← Chapters

ရှီတိုင်ယာနှင့် ပြန်လည် တွေ့ဆုံခြင်း။

Vol. 4 Ch. 54

ရှီတိုင်ယာနှင့် ပြန်လည် တွေ့ဆုံခြင်း။

Vol. 4 Ch. 54

အခန်း (၅၄) ရှီတိုင်ယာနှင့် ပြန်လည် တွေ့ဆုံခြင်း။

"ဘာဖြစ်တာလဲ?" ချင်ယွင်က အနည်းငယ် မျက်မှောင်ကြုတ်လိုက်သည်။

"အထဲဝင်​ပြီး စကား​ပြောရအောင်!" ချင်ဘာတန်သည် သူ၏လက်ကို ဝှေ့ယမ်းပြပြီး ခြံဝင်းအတွင်းရှိ ကျောက်ခုံတန်းလျားတွင် ထိုင်ခိုင်းသည်။

ချင်ယွင်သည် သဘာဝအတိုင်း သူ၏နောက်မှအနီးကပ်လိုက်ကာ ချင်ဘာတန်နှင့် မျက်နှာခြင်းဆိုင် ထိုင်လိုက်လေသည်။ လွန်ခဲ့သော ရက်အနည်းငယ်က ချင်ဘာတန် နှင့်သူ ထိတွေ့ဆက်ဆံမှုမှတဆင့် ၊ ချင်ဘာတန်သည် မည်သည့်အရာကိုမဆို တည်ငြိမ် အေးဆေးစွာဖြင့် ရင်ဆိုင်မည့် ကျွမ်းကျင်ပညာရှင်တစ်ဦးဖြစ်ကြောင်း ခံစားခဲ့ရသည်။

ယခု ချင်ဘာတန်၏ မျက်ခုံးများသည် တင်းတင်းကျပ်ကျပ် တွန့်ရှုံ့နေပြီး တစ်ခုခု ဖြစ်ပေတော့မည်။

"တကယ်တော့ ငါ မင်းကို တစ်ခုခုမေးဖို့ ဒီကိုလာခဲ့တာ။ မင်းသဘောတူမယ်လို့ ငါမျှော်လင့်တယ်။" ချင်ဘာတန်က ရုတ်တရက် ရိုးရိုးသားသား ပြောလိုက်သည်။

ချင်ယွင်သည် အနည်းငယ် ထိတ်လန့်သွားသည်။ "အစ်ကိုချင် ၊ အစ်ကိုချင် အခက်အခဲ ရှိရင် ပြောလို့ရပါတယ် ။ဒီညီလေးတတ်နိုင်သရွေ့ အစ်ကိုချင်ကို ကူညီမှာပါ"

အစ်ကိုနှင့်ညီလေးအသုံးနှုန်းများသည် ထိုနေ့ညက စကားစမြည်ပြောသောအခါ ချင်ယွင်နှင့် ချင်ဘာတန်တို့ ပြောဆိုခဲ့ကြခြင်းသည် ဖြစ်သည် ။

ချင်ဘာတန်၏ စကားအရဆိုလျှင် သူတို့နှစ်ယောက်သည် အသက်၂၀ကျော် ကွာနေပေ မယ့် သူတို့၏စကားပြောဆိုမှုမှတဆင့် (ရင်းနှီးမှုကို) အလွန်ကို မှန်းဆနိုင်ပါ သည်။ ထို့ကြောင့် အချင်းချင်း ညီအကိုဟူ၍သာ ခေါ်နိုင်သည်။ ထို့အပြင် ကျင့်ကြံသူတစ်ဦးသည် သိုင်းဂိုဏ်းချုပ်နယ်ပယ်သို့ ရောက်ရှိသွားသည်နှင့် တပြိုင်နက် ၎င်းတို့သည် အနှစ်သုံးရာ အသက်ရှင် နေထိုင်နိုင်မည်ဖြစ်သည်။ ထို့ကြောင့် သူတို့နှစ်ဦးကြား အနှစ် ၂၀ ကျော် ကွာဟချက်သည် ဘာမှမဟုတ်ပေ။

ချင်ဘာတန်သည် သူ၏လျှပ်စီးအပေါ် နားလည်မှု၏လျှို့ဝှက်ချက်ကို ချင်ယွင်အား ပြောပြနိုင်ခဲ့သည်။ သူသည် အတိုင်းအတာတစ်ခုအထိ ချင်ယွင်အား အသိအမှတ်ပြုခဲ့ သည်။ ထို့ကြောင့် ချင်ယွင်ကလည်း သူ့ကို အစ်ကိုကြီးအဖြစ် အသိအမှတ် ပြုခဲ့သည်။

ယခုတော့ ချင်ဘာတန်မှာ တောင်းဆိုစရာတစ်ခုရှိနေပြီး သူကိုယ်တိုင်ကလည်း တုန့်တိုင်းခြင်းမရှိသည်မှာ သဘာဝအတိုင်းပင်။

"ငါ့သမီး ပျောက်နေတယ်ကွာ!" ချင်ဘာတန်က သက်ပြင်းချလိုက်သည်။

"အစ်ကိုချင်ရဲ့သမီးလား?" ချင်ယွင် အံ့ဩသွားသည်။ သူသည် မြို့သခင်စံအိမ်တွင် တစ်ရက်နှစ်ရက် နေထိုင်ခဲ့သော်လည်း သူ့တွင် သမီးတစ်ယောက်ရှိကြောင်း တစ်ခါမှ မကြားဖူးခဲ့ပေ။

ချင်ဘာတန်က ချင်ယွင်၏ သံသယကို မြင်ပုံရပြီး "ငါ့သမီးက မိုးကြိုးဝိညာဉ်ဂိုဏ်းရဲ့ လက်ရွေးစင် တပည့်တစ်ယောက်ပဲ။ များသောအားဖြင့် သူမက မိုးကြိုးဝိညာဉ် ဂိုဏ်းမှာဘဲ နေထိုင်ပြီး ပြန်လာခဲတယ်။"

ချင်ယွင်က ခေါင်းညိတ်ပြီး မေးသည်"ဒါဆို သူမက မိုးကြိုးဝိညာဉ်ဂိုဏ်းကနေ ဘယ်လို ပျောက်သွားတာလဲ"

ချင်ဘာတန်က သက်ပြင်းချလိုက်ပြီး "မိုးကြိုးဝိညာဉ်ဂိုဏ်းမှာ မိုးကြိုးဝိညာဉ်တောင်လို့ ခေါ်တဲ့ တားမြစ်နယ်မြေတခုရှိတယ်ဆိုတာ မင်းသိလား?"

ချင်ယွင်က သူသိကြောင်း အမူအယာပြရင်း ခေါင်းညိတ်လိုက် သည်။ အဲဒါကြောင့် လည်း သူဟာ အမြဲတမ်း မိုးကြိုးဝိညာဉ်ဂိုဏ်းထဲကို ဝင်ချင်ခဲ့တယ်။ သူဘယ်​လိုလုပ် မသိဘဲနေမှာလဲ?

"အဲဒါဆို မိုးကြိုးဝိညာဉ်တောင်က တကယ်တော့ တောင်တခုမဟုတ်ဘဲ ကမ္ဘာငယ်လေးတခုဆိုတာရော မင်းသိလား" ချင်ဘာတန်က ဆက်မေးသည်။

"မိုးကြိုးဝိညာဉ်တောင်က ကမ္ဘာငယ်လေးတခုလား?" ချင်ယွင်သည် မျက်လုံးကို ပြူးကျယ်စွာဖွင့်ကာ မေးလိုက်သည်။

သူသည် ကမ္ဘာလောကအတွင်းမှာရှိသည့် ကမ္ဘာငယ်အမျိုးစားများ အကြောင်းကို သဘာဝအတိုင်း ကြားဖူးပါသည်။ ၎င်းသည် အင်မော်တယ်ကမ္ဘာတွင် အလွန်အဖြစ်များ ပါသည်။ အင်မော်တယ်ကမ္ဘာ၏ ကြီးမားသော စွမ်းအားရှင်များသည် ကမ္ဘာငယ်လေး များကို ဖွင့်ပေးနိုင်သည် ။

သို့သော်၊ ‌ သေမျိုးကမ္ဘာ၌ အမှန်တကယ်တည်ရှိလိမ့်မည်ဟု သူ မမျှော်လင့်ခဲ့ပေ။ အင်မော်တယ် ကမ္ဘာမှ အစွမ်းထက်သော ကျွမ်းကျင်သူတယောက် ဖန်တီးခဲ့ခြင်း ဖြစ်နိုင်ပါသလား။

"တကယ်တော့၊ မင်းမသိတာက သာမာန်ပါပဲ။ မိုးကြိုးဝိညာဉ်တောင်ဟာ တကယ်တော့ ကမ္ဘာငယ်လေးတစ်ခုပါ။ ပိုပြီးအတိအကျပြောရရင် မိုးကြိုးဝိညာဉ် တောင်ဟာ ကမ္ဘာငယ်လေးရဲ့ ဝင်ပေါက်တစ်ခုပဲ" ချင်ဘာတန်က ပြောသည်။

"ဒါဆိုရင် အစ်ကိုချင်ရဲ့သမီးလေးဟာ မိုးကြိုးဝိညာဉ်တောင်ရဲ့ ဒီကမ္ဘာငယ်လေးမှာ ပျောက်ကွယ်သွားတာ ဖြစ်နိုင်မလား?" ချင်ယွင်က မှန်းဆလိုက်သည်။

ချင်ဘာတန်က ခေါင်းညိတ်ပြီး 'မင်း မှန်းဆတာ မှန်တယ်။ ငါ့သမီးက မိုးကြိုးဝိညာဉ်တောင်ရဲ့ ကမ္ဘာငယ်လေးထဲမှာ ပျောက်သွားတယ်။ မိုးကြိုးဝိညာဉ်ဂိုဏ်း ဟာ သုံးလတကြိမ်တပည့်သုံးယောက်ကို မိုးကြိုးဝိညာဉ်တောင်ရဲ့ ကမ္ဘာငယ်လေးထဲ ကို သုံးရက်ကြာ ဝင်ရောက်ဖို့ ရွေးချယ်ခဲ့တယ်။ အခွင့်အလမ်းတွေကို ရှာဖွေဖို့ လွန်ခဲ့တဲ့သုံးရက်က ငါ့သမီးကို မိုးကြိုးဝိညာဉ်တောင်ကိုဝင်ဖို့ ရွေးချယ်ခံခဲ့ရ တယ်။ဒါပေမယ့် သုံးရက်အကြာမှာတော့ မိုးကြိုးဝိညာဉ်တောင်က နောက်တစ်ကြိမ် ပိတ်သွားခဲ့ပြီး ငါ့သမီးလည်း ထွက်မလာခဲ့ပါဘူး။"

ချင်ယွင်သည် အနည်းငယ် ထိတ်လန့်သွားပြီး “ဒါဆို…”

ချင်ဘာတန်သည် ခေါင်းကို ပြတ်ပြတ်သားသား ခါလိုက်ပြီး သူ၏ရင်ခွင်မှခရမ်းရောင် ကျောက်စိမ်းတစ်တုံးကို ထုတ်ယူလိုက်သည်။ "ဒါက ငါ့သမီးရဲ့ ကျောက်စိမ်း ကမ္ပည်းတံဆိပ်ပြားပဲ၊ ကျောက်စိမ်းတုံးက မည်းမှောင်ခြင်း မရှိသေးသရွေ့တော့ သူမက အသက်ရှင်နေသေးတယ်လို့ အဓိပ္ပာယ်ရတယ်။ ဒီကျောက်စိမ်းက နည်းနည်းအားနည်းသွားပေမယ့် မည်းမှောင်မသွားသေးဘူး၊ ငါ့သမီးက အသက်ရှင် နေသေးတယ်လို့ ဆိုလိုတာပဲ။ သူမက မိုးကြိုးဝိညာဉ်တောင်ရဲ့တစ်နေရာရာမှာ ပိတ်မိနေတာဖြစ်ရမယ်။"

"ဒါဆိုရင် အစ်ကိုချင်က မိုးကြိုးဝိညာဉ်ဂိုဏ်း ၏အကြီးကဲတွေကို မိုးကြိုးဝိညာဉ်တောင် ကို ပြန်ဖွင့်ပြီး အစ်ကိုချင်ရဲ့သမီးကိုကယ်တင်ဖို့ ဘာလို့ မတောင်းဆိုတာ လဲ။" ချင်ယွင်က သံသယစိတ်ဖြင့် မေးလိုက်သည်။

"မိုးကြိုးဝိညာဉ်တောင်က ဖွင့်ချင်တိုင်းဖွင့်လို့ရတဲ့ အရာမဟုတ်ဘူး" သုံးလတစ်ကြိမ် ဖွင့်ရတာတောင် မိုးကြိုးဝိညာဉ်ဂိုဏ်း လုပ်နိုင်တဲ့အရာက အကန့်အသတ် ဖြစ်နေပါပြီ။ ဒါ့အပြင်၊ အခုတစ်ကြိမ် ငါ့သမီးရဲ့ မိုးကြိုးဝိညာဉ်တောင်သို့ ဝင်ရောက်ရခြင်း တစ်စုံတစ်ဦး စီစဉ်ထားခြင်း ဖြစ်နိုင်တယ်လို့ ငါသံသယ ရှိသည်။ အဲဒီလူက အဲဒီအချိန်တုန်းက ငါ့သမီးနဲ့ အတူဝင်သွားခဲ့တဲ့ တိုင်ယွန်ကုန်သည်ကြီးများ အသင်းရဲ့ အကြီးဆုံး သခင်လေး ရှီကန်ဟိုင် ဖြစ်နိုင်တယ်။” ချင်ဘာတန်သည် ဤစကားပြောပြီးသည်နှင့် နောက်ဆုံး သူ၏ တည်ငြိမ်သော မျက်နှာပေါ်မှာ ဒေါသအရိပ်အယောင်တွေ ပေါ်လာသည်။

"ရှီကန်ဟိုင်လား?" ချင်ယွင်က မျက်ခုံးပင့်ကာ သူ့ကိုယ်သူ ပြောလိုက်သည်။

" ရှီကန်ဟိုင်ဆိုတာက အဲဒီနေ့က မင်းနဲ့မြို့တံခါးမှာထိပ်တိုက်တွေ့ခဲ့တဲ့ရှီတိုင်ယာရဲ့ အစ်ကိုဘဲ။ ညီအကိုနှစ်ယောက်စလုံး အထူးသဖြင့် ရှီကန်ဟိုင်က ကျင့်ကြံခြင်းမှာ အလွန်ထူးချွန်ကြသည်။ သူဟာ မိုးကြိုးဝိညာဉ်ဂိုဏ်း၏ လက်ရွေးစင်တပည့်ဖြစ်ပြီး ဂိုဏ်းမှာ သူရဲ့နေရာကလည်း မနိမ့်ကျဘူး။ နောက်ပြီး သူ့အဖေက တိုင်ယွန်ကုန်သည်ကြီးများအသင်းဌာနခွဲရဲ့ တာဝန်ခံဖြစ်တာကြောင့် သူကိုယ်တိုင်က မိုးကြိုးဝိညာဉ်ဂိုဏ်းရဲ့ ကောင်းကင်ဘုံကဂုဏ်ယူရသူ တယောက်လို့ ပြောလို့ရ တယ်။" ချင်ဘာတန်က ပြောသည်။

ချင်ယွင်က ခေါင်းညိတ်လိုက်သည်။

"ဒါဆို အစ်ကိုကြီးက ဘာကိုဆိုလိုချင်တာလဲ" ချင်ယွင်က ရိုးရိုးသားသား ပြောသည်။

"ငါ့ညီကို မိုးကြိုးဝိညာဉ်ဂိုဏ်းနဲ့ပူးပေါင်းပြီး မိုးကြိုးဝိညာဉ်ရဲ့ လက်ရွေးစင်တပည့် ဖြစ်လာဖို့ ဖိတ်ခေါ်ချင်ပါတယ်။ သုံးလအတွင်း မိုးကြိုးဝိညာဉ်တောင်ကို ဝင်ခွင့်ရအောင်လုပ်ပြီး ငါ့သမီးကို ကယ်တင်ဖို့ မိုးကြိုးဝိညာဉ်တောင်ထဲကို ဝင်စေချင်တယ်။ ငါ စိတ်​မ​ကောင်းဖြစ်​မိတာက အရင်ဆုံး မင်းကို အလုပ်သမားတပည့် တစ်ယောက်ဖြစ်လာဖို့အတွက်ပဲ ငါ ကူညီပေးနိုင်မယ်။" ချင်ဘာတန်သည် ချင်ယွင်ကို ရိုးရိုးသားသားကြည့်ကာ ပြောလိုက်သည်။

ချင်ယွင်သည် အနည်းငယ် ထိတ်လန့်သွားသည်။ ချင်ဘာတန်၏ ရည်ရွယ်ချက်များကို သူ ခန့်မှန်းထားပြီးသားဖြစ်ပေမယ့် သူ၏စကားကြားတော့ သူတကယ်ကို ဝမ်းသာသွား ခဲ့သည်။

မူလက သူသည် မိုးကြိုးဝိညာဉ်ဂိုဏ်းထဲသို့ ခိုးဝင်ကာ မိုးကြိုးဝိညာဉ်တောင်သို့ ဝင်ချင်သော်လည်း သူသည် ငွေပြားတသောင်း

ပြဿနာ ကြုံတွေ့နေရတဲ့သောကြောင့် အလုပ်သမားတပည့်အဖြစ် မိုးကြိုးဝိညာဉ် ဂိုဏ်းသို့ ဝင်ရောက်ရန် အခွင့်အလမ်း မရှာနိုင်ခဲ့ပေ။

အခုတော့ ချင်ဘာတန်က သူ့ကို မိုးကြိုးဝိညာဉ်ဂိုဏ်းထဲကို ခိုးဝင်ရန်ကူညီမည်ဟု ပြောခဲ့သည်။ ဤအရာသည် ကြီးမြတ်သောအရာဖြစ်ခဲ့သည်။

သူ၏သမီးကို ကယ်တင်ရန် မိုးကြိုးဝိညာဉ်တောင်ကို ဝင်ရတာ အခက်အခဲရှိပေမယ့် ချင်ယွင်ကိုယ်တိုင်က ဒုက္ခရောက်မှာကို ကြောက်သူတစ်ယောက်မဟုတ်သလို ချင်ဘာတန်ကိုလည်း စိတ်ထဲကနေ ကူညီပေးချင်ခဲ့မိသည်။

"ကောင်းပြီ အစ်ကိုချင်။ စိတ်မပူနဲ့၊ အစ်ကိုချင်ရဲ့သမီးကို ကျွန်တော် ကယ်တင်ပေးမှာ သေချာပါတယ်။" ချင်ယွင်က ပြတ်ပြတ်သားသား သဘောတူလိုက်သည်။

ချင်ဘာတန်သည် ချင်ယွင်၏စကားကိုကြားသောအခါ သူ၏မျက်နှာပေါ်တွင် အပြုံးတစ်ခု ချက်ချင်းပေါ်လာသည်။ သူက ခရမ်းရောင် ကျောက်စိမ်းတံဆိပ်ပြားကို ချင်ယွင်၏ လက်ထဲ ထည့်လိုက်ပြီး "ညီလေး၊ ဒါက ငါ့သမီးရဲ့ ကျောက်စိမ်း တံဆိပ်ပြားပဲ။ ယူထားလိုက်ပါ။ မင်း မိုးကြိုးဝိညာဉ်တောင်ထဲကို ဝင်ပြီးတာနဲ့ ငါ့သမီးရဲ့တည်နေရာကို မင်း ရှာတွေ့နိုင်လိမ့်မယ်" ပြီးတော့ သူမကို ဘေးကင်းစွာ ပြန်ခေါ်လာနိုင်မယ်လို့ ငါ မျှော်လင့်ပါတယ်။ ဟုတ်တယ်။ မင်းကိုယ်မင်းလည်း သတိထားရမယ်။"

ချင်ယွင်က ခေါင်းညိတ်ပြပြီး ချင်ဘာတန်ကို စိတ်သက်သာရရန် ပြုံးပြလိုက်သည်

ထို့နောက် ချင်ယွင်သည် သူ့အတွက် ချင်ဘာတန် ပြင်ဆင်ထားသည့် ငွေပြား တစ်သောင်း နှင့်အတူ မိုးကြိုးဝိညာဉ်မြို့မှ အမြန်ထွက်ခွာသွားခဲ့သည်။

ရှီတိုင်ယာ၏လက်အောက်ငယ်သားများ တွေ့ရှိခြင်းမှရှောင်ရှားရန် ချင်ယွင်သည် ညဘက်တွင်မြို့မှထွက်ခွာရန်တမင်တကာရွေးချယ်ခဲ့သည်။

သို့သော် ချင်ယွင်မြို့တံခါးမှထွက်ပြီး မကြာမီ သူသည် ချောင်းမြောင်း တိုက်ခိုက်ခံရ လိမ့်မည်ဟု မမျှော်လင့်ခဲ့ပေ။

ထက်မြက်သော ဓားတိုတစ်လက်သည် ညကောင်းကင်မှ တိတ်တဆိတ် ထိုးထွက်လာသည်။ ချင်ယွင်၏ မျက်ခုံးမွှေးကြားရှိ နေရာကို ထိုးဖောက်ဝင်ရောက်ရန် တစ်လက်မမျှသာ ဝေးသည်။ မျက်စိတစ်မှိတ်အတွင်းမှာပင် ချင်ယွင်သည် လျင်မြန်စွာ တုံ့ပြန်လိုက်ပြီး လက်ညှိုးကိုကွေးကာ လေဓါးတစ်ချောင်းကို ထုတ်လွှတ်ရန် ခိုးဝင်တိုက်ခိုက်သူဆီကို လှုပ်ယမ်းလိုက်သည်။

သို့သော် သူသည် လူတစ်ဦးကို တွန်းလှန်လိုက်သည်နှင့် ချက်ချင်းပင် လူတစ်စု၏ ဝိုင်းရံခြင်းကို ခံခဲ့ရသည်။

ဤလူများ အားလုံးသည် အနက်ရောင် ညဝတ် အင်္ကျီများကို ၀တ်ဆင်ထားကြ သည်။ ထိုသူများသည် ညဝတ်အင်္ကျီများကို တင်းကျပ်စွာ စီးနှောင်ထားပြီး ထက်မြက်သော ဓားတိုများကို လက်ထဲတွင် ကိုင်ထားသည်။

သူတို့၏ ခန္ဓာကိုယ်သည် ပြင်းထန်သော သွေးရနံ့ကို ထုတ်လွှတ် သည်။ သူတို့၏ကျင့်ကြံမှုကို အကဲဖြတ်ရရင် သူတို့အားလုံးသည် ဆဋ္ဌမအဆင့် ကောင်းကင်အလွှာ သိုင်းသခင်များဖြစ်ကြသည်။ အကြည့်တချက်ဖြင့်ပင် ၎င်းတို့သည် ဂိုဏ်းခွဲတစ်ခုမှ ကောင်းစွာလေ့ကျင့်ပေးထားသော လူသတ်သမားများနှင့်တူသည်။

ချင်ယွင်က မျက်မှောင်ကြုတ်ပြီး လှည့်ကြည့်သည်။ သေချာပါတယ်၊ သူ ဒီလူအုပ်စု ထဲမှာ ရင်းနှီးသည့် မျက်နှာတစ်ခုကို တွေ့လိုက်ရသည်။

"ရှီတိုင်ယာ တကယ့်ကိုမင်းပါလား" ချင်ယွင်က ဒီလူကို တိုက်ရိုက် စိုက်ကြည့်ကာ စိတ်မကြည်သည့်လေသံဖြင့် ပြောလိုက်သည်။

"ဟားဟား၊ ကောင်စုတ်လေး၊ ငါ မင်းကို ဒီမှာ စောင့်နေတာ ကြာပြီ။" ရှီတိုင်ယာသည် လူအုပ်ထဲမှ ဖြည်းညှင်းစွာ ထွက်သွားပြီး ကြွက်ကိုဖမ်းမည့် ကြောင်တစ်ကောင်ကဲ့သို့ ချင်ယွင်ကို ကြည့်လိုက်သည်။

All Chapters