← Chapters

လ‌က မည်းမှောင်ပြီး လေက ထန်လွန်းသည်။

Vol. 4 Ch. 55

လ‌က မည်းမှောင်ပြီး လေက ထန်လွန်းသည်။

Vol. 4 Ch. 55

အခန်း (၅၅) လ‌က မည်းမှောင်ပြီး လေက ထန်လွန်းသည်။

ချင်ယွင်သည် ရှီတိုင်ယာကို မြို့ပြင်တွင် ချုံခိုတိုက်ခိုက်မည်ဟု အချိန်အတော် ကြာကတည်း က မျှော်လင့်ထားသော်လည်း လူများစွာဖြင့် ချောင်းမြောင်း တိုက်ခိုက်လိမ့်မည်ဟု မမျှော်လင့်ထားပေ။

ထိုလူများ၏ အသွင်အပြင်ကို ကြည့်လျှင် ၎င်းတို့သည် တိုင်ယွန်ကုန်သည်ကြီးများ အသင်းမှ လေ့ကျင့်ပေးထားသော ကျွမ်းကျင်လုပ်ကြံသတ်ဖြတ်သူများ ဖြစ်သင့်သည်။ သူတို့အားလုံးသည် ထူးခြားသောစွမ်းရည်များကို ပိုင်ဆိုင်ထားသည်ဟု ယူဆရပြီး သူတို့ထဲမှ တတစ်ယောက်ယောက်ကိုပင် ကိုင်တွယ်ရန် အလွန်မင်း ခက်ခဲနေပြီ ဖြစ်သည်။ ရှီတိုင်ယာသည် ၎င်းတို့ ၁၂ ယောက်ကို တစ်ပြိုင်နက်တည်း ကိုင်တွယ်နိုင်မည်ဟု( ခေါ်လာနိုင်မည်) မည်သူကရော ထင်ထားမည်နည်း။

"ရှီတိုင်ယာ၊ ငါက မင်းနဲ့ ဘာရန်ငြိုးရန်စမှ မရှိပါဘူး။ ငါ့အတွက် အခက်အခဲအောင် မင်း ဘာလို့လုပ်နေရတာလဲ။" ချင်ယွင်က ရှီတိုင်ယာကို ကြည့်ပြီး အေးစက်စွာ အော်ပြောလိုက်သည်။

"နာကျည်းစရာမရှိဘူးလား ၊ ရန်ငြိုးရန်စမရှိဘူးလား?" ရှီတိုင်ယာ၏ နှုတ်ခမ်း ထောင့်စွန်းသည် မထီမဲ့မြင်ပြုသည့် အပြုံးတစ်ခုအဖြစ် တွန့်ကွေး သွားသည်။ သူက ချင်ယွင်ကို တစ်ချက်ကြည့်လိုက်ပြီး "ငါရှီတိုင်ယာက အဆင့်အတန်း မြင့်မားတယ်။ မင်းကိုမျက်နှာသာပေးဖို့အတွက် ငါက မင်းရဲ့ဓားကိုရယူဖို့ စိတ်ကူးရခဲ့တယ်။ ဒါပေမဲ့ မင်းက ငါကို မရောင်းခဲ့ရုံတင်မကဘူး၊ မင်းက ငါ့ကို ပွင့်ပွင့်လင်းလင်း ဆန့်ကျင်ခဲ့တယ်၊ ငါ့ကိုတောင် တိုက်ခိုက်ပြီး အရှက်ရစေခဲ့တယ်။ ဒါနဲ့တောင် မင်းက နင်ငါ့ဘာရန်ငြိုးမှ မရှိဘူးလို့ ထင်နေတာလား"

ချင်ယွင်သည် ကူကယ်ရာမဲ့ဖြစ်ကာ ခေါင်းယမ်းလိုက်မိသည် ။ ဤရှီတိုင်ယာသည် ကောလာဟလများအတိုင်းပင်၊ သူ၏မျက်စိထဲမှာ မြင်သမျှအရာအားလုံး သူ့အပိုင်ဟု ထင်နေ၏။

"ဟားဟား၊ မင်းကြောက်လား" ရှိီတိုင်ယာက ဟက်ဟက်ပက်ပက် ရယ်သည်။ သူ၏ ပါးစပ်ထောင့်က လှောင်ပြောင်ဟန်က ပိုပိုသိသာလာသည်။ သူက ဆက်ပြီး လှောင်ပြောင်ရင်း "ဟမ့် ဘာကြောင့်များ ငါ ဒီနေ့ စောစောသိခဲ့ရတာပါလိမ့်။ ဒါပေမယ့် မင်း ဒူးထောက်ပြီး ငါ့ကို တောင်းပန်ရင်တောင်မှ ငါ မင်းကို ခွင့်မလွှတ်ဘူး..."

ရှီတိုင်ယာ အပျော်လွန်နေ၏ ။ သူ၏ရှေ့မှာ တခြားလူများ၏ ဤကဲ့သို့ရိုင်းစိုင်းသည့် အသွင်အပြင်မျိုးကို သူ သဘောကျပြီး ယင်းက သူ၏ပျော်ရွှင်မှုကို အားကောင်းစေ သည်။

"ဖူး!"

သို့သော် ထိုအချိန်တွင် ဓားရောင်တစ်ချက်လင်းလက်သွားပြီး အနက်ရောင်ဝတ် အမျိုးသားတစ်ဦး၏ ဦးခေါင်းသည် မြေပြင်ပေါ်သို့ ချက်ချင်း ပြုတ်ကျသွားခဲ့သည်။

ရှိီတိုင်ယာသည် ရုတ်တရက် ထိတ်လန့်သွားပြီး သူ၏နှလုံးသားထဲသို့ ဒေါသများ တိုး၀င်လာသည်။ ဤအယုတ်တမာကောင်သည် သူစကားပြောနေသည်ကို အခွင့်ကောင်းယူပြီးလျှို့ဝှက်စွာ လုပ်ကြံခဲ့သည်။

"မင်းက စက်ဆုပ်စရာပဲ!" ရှိီတိုင်ယာက ချင်ယွင်ကို လက်ညှိုးထိုးပြကာ လှမ်းအော်သည်။

ချင်ယွင်က "စက်ဆုပ်ဖွယ်ကောင်းတာလား? ညနက်သန်းကောင်ယံ လူသတ်သမား တစ်ဒါဇင်ကို ခေါ်ဆောင်လာပြီး ငါ့ကိုဝိုင်းရံထားတဲ့ မင်းက စက်ဆုပ်ဖွယ် မကောင်းဘူးလား"

ရှီတိုင်ယာသည် စကားမပြောနိုင်ဘဲ သူ၏ နှလုံးသားက ဒေါသတွေ ပိုတိုးလာ သည်။ ဒီလိုမျိုး သူ့ကို ဘယ်တုန်းကမှ မလွန်ဆန်ရဲတာလဲ။

"သွား၊ ငါ့အတွက် သူ့ကိုသတ်ပါ။" ရှိီတိုင်ယာက နောက်ဆုံးတော့ အမိန့်ပေးလိုက် သည်။

ကျန်လုပ်ကြံသတ်ဖြတ်သူဆယ့်တစ်ဦးသည် ရှီတိုင်ယာ၏အမိန့်ကိုကြားပြီး ချင်ယွင်ကို အလျင်အမြန်တိုက်ခိုက်ခဲ့သည်။

ဓားတိုများသည် အနီးကပ် တိုက်ခိုက်ရေး အတွက် ထက်ရှသော လက်နက်များ ဖြစ်ပြီး အဆိုပါ လူသတ်သမားများ အားလုံးသည် ကောင်းစွာ လေ့ကျင့်ထားသော ကျွမ်းကျင်သူများ ဖြစ်သည်။ တိုက်ခိုက်မှုတိုင်းသည် ချင်ယွင်၏ အရေးကြီးသော အချက်ခြာနေရာများဆီသို့ ဦးတည်ခဲ့သည်။

ဓါးတိုတစ်ချောင်းသည် ချင်ယွင်၏နှလုံးသားထဲသို့ ထိုးဖောက်လုနီးပါး အကြိမ်အနည်းငယ် ရှိခဲ့သည်။ သူ့ရင်ဘတ်ကို ကာကွယ်ထားသည့် အတွင်းခံ သံမဏိချပ်ဝတ်တန်ဆာကြောင့်သာ မဟုတ်ရင် ချင်ယွင်သည် အခုအချိန်မှာ သေဆုံးသွားလိမ့်မည်။

ချင်ယွင်သည် သူတို့ထဲက တစ်ယောက်ကို မေးစေ့ကို ကန်ထုတ်ပြီး ထိုသူ၏ ဦးခေါင်းခွံကွဲသွားသည်။ တစ်ချိန်တည်းမှာပင် သူသည်အခြားသူတစ်ဦး၏လက်ကို ဓားဖြင့်ခုတ်ပိုင်းခဲ့သည်။ သို့သော် သူကိုယ်တိုင်လည်း ကြီးမားသည့်တန်ဖိုးကို ပေးဆပ်ခဲ့ရသည်။ သူ၏ ဘယ်ဘက်ပခုံးသည် ဓါးတိုဖြင့် ထိုးစိုက်ခံထားရပြီး ညှပ်ရိုးဖျော့ဖျော့ကို ပေါ်လွင်စေသည်။ သွေးများက အထိန်းအကွပ်မဲ့စွာ စီးကျလာ သည်။

ရှီတိုင်ယာက မလှုပ်မရှားပေ ။ ယင်းအစား သူက ဘေးနားမှာ ရပ်ပြီး ရယ်မောနေ သည်။ ချင်ယွင်ဒဏ်ရာရသည်ကို မြင်လိုက်ရတော့ သူ၏ပါးစပ်ထောင့်မှ လှောင်ရယ်သံ တစ်ခု ပေါ်လာသည်။

ယခုလိုအောင်မြင်မှုမျိုးရရှိရန် လက်အောက် ငယ်သားနှစ်ယောက်ကို ဆုံးရှုံးအဖြစ် ပေးဆပ်ဖြင့် ရရှိခဲ့ခြင်း ဖြစ်သည်။ဒါပေမယ့် သူ ဂရုမစိုက်ပါဘူး။ အကယ်၍ သူ၏လက်အောက် ငယ်သားများအားလုံး သေဆုံးသွားလျှင်တောင် သူ နာကျင်ခံစားရမည် မဟုတ်ပေ။

သူ၏အမြင်မှာ ဒီလုပ်ကြံသတ်ဖြတ်သူအားလုံးသည် သူ၏မိသားစုအတွက် အလုပ်လုပ်ပေးနေသည့် ကြောင်များ ခွေးများနှင့် ထူးမခြားနားပေ။

"ရွှတ်!"

ချင်ယွင်သည် သူ၏ညာလက်မောင်းကို ဓါးတိုဖြင့် လှီးဖြတ်ခံရပြီး ရှည်လျားသော သွေးထွက်သံယို ဒဏ်ရာတစ်ခု ကျန်ရစ်ခဲ့သည်ကို ခံစားလိုက်ရသည် ။

ချင်ယွင်သည် ဒေါသတကြီးဖြစ်ကာ မြူနှင်းချောက်နက်ဓားကို သူ၏ခါးမှ ချက်ချင်း ဆွဲထုတ်ကာ လူသတ်သမား၏ခါးကို ဖြတ်လိုက်သည်။

ဤလူသတ်သမားများသည် လုပ်ကြံသတ်ဖြတ်သူများဖြစ်ရန် ထိုက်တန်လှ သည်။ သူတို့၏ အပေါင်းအဖော်များ သေဆုံးခြင်းအတွက် သနားခြင်း မရှိခဲ့ကြ။ သူတို့သည် ချင်ယွင်ကို သတ်ဖြတ်ရန် ကြိုးစားရင်း တယောက်ပြီး တယောက် အပြေးအလွှား ပြေး၀င်လာကြသည်။

"မုန်တိုင်းခုတ်ပိုင်းခြင်း!"

ချင်ယွင်သည် ကျယ်လောင်စွာအော်လိုက်ပြီး လေဓားပေါင်းများစွာက သူ၏ ခန္ဓာကိုယ်အနှံ့ ချက်ချင်းပေါ်လာပြီး ထိုလူသတ်သမားများနှင့် တိုက်မိသွားသည်။

ဤသည်မှာ လေထုဖြတ်တောက်ခြင်းသဘော တရားကို နားလည်ပြီးနောက် ချင်ယွင်ဖန်တီးခဲ့သော ဒုတိယမြောက်လှုပ်ရှားမှုဖြစ်သည်။ ဤလှုပ်ရှားမှုသည် လေဓားများက သူ့ကိုဝန်းရံကာ လျင်မြန်စွာ လှည့်ပတ်စေပြီး အဓိက ပန်းတိုင်မှာ ရန်သူများ သူ့ဆီချဥ်းကပ်လာခြင်းကို ကြိုတင်ကာကွယ်ရန် ဖြစ်သည်။ ခံစစ် သိုင်းကွက် ဟု ပြောလို့ရသည်။၊

မုန်တိုင်းခုတ်ပိုင်းခြင်း ထွက်ပေါ်လာသည်နှင့် ထိုလုပ်ကြံသတ်ဖြတ်သူများသည် ချက်ခြင်း ခုန်ထွက်သွားကြသည်။ အားနည်းသူအချို့သည် ပြင်းထန်သော လေဓားများ ကြောင့် အစိတ်စိတ်အမြွှာမြွှာ ကွဲထွက်သွားကြသည်။

"အယ်? လေထုဖြတ်တောက်ခြင်းသဘော တရားလား?" ရှီတိုင်ယာသည် အနားမှာ ရပ်နေပြီး ဒီမြင်ကွင်းကို မြင်လိုက်ရသည်။ သူ၏ မျက်နှာတွင် အေးစက်သော အမူအရာတစ်ခု ပေါ်လာသည်။ သူ၏ရှေ့ရှိ ဤကောင်လေးသည် လေထုဖြတ်တောက် ခြင်း သဘောတရားကို နားလည်ပြီး အစွမ်းထက်သည့် သိုင်းပညာ ရပ်တခုကို ဖန်တီးနိုင်လိမ့်မည်ဟု သူ မမျှော်လင့်ထား ခဲ့ပေ။ ဤလုပ်ကြံသတ်ဖြတ်သူများသည် သူ့အတွက် ဘာမှ မလုပ်ပေးနိုင်ဘူးဟု ထင်ရသည်။

သို့သော်လည်း ရှီတိုင်ယာသည် ရပ်တန့်ရန် ရည်ရွယ်ချက်မရှိပေ။ ယင်းအစား၊ သူ၏ပါးစပ်ထောင့်က ယုတ်မာသည့်လှောင်ပြောင်မှုအဖြစ် ကွဲထွက်သွားသည်။

"ဒီလိုအခြေအနေရောက်မှတော့ ငါ မင်းကို ကောင်းမွန်တဲ့အချိန်လေး ပေးပါရ စေ" ရှီတိုင်ယာ၏ ပါးစပ်ထောင့်နှစ်ခုသည် ရက်စက်ကြမ်းကြုတ်သည့် အမူအရာ, သတ်ဖြတ်လိုသည့်ဆန္ဒများဖြင့်နှင့်အတူ တွန့်ကွေးသွားသည်။

ချင်ယွင်သည် ဤလုပ်ကြံသတ်ဖြတ်သူများကို အပြင်းအထန် ရင်ဆိုင်နေသော်လည်း ရှိီတိုင်ယာ၏ လှုပ်ရှားမှုတိုင်းကို သူ အာရုံစိုက်နေခဲ့သည်။ ဤအခိုက်အတန့်မှာပင် ရှီတိုင်ယာ၏ နှုတ်ခမ်းပေါ်က အေးစက်တဲ့အပြုံးကို မြင်လိုက်ရပြီး သူလုပ်ချင်သည့် အရာကို သူသိလိုက်သည်။

"လာစမ်း၊ ငါက မင်းကိုစောင့်နေတာ။" ချင်ယွင်က သူ့ကိုယ်သူ တွေးနေသော်လည်း သူ၏လက်က ရပ်တန့်ခြင်းမရှိပါဘူး။ သူသည် သူ၏ ခြေဖ၀ါးအောက်ရှိ လေအရိပ်ခြေလှမ်းများကို အသုံးပြုကာ သူ၏ပုံစံသည် လုပ်ကြံသတ်ဖြတ်သူတဦးကို ကျော်ဖြတ်သွားသော လေညင်းအဖြစ်သို့ ပြောင်းလဲသွားခဲ့သည်။

လူသတ်သမား၏လည်ပင်းသည် နီမြန်းလာကာ မြေပေါ်သို့လဲကျသွားသည်။

ထိုအချိန်တွင် ချင်ယွင်၏နောက်ကွယ်တွင် သရဲတစ္ဆေသရဲကဲ့သို့ ပုံရိပ်တစ်ခု ပေါ်လာသည်။ ပြင်းထန်သောလျှပ်စီးကြောင်းသည် ထိုသူ၏ လက်ဖဝါးမှ ထွက်ပေါ်လာပြီး လျှပ်စီးများကချင်ယွင်ဆီသို့ အရှိန်ပြင်းစွာ ကျရောက်သွားသည်။

"သေစမ်း၊ လျှပ်စီးလက်ဝါး!" ရှီတိုင်ယာက ကျယ်လောင်စွာ အော်လိုက်သည်။ သူ၏ လက်ထဲ၎င်မှ အပြာရောင် လျှပ်စီးကြောင်းသည် ချက်ချင်း ထွက်လာပြီး ချင်ယွန်းကို အမှိုက်ပုံကြီးထဲ မှုတ်ထုတ်ပစ်မည့်အလား ခြိမ်းခြောက်လာသည်။

"ဟမ့် ဒါပဲလား? အတိအကျ ဘယ်သူက သေရမှာလဲ"

ရှိီတိုင်ယာသည် သူ၏တိုက်ခိုက်မူအောင်မြင်ပြီဟု တွေးနေသည့်အချိန်တွင် ချင်ယွင်၏ အေးစက်သောရယ်သံက သူ၏နားထဲတွင် ထွက်ပေါ်လာသည်။

သူသည် ရုတ်တရက် တုန်လှုပ်သွားသည်။ ပြင်းထန်သော အန္တရာယ်၏အငွေ့သက်ကို ရုတ်တရက် ခံစားလိုက်ရပြီး လျှင်မြန်စွာ ဆုတ်ခွာသွားခဲ့သည်။

ချက်ခြင်းပင်၊ ချင်ယွင်နောက်တွင် ဧရာမစပါးအုံး မြွေဖြူကြီးတကောင် ပေါ်လာ သည်။ ၎င်းသည် သူစောစောလေးကရပ်နေသည့်နေရာကို ကိုက်လိုက်ပြီး ချင်ယွင်၏ ခန္ဓာကိုယ်ကို လွှမ်းခြုံထားသည့်လျှပ်စီးကြောင်းကိုလည်း မျိုချလိုက်သည်။

"အဆင့်သုံး ဆိတ်သုဉ်းခြင်းလျှပ်စီးသားရဲလား။"

ရှီတိုင်ယာသည် ဤမြင်ကွင်းကို မြင်လိုက်ရသောအခါတွင် သူ၏မျက်လုံးများ ချက်ချင်းပင် ပြူးကျယ်လာပြီး နှလုံးခုန်လုမတတ် ဖြစ်သွားသည်။

ရုတ်​တရက်​ သူသည် နောင်​တအနည်းငယ်ရသလို ခံခံစားလိုက်သည်။ သူ ဒီည ဒီနေရာမှာ ချင်ယွင်ကိုသတ်ဖို့ကြိုးစားတာ မှန်လားမှားလား သူမသိတော့။

ချင်ယွင်သည် ဧရာမစပါးအုံးမြွေဖြူကြီးအောက်တွင် ရပ်နေပြီး ရှီတိုင်ယာကို စစ်နတ်ဘုရားကဲ့သို့ ငုံ့ကြည့်နေသည်။ ချင်ယွင်၏ နောက်တွင် ရှောင်ဘိုင်၏ကြီးမားပြီး နီမြန်းသောမျက်လုံးကြီးများသည် ရှီတိုင်ယာကို စိုက်ကြည့်နေသည်။

ရှီတိုင်ယာသည် အလွန်ထိတ်လန့်သွားပြီး ရှောင်ဘိုင်ကို မကြည့်ဝံ့ဘဲ ပါးစပ်ထဲရှိ တံတွေးများကို ပြန်မျိုလိုက်ရသည်။

လုပ်ကြံသတ်ဖြတ်သူများသည်လည်း ရှောင်ဘိုင်၏ ရုတ်တရက် ပေါ်ထွက်လာမှု ကြောင့် ဘာလုပ်ရမှန်းမသိ အံ့အားသင့်သွားကြသည်။

"ရှောင်ဘိုင်၊ သူတို့ကိုသတ်လိုက်ပါ!"

ချင်ယွင်က အမိန့်ပေးလိုက်သည်။

ရှောင်ဘိုင်၏ မျက်လုံးများသည် ချက်ချင်း လင်းလက်လာပြီး လျှပ်စီးလက်သလို ပစ်လွှတ်လိုက်သည်။

လုပ်ကြံသတ်ဖြတ်သူများသည် ဤမြင်ကွင်းကိုမြင်သောအခါတွင် ဖြစ်ပျက်နေသည့် အရာများကို နောက်ဆုံးတွင် နားလည်သွားကြသည်။ သူတို့သည် သူတို့ရန်သူများကို တုန့်ပြန်ရဲခြင်းမရှိ ကြွက်များလို ထွက်ပြေးကြသည်။

သို့သော်၊ သူတို့၏ အရှိန်သည် ကောင်းကင်မျိုစပါးအုံးမြွေ၏ သွေးမျိုးဆက်ရှိသည့် ရှောင်ဘိုင်နှင့် မည်သို့ ယှဉ်နိုင်မည်နည်း။ ရှောင်ဘိုင်သည် ထိုလုပ်ကြံ သတ်ဖြတ်သူများကို ပါးစပ်ကိုဖွင့်ပြီး ပုရွက်ဆိတ်များကဲ့သို့ စုပ်ယူလိုက် သည်။ ထိုပုရွက်ဆိတ်များသည် ရှောင်ဘိုင်၏ အစာအိမ်ထဲသို့ အင်းဆက်များလို မျိုချခံရပြီး အစားအစာအဖြစ် ပြောင်းလဲသွားသည်။

ဤမြင်ကွင်းကိုမြင်ပြီး ရှီတိုင်ယာသည် တံတွေးမမျိုချဘဲမနေနိုင်တော့။ သူသည် အကြောက်လွန်ပြီး ထွက်ပြေးဖို့တောင် မေ့သွားခဲ့သည်။

ချင်ယွင်သည် ရှီတိုင်ယာဆီသို့ တစ်လှမ်းပြီးတစ်လှမ်း လျှောက်လှမ်းသွားကာ သူ၏ပါးစပ်ထောင့်စွန်းမှ လှောင်ပြောင်မှု သင်္ကေတတခုထွက်ပေါ်လာသည်။

ရှောင်ဘိုင်သည် သူ၏နောက်သို့ လိုက်လာပြီး ရှီတိုင်ယာကိုကြည့်ရင်း သူ၏ ကြက်သွေးရောင်မျက်လုံးများက လူသားတစ်ယောက်၏ ကောက်ကျစ်မှု အရိပ်အယောင်ကို ဖော်ထုတ်နေသည်။

All Chapters