← Chapters

အလုပ်သမား (အစေခံ) တပည့်

Vol. 4 Ch. 57

အလုပ်သမား (အစေခံ) တပည့်

Vol. 4 Ch. 57

အခန်း (၅၇) အလုပ်သမား (အစေခံ) တပည့်

ရှီတိုင်ယာ၏သေဆုံးမှုသည် မိုးကြိုးဝိညာဉ်မြို့တစ်ခုလုံးကို ချက်ချင်း တုန်လှုပ်သွား စေခဲ့သည်။

ဒေါသထွက်နေသောသူမှာ မိုးကြိုးဝိညာဉ်မြို့ တိုင်ယွန်ကုန်သည်ကြီးများ အသင်းဌာနခွဲ၏ ခေါင်းဆောင် ရှီတိုင်ယာ၏ဖခင် ရှီဂျီဖြစ်သည်။

ဒီသတင်းကို သူကြားကြားချင်း အဖိုးမဖြတ်နိုင်သည့် ကျောက်စိမ်းဖြူစားပွဲကြီးကို လက်ဖဝါး တစ်ချက်ဖြင့် အစိတ်စိတ်အမွှာမွှာ ရိုက်ခွဲလိုက်ပြီး ဆုငွေအမိန့်ထုတ် လိုက်သည်ဟု ဆိုကြသည်။

သူ၏သားကို သတ်ဖြတ်သည့်လူသတ်သမားကို ပြောပြသူတိုင်းသည် အလယ်အလတ် အဆင့် အဆင့်မြင့်တန်းစား သိုင်းပညာရပ်တခု ဆုချီးမြှင့်မည်ဖြစ်သည်။ မည်သူမဆို လူသတ်သမား၏ဦးခေါင်းကို ထုတ်ဖော်ပြနိုင်လျှင် ၎င်းတို့အား အဆင့်မြင့်အဆင့် အဆင့်နိမ့်တန်းစား သိုင်းပညာရပ်နှင့် အဆင့်မြင့်အဆင့်အလယ်အလတ်တန်းစား သိုင်းပညာရပ်များ ဆုချီးမြှင့်မည်ဖြစ်သည်။

ဤသို့သော ဆုကြေးငွေများ ကြေညာလိုက်သောအခါ မိုးကြိုးဝိညာဉ်မြို့တစ်ခုလုံး တုန်လှုပ်သွားကြသည်။

အဆင့်မြင့်အဆင့် သိုင်းပညာရပ်။ ဤသည်မှာ မည်သည့်ဂိုဏ်းငယ်လေးများ အတွက်မဆို ရတနာတခု ဖြစ်လေသည်။ အဆင့်မြင့်အဆင့်အလယ်အလတ်တန်း သိုင်းပညာရပ်တစ်ခုအတွက်ဆိုလျှင် ပို၍ပင် အဖိုးမဖြတ်နိုင်ပေ။ မိုးကြိုးဝိညာဉ် ဂိုဏ်းကဲ့သို့သော ဂိုဏ်းကြီးတစ်ခုပင်လျှင် ထိုကဲ့သို့သောပညာရပ်တစ်ခုကို ထုတ်ပေးရမည်ဆိုလျှင် အဆုံးမဲ့နာကျင်မှုကို ခံစားရမည်ဖြစ်သည်။

ရှီဂျီသည် သူ၏သားအတွက် သတင်းပို့နိုင်ရုံဖြင့်ပင် ငွေကြေးမည်မျှပေးထားသည်ကို စိတ်ကူးကြည့်နိုင်သည်။

သို့သော် ရှီဂျီ ပစ်လွှတ်လိုက်သော ငါးစာသည် အမှန်တကယ် ကြီးလွန်းသည်ဟု ဆိုရမည်ဖြစ်သည်။

သတင်းထွက်လာပြီးနောက်၊ မိုးကြိုးဝိညာဉ်မြို့ ရှိ ကျင့်ကြံသူအားလုံးသည် ချင်ယွင်၏ နေရာကို ခြေရာခံခဲ့ကြရုံသာမက အနီးနားမြို့များစွာရှိ ကျင့်ကြံသူများသည်ပင် အရူးအမူးရှာဖွေခဲ့ကြသည်။

သို့သော်လည်း ချင်ယွင်သည် မိုးကြိုးဝိညာဉ်မြို့တွင် အကြာကြီး မနေခဲ့ရဘဲ ချင်ဘာတန် တစ်ယောက်သာ သူ၏ အစစ်အမှန် အမည်ကို သိသောကြောင့်၊ အဆိုပါ စုံစမ်းစစ်ဆေးသူများသည် ချင်ယွင်၏ ယေဘူယျ အသွင်အပြင်ကို မြို့တံခါးမှ ဖြတ်သွားသူများ၏ ဖော်ပြချက်မှ တဆင့် သိနိုင်ပေသည်။ တခြား အချက်များကို မသိကြတဲ့အတွက် လူတော်တော်များများသည် တခဏအတွင်း လိုက်ရှာလို့မရခဲ့ပေ။

သေချာသည်မှာ၊ ထက်မြက်သည့်သူများလည်း ရှိခဲ့ပါသည်။ ချင်ယွင်သည် လေ၏စွ မ်းရည်ကို အသုံးပြုသည့် ကျင့်ကြံသူဖြစ်ပြီး ချင်ယွင် နှင့် ရှီတိုင်ယာတို့၏ တိုက်ပွဲများ တွင် ကျန်ရစ်ခဲ့သော သဲလွန်စများမှတဆင့် ကောက်နှုတ်ဖော်ပြနိုင်ခဲ့ သည်။ တစ်ချိန်တည်းမှာပင်၊ ချင်ယွင်၏အနားတွင် ကြီးမားသော မြွေပုံသဏ္ဍာန်ရှိသော ဆိတ်သုဉ်းခြင်းသားရဲတစ်ကောင် ရှိရမည်ဟုလည်း တွက်ဆခဲ့ကြသည်။ ဤနည်းဖြင့် နယ်ပယ်အသီးသီးကို အလွန်လျှော့ချနိုင်ခဲ့သည်။

မည်သို့ပင်ဆိုစေကာမူ မိုးကြိုးဝိညာဥ်မြို့နှင့် အနီးနားရှိမြို့များအားလုံးကို ရှာဖွေခဲ့ကြ သော်လည်း ထိုလိုအပ်ချက်များနှင့် ကိုက်ညီမည့် လူငယ်တစ်ဦးကို ရှာမတွေ့သေးပါ။

တကယ်တော့ ဒါဟာ သူတို့၏အရည်အချင်းများ ညံ့ဖျင်းလို့ မဟုတ်ပါဘူး၊ ချင်ယွင်၏ ရုပ်ဖျက်သည့်စွမ်းရည်က အရမ်းကောင်းနေတာကြောင့်ပါ။

ယခုအချိန်တွင် ချင်ယွင်သည် ချင်ဘာတန်၏ရှေ့မှာ ရပ်နေရင်တောင်မှ သူ့ကို မှတ်မိမှာ မဟုတ်ပါဘူး။

မနေ့ညက ရှီတိုင်ယာကို မသတ်ခင်ကတည်းက ရှီတိုင်ယာသတ်ပြီးနောက် ချင်ယွင် သည် ကြီးကြီးမားမား အနှောင့်အယှက်ဖြစ်မည်ဆိုသည်ကို သေချာပေါက်သိခဲ့ပြီး ယင်းညမတိုင်ခင်မှာ သူအမှတ်တမဲ့ ပြန်သတိရသော နတ်ဘုရားအသွင်ပြောင်းခြင်း အထူးနည်းပညာရပ်ကို လေ့ကျင့်ထားခဲ့၏။

ဤထူးဆန်းသော နည်းပညာရပ်သည် သိမ်းမွေ့နက်နဲသောနည်းစနစ်မဟုတ်သလို သိုင်းပညာရပ်တစ်ခုလည်း မဟုတ်ပေ။ လူတစ်ဦး၏ အသွင်အပြင်နှင့် အငွေ့အသက်ကို ပြောင်းလဲနိုင်သည့်နည်းပညာတစ်ခုဖြစ်သည်။ ထို့ကြောင့် လေ့ကျင့်ရာတွင် အခက်အခဲ မရှိခဲ့ပေ။

ချင်ယွင်သည် ကျွမ်းကျင်ရန် တစ်ညသာ အချိန်ယူခဲ့ရသည်။

ယခုအချိန်တွင်၊ ချင်ယွင်သည် အလွန်ရိုးရှင်းသောအသွင်အပြင်ဖြင့် သာမန် သေမျိုးတယောက်အဖြစ်သို့ ပြောင်းလဲနေသော်လည်း ဇိမ်ခံ အဝတ်အစားများကို ဝတ်ဆင်ထားသည်။ သူ၏ပုံစံသည် ဘာကိုမှမသိသည့် ချမ်းသာ သောကုန်သည်၏ တပည့်တစ်ယောက်နှင့်တူသည်။ ယခင်က စာရင်းသွင်းရန် လာရောက်ခဲ့ကြသော ကျွန်တပည့်များနှင့် မတူပေ။

ချင်ယွင်သည် မိုးကြိုးဝိညာဉ်ဂိုဏ်း၏ တောင်တက်လမ်းကို ဖြတ်ပြီး မိုးကြိုးဝိညာဉ်ဂိုဏ်း၏ တောင်ခြေရှိ အိမ်ငယ်လေးသို့ ရောက်ရှိလာခဲ့သည်။ ၎င်းသည် မိုးကြိုးဝိညာဉ်ဂိုဏ်း၏လူသစ်စုဆောင်းရေးဌာနဖြစ်ပြီး၊ မိုးကြိုးဝိညာဉ်ဂိုဏ်းသည် သေမျိုးကမ္ဘာရှိ ကိစ္စများကို ကိုင်တွယ်ဖြေရှင်းရာတွင် ကူညီရန် အရေးကြီးသော နေရာတစ်ခုလည်းဖြစ်သည်။ ယင်းနေရာကို ကူညီရေးဌာနဟုလည်းခေါ်၏။

ချင်ယွင်သည် ခန်းမထဲသို့ ဝင်လာပြီး သစ်ပင်ကြီးတစ်ပင်အောက်တွင် မီးခိုးရောင်ဝတ် တပည့်နှစ်ယောက်သည် အတူထိုင်လျက် နွေဦးနန်းတော် ပုံပြစာအုပ်တစ်အုပ်ကို ဖတ်ရန် ကြိုးစားနေသည်ကို တွေ့လိုက်ရသည်။

ချင်ယွင် ဝင်လာတာကိုမြင်တော့ သူတို့နှစ်ယောက်က စာအုပ်ကို ချက်ချင်းဝှက်ထားပြီး ဘာမှမလုပ်ဘူးဆိုသည့် မျက်နှာဖြင့် ချင်ယွင်ကိုကြည့်လိုက်သည်။

သူတို့နှစ်ယောက်က ချင်ယွင်ကို ကြည့်လိုက်ပြီး ချင်ယွင်ကလည်း သူတို့နှစ်ယောက်ကို ကြည့်နေသည်။

ဤလူနှစ်ယောက်၏ အသွင်အပြင်က တကယ့်ကို ထူးခြားသည်ဟု ပြောရမည်။ တစ်ယောက်က အရပ်ရှည်ပြီးပိန်သလို တစ်ယောက်အရပ်ပုပြီး ဝသည်။ သူတို့ကြည့်ရတာဆန့်ကျင်ဘက် ဖြစ်နေသလိုပင်။

သို့သော် ချင်ယွင်သိချင်စိတ်ဆုံးအရာက ၎င်းတို့၏ ကျင့်ကြံခြင်းအဆင့်မှာ မနိမ့်ကျခြင်း ဖြစ်၏။ သူတို့နှစ်ဦးစလုံးသည် သိုင်းသခင်နယ်ပယ် နဝမအဆင့် ကောင်းကင်အလွှာသို့ ရောက်ရှိနေခဲ့ကြသည်။

သူတို့နှစ်ဦးသည် အသက်နှစ်ဆယ်ဝန်းကျင်သာ ရှိသင့်ပြီး ထိုကဲ့သို့ ကျင့်ကြံမှုအဆင့်သို့ အမှန်တကယ်ရောက်ရှိခဲ့သည်ဆိုသောအချက်ကို သုံးသပ်ကြည့်လျှင် ၎င်းတို့၏ အရည် အချင်းသည် မနိမ့်ကျဟု ဆိုနိုင်သည်။

တရားဝင်တပည့်များကြားတွင်ပင် ၎င်းတို့သည် ထူးထူးခြားခြား တည်ရှိမူ ဖြစ်နေပါလိမ့်သည်။

ဥပမာအနေဖြင့်၊ ရှီတိုင်ယာသည် မိုးကြိုးဝိညာဉ်ဂိုဏ်း၏တရားဝင်တပည့်ဖြစ်သည်။

သတ္တမအဆင့် ကောင်းကင်အလွှာ သိုင်းသခင်တစ်ဦး၏ ကျင့်ကြံမှုသည် အတွင်းစည်းတပည့်များကြားတွင် အဆင့်သတ်မှတ်ခြင်းမခံသော်လည်း၊ သူသည် အောက်ခြေတွင်ရှိသူ မဟုတ်ပေ။ ထို့ကြောင့်ချင်ယွင်သည် ဤတပည့်နှစ်ယောက်သည် အလုပ်သမားတပည့်အဖြစ်မည်သို့မည်ပုံ ရောက်ရှိလာနိုင်သည်ကို အလွန်ပင် ပဟေဠိဖြစ်ခဲ့ရသည်။

"ဟိတ် ကောင်စုတ်၊ မင်း ဒီကို ဘာလာလုပ်တာလဲ" အရပ်ရှည်ရှည်ကိုငပိန်တပည့်က ချင်ယွင်ရောက်လာမူကြောင့် သူ၏ကောင်းခန်းရောက်နေသည့် စိတ်ကူးယဥ် ဇာတ်လမ်းလေးပျက်ပြားစေသည့်အတွက် မကျေမနပ်မျက်နှာဖြင့် မေးလိုက်သည်။

ချင်ယွင်က ပြုံးလိုက်သည်။ သူက ချက်ချင်း မြှောက်ပင့်သည့်လေသံဖြင့် "အင်မော်တယ်အစ်ကိုနှစ်ယောက်တို့ ကျွန်တော်က မိုးကြိုးဝိညာဉ်ဂိုဏ်းရဲ့ နာမည်ကို သဘောကျနေတာ ကြာပါပြီ။ ကျွန်တော် ဒီနေရာကိုရောက်ဖို့ မိုင်ထောင်ချီပြီး ခရီးနှင်ခဲ့ရတယ်…"

"ဟမ့် ၊ အဓိပ္ပာယ်မရှိတာတွေ ပြောမနေစမ်းနဲ့။ လာရင်း အလုပ်ကိစ္စကို ပြောရအောင်!" အရပ်ရှည်ရှည် ကိုယ်ငပိန်တပည့်က စိတ်မရှည်စွာ ပြောသည်။

"ဒီကောင်စုတ်လေးက မိုးကြိုးဝိညာဉ်ဂိုဏ်းမှာ ပါဝင်ချင်လို့ပါ" ချင်ယွင်က ပြတ်ပြတ်သားသား ပြန်ပြောသည်။

"မင်းက မိုးကြိုးဝိညာဉ်ဂိုဏ်းထဲ ဝင်ချင်တာလား။" အရပ်ရှည်သောလူငယ်သည် ချင်ယွင်ကို တစ်ချက်ကြည့်လိုက်ပြီး "မင်း မိုးကြိုးဝိညာဉ်ဂိုဏ်းထဲဝင်လို့ရတယ်၊ စည်းမျဉ်းဟောင်းတွေကို မင်းသိတယ်မလား။" ထိုစကားကိုပြောပြီးနောက် သူက လက်ကိုဝှေ့ယမ်းကာ ချင်ယွင်ကို တစ်စုံတစ်ခုပေးချေရန် အချက်ပြလိုက်သည်။

"ကျွန်တော်သိပါတယ် ကျွန်တော်သိပါတယ်။" ချင်ယွင်က ဆောလျင်စွာ ခေါင်းညိတ်လိုက်ပြီး သူ၏ခါးမှ သိုလှောင်အိတ်ကို ထုတ်လိုက်သည်။ သူကပြေးလာပြီး အရပ်ရှည်ရှည် လူငယ်လေး၏ လက်ထဲ ထည့်ပေးလိုက်သည်။

အရပ်ရှည်ရှည်လူငယ်သည် သိုလှောင်အိတ်ကိုယူ၍ ရေတွက်ကြည့်သည်။ ထို့နောက် သူက ချင်ယွင်ထံ တံဆိပ်ပြားတစ်ခုကို ပစ်ပေးလိုက်ပြီး "ဒီတောင်တက်လမ်းအတိုင်း တက်သွားပြီးတော့ အလုပ်သမားခန်းမလို့ခေါ်တဲ့ နေရာကို တည့်တည့် လျှောက်သွားလိုက်ပါ။ အဲဒီတံဆိပ်ပြားကို ကြီးကြပ်သူတပည့်ကို ပေးလိုက်ပါ။ သူက မင်းကိစ္စတွေကို စီစဉ်ပေးလိမ့်မယ်။"

"ကောင်းပါပြီ၊ ကျေးဇူးတင်ပါတယ် အင်မော်တယ် နှစ်ယောက်။" ချင်ယွင်က ဆောလျင်စွာ ခေါင်းညိတ်ပြီး ပြောလိုက်သည်။ ထို့နောက် လှည့်ထွက်ရန် ပြင်ဆင်လိုက် သည်။

"ခဏစောင့်ဦး!" သို့သော် ထိုအချိန်တွင် စကားတစ်ခွန်းမှ မပြောဘဲ ဘေးတွင်ရပ်နေသော ဖက်တီးပုသည် ရုတ်တရက် စကားစလိုက်သည် ။

ချင်ယွင်သည် ခေါင်းကို ဖြည်းညှင်းစွာ လှည့်ကာ ချိုသာသောအမူအရာဖြင့် ဆက်လက်၍ "အစ်ကိုတို့ နှစ်ယောက် ဘာများပြောစရာရှိလို့ပါလဲ"

ဖက်တီးပုတပည့်သည် သူ၏ဆူဖြိုးသောခန္ဓာကိုယ်ကို ရွှေ့လျားကာ ချင်ယွင်၏ရှေ့သို့ လျှောက်သွားခဲ့သည်။ သူက ချင်ယွင်၏ ပုခုံးကိုပုတ်ကာ ပြုံးပြပြီး "ညီလေး၊ မင်းနာမည်ဘယ်လိုခေါ်လဲ?"

ချင်ယွင်သည် အနည်းငယ် ထိတ်လန့်သွားသည်။ ချိုသာသောအသွင်အပြင်ကို ဝတ်ဆင်ရခြင်း၏ အကြောင်းရင်းမှာ ပြဿနာများကို လျှော့ချရန် ဖြစ်သည်။ ဤတပည့်များ၏ စိတ်နေစိတ်ထားကို သူ သိ၏။ အသင့်ဖက်က နှိမ့်ချလေလေ၊ သူတို့က အသင့်အတွက် ခက်ခဲသောအရာများကို ပိုပြုလုပ်လေ ဖြစ်သည်။

သာမာန်အားဖြင့် အလုပ်သမားတပည့်တစ်ဦးသည် ဂိုဏ်းထဲသို့ဝင်သည့်အခါ အခကြေးငွေပေးဆောင်ရပြီး တံဆိပ်ပြားယူကာ တိုက်ရိုက်ထွက်ခွာသွားရမည် ဖြစ်သည်။ ယခုမူ ဖက်တီးသည် ချင်ယွင်ကို တားဆီးလိုက်သည်။ ယင်းကြောင့် ချင်ယွင်သည် ဖက်တီး၏ ရည်ရွယ် ချက်များနှင့် ပတ်သက်၍ အနည်းငယ် စိတ်ရှုပ်ထွေးစေခဲ့သည်။ တစ်ခုခုကို သူရှာဖွေတွေ့ရှိခဲ့ခြင်း ဖြစ်နိုင်ပါသလား။

သို့သော်၊ သူသည် နတ်ဘုရားအသွင်ပြောင်းခြင်းနည်းပညာရပ်ကို အသုံးပြုထားပြီး ဖြစ်သောကြောင့်၊ သူကို မည်ကဲ့သို့ မှတ်မိနေရသေးသနည်း။

ချင်ယွင်သည် ပဟေဠိဖြစ်နေပေမယ့် သူက "အင်မော်တယ်ကို တင်ပြပါတယ် "ဒီကောင်စုတ်လေးရဲ့ နာမည်က လင်းယွင်လို့ ခေါ်ပါတယ်"ဟု မြှောက်ပင့်သည့် လေသံဖြင့် ပြန်ဖြေလိုက်ပါသေးသည်။

"ဒါဆို ညီငယ်လေး လင်းယွင်ပေါ့၊ ငါက လျူဂေါ့ပါ။ မင်းငါ့ကို ဖက်တီးလို့ ခေါ်လို့ရတယ်။ ငါ့ဘေးက တစ်ယောက်က သူ့နာမည်က ကျန်းယွန် တဲ့။ မင်းက သူ့ကို ကိုငပိန်လို့ ခေါ်လို့ရတယ်။ မင်းအချိန်ရရင် ငါတို့နဲ့ အတူ လာသောက်ဖို့ မမေ့နဲ့။" ဖက်တီးက ပြုံးပြုံးလေး ပြောသည်။

ချင်ယွင်သည် စိတ်ထဲတွင် အံ့သြသွားသည်။ ယခု သူပြသခဲ့သည့်အသွင်ပြင်မှာ ကျင့်ကြံဖူးခြင်းမရှိသော သာမန်သေမျိုးတစ်ယောက်၏ အသွင်အပြင် ဖြစ်သည်။ ဖက်တီးလျူက သူ့ကို ညီလေးလို့ ဘာကြောင့် ခေါ်တာရလဲ။ ဖက်တီးလျူသည် သူ၏ နတ်ဘုရားအသွင်ပြောင်းခြင်းနည်းပညာရပ်ကို မြင်နိုင်မည်ဟု သူမထင်ပေ။

သူ၏ဘေးနားရှိ ပိန်ပိန်ပါးပါးလူငယ်မှာလည်း အံ့ဩသော အမူအရာ ရှိသည်။ သို့သော် သူကဘာမှ မပြော။ အဲဒီအစား ဖက်တီး၏ လုပ်ရပ်ကို တိတ်တဆိတ် ကြည့်နေခဲ့သည်။

"ကောင်းပါပြီ၊ ငါအချိန်ရရင် ညီအကိုနှစ်ယောက်နဲ့ သေချာပေါက် သောက်ပါ့မယ်" ချင်ယွင်သည် သူ၏လက်နှစ်ဖက်ကိုယှက်ကာ ဖက်တီးလျူနှင့် ကိုပိန်ကျန်းတို့ကို နှုတ်ဆက်ပြီးလှည့်ထွက်လာခဲ့သည်။

ချင်ယွင်ထွက်သွားသည်နှင့် တပြိုင်နက် ကိုပိန်ကျန်းက ဖက်တီးလျူကို အလျင်အမြန်ဆွဲလိုက်ပြီး "ဖက်တီး၊ လင်းယွင်က သာမန်သေမျိုးတစ်ယောက်ပဲလေ၊ မင်းက ဘာလို့ သူ့ကို ဒီလောက် ယဉ်ကျေးရတာလဲ"

"ချိ, မင်းဘာသိလို့လဲ" ဖက်တီးလျူက ကိုပိန်ကျန်းကို မျက်စောင်းထိုးရင်း ပြောလိုက် သည်။

"ဘာလို့ နားမလည်ရမှာလဲ။ ကိုငပိန်ကျန်းက အထင်သေးသည့် အမူအရာကို ထုတ်ဖော်ရင်း ချက်ချင်းပင် ပြန်ပြောလိုက်သည်။

"ဒါဆို ဘယ်လိုလဲ၊ လောင်းကြေးထပ်လိုက်ရအောင်။ လင်းယွင်က သာမန်မဟုတ်ဘူးဆိုရင်၊ ငါ့အတွက် ထိပ်တန်း နွေဦးနန်းတော်ပုံပြစာအုပ်တစ်လတာ ဒကာခံရမယ် ဘယ်လိုလဲ။" ဖက်တီးလျူက ကောက်ကျစ်လျှင်စွာ ပြုံးလိုက်သည်။

ကိုငပိန်ကျန်းလည်း ခဏလောက်စဉ်းစားပြီး "ကောင်းပြီလေ၊ မင်းငါ့ကို မယုံကြည်နိုင်ဘူးဆိုတော့ ဒီကောင်လေးနဲ့ပတ်သက်ပြီး ဘာမှဖြစ်မလာရင်တော့ ဒီနွေဦးနန်းတော်ပုံပြစာအုပ် တစ်လစာက ငါ့အပိုင်ဖြစ်လိမ့်မယ်"

"ကောင်းပြီ၊ ဒါက သဘောတူညီချက်တစ်ခုပဲ။" ဖက်တီးက ပြတ်ပြတ်သားသား သဘောတူသည်။

"ဒါဟာ သဘောတူညီချက်တစ်ခုပဲ!" ကိုပိန်ကျန်းက "ငါ့ကို ယုံကြည်ရလောက်အောင် မင်းဘာအကြောင်းပြချက်ပေးနိုင်မလဲဆိုတာ ငါကြည့်ချင်တယ်

ဟမ့်!"

ဖက်တီးလျူက ပြုံးပြီးပြောသည် " မင်းရှုံးတော့မယ်ကွ။ ဒီကလေး ငါတို့ကိုကြည့်တဲ့ ပုံစံက သာမာန်သေမျိုးတွေနဲ့ နည်းနည်းကွာတယ် မထင်ဘူးလား၊ သူက မျက်နှာပြင်ပေါ်မှာ ချိုသာတဲ့ အမူယာရှိပေမယ့် သူ့မျက်လုံးထဲမှာတော့ ကြောက်လန့်တဲ့ အရိပ်အယောင်မျိုး နည်းနည်းလေးမှမတွေ့ရဘူး။"

"ဟမ့်၊ ဒါက ဘာကိုဆိုလိုတာလဲ။" ကိုပိန်ကျန်းက အများကြီးတွေးမထားပေမယ့် ဖက်တီးလျူ၏ နောက်ဆုံးစကားကိုကြားပြီး နေမထိထိုင်မတာဖြစ်သွားခဲ့သည်။

"ဒါက တကယ်တော့ ဘာမှ ပြောလို့မရသေးပါဘူး၊ ဒါပေမယ့် နောက်ပိုင်းမှာ ငါက လမ်းညွှန်ချက်ပေးခြင်း ငါ့ရဲ့လျှပ်စီးနှလုံးသားကို မသိမသာ အသုံးပြုထားခဲ့တယ်။ မင်း ခန့်မှန်းကြည့်စမ်းကွာ ။" ဖက်တီးလျူက မျက်ခုံးပင့်လိုက်သည်။

ကိုပိန်ကျန်းလည်း မျက်မှောင်ကြုတ်ပြီး “ဘာဖြစ်နေတာလဲ” ဟု မေးသည်။

"အဆင့်တစ်ဆယ် ဝိညာဉ်အရင်းအမြစ်ကွ" ဖက်တီးက ပြန်ပြောသည်။

"ဘာ?" ကိုငပိန်ကျန်း၏ ပါးစပ်သည် ချက်ခြင်းကျယ်လာပြီး မယုံကြည်နိုင်စွာ ပြောလိုက်သည်။

"မှန်ပါတယ်၊ ငါလည်း ထိတ်လန့်သွားခဲ့တယ်။ ငါတို့ဂိုဏ်းရဲ့ အတော်ဆုံး ပါရမီရှင် ဘိုင်ချီဟန်က အဆင့်ခြောက် ဝိညာဉ်အရင်းအမြစ်ဘဲ၊ ဒီကလေးက တကယ်တော့ ဒဏ္ဍာရီဆန်ဆန် အဆင့်တစ်ဆယ် ဝိညာဉ်အရင်းအမြစ်ကို ပိုင်ဆိုင်ထား သူဘဲ" ဖက်တီးလျူက သက်ပြင်းချလိုက်သည်။

"မင်းမှားနေတာများလား?" ကိုပိန်ကျန်းက မျက်မှောင်ကြုတ်ရင်း ပြောလိုက်သည်။

"လခွမ်း, ငါက စမ်းသပ်ကြည့်ရူဖို့ ကောင်းကင်လျှပ်စီးအသေးတစ်ခုတောင် မသုံးနိုင်ဘူးလို့ မင်းထင်နေတာလား။" ဖက်တီးလျူက ဒေါသကိုမထိန်းနိုင်ဘဲ ကျယ်လောင်စွာ ကျိန်ဆဲလိုက်သည်။

ကိုပိန်ကျန်းသည် လေးလေးနက်နက် တွေးတောပြီး နောက်ဆုံးတွင် ရှုံးနိမ့်ကြောင်း ဝန်ခံခဲ့သည်။ "တကယ်လို့ မင်းပြောတဲ့အတိုင်းသာဆိုရင်၊ ငါတို့ မိုးကြိုးဝိညာဉ်ဂိုဏ်းက တကယ်ပဲ ဉာဏ်ရည်ထက်မြက်တဲ့ ပါရမီရှင်ကို တကယ်ရခဲ့တာဘဲ ၊မဟုတ်ဘူးလား၊ ဒါကို ဂိုဏ်းခေါင်းဆောင်ကို သတင်းပို့ရမယ်။"

ထွက်ခွာမသွားသေးသော ချင်ယွင်သည် ဤစကားကိုကြားသောအခါ ကူကယ်ရာမဲ့စွာ

ပြုံးလိုက်မိသည်။

သူက သတိမထားမိသည့် ပုံစံမျိုးရှိနေသည်။ ယခုလေးတင်မှ၊ ဖက်တီးက သူ၏ပခုံးကို ပုတ်ပြီး ထောက်လှမ်းတဲ့နည်းပညာရပ်ကို တကယ်သုံးခဲ့သည်။ တကယ်တော့ သူလည်း သတိမထားမိခဲ့ပါဘူး။ ယခု သူသည် မကြာခင်မှာဘဲ ဂိုဏ်း၏ အထက်အကြီးအကဲများ၏ အာရုံစိုက်မှုကို ရရှိလိမ့်မည်ဟု သူထင်ခဲ့သည်၊ ယင်းအတွက်ကြောင့် မည်သို့သောပြဿနာများကို ဖြစ်စေမည်ကို သူမသိပေ။

သို့သော်၊ ယင်းကလည်း သိပ်မဆိုးလှပေ။ ဤနည်းအားဖြင့်၊ သူသည် မိုးကြိုးဝိညာဉ်တောင်နေရာ၀င်ခွင့်ရရှိနိုင်ရန် သူ့အတွက် ပိုအကျိုးရှိမည်ဖြစ်သည်။

တောင်ခြေမှာတွေ့ရသည့် ဖက်တီးနှင့် ကိုပိန်ရှည်တို့၏ ကိုယ်ရေး အချက်အလက်နှင့်ပတ်သက်ပြီး ချင်ယွင်က အလွန်သိချင်နေခဲ့မိသည်။

All Chapters