← Chapters

လေ‌ပြင်း ချောက်နက်ကြီး

Vol. 4 Ch. 51

လေ‌ပြင်း ချောက်နက်ကြီး

Vol. 4 Ch. 51

အခန်း (၅၁) လေ‌ပြင်းချောက်နက်ကြီး

ချင်ယွင်သည် ချင်ဘာတန်နှင့် အချိန်အတော်ကြာ စကားပြောဆိုခဲ့ပြီး ၎င်းတို့နှစ်ဦး သည် ညသန်းခေါင်ယံအချိန်အထိ လူစုခွဲခြင်းမရှိခဲ့ပေ။

ချင်ယွင်သည် ခြံဝင်းငယ်၏ တံခါးကိုပိတ်ပြီး နက်နဲစွာ တွေးတောလိုက်သည်။ သူသည် ချင်ဘာတန် ပြောခဲ့သည့်အကြောင်းကို တွေးနေမိခဲ့သည်။

"ငါတို့လျှောက်နေတဲ့ ကျင့်ကြံမှုလမ်းကြောင်းကို ငါတို့ဘိုးဘေးတွေဆီမှ ခြေရာခံပြီး ဆင်းသက်လာခဲ့တယ်။ ဒါပေမယ့် အဲဒါက သေချာပေါက် အပြည့်စုံဆုံး မဟုတ်ဘူး။ ငါတို့ရှာဖွေတွေ့ရှိဖို့ စောင့်မျှော်နေတဲ့ ပိုကျယ်ပြန့်ပြီး ပိုပြီးတိုတောင်းတဲ့ လမ်းကြောင်း တစ်ခု ရှိကောင်းရှိနိုင်တယ်။"

ချင်ယွင်သည် ဤစာကြောင်းကို သူ၏ခေါင်းထဲတွင် ဆက်လက် သတိရနေခဲ့သည်။

ချင်ဘာတန်နှင့် မဆက်ဆံမိခင်မှာ ချင်ယွင်သည် သူ၏ ကျင့်ကြံမှုလမ်းကြောင်းမှာ သတိထားရမည်ဟု အမြဲယုံကြည်ခဲ့သည်။ သူ အမှားတချက်လုပ်မိသည်နှင့် သူ ဘယ်တော့မှ ပြန်ထနိုင်မှာ မဟုတ်တော့ပါဘူး။ ထို့ကြောင့်၊ သူ၏ ကျင့်ကြံမှု အားလုံးသည် သူ၏ ယခင်ဘဝ အတွေ့အကြုံများအတိုင်း တင်းကြပ်စွာ အဆင့်ဆင့် လိုက်နာကျင့်သုံးခဲ့မိသည်။

ယခု သူသည် မှားနေသလားဟု တွေးလာမိ၏။

သူကျင့်ကြံခဲ့သော ကျင့်ကြံခြင်းပညာရပ်မှာ ရှေးဟောင်းခေတ် အစိမ်းရောင် ကြာပန်း ပညာရပ် ဖြစ်သည်။ ဒါက သူ့အတွက် လုံးဝ သင့်တော်သည့်အတွက် ပြဿနာ မရှိပါဘူး။

ဓားပညာရပ်မှာဆိုရင်လည်း မယိမ်းမယိုင် ဖြောင့်မတ်သောဓားဆန္ဒကို ရရှိထားပြီး ဖြစ်ကာ တခဏအတွင်း တိုးတက်နိုင်စွမ်းရှိမည် မဟုတ်ပေ။ ဆေးဘာပညာရပ်မှာ လည်း ပေါင်းစပ်ရန် လိုအပ်နေသေးပြီး သူ၏ရုပ်ခန္ဓာကိုယ်သည် အဆက်မပြတ် တိုးတက်နေသည်။ ဒါတွေအားလုံးအတွက် ကြီးကြီးမားမား ပြဿနာမရှိပါဘူး။

ဤသဘောတရားကို နားလည်သဘောပေါက်မှုအရာ၌ တစ်စုံတစ်ခု ချို့တဲ့နေသည်ဟု သူအမြဲတမ်း ခံစားမိသည်။

သူသည် လေထုဖြတ်တောက်ခြင်းသဘောတရားကို အစကတည်းက နားလည်ထား ပြီး၊ လေထုဖြတ်သောက်ခြင်း သဘောတရား၏ အထွတ်အထိပ်အထိ နားလည်ထား ကာ တစ်ချိန်တည်းမှာပင် လေဝိညာဉ် (လေ၏လျင်မြန်ဖြတ်လတ်မူ) သဘောတရားကိုလည်း နားလည်လာခဲ့သည်။ သို့သော်လည်း ချင်ယွင်သည် လေထုဖြတ်တောက်ခြင်း သဘောတရားကို နားလည်မှုနှင့်အတူ ကြီးမားသော ပြဿနာတစ်ခု ရှိနေသည်ဟု အမြဲတစေ ခံစားနေရဆဲ ဖြစ်သည်။

"နောက်ဆုံးတော့ မင်းရဲ့ပြဿနာကို မင်းသဘောပေါက်သွားပြီဘဲ!" ချင်ယွင် ခေါင်းကိုက်သကဲ့သို့ဖြစ်နေစဉ် သူ၏ဆရာရှေးဟောင်းတာအိုဆရာသခင်၏ အသံက သူ၏စိတ်ထဲမှာ ပေါ်လာသည်။

ချင်ယွင်သည် ရှေးဟောင်းတာအို၏ လျှို့ဝှက်ဆန်းကြယ်မှုများကို အသားကျနေပြီ ဖြစ်သောကြောင့် ဒေါသတကြီးအသံဖြင့် "ဆရာကြီးက ဒါကို ရှာတွေ့ပြီးသားလား?"

"မှန်တာပေါ့။ မင်းရဲ့ပြဿနာကို ငါနားလည်ထားတာ ကြာလှပြီကွ။ ဒါပေမယ့် ငါအဲဒါကို အကျယ်ချဲ့ပြီး မပြောခဲ့ဘူး။ အဲဒီအစား မင်းကိုယ်တိုင် ရှာဖွေတွေ့ရှိဖို့ ငါစောင့်နေခဲ့တယ်။" ရှေးဟောင်းတာအိုက ပြန်ဖြေသည်။

ချင်ယွင်သည် တိတ်တိတ်လေး ခေါင်းငုံ့ပြီး ဘာမှပြန်မပြော။

"တကယ်တော့ မင်းရဲ့လေထုဖြတ်တောက်ခြင်း သဘောတရားအပေါ် နားလည် နိုင်စွမ်းကို မေ့ပျောက်ပစ်အောင် ဖြတ်တောက်ပစ်လိုက်တာက လုံးဝ မှန်ကန်ပါတယ်။ အဲဒါကို ဖျက်ပစ်လိုက်ခြင်းက မှန်ကန်တဲ့ လမ်းကြောင်းပေါ်မှာ ရပ်တည်လိုက်ခြင်းပဲ ။" ရှေးဟောင်းတာအိုက ဆက်ပြောသည် ။

ချင်ယွင်သည် ခေါင်းညိတ်လိုက်သည်။ ဤအရာကို သူလည်း သိပေသည်။

"မင်းအဖေက မင်းရဲ့ကျင့်ကြံမှုသုံးစားမရဖြစ်ပြီး မင်းရဲ့မှတ်ဉာဏ်တွေကို စည်းတံဆိပ် ခတ်ကာ ‌ သေမျိုးကမ္ဘာထဲကို ပစ်ချခဲ့တယ်လို့ အရင်က မင်းပြောဖူးတာကို ငါကြားဖူးပါတယ်။အခု မင်းက စည်းတံဆိပ်ကိုချိုးဖြတ်ပြီး တဖန် ပြန်ကျင့်ကြံနိုင်ခဲ့ တယ်။ တစ်နည်းအားဖြင့် ဒါက မင်းရဲ့ပြန်လည်မွေးဖွားခြင်းပဲ။ မင်းက အဲဒီလေထုဖြတ်တောက်ခြင်း သဘောတရားကို ပြန်လည် နားလည်သဘောပေါက် ပေမယ့် မင်းရဲ့ သဘောတရားအပေါ်နားလည်မှုက မပြည့်စုံတော့ဘူး။" ရှေးဟောင်းတာအိုက ပြန်ဖြေသည်။

ချင်ယွင်သည် စိတ်ရှုပ်ထွေးစွာဖြင့် မျက်မှောင် ကြုတ်လိုက်သေးသည်။

ရှေးဟောင်းတာအိုက ဆက်လက်ရှင်းပြသည် "ကောင်းကင်နှင့်ကမ္ဘာမြေကြီးအပေါ် ဉာဏ်အလင်းရခြင်းက အလွန်ဆန်းကြယ်တဲ့ ကိစ္စတစ်ခုဖြစ်တယ်။ ဒါကို လုံးလုံး နားလည်နိုင်ကြတယ်လို့ ဘယ်သူမျှ မပြောခဲ့ကြဘူး။ ဧကရာဇ်ယူမင်တောင်မှ အဲဒီလို မပြောဝံ့ဘူး။ ဒါကြောင့် ကျင့် ကြံခြင်းမှာ ဉာဏ်အလင်းရဖို့က ယခင်က ပြောခဲ့တဲ့ သဘောတရား၊ သိမ်မွေ့နက်နဲခြင်း သဘောတရားနဲ့ လျို့ဝှက်စမ်းကြယ်ခြင်း သဘောတရား အားလုံးဟာ အခြေခံအုတ်မြစ် တည်ထောင်မှုအဖြစ် ရှိနေပုံရတယ်။" "ပိုမိုခိုင်မာပြီး ပိုမိုကျစ်လစ်တဲ့ သိမ်မွေ့နယ်ပယ်နှလုံးသားကသာ ပိုမိုရှည်လျားတဲ့ နိယာမလမ်းကြောင်းကို လျှောက်လှမ်းနိုင်ပါလိမ့်မယ်။ တူညီတဲ့ သဘောတရား ကို(နားလည်ခြင်းနယ်ပယ်အဆင့်မှာ)တောင် သူ့တို့ရဲ့အားသာချက်တွေ အားနည်းချက် တွေ ရှိနေတယ်။ အရင်က မင်းနားလည်ခဲ့တဲ့ သဘောတရားတွေက အပေါ်ယံဆန် လွန်းပါတယ်။ ပြီးပြည့်စုံတဲ့ လေစွမ်းအင်နိယာမကို အလွယ်တကူ နားလည်ဖို့ဆိုတာ လွယ်ကူမှာ မဟုတ်ဘူး။ ဟုတ်တယ်မလား?"

ချင်ယွင်သည် လျှို့ဝှက်စွာ အံ့သြသွားခဲ့သည်။ အမှန်မှာလည်း လေထု ဖြတ်တောက်ခြင်း စွမ်းရည် နိယာမများကို နားလည်ပြီးနောက်၊ သူ၏ နားလည် သဘောပေါက်ခြင်းကျင့်ကြံမှုသည် တစ်လက်မမျှ မတိုးတက်နိုင်တော့ပေ။ ဤအရာသည် ချင်ယွင်အမြဲတမ်း နားမလည်နိုင်သည့် ပြဿနာတရပ်ဖြစ်သည်။ ယခုတော့ ဤအရာသည် သူအရင်က စေ့စေ့စပ်စပ် နားမလည်ရခြင်း၏ အကြောင်းရင်း တစ်ခုဖြစ်သည်ဟု ထင်ရသည်။

"မင်းရဲ့ယခင်နားလည်သဘောပေါက်မှုကို စွန့်လွှတ်ပြီး မင်းရဲ့နားလည်နိုင်စွမ်းကို ပြန်လည်ပြုစု ပျိုးထောင်ခဲ့တယ်။ ဒါပေမယ့် မင်းဟာက သဘောတရားကို နားလည်မှုရဲ့ အပေါ်ယံမျက်နှာပြင်ပေါ်မှာပဲ တွယ်ကပ်နေဆဲဖြစ်ပြီး အဲဒါကို တကယ်နားမလည်သေးပါဘူး။ ဒါကြောင့် မင်းက အရင်လမ်းကြောင်းအတိုင်းပဲ လိုက်နေသေးတယ်။" ရှေ့ဟောင်းတာအိုက ပြန်ဖြေသည်။

ချင်ယွင်သည် လေးလေးနက်နက် မျက်မှောင် ကြုတ်ကာ မေးလိုက်၏ "ဒါဆို ကျွန်တော် ဘာလုပ်ရမလဲ"

'"မင်းရဲ့ ဉာဏ်အလင်းရမူအရှိန်ကို လျော့ချပြီးဒါကို သေသေချာချာ နားလည်အောင် လုပ်ရမယ်။ မင်းက သဘောတရားကိုနားလည်ခြင်းရဲ့ပထမအဆင့်ကို ဘယ်အချိန်မှာ အပြည့်အဝ နားလည်ခဲ့ပြီး ဘယ်အချိန်မှာ ဒုတိယအဆင့်ကို တက်လှမ်းခဲ့တာလဲ။ ဒါ့အပြင် ချင်ဘာတန် ပြောခဲ့တာက မှန်ပါတယ်။ မင်းဟာ မင်းရဲ့ ယခင်လမ်းဟောင်းကို လိုက်ဖို့ မလိုဘူး။ မင်းရဲ့ရှေ့က လမ်းကြောင်းကို မင်းကိုယ်တိုင် စမ်းလျောက် ကြည့်နိုင်တယ်။" ရှေးဟောင်းတာအိုက ပြောသည်။

"ဒါ ဆရာက ဘာကို ဆိုလိုတာလဲ။" ချင်ယွင်က သံသယစိတ်ဖြင့် မေးလိုက်သည်။

"မင်း သဘောတရားတွေကို ပေါင်းစပ်ဖို့ ကြိုးစားနိုင်တယ်။ သူချင်ဘာတန်တောင် လုပ်နိုင်တဲ့အတွက် မင်းက ဘာလို့ မလုပ်နိုင်ရမှာလဲ" ရှေးဟောင်းတာအိုက ပြောလိုက်သည်။

သူက သဘောတရားကို ပေါင်းစပ်ရန် ကြိုးစားရမှာလား? ဤအကြောင်းကိုတွေးရင်း ချင်ယွင်၏ ခန္ဓာကိုယ်သည် အနည်းငယ် ထိတ်လန့်သွားခဲ့သည်။ ဒါဟာ တကယ့်ကို ထူးခြားသည့် လမ်းကြောင်း တစ်ခုဖြစ်လေသည်။

"စောစောလေးကပဲ၊ ရှင်ဘာတန်ရဲ့ သဘောတရားကိုပေါင်းစပ်မှုက ဘယ်လောက်ထိ အစွမ်းထက်တယ်ဆိုတာ မင်းမြင်ပြီးပြီမလား ။ သူက သဘောတရားနှစ်ခုကိုပဲ ပေါင်းစပ်ထားတာ။ သဘောတရာ’သုံးခုကိုသာ ပေါင်းစပ်လိုက်ရင် ဘယ်လို ဖြစ်လာမလဲ။" ရှေးဟောင်းအိုက ထပ်ပြောလိုက်သည်။

ချင်ယွင်သည် ပြင်းပြင်းထန်ထန် ခေါင်းညိတ်ပြပြီး ခဏလောက် စဉ်းစားလိုက်သည်။

ပြဿနာတစ်ခုကို ဖော်ထုတ်ဖို့ သူ မကြောက်ပေမယ့် ပြဿနာတစ်ခုကို ရှာမတွေ့နိုင်မှာကိုတော့ သူကြောက်ပါသည်။ ယခု သူသည် တာအိုသဘောတရား၏ အဆင့်တစ်ကိုသာ သူနားလည်ထားသည်ဆိုလျှင်ပင် ဒါကိုပြင်ဆင်ရန် နောက်ကျ နေပါသေးသည်။

ကျင့်ကြံမှုလမ်းကြောင်းသည် မူလကတည်းက ကောင်းကင်ဘုံကို အံတုခြင်းဖြစ်သည်။ အရင်ခေတ်က ခြေလှမ်းများသည် မှန်ကန်ကောင်းမှန်ကန်နိုင်ပေမယ့် ပြီးပြည့်စုံမှုတော့ မရှိပါဘူး။ အကယ်၍ သူသည် လေစွမ်းအင်သုံးမျိုးကို အမှန်တကယ် ပေါင်းစပ်နိုင်ခဲ့ လျှင် ၎င်းသည် မည်မျှ အစွမ်းထက်လာ မည်နည်း။

ဤအကြောင်းကိုတွေးပြီး ချင်ယွင်၏မျက်လုံးများသည် ချက်ချင်း တောက်ပလာခဲ့၏။

ထို့ကြောင့် ချင်ယွင်သည် ဘာမှပြန်မပြောဘဲ တင်ပျဉ်ခွေထိုင်လိုက်သည်။ သူသည် သူ၏ သိုလှောင်အိတ်ထဲမှ ကောင်းကင်ဘုံကိုကိုးအလွှာ ကြယ်စင်စုပုံကြမ်းကိုထုတ်ပြီး ဒူးပေါ်တွင် တင်ထားလိုက်သည်။

ကောင်းကင်ဘုံကိုးလွှာ ကြယ်စင်စုပုံကြမ်သည် အကြီးမြတ်ဆုံးအင်မော်တယ် ပစ္စည်းတခု ဖြစ်နေပါပြီ။ ၎င်း၏တိုက်ခိုက်မှုသည် မပြင်းထန်သော်လည်း ကျင့်ကြံမှုကို လူများနားလည်အောင် ကူညီပေးနိုင်သောကြောင့် အမှန်တကယ်ပင် အစွမ်းထက်လှ သည်။

ချင်ယွင်သည် ကောင်းကင်ဘုံကိုအလွှာ ကြယ်စင်စုပုံကြမ်းကိုဖွင့်ကာ လက်ညှိုးကို ကိုက်ပြီး ကြယ်စင်စုပုံကြမ်းပေါ်တွင် သွေးတစ်စက်ကို ချလိုက်သည်။

တခဏချင်းပင် ၊ကြယ်စင်စုပုံကြမ်းသည် တောက်ပစွာ လင်းလက်လာသည်။ ထို့နောက် ချင်ယွင်သည် ကောင်းကင်ဘုံကိုယ့်အလွှာ ကြယ်စင်စုပုံကြမ်းထဲသို့ စုပ်ယူခံရပြီး ပျောက်ကွယ်သွားခဲ့သည်။

ကောင်းကင်ဘုံကိုယ်အလွှာ ကြယ်စင်စုပုံကြမ်း ကို သတ္တု၊ သစ်သား၊ ရေ၊ မီး၊ မြေ၊ လေ၊ လျှပ်စီး၊ လေဟာနယ်နှင့် အချိန်ဟူ၍ ဒြဗ်စင်ကိုးမျိုးတို့ဖြင့် သက်ဆိုင်သည့် စွမ်းရည်ကိုးခုအဖြစ် ပိုင်းခြားထားသည်။ ချင်ယွင် အခုဝင်ဖို့ရွေးချယ်ခဲ့တာက လေ၏ စွမ်းရည်ရှိရာ နေရာဖြစ်သည်။

အလင်းတချက် လင်းလက်မှုနှင့်အတူ ချင်ယွင်သည် လေ၏စွမ်းရည်ရှိသည့်နေရာတွင် ပေါ်လာသည်။

သို့သော် သူ့ကိုယ်သူ တည်ငြိမ်အောင် ထိန်းပြီးသည်နှင့် တပြိုင်နက် ချင်ယွင်သည် သူ၏ ရှေ့ရှိ မြင်ကွင်းကြောင့် အံ့အားသင့်သွားခဲ့ရသည်။

ထိုအချိန်တွင် သူသည် နက်ရှိုင်းသောချောက်ကြီးတစ်ခု၏ အဝင်ဝတွင် ရှိနေသည်။ ချောက်ကြီးသည် အတွင်းမှ အပြင်သို့ ဆယ်မီတာကျော် ကျယ်၏။ သူအထဲသို့ ၀င်သွားလေလေ ချောက်ကြီးက ကျဉ်းလေလေဖြစ်လာသည်။ ချောက်ကြီးသည် တိမ်များပေါ်သို့ တက်သွားသော်လည်း တောင်ထွတ်ကို မမြင်နိုင်ပေ။

မြေပြင်အနေထားက ဘာမှ မထူးဆန်းပါဘူး။ အဓိကချက်မှာ ချိုင့်ဝှမ်းမှ လေပြင်း တိုက်ခတ်မှုက ချင်ယွင်၏ ဦးရေပြားကို ထုံကျင်သွားစေသည်။

ပြင်းထန်သောလေသည် သူ၏မျက်နှာကို ဓားကဲ့သို့ တိုက်ထုတ်လိုက်သဖြင့် နောက်ထပ် ခြေတစ်လှမ်းတိုးရန် ခက်ခဲစေသည်။

ဒါက အမှန်တကယ် ကြောက်စရာကောင်းသည့်အရာ မဟုတ်ပါဘူး။ အမှန်တကယ် ကြောက်စရာကောင်းသည့်အရာမှာ ဤပြင်းထန်သော လေတိုက်ခတ်မှုတွင် ပြင်းထန်သော အကျပ်အတည်းတစ်ခု ရှိနေသေးသည်။

ဝှီး!

အရှည်တစ်မီတာရှည်သော မိုးပြာရောင်လေဓားသည် ချင်ယွင်၏ပါးပြင်ကို တိုက်ရိုက် ထိမှန်သွားပြီး သူ၏နံဘေးနားရှိ ကျောက်တုံးကြီးတစ်ခုသည် တိုက်ရိုက် ကွဲအက်သွားသည်။ အဝေးကို လှမ်းကြည့်လိုက်တော့ ဒီလေဓားက ပြင်းထန်သည့် လေပြင်းများနှင့်အတူ သိပ်သည်းကာ ရောထွေးနေပြီး သူ့ဆီကို လေတိုးသံပေးကာ ပစ်၀င်လာ၏။

"ဝင်ပေါက်မှာ ဒီလောက်ပြင်းထန်တဲ့ မုန်တိုင်းတစ်ခုရှိတယ်။ အနက်ရှိုင်းဆုံး နေရာမှာဆို ခြေချဖို့တောင် ဖြစ်နိုင်ပါ့မလား" ချင်ယွင်၏ဆံပင်များသည် အဆုံးထိ ထောင်မတ်နေ၏။

ယခုအချိန်တွင်၊ သူသည် ကောင်းကင်ဘုံကိုးအလွှာ ကြယ်စင်စုပုံကြမ်းထဲသို့ သူ၏ခန္ဓာကိုယ် အစစ်အမှန်ဖြစ် ဝင်ရောက်လာခဲ့သည်။ ဒါက အကယ်၍ သူသာ လေဓားနှင့်ထိမိခဲ့လျှင်သေမည်ဟု ဆိုလိုသည်မဟုတ်ပါလား။

ထို့အပြင်၊ ဤမိုးပြာရောင်လေဓါးသည် လေထုဖြတ်တောက်ခြင်းသဘောတရားကဲ့သို့ ရိုးရှင်းပုံမပေါ်ပေ။ ဤလေဓားအတွင်း၌ လေ၏လျင်မြန်ဖြတ်လတ်မှု (လေဝိဉာဏ်) အရိပ်အယောင်များ ရှိနေပုံရပြီး အခြားအရာများပင် ရှိနေသေးသည်။ ထိုသို့မဟုတ်ပါက၊ လေထုဖြတ်တောက်ခြင်းသဘောတရား တစ်ခုတည်းမှ ပေါင်းစပ်ထားသော ဤလေဓားတစ်ခုသည် ဤမျှကြီးမားသော စွမ်းအားကို မည်သို့ရရှိနိုင်မည်နည်း။

ယင်းတို့သည် လေ၏စွမ်းရည်သုံးမျိုးကိုပေါင်းစပ်ရာမှ ဖြစ်ပေါ်လာသော လေဓားများ ဖြစ်နိုင်ပါသလား။

ချင်ယွင်၏မျက်လုံးများ ပြူးကျယ်သွားသော် လည်း သူ၏အတွေးများ မှန်ကန်ကြောင်း ပို၍ပင် သေချာလာခဲ့သည်။

All Chapters