← Chapters

မိုးပြာရောင်လေ ဓါး

Vol. 4 Ch. 52

မိုးပြာရောင်လေ ဓါး

Vol. 4 Ch. 52

အခန်း (၅၂) မိုးပြာရောင်လေ ဓါး

ဤလေ‌ပြင်းချောက်နက်ကြီးသည် အလွန်အန္တရာယ်များသော်လည်း ချင်ယွင်သည် နောက်ပြန်ဆုတ်ရန် ရည်ရွယ်ချက် နည်းနည်းလေးမှ မရှိခဲ့ပါဘူး။

ထို့ကြောင့် သူသည် ချောက်နက်ကြီးဆီသို့ ပြတ်ပြတ်သားသား လမ်းလျှောက် လာခဲ့သည်။ သို့သော် ဤလေပြင်းများသည် အလွန်ပြင်းထန်လွန်းလှသည်။

အေးစက်သောလေသည် သူ၏ပါးပြင်များကို ဓားများကဲ့သို့ ဖြတ်သွားကာ အရေပြားပေါ်တွင် အဖြူရောင်အစက်အပြောက်များ ကျန်ရစ်ခဲ့သည်။

အကယ်၍သာ ချင်ယွင်သည် ရှေးဟောင်းခေတ် အစိမ်းရောင်ကြာပန်းပညာရပ်ကို အချိန်အတော်ကြာအောင် ကျင့်ကြံခဲ့ခြင်းကြောင့်သာ။ မဟုတ်ပါက၊ သူ၏ အသားအရေသည် သာမန်လူများထက် များစွာ မာကြောနေလိမ့်မည်မဟုတ်ပေ။ ယခုအချိန်မှာ သူ၏တစ်ကိုယ်လုံး ဒဏ်ရာများနှင့် ဖုံးလွှမ်းနေလိမ့်မည်။

သို့သော်လည်း ချင်ယွင်သည် သူ၏အဝတ် အစားများကို မနှမြောဘဲမနေနိုင်ပေ။ လေပြင်းကြောင့် သူ၏အဝတ်အစားများ စုတ်ပြဲသွားကာ လမ်းပေါ်ရှိ သူတောင်းစား များနှင့် မခြားတော့ပေ။

သူ၏ကိုယ်ပေါ်ရှိ အတွင်းခံချပ်ဝတ်တန်ဆာသည် ဖော်ထုတ်ထားပြီးဖြစ်ကာ လေပြင်း တိုက်ခတ်သောအခါ သတ္တုချင်းထိမှန်သည့်အသံများ ကြားရသည်။

ဤသည်ကား ချင်ယွင်သည် အမှန်တကယ် ဝမ်းနည်းဖွယ်အခြေအနေသို့ ကျရောက်ရခြင်း၏ အကြောင်းရင်းမဟုတ်ပေ။ အမှန်တကယ် ကြောက်စရာ ကောင်းသည့်အရာက အဝေးမှ တစ်ကြိမ်ပြီးတစ်ကြိမ် ထပ်ခါထပ်ခါ ပျံသန်းလာသည့် မိုးပြာရောင်လေဓားများဖြစ်ပြီး ၎င်းတို့သည် အခါအားလျော်စွာ တောက်ပသည့် မိုးပြာရောင်အလင်းတန်းများ ထုတ်လွှတ်နေပြီး စူးရှသောအငွေ့သက်ကြောင့် အသက်ရှူကြပ်သလို ခံစားလိုက်ရစေသည်။

လေဓားတစ်ခုစီသည် တစ်မီတာကျော်ရှည်၏။ ဆယ်မီတာသာသာ ကျယ်သော ဤချောက်နက်ကြီးထဲတွင် ချင်ယွင်သည် သနားစရာကောင်းသော ခွေးလေခွေးလွင့် ကဲ့သို့ ပြေးလွှားနေရသည်ဟု ဆိုနိုင်သည်။

မိုးပြာရောင်လေဓားများသည် သူ၏ဘယ်ဘက်လက်မောင်းကို ထိလိုက်သည့်အခါ သူ၏အရိုးများထဲမှာ နက်ရှိုင်းသော သွေးထွက်သံယို အမာရွတ်တစ်ခု ချက်ချင်းပေါ်လာသည်။ ပို၍ ကြောက်စရာကောင်းတာက လေဓားများသည် အလွန်အမင်း ဖျက်ဆီးစွမ်းအား ပြင်းထန်သည်။ ဒဏ်ရာတစ်ဝိုက်တွင် လေဓားသေးသေးလေးများက ကျန်ရှိနေသဖြင့် ချင်ယွင်သည် အဆက်မပြတ် သွေးထွက်ကာ သူ၏နှလုံးသားအတွင်း ဖောက်သည့်ဝေဒနာကိုပင်

ခံစားရပေလိမ့်မည်။

နှစ်နာရီအကြာတွင် ချင်ယွင်သည် တောင်ကြားမှ ဆုတ်ခွာမသွားမီ ခြေလှမ်း ဆယ်လှမ်းမျှသာ လှမ်းနိုင်ခဲ့သည်။ သူသည် ဒဏ်ရာများစွာကို ခံစားခဲ့ရပြီး မမှတ်မိနိုင်သည့်အဆုံးသတ်နှင့် ကြုံတွေ့ခဲ့ရသည်။

"မြေနိုးကွာ ၊ ကောင်းကင်ဘုံကိုးအလွှာ ကြယ်စင်စုပုံကြမ်းထဲက ဒီလေပြင်း ချောက်နက်ကြီးဟာ ဒီချောက်နက်ကြီးထဲ ဝင်လာတဲ့လူတွေ ကျင့်ကြံမှုကို နားလည်ဖို့အတွက်လား။ ဒါမှမဟုတ် လူတွေသေစေဖို့ အတွက်လား။ ဒါက ပထမဆုံး စမ်းသပ်မူလို့ဘဲ ပြောလို့ရသေးတယ်။ ဒါက တကယ်ကို သောက်ရမ်း ပုံမှန်မဟုတ်တာဘဲ။"

ချင်ယွင်သည် လေပြင်းချောက်နက်ကြီး အပြင်ဘက်ရှိ ကျောက်တုံးကြီးတစ်ခုပေါ်တွင် ထိုင်နေသည်။ ကံကောင်းထောက်မစွာ၊ လေချောက်နက်ကြီးတစ်ဝိုက်တွင် ကန့်သတ်ချက်များရှိသည်။ လေပြင်းတွေ ဘယ်လောက်ပဲ ပြင်းထန်နေပါစေ ချောက်နက်ကြီးအပြင်ဘက်မှာ ဘာကိုမှ မခံစားရပေ။ မဟုတ်ရင် ချင်ယွင်သည် ဒေါသအထွက်လွန်ပြီး သွေးအန်နေလိမ့်မည်။

"ဒါပေမယ့် ဒီလို ပြင်းထန်တဲ့ ဖိအားအောက်မှာ ကျင့်ကြံမှုကို ဘယ်လိုလုပ် နားလည်ပါ့မလဲ။" ချင်ယွင် သည် ကျောက်တုံးပေါ်တွင် ထိုင်ကာ မောဟိုက် နေသော်လည်း ဤမေးခွန်းကို သူ၏စိတ်ထဲတွင် ဆက်တွေးနေမိသည်။

ဤနေရာရှိ လေဓားတိုင်းသည် သူ၏ လေထုဖြတ်တောက်ခြင်းထက် များစွာပို၍ အားကောင်းသည်ကို သူတွေ့ရှိခဲ့ပြီး ချင်ယွင် ၏နှလုံးသားကို အဆုံးမရှိ တုန်လှုပ်စေခဲ့သည်။

"ဟင့်၊ အကုန်ထွက်လာခဲ့စမ်းကွာ!"

ချင်ယွင်သည် သူ၏သွားများကိုတင်းတင်းကြိတ်ကာ မြေပြင်ပေါ်မှ ပြန်ထပြီး ချောက်နက်ကြီးထဲကို နောက်တကြိမ်ပြေးသွားလိုက်သည်။

ဤတစ်ကြိမ်တွင် ချင်ယွင်သည် မျက်စိကန်းသူတစ်ယောက်ကဲ့သို့ ရှောင်မနေ တော့ပေ။ သူသည် လေဝိညာဉ်၏ ပြောင်းလဲမှုများနှင့် မိုးပြာရောင်လေဓားများ၏ ဖွဲ့စည်းပုံကို ဂရုတစိုက်ကြည့်ရှုခဲ့သည်။

ဤလေဓားများ၏ စွမ်းအားသည် ယခင်က သူအသုံးပြုခဲ့သော လေဓါးများ၏ စွမ်းအားထက် များစွာကြီးမားကြောင်း သူတွေ့ရှိခဲ့သည်။

သို့သော် ၎င်းသည် သန့်စင်သော လေဓားတစ်လက်ဖြစ်ကြောင်း ထင်ရှားပါသည်။ ၎င်း၏ စွမ်းအားက ဘာကြောင့် ကွာခြားနေရတာလဲ။ ပြီးတော့ ဒဏ်ရာရပြီးနောက် ဤလေဓါးက ဘာကြောင့် ဒီလို ပြင်းထန်သည့် အဖျက်စွမ်းအားကို ချန်ထားခဲ့ရတာလဲ။

ဒါတွေအားလုံးက ချင်ယွင် နားမလည်နိုင်သည့် မေးခွန်းများဖြစ်သည်။

ဝှီး!

လေဓားတစ်လက်သည် အလင်း၏အမြန်နှုန်းနှင့်အတူ ချင်ယွင်ဆီသို့ ပျံသန်းလာသည်။

ချင်ယွင်၏ သူငယ်အိမ်များသည် ချက်ခြင်း ကျုံ့သွားကာ သူ၏စိတ်ထဲ၌ အသံထွက်အော်ဟစ်နေမိသည်။

ဤအခိုက်တွင် လေဓားသည် သူနှင့် နှစ်မီတာအောက်သာ ကွာဝေးသောကြောင့် ရှောင်တိမ်းရန် အချိန်မရှိပေ။

" မြေနိုးကွာ!"

ချင်ယွင်သည် ဒေါသထွက်သွားသည်။ သူသည် မြူနှင်းချောက်နက်ဓားကို သူ၏ခါးမှ အမြန်ဆွဲထုတ်ပြီး မိုးပြာရောင်လေဓားဆီသို့ ခုတ်ပိုင်းလိုက်သည်။

ကြီးမားသော မိုးပြာရောင်လေဓားသည် မြူနှင်းချောက်နက်ဓားနှင့် တိုက်မိသွားသည်။ ဓားသည် ကျိုးပဲ့ပျက်စီးသွားခြင်းမရှိပေမယ့် ချင်ယွင်သည် အဝေးကို တိုက်ရိုက် လွင့်စင်သွားသည်။ သူ၏နောက်ရှိ ကျောက်တုံးကြီးကို ထိလိုက်မှာသာ ရပ်တန့်သွားသည်။ သူ၏ နောက်ကွယ်က ကျောက်တုံးကြီးသည် ရှိုက်၀င်ပြီးနောက် လုံးဝကွဲသွားသည်။

"ဒါ မဖြစ်​နိုင်​ဘူးမလား?"

ချင်ယွင်၏ ရင်ဘတ်တွင် ကြီးမားသော နာကျင်မှုကို ခံစားလိုက်ရသဖြင့် မယုံကြည်နိုင်စွာ မျက်လုံးများ ပြူးကျယ်သွားရသည်။

ဤမိုးပြာရောင်လေဓား၏ စွမ်းအားသည် အလွန်ကြောက်စရာကောင်းလွန်းသည်။ ယင်းအပြင် ၎င်းမှထုတ်လွှတ်သော စွမ်းအားသည် နဝမအဆင့် ကောင်းကင်အလွှာ သိုင်းဂိုဏ်းချုပ်အဆင့် ကျွမ်းကျင်သူတစ်ဦး၏ စွမ်းအားအပြည့်အဝထက် အားမနည်းလှပေ။ တားဆီး၍မရသောအချိန်အဟုန်ဖြင့် ပြင်းထန်စွာ ထိခိုက်မိလျှင် သေလိမ့်မည်ဆိုတာ ပြောစရာပင်မလိုချေ။

ဒါက ကျင့်ကြံခြင်းမဟုတ်။ လူတစ်ယောက်၏ အသက်အန္တရာယ်ကို စွန့်စားခြင်းသာ ဖြစ်သည်။

ချင်ယွင်သည် သူ၏ပါးစပ်ထဲမှ သွေးများထွက်ကျလာစဉ် ပြင်းထန်သော ဒေါသအမျက် က သူ၏နှလုံးသားထဲသို့ တိုးဝင်လာသည်။

သူချင်ယွင်သည် အင်မော်တယ် ဧကရာဇ်မင်း ၏ သားတော်ဖြစ်သည်။ သူဒီမှာသေဖို့ ဘယ်လိုလုပ် ဆန္ဒရှိနိုင်မလဲ။

"မဟုတ်ဘူး၊ ဒီလေဓားတွေရဲ့ တိုက်ခိုက်မှုတွေကို ငါခံနိုင်ရည်ရှိဖို့ လေစွမ်းရည်၏ သဘောတရားကို လုံးလုံးနားလည်ရမယ်။"

ချင်ယွင်သည် သူ၏စိတ်ထဲတွင် ကြမ်းကြုတ်စွာဖြင့် တိတ်တဆိတ် ပြောလိုက်သည်။ အံကိုတင်းတင်းကြိတ်ကာ ချောက်နက်ကြီးဆီသို့ လျှောက်သွားပြန်သည်။

ယခုတစ်ကြိမ်တွင် သူသည် လေအရိပ်ခြေလှမ်းများကို စတင်အသုံးပြုခဲ့သည်။

ချင်ယွင်သည် လေဝိညာဉ်သဘောတရားကို နားလည်သဘောပေါက်လာသောကြောင့် သူသည် လေအရိပ်ခြေလှမ်းများကိုအသုံးပြုသောအခါတွင် မိုးပြာရောင် လေဓားများကို ရှောင်တိမ်းရာမှာ သူ့အတွက် ပိုမိုလွယ်ကူလာခဲ့၏ ။ ထို့ကြောင့် ချင်ယွင်သည် ဤအကြိမ်တွင် ခြေလှမ်းနှစ်ဆယ်အကွာသို့ လှမ်းနိုင်ခဲ့သော်လည်း နည်းနည်းလေးမျှ ဒဏ်ရာမရခဲ့ပေ။

ချင်ယွင်သည် သူ၏စိတ်ထဲတွင် တိတ်တဆိတ် ကြည်နူးနေစဥ်မှာပင် မိုးပြာရောင် လေဓါးတစ် ချောင်းသည် လေဟာနယ်ထဲသို့ ဆုတ်ဖြဲ၀င်သွားကာ ချင်ယွင်၏ ရင်ဘတ်ထဲသို့ လျှပ်စီး အရှိန်ဟုန်နှင့်အတူ တိုက်ခိုက်ပြီး ဥက္ကာပျံကဲ့သို့ ပျံသန်းသွားလေသည်။

"ဖူး!"

ချင်ယွင်သည် ကောင်းကင်ဘုံကိုးအလွှာ ကြယ်စင်စုပုံကြမ်းအပြင်ဘက်တွင် ထွက်ပေါ် လာပြီး ခြံဝင်းအပြင်ဘက်တွင် လဲကျသွားစဉ် ပါးစပ်အပြည့် သွေးတစ်ပွတ်အန်ပြီး သူ၏အငွေ့သက်တစ်ခုလုံး ထွက်ပေါ်လာသည်။

" သောက်ကျိုးနည်း၊ ငါသေခါနီးနေပြီ။"

ချင်ယွင်သည် ဖြည်းညှင်းစွာထထိုင်လိုက်ပြီး သူ၏ခန္ဓာကိုယ်ရှိ အရိုးများအားလုံး ပြန့်ကျဲသွားသလို နာကျင်လာသည်။

စောစောက သူ့ကို ကာကွယ်တဲ့ အတွင်းခံ ချပ်ဝတ်တန်ဆာ ရှိခဲ့လို့သာ မဟုတ်ရင် အခု အပိုင်းနှစ်ပိုင်း ဖြတ်သွားလိမ့်မယ်။ သို့သော်ငြားလည်း စိမ်းပြာရောင်လေ ဓားမှထွက်သော ကြီးမားလှသော စွမ်းအားသည် သူ့နံရိုးနှစ်ချောင်းကို ကျိုးကြေသွားကာ ရင်ဘတ်တွင် စူးရှစွာ နာကျင်နေသေးသည်။

ချင်ယွင်သည် သူ၏ရင်ဘတ်ကို ကြောက်ရွံ့ထိတ်လန့်စွာဖြင့် ကြည့်လိုက်ရာ သူ၏ခန္ဓာ ကိုယ်ပေါ်တွင် သံနှင့်ပြုလုပ်ထားသည့် အတွင်းခံချပ်ဝတ်၌ နက်ရှိုင်းသော အပေါက်တစ်ခု ရှိနေသည်ကို တွေ့ရှိလိုက်ရသည်။

ချင်ယွင်၏ မျက်လုံးများသည် မယုံကြည်နိုင်စွာ ပြူးကျယ်သွားသည်။ သိမ်မွေ့နက်နဲ သံမဏိသည် အမာ‌ကျောဆုံးသတ္တုမဟုတ်သော်လည်း ၎င်းသည် မပျက်စီးနိုင်သော ရတနာတစ်ခုဖြစ်သည်။ အထွတ်အထိပ် သိုင်းဂိုဏ်းချုပ်ကျွမ်းကျင်သူတဦးပင်လျှင် ၎င်းကို မဖြိုခွဲနိုင်သော်လည်း လေဓားတစ်စင်းသည် အမှန်တကယ်ပင် ၎င်းတွင် နက်ရှိုင်းသောအပေါက်တခုကို ချန်ထားနိုင်သည်။ ဤအရာက ဤလေဓားသည် မည်မျှကြောက်စရာကောင်းသည်ကို ပြသရာရောက်သင့်သည်သည်။

ချင်ယွင်သည် သူ၏စိတ်ထဲမှာ သက်ပြင်းချလိုက်တယ်။ ၎င်းသည် ကောင်းကင်ဘုံ ကိုးအလွှာ ကြယ်စင်စုပုံကြမ်း လေပြင်း ချောက်နက်ကြီး၏ အပြင်ဘက်ဆုံးအပိုင်း ဖြစ်သည်။လေပြင်းချောက်နက်ကြီး၏ နှက်ရှိုင်းသော အတွင်းပိုင်း၌ မည်သည့် ကပ်ဘေးများကြုံတွေ့ရမည် သို့မဟုတ် ကြယ်စင်စုပုံကြမ်း၏ ဒုတိယအဆင့်တွင် မည်မျှထိတ်လန့်စရာကောင်းမည်ကို သူ အမှန်တကယ်ပင် စိတ်ကူးမယဉ်နိုင်ပေ။

"အခုတော့ ကောင်းကင်ဘုံကိုးအလွှာ ကြယ်စင်စုပုံကြမ်းရဲ့ စစ်မှန်တဲ့စွမ်းအားကို မင်း မြင်ပြီးပြီမဟုတ်လား?"

ချင်ယွင်သည် စိတ်ဓာတ်ကျမှုကိုခံစားနေရချိန်၊ ရှေးဟောင်းတာအိုဆရာသခင်၏ အသံက သူ၏နားထဲမှာ ထွက်ပေါ်လာသည်။

ချင်ယွင်သည် သူ၏စိတ်ထဲတွင် စကားမပြောနိုင်ပေ။ သူရှုံးနိမ့်တိုင်း သူ၏ဆရာ နိုးလာချိန်က ဘာကြောင့်ဖြစ်နေတာလဲ။

"မြင်ဖူးပြီ။ အထဲမှာ သေလုနီးပါးပဲ!" ချင်ယွင်က စိတ်မချမ်းသာစွာဖြင့် ပြောလိုက်သည်။

ရှေးဟောင်းတာအိုက ကျယ်လောင်စွာ ရယ်မောပြီး "အမှန်တိုင်းပြောရရင် ကောင်းကင်ဘုံကိုးအလွှာ ကြယ်စင်စုပုံကြမ်းကို ဖန်တီးသူဟာ ဧကရာဇ် ယူမင်ပဲ။ အထဲမှာရှိတဲ့ ဒြပ်စင်တွေနဲ့ သက်ဆိုင်တဲ့ တိုက်ခိုက်မှုတွေကို ဧကရာဇ်ယူမင်က သူ့နားလည်မှုအရ သတ်မှတ်ထားတာ ဖြစ်တယ်။ ဥပမာ၊ မင်းဝင်ခဲ့တဲ့ လေပြင်းချောက်နက်ကြီးနဲ့ အတွင်းမှာရှိတဲ့ လေဓါးတွေရဲ့ စွမ်းအားက ဧကရာဇ်ယူမင် အသက်ငါးနှစ်လောက်က လေထုဖြတ်တောက်ခြင်းစွမ်းရည်ကို နားလည်လာချိန်မှာ အသုံးပြုခဲ့တဲ့ စွမ်းအားပဲ"

"ဘာ?" ချင်ယွင်သည် ချက်ချင်းပင် ထိတ်လန့်သွားသည်။

ဧကရာဇ်ယူမင် သူငါးနှစ်သားအရွယ်နားလည်နိုင်စွမ်းက အစောပိုင်းလေးကမှ သူကြုံတွေ့ခဲ့ရသည့် မိုးပြာရောင်လေဓားတွေလား။ ဤအရာက သူ၏လက်ရှိ စွမ်းအားသည် ဧကရာဇ်ယူမင် ငါးနှစ်သားအရွယ်ကထက်ပင် နိမ့်ကျသည်ဟု ဆိုလိုသည်မဟုတ်ပါလား။

ဤဧကရာဇ်ယူမင်သည် အင်မော်တယ်နတ်ဆိုးကမ္ဘာတွင် နံပါတ်တစ်ပုဂ္ဂိုလ်အဖြစ် ချီးကျူးခံရသည်။ သူ၏စွမ်းအားသည် မည်မျှ ကြောက်စရာကောင်း လိုက်မည်နည်း။

All Chapters