← Chapters

ပြဿနာ အသစ်

Vol. 4 Ch. 46

ပြဿနာ အသစ်

Vol. 4 Ch. 46

အခန်း (၄၆) ပြဿနာအသစ်

သို့သော်၊ မိုးကြိုး၀ိညာဥ်ဂိုဏ်းထဲသို့ ဝင်ရောက်ပြီး မိုးကြိုး၀ိညာဥ်ဂိုဏ်း၏ တပည့်တစ်ဦး ဖြစ်လာရန်မှာ နောက်ထပ် ခေါင်းကိုက်စရာကိစ္စ ဖြစ်လာခဲ့သည်။

ချင်ယွင်သည် မေးမြန်းစုံစမ်းကြည့်ခဲ့သည်။ မိုးကြိုး၀ိညာဥ်ဂိုဏ်း၏ တပည့်အသစ် ခေါ်ယူခြင်းအစီစဉ်က အချိန်ကုန်ဆုံးသွားခဲ့ပြီ။ နောက်တစ်ကြိမ်အထိ စောင့်ချင်သည် ဆိုလျှင် သူသည် တစ်နှစ်လောက် စောင့်ရလိမ့်မည်။ ယင်းက ချင်ယွင် မစောင့်နိုင်သည့်အရာ ဖြစ်သည်။

ယခုအချိန်မှာ သူအလိုအပ်ဆုံးအရာက အချိန်ဖြစ်သည်။ သူ၏အစ်မလျူရန်ယွင် နှင့် နဝမမင်းသားတို့ လက်ထပ်မည့်သတင်းသည် အချိန်မရွေးရောက်လာနိုင်သောကြောင့် ချင်ယွင်သည် အတတ်နိုင်ဆုံး အချိန်တိုအတွင်း သူ၏ ခွန်အားကို မြှင့်တင်ထား ချင်သည်။

ဂိုဏ်းကတပည့်ရွေးချယ်ရန်အချိန်မဟုတ်သေးသောကြောင့် သူသည် မိုးကြိုး၀ိညာဥ် ဂိုဏ်းထဲသို့ မည်သို့ ခိုးဝင်နိုင်မည်နည်း။

ချင်ယွင်သည် တစ်ညလုံး တွေးတောပြီးနောက် နောက်ဆုံးတွင် နည်းလမ်းတစ်ခု ပေါ်လာသည်။ ဒါက အလုပ်သမားတပည့်အဖြစ် ဂိုဏ်းထဲသို့ ခိုးဝင်ရန်ဖြစ်သည်။

မိုးကြိုး၀ိညာဥ်ဂိုဏ်းသည် သူတို့၏တပည့်များကို အလုပ်သမားတပည့်၊ အပြင်စည်း ဂိုဏ်း၀င်တပည့်၊ အတွင်းစည်းဂိုဏ်း၀င်တပည့် နှင့် လက်ရွေးစင်တပည့် ဟူ၍ အဆင့်လေးမျိုး ခွဲခြားထားသည်။

လက်ရွေးစင်တပည့်များသည် ဂိုဏ်း၏ အထက်တန်းစားပုဂ္ဂိုလ်များ ဖြစ်ကြသည်။ သူတို့အားလုံးသည် ဂိုဏ်း၏ အပြောင်မြောက်ဆုံး တပည့်များဖြစ်သည်။ ၎င်းတို့သည် အလွန်မင်း ထက်မြက်သောပါရမီ သို့မဟုတ် အလွန်မင်းထက်မြက်သော ထိုးထွင်းသိမြင်မူ ဉာဏ်ကို ပိုင်ဆိုင်ထားကြသည်။

လက်ရွေးစင် တပည့်အားလုံးသည် အကြီးအကဲ သို့မဟုတ် ဂိုဏ်းခေါင်းဆောင် တစ်ဦးဦးနှင့် ချိတ်ဆက်မူရှိရပေမည်။ ထို့ကြောင့် လက်ရွေးစင်တပည့်များသည် ဂိုဏ်းတပည့်များကြားတွင် အဆင့်အတန်းအမြင့်ဆုံးနှင့် အမြင့်မားဆုံးသော ဆက်ဆံမှုကို ခံစားခဲ့ရသူများဖြစ်သည်။

အတွင်းစည်းဂိုဏ်း၀င် တပည့်များသည် ဂိုဏ်း၏ ကျောရိုးများဖြစ်သည်။သူတို့သည် ဂိုဏ်း၏ တရားဝင်တပည့်များဖြစ်ကြသည်။ သာမာန်အားဖြင့် ယခင် မျိုးဆက်ဟောင်းများ၏ တပည့်များသည် ဆရာ,ဆရာမများအဖြစ် တာ၀န်ထမ်းဆောင် ကြသည်။ တစ်ချိန်တည်းမှာပင်၊ အတွင်းစည်းဂိုဏ်း၀င် တပည့်များထဲမှ လက်ရွေးစင်တပည့်များကို ရွေးချယ်ကြမှာဖြစ်ပြီး ၎င်းတို့ကို နှစ်စဉ်ရွေးချယ်သွားမည် ဖြစ်သည်။

အပြင်စည်းဂိုဏ်း၀င် တပည့်အများစုသည် အလားလာကောင်းများနှင့် ပင်ကိုယ်ပါရမီ ရှိသော်လည်း ၎င်းတို့သည် လုံလောက်အောင် သန်မာသူများ မဟုတ်ကြသေးပေ။ ထိုအပြင်စည်း ဂိုဏ်း၀င်တပည့်များအား ဂိုဏ်း၏အရံအဖွဲ့အနေဖြင့် ရွေးချယ်ထား ကြပြီး စမ်းသပ်မူကို ကျော်ဖြတ်နိုင်ပါက အတွင်းစည်းဂိုဏ်း၀င်တပည့်များအဖြစ် ရာထူးတိုးနိုင်ပါသည်။

အစေခံတပည့် ( အလုပ်သမား) များအတွက်မူ သဘာဝအတိုင်း ပင်ပင်ပန်းပန်း လုပ်ဆောင်ကြရသည်။ သူတို့သည် မိုးကြိုး၀ိညာဥ်ဂိုဏ်း၏ အမည်ခံ တပည့်များ ဖြစ်သော်လည်း အမှန်တကယ်တော့ သူတို့သည် ဂိုဏ်း၏ ကျွန်များဖြစ်သည်။ သူတို့အားလုံးသည် သူတို့သက်တမ်းရှည်ကြာအောင် ကျင့်ကြံရန်အတွက် ငွေကြေး အနည်းဆုံး သုံးပြီး အင်မော်တယ် နည်းပညာရပ်များရရှိရန်အတွက် အလုပ်လုပ်ကြရ သည့် သေမျိုးသာမန် လူများဖြစ်ကြသည်။

စင်စစ်အားဖြင့် အလုပ်သမားတပည့်များပင် ကျင့်ကြံခြင်းအဆင့်ဖြင့် အပြင်စည်း ဂိုဏ်း၀င်တပည့်အဖြစ်သို့ တိုးမြှင့်နိုင်ကြသည်၊ ထို့ကြောင့် သူသည် အလုပ်သမား တပည့်အဖြစ် ဦးစွာ ခိုးဝင်ပြီး အပြင်စည်းဂိုဏ်း၀င် တပည့်အဖြစ်သို့ ဆက်တိုက် ဝင်ရောက်ကာ အပြင်စည်းဂိုဏ်း၀င်တပည့်အဖြစ်မှ အတွင်းစည်းဂိုဏ်း၀င် တပည့်အဖြစ်သို့ ကူးပြောင်းနိုင်၏။ နောက်ဆုံးတွင် သူသည် မိုးကြိုး၀ိညာဥ်တောင်သို့ ဝင်ရောက်ခွင့်ကို ရယူနိုင်လိမ့်မည်။

သို့သော် သူသည် အလုပ်သမားတပည့်ဖြစ်လာရန် မည်ကဲ့သို့ လုပ်ဆောင်ရမည်နည်း။

မိုးကြိုး၀ိညာဥ်ဂိုဏ်းတွင်လည်း အစေခံတပည့်များအတွက် လိုအပ်ချက်များလည်း ရှိနေပါသည်။ ပထမအချက်မှာ အသက် ၁၆ နှစ်ထက် မပိုရပေ။ ဒုတိယအနေဖြင့် သူတို့သည် ဝိညာဉ်ရေးဆိုင်ရာ အရင်းအမြစ်များလည်း ရှိရမည်။ ထို့အပြင် ငွေစတစ်သောင်းကိုလည်း လွှဲပြောင်းပေးရမည်။

ငွေတစ်သောင်းသည် အလွန်ဈေးကြီးသည်ဟုထင်ရသော်လည်း၊ သူတို့၏မိသားစုသည် တန်ခိုးကြီးသောသားစဉ်မြေးဆက်များ မွေးထုတ်ပေးနိုင်မည်ဟု စိတ်နှလုံးတွင် အကြွင်းမဲ့ မျှော်လင့်ထားကြသည့် သေမျိုးကမ္ဘာရှိ ချမ်းသာသောကုန်သည်များ အတွက်မူ ဤငွေ တစ်သောင်းကို အလွန်သုံးစွဲလိုစိတ် ရှိကြသည်။

သူတို့အတွက်မူ ၊ သူတို့၏သားသမီးများသည် အစေခံတပည့်မျှသာ ဖြစ်သော်ငြား လည်း မိုးကြိုး၀ိညာဥ်ဂိုဏ်းသို့ ဝင်ရောက်ခွင့်ရခြင်းသည် အလွန်ဂုဏ်ယူစရာပင် ဖြစ်၏။

ထို့ကြောင့်၊ သူတို့သည် မိုးကြိုး၀ိညာဥ်၏ အစေခံတပည့်များသာဖြစ်ကြသော်လည်း သေမျိုးအပြင်လောကမှာတော့ သူတို့၏ အဆင့်အတန်းသည် အလွန်ကြီး မြတ်လှသည်။

သို့သော် ချင်ယွင်သည် လေးလံနက်ရှိုင်းသည့် သံမဏိအတွင်းခံချပ်ဝတ်ကို ထုလုပ်ရန် သူ့အစ်မ၏ပိုင်ဆိုင်မှုအားလုံးကို သုံးစွဲခဲ့ပြီးဖြစ်သည်။ ယခု သူသည် ၀င်ငွေမဲ့နေသဖြင့် ငွေစတစ်သောင်းကို သူ မည်သို့ တတ်နိုင်မည်နည်း။

ထို့ကြောင့် ချင်ယွင်သည် မိုးကြိုး၀ိညာဥ်ဂိုဏ်း ၏ခြေရင်းရှိ မိုးကြိုး၀ိညာဉ်မြို့သို့သွားပြီး ငွေရှာရန် နည်းလမ်းကို စဉ်းစားရမည်ဖြစ်သည်။

မိုးကြိုး၀ိညာဥ်မြို့ကို မိုးကြိုး၀ိညာဥ်းဂိုဏ်းက အမည်ပေးထားခြင်းဖြစ်ပြီး အတော်လေး ချမ်းသာကြွယ်၀သည့် မြို့တစ်မြို့ ဖြစ်သည်။

ကူးသန်းရောင်းဝယ်ရေးဖွံ့ဖြိုးတိုးတက်မှု၊ လူဦးရေထူထပ်မူအပြင်၊ ဘိုင်ယွန်စီရင်စု တစ်ခုလုံးတွင် အကောင်းဆုံးတည်ရှိမှု တစ်ခုလည်းဖြစ်သည်၊ အရေးကြီးဆုံးအချက်မှာ မိုးကြိုး၀ိညာဥ်မြို့တွင် ဘိုင်ယွန်မြို့တော်၏ အကြီးမားဆုံး ဝိဉာဏ်လက်နက်များ ရောင်းဝယ်ရေး နေရာဖြစ်သောကြောင့် မိုးကြိုး၀ိညာဥ်မြို့တွင် ကျင့်ကြံသူများလည်း ပိုများပြားသည်။

မြို့တံခါးကိုရောက်သည်နှင့် ချင်ယွင်သည် မိုးကြိုး၀ိညာဥ်မြို့၏ သာယာဝပြောမှုနှင့် တောက်ပသောရောင်ဝါကို ခံစားရနေပြီဖြစ်သည်။ မြို့တံခါးသည် အမြင့် ၁၆ မီတာရှိပြီး မြို့ရိုးသည် ၂၇ မီတာမြင့်သည်။ ကြီးကျယ်ခမ်းနားလှသည်။ နံရံတစ်ခုလုံးကို ခဲပြာရောင်ကျောက်တုံးများဖြင့် ပြုလုပ်ထားသည်။ တန်ခိုးကြီးသော မြို့ရိုးကြီးသည် မြေပြင်ပေါ်တွင် တွားသွားသွားနေသည့် ကြောက်မက်ဖွယ် ကောင်းသော ဧရာမသားရဲကြီးနှင့်တူသည်။

မြို့ရိုးပေါ်တွင် မျှော်စင်သုံးထပ်ရှိ၏။ တံစက်မြိတ်နှင့် အခုံးများသည်ပင် ရွှေရောင် တောက်ပနေပြီး အကြည့်တချက်ဖြင့်ပင် ထူးကဲသော ရောင်ဝါကို ပေးစွမ်းသည်။

ချင်ယွင်သည် ဤထက်ပို၍ ခမ်းနားထည်ဝါသော တံခါးများစွာကို မြင်တွေ့ခဲ့ဖူးသော် လည်း မိုးကြိုးလျှပ်စီးအငွေ့သက်များဖြင့် ပြည့်နှက်နေသော တိမ်တိုက်များ၏ မြို့တော်သည် ၎င်းကို စိတ်ကူးကြည့်ရန်မဖြစ်နိုင်ဟု ခံစားရဆဲဖြစ်သည်။

အင်မော်တယ်အဆင့် ကျွမ်းကျင်သူများသည် လက်ညှိုးတချက် ညွှန်ရုံဖြင့် မြေပြင် သည် ညီညာပြန့်ပြောပြီး အထပ်ထပ်မြင့်အောင် မြှင့်တင်နိုင်ကြသော်လည်း ဤသေမျိုးကမ္ဘာရှိ ပုဂ္ဂိုလ်များသည် ၎င်းတို့၏ နုံချာသော အင်အားအနည်းငယ်လေးကို အားကိုးကာ အုတ်ခဲများနှင့်ကျောက်များကိုစုပုံ ကြရသည်။ ဤအရာများသည် ၎င်းတို့၏ ဉာဏ်ပညာနှင့် ကြိုးစားအားထုတ်မှု၏ ပုံဆောင်ခဲများဖြစ်ကြသည်။

မြို့တံခါးဝသို့ လှမ်းကြည့်လိုက်ရာ တံခါး၀နှစ်ဖက်စလုံးတွင် လှံကိုင်ထားသော စစ်သည် ဆယ့်ရှစ်ယောက်ရှိသည်။ ဖြတ်သွားသော လူအုပ်ကို စိုက်ကြည့်နေစဉ် သူတို့၏ မျက်လုံးများသည် ချွန်ထက်သော ဓားများကဲ့သို့ စူးရှသည်။ သူတို့၏ ခန္ဓာကိုယ်သည် သံမဏိနှင့် သွေး၏ ထူထပ်သော အငွေ့သက်များကို ထုတ်လွှတ် သည်။ သူတို့သည် လုပ်ကြံသတ်ဖြတ်မှုများရှိသည့် စစ်မြေပြင်မှာ ကျင်လည်ကျက်စား ဖူးသူများဖြစ်ကြောင်း အကြည့်တချက်ဖြင့်ပင် သိနိုင်သည်။

ကျင့်ကြံသူများဖြစ်စေ ကုန်သည်များဖြစ်စေ မြို့တံခါးမှ ဖြတ်သွားဖြတ်လာများသည် သတိထားသွားလာကြရင်း ကြောက်ရွံ့တုန်လှုပ်ကာ ခေါင်းငုံ့ထားကြသည်။ ဤစစ်သည်တော်များ၏ အငွေ့သက်ကြောင့် သူတို့ ထိတ်လန့်သွားကြသည်မှာ ထင်ရှားသည်။

ချင်ယွင်သည် ပြုံးပြီး မြို့ထဲသို့ ဖြည်းညှင်းစွာ လျှောက်သွားသည်။ သူ၏ခြေရာများ သည် ဤစစ်သည်တော်များ၏ အရှိန်၀ါကြောင့် သက်ရောက်မူမရှိ။

သူသည် မိုးကြိုး၀ိညာဥ်မြို့သို့ဝင်ရောက်သည်နှင့်တပြိုင်နက် သူသည် ရုတ်တရက် အမြင်ကျယ်သွားသည်။ ကျယ်ဝန်းပြီး လူစည်ကားသော လမ်းများ၏ ဘေးနှစ်ဖက်စလုံးတွင် ဈေးဆိုင်များ တန်းစီနေသည်။ လူများသည် သွားလိုက်လာ လိုက်ရှိနေကြပြီး အော်ဟစ်သံများဖြင့် ဆူညံနေကာ တွန်းတိုက်ပြီး တယောက်ပေါ် တစ်ယောက်လဲကျသွားသည်များပင် ရှိကြ၏။

ချင်ယွင်သည် စိတ်ထဲတွင် တုန်လှုပ်သွားသည်။ မိုးကြိုး၀ိညာဥ်မြို့သည် ဒဏ္ဍာရီများ ပြောခဲ့သည့်အတိုင်း သာယာဝပြောလာလှသည်။ အဆုံးမရှိသော ဤလူတန်းကြီးသည် ချင်းယွမ်မြို့နှင့် နှိုင်းယှဉ်နိုင်သော အရာမဟုတ်ပေ။

ချင်ယွင်သည် လမ်းမတစ်လျှောက် ပေါ့ပေါ့ပါးပါး လမ်းလျှောက်ရင်း စိတ်ထဲတွင် အတွေးဖြင့်နစ်မြောနေကာ သူသည် ငွေတစ်သောင်း အမြန်ရနိုင်သည့် နည်းလမ်းကို တတ်နိုင်သမျှ တွေးနေသော်လည်း အကောင်းဆုံးနည်းလမ်းကို မစဉ်းစားနိုင်ခဲ့ပေ။

ယခုအချိန်မှာ သူသည် ၀င်ငွေမဲ့နေရုံတင်မကပိုက်ဆံနှင့် လဲလှယ်လို့ရသည့်အရာပင် မရှိချေ။ အဖိုးတန်ပစ္စည်း အနည်းငယ်နှင့် အရေးကြီးသော အသုံးအဆောင်များသာ ရှိသည်။ သူနောင်တရဆုံးအရာမှာ ထိုမြေအောက်ကမ္ဘာခန်းမကြီးထဲမှ တောက်ပသော ပုလဲအနည်းငယ်ကို တူးဖော်မယူနိုင်ခဲ့ခြင်း ဖြစ်သည်။ ဒီလိုမှမဟုတ်ရင် သူသည် သာမန်ပိုက်ဆံလေးအတွက် ယခုကဲ့သို့ စိတ်ပူစရာလိုအပ်မည်တဲ့လား?

အချိန်က လျင်မြန်စွာ ကုန်ဆုံးသွားခဲ့ပြီ။ ကောင်းကင်သည် လျင်မြန်စွာ မှောင်မိုက်သွား သည်။ ချင်ယွင်သည် မိုးကြိုး၀ိညာဥ်မြို့တဝိုက်တွင် လှည့်လည်သွားလာခဲ့ပြီး မြို့တွင်းရှိ စျေးများအားလုံးကို လှည့်လည် ကြည့်ရှုခဲ့သော်လည်း ငွေရှာရန်နည်းလမ်း ရှာမတွေ့သေးပေ။

"အင်း, ငါ ဒီနေ့ တောထဲမှာ ပြန်အိပ်ရမယ့်ပုံပဲ" ချင်ယွင်သည် မြို့တံခါးဆီသို့ လျှောက်လာရင်း သက်ပြင်းမချဘဲမနေနိုင်ချေ။

သူ့မှာ တည်းခိုစရာ ပိုက်ဆံတောင် မရှိပါဘူး၊ ဒါကြောင့် သူ၏ဆာလောင်မှုကို ပြေပျောက်စေရန်အတွက် သူသည် မြို့ပြင်ဘက်က တောတောင်များဆီသွားပြီး သဘာဝအတိုင်း သားကောင်ဖမ်းတမ်း ကစားရလိမ့်မည်။ မဟုတ်ရင် သူသည် လမ်းပေါ်တွင် သူတောင်းစားဖြစ်သွားမှာ မဟုတ်ပေဘူးလား။

သို့သော် ချင်ယွင်သည် မြို့တံခါးဆီသို့ လျှောက်သွားနေချိန်တွင် နဂါးကြေးခွံမြင်း စီးထားသည့် လူငယ်တစ်ဦးက တားဆီးလိုက်သည်။

ချင်ယွင်သည် ထိုလူကို စူးစိုက်ကြည့်နေမိသည်။ ဤလူငယ်သည် အဖြူရောင် ချည်ထိုးအဝတ်အစားကို ၀တ်ထားပြီး အဖြူရောင် ၀တ်ရုံကို ခြုံထားသည်။ သူ၏ အလွန်ချောမော သော ရုပ်ရည်အသွင်အပြင်ကို ပေါင်းထည့်လိုက်ခြင်းဖြင့် သူသည် လေလာရာဖက် မျက်နှာမူထားနိုင်သည့် ကျောက်စိမ်းပင်ကြီးတစ်ပင်နှင့်ပြီး မျိုးနွယ်စုကြီး တခု၏ အလွန်ဂိုက်ထုတ်လွန်းသူဖြစ်ကြောင်း ပြောနိုင်သည်။

ချင်ယွင် အလေးအနက်ထားဆုံးအရာမှာ ဤလူ၏ကျင့်ကြံမှုအဆင့်သည် သိုင်းသခင် နယ်ပယ်၏ သတ္တမအဆင့် ကောင်းကင်အလွှာသို့ အမှန်တကယ် ရောက်ရှိနေခြင်း ဖြစ်သည်၊ သို့သော် သူ၏အသွင်ပြင်အရ သူနှင့်အသက်တူ ရွယ်တူဖြစ်ပုံရသည်။ အကြည့်တစ်ချက်ဖြင့်ပင် သူသည် ထူးထူးခြားခြား အရည်အချင်းရှိသည့် ပါရမီရှင်တစ်ယောက် ဖြစ်သည်။

အနီးပတ်ဝန်းကျင်ရှိလူများနှင့် မြို့စောင့်တပ်သားများသည် သူ့ကိုမြင်သည့်အခါ သူတို့၏ မျက်လုံးများက ရိုသေမှုအပြည့်ရှိကြသည်။ မိုးကြိုး၀ိညာဥ်မြို့ရှိ ဤလူ၏ အဆင့်အတန်းသည် နိမ့်ကျသည်မဟုတ်ကြောင်း ချင်ယွင် ကောက်ချက်ချနိုင်သည်။

"ဟိတ်မျိုးမစစ်ကောင်၊ မင်းက မိုးကြိုး၀ိညာဥ်မြို့က မဟုတ်ဘူးမလား။" ထိုလူငယ်လေး သည် မြင့်မားသောနဂါးကြေးခွံမြင်းပေါ်တွင်ထိုင်ကာ ချင်ယွင်ကို မောက်မာစွာ ငုံ့ကြည့်သည်။

ချင်ယွင်သည် အနည်းငယ် မျက်မှောင်ကြုတ်လိုက်သည်။ ငယ်ရွယ်သော သခင်‌လေး၏ လေသံနှင့် အမူအရာသည် သူ့ကို လွန်စွာ မကျေမနပ် ဖြစ်စေသည်။ သို့သော် ဤသခင်လေးကို အလွယ်တကူ စော်ကားလိုစိတ်မရှိသဖြင့် အေးစက်စွာပြန်ဖြေသည် "ငါက တကယ်လည်း ဒီမြို့ခံဇာတိမဟုတ်ဘူး၊ မင်း ငါ့ကို ဘာလို့ရှာနေတာလဲလို့ မေးလို့ရမလား"

ချင်ယွင်၏ စကားကိုကြားသောအခါ ထိုဂိုက်ထုတ်ထွန်းသောလူငယ်သည် လှောင်ပြောင်ပြီး ပြောသည် " မင်းခါးမှာ ပတ်ထားတဲ့ဓားက ဒီသခင်လေးကို ဆွဲဆောင်နေတယ်ကွ။ ကဲ ဘယ်လောက်ကျလဲ ငါကို ပြောစမ်းကွာ။"

"ငါ မရောင်းဘူး!" ချင်ယွင်က ပြတ်ပြတ်သားသား ငြင်းလိုက်သည်။

ပထမဆုံးအနေဖြင့် သူ၏ဆရာသည် ဓား၏ ကိုယ်ထည်ထဲမှာ စည်းတံဆိပ် ခတ်ထားခံရသည်ဆိုသည်အချက်ကို မပြောနှဲ့ ၊ ဒီဓားပျော့၏ တန်ဖိုးကပင် ငွေနှင့်တိုင်းတာလို့ရသည့် အရာမဟုတ်ပေ ။ သူက ဘယ်လိုလုပ် ရောင်းနိုင်ပါ့မလဲ။

ချင်ယွင်က သူ့ကိုငြင်းဆိုသည်ကို ကြားသောအခါ သူ၏အမူအရာမှာ ချက်ချင်း မည်းမှောင်သွားသည်။ သူက ချက်ချင်း အေးစက်စွာ ဟစ်အော်ရင်း "ကလေး၊ ငါ ဘယ်သူလဲဆိုတာ မင်းသိရဲ့လား"

"ငါ မသိဘူး။" ချင်ယွင်က "မင်းဟာ မိုးကြိုး၀ိညာဥ်မြို့ မြို့တော်သခင်ရဲ့သား ဖြစ်ရင်တောင် ငါရောင်းမှာမဟုတ်ဘူး"

ဤစကားများ ပြောပြီးသည်နှင့် မူလက စောင့်ကြည့်နေသည့် လူအုပ်ကြီးသည် ရုတ်ရုတ် သဲသဲ ဖြစ်သွားသည်။ ချင်ယွင်ကိုကြည့်နေသော အကြည့်များက အလောင်းကောင်ကို ကြည့်နေသည့်အလား ထင်ရ၏။

ဂိုက်ထုတ်လွန်းသူလူငယ်၏မျက်နှာသည် ချက်ချင်းပင် ပြာဝေသွားကာ ချင်ယွင်ဆီသို့ သူ၏အကြည့်များက လူသတ်ချင်စိတ်များ ပြည့်နှက်နေသည်။

"ဟမ့်၊ ငါ ရှီတိုင်ယာလိုချင်တဲ့အရာက ဘယ်တော့မှ မရဘူးဆိုတာ မရှိဘူးဆိုတဲ့ အကြောင်း ဒီနေ့ ငါ မင်းကိုပြောပြမယ်" ဂိုက်ထုတ်လွန်းသောလူငယ်သည် အေးစက်စွာ ဟစ်အော်လိုက်ပြီး သူ၏ မျက်လုံးများမှ သတ်ဖြတ်လိုသည့်ဆန္ဒများ ထွက်ပေါ်လာသည်။

"မြို့စောင့်တွေ ၊ ငါ့အတွက် သူ့ကို ဖမ်းလိုက်စမ်း"

ဂိုက်ထုတ်လွန်းသောသခင်လေးက ကျယ်လောင်စွာ အော်ဟစ်ပြီးသည်နှင့် သူ့ကို စောင့်နေကြသော အစောင့်များက ချင်ယွင်ကို အမြန် ဝိုင်းထားလိုက်သည်။

ချင်ယွင်သည် အမြဲတစေ မထူးခြားသလိုရှိနေပြီး သူသည် လူအများဝိုင်းနေလျှင်ပင် ပျော်ရွှင်နေပြီး အကြောက်အလန့်မရှိသော အသွင် အပြင် ရှိနေဆဲဖြစ်သည်။

All Chapters