နေသော်လည်း အစစ်အမှန် ပါရမီရှင်တစ်ဦး၏ နောက်တွင် အနည်းငယ်သာ ကျကျန်နေ သေးသည်ဟု ဆိုသည် ။ ထို့ကြောင့် အဘိုးအိုသည် ချင်ယွင်၏ပညာရပ်များကို စနစ်တကျ လေ့ကျင့်ရန် ဆုံးဖြတ်ခဲ့သည်။

သူ၏အလုပ်သင်တပည့်ဒုတိယနေ့တွင်၊ ရှေးဟောင်းတာအိုမှ ချင်ယွင်ကို သူ၏ စုဆောင်းငွေအားလုံးကိုအသုံးပြုကာ လေးလံကြီးမားသော သံတုံးကြီးတစ်တုံးကို ဝယ်ယူခိုင်းခဲ့သည်။ ထို့နောက် သူသည် ချင်ယွင်အား လေးလံသည့် သံမဏိအတွင်းခံ ချပ်ဝတ်နှင့် လက်ပတ်လေးခုကို ဖန်တီးခိုင်းသည်။

လေးလံသည့် သံမဏိအတွင်းခံချပ်ဝတ်သည် ၃၆၄၆ ဂျင် အလေးချိန်ရှိပြီး လက်ပတ်လေးခုသည် တစ်ခုလျှင် ဂျင် ၅၀၀ အလေးချိန်ရှိကာ စုစုပေါင်း ၅,၆၄၆ ဂျင်အထိ ရှိလာသည်။

ချင်ယွင်သည် ၎င်းကိုဝတ်ဆင်ပြီးနောက် မတ်တပ်တောင် မထနိုင်ပေ။ သူလှမ်းလိုက်သည့် ခြေလှမ်းတိုင်းသည် ကြမ်းတမ်းသော အဝါရောင် မြေပြင်ပေါ်တွင် နက်ရှိုင်းသော ခြေရာတစ်ခု ချန်ထားရစ်ခဲ့သည် ။ သို့သော် ရှေးဟောင်းတာအိုသည် သူ့ကို ထိုပစ္စည်းများကိုဝတ်ပြီး ခရီးသွားရန် ပြောထားသည်။ သူသည် ဝိညာဉ်စွမ်းအင် ကို သုံးစွဲခွင့်မရှိသလို လေ၀ိဉာဏ်သဘောတရားကိုလည်း သုံးစွဲခွင့်မပြုရန် စည်းကမ်းသတ်မှတ်ထားသည်။ သူအိပ်နေရင်တောင် ချွတ်ခွင့်မပေးပေ။

ယင်းက ချင်ယွင်ကို လမ်းလျှောက်ရန် ခက်ခဲစေသည်။ ထို့ကြောင့် သူသည် ဤခရီးစဥ်ကို ပြီးမြောက်ရန် ဆယ်ရက်လုံးလုံး အချိန်ယူခဲ့ရသည်။

အဓိကချက်မှာ ချင်ယွင်သည် လမ်းလျှောက်ရင်း ပတ်ဝန်းကျင်လေထု၏ အပြောင်းအလဲများကို အာရုံလွှဲနိုင်ရန် ဖြစ်သည်။

သူသည် စိတ်ပျက်လက်ပျက်ဖြစ်သည် သို့မဟုတ် ပေါ့လျော့သွားသည်နှင့် ‌ရှေးဟောင်းတာအိုမှ ထိန်းချုပ်ထားသော မြူနှင်းချောက်နက်ဓားဖြင့် ထိုးနှက်ခံရ လိမ့်မည်။

သူ့ဖင်ကို ရိုက်နှက်ခြင်းက ဘယ်လောက်ရိုးရှင်းလဲဆိုတာ ကြည့်စရာပင်မလို။ ရှေးဟောင်းတာအို ဆရာသခင်၏လမ်းစဉ်အတိုင်း ချင်ယွင်သည် မီတာရာဂဏန်း အကွာကို အစွမ်းကုန် ကြိုးစားခဲ့ရသည်။ သူ၏ခန္ဓာကိုယ်ပေါ်တွင် ဂျင်အလေးချိန် ၅၀၀၀ ကျော်ကို ပေါင်းထည့်ထားပြီး ပြင်းထန်ပြီး လေးလံသော ထိုးနှက်ချက်ကြောင့် ချင်ယွင်သည် နေ့တစ်ဝက်ခန့် မြေပြင်ပေါ်တွင် လဲလျောင်းနေကာ မထနိုင်လောက် အောင် ဖြစ်သွားခဲ့ရသည်။

ညဘက်တွင်၊ ချင်ယွင်သည် အဘိုးအို၏ တရားထိုင်ရန် အတင်းအကြပ် ခိုင်းစေခြင်းကို ခံရပြီး အနည်းငယ်မျှပင် လျှော့မပေးခဲ့။

ချင်ယွင်သည် မောပန်းနွမ်းနယ်ပြီး အကြိမ်ပေါင်းများစွာ ငိုက်မျဥ်းမိ၏။

အဘိုးအိုသည် အိပ်ပျော်နေရာမှလန့်နိုးရန် မြေမှုန့်ထဲသို့ ဓားကို အပြင်းအထန် ရိုက်လိုက်ရာ သူ၏တစ်ကိုယ်လုံး မြေကြီးထဲသို့ နစ်မြုပ်သွားခဲ့သည်။

မြေကြီးထဲမှ ထွက်လာရန် တစ်နာရီလောက် အချိန်ယူရပြီး မြေမှုန့်များပင် ပါးစပ် အပြည့် ‌၀င်ကုန်သည်။

သို့သော်၊ ‌သူသည် တင်းကြပ်သောရှေးဟောင်းတာအိုဆရာသခင်၏ ညှဉ်းပန်း နှိပ်စက်ခြင်းကို ခံရသော်လည်း၊ ချင်ယွင်သည် ကြီးမားသော တိုးတက်မှုကို ရရှိခဲ့သည်ဟု ခံစားမိသေးသည်။

ပထမဦးစွာ၊ သူ၏ ရုပ်ခန္ဓာကြံ့ခိုင်မှုမှာ အလွန်ကြီးထွားလာခဲ့သည်။ ဒုတိယအနေဖြင့် သူ၏ ခန္ဓာကိုယ်ရှိ ကြွက်သားတိုင်းအပေါ် သူ၏ ထိန်းချုပ်နိုင်မှုသည် ပြီးပြည့်စုံစွာ အားကောင်းလာခဲ့သည်။ ဤသည်မှာ ကိုယ်ကာယလေ့ကျင့်မူ ပြုလုပ်ခြင်း၏ အကျိုးကျေးဇူး ဖြစ်သည်။

တတိယအနေဖြင့် လေထုဖြတ်တောက်ခြင်း သဘောတရားနှင့် လေဝိဉာဏ်သဘော တရားကို သူ၏နားလည်သဘောပေါက်မှုသည် အလွန်တိုးတက်ခဲ့ပြီး ဒုတိယအဆင့်သို့ ရောက်ရန် နီးကပ်နေပြီဖြစ်သည်။

သူ၏ကျင့်ကြံမူနှင့် ပက်သက်ပြီး သူဟာ သိုင်းသခင်နယ်ပယ်၏ စတုတ္ထအဆင့် ကောင်းကင်အလွှာကို ဖြတ်ကျော်သွားခဲ့သည်။ ဤအချိန်အတောအတွင်း ချင်ယွင်၏ ခွန်အားသည် အလွန်တိုးတက်လာသည်ဟု ဆိုနိုင်သော်လည်း၊ ဤအရာက ‌ရှေးဟောင်းတာအိုကို မကျေနပ်သေးပေ။

ရက်အနည်းငယ်ကြာအောင် ကြိုးစားပြီးနောက် ချင်ယွင်သည် ဤမျှပြင်းထန်သော လေ့ကျင့်မှုမျိုးကို တဖြည်းဖြည်း အသားကျလာခဲ့သည်။

ဤကာလအတွင်း ချင်ယွင်က ဓားနှင့်‌ဆေဘာနှစ်မျိုးစလုံးကို ကျင့်ကြံလိုကြောင်း ‌ရှေးဟောင်းတာအိုအား ပြောခဲ့ဖူးသည်။

‌ရှေးဟောင်းတာအိုသည် ချင်ယွင်အား အလွန်ကောင်းသည့် အကြံဥာဏ်ပေးခဲ့သည်။ ထိုအရာက လျှပ်စီးဒြဗ်စင်ကိုရှာဖွေပြီး ကိုယ်ပွားတစ်ခု ဖန်တီးရန်အတွက် စိတ်ဝိဉာဏ် ပုလဲကို အသုံးပြုရန် ဖြစ်သည်။ ဤကိုယ်ပွားက ဆေဘာပညာရပ်များကို ဆက်လက် အထူးပြု လေ့လာနေချိန်တွင် ပင်မခန္ဓာကိုယ်က ဓားပညာရပ်ကို အထူးပြု လေ့လာရ မည်ဖြစ်သည်။

ချင်ယွင်သည် ယခုအကြံအစည်က မဆိုးဘူးဟု ခံစားမိသော်လည်း ကိုယ်ပွား၏ ခန္ဓာကိုယ်နှင့်ပတ်သက်ပြီး အလျင်စလို ဆုံးဖြတ်ချက်မချချင်တာကြောင့် ယခုအချိန်မှာ ကိုယ်ပွားဖန်တီးရန် အစီအစဉ် မရှိသေးပေ။

ချင်ယွင်၏ အတွေးများကို မြင်နိုင်ပုံရပြီး ရှေးဟောင်းတာအိုက သူ့ကို ကြီးမားသည့် သွေးဆောင်မှုကို တိုက်ရိုက် ပစ်လွှတ်ပေးလိုက်သည်။

သူ့တွင် မိုးကြိုးလျှပ်စီးနှင့်ပတ်သက်ပြီး ကျင့်ကြံခြင်းနည်းစနစ် အစုံအလင်ရှိပြီး ရုပ်ခန္ဓာကိုယ် ကျင့်ကြံခြင်းကိုလည်း အဓိကအာရုံစိုက်၍ရကြောင်း ‌ရှေးဟောင်းတာအို က ပြောသည်။ ထို့ကြောင့် ချင်ယွင်၏ကိုယ်ပွားခန္ဓာကိုယ်သည် သိပ်ပြီးမဆိုး၀ါးသရွေ့၊ သူ၏ခန္ဓာကိုယ် အားကောင်းစေရန် ဤကျင့်ကြံခြင်း နည်းစနစ်များကို အသုံးပြုနိုင် သည်။

ဤအရာက ချင်ယွင်ကို အလွန်ပျော်ရွှင်စေခဲ့သည်။ အဘိုးအို၏ကိုယ်ရေး အချက်လက် ကို သူသိထားပြီးဖြစ်ကာ သူထုတ်ပေးသော အရာများသည် သာမန်အရာများ မဟုတ်ပေ။

ထို့ကြောင့် ချင်ယွင်သည် သူ၏မူရင်းခန္ဓာကိုယ်အပြင်ဘက်တွင် ကိုယ်ပွားတစ်ခု ဖန်တီးရန် စိတ်ကူးရှိခဲ့သည်။

သို့သော်လည်း သာမန်လျှပ်စီးဒြဗ်စင်ပိုင်ရှင်ဟု ယူဆရမည့် ခန္ဓာကိုယ်ကို ရှာဖွေရန်ပင် လွယ်ကူသော အလုပ်တစ်ခု မဟုတ်ပေ။

သို့သော်၊ ဘိုင်ယွမ်စီရင်စုတွင် တစ်နှစ်ပတ်လုံး မိုးကြိုးများဖုံးလွှမ်းနေသော မိုးကြိုးဝိညာဉ်တောင်၏ ကမ္ဘာငယ်လေးတစ်ခုရှိကြောင်း ‌ရှေးဟောင်းတာအိုမှ ချင်ယွင်ကို ပြောပြသည်။

လွန်ခဲ့သော နှစ်ထောင်ပေါင်းများစွာက မိုးကြိုး၀ိညာဉ်မျိုးနွယ်စု ဟုခေါ်သည့် အစွမ်းထက်သော လူမျိုးစုတစ်ခု နေထိုင်ခဲ့သည်။ သူတို့သည် မိုးခြိမ်းသံနှင့် လျှပ်စီး လက်ခြင်းတို့၏ အာဟာရဖြည့်တင်းမူဖြင့် မွေးဖွားလာခဲ့ကြပြီး ၎င်းတို့၏ ခန္ဓာကိုယ်များ သည် အလွန်အစွမ်းထက်သည်။ သို့သော် မသိရသေးသော အကြောင်းပြချက်ကြောင့် ၎င်းတို့သည် မျိုးသုဉ်းသွားခဲ့သည်။

ချင်ယွင်သည် မိုးကြိုး၀ိဉာဏ်မျိုးနွယ်စု အကြောင်းကို သဘာဝအတိုင်း ကြားသိခဲ့ သည်။ မူလက အင်မော်တယ်ကမ္ဘာတစ်ခုတည်းမှာသာ ရှိမည်ဟု သူထင်ခဲ့သော်လည်း ဤသေမျိုးကမ္ဘာတွင် ရှိနေမည်ဟု သူမထင်ခဲ့ပေ။ မိုးကြိုး၀ိဉာဏ်မျိုးနွယ်စုသည် လျှပ်စီး၏ သဘာဝအတိုင်း ချစ်မြတ်နိုးခြင်း ခံရသူများ ဖြစ်သည်။ အကယ်၍ သူသာ အမှန်တကယ်ရှာတွေ့နိုင်မည်ဆိုလျှင် ယင်းက ကောင်းမွန်သည့် ကိုယ်ပွားတစ်ခု ဖြစ်လာပါလိမ့်မည်။

ချင်ယွင်သည် ချက်ချင်းပင် လှုပ်ရှားလိုက်သည်။ သူသည် မိုးကြိုးဝိညာဉ်တောင်၏ တည်နေရာကို ‌ရှေးဟောင်းတာအိုအား မေးမြန်းပြီး ထိုနေရာကို အမြန်ပြေးသွားသည်။

တကယ်တော့ ‌ရှေးဟောင်းတာအိုသည် တစ်ဝက်လောက်ကို ပြောပြမထားသေးပေ။ မိုးကြိုး၀ိညာဉ်မျိုးနွယ်စု၏ရုပ်ကြွင်းများကို ရှာဖွေရန် အခွင့်အလမ်းများမှာ အလွန် နည်းပါးသည်။ မိုးကြိုး၀ိညာဉ်မျိုးနွယ်စု၏ ခန္ဓာကိုယ်သည် အနှစ်တစ်သောင်းကြာ အောင် မပျက်စီးနိုင်ဟု ဆိုထားသော်လည်း နောက်ဆုံးမှာတော့ အနှစ်တစ်သောင်းက ကုန်လွန်သွားခဲ့ပြီလေ။ အကယ်၍ အကြွင်းအကျန်များ ရှိနေသေးသည်ဆိုင်လျှင်ပင် အခြားသူများ ယူဆောင်သွားနိုင်သည်။

အရေးအကြီးဆုံးက မိုးကြိုးဝိညာဉ်တောင်၏ ကမ္ဘာငယ်လေးသည် မိုးကြိုး၀ိညာဉ်ဂိုဏ်း ၏ တားမြစ်နယ်မြေ ဖြစ်လာနေပါပြီ။ ထိုဂိုဏ်းအကြီးအကဲများ၏ ခွင့်ပြုချက်မရှိဘဲ ဝင်ရောက်ရန် မဖြစ်နိုင်ပေ။

ချင်ယွင်သည် မိုးကြိုးဝိညာဉ်ဂိုဏ်းသို့ရောက်ရန် ရှစ်ရက်နီးပါးကြာခဲ့ပြီး၊ ရောက်သော အခါ မိုးမိုးကြိုးဝိညာဉ်ဂိုဏ်းမှလူများက သူ့ကို သဘာဝအတိုင်း တားဆီးကြသည်။

ချင်ယွင်သည် အားကိုးရာမဲ့ဖြစ်ပြီး နောက်ဆုတ်ရန်သာ ရွေးချယ်နိုင်ခဲ့သည်။

ပထမတစ်ချက်, မိုးကြိုးဝိညာဉ်ဂိုဏ်းသည် သေးငယ်သောဂိုဏ်းမဟုတ်ပေ။ အတင်းအကြပ် ဖြတ်ကျော်ဖို့ဆိုတာ မဖြစ်နိုင်သလောက်ပင်။ ဤအရာကို တောင်ကို စောင့်ကြပ်နေသည့် ဂိုဏ်း၏တပည့်များ ကျင့်ကြံမူမှ တွေ့မြင်နိုင်သည်။

ဂိုဏ်းကိုစောင့်ကြပ်နေသည့်တပည့် စုစုပေါင်း လေးယောက်ရှိသည်။ အနိမ့်ဆုံး တပည့်သည်ပင် သိုင်းသခင်နယ်ပယ် ဒုတိယအဆင့် ကောင်းကင်အလွှာ ကျွမ်းကျင်သူ ဖြစ်ပြီး အမြင့်ဆုံက သိုင်းသခင်နယ်ပယ် ဆဋ္ဌမအဆင့် ကောင်းကင်အလွှာကို ရောက်နေပါပြီ။ဒါကချင်ယွင်ကို အဆုံးမသတ်နိုင်သည့် အံ့အားတသင့် ထုတ်ပြောရ စေသည်။

နောက်ပိုင်းတွင်၊ မိုးကြိုးဝိညာဉ်ဂိုဏ်းသည် ဘိုင်ယွမ်စီရင်စုရှိ အဓိက အင်အားစု သုံးခုအနက်မှ တစ်ခုဖြစ်ကြောင်း သိရှိခဲ့သည်။ ၎င်းတို့သည် ဘိုင်ယွန်ကျောင်းတော် နှင့် လင်းထျန်ဂိုဏ်းတို့နှင့် တန်းတူဖြစ်သည်။ ၎င်းတို့အားလုံးသည် သိုင်းမြို့စားနယ်ပယ် အဆင့် ကျွမ်းကျင်သူများက စောင့်ကြပ်ထားသော အဓိကအဖွဲ့များဖြစ်သည်။

ထိုစကားကိုကြားတော့ ချင်ယွင်သည် အထဲကိုဝင်ရန် စိတ်ကူးကို လုံးဝ စွန့်လွှတ်လိုက်သည်။ ဤကဲ့သို့ နက်ရှိုင်းသည့် အခြေခံအုတ်မြစ်နှင့် ဝင်သွားမည် ဆိုလျှင် သူ သေသွားလိမ့်မည်။ ခိုးဝင်ရန်ဆိုလျှင်လည်း ပိုလို့တောင် မဖြစ်နိုင်ပေ။ တင်းကျပ်သည့် ကန့်သတ်ချက်တစ်ခု သေချာပေါက်ချမှတ်မည့် တားမြစ်နယ်မြေဟု လူသိများသော မိုးကြိုးဝိညာဉ်တောင်ဆိုလျှင် စကားထဲပင် ထည့်ပြောစရာမလိုတော့။ ဂိုဏ်းအတွင်းရှိ အစောင့်အကြပ်များကို သူရှောင်တိမ်းနိုင်စွမ်း ရှိခြင်းမရှိခြင်းကလည်း နောက်ပြဿနာတခုဖြစ်နေသေးသည်။

ယခုအချိန်တွင်၊ သူမိုးကြိုးဝိညာဉ်တောင်သို့ ဝင်ရောက်နိုင်သည့် တစ်ခုတည်းသော နည်းလမ်းမှာ မိုးကြိုးဝိညာဉ်ဂိုဏ်းတွင်ပါဝင်ပြီး မိုးကြိုးဝိညာဉ်တောင်ပေါ်သို့ ပွင့်ပွင့်လင်းလင်း ဝင်ရောက်ခွင့်ရရန် အရည်အချင်းများ ရှိထားရန်ဖြစ်သည်။

သို့သော်လည်း ရလာဒ်အနေဖြင့် ချင်ယွင်သည် သူ၏အစ်မကိုရှာဖွေရန် မိုးပြာတိမ်တိုက်စီရင်စုနှင့် ရန်စီချီကိုရှာဖွေရန်အတွက် ဘိုင်ယွမ်စီရင်စုသို့ သွားရောက် လည်ပတ်မှုမှာ များစွာနှောင့်နှေးရတော့မည်။ ယင်းကြောင့် ချင်ယွင်သည် ခဏတာမျှ စိတ်ပူပန်မှု ဖြစ်စေသည်။

" ကောင်စုတ်လေး၊ မင်းရဲ့ချစ်သူနှစ်ယောက်ကို အခုရှာဖို့ အလျင်စလို မလုပ်စမ်းနဲ့၊ ဒါအပြင် မင်း သူမတို့ကိုတွေ့ခဲ့ရင်ရော ဘာထူးမှာလဲ။ မင်းရဲ့ ကျင့်ကြံမူနဲ့ဆို ပြန်ခေါ်လို့ရမှာလား။ အဲဒါထက် စိတ်အေးအေးထားပြီး စနစ်တကျ ကျင့်ကြံတာက ပိုကောင်းပါတယ်။ မင်း သူမတို့ရှေ့မှာ ပြန်ပေါ်လာခဲ့ရင် ဒီရေလိုပြောင်းလဲနိုင်အောင် ကြိုးစားပါ။" မြူနှင်းချောက်နက်ဓား၏ ရှေးဟောင်းတာအိုက ဆိုသည်။

"ဒါပေမယ့်" ချင်ယွင်ကတော့ တုံ့ဆိုင်းနေဆဲပင်။

"အင်း မဟုတ်သေးဘူး" ရန်စီချီလို့ အမည်ပေးထားတဲ့ ဒီကလေးမလေးက အခု ဘိုင်ယွန်ကျောင်းတော်ကို ဝင်နေပါပြီ။ သူမက သိုင်းမြို့စားဘိုင်ယွန်နဲ့အတူ ရှိနေမှတော့ သူမက သဘာဝအတိုင်း အန္တရာယ်မရှိပါဘူး။ လျူရန်ယွင်လို့ခေါ်တဲ့ အဲဒီမိန်းကလေးကတော့ ချင်းယွန်သိုင်းမြို့စားရဲ့သမီးဖြစ်တယ်။ ဒါ့အပြင် တကယ်လို့ သူမသာ နဝမမင်းသားကို လက်ထပ်တော့မယ်ဆိုရင် သူမကလည်း ကမ္ဘာကြီးကို သေချာပေါက် အသိပေးပါလိမ့်မယ်။ အဲဒီအချိန်ရောက်မှ မင်းသွားမယ်ဆိုရင်လည်း သိပ်နောက်ကျမှာ မဟုတ်ပါဘူး။" အဖိုးအိုက ချင်ယွင်ကို ကြားဖြတ်၀င်ပြေားပြီး ဖြောင့်ဖျသည်။

ချင်ယွင်သည် လေးလေးနက်နက် ခေါင်းညိတ်ပြပြီး ခဏလောက် စဉ်းစားလိုက်သည်။

အမှန်တော့၊ သူ၏အစ်မနှင့် ရန်စီချီတို့ရှေ့မှာ သူပေါ်လာခဲ့ရင်တောင် သူ၏ လက်ရှိ အင်အားဖြင့် အဝေးကိုခေါ်သွားနိုင်မှာ မဟုတ်ပါဘူး။ သူမတို့ဆီသွားမည့်အစား ဆရာကြီးပြောပြခဲ့သည့်အတိုင်း စနစ်တကျ ကျင့်ကြံတာက ပိုကောင်းပါသည်။

"ကောင်းပြီ၊ ဒါဆိုရင်လည်း ကျွန်တော် ဒီမိုးကြိုးဝိညာဉ်ဂိုဏ်းနဲ့ ပူးပေါင်းပြီး မိုးကြိုး ဝိညာဉ်မျိုးနွယ်စုရဲ့ အကြွင်းအကျန်တွေကို ရှာတွေ့ဖို့ မိုးကြိုးဝိညာဉ် တောင်ထဲကို အမြန်ဆုံးဝင်နိုင်အောင် ကြိုးစားပါ့မယ်။" ချင်ယွင်သည် သူ၏ လက်သီးများကို တင်းတင်းကြပ်ကြပ်ဆုပ်လိုက်ပြီး ပြင်းထန်သော တိုက်ခိုက်လိုသည့်ဆန္ဒက သူ၏ နှလုံးသားထဲတွင် တစ်ဖန်ပြန်လည် လောင်ကျွမ်းလာခဲ့သည်။

စာစဉ်(၃)ပြီးပြီ။

ဘာသာပြန်သူ နေဇင်။

All Chapters