မိုးကြိုး၀ိညာဥ်မြို့သခင်
Vol. 4 Ch. 48
အခန်း (၄၈) မိုးကြိုး၀ိညာဥ်မြို့သခင်
"မိုးကြိုး၀ိညာဥ်မြို့ရဲ့မြို့သခင် ချင်ဘာတန်လား? "
ချင်ယွင်သည် ခရမ်းရောင်ဝတ် သက်လတ်ပိုင်းအရွယ်လူကို အံ့အားသင့်စွာ ကြည့်လိုက်သည်။ လူလတ်ပိုင်းအရွယ် အမျိုးသားသည် သူ၏ မျက်နှာတွင် ပြုံးနေသော်လည်း သူ၏ ခန္ဓာကိုယ်ရှိအငွေ့အသက်သည် ချင်ယွင်ကို ကြီးစိုးပြီး ဂုဏ်သိက္ခာရှိသော ခံစားချက်ကို ပေးသည်။
ယင်းက သူ၏မိုးကြိုးစွမ်းရည်သဘောတရားကို သူ၏ ကိုယ်ပိုင်အငွေ့အသက်နှင့် ပေါင်းစပ်ခြင်း၏ ရလဒ်ဖြစ်ကြောင်း ချင်ယွင် သိထားသည်။ ယင်းအပြင် သူ၏လှုပ်ရှားမှုတိုင်းတွင် မိုးကြိုးဆန္ဒများ ပါဝင်နေ၏။
ဤအဆင့်အထိ နားလည်နိုင်စွမ်းရှိသော နဝမအဆင့် ကောင်းကင်အလွှာ သိုင်းဂိုဏ်းချုပ် ကျွမ်းကျင်သူများသည် ကြောက်မက်ဖွယ်ကောင်းသော တည်ရှိမှုတစ်ခု ဖြစ်သည်။ ဓားဆန္ဒကိုအသုံးမပြုဘဲ ချင်ယွင်နှင့်ရှောင်ဘိုင်တို့သည် အတူပူးပေါင်း တိုက်ခိုက်မည်ဆိုလျှင်ပင် သူတို့သည် တဖက်လူ၏ ပြိုင်ဘက်ဖြစ်မည် မဟုတ်ပေ။
ရှီတိုင်ယာသည် ချင်ဘာတန် ပေါ်လာမည်ဟုထင်မှတ်ထားပုံ မပေါ်ပေ။ သူ၏တို က်ခိုက်မှု ထားဆီးခံလိုက်ရသည်ကို မြင်လိုက်ရလျှင် သူ၏အမူအရာသည် အလွန်အမင်း သုန်မှုန်သွားသည်။ သူက ချင်ဘာတန်ကို မကျေမနပ်အမူအရာဖြင့် ကြည့်ကာ "ချင်ဘာတန် ခင်ဗျားဒါက ဘာသဘောလဲ။"
"တူလေးရှီ၊ မိုးကြိုးဝိညာဉ်မြို့မှာ သီးသန့်တိုက်ပွဲတွေကို တားမြစ်ထားပါတယ်။ မင်းက စည်းကမ်းတွေကို ချိုးဖောက်နေတာလေ ။" ချင်ဘာတန်က သူ၏မျက်နှာကို ပြုံးပြရင်း ပြောသည်။
ရှီတိုင်ယာ၏မျက်နှာသည် မပျော်မရွှင်ဖြစ်နေသော်လည်း ချင်ဘာတန်က ပြောထားပြီးသားဖြစ်သောကြောင့် သဘာဝအတိုင်း သူနောက်ထပ် မလှုပ်နိုင်တော့ပေ။ မဟုတ်ရင် သူက ချင်ဘာတန်ကို မျက်နှာသာပေးမှာ မဟုတ်ပါဘူး။
အကယ်၍ ချင်ဘာတန်သည် သူတို့၏ တိုင်ယွန်ကုန်သည်ကြီးများအသင်းကို အမြဲတမ်း ယဉ်ကျေးပျူငှာစွာ ဆက်ဆံခဲ့လျှင်ပင်၊ သူသာ ချင်ဘာတန်ကို အမှန်တကယ် ဆန့်ကျင်လိုက်ပါက နှစ်ဖက်စလုံး ထိခိုက်ဒဏ်ရာရမည့် အခြေအနေတစ်ခု ဖြစ်လာမည်ဖြစ်သည်။ ထို့အပြင်၊ ချင်ဘာတန်၏ ကျင့်ကြံမှုသည် သူ နားမလည်နိုင်အောင်ဖြစ်ပြီး မိုးကြိုးဝိညာဉ်မြို့ တစ်ခုလုံးတွင် ပြိုင်ဘက်မရှိပေ။ သူ၏အဖေတောင်မှ ချင်ဘာတန်ကို ကြောက်ရသည်။
ထို့ကြောင့်၊ မိုးကြိုးဝိညာဉ်မြို့အတွင်း၌ လှုပ်ရှားရန်မှာ သူ့အတွက် မဖြစ်နိုင်သလောက် ပင်။
"ကောင်စုတ်လေး၊ ငါ့ကိုစောင့်နေ။ မင်း သတ္တိရှိပြီး မိုးကြိုးဝိညာဉ်မြို့ကနေ ထွက်သွားတာနဲ့ မင်းခေါင်းကို ဆုံးရှုံးရအောင် ငါလုပ်ပစ်မယ်။" ရှီတိုင်ယာသည် သူ၏နဂါးကြေးခွံမြင်းကို စီးပြီး မထွက်ခွာခင် သူ့ကို ပြင်းထန်စွာ စိုက်ကြည့်ခဲ့သည်။
ချင်ယွင်က အဝေးက ရှီတိုင်ယာကို ကြည့်လိုက်ပြီး သူ၏မျက်လုံးထဲတွင် သတ်ပစ်လိုသည့် အရိပ်အယောင်များ ပေါ်လာသည်။
ကျားကို တောင်ပေါ်ပြန်တက်ခွင့်ပေးခြင်းသည် သူ၏ပုံစံမဟုတ်ပေ။
မူလက သူသည် သူ၏အတွင်းခံချပ်ဝတ်တန်ဆာကို ချွတ်ပြီး ရှီတိုင်ယာကို သတ်ရန်အတွက် သူ၏အင်အားအားလုံးကို အသုံးပြုပြီးနောက် မိုးကြိုး၀ိညာဥ်မြို့မှ ထွက်ခွာရန် စီစဉ်ထားခဲ့သည်။ သို့သော် ချင်ဘာတန် ထွက်ပေါ်လာမူကြောင့် သူ၏ အတွေးများကို ဖျောက်ဖျက်ပစ်လိုက်ရသည်။
ယခု ရှီတိုင်ယာ ထွက်သွားနောက် သူသည် ဤအကြောင်းကို အမြဲမပြတ် တွေးတော နေမှာ သေချာသည်။ ထိုအချိန်ရောက်လျှင် ၊ သူသည် သတ္တမအဆင့် ကောင်းကင် အလွှာ သိုင်းသခင်အဆင့်ရှိသူ ရှီတိုင်ယာကိုသာမက တိုင်ယွန်ကုန်သည်ကြီးများ အသင်းဌာနခွဲတစ်ခုလုံးကိုလည်း ရင်ဆိုင်ရလိမ့်မည်။
သို့သော် ရှီတိုင်ယာကို လွှတ်ပေးလိုက်ခြင်းက ချင်ယွင်ကို ခေါင်းကိုက်စေမည်ဖြစ်သော် လည်း၊ ယခု အရေးကြီးဆုံးအချက်က မိုးကြိုးဝိညာဉ်မြို့သခင် ချင်ဘာတန်သည် အဘယ် ကြောင့် သူ့ကို ရုတ်တရက် ကူညီပေးသည်ကို အဖြေရှာရန်ဖြစ်သည်။
ယခုအဖြစ်ပျက်မတိုင်ခင်အထိ သူသည် ချင်ဘာတန်ကို တစ်ခါမှ မမြင်ဖူးပေ ။ ချင်ဘာတန်သည် မိုးကြိုးဝိညာဉ်မြို့၏ စည်းမျဉ်းများကို ကာကွယ်ရုံမျှသာဖြစ်သည်ဟု သူမထင်ခဲ့ပေ။
"ငါ မင်းကို ဘာလို့ကူညီပေးခဲ့တာလဲဆိုတာ မင်းသိချင်နေတာမလား" ချင်ဘာတန်က စိတ်ရှုပ်ထွေးနေသော အမူအရာရှိသည့် ချင်ယွင်ကို ကြည့်ရန် ခေါင်းကိုလှည့်ရင်း ပြုံးပြီးမေးသည်။
ချင်ယွင်၏အမူအရာမှာ အေးစက်နေပြီး ပြန်မဖြေပေ။
ချင်ဘာတန်က ပြုံးလိုက်သည်။ "တကယ်တော့ မင်း ဒီမနက် မိုးကြိုးဝိညာဉ်မြို့ထဲကို လှမ်းဝင်လိုက်ကတည်းက မင်းကို ငါ သတိထားမိခဲ့တယ်၊ အဲဒီ့နောက်မင်းက မိုးကြိုးဝိညာဉ်မြို့တစ်ခုလုံး လှည့်ပတ်သွားလာနေတာကို ငါတွေ့လိုက်ရတယ်။ မင်းဘာလုပ်ချင်လဲ ငါသိချင်ပေမယ့် နောက်ဆုံးတော့၊ မင်းက ဘာမှ မလုပ်ခဲ့ဘူး၊ မင်း မိုးကြိုးဝိညာဉ်မြို့ထဲကနေ ထွက်သွားဖို့ ရွေးချယ်ခဲ့တာက ငါ့အတွက်တော့ အံ့ဩစရာပဲ၊ အဲဒါကြောင့် မင်းနဲ့ ရှီတိုင်ယာတို့ တိုက်ခိုက်နေတဲ့အချိန် ငါလာခဲ့တာပဲ ။"
ချင်ယွင်သည် ချင်ဘာတန်၏ စကားကိုကြားသောအခါ သူ၏စိတ်ထဲတွင် သံသယများကို မဖြေဖျောက်နိုင်ဘဲ သူ၏မျက်ခုံးကို ပို၍ပင် တွန့်ရှုံ့သွားစေခဲ့သည်။
ယုတ္တိဗေဒအရပြောရလျှင် မိုးကြိုးဝိညာဥ်မြို့ကဲ့သို့ လူစည်ကားသောမြို့ကြီးတွင် နေ့စဉ်နေ့တိုင်း ဝင်ထွက်သွားလာနေသော ကျွမ်းကျင်ပညာရှင်အများအပြားရှိမည်မှာ သေချာပါသည်။ သူကဲ့သို့ သာမာန်ကျင့်ကြံသူများသည် မိုးကြိုးဝိညာဉ်မြို့ထဲကို ဝင်လာခြင်းက ပုံမှန်ဖြစ်သည်။ မြို့တော်သခင်၏ အာရုံကို မည်သို့ ဆွဲဆောင်နိုင်မည်နည်း။ ထို့အပြင် ချင်ဘာတန်၏ စကားအတိုင်းဆို သူသည် သူ့ကို တစ်နေ့လုံး စောင့်ကြည့်နေခဲ့သည်။
အကြောင်းပြချက်မရှိဘဲ သူစိမ်းတစ်ယောက် ၏ တစ်နေ့တာလုံး တိတ်တဆိတ် စောင့်ကြည့်ခံရခြင်းက မကောင်းလှပေ။
"မင်းကို ငါဘာလို့ သတိထားမိတာလဲဆိုတာကို မင်း အံ့သြနေတာ မဟုတ်လား။ တကယ်တော့ မင်းဆီကနေ ငါ သန့်စင်တဲ့လျှပ်ဆီး အငွေ့အသက်ကို အာရုံခံစားမိ တယ်။ အဲဒီ အငွေ့ အသက်က လွှမ်းမိုးနိုင်စွမ်းရှိပြီး ထူးဆန်းနေတယ်။ အဲဒါကြောင့် မင်းကို အာရုံစိုက်မိတာပဲ။" ချင်ဘာတန်က ရယ်မောရင်း တုန့်ပြန်သည်။
ချင်ယွင်သည် အနည်းငယ် ထိတ်လန့်သွားသည်။ သူ၏ခန္ဓာကိုယ်မှာ သန့်စင်တဲ့လျှပ်စီး ရှိနေသလား။
တစ်ခုခုမှားနေပါပြီ။ သူသည် လေစွမ်းရည်သဘောတရားများကို နားလည် သဘောပေါက်ထားခြင်း ဖြစ်သည်။ သူဆီမှာ သန့်စင်သော လျှပ်စီးသည် မည်ကဲ့သို့ ရှိနိုင်မည်နည်း။ သူ၏ လျှပ်စီးစွမ်းရည်ကို နားလည်သဘောပေါက်မှုသည် အစသာရှိသေးပြီး သဘောတရားကို နားလည်ခြင်း၏ ပထမအဆင့်သို့ပင် မရောက်ရှိနိုင်သေးပေ။ ချင်ဘာတန်ကို ဆွဲဆောင်နိုင်သည့် လျှပ်စီးက မည်သို့ ရှိနိုင်မည်နည်း။
"ဒါက မင်းခန္ဓာကိုယ်ထဲရှိတဲ့ မြွေငယ်လေးက ထုတ်လွှတ်လိုက်တဲ့ လျှပ်စီးက သူ့ကို ဆွဲဆောင်နေတာပဲ"
ချင်ယွင် ဝေခွဲမရဖြစ်နေစဉ် နောက်ဆုံးတော့ သူ၏ဆရာ ရှေးဟောင်းတာအို၏ အသံ ကို သူကြားလိုက်ရသည်။
ချင်ယွင်သည် ရှေးဟောင်းတာအိုကို သူ၏ ဆရာအဖြစ် လက်ခံပြီးကတည်းက ချင်ယွင်သည် မြူနှင်းချောက်နက်ဓားကို သူ၏ခါးတွင် ယခင်ကဲ့သို့ ချည်နှောင်ထားဆဲ ဖြစ်သော်လည်း ယခုအခါ ခံစားချက်က ကွဲပြားသွားပါပြီ။ အတွင်း၌နေထိုင်သော သူ၏ဆရာအကြောင်းကို သူတွေးမိသောအခါ၊ ချင်ယွင်သည် ဖော်မပြနိုင်သည့် ထူးဆန်းသော ခံစားချက်တစ်ခု ရှိခဲ့သည်။
ထို့အပြင် ရှေးဟောင်းတာအိုသည် အိပ်စက်ခြင်းကို အထူးဝါသနာပါခဲ့သည်။ သူသည် တစ်နေကုန် အိပ်ပျော်နေခဲ့ပြီး ချင်ယွင်ကို ညွှန်ကြားပေးရန်အတွက် ရံဖန်ရံခါမှသာ ထွက်လာတတ်သည်။
သူသည် အိပ်ရာမှ နိုးလာပြီး ချင်ဘာတန်၏ စကားကို ကြားလိုက်ရသောကြောင့် သူ့ကို သတိပေးသလိုဖြစ်သွား၏
ချင်ယွင်သည် ရုတ်တရက် သဘောပေါက်သွားသည် ။
ရှောင်ဘိုင်သည် ရှေးဟောင်းခေတ် သားရဲမှဆင်းသက်လာသော ခရမ်းရွှေရောင်စပါးအုံး မြွေဖြူဖြစ်သည်။ သူသည် ရှေးဟောင်းနတ်ဘုရားသားရဲ ကောင်းကင်မျို စပါးအုံးမြွေ၏ သွေးမျိုးဆက်ကို ပိုင်ဆိုင်ထား၏။ သူသည် လျှပ်စီး၏ အချစ်တော် ကလေးများဟုဆိုနိုင်၏။
ယခုအချိန်တွင် သူသည် အဆင့်သုံး ဆိတ်သုဉ်းခြင်းသားရဲအဆင့်သို့ ရောက်ရှိသွာ သော်လည်း ၊ နောက်ဆုံးအကြိမ် အနီရောင်ဝတ် အမျိုးသမီးကို တိုက်ခိုက်ရာတွင် ဒဏ်ရာရရှိခဲ့သော်ငြားလည်း ဤကာလအတွင်း ကုသမှုခံယူပြီးနောက် သူ၏ဒဏ်ရာများသည် သက်သာသွားရုံသာမ က သူ၏ကျင့်ကြံမှုအဆင့်သည်လည်း အလွန်တိုးတက်လာခဲ့၏။
ယခု သူသည် ဆဋ္ဌမအဆင့် ကောင်းကင်အလွှာ သိုင်းဂိုဏ်းချုပ် ကျွမ်းကျင်သူနှင့် ညီမျှနေပြီ။
'"ဒီလို သန့်စင်တဲ့လျှပ်စီးကို ထုတ်လွှတ်နိုင်ဖို့ဆိုမင်းဟာ လျှပ်စီးကို ကောင်းကောင်း နားလည်နိုင်ရမယ်ဆိုတာ ငါ သေချာပေါက် သိနိုင်တယ် ။ ဒါပေမယ့် ငါ ဒါကို နားမလည်နိုင်ဘူး။ မင်းကြည့်ရတာ ဆယ့်ခြောက်နှစ် ဒါမှမဟုတ် ဆယ့်ခုနစ်နှစ် လောက်ပဲ ရှိသေးတယ်။ မင်းအမိဝမ်းထဲမှာ ကျင့်ကြံရင်တောင် ဆယ့်ခြောက်နှစ်ပဲ ရှိသေးတယ်။ မင်းမှာ ဒီလိုလေးနက်တဲ့ နားလည် မှုမျိုးကို မင်း ဘယ်လိုလုပ်ရနိုင်မှာလဲ။ ချင်ဘာတန်သည် စိတ်ရှုပ်ထွေးသော အမူအရာကို ထုတ်ဖော်ပြသနေသည်။
ချင်ယွင်သည် ကူကယ်ရာမဲ့စွာ ပြုံးလိုက်မိသည်။ ချင်ဘာတန် နားလည်မှုလွဲနေမှန်း သူသိသည်။ သူသည် အဖြူလေး၏အမွှေးအမျှင်မှ သူ့ဆီကူးစက်လာသည့် အငွေ့သက်ကို ခံစားရင်း ရှင်းပြလိုက်သည် "စီနီယာချင်က နားလည်မှု လွဲနေတာပါ။ တကယ်တော့၊ ကျွန်တော့မှာ လျှပ်စီးကို နားလည်နိုင်စွမ်း မရှိပါဘူး။ ဆန့်ကျင်ဘက်အနေနဲ့၊ ကျွန်တော်ဟာ လျှပ်စီးအပေါ် နားလည်သဘောပေါက်မှုမှာ မည်သည့်အောင်မြင်မှုမှ မရရှိသေးပါဘူး။ မြို့သခင်ခံစားမိတဲ့ လျှပ်စီးအငွေ့သက်က ကျွန်တော် ပိုင်ဆိုင်တာ မဟုတ်ပါဘူး။" (အဖြူလေးသည် ရှောင်ဘိုင်ကိုခေါ်ခြင်း ဖြစ်သည်။ နောင်အလျဉ်းသင့်သလို ပါသည့်အတိုင်းရေးသားပါမည်)
"အိုး?" ချင်ဘာတန်က အံ့ဩဟန်ဖြင့် မေးခွန်းထုတ်သည် ။ သို့သော် ဤကိစ္စသည် ချင်ယွင်၏ လျှို့ဝှက်ချက်နှင့် ပတ်သက်နိုင်သည်ဟု သူသိသောကြောင့် ယင်းကိစ္စကို နောက်တစ်ကြိမ် ဆက်လက်မမေးမြန်းတော့။ သူမေးမြန်းလျှင်ပင် ချင်ယွင်က အဖြေပေးမှာ မဟုတ်ပါဘူး။
"ဒါပေမယ့် ဒီနေ့ ကျွန်တော်ကို ကယ်တင်ခဲ့တဲ့အတွက် ဒီဂျူနီယာက ကျေးဇူးတင်ပါ တယ်။" ချင်ယွင်သည် ချင်ဘာတန်ဆီသို့ သူ၏လက်နှစ်ဖက်ကိုယှက်ကာ ဂါရ၀ပြုရင်း ပြောသည်။
ချင်ဘာတန်က ပြုံးပြီး သူ၏လက်ကို ဝှေ့ယမ်းလိုက်သည်။ "ဒါက ကိစ္စသေးသေး လေးပါ။ ငါရဲ့ မိုးကြိုးဝိညာဉ်မြို့နဲ့ တိုင်ယွန်ကုန်သည်ကြီးများအသင်းတို့က အပေါ်ယံမှာ အတော်လေး အဆင်ပြေနေပုံရပေမယ့် အတွင်းပိုင်းမှာတော့ အမြဲတမ်း ရန်ဖြစ်နေကြတာပဲ။ ဒီကောင်စုတ်လေး ရှီတိုင်ယာက ငါ့ကို မြင်တဲ့အခါ အလွန်မာနကြီးတယ်။ ငါ သူ့ကို မကြိုက်တာကြာပါပြီ။ ဒီနေ့တော့ ငါက သူ့မျက်ခုံးမွှေးပေါ်မှာ စင်္ကြန်လျှောက်ပြီး သူ့ကိစ္စတွေကို ဖျက်ဆီးပစ်လိုက်တယ်။ ဒါက ငါ့အတွက် ကောင်းပါတယ်။"
ချင်ယွင်က အနည်းငယ် ခေါင်းညိတ်သည်။ ထိုမှပင် သူသည် စစ်မှန်သော အပြုံးကို ထုတ်ဖော်ခဲ့သည်။ ချင်ဘာတန် ၏စကားများသည် မှန်ကန်သည်ဟု သူခံစားနိုင်သည်။
အကယ်၍ ချင်ဘာတန်သည် မှန်ကန်သော စကားကို ပြောပါက၊ ချင်ဘာတန်တွင် အခြားသော အစီအစဉ်များ ရှိနေမည်မှာ သေချာပါသည်။
ဤနည်းဖြင့် ချင်ယွင်သည် သူ၏ရှေ့ရှိ သက်လတ်ပိုင်းလူရွယ်သည် အလွန်ချစ်စရာ ကောင်းသည်ဟု ခံစားမိသည်။ သူသည်
ဆုံးဖြတ်ချက် ပြတ်သားပြီး ရိုးသားသော် လည်း တချိန်တည်းမှာပင် သူ၏ လိမ္မာပါးနပ်မှုကိုလည်း ဆုံးရှုံးသွားခြင်းမရှိခဲ့ပေ။ သူသည် သေမျိုးကမ္ဘာတွင် ချင်ယွင် မြင်ခဲ့ဖူးသမျှ လူများထဲတွင် သူ၏နှလုံးသားအောက်ခြေမှ လေးစားရသည့် တစ်ဦးတည်းသော လူတစ်ယောက်ဟုဆိုနိုင်၏။
"မင်းနာမည်သိလို့ရမလား?" ချင်ဘာတန်က ပြုံးရင်း ပြောသည်။
"ကျွန်တော်က ချင်ယွင်ပါ" ချင်ယွင်က ပြန်ဖြေသည်။
"အို၊ ဒါက ငါ့မိသားစုနာမည် ဖြစ်နေတာပဲ။ မင်းနဲ့ငါက တကယ်ကံကြမ္မာ ရေစက်ရှိပုံပဲ" ချင်ဘာတန်က ရယ်မောရင်းဆိုသည်။
ချင်ယွင်က အိုးတိုးအန့်တန့်ဖြစ်ပြီး ပြုံးလိုက်သည်။ ချင်ဘာတန်၏ ပင်ကိုယ်စရိုက်ကို သူ သဘောကျသည်။ သို့သော်လည်း လူများ၏ အပေါ်ယံ မျက်နှာများကို သူသိသော်လည်း သူတို့၏နှလုံးသားကိုတော့ သူမသိနိုင်ပေ။ သူ၏ ရှေ့ရှိ ချင်ဘာတန်၏ စွမ်းဆောင်မူက အတုလားအစစ်လားဆိုသည်ကို သူမသိပေ။
'ညီလေးချင်က ဒီနာရီနှောင်းပိုင်းမှာ မြို့အတွင်းမှာနေဖို့ ပိုက်ဆံ မရှိဘူး ဖြစ်ရမယ်။ ငါတို့ မြို့သခင်စံအိမ်ကို တစ်ညလောက် ဘာလို့မသွားတာလဲ။ ဒီနည်းလမ်းက ကောင်စုတ်ကလေး ရှီတိုင်ယာ နောက်တကြိမ်လာပြီး ဒုက္ခပေးမှာကိုကြိုတင် ကာကွယ်ပြီးသားဖြစ်တာပေါ့" ချင်ဘာတန်က ပြုံးပြီး ချင်ယွင်ကို သူ၏ ညီအရင်းတစ်ယောက်လို ဆုံးဖြတ်ထားသည့်အလား ချင်ယွင်၏ ပုခုံးကိုပုတ်ကာ ပြောပြသည်။
"ကောင်းပြီလေ ဒါဆိုလည်း စီနီယာချင်ကိုပဲ အနှောင့်ယှက်ပေးရတော့မယ်"
ချင်ယွင်က တခဏကြာအောင်စဉ်းစားပြီး ပြတ်ပြတ်သားသား သဘောတူလိုက်သည်။
ယခုချိန် မြို့ပြင်ထွက်ခြင်းက ဒုက္ခအများကြီး ရောက်သွားနိုင်သည်။ ရှီတိုင်ယာသည် သူ့ကို စောင့်ကြည့်ရန် တစ်ယောက်ယောက်ကို စေလွှတ်ထားမှာ သေချာသည်။ သူသည် ယင်းကို မကြောက်ရွံသော်လည်း မိုးကြိုးဝိညာဉ်ဂိုဏ်းထဲကို ခိုးဝင်ဖို့က ပိုခက်သွားလိမ့်မည်။
ထို့နောက် ချင်ယွင်သည် ပတ်ဝန်းကျင်ရှိလူများ၏ အံ့အားသင့်နေသော အကြည့်များ အောက်တွင် ချင်ဘာတန်နောက်သို့လိုက်သွားခဲ့သည်။
လမ်းတစ်လျှောက်တွင်၊ ချင်ဘာတန်သည် မိုးကြိုးဝိညာဉ်မြို့၏ အထွေထွေ ကုန်ပစ္စည်းများ ဖြန့်ဖြူးရောင်းချခြင်းအကြောင်းကို ချင်ယွင်အား ပြောပြခဲ့ပြီးနောက် မိုးကြိုးဝိညာဉ်မြို့အကြောင်းကို ချင်ယွင်သည် ပိုမိုနက်ရှိုင်းစွာ နားလည် သဘောပေါက်စေခဲ့သည်။
အမွှေးတိုင်တစ်တိုင်စာလောက် လမ်းလျှောက်ပြီးနောက် ချင်ယွင်သည် ချင်ဘာတန်၏ မြို့သခင်စံအိမ်ဆီ ရောက်လာခဲ့သည်။
သို့သော်လည်း မြို့သခင်၏စံအိမ်ကြီးကို တွေ့လိုက်ရသောအခါ ချင်ယွင် အံ့သြသွား သည်။ မိုးကြိုးဝိညာဉ်မြို့၏ မြို့သခင်စံအိမ်သည် ဤမျှလောက် ယိုယွင်းပျက်စီး နေလိမ့်မည်ဟု သူတကယ်ပင် မမျှော်လင့်ထားခဲ့။ သာမာန်ချမ်းသာသော ကုန်သည်များ၏ အိမ်ကြီးများထက်ပင်သည် မြို့သခင်စံအိမ်သည် နိမ့်ကျနေပါသည်။
စံအိမ်ကြီးတံခါးဝသို့ လှမ်းဝင်လိုက်သည်နှင့် အိမ်ခြံဝင်းသေးသေးလေး သုံးခုသာ ရှိသေးသည်။ ၎င်းတို့ကို ဆက်သွယ်သည့်လမ်းမှာ ကျောက်စိမ်းရောင်ဖြင့် ခင်းထားသော လမ်းဖြစ်သည်။ အိမ်ခြံဝန်းပတ်ဝန်းကျင်မှာ တောရိုင်းမြစ်ပင်များဖြင့် ဖုံးလွှမ်းနေပြီး အဖိုးတန်အသီးအရွက်များ မဟုတ်ပေ။
ခြံဝန်းက တော်တော်လေးကို အိုဟောင်းနေပြီ။ အစိမ်းရောင်အုတ်နှင့်ကြွေပြားများကို ထူထဲသော ရေညှိစိမ်းများဖြင့် ဖုံးအုပ်ထားသည်။ လူများကို အတန်ငယ် အံဝင်ခွင်ကျ ဖြစ်စေသည့် တစ်ခုတည်းသော အရာကတော့ လမ်း၏ အဆုံးမှာ ဧကဝက်ကျယ်သည့် ရေကန်ကြီး တစ်ခု ရှိနေခြင်းဖြစ်သည်။
မြို့သခင်၏စံအိမ်သည် အဘယ်ကြောင့် ဤမျှရိုးရှင်းသည်ကို သူ အမှန်တကယ် နားမလည်နိုင်ခဲ့။ သူ၏အမြင်ရဆို မြို့သခင်၏စံအိမ်သည် အလွန်ခမ်းအနားထည်ဝါပြီး ဇိမ်ခံအိမ်မျိုးဖြစ်သင့်သည်။ စံအိမ်သည် ဤမျှ ရိုးရှင်းပြီး အကြမ်းထဲဆန်မှုက မည်သို့ ဖြစ်နိုင်မည်နည်း။ ချင်ဘာတန်ကိုယ်တိုင် ဦးဆောင်ခေါ်လာခဲ့ခြင်းမဟုတ်လျှင် သူသည်နေရာမှားသို့ရောက်လာခဲ့သည်ဟု ထင်မိလိမ့်မည်။
သို့သော် မြို့သခင်၏စံအိမ်သည် အလွန်ရိုးရှင်းပြီး အကြမ်းထည်ဆန်သော်လည်း ၎င်းကို သန့်ရှင်းသပ်ရပ်စွာ ဆောက်လုပ်ထားသောကြောင့် ချင်ယွင်သည် သူ၏စိ တ်နှလုံးကို များစွာကောင်းမွန်စေပါသည်။
"ဘာလဲ? ငါ့စံအိမ်ကြီးကိုမြင်ရလို့ အံ့သြသွားသလား" ချင်ဘာတန်က ရယ်သည်။
ချင်ယွင်လည်း ခေါင်းညိတ်ပြလိုက်သည်။