အရည်အချင်းကို စမ်းသပ်ခြင်း
Vol. 4 Ch. 49
အခန်း (၄၉) အရည်အချင်းကို စမ်းသပ်ခြင်း
"ဟား ဟား၊ ဒါက ပထမဆုံးအကြိမ် လူအများကြီး ဒီကို ရောက်လာတာပဲ ။ ဒါပေမယ့်၊ မြို့သခင်စံအိမ်ဟာ ရွှေရောင်တလက်လက်နဲ့ ခန့်ညားတောက်ပ နေသင့်တယ်လို့ ဘယ်သူပြောလဲ၊ မြွေလိမ်မြွေကောက် စင်္ကြန်ကိုးခုနဲ့ ခမ်းနားထည်ဝါနေရမှာလား " ချင်ဘာတန်က ရယ်မောပြီး ချင်ယွင်ကို ခြံဝင်းထဲသို့ ခေါ်သွားခဲ့သည်။
ချင်ယွင်သည် ချင်ဘာတန်၏ နောက်သို့ လိုက်သွားပြီး ခြံဝင်း အဆောက်အဦးများကို ဂရုတစိုက် ကြည့်ရှုသည့်။ ဤအဆောက်အအုံများသည် ရိုးရှင်းပြီး ဟောင်းနွမ်း သော်လည်း ရှေးဟောင်းပစ္စည်းများဖြစ်ကြောင်း သူတွေ့ရှိခဲ့ရသည်။ ဥပမာအားဖြင့်၊ ခြံ၀န်းထောင့်တစ်ခုစီတွင် အစိမ်းရောင်ဝါးပင် နှစ်ပင်သုံးပင် စိုက်ထားသောကြောင့် အံဝင်ခွင်ကျ ဖြစ်သည်ဟုဆိုနိုင်သည်။
"တကယ်တော့ ငါ့စံအိမ်ကြီးဟာ အလွန်သေးငယ်ပေမယ့် ကျက်သရေရှိမှုအရဆို၊ ငါ့ခြံဝင်းဟာ ထူးဆန်းတဲ့ပန်းတွေ,အပင်တွေနဲ့ ပြည့်နေတဲ့ ခမ်းနားထည်ဝါတဲ့ စံအိမ်ကြီးတွေထက် ပိုချစ်စရာကောင်းပါတယ်။" ချင်ဘာတန်က ချင်ယွင်ကို ဂုဏ်ယူစွာဖြင့် မိတ်ဆက်ပေးသည်။
ချင်ယွင်က ပြုံးပြီး ခေါင်းညိတ်သည်။ ချင်ဘာတန်၏ခြံဝင်းသည် ထိုဇိမ်ခံအိမ်များထက် ပို၍ သဘာဝကျပြီး သန့်စင်သည်။
ပတ်ဝန်းကျင်ရှိ အပင်များနှင့် သစ်ပင်များကို ကြည့်လိုက်ရာ ချင်ယွင်သည် ၎င်းတို့ အသီးသီးကို ဂရုတစိုက် ဖန်တီးထားပြီး အလွန်ထူးခြားနေသည်ကို တွေ့ရသဖြင့် ချင်ယွင် အံ့သြသွားသည်။
"ဥယျာဉ်မှူးက ဒီအပင်တွေအားလုံးကို တညီတညာဖြစ်အောင် ဖြတ်ထားတာလား။" ချင်ယွင်က မေးသည်။
"ဟား ဟား၊ ငါကိုယ်တိုင် ညှပ်ထားတာပါကွ။ ပုံမှန်ဆို ဘာမှလုပ်စရာမရှိတဲ့အခါ ဒီပန်းတွေ၊ အပင်တွေနဲ့ ဆော့ရတာကြိုက်တယ်ကွ။" ချင်ဘာတန်က ပြုံးပြီးပြောသည် "ငါ့အိမ်မှာ အစေခံတစ်ယောက်မှမရှိဘူးဆိုတာ မင်းသတိမထားမိဘူးလား"
ချင်ယွင်သည် အနည်းငယ် အံ့အားသင့်သွားသည်။ စံအိမ်တံခါးဝကို ဝင်ကတည်းက အစေခံတစ်ယောက်မှ မတွေ့ဖူးသေးမှန်း သူ အမှတ်ရလိုက်သည်။ ယင်းက ချင်ယွင်ကို အံ့သြစေသည်။
မြို့သခင်၏ စံအိမ်ကြီးသည် အနည်းငယ် ရိုးရှင်းသော်လည်း အစေခံတစ်ယောက်မျှ မရှိပေ။ ဤသည်မှာ စိတ်ကူးမယဉ်နိုင်သော အရာဖြစ်သည်။
ချင်ဘာတန်သည် မိုးကြိုးလျှပ်စီးကို နားလည်သဘော ပေါက်အောင် ကျင့်ကြံခဲ့သူ တစ်ယောက်ဖြစ်သည်။ ယုတ္တိဗေဒအရပြောရလျှင် သူသည် အလွန်ကြီးစိုးခြင်းရှိသူ ဖြစ်သင့်၏။
သို့သော်၊ သူသည် အဘယ်ကြောင့် ဤမျှနူးညံ့သိမ်မွေ့ပြီး ချဉ်းကပ်ရလွယ်ကူသော သူ၏ ပင်ကိုစရိုက်ကို ပြသထားရနည်း။
၎င်းသည် သူ၏ခန္ဓာကိုယ်မှ ထုတ်လွှတ်သော ခန့်ညားထည်ဝါမှုနှင့် မကိုက်ညီ သော်လည်း သူ၏ ပင်ကိုစရိုက်သည် ၎င်းနှင့် လုံး၀ ပေါင်းစပ်ထားသည်။
လျှပ်စီး၏သဘောတရားကို သူ၏နားလည်သဘောပေါက်မှုသည် အနည်းဆုံး အဆင့်ခြောက်တွင် ရှိနေပြီဖြစ်သည်။
ထိုသို့ဆိုလျှင် ဤလူ၏ စွမ်းအားသည် သာမန် နဝမအဆင့် ကောင်းကင်အလွှာ သိုင်းဂိုဏ်းချုပ် ကျွမ်းကျင်သူများထက် အဆပေါင်းများစွာ သာလွန်နေပေလိမ့်မည်။
လက်ရှိတွင် ချင်ဘာတန်သည် သူ့ထံချဉ်းကပ်ရာမှာ အခြားရည်ရွယ်ချက်ရှိမရှိ ချင်ယွင် မသေချာသေးပေ။ ထို့ကြောင့် သူသည် ချင်ဘာတန်ကို အမြဲသတိထား နေခဲ့သည်။ ချင်ဘာတန်မှာ ရန်လိုစိတ်မရှိခဲ့လျှင် ကောင်းပေလိမ့်မည်။ သူ့တွင် အခြားအစီအစဉ်များရှိပါက ချင်ဘာတန်၏ မြင့်မားသော ကျင့်ကြံမှုသည် ချင်ယွင်အတွက် ကြီးမားသော ခြိမ်းခြောက်မှုတစ်ခု ဖြစ်လာမည်ဖြစ်သည်။
"ငါ့ရှေ့မှာရှိနေတဲ့အရာက ငါ သိုင်းပညာလေ့ကျင့်လေ့ရှိတဲ့နေရာဘဲ " ချင်ဘာတန်က ပြုံးပြီး သူ၏ရှေ့က လွတ်နေတဲ့ နေရာလေးကို ညွှန်ပြလိုက်သည်။
ချင်ယွင်က ချင်ဘာတန် ညွှန်နေသည့်နေရာကို ကြည့်လိုက်သည်။ ဤလွတ်နေသော နေရာသည် မရိုးရှင်းကြောင်း သူတွေ့ရှိခဲ့ရသည်။
မူလက ဤနေရာသည် အပြာရောင်ကျောက်တုံးကြီးဟု သူပြောနိုင်သည်။ လျှပ်စီးကြောင်းများ အချိန်အတော်ကြာ ပွတ်တိုက်ခံရပြီးနောက်၊ ချောမွေ့ နက်မှောင်ပြီး တောက်ပြောင်လာခဲ့သည်။ ထိုကျောက်ဖျာကြီးပေါ်တွင် သိမ်မွေ့လေးနက်သော ပုံစံများက တဖျတ်ဖျတ်လင်းလက်နေသည်။
ချင်ယွင်သည် အံ့သြသွားသည်။ ဤအစိမ်းရောင် ကျောက်တုံးကို ဤမျှလောက်အထိ တောက်ပြောင်ပြီး ဤမျှလောက်အထိ သဘာဝအလင်းရောင်ပုံစံကို ပုံဖော်ရန် နှစ်ပေါင်းမည်မျှကြာအောင် ကြိုးစားရမည်နည်း။
"လာ လာ၊ ငါတို့နှစ်ယောက် လှုပ်ရှားကြည့်ရအောင်။ ငါလက်တဖက်ကိုပဲ အသုံးပြုမယ်။။" ချင်ဘာတန်သည် ရှေ့သို့ ခြေတစ်လှမ်းတိုးလိုက်ရာ သဘာဝအတိုင်း ဖွဲ့စည်းထားသော အပြာရောင်ကျောက်တုံး စင်မြင့်ပေါ်သို့ ချက်ချင်း ရောက်ရှိသွား သည်။ သူက ပြန်လှည့်ပြီး ချင်ယွင်ကို ပြုံးပြသည်။
ချင်ယွင်သည် ရှိုက်ကြီးတငင် ပြုံးလိုက်မိသည်။ သူသည် ချင်ဘာတန်၏ ပြိုင်ဘက် ဘယ်လိုလုပ်ဖြစ်နိုင်မလဲ။ ချင်ဘာတန်သည် လက်တစ်ဖက်တည်းအသုံးပြုလျှင်ပင် သူတို့ကြားရှိ ကွာခြားချက်က အလွန်ကြီးမားနေပါသေး၏။
သို့သော်လည်း ချင်ယွင်သည် မငြင်းဆန်ခဲ့ပေ။ ချင်ဘာတန်၏ လျှပ်စီးကို နားလည်သဘော ပေါက်သည့်နယ်ပယ်ကို သူလည်း မြင်ချင်မိသည်။
ရလာဒ်အနေဖြင့် လေအရိပ်ခြေလှမ်းများကို ထုတ်ဖော်လိုက်ပြီး လေပြေလေညှင်း အဖြစ်တိုက်ရိုက်ပြောင်းလဲသွားကာအပြာရောင်ကျောက်သုံးစင်မြင့်ပေါ်တွင် ပေါ်လာခဲ့သည်။
"စီနီယာကို ကျွန်တော်ပြစ်မှားမိပြီ။" ချင်ယွင် က လက်နှစ်ဖက်ယှက်ကာ ပြောသည် ။
သူ၏အသံက ကျယ်လောင်ပြီး အားအင်ပြည့်ဝကာ သူ၏အကြည့်များက ရုတ်တရက် ပြင်းထန်လာသည်။ သူသည် ချက်ချင်းပင် သူ၏ခြေဖ၀ါးအောက်ဆီ ခွန်အားကိုပို့လွှတ် လိုက်ပြီး တောင်ပေါ်မှဆင်းလာသော ကျားသစ်တစ်ကောင်ကဲ့သို့ ပြင်းထန်သော အချိန်အဟုန်ဖြင့် ပစ်ဝင်သွားခဲ့သည်။
"ဘန်း!"
ချင်ယွင်သည် ချင်ဘာတန်၏ ရင်ဘတ်ကို တိုက်ရိုက်ထိုးလိုက်သည်။
ချင်ဘာတန်သည် တည်ငြိမ်စွာရှိနေပြီး သူ၏ ဘယ်လက်ကို သူ၏နောက်ကျောတွင် ပစ်ထားကာ လျှပ်စီးအလင်းတန်းနှင့်အတူ သူ၏ညာလက်က ချင်ယွင်၏ ပြင်းထန်သော လက်သီးချက်များကို ညင်သာစွာ တွန်းထုတ်လိုက်ပါသည်။
ချင်ယွင်သည် လုံးဝအံ့ဩချင်းမရှိပေ။ သူသည် သူ၏ခန္ဓာကိုယ်ကို လှည့်ပြီး အညှာတာ ကင်းမဲ့စွာဖြင့် ချင်ဘာတန်၏ ခြေထောက်ကို နောက်တစ်ကြိမ် လှစ်ခနဲ ကန်ချလိုက်သည်။
ချင်ဘာတန်က ခပ်ဖျော့ဖျော့ပြုံးကာ နောက်ပြန်ဆုတ်ရမည့်အစား ချင်ယွင်၏ ရင်ဘတ်ကို ညွှန်ပြကာ ဥက္ကာပျံကဲ့သို့ ပျံသန်း၀င်လိုက်သည်။
သူသည် ချင်ယွင်၏ နောက်က ရေကန်ထဲကို လက်ညိုးတစ်ချက် ထိုးညွှန်လိုက် သည်နှင့် သူ၏နောက်ကရေကန်တစ်ခုလုံး ပေါက်ကွဲသွားသည်။
ချင်ယွင်သည် သူ၏ခန္ဓာကိုယ်ကို တည်ငြိမ်အောင် မထိန်းထားနိုင်တော့ဘဲ ရေကန်၏ အောက်ခြေသို့ ထိုးကျသွားခဲ့သည်။
"ဘယ်လောက်တောင်မှ ကြောက်စရာကောင်းတဲ့ ရုပ်ခန္ဓာခွန်အားလဲ။"
ချင်ယွင် အံ့သြသွားသည်။ ယခုလေးပင် ချင်ဘာတန်သည် လက်ညှိုးတစ်ချောင်းသာ ညွှန်ပြလိုက်သော်လည်း ကြောက်မက်ဖွယ်ကောင်း သော စွမ်းအားတစ်ခု ထွက်ပေါ်လာခဲ့သည်။ ထို့အပြင်၊ ချင်ဘာတန်သည် သနားကြင်နာမှုကို ရှင်းရှင်း လင်းလင်း ပြသခဲ့ပြီး မဟုတ်ပါက သူ၏ခန္ဓာကိုယ်ရှိ အရိုးများအားလုံး ပြိုကျသွားမည် ဖြစ်သည်။ သို့တိုင် သူ၏တစ်ကိုယ်လုံးမှာ ပြင်းထန်စွာ နာကျင်ကိုက်ခဲနေဆဲဖြစ်ပြီး သူ၏တစ်ကိုယ်လုံး ပေါက်ကွဲထွက်မည့် အလားခံစားရသည်။
ချင်ယွင်သည် သွားများကို တင်းတင်းကြိတ်ကာ ရေကန်ထဲမှ ပြေးတက်လာပြီး အပြာရောင်ကျောက်သုံးစင်မြင့်ဆီသို့ ပြန်သွားခဲ့သည်။
ချင်ဘာတန်က ပြုံးပြီး "ငါ့ခန္ဓာကိုယ်က လျှပ်စီးကြောင်းနဲ့ နှစ်ခြင်းခံထားတာ ကြာပြီ။ သာမန် သိုင်းဂိုဏ်းချုပ်ကျွမ်းကျင်သူများထက် သာလွန်နေပြီလို့ ပြောလို့ရတယ်။"
ချင်ဘာတန်၏ အသွေးအသားစွမ်းအားသည် ယခုအခါ အလွန် ကြောက်စရာ ကောင်းကြောင်း ချင်ယွင် သိလိုက်ရသည်။ ၎င်းသည် သိုင်းဂိုဏ်းချုပ်အဆင့် ကျွမ်းကျင်သူ တစ်ယောက် ပိုင်ဆိုင်နိုင်သောအရာမဟုတ်ပေ။
ယခုအချိန်တွင်၊ ချင်ဘာတန်၏ ရုပ်ခန္ဓာကြံ့ခိုင်မှုတစ်ခုတည်းကပင် သာမန် အထွတ်အထိပ် သိုင်းဂိုဏ်းချုပ်အဆင့် ကျွမ်းကျင်သူများထက်များစွာထက် သာလွန်နေပုံရသည်။ သူသည် ပထမအဆင့် ကောင်းကင်အလွှာ သိုင်းမြို့စားအဆင့် ကျွမ်းကျင်သူနှင့်ပင် နှိုင်းယှဉ်နိုင်သည်။
"မင်း စွမ်းအားအကုန် အသုံးပြုသင့်တယ်!" ချင်ဘာတန်က ညင်သာစွာ ပြုံးလိုက် သည်။
ချင်ယွင်က ခေါင်းညိတ်လိုက်ပြီး သူ၏ အဝတ် အစားမျာကို ဖြည်းညှင်းစွာ ဖြည်လိုက် သည်။ သူ၏အတွင်းခံသံမဏိ ချပ်ဝတ်တန်ဆာနှင့် လက်ကောက်၀တ်တို့ကို ချွတ်ကာ တစ်ပေါင်းတည်း ပစ်ချလိုက်သည်။
ဂျင်ငါးထောင် ကျော် အလေးချိန်ရှိသော အရာတစ်ခုသည် မြေပြင်ပေါ်သို့ ကျဆင်းသွား ခဲ့ပြီး မြေကွက်ပေါ်တွင် တွင်းတစ်ခု တိုက်ရိုက် ဖြစ်ပေါ်သွားခဲ့၏။
ယင်းကိုမြင်ရလျှင် ချင်ဘာတန်သည် အနည်းငယ် အံ့သြသည့်အမူအရာကို ထုတ်ဖော် လိုက်သည်။
"ဒါကြောင့် ဒီကောင်လေးဟာ စောစောလေးက လေးလံနေတာကို။
သူ၏ခန္ဓာကိုယ်က သာမန်သိုင်းပညာရှင်တယောက် ယှဉ်နိုင်တဲ့အရာ မဟုတ်ဘူးဘဲ။ စိတ်ဝင်စားစရာပဲ၊ စိတ်ဝင်စားစရာပဲ။" ချင်ဘာတန်သည် နားမလည်နိုင်သော အပြုံးကို ထုတ်ဖော်လိုက်သည်။
သူသည် မျက်နှာပြင်ပေါ်တွင် နူးညံ့သိမ်မွေ့ပြီး သန့်စင်ပုံပေါက်သော်လည်း သူ၏အရိုးများတွင် တိုက်ခိုက်လိုစိတ်များ အလွန်မင်း ဆာလောင်နေသည်။
ချင်ယွင်သည် သူ၏အာရုံကို ဆွဲဆောင်နိုင်သည့် အကြောင်းရင်းကတော့ ချင်ယွင်၏ ခန္ဓာကိုယ်သည် ပြင်းထန်သည့် လျှပ်စီးအငွေ့အသက်များကို ထုတ်လွှတ် နေတာကြောင့် ဖြစ်သည်။ ထို့အပြင်၊ ချင်ယွင်၏ ကျင့်ကြံမှုကို သူမမြင်နိုင်သဖြင့် ချင်ယွင်သည် လျှို့ဝှက်ဆန်းကြယ်သည်ဟု ခံစားရစေသည်။
နောက်ပိုင်းတွင် ချင်ယွင် နှင့် ရှီတိုင်ယာတို့ တိုက်ခိုက်သောအခါ ချင်ယွင်၏ ကျင့်ကြံမူ အဆင့်သည် သိုင်းသခင်နယ်ပယ်၏ တတိယအဆင့် ကောင်းကင်အလွှာ ဝန်းကျင်သာ ဖြစ်ကြောင်း သူသိခဲ့သည်။
သူသည် အနည်းငယ်စိတ်ပျက်မိသော်လည်း ဖော်မပြနိုင်သော ခံစားချက်ရှိသည်။ ချင်ယွင်သည် ခွန်အားအချို့ကို ဖုံးကွယ်ထားဆဲဖြစ်ကြောင်း သူအမြဲတမ်းခံစားမိခဲ့ သည်။ ဤအရာက သူ့ကို မျှော်လင့်ချက်တစ်မျိုး ဖြစ်စေခဲ့သည်။ ချင်ယွင်သည် သူ့ကို တိုက်ခိုက်နိုင်မည်ဟူ သူမျှော်လင့်မိသည်။ ယခုအချိန်မှာ သူ မလုပ်နိုင်သေးဘူးဆို လျှင်ပင် နောက်အနာဂတ်မှာ သူလုပ်နိုင်ပါလိမ့်မည်။ ယင်းကလည်း ချင်ယွင်နှင့် မိတ်ဖွဲ့လိုခြင်း၏ အကြောင်းရင်းတခု ဖြစ်သည်။
ချင်ယွင်သည် သူ၏ခန္ဓာကိုယ်ပေါ်ရှိ ဂျင် ငါးထောင်ကျော်အလေးချိန်ကို ချွတ်ချလိုက် ပြီး တစ်ချက်ခုန်ရုံဖြင့် ကောင်းကင်ပေါ်သို့ ပျံတက်သွားသကဲ့သို့ သူ၏တစ်ကိုယ်လုံး သည် လေထဲတွင် လွင့်ပျံသွားသည်ကို ချက်ချင်းခံစားလိုက်ရသည်။
"အရမ်းကောင်းတာပဲ!"
ချင်ယွင်သည် နှုတ်ဆိတ်မနေနိုင်ဘဲ အသံ ထွက်ပြောမိ၏။ ယခုတော့သူသည် ရုပ်ခန္ဓာ လေ့ကျင့်ခန်း၏ အကျိုးကျေးဇူးများကို ခံစားလိုက်ရသည်။ အချိန်အတော်ကြာအောင် ဝတ်ဆင်ထားသည့် အလေးချိန်များကို ဖြုတ်ချလိုက်သည်နှင့် ပြင်းထန်သော တိုက်ခိုက်ရေးစွမ်းအားများဖြင့် ပေါက်ကွဲနိုင်တော့မည် ဖြစ်သည်။
"စီနီယာချင် အဆင်သင့်ဖြစ်ပြီလား" ချင်ယွင်သည် ချင်ဘာတန်ကို ယုံကြည်မှု အပြည့်ဖြင့် ကြည့်လိုက်သည်။
သူသည် ချင်ဘာတန်နှင့် မယှဉ်နိုင်သေးဘူးဆိုသည်ကို သူသိသော်လည်း ချင်ဘာတန် ကို တိုက်ခိုက်လိုစိတ်နှင့်အတူ သူ၏သွေးများ ဆူပွက်သွားစေရမည်ဟု ခိုင်မာသော ယုံကြည်မှုတစ်ခုရှိလေသည်။
ချင်ဘာတန်သည် သူ၏မျက်လုံးများကို မှေးကျဉ်းလိုက်ပြီး ချင်ယွင်ကို လက်ပြကာ သူ့ဆီကို ပစ်၀င်လာရန် အချက်ပြလိုက်သည်။
ချင်ယွင်သည် သူ၏စိတ်ထဲတွင် ပြုံးလိုက်သည်။ ထို့နောက် သိမ်မွေ့သော လေပြေ တစ်ချက်တိုက်ခတ်သွားသည်နှင့် သူ၏တစ်ကိုယ်လုံးသည် ဘယ်နေရာရောက်သွား မှန်းမသိ ပျောက်ကွယ်သွားခဲ့ပြီး ချင်ဘာတန်၏အရှေ့မှာတိုက်ရိုက်ပေါ်လာသည်။
ချင်ဘာတန်သည် အနည်းငယ် ထိတ်လန့်သွားသည်။ ချင်ယွင်သည် သူ၏လေးလံသော အရာဝတ္တုကို ဖယ်ရှားပြီးနောက် သူ၏ ပေါက်ကွဲထွက်နှုန်းသည် ယခင်ကထက် အဆများစွာ ပိုမြန်လာမည်ဟု သူတကယ်ပင် မျှော်လင့်မထားခဲ့ပေ။ ထို့အပြင်၊ လက်ဖဝါးဓါးတစ်ချောင်းသည် ချင်ဘာတန်ဆီသို့ အညှာအတာမဲ့စွာ ခုတ်ပိုင်းလာ သည်။
ချင်ဘာတန်က ပြုံးပြီး ချင်ယွင်၏လက်ဖဝါးဓားကို သူ၏လက်ဖဝါးတစ်ဖက် တည်းဖြင့် တားဆီးပိတ်ဆို့လိုက်သည်။ သို့သော် လက်ဖဝါးဓားမှ ထွက်ပေါ်လာသော တွန်းအားက သူ့ကို နောက်ပြန်ဆုတ်သွားစေခဲ့သည်။
"ကြည့်ရတာ ပိုပိုပြီး စိတ်ဝင်စားဖို့ကောင်းလာပုံရတယ်။ ပြီးတော့ မင်းငါ့ကို ဘယ်လောက်အထိ တွန်းအားပေးနိုင်မလဲဆိုတာ ကြည့်ရအောင်။"
ချင်ဘာတန်၏ မျက်နှာသည် အပြုံးများဖြင့် ပြည့်နှက်နေပြီး သူ၏ မျက်လုံးများသည် နောက်ဆုံးတွင် တိုက်ခိုက်လိုသည့် ဆန္ဒများ အရိပ်အမြွက် ပြသသွားခဲ့သည်။