ဥက္ကာပျံ တိုက်ခိုက်မှု
Vol. 4 Ch. 56
အခန်း (၅၆) ဥက္ကာပျံတိုက်ခိုက်မှု
"မ...., မသတ်နဲ့၊ ငါ့ကိုမသတ်ပါနဲ့ ။ ကျေးဇူးပြုပြီးတော့ ခွင့်လွတ်ပါ!" ရှီတိုင်ယာက ချက်ချင်း ဒူးထောက်လိုက်ပြီး သနားညှာတာဖို့ရန် တောင်းပန်လိုက်ပါတယ်။
သူသည် ချင်ယွင်၏နောက်ကွယ်က ဧရာမစပါးအုံးမြွေဖြူကြီးကို ကြောက်ရွံ့နေခဲ့ သည်။ ထို့အပြင် စပါးအုံးမြွေဖြူကြီးသည် သူ၏ လက်အောက်ငယ်သားများအားလုံးကို အသက်ရှုသွင်းပြီး မျိုချနေသည်ကို ကိုယ်တိုင်တွေ့မြင်ခဲ့ရသည်။ ၎င်းတို့အားလုံးသည် ဆဋ္ဌမအဆင့် ကောင်းကင်အလွှာ သိုင်းသခင် လုပ်ကြံသတ်ဖြတ်သူများ ဖြစ်ကြသော်လည်း ဤသားရဲ၏ရှေ့တွင် ခုခံနိုင်စွမ်းမရှိကြပေ။
သူ၏ခန္ဓာကိုယ်ပေါ်တွင် ပြင်းထန်သော ဖိအားတစ်ခု ခံစားရပြီး သူသည် အသက်မရှူနိုင်တော့ပေ။
သူ၏အစွမ်းရှိသမျှကို အကုန်အသုံးပြုထားလျှင်တောင် ဤသားရဲကို ဒဏ်ရာ နည်းနည်းလေးမှ မပေးနိုင်ဘူးဆိုသည်ကို သူသိသည်။ ဆန့်ကျင်ဘက်အနေဖြင့် သူသည်အလွယ် တကူ သတ်ပစ်ခံရနိုင်သည်။
ချင်ယွင်သည် ရှီတိုင်ယာ၏နံဘေးသို့ လျှောက်သွားရင်း ရယ်မောလိုက်သည်။ သူသည် ဒူးထောက်ပြီး သနားဖို့ရန် တောင်းနေသည့် အနေအထားကို ကြည့်နေသည်။ ယခင်တုန်းက ရှိီတိုင်ယာ၏မောက်မာသည့် အသွင်အပြင်ကို ပြန်တွေးကြည့်ရင်း ရွံမုန်းစရာကောင်းသည့် လှုံံ့ဆော်မှုတစ်ခုကို သူ ခံစားလိုက်ရသည်။
"လွှတ်ပေးရမယ် ။ ဟုတ်လား?။ ဒါဆို အရင်တုန်းက ဘာကြောင့် ငါ့ကိုလွှတ်ပေးဖို့ မစဉ်းစားခဲ့တာလဲ?" ချင်ယွင်က အေးစက်စွာ အော်ဟစ်ပြီး မေးခွန်းထုတ်သည်။
"ဒါ, ငါသေသင့်ပါတယ်၊ ငါသေသင့်ပါတယ်။ငါက ထိုက်တောင်တန်းကြီးကို လျစ်လျူရူခဲ့မိသူပါ။ ကျေးဇူးပြုပြီး ငါ့ကိုလွှတ်ပေးပါ!" ရှီတိုင်ယာ၏ပုံစံသည် မြေးတစ်ယောက်အလားထင်မှတ်ရပြီး ကြင်နာသနားရန်အတွက် တောင်းခံနေခဲ့သည်။
ချင်ယွင်သည် သဘာဝအတိုင်း မတုန်မလှုပ်ရပ်နေသည်။ ရန်သူများအပေါ် ကြင်နာခြင်းသည် ကိုယ့်အပေါ် ရက်စက်ခြင်းမည်၏။ ဤသည်မှာ သူ အချိန်အတော် ကြာ သင်ယူခဲ့သော နိယာမဖြစ်သည်။
သို့သော် သူသည် ရှီတိုင်ယာကို အမှန်တကယ်သတ်ခဲ့လျှင် သူသည် တိုင်ယွန် ကုန်သည်ကြီးများအသင်းနှင့် သူမသေမခြင်း ရန်ငြိုးက အဆုံးသတ်လိမ့်မည် မဟုတ်။ နောက်ဆုံးတွင် ရှီတိုင်ယာသည် မိုးကြိုးဝိညာဉ်မြို့၏ တိုင်ယွန် ကုန်သည်ကြီးများ အသင်းခေါင်းဆောင်၏ သားဖြစ်သည်။ ထိုအချိန်တွင်၊ သူသည် မိုးကြိုးဝိညာဉ်ဂိုဏ်းတွင် ရှိနေလျှင်ပင်၊ သူသည်များစွာသော ဒုက္ခများ ဖြစ်ပေါ် လာနိုင်သည်။
ဒါက ချင်ယွင်အတွက် အကြီးမားဆုံး ခေါင်းကိုက်မှုလည်း ဖြစ်သည်။
ရူး!
ချင်ယွင်သည် ခက်ခဲသောအခြေအနေတွင်ရှိနေစဉ်၊ မြေပြင်ပေါ်တွင် ဒူးထောက်နေသော ရှီတိုင်ယာသည် ရုတ်တရက် ခက်ထန်သော မျက်နှာကို ထုတ်ဖော် လိုက်သည်။ သူ၏လက်ထဲတွင် ဓားရှည်တစ်ချောင်း ပေါ်လာပြီး ချင်ယွင်၏ နှလုံးသားကို ဓားဖြင့် တိုက်ရိုက် ထိုးလိုက်သည်။
"မင်းက သေခြင်းတရားကို တောင်းခံနေတာဘဲ။!"
ချင်ယွင်၏ မျက်လုံးများတွင် သတ်ဖြတ်လိုစိတ်များ ပေါ်လာသည်။ ခိုးကြောင်ခိုးဝှက် တိုက်ခိုက်မှုများကို သူအမုန်းဆုံးဖြစ်သည်။
သူ၏လက်ထဲရှိခို မြူနှင်းချောက်နက်ဓားကတွန့်လိမ်သွားပြီး ရှီတိုင်ယာ၏ဓားကို ပိတ်ဆို့လိုက်သည်။ တစ်ချိန်တည်းမှာပင် ရှီတိုင်ယာသည် ဓားဖြင့်ပိတ်ဆို့မှုကြောင့် လွင့်ပျံသွားချိန် သူသည် သူ၏ခြေဖ၀ါးအောက်မှ လေအရိပ်ခြေလှမ်းများကို အသုံးပြုကာ လျင်မြန်စွာ လိုက်ပါလာခဲ့သည်။
"ဟမ့်၊ မင်းက သတ္တမအဆင့် ကောင်းကင်အလွှာ သိုင်းသခင်ဖြစ်လို့ဆိုပြီး ငါ မင်းကိုဘာမှ မလုပ်နိုင်ဘူးလို့ မထင်နဲ့။" ချင်ယွင်က အေးစက်စွာ အော်ဟစ်လိုက်ပြီး သူ၏လက်ထဲက မြူနှင်းချောက်နက်ဓားမှ ဓားပန်းတစ်ပွင့်ကို အမြန်ဆွဲထုတ်ပြီး ရှိီတိုင်ယာ၏မျက်ခုံးကြားကို တိုက်ရိုက် ထိုးလိုက်သည် ။
ရှီတိုင်ယာသည် သက်သတ်လွတ်သမားမဟုတ်ပေ။ ရုတ်တရက် သူ၏ခန္ဓာကိုယ်ထဲမှ ပြင်းထန်သည့် လျှပ်စီးများ ထွက်ပပေါ်လာသည်။ အပြာရောင်လျှပ်စီးကြောင်းသည် သူ့တစ်ကိုယ်လုံးကို ချက်ချင်းဖုံးလွှမ်းသွားပြီး နောက်ဆုံးတွင် သူ၏ဓားထိပ်တွင် စုစည်းကာ ချင်ယွင်၏ဓားနှင့် ထိပ်တိုက်တွေ့ဆုံသွား၏။
"ဘုန်း!"
ဓားနှစ်ချောင်း တိုက်မိပြီး ပြင်းထန်စွာ ပေါက်ကွဲသွားသည်။
ချင်ယွင်နှင့်ရှီတိုင်ယာတို့ နှစ်ယောက်စလုံး မီတာဆယ်နှင့်ချီပြီး နောက်ပြန် ဆုတ်သွားကြပါသည်။
"မင်းစွမ်းအားက ဒါပဲရှိတာလား။ မင်းနောက်ကသားရဲကြောင့်သာ မဟုတ်ရင် မင်းကို ငါသတ်ခဲ့တာကြာပြီ" ရှီတိုင်ယာသည် အထင်အမြင်သေးသော မျက်နှာဖြင့် ပြောလိုက်သည်။
ချင်ယွင်သည် ရယ်မောလိုက်သည်။ သူသည် သတ္တမအဆင့် ကောင်းကင်အလွှာ သိုင်းသင်ခင်တစ်ဦး၏ အမှန်တကယ် အထင်အမြင်သေးခြင်းကို ခံနေရသည်။
"မင်းမှာရှိတာ ဒါအကုန်ပဲဆိုရင် ငါ မင်းကို အနောက်ဘက် ကောင်းကင်ဘုံကို ပို့ပေးမယ်။" ရှီတိုင်ယာက ကြမ်းကြုတ်စွာ ပြော သည်။ သူသည် အရာအားလုံးကို စွန့်စားဖို့ ကြံစည်နေပြီ။ မည်သို့ပင်ဆိုစေကာမူ သူသည်မလွတ်မြောက်နိုင်တော့ဟု ထင်ထားသည်။ ချင်ယွင်ကို အရင်သတ်ပစ်ခြင်းက ပိုကောင်းလိမ့်မည်။
"ငါ ကျွမ်းကျင်ထားတဲ့ အလယ်အလတ်အဆင့် အဆင့်မြင့်တန်းစား သိုင်းပညာရပ်တစ်ခုနဲ့ ငါ မင်းကိုမြည်းစမ်းခွင့် ပေးမယ်။ "မိုးထစ်ချုံးခြင်း" ရှီတိုင်ယာ သည် သူ၏ဓားကို ဦးခေါင်းထက်တိုင် မြင့်တင်လိုက်သည်။ တခဏတွင်းမှာပင် သူ၏ခန္ဓာကိုယ်အနှံ့ လျှပ်စီးများလင်းလက်လာပြီး အချင်းသုံးမီတာနီးပါးရှိသည့် လျှပ်စီးလင်းလက်နေသော ဘောလုံးကြီး ပေါ်လာပြီး သူ၏ပတ်ဝန်းကျင်မှာ ခိုင်မြဲစွာ ရစ်ပတ်နေသည်။
တစ်ချိန်တည်းမှာပင် လျှပ်စီးလုံးကြီးသည် ပြင်းထန်သော အသံများကို ထုတ်လွှတ်သည်။ ဆိတ်သုဉ်းခြင်းသားရဲ ဟိန်းဟောင်က်ခြင်းနှင့် တူ၏။ လျှပ်စီးလုံးကြီး သည် ပြင်းထန်သော အဖျက်စွမ်းအားများကို ထုတ်လွှတ်သည်။ ချင်ယွင်တောင် အဝေးမှပင် ပြင်းထန်သည့် ခြိမ်းခြောက်မှုကို ခံစားရနိုင်သည်။
"သခင်၊ သူ့ရဲ့ ဒီတိုက်ကွက်က တော်တော်လေး အစွမ်းထက်တယ်။ ဒီကြီးမားတဲ့လျှပ်းစီးလုံးကြီးဟာ မိုးကြိုးလျှပ်စီးရဲ့ ဖျက်ဆီးခြင်း သဘောတရား အရိပ်အယောင်တွေတောင် ပါနေတယ်။ သခင်က ကျွန်တော့်ကို ကူညီစေချင်သ လား" ရှောင်ဘိုင်သည် ဤမြင်ကွင်းကိုမြင်သောအခါ ကောလာဟလများနှင့် ပတ်သက်ပြီး သူစိုးရိမ်ခဲ့သည်။
ချင်ယွင်က သူ၏လက်ကို ဝှေ့ယမ်းပြီး ရှောင်ဘိုင်ကို ဝင်မစွက်ဖက်ရန် အချက်ပြလိုက်သည်။
တစ်ချိန်တည်းမှာပင်၊ သူသည် ရှိီတိုင်ယာ၏ မိုးထစ်ခြုံးခြင်းကို လေးနက်သော အမူအရာဖြင့် ကြည့်ကာ သူ၏နှလုံးသားထဲတွင် အံ့သြမှုများနှင့် ပြည့်နေသည်။
"ဒီ ရှီတိုင်ယာဟာ မိုးကြိုးဝိညာဉ်ဂိုဏ်းရဲ့သိုင်းပညာကို အသုံးပြုနေပုံပဲ။
ဒီလောက်ထိ အစွမ်းထက်မယ်လို့ ငါ မမျှော်လင့်ထားခဲ့ဘူး။ သာမန် အဋ္ဌမအဆင့် ကောင်းကင်အလွှာ သိုင်းသခင်တစ်ယောက်တောင် ဒီတိုက်ခိုက်မှုကို မခုခံနိုင်မှာ စိုးရိမ်မိတယ်" ချင်ယွင်သည် သူ့ကိုယ်သူ တွေးနေမိသည်။
"ဘာတွေ ကြောက်နေတာလဲ၊ နောက်ထပ် ကြောက်စရာကောင်းတဲ့အရာတွေ ထပ်လာဦးမယ်။" ရှိီတိုင်ယာသည် သူ၏ ဝိညာဉ်စွမ်းအင်များ အစွမ်းကုန် ပေါက်ကွဲထွက်နေချိန်တွင် ရယ်မောလိုက်သည်။ ၃ မီတာ အချင်းရှိသည့် လျှပ်စီးလုံးကြီးသည် လက်ဖဝါးအရွယ် လျှပ်စီးလုံးအထိ ချက်ချင်း ဖိနှိပ်ခံလိုက်ရ၏။
ကြီးမားလှသည့်လျှပ်စီးစွမ်းအားသည့် ဖိသိပ်ခံလိုက်ရပြီး ထွက်ပေါ်လာသည့် ကြောက်မက်ဖွယ် စွမ်းအားက ဦးရေပြားကို ထုံသွားစေသည်။
ချင်ယွင်သည် ရှီတိုင်ယာ၏လက်ထဲမှ လျှပ်စီးလက်နေသည့်အလုံးကို ကြည့်လိုက် သည်။ ဤတစ်ကြိမ်တွင် သူသည် အန္တရာယ်ကို အမှန်တကယ် ခံစားလိုက်ရသည် ။
သို့သော် သူ၏မျက်လုံးများသည် အလွန်ငြိမ်သက်နေ၏။ သူ၏ နှလုံးသားထဲတွင် ကြောက်ရွံ့မှု အနည်းငယ်မျှမရှိ။ ဆန့်ကျင်ဘက်အနေဖြင့် သူ၏နှလုံးသားထဲတွင် အားနည်းနေသည့် တိုက်ပွဲဝင်လိုစိတ်က ပိုမိုသန်မာလာသည် ။
"မင်း ငါ့ကို ထပ်ခါထပ်ခါ ရန်စပြီးကတည်းက ဒီနေ့ မင်းရဲ့ခေါင်းကို ဖြတ်ပစ်ဖို့ ငါ့ဓားကို အသုံးပြုရလိမ့်မယ်။" ချင်ယွင်၏ အသံသည် မြေပြင်ပေါ်သို့ အေးစက်စွာ ကျဆင်းသွားသည်။
ကြောက်မက်ဖွယ်ကောင်းသော အငွေ့သက်က ချက်ချင်း ပျံ့နှံ့သွားကာ ပတ်ဝန်းကျင်တွင် လေပြင်းများ သဲများနှင့် ကျောက်တုံးများ လွင့်စင်သွားခဲ့သည်။
ချင်ယွင်၏ ၀တ်စုံများသည် တဖျတ်ဖျတ်လွင့်နေပြီး သူ၏လက်ထဲတွင်ရှိသော ဓားသည် စိမ်းပြာရောင်အလွှာတစ်ခုဖြင့် တဖြည်းဖြည်း ဖုံးလွှမ်းသွားသည်။
သူ၏လက်ထဲရှိ မြူနှင်းချောက်နက်ဓားသည် တုန်ခါသွားပြီး ဓား၏တဝှီးဝှီးမြည်သံက တုန်ခါထွက်ပေါ်နေ၏
"ဒါက ဥက္ကာပျံဓားကို နားလည်ပြီးနောက် ငါ ဖန်တီးခဲ့တဲ့ ပထမဆုံး ဓားသိုင်းပညာ ရပ်ပဲ။ အဲဒါကို ဥက္ကာပျံတိုက်ကွက်လို့ ခေါ်တယ်။"
ချင်ယွင်၏မျက်လုံးများသည် သတ်ဖြတ်လိုသည့်ဆန္ဒများဖြင့် ပြည့်နှက်နေပြီး သူ၏အသံသည် ငရဲမှထွက်လာသော နတ်ဆိုး၏အသံနှင့်တူပြီး လူတို့၏ဆံပင်ကို အဆုံးထိ ထောင်သွားစေသည်။
"ဟမ့်၊ ဟန်ဆောင်နေတာများ။ မင်းရဲ့ ဥက္ကာပျံတိုက်ကွက်က ငါ့ရဲ့မိုးထစ်ခြုံးသံကို ဟန့်တားနိုင် ပါ့မလား။ သေလိုက်စမ်း!" ရှီတိုင်ယာက ကျယ်လောင်စွာ အော်လိုက် သည်။ သူ၏လက်ထဲရှိ ဓားကို ခုတ်ပိုင်းလိုက်ပြီး ဖိသိပ်ထားသည့် ကြောက်စရာကောင်းသည့် လျှပ်စီးလုံးကကြောက်စရာကောင်းသော မြည်ဟီးသံများ ကို သယ်ဆောင်လာရင်း ချင်ယွန်းဆီ အလျင်အမြန် ရိုက်ခတ်လာခဲ့သည်။
ချင်ယွင်၏မျက်လုံးများသည် သတ်ဖြတ်လိုသည့်ဆန္ဒများဖြင့် ပြည့်နှက်နေပြီး သူ့ဆီသို့ ပျံသန်းလာသော လျှပ်စီးလုံးကို ကြည့်ရင်း သူ၏လက်ထဲရှိဓားဖြင့် ခုတ်ပိုင်းလိုက်၏။
ဓားတစ်ချက် ခုတ်ပိုင်းလိုက်သည်နှင့် ဓားအလင်းသည် ကောင်းကင်ယံသို့ ထိုးတက်သွားသည်။
အဆုံးမရှိ အဖျက်စွမ်းအားများပါရှိသော ကြောက်မက်ဖွယ် လျှပ်စီးလုံးသည် ဓားအလင်းနှင့် ထိပ်တိုက်တွေ့ဆုံသည့်အခိုက်တွင်၊ ၎င်းသည် တိုက်ရိုက်ကွဲသွားပြီး မိုးကုပ်စက်ဝိုင်းထဲသို့ ပျောက်ကွယ်သွားခဲ့သည်။
"ဘယ်လို...ဒါက ဘယ်လိုလုပ်ဖြစ်နိုင်မှာလဲ" ရှီတိုင်ယာသည် ချက်ချင်း အံ့သြသွား သည်။
"မဖြစ်နိုင်တာ ဘာမှမရှိဘူး။ ငါ့ရဲ့ ဥက္ကာပျံတိုက်ကွက်ဟာ အလွန်ပြင်းထန်တဲ့ ဖြတ်တောက်ခြင်း ဆန္ဒပါရှိတယ်။ မင်းရဲ့ မိုးထစ်ခြုံးသံကဘယ်လောက်ပဲ ပြင်းထန်နေပါစေ ငါ့ရဲ့ ဥက္ကာပျံတိုက်ကွက်ကို တားဆီးနိုင်မှာ မဟုတ်ဘူး။" သူ၏ဓားကို ကိုင်ထားရင်း ချင်ယွင်၏ အသံသည် အေးစက်နေပြီး ရှီတိုင်ယာဆီသို့ တစ်လှမ်းချင်း လျှောက်လှမ်းလာသည်။ ခြေလှမ်းတိုင်းတွင် အကန့်အသတ်မရှိ သတ်ဖြတ်လိုစိတ်များ ပါရှိသည်။
"မလုပ်နဲ့...မလာနဲ့!" ရှီတိုင်ယာသည် ဤတစ်ကြိမ်တွင် အလွန်ကြောက်လန့်ပြီး ကမန်းကတန်း အော်လိုက်သည်။
သို့သော် ချင်ယွင် လုံးဝမတွန့်ဆုတ်ခဲ့ပေ။ ဒီတစ်ခါတော့ သူ အမှန်တကယ် သတ်ပစ်ချင်သည့် စိတ်ရှိနေသည်။
ဝှီး!
ချင်ယွင်သည် အလင်းတန်းတစ်ခုအဖြစ်သို့ ပြောင်းလဲသွားပြီး သူ၏လက်ထဲရှိ မြူနှင်းချောက်နက်ဓားသည် ရှီတိုင်ယာ၏လည်ပင်းဆီ ကြွေကျလာသော ဥက္ကာပျံတစ်ခုကဲ့သို့ ပစ်၀င်သွားခဲ့၏။
ရှီတိုင်ယာ၏မျက်လုံးများသည် ချက်ချင်းပင် ပြူးကျယ်သွားသော်လည်း သူ့လည်ပင်းရှိ သွေးစွန်းရာသည် တိုက်ရိုက်ကျယ်ပြန့်လာသည်။ နောက်ဆုံးတွင် သူ၏အလောင်းသည် ကွဲထွက်သွားပြီး ဦးခေါင်းလဲပြုတ်ကျသွားခဲ့သည်။
ချင်ယွင်သည် သူ၏ဓားကိုကိုင်လျက် ထိုနေရာတွင်ရပ်နေကာ မြေပြင်ပေါ်သို့ လဲကျသွားပြီး မသေနိုင်သေးသော ရှီတိုင်ယာကိုကြည့်ရင်း သူ၏ နှလုံးသားသည် လုံးဝတုန်လှုပ်ခြင်းမရှိပေ။
"ဒီနေ့ မင်းကို ငါ မသတ်ရင် ငါ့လက်ထဲက ဒီဓားနဲ့ ဘယ်လိုလုပ် ထိုက်တန်မှာ လဲ" ချင်ယွင်၏ အသံက အေးစက်နေပြီး "ရှောင်ဘိုင် သွားကြစို့!"
ရှောင်ဘိုင်သည် ချင်ယွင်၏ စကားကို ကြားသောအခါ ဝှေ့ယမ်းပြီး လျင်မြန်စွာ ကျော်တက်သွားသည်။
ချင်ယွင်က ခုန်တက်ပြီး ရှောင်ဘိုင်၏ ဦးခေါင်းထက်မှာ ရပ်လိုက်သည်။
လူတစ်ယောက်နှင့် မြွေတစ်ကောင်သည် အဝေးဆီသို့ လျင်မြန်စွာ ထွက်ပြေးသွားခဲ့သည်။