မိုးကြိုးတိုက်ပွဲ ရုပ်ခန္ဓာကိုယ်ထည်
Vol. 4 Ch. 50
အခန်း (၅၀) မိုးကြိုးတိုက်ပွဲ ရုပ်ခန္ဓာကိုယ်ထည်
ချင်ဘာတန်သည် တဟားဟားရယ်မောပြီး သူ၏အငွေ့အသက်က ရုတ်တရက် ပြောင်းလဲသွားခဲ့ပြီး သူ၏ခန္ဓာကိုယ်ပေါ်ရှိ ခရမ်းရောင်ဝတ်ရုံက တွန့်လိမ်သွားသည်။
ချင်ဘာတန်၏ အရေပြားမျက်နှာပြင်သည် ခရမ်းရောင်လျှပ်စီးများကိုမျိုချနေသော မြွေများ ထွေးထုတ်လိုက်သကဲ့သို့ ခရမ်းရောင်ဖျော့ဖျော့ လျှပ်စီး၏ လေးနက်သော ပုံစံများဖြင့် ဖုံးလွှမ်းနေကာ တဖျပ်ဖျပ် လင်းလက်ကာ တောက်ပနေသည်ကို တွေ့လိုက်ရသဖြင့် ချင်ယွင် အံ့သြသွားသည်။
'ဒါဟာ ၁၀နှစ်ကျော်ကြာအောင် ငါဖန်တီးခဲ့တဲ့ မိုးကြိုးတိုက်ပွဲ ရုပ်ခန္ဓာကိုယ်ထည်ဘဲ။ လျှပ်စီးရဲ့စွမ်းအား အားလုံးကို ငါ့ခန္ဓာကိုယ်အနှံ့ ဖြန့်ကျက်ပြီး လျှပ်စီးရဲ့စွမ်းအားနဲ့ ငါ့ကိုယ်ခန္ဓာကို သန့်စင်စေခဲ့တယ်။ ငါက အခုမှ လျှပ်စီးအမွှေး အမျှင်အနည်းငယ်သာ ဖန်တီးနိုင်ထားပေမယ့် မိုးကြိုးတိုက်ပွဲရုပ်ခန္ဓာကိုယ်ထည်ကို မဟာယာနအဆင့်ထိ ကျင့်ကြံပြီးတာနဲ့ သိုင်းဧကရာဇ် အဆင့်ကျွမ်းကျင်သူကိုတောင် ရုပ်ခန္ဓာတစ်ခုတည်းနဲ့ တိုက်ခိုက်နိုင်မယ်လို့ ငါ ယုံကြည်တယ်။" ချင်ဘာတန်က မောက်မာစွာ ပြောသည်။ သူ၏ခန္ဓာကိုယ်ပေါ်ရှိ အငွေ့ အသက်သည်လည်း ယခင်က ရင်းနှီးဖော်ရွှေရာမှ လွှမ်းမိုးပြီး ရက်စက်ခက်ထန်သည့်၏အဖြစ်သို့ ပြောင်းလဲသွားခဲ့သည်။
ချင်ယွင်သည် လျှို့ဝှက်စွာ အံ့သြသွားမိသည်။ သိုင်းဂိုဏ်းချုပ်အဆင့် ကျွမ်းကျင်သူ တစ်ယောက်သည် ဧကရာဇ်အဆင့်မြင့်ပညာရပ်နှင့် ညီမျှသော ခန္ဓာကိုယ်သန့်စင်မှု နည်းပညာကို အမှန်တကယ် ဖန်တီးခဲ့သည်။ ဒါဟာ ရိုးရိုးရှင်းရှင်း မှန်းဆလို့ မရနိုင်ပါဘူး။ အစစ်အမှန် အင်းမော်တယ်နယ်ပယ်ရှိ အင်းမော်တယ်များပင်လျှင် အဆင့်မြင့် အဆင့်ပညာရပ်တခုကို ဖန်တီးနိုင်မည် မဟုတ်ပေ။ ၎င်းသည် လျှပ်စီးစွမ်းရည်အပေါ် နားလည်မှုအဆင့်တစ်ခု လိုအပ်သည်။
"ညီငယ်လေးချင်, သတိထားပါ!"ချင်ဘာတန်ကပြုံးပြီး ရှေ့ကို ခြေတစ်လှမ်း တိုးလိုက်သည်။ ခရမ်းရောင်အလင်းဝိုင်းတစ်ခု တောက်ပလာပြီး ချင်ဘာတန်သည် သူ၏နေရာမှ ပျောက်ကွယ်သွားသည်။ နောက်တစ်ကြိမ် သူပေါ်လာသောအခါ သူသည် ချင်ယွင်၏အရှေ့တွင် ရှိနေပြီ။
"ဘယ်လောက်မြန်လိုက်လဲ!" ချင်ယွင်သည် ထိတ်လန့်သွားပြီး ချင်ဘာတန်ဆီကို လက်သီးချက်ဖြင့် အလျင်အမြန် ပစ်သွင်းလိုက်သည်။
သို့သော် ချင်ဘာတန်၏ လှုပ်ရှားမှုများသည် အလွန်လျင်မြန်သည်။
ချင်ယွင်၏ လက်သီးများက သူ့ကိုမထိခင်မှာပင် သူသည် အနောက်ကနေ တိုက်ခိုက် ပြီး ချင်ယွင်၏မျက်ခုံးများကြားမှ သူ၏လက်ချောင်းများကို တိုက်ရိုက် ပွတ်သပ်ပြီး ပျံသန်းသွားခဲ့သည်။
ချင်ယွင်သည် သူ၏နဖူးမှ ကြီးမားသော စွမ်းအားကို ခံစားလိုက်ရပြီး သူ၏ တစ်ကိုယ်လုံးသည် မြှားကဲ့သို့ နောက်ပြန်လွင့်စင်သွားခဲ့သည်။
"အရမ်းနှေးလွန်းတယ်!"
ထိုအချိန်တွင် ချင်ယွင်သည် ချင်ဘာတန်၏ အသံကို ကြားလိုက်ရသည်။
ချင်ယွင်သည် အလွန်အံ့သြသွားသည်။ သူ၏ ခန္ဓာကိုယ်ကို တည်ငြိမ်အောင် အလျင်အမြန် လုပ်ချင်သော်လည်း တစ်ချိန်တည်းမှာပင် သူသည် တုန့်ဆိုင်းနေခြင်းမရှိဘဲ နောက်သို့ လက်သီးတချက်ကို ပစ်လွှတ်လိုက်သော် လည်း သူ၏ နောက်တွင် ဘာမှမရှိပေ။
"အောက်ဘက်မှာ!" ချင်ဘာတန်က တဟားဟားရယ်လိုက်၏။
သူ၏တစ်ကိုယ်လုံးသည် အကောင်အထည်မရှိသည့်အလား ချင်ယွင်၏အောက်သို့ ရောက်လာပြီး သူသည် ချင်ယွင်၏ရင်ဘတ်ကို သူ၏ လက်သီးဖြင့် တိုက်ရိုက်ထိုးကာ ကောင်းကင်သို့ တဖန်ပျံသန်းပြီး ပျံတက်သွားခဲ့၏။
သို့သော် သူ ချင်ယွင်အောက်သို့ပြုတ်ကျမသွားခင် ချင်ဘာတန်၏ ပုံသဏ္ဍာန်သည် သူ၏ အထက်တွင် အမှန်တကယ် ပေါ်လာပြန်သည်။
သူသည် ချင်ယွင်၏ခါးကို အညှာတာကင်းမဲ့စွာ ထိုးလိုက်ပြီး ဧရာမကျောက်တုံးကြီး တစ်ခုကဲ့သို့ မြေပြင်ပေါ်ကို တိုက်ရိုက်ပစ်ချလိုက်ပြီး ကြီးမားသည့် ပေါက်ကွဲမှုတစ်ခုပင် ဖန်တီးဖြစ် ပေါ်စေခဲ့သည်။
ချင်ယွင်သည် တွင်းထဲတွင် လဲလျောင်းနေ၏။ သူ၏ဦးခေါင်းသည် ချက်ခြင်းပင် ညစ်ပတ်သွားပြီး သူ၏အရိုးများနာကျင်နေသလို ခံစားရသည်။ ကံကောင်းထောက်မ စွာပင်၊ သူသည် ဖရိုဖရဲ အစိမ်းရောင်ကြာပန်းပညာရပ်၏ အကာအကွယ်ကို ရရှိထားခဲ့ သည်။ တစ်ချိန်တည်းမှာပင် သူ၏ခန္ဓာကိုယ်ကိုဖရိုဖရဲ အစိမ်းရောင်ကြာပန်း ပညာရပ်က အချိန်အတော်ကြာအောင် ပြုစုပျိုးထောင်ပေးထားခဲ့သည်။ သူသည် သာမန်သိုင်းပညာရှင်များထက် သာလွန်နေပြီးဖြစ်သည်။ ထိုသို့မဟုတ်လျှင် သူသည် ချင်ဘာတန်၏ တိုက်ခိုက်မှုကြောင့် တွင်းထဲမှ ထနိုင်လိမ့်မည် မဟုတ်ပေ။
ချင်ဘာတန်၏ ပုံရိပ်သည် တွင်းဘေးသို့ ဆင်းလာပြီး ချင်ယွင်ကို တောင်းပန်လိုက် သည်။ "တောင်းပန်ပါတယ် ၊ စောစောလေးက တိုက်ခိုက်လိုတဲ့စိတ်ဆန္ဒတွေ အရမ်းများနေခဲ့တယ်။ ငါ လက်စလျှော့ဖို့ကို မေ့သွားခဲ့တယ်။ မင်း အဆင်ပြေရဲ့လား" ချင်ဘာတန်က တွင်းနက်ကြီဂထဲရှိ ချင်ယွင်ကို တောင်းပန်စကားဆိုသည်။
ချင်ယွင်သည် တွင်းထဲမှ ဖြည်းဖြည်းချင်း တက်လာသည်။ သူ၏ခန္ဓာကိုယ်သည် ပြိုကျလုနီးပါးဖြစ်နေပြီ။ သူသည် တုန်တုန်ယင်ယင်ဖြစ်ပြီး လဲကျသွားပြန်သည် ။ ချင်ဘာတန်၏ အမေးကို ကြားတော့ သူသည် ချက်ချင်း ဒေါသထွက်ကာ ကျိန်ဆဲလိုက်ပြီး "ဒီလိုအရိုက်ခံရရင် ခင်ဗျားရော အဆင်ပြေနိုင်မလား"
ချင်ဘာတန်သည် အနည်းငယ် အံ့အားသင့်သွားပြီး ဟက်ဟက်ပက်ပက် ရယ်မောလိုက်သည်။ သူက ချင်ယွင်ကို ပုခုံးပုတ်ပြီး သူ့ကို မြေပြင်ပေါ် တိုက်ရိုက် လဲကျသွားစေသည်။ သူက ကျယ်လောင်စွာ ရယ်မောပြီး "ညီငယ်ချင်၊ မင်းက တကယ် စိတ်ကောင်းရှိတယ်ကွ၊ ဟား ဟား!"
ချင်ယွင်သည် မြေပြင်ပေါ်တွင် ထိုင်နေပြီး သူ၏ မျက်နှာအမူအရာမှာ မည်းမှောင်နေကာ ငိုချင်လာမိသည်။
ထို့နောက် ချင်ဘာတန်သည် ချင်ယွင်ကို ဧည့်ခန်းသို့ ခေါ်သွားပြီး ရေချိုးကာ သန့်ရှင်းသော အဝတ်အစားများကို လဲခိုင်းပြီး ကောင်းမွန်စွာ အနားယူခိုင်း၏။
အတူတူထိုင်ပြီးသည့်အချိန်မှာ ကောင်းကင်ကြီးပင် ကြယ်များဖြင့် ပြည့်နေလေပြီ။
"စီနီယာ ချင်၊ ခင်ဗျား ဘယ်လောက် သန်မာလဲ" ချင်ယွင်သည် သူ အမြဲတမ်းမေးချင်နေသည့် မေးခွန်းတစ်ခုကို မေးလိုက်သည်။
ချင်ဘာတန်၏ကျင့်ကြံမှုသည် သိုင်းဂိုဏ်းချုပ်နယ်ပယ် နဝမအဆင့် ကောင်းကင် အလွှာတွင် ရှိနေပုံရသော်လည်း သူပြသခဲ့သော စွမ်းအားသည် ထိုထက် များစွာ သာလွန်၏။
နေ့လည်ခင်းက မိုးကြိုးတိုက်ပွဲ ရုပ်ခန္ဓာကိုယ်ထည်ကို ဥပမာကြည့်လို့ရသည်။ ချင်ဘာတန်သည် သူ၏အင်အားအပြည့်မဟုတ်ကြောင်း ချင်ယွင် ဆုံးဖြတ်နိုင်သည်။
ချင်ဘာတန်သည် ထိုစကားကိုကြားသောအခါ မထင်မရှားပြုံးရင်း ပြောလိုက်သည် "မင်း တကယ်မေးချင်တာက ငါ လျှပ်စီးစွမ်းရည်အပေါ် ဘယ်လောက် နားလည်ထားလဲ" ဟုတ်တယ် မဟုတ်လား။
ချင်ယွင်သည် အနေရခက်စွာ ပြုံးလိုက်မိ၏။ ချင်ဘာတန်သည် သူ၏ ရည်ရွယ်ချက် အမှန်ကို မြင်နိုင်လိမ့်မည်ဟု သူ မျှော်လင့်မထားခဲ့ပေ။
"တကယ်တော့ မင်းကို ပြောဖို့ဆိုတာ မဖြစ်နိုင်တာလည်းမဟုတ်ပါဘူး။ ငါ့ရဲ့ လျှပ်စီး အပေါ်ကို နားလည်နိုင်စွမ်းက မမြင့်မားပါဘူး။ အဲဒါက သဘောတရားကိုနားလည်ခြင်း စတုတ္ထအဆင့်လောက်ပါပဲ " ချင်ဘာတန်က ရယ်သည်။
"သဘောတရားကိုနားလည်ခြင်းနယ်ပယ် အဆင့်လေးလား။ မဖြစ်နိုင်ပါဘူး!" ချင်ယွင်သည် မယုံကြည်နိုင်စွာ အမြန်ပြောလိုက်သည်။
"ဒါဆို ငါ ဘယ်အဆင့်ရောက်နေပြီလို့မင်းထင်လဲ" ချင်ဘာတန်သည် သူ၏ မျက်နှာပေါ်တွင် အပြုံးမပျက် တုံ့ပြန်ခဲ့သည်။
"အနည်းဆုံး အဆင့်ခြောက်ပေါ့!" ချင်ယွင်က ပြန်ဖြေသည်။
ချင်ဘာတန်သည် ခေါင်းကို အကူညီမဲ့စွာ ခါလိုက်ပြီး "သဘောတရားဆိုတာ ဘာလဲ မင်း သိလား? သိမ်မွေ့နက်နဲသော သဘောတရားဆိုတာ ဘာလဲ၊ သဘောတရားကို ဆက်သွယ်ပေါင်းစည်းမှုဆိုတာ ဘာလဲ?"
"သဘောတရားဆိုတာက မတော်တဆမှုမှ ထွက်ပေါ်လာတဲ့ သဘာဝ ဉာဏ်အလင်း တစ်မျိုး ဖြစ်တယ်။ သိမ်မွေ့နက်နဲသော သဘောတရားဆိုတာက ဥာဏ်အလင်းရဲ့ မြင့်မားသောအဆင့်ကို ရောက်ရှိသွားပြီးနောက် စိတ်ကိုသန့်စင်စေတဲ့ သဘောတရား ဖြစ်တယ်။ သိမ်မွေ့နက်နဲခြင်း သဘောတရားအတွက် သိမ်မွေ့နက်နဲခြင်းနဲ့ လျှို့ဝှက်ဆန်းကြယ်ခြင်းဆိုပြီး နှစ်မျိုးရှိတယ်။ ၎င်းသည် အံ့ဩဖွယ်ရာအားလုံးအတွက် တံခါးပေါက် ဖြစ်တယ်။" ချင်ယွင်က ပြန်ဖြေသည်။
"ဒါဆို သဘောတရား ၊ သိမ်မွေ့နက်နဲခြင်းသဘောတရား၊ လျှို့ဝှက်ဆန်းကြယ်ခြင်း သဘောတရားကိုတို့ မင်း ဘယ်လို ခွဲမလဲ။" ချင်ဘာတန်က ထပ်မေးတယ်။
" သေချာတာက၊ ကောင်းကင်နဲ့ မြေကြီးရဲ့ဒြဗ်စင်များအပေါ် နားလည်မှုအဆင့်အရ ခွဲခြားထားတယ်။ သဘောတရားကို ထိုးထွင်းသိမြင်မူ နယ်ပယ်ဟာ တစ်စုံ တစ်ယောက်ရဲ့ ကောင်းကင်နဲ့မြေကြီးဒြဗ်စင်တွေအပေါ် ထိန်းချုပ်နိုင်စွမ်း အတိုင်းအတာပမာဏနဲ့ ရောင်ပြန်ဟပ်နေပါတယ်။ သဘာ၀တရားပေါ် ထိုးထွင်း သိမြင်ခြင်း ပြီးပြည့်စုံသွားတာနဲ့ တစ်စုံတစ်ယောက်ဟာ ကောင်းကင်နဲ့ မြေကြီး ဒြပ်စင်တွေကို လုံးလုံးလျားလျား ဆုပ်ကိုင်နိုင်မှာ ဖြစ်ပါတယ်။ ဒြပ်စင်များရဲ့ စွမ်းရည်အချို့ကိုလည်း လွတ်လပ်စွာ အသုံးချနိုင်စွမ်း ရှိလာပါလိမ့်မယ်။ သိမ်မွေ့နက်နဲသော နယ်ပယ်ကတော့ တစ်စုံတစ်ယောက်ရဲ့ လုံးလုံးလျားလျား နားလည်သဘောပေါက်မှုကို အပြည့်အဝသုံးပြုရင်း ကောင်းကင်နဲ့မြေကြီး ဒြဗ်စင်တွေ ကို ကိုယ်ပိုင်ဥစ္စာအဖြစ် အသုံးပြုကာ ကိုယ့်ခန္ဓာကိုယ်အတွင်းမှာ သိမ်မွေ့နှလုံးသား နယ်ပယ်ကို သိပ်သည်းစေရမှာဖြစ်တယ်။ ဒီနောက် ချင်ယွင်က ထပ်ပြောသည်" လျှို့ဝှက်ဆန်းကြယ်ခြင်း သဘောတရားနယ်ပယ်အတွက်ကတော့ ဒါက ကောင်းကင်နဲ့ မြေကြီးဒြပ်စင်တွေကို နားလည်သဘောပေါက်ခြင်းရဲ့ ဆင့်ကဲဖြစ်စဉ်ဖြစ်ပြီး အံ့သြစရာကောင်းတဲ့ ပြောင်းလဲမှုမျိုးတွေအထိ ဆင့်ကဲပြောင်းလဲနေပါလိမ့်မယ်။"
သူသည် လေဒြပ်စင်ဆိုင်ရာ၌ လေထုဖြတ်တောက်ခြင်းစွမ်းရည်များနှင့် ပတ်သက်ပြီး နိယာမနယ်ပယ်အထိ အဆင့်ချိုးဖျက်ထားဖူးပြီးဖြစ်သောကြောင့် ထျန်းယွန် တိုက်ကြီး ရှိ လူပေါင်းများစွာသိထားရမည့် နားလည်မှုနယ်ပယ်များ ပိုင်းခြားခြင်းကို သဘာဝ ကျကျ သိနေပါသည်။
ချင်ဘာတန်က ခေါင်းညိတ်ပြပြီး နောက်တကြိမ် ထပ်မေးသည်"လူတစ်ယောက်ဟာ တစ်ချိန်တည်းမှာပဲ တူညီတဲ့ဒြပ်စင်တခုရဲ့ ထိုးထွင်းသိမြင်မူ ဉာဏ်အမြင်နှစ်မျိုးကို တစ်ပြိုင်နက် နားလည်သဘောပေါက်ပြီး ဒြပ်စင်နှစ်မျိုးကို ပေါင်းစပ်ကာ ထိုးထွင်းသိမြင်မှု ဉာဏ်အမြင်အသစ်အဖြစ် ပေါင်းစပ်လိုက်မယ်ဆိုရင် ဘာဖြစ်လာ မလဲ"
ချင်ယွင်၏ မျက်လုံးများ ပြူးကျယ်သွားသည်။ သူက မယုံကြည်နိုင်စွာဖြင့် "စီနီယာ၊ ခင်ဗျား ဖြစ်နိုင်ပါ့မလား..."
ချင်ဘာတန်က ရယ်ပြီး ပြောသည် "မှန်တယ်၊ လျှပ်စီးဒြပ်စင်ရဲ့ ပေါက်ကွဲလျှပ်စီး နဲ့ မြန်နှုန်းမြင့် လျှပ်စီးစွမ်းရည်တွေကို တစ်ချိန်တည်းမှာ ငါ နားလည်ထားတယ်။ အဲဒါတွေကို ပေါင်းစပ်ပြီး ငါက ထိုးထွင်းသိမြင်မူ ဉာဏ်အမြင်အသစ်ကို ဖန်တီးခဲ့တာဘဲ"
ချင်ယွင်သည် အလွန်တုန်လှုပ်သွားပြီး ပြောစရာစကားပင် မဲ့သွားခဲ့ရသည်။ ဒြပ်စင်၏ စွမ်းရည်များ ပေါင်းစပ်ခြင်းကို သူ မကြားဖူးပေ။ ၎င်းသည် အင်မော်တယ်ကမ္ဘာတွင်ပင် ဖြစ်ရိုး ဖြစ်စဉ်တစ်ခု ဖြစ်သော်လည်း လူအများစုသည် နိယာမများကို လုံးလုံးလျားလျား နားလည်ပြီးမှသာ စတင်ပေါင်းစပ်ကြမည်ဖြစ်သည်။ မည်သူကမှ အစကတည်းကနေ မပေါင်းစပ်ကြပေ။
ဤသည်မှာ အလွန်ရဲရင့်ပြီး အန္တရာယ်များသော ကိစ္စဖြစ်သည်။ အကယ်၍ တစ်စုံ တစ်ယောက်သည် သတိလက်လွတ်ဖြစ်သွားလျှင် လမ်းမှားရောက်သွားနိုင်ပြီး သေခြင်းတရား၌ပင် အဆုံးသတ်သွားနိုင်ပေလိမ့်မည်။
ဒါက လမ်းလမ်းတခုကို လျှောက်လှမ်းခြင်းနှင့်တူ၏။ ယခုမူ ချင်ဘာတန်သည် သူ့ကိုယ်ပိုင် လမ်းကြောင်းအသစ်ကို ဖွင့်ချင်နေပြီဖြစ် သည်။ ဖြတ်လမ်းတစ်ခု၊ ကောင်းကင်သို့ ပျံတက်သွားခြင်း ဖြစ်ကောင်းဖြစ်နိုင်သော်လည်း ၎င်းသည် သေဆုံးနိုင်ရန် ဖြစ်နိုင်ချေပိုများသည်။
"တကယ်တော့၊ ငါလမ်းကြောင်းမှန်ပေါ်ရောက်မရောက် ငါမသိပေမယ့် အဲဒါကို ဘယ်တော့မှ နောင်တမရခဲ့ဘူး။ ဒါ့အပြင်၊ ငါ့ရဲ့အဆင့်လေး သဘောတရားကို နားလည်ခြင်းနယ်ပယ်က ပျမ်းမျှ အဆင့်ခြောက် သဘောတရားကို နားလည်ခြင်း နယ်ပယ်ထက် ပိုအားကောင်းနေပြီ။ ဒါက မိုးကြိုးတိုက်ပွဲရုပ်ခန္ဓာကိုယ်ကို ငါ ဖန်တီးနိုင်ခြင်းရဲ့ အကြောင်းအရင်းပဲ။" ချင်ဘာတန်က ပြုံးပြီး ယုံကြည်မှု အပြည့်ရှိသော လေသံဖြင့် ပြောလိုက်သည်။
ချင်ယွင်သည် အနည်းငယ် ထိတ်လန့်သွားသည်။ ဤအခိုက်အတန့်တွင်၊ ချင်ဘာတန်၏ လမ်းသည် အဆုံးအထိ အောင်မြင်နိုင်မည်ဟု ထူးဆန်းသော စိတ်ကူးယဉ်မှုတစ်ခု သူ့တွင် ရုတ်တရက် ပေါ်လာသည်။