← Chapters

ကျင့်ကြံမှု တိုးတက်စေခြင်း။

Vol. 4 Ch. 53

ကျင့်ကြံမှု တိုးတက်စေခြင်း။

Vol. 4 Ch. 53

အခန်း (၅၃) ကျင့်ကြံမှု တိုးတက်စေခြင်း။

ဧကရာဇ်ယူမင်သည် အသက်ငါးနှစ်အရွယ်တွင် ဤမျှအားကောင်းသော လေဓားတစ်ချောင်းကို ပြသနိုင်သည်။ ဧကရာဇ်ယူမင်၏ လေထုဖြတ်တောက်ခြင်း သဘောတရားအပေါ် နားလည်နိုင်သည့်အတိုင်းအတာကို ချင်ယွင် စိတ်ကူးမယဉ်နိုင် ပေ။

ဤမိုးပြာရောင်လေဓားများသည် ကောင်းကင်နှင့်မြေကြီးဆိုင်ရာ ဒြပ်စင်များကို နားလည်နိုင်မှုအပေါ်သာ မှီခိုအားထားနိုင်ပြီး ၎င်းတို့၏ကျင့် ကြံမှုအဆင့်နှင့် ပတ်သက်ပြီး လိုအပ်ချက်များမရှိသောကြောင့် လေပြင်းချောက်နက်ကြီးရှိ မိုးပြာရောင် လေဓားများသည် ဧကရာဇ်ယူမင်၏ အနှစ်သာရဖြစ်သည်။

တစ်နည်းဆိုရသော်၊ အကယ်၍ ချင်ယွင်သည် လေပြင်းချောက်နက်ကြီးအတွင်းရှိ မိုးပြာရောင်လေဓား၏ လျှို့၀ှက်ဆန်းကြယ်မှုအရာအားလုံးကို နားလည် နိုင်ခဲ့ပါက၊ သူသည် ဧကရာဇ်ယူမင်၏ လေထုဖြတ်ခြင်းသဘောတရားကို နားလည် သဘောပေါက်နိုင်မည် ဖြစ်သည်။ အကယ်၍ သူသာ မိုးပြာရောင်လေ ဓားအားလုံး၏ လျှို့၀ှက်ဆန်းကြယ်မူ အားလုံးကို နားလည်လိုပါက သူသည် လေပြင်းချောက်နက်ကြီး တစ်ခုလုံးကို ဖြတ်လျှောက်သွားရမည်ဖြစ်သည်။ ဒါက ချင်ယွင်အတွက် အလွန် ကြောက်စရာကောင်းသည့် ကိစ္စဖြစ်သည်။

ကောင်းကင်ဘုံကိုးအလွှာ ကြယ်စင်စုပုံကြမ်းကို အကြီးမြတ်ဆုံး အင်မော်တယ်ပစ္စည်း တစ်ခုအဖြစ် ချီးကျူးခံရလိမ့်မည်။ သူ့ကို ကျင့်ကြံရာမှာ ကူညီပေးနိုင်သည်ဟု ကောလဟာလတွေ ရှိခဲ့ပေမယ့် ဤကြယ်စင်စုပုံကြမ်း၏ လျှို့ဝှက်ချက်အမှန်ကို သူ မသိခဲ့ပါဘူး။ တကယ်တော့ ဤကြယ်စင်စုပုံကြမ်းသည် ဧကရာဇ်ယူမင်၏ နားလည် နိုင်စွမ်းကို မှတ်တမ်းတင်ထားသည့် စာအုပ်တစ်အုပ်ဖြစ်သည်။ ဒီအကြောင်းကို ပြင်ပကမ္ဘာကသာ သိသွားမည်ဆိုလျှင် ဒါဟာ တိုက်ပွဲကြီးတစ်ခု ဖြစ်လာမှာ သေချာပါ သည်။ ကောင်းကင်ဘုံကိုးအလွှာ ကြယ်စင်စုပုံကြမ်းဟာ အကြီးမြတ်ဆုံးအင်မော်တယ် ပစ္စည်းများထဲမှာသာမက အကြီးမြတ်ဆုံး နတ်ဘုရားပစ္စည်းများအထဲမှာပါ အဆင့် သတ်မှတ်ခံရပါလိမ့်မည်။

ချင်ယွင်သည် ခေါင်းညိတ်ပြလိုက်ပေမယ့် ဒါက ရှေးဟောင်းတာအိုပြောသည့်အတိုင်း အမှန်ဖြစ်၏။

ဧကရာဇ် ယူမင်သည် နံပါတ်တစ် အင်မော်တယ် နတ်ဆိုးအဖြစ် ချီးကျူးခံရ သည်။ သူ၏နားလည်နိုင်စွမ်းသည် အဖိုးမဖြတ်နိုင်သော ရတနာတစ်ခု ဖြစ်သည်။ ထို့အပြင် ဧကရာဇ်ယူမင်၏ နားလည်နိုင်စွမ်းကို လေပြင်းချောက်နက်ကြီးမှ ကြောက်မက်ဖွယ်အဖြစ် ဖော်ပြနိုင်သည်ကို တွေ့မြင်နိုင်သည်။

လေပြင်းချောက်နက်ကြီး၏အပြင်ဘက်ပိုင်းရှိ မိုးပြာရောင်လေဓား၏ စွမ်းအားသည် ဧကရာဇ်ယူမင်၏ သဘောတရားကို ထိုးထွင်းသိမြင်မှုဉာဏ်၏ ဆယ်ရာခိုင်နှုန်းသာ ရှိပြီး၊ ယခုအရှိန်တွင် ချင်ယွင်၏စွမ်းအားသည် သဘောတရားကို နားလည်ခြင်းနယ်ပယ်၏ အဆင့်လေးတွင် ရှိနေပြီဖြစ်သည်။ ဒါကလည်း အမှန်တကယ် ထိတ်လန့်သွားရသည့် အကြောင်းရင်းတစ်ခုလည်း ဖြစ်ပါသည်။

"ဧကရာဇ်ယူမင် လုပ်နိုင်တဲ့အတွက် ငါဘာလို့ မလုပ်နိုင်ရတာလဲ။"

ချင်ယွင်၏ နှလုံးသားသည် ရုတ်တရက် တိုက်ခိုက်လိုစိတ်များဖြင့် ပြင်းထန်လာ သည်။ မူလကတည်းက သူသည် ရှုံးနိမ့်မှုကို ဝန်ခံလိုစိတ်မရှိသူ ဖြစ်သည်။ သူသည် တစ်ချိန်က သူ့ကို တိုက်ခိုက်ဖြစ်ခဲ့ဖူးသော ရန်သူအားလုံးကို ဆိုးရွားသော အဆုံးသတ်နှင့် တော်ဝင်အင်မော်တယ်ချင်မင်းဆက် တစ်ခုလုံးကို ဖြုတ်ချရန်ပင် ကျိန်ဆိုခဲ့ဖူးသည်။

သူပြောပြီးပြီဆိုကတည်းက သူ လုပ်ရလိမ့်မည်။ ဘယ်လောက်ပဲ အခက်အခဲရှိရှိသည် သူခံနိုင်ရည်ရှိရမည်။

ထို့ကြောင့် ချင်ယွင်သည် တုန့်ဆိုင်းခြင်းမရှိဘဲ တင်ပျဉ်ခွေထိုင်ကာ သူ၏ဒဏ်ရာများ ကို ကုသရန်အတွက် ရှေးဟောင်းခေတ် အစိမ်းရောင်ကြာပန်းပညာရပ်ကို စတင် ဖြန့်ချီလိုက်သည်။

ဖရိုဖရဲအစိမ်းရောင်ကြာပန်းပညာရပ်သည် ကမ္ဘာပေါ်တွင် လျှို့ဝှက်ဆန်းကြယ်ပြီး အံ့ဖွယ်အကောင်းဆုံး ကျင့်ကြံခြင်းနည်းစနစ်တခု ဖြစ်ထိုက်ပါ သည်။ နှစ်နာရီမပြည့်မီ တွင် ချင်ယွင် ၏ ခန္ဓာကိုယ်ပေါ်ရှိ ဒဏ်ရာများအားလုံး သက်သာလာခဲ့သည်။ ထို့အပြင်၊ သူ၏ကျင့်ကြံမှုသည် သိုင်းသခင်နယ်ပယ် ပဉ္စမအဆင့် ကောင်းကင်အလွှာအထိ နားမလည်နိုင်စွာ ဖြတ်ကျော်သွားခဲ့သည်။ ဒါက ချင်ယွင်၏နှလုံးသားကို ပိုပျော်ရွှင်စေသည်။

ဖရိုဖရဲ အစိမ်းရောင်ကြာပန်းပညာရပ်၏ လျှို့ဝှက်ဆန်းကြယ်ဆုံးသော အစိတ်အပိုင်း မှာ ၎င်းပညာရပ်ဖြင့်ကျင့်ကြံထားသော ဝိညာဉ်စွမ်းအင် မည်မျှသိပ်သည်းခြင်း မဟုတ်သလို ကျင့်ကြံသူ၏ခန္ဓာကိုယ်ကို အဆက်မပြတ် သန့်စင်ပေးခြင်းလည်း မဟုတ်ပေ။ အမှန်တကယ် ကြောက်စရာကောင်းသည့် အပိုင်းကတော့ ပြင်းထန်သော ကုသနိုင်စွမ်းကို ပိုင်ဆိုင်ထားရုံသာမက ဒဏ်ရာများကို ကုသပေးခြင်းအားဖြင့်လည်း ကျင့်ကြံသူ၏ခွန်အားကို တိုးမြင့်လာစေနိုင်ခြင်း ဖြစ်သည်။ သေခြင်းတရားနီးကပ်လာ လေလေ ၊ ကျင့်ကြံသူ၏ အဆင့်က မြင့်မားလေလေဖြစ်သည်။

ထို့ကြောင့် ချင်ယွင်ဒဏ်ရာရသည့်အခါတိုင်း၊ သူ၏ကျင့်ကြံမှုသည် တိုးတက်လာခဲ့ပြီး သူသည် သိုင်းသခင်နယ်ပယ် စတုတ္ထအဆင့် ကောင်းကင်အလွှာသို့ တိုက်ရိုက် ရောက်ရှိသွားသကဲ့သို့ပင်၊ သူ၏ရုပ်ခန္ဓာကိုယ်သည်လည်း သိသာသည့် အတိုင်းသာအထိ တိုးတက်လာခဲ့၏။

ကြီးကြီးမားမား ပြောင်းလဲမှုမရှိသော်လည်း ချင်ယွင်သည် သူ၏ ဂျင်ငါးထောင် လေးသည့် အတွင်းခံသံမဏိချပ်ဝတ်တန်ဆာကို ဝတ်ဆင်ထားလျှက်ပင် ပဉ္စမအဆင့် ကောင်းကင်အလွှာ သိုင်းသခင်တဦးကို ခုခံနိုင်ဆဲဖြစ်သည်။ သူ၏ အတွင်းခံ သံမဏိချပ်ဝတ်တန်ဆာကို ချွတ်လိုက်လျှင် သူသည် သတ္တမအဆင့် ကောင်းကင်အလွှာ သိုင်းသခင်ကိုပင် တိုက်ခိုက်နိုင်သည်။

ချင်ယွင်သည် ဝမ်းသာသွားပြီး ကောင်းကင်ဘုံကိုးအလွှာ ကြယ်စင်စုပုံကြမ်းကို ထုတ်ယူပြီး အထဲသို့ထပ်မံ ဝင်လိုက်၏။ သူသည် မိုးပြာရောင်လေဓားအတွင်းရှိ လေထုဖြတ်တောက်ခြင်းသဘောတရားကို နားလည်ရန် စတင်ကြိုးစားခဲ့သည်။

ဤတစ်ကြိမ်တွင် ချင်ယွင်သည် သတိလက်လွတ်ဖြစ်မခံဝံ့ဘဲ လေဓားများကို စောင့်

ကြည့်နေခဲ့သည်။

လေဓားများ တကြိမ်ပြီးတကြိမ် ပျံသန်းရောက်ရှိလာပြီး သူ၏ခန္ဓာကိုယ်ကို အထပ်ထပ်အခါခါ အခြစ်ခံရတာ ဒါမှမဟုတ် သူ၏ ရင်ဘတ်ကိုထိမှန်ပြီး သူလွင့်ပျံသွားပေမယ့် သူသည် အံသွားများကို တင်းတင်းကြိတ်ကာ

ဆက်နေခဲ့သည်။

ထပ်ခါတလဲလဲ စိတ်အားထက်သန်စွာ လေ့လာ အကဲခတ်ကြည့်ခြင်းအားဖြင့် ချင်ယွင်သည်အကြံဉာဏ်အချို့ရှိလာပုံရသည်။

"လေသည် ဓားတစ်ချောင်းကဲ့သို့ ထက်ရှရခြင်း၏အကြောင်းရင်းမှာ လေအား ဓားအစွန်း(အသွား)ကဲ့သို့ ကျဉ်းမြောင်းစေရန် ဖိသိပ်နိုင်သောကြောင့် ဖြစ်ပြီး အကျိုးဆက်အနေဖြင့် အလွန်ပြင်းထန်သော ဖြတ်တောက်နိုင်စွမ်းကို ရရှိစေသည်။"

ချင်ယွင်သည် ပတ်ဝန်းကျင်လေဒြဗ်စင်များ အတွင်းရှိ အပြောင်းအလဲများကို ခံစားလိုက်ရသည်။ လေဓားများ၏ လေဒြဗ်စင်စွမ်းရည် များသည် အလွန်သိပ်သည်းပြီး အလွန်ပါးလွှာကာ အလွန်ကျဉ်းမြောင်းသည်ကို သူတွေ့ရှိခဲ့သည်။ ညီညာပြန့်ပြူးသော သားသတ်သမား ၏ဓားတစ်ချောင်း အလား ထင်မှတ်ရ၏။

ဒီအကြောင်းကိုစဉ်းစားရင်း၊ ချင်ယွင်သည်လည်း ကောင်းကင်နှင့်မြေကြီး၏ ဒြဗ်စင်စွမ်းရည်များကို စုစည်းပြီး ၎င်းတို့ကို အတူတကွ သိသည်းရန် ကြိုးစားလာသည်။ သူမျှော်လင့်ထားသည့်အတိုင်း ၎င်းတို့သည် အလွန်ပါးလွှာပြီး ကျဉ်းမြောင်းသော လေဓါးတခုကို ဖန်တီးလာသည်။

လက်ချောင်းတစ်ချက်ဝှေ့ယမ်းလိုက်သည်နှင့် သူ၏လက်ထဲတွင် စုစည်းထားသော လေဓားသည် ပျံထွက်သွားပြီး သူ၏ဘေးနားရှိ ကျောက်တုံးကြီးထဲသို့ ထိုးကျသွား သည်။

"အယ်?"

ချင်ယွင်အနည်းငယ် ထိတ်လန့်သွားသည်။ ကျောက်နံရံပေါ်ရှိ သူ့လေဓါး၏ ရိုက်ခတ်မှုသည် ကျောက်တုံးပေါ်တွင် နက်ရှိုင်းသော ခြစ်ရာများသာ ကျန်ရစ်ခဲ့ ကြောင်း သူတွေ့ရှိခဲ့ပြီး ကျောက်တုံးကို လုံးဝဖြတ်မသွားနိုင်ပေ။

သို့သော်လည်း လေပြင်းချောက်နက်ကြီး၏ မိုးပြာရောင်လေဓါးများသည် တို့ဟူးကို လွယ်ကူစွာ ဖြတ်တောက်သွားသကဲ့သို့ ကျောက်တုံးကြီးများကို နှစ်ပိုင်းခွဲ၍ တိုက်ရိုက် ဖြတ်တောက်နိုင်သည်။

"အတိအကျ ဘာတွေလွဲနေတာလဲ" ချင်ယွင် အံ့ဩသွားသည်။

ချင်ယွင်သည် လေထုဖြတ်တောက်ခြင်း သဘောတရား၏ ပထမအဆင့်ကို နားလည်ထားပြီး ဖြစ်သော်လည်း သူမည်မျှပင်ကြိုးစားစေကာမူ ဧကရာဇ်ယူမင် ရောက်ရှိခဲ့သည့် တစ်ဆယ်ရာခိုင်နှုန်းအဆင့်သို့ ရောက်ရန်နားမလည်နိုင်သည်ကို သူတွေ့ရှိခဲ့သည်။

အိုး!

မိုးပြာရောင်လေဓားတချောင်းသည် ချင်ယွင် ၏ မျက်လုံးများဆီ ဖြတ်၍ ပျံသန်းလာ၏။ တစ်ဖက်မှသူ၏ခန္ဓာကိုယ်သည် မိုးပြာရောင်ဓားသွားကို ရှောင်တိမ်း သွားသော်လည်း ယခုအချိန်တွင် သူ၏မျက်လုံးများသည် သူ့အားဖြတ်ကျော်သွားသော မိုးပြာရောင်ဓားသွားကို စိုက်ကြည့်နေသည်။

"အင်း ငါနားလည်ပြီ။ နောက်ဆုံးတော့ ငါ နားလည်ပြီ"

ချင်ယွင်၏ မျက်လုံးများသည် ချက်ချင်းပင် တောက်ပလာသည်။ ယခုလေးပင် သူသည် မိုးပြာရောင်လေဓားမှာပါသည့် လျှို့ဝှက်ချက်ကို သူ သတိပြုမိသွားသည်။

ချင်ယွင်သည် စိတ်လှုပ်ရှားစွာ ပြုံးနေသော်လည်း သူ၏လက်သည် မလှုပ်မရှား ဖြစ်နေသည်။ ယင်းအစား သူသည် လေဓားကို ချုပ်ကိုင်လာသည်။ သိပ်မကြာခင်မှာပဲ တစ်မီတာရှည်သည့် မိုးပြာရောင်လေဓားတစ်ချောင်းသည် သူ၏လက်ထဲမှာ စုရုံးလာပါသည်။

ပြင်းထန်သော လှိုင်းလုံးကြီးနှင့်အတူ မိုးပြာရောင်လေဓားသည် လွင့်ထွက်သွားပြီး တောင်နံရံဆီသို့ တိုက်ရိုက်ပျံသန်းသွားသည်။

"ဒီတစ်ခါတော့ ငါသေချာပေါက်အောင်မြင်မှာပါ!" ချင်ယွင်က သူ့ကိုယ်သူ တွေးနေသည်။

မျှော်လင့်ထားသည့်အတိုင်း၊ မိုးပြာရောင်လေဓားသည် တောင်နံရံထဲသို့ တိုက်ရိုက် ကျသွားပြီး တောင်နံရံပေါ်တွင် တစ်မီတာခန့်နက်သော အစွန်းအထင်းတစ်ခု ကျန်ရစ်ခဲ့ သည်။

"မျှော်လင့်ထားသလိုပဲ!"

ချင်ယွင်သည် ကျယ်လောင်စွာရယ်မောလိုက်သည်။ နောက်ဆုံးတွင် သူသည် ဧကရာဇ်ယူမင်၏ လေထုဖြတ်တောက်ခြင်း သဘောတရားစွမ်းရည်၏ တစ်ဆယ်ရာခိုင်နှုန်းကို နားလည်သွားခဲ့သည်။

ချင်ယွင်၏ ပါးစပ်ထောင့်က အဝေးမှသူ့ဆီပျံ သန်းလာသော မိုးပြာရောင် လေဓားကို ကြည့်ရင်း ပြုံးနေမိသည်။ ဒီတစ်ခါတော့ သူဟာ ပျံသန်းလာသော လေဓားကို ရှောင်လွှဲဖို့ မရွေးချယ်ခဲ့ပါဘူး။ ယင်းအစား သူသည် သူ၏ ရှေ့မှာ လေဓါးတစင်းကို ထိန်းချုပ်ပြီး ပေါက်ခွဲပစ်လိုက်တယ်။ လေဓားနှင့် တိုက်မိပြီး ပြင်းထန်တဲ့ ပေါက်ကွဲသံတချက် ထွက်ပေါ်လာသည်။

"ဟား ဟား၊ ဒီဧကရာဇ် ယူမင်က တကယ့်ကို ဉာဏ်ကြီးရှင်ပဲ။ သူ ငါးနှစ်သားအရွယ်မှာ လေထုဖြတ်သောက်ခြင်းသဘောတရားကို ဒီလောက်အထိ နားလည်နိုင်ခဲ့ တယ်" ချင်ယွင်သည် သူ၏စိတ်ထဲတွင် မချီးမွမ်းဘဲမနေနိုင်တော့။

တကယ်တော့ ဒီလေထုဖြတ်တောက်ခြင်းရဲ့ လျှို့ဝှက်ဆန်းကြယ်မှုက လေစီးကြောင်းတွေပဲ။

ဖိသိပ်ထားသော လေဓါးများရှိ လေဒြဗ်စင် စွမ်းအားများသည် အထူးပုံစံတခုဖြင့် စီးဆင်းနေပုံရသည်။ ၎င်းတို့သည် သာမာန်လေဓားများထက် ငါးဆ ပိုမိုအားကောင်း မည် ဖြစ်သည်။ ထို့ကြောင့် ဧကရာဇ်ယူမင်၏ တစ်ဆယ်ရာခိုင်နှုန်းသော လေဓားများသည် ဤမျှကြောက်စရာကောင်းသော စွမ်းအားရှိနေရခြင်းဖြစ်သည်။

ချင်ယွင်သည်လည်း ပျော်ရွှင်မှုအပြည့် ဖြစ်နေပြီး ပထမဆုံးအကြိမ် သဘောတရားကို ထိုးထွင်းသည့်မြင်မှု ဉာဏ်အမြင်သည် အစွမ်းထက်သော သိုင်းပညာရပ်တစ်ခုလည်း ဖြစ်နေသည် ။ ချင်ယွင်သည် ၎င်းကို ဥက္ကာပျံဓားဟု ယာယီအမည်ပေးလိုက်သည်။

ဥက္ကာပျံဓားနှင့်ဆို ချင်ယွင်သည် အဋ္ဌမအဆင့် ကောင်းကင်အလွှာ သိုင်းသခင်နှင့် ရင်ဆိုင်ရရင်တောင် သူ မကြောက်ပါဘူး။

သူသည် အသက်ကို ပြင်းပြင်းရှူပြီး အထဲကို လျှောက်လာရင်း လေထုဖြတ် တောက်ခြင်း နှစ်ဆယ်ရာခိုင်နှုန်း၏စွမ်းအားကို ခံစားလိုက်ရပြီး သူ့ခြံဝင်းငယ်လေး၏ တံခါးကို လာခေါက် သည်ကို သူခံစားမိလိုက်သည်။

ချင်ယွင်သည် သူ၏စိတ်ဆန္ဒကို ချုပ်တည်းပြီး ကောင်းကင်ဘုံကိုကိုးအလွှာ ကြယ်စင်စု ပုံကြမ်းမှ ဆုတ်ခွာရုံသာ တတ်နိုင်သည်။ သူထွက်လာပြီး ခြံတံခါးကိုဖွင့်လိုက်တော့ တံခါးဝမှာရပ်နေသည့် ချင်ဘာတန်ကို သူ၏မျက်နှာပေါ်မှာ လေးနက်သည့် အမူအရာဖြင့် သူတွေ့လိုက်ရသည်။

All Chapters