← Chapters

တင်းကျပ်သော အဆင့်အတန်းများ

Vol. 4 Ch. 58

တင်းကျပ်သော အဆင့်အတန်းများ

Vol. 4 Ch. 58

အခန်း (၅၈) တင်းကျပ်သော အဆင့်အတန်းများ

ချင်ယွင်သည် တံဆိပ်ပြားကိုင်ဆောင်ကာ ဖက်တီးလျူ၏ စကားကို နားထောင်နေရာမှ သူသည် တောင်ပေါ်လမ်းအတိုင်း ဆက်လျှောက်လာခဲ့သည်။

မိုးကြိုးဝိညာဉ်ဂိုဏ်းသည် အလေးအမြတ်ထားအပ်သော အင်မော်တယ်ကမ္ဘာ၏ ကျင့်ကြံခြင်းနယ်မြေ အငွေ့အသက်များရှိသည်ဟု ဆိုရမည် ဖြစ်သည်။ တောင်ကြီး ဆယ့်ရှစ်တောင်သည် ဆက်တိုက်ဆိုသလို မြင့်တက်လာပြီးမှ နိမ့်ဆင်းသွားသည်။ စိမ်းလန်းစိုပြေသော အသီးအရွက်များနှင့်အတူ မြူခိုးများက ဖုံးလွှမ်းထားသည်။ ဤတိမ်တိုက်များ၏ နောက်ကွယ်တွင် ကြီးကျယ် ခမ်းနားထည်ဝါ သော နန်းတော်များရှိသည်။

ယခုအချိန်တွင်၊ ချင်ယွင်သည် မိုးကြိုးဝိညာဉ်ဂိုဏ်း၏ အပြင်ဘက်အစွန်ဆုံး၊ မိုးကြိုးဝိညာဥ်ဂိုဏ်း၏ တောင်ထိပ်ဆယ့်ရှစ်ခုထဲမှ တခုဖြစ်သော မိုးကြိုးတောင်ထိပ် လေးတစ်ခုတွင် ရှိနေသည်။

မိုးကြိုးတောင်ထိပ်လေးသည် အတိုဆုံးတောင် ထိပ်ဖြစ်သော်လည်း ၎င်းသည် အတော်အတန်စကားထဲ ထည့်ပြောလို့ရသည့် အနေအထားမျိုးထိ မြင့်သေး၏။ ဤတောင်ထိပ်တစ်ခုတည်းသာ သီးသန့်ရှိနေမည်ဆိုလျှင် တိမ်များပေါ်ထိ မြင့်တက်နေသော ရှုခင်းတစ်ခုဖြစ်လာမည်မှာ သေချာပါသည်။

မိုးကြိုးတောင်ထိပ်လေး၏ တောင်တက်လမ်းများသည် မတ်စောက်ပြီး အကွေ့အကောက်ရှိ၏ ။ ဤတောင်ခြေမှ တောင်ထိပ်ကိုရောက်ဖို့ မိုင်တစ်ဒါဇင်ကျော် လမ်းလျှောက်ရသည်။

ရှေးဟောင်းခေတ် အစိမ်းရောင်ကြာပန်းပညာရပ်ဖြင့် အချိန်အတော်ကြာ သန့်စင်ခြင်းခံထားရသော ချင်ယွင်၏ခန္ဓာကိုယ်သည် ဤကဲ့သို့ ခရီးမျိုးအတွက် ဘာမှမဟုတ်သော် လည်း သာမာန်သူဌေးသူကြွယ်မိသားစု၏ တပည့်များနှင့် ဂိုဏ်းရှိ အစေခံတပည့်များအတွက်တော့ ဤအကွာအဝေးသည် အသက်သမျှ အရေးပါလှ သည်။ တောင်ခြေမှ တောင်ပေါ်ရောက်ရန်အတွက် သူတို့သည် တစ်နေကုန် အချိန်ဖြုန်းပြီး သွားလာကြရ၏။

ချင်ယွင်သည် အလျင်အမြန်တက်ရန်အတွက် လေအရိပ်ခြေလှမ်းများကို အသုံးမပြုဘဲ တစ်ကြိမ်လျှင် ခြေတစ်လှမ်းလှမ်းကာ အလျင်စလိုမဟုတ် ဖြည်းဖြည်းချင်း တက်သွားခဲ့သည်။

ထိုသို့ဖြစ်ရခြင်းအကြောင်းရင်းမှာ ချင်ယွင်က ၎င်းကို သေချာစဉ်းစားနေသောကြောင့် ဖြစ်သည်။ နောက်ဆုံးတော့၊ သူ၏ လှုပ်ရှားမှုတိုင်းကို စောင့်ကြည့်နေသည့် မွန်စတားအိုကြီးများ ရှိမရှိ သူမသိနိုင်ပါဘူး။

နာရီအနည်းငယ်ကြာ လမ်းလျှောက်ပြီးနောက် ချင်ယွင်သည် နောက်ဆုံးတွင် တောင်ထိပ်သို့ရောက်ပြီး သစ်တောနောက်ကွယ်တွင် ဖုံးကွယ်နေသော အဆောက်အအုံများကို နောက်ဆုံးတွင် တွေ့လိုက်ရသည်။

ချင်ယွင်သည် လှေကားထစ်တိုင်းကို တက်လာခဲ့ပြီး သူ၏ရှေ့ရှိ အလွန်ကျယ်ဝန်းသော နေရာတစ်ခုသို့ ဝင်လိုက်သည်။ကျယ်ဝန်းသောနေရာ တစ်ခုလုံးကို အဖြူရောင် စကျင်ကျောက်ဖြင့် ခင်းထားသည်။ ၎င်းနေရာသည် ဓားပညာရပ်များကို လေ့ကျင့်ရန် အစေခံတပည့်များ အသုံးပြုသည့်နေရာဖြစ်သင့်၏။

နောက်တစ်ခုက တန်းစီဆောက်ထားသော အိမ်ခန်းများ ဖြစ်သည်။ ဤအိမ်များ အားလုံးသည် ရှေးဟောင်း လက်ရာမြောက်ပြီး ခမ်းနားလှသည်။ ဤအဆောက် အဦးများသည် အစေခံတပည့်များနေထိုင်သည့် အဆောက် အဦးများဟု လုံးဝမထင်ရပေ။

မီးခိုးရောင်အဝတ်စား၀တ် တပည့်ငယ် များ သည် ရံဖန်ရံခါ ဖြတ်သွားကြသည်။ သူတို့ သည် အလုပ်သမားခန်းမ၏ တပည့်များဖြစ်ရမည်။

ချင်ယွင်သည် ချင်ဘာတန်၏အထံမှ မိုးကြိုးဝိညာဉ်ဂိုဏ်းနှင့် ပတ်သက်ပြီး နိဒါန်း မိတ်ဆက်အကျဉ်းချုပ်စကားကို ကြားဖူးထားသည်။ ဤမိုးကြိုး ဝိညာဉ်ဂိုဏ်းသည် အလွန်တင်းကျပ်ပြီး သူတို့ဝတ်ဆင်သည့်အဝတ်အစားများအလိုက် တပည့်များသည် လည်း တူညီချင်းမရှိ ကွဲပြားကြသည်။ အစေခံတပည့်များသည် မီးခိုးရောင် အဝတ်အစားများကို ဝတ်ဆင်ကြရပြီး အပြင်စည်းဂိုဏ်း၀င်တပည့်များသည် အဖြူရောင်ပိုးထည်ဝတ်စုံကို ၀တ်ဆင်ကြသည်။

အတွင်းစည်းဂိုဏ၀င်တပည့်များကို တရား၀င်တပည့်များ ဟုခေါ်ကြသည်။ သူတို့ဝတ်ထားသမျှသည် အပြာရောင်ပိုးထည်နှင့် ရက်လုပ်ထားသည့် အ၀တ်အစားများ ဖြစ်သည်။

လက်ရွေးစင်တပည့်များအတွက်တော့ သူတို့အပေါ်ဆက်ဆံပုံက ပိုလို့တောင် ရက်ရောပါသေး၏။ သူတို့ဝတ်ထားသမျှသည် အထူးသန့်စင်ထားသော ခရမ်းရောင် တိမ်တိုက်ပိုးထည် မှော်အ၀တ်စားများဖြစ်ကြပြီး ၎င်းဝတ်စားများသည် ပထမအဆင့် ကောင်းကင်အလွှာ သိုင်းသခင်၏ စွမ်းအားအပြည့် တိုက်ခိုက်မှုကိုပင် ခံနိုင်ရည်ရှိကြသည်။

ထို့ကြောင့်၊ မိုးကြိုးဝိညာဉ်ဂိုဏ်းတွင် မတူညီသောအရောင်ကို ဝတ်ဆင်ထားသည့် တပည့်များသည် မတူညီသော ရာထူးများရှိ ကြသည်။ မီးခိုးရောင်အဝတ်အစားဝတ် အစေခံတပည့်များသည် သဘာဝအတိုင်း အနိမ့်ဆုံးအဆင့် အတန်းရှိကြသူများ ဖြစ်သည်။

အဆင့်အတန်းနိမ့်သည့် တပည့်မှန်သမျှသည် အဆင့်အတန်းမြင့်သည့်တပည့်များကို တွေ့ဆုံရမည်။ ဤသည်မှာ မိုးကိုကြိုးဝိညာဉ်ဂိုဏ်း၏ စည်းမျဉ်းဖြစ်သည်။

ချင်ယွင်သည် ထိုကဲ့သို့ အဆင့်အတန်းခွဲသည့် ပုံစံကို အနည်းငယ် ရွံရှာခဲ့သော်လည်း ၎င်းကို မုန်းတီးသည့်အဆင့်သို့ မရောက်ခဲ့ပေ။ ထို့အပြင်၊ မိုးကြိုးဝိညာဉ်ဂိုဏ်း၏ ရာစုနှစ်များစွာကြာ အုပ်ချုပ်မှုကို စိန်ခေါ်ရန် သူ့တွင် အင်အားရှိသည်ဟုလည်း သူ မထင်ခဲ့ပေ။

ဟုတ်ပါသည်၊ သူသည် တခြားသူများကို သူ၏ဂုဏ်သိက္ခာကို နင်းတက်ရန် ခွင့်ပြုမည့်လူစားမျိုးတော့ မဟုတ်ပါဘူး။ လက်ရွေးစင် တပည့်တစ်ဦးဖြစ်လျှင်ပင်၊ တစ်စုံတစ်ယောက်သည် သူ၏အောက်ခြေအနားသတ်ကို ထိမိနေသမျှ ကာလပတ်လုံး သူသည် ထိုသူ့ကို သတ်ပစ်နိုင်သေးသည်။

ပတ်ဝန်းကျင်မှ တပည့်များသည် ချင်ယွင် ကဲ့သို့သော အပြင်လူတစ်ဦးကို မြင်သောအခါ သူတို့သည် လုံးဝမအံ့သြခဲ့ကြပေ။ ထို့အပြင်၊မိုးကြိုးဝိညာဉ်ဂိုဏ်းသည် အလုပ်သမား တပည့်အသစ်များကို တခါတရံ စေလွှတ်ထား

သောကြောင့် ချင်ယွင်၏ အသွင်အပြင်သည် ၎င်းတို့ထံမှ အာရုံစိုက်မှုကို များစွာမရရှိခဲ့ပေ။

သို့သော် ချင်ယွင်ကို ကြည့်သည့် သူတို့၏အကြည့်များသည် သနားစိတ်အပြည့်ဖြင့် ရှိနေသည်ကိုမြင်လျှင် ချင်ယွင်သည် မျက်မှောင်ကြုတ်သွားခဲ့သည်။

ချင်ယွင်သည် ပတ်ဝန်းကျင်ကို တစ်ချက်ကြည့်လိုက်ပြီး အလယ်ဗဟိုရှိ တစ်ခုတည်းသော နှစ်ထပ်တိုက် ဖြစ်သော အလုပ်သမားခန်းမကို တွေ့ရှိခဲ့သည်။

ချင်ယွင်သည် အလုပ်သမားခန်းမထဲသို့ လျှောက်သွားရာ အထဲမှာ နေရာအတော်အတန်ရှိနေသည်ကို တွေ့လိုက်ရသည်။

အခန်းအတွင်းပိုင်းတွင် မီးခိုးရောင်၀တ်စုံ၀တ်ဆင်ထားပြီး သူ၏ဝတ်စုံလက်မောင်းတွင် ခရမ်းရောင်လျှပ်စီးကြောင်းများပုံစံ ပန်းထိုးအပ်ဖြင့် ထိုးထားသည့် တပည့်တဦး ရှိ၏။ ထိုအချိန်တွင် ထိုတပည့်သည် သူ၏ခြေထောက်များကိုဆန့်ကာ ကုလားထိုင်ပေါ် တွင် နောက်ပြန်လှဲပြီး မျက်လုံးမှိတ်ကာ အိပ်နေလေသည်။ ချင်ယွင်က ဤသူသည် ဤအလုပ်သမားခန်းမ၏ အကြီးမှူးဖြစ်ကြောင်း မှန်းဆခဲ့သည်။

ဒါကြောင့် သူက ရှေ့ကိုလှမ်းပြီး “အကိုကြီး၊ မင်းက ဒီမှာ အကြီးမှူးလား” ဟု မေးလိုက်သည်။

ထိုတပည့်သည် ထိုအသံကိုကြားသောအခါ မျက်လုံးဖွင့်ကာ ချင်ယွင်ကို စိတ်မရှည်စွာ ကြည့်လိုက်သည်။ ထို့နောက် မျက်လုံးစုံမှိတ်ကာ ဆက်အိပ်နေလေသည်။

ချင်ယွင်သည် ရှေ့ဆက်ပြီးမေးတော့မည့် "တောင်းပန်..."

ထိုတပည့်က ကုလားထိုင်ပေါ်မှ ချက်ချင်းထပြီး "မင်းမှာ မျက်စိမပါဘူးလား၊ ငါ အိပ်နေတာ မတွေ့ဘူးလား ။ ငါ နိုးတဲ့အချိန်မှ လာသင့်တာမဟုတ်လား"

ထိုစကားကို ပြောပြီးနောက် ကုလားထိုင်ပေါ်၌ ဆက်လက် အိပ်ပျော်သွားခဲ့သည်။

ချင်ယွင်သည် အနည်းငယ် မျက်မှောင်ကြုတ်လိုက်သည်။ သူက တစ်ဖက်လူကို ယဉ်ကျေးခဲ့သည်။ တစ်ဖက်သားလူက သူ့ကို ပျော့ညံ့သည့် ပန်းသီးတစ်လုံးကဲ့သို့ သဘောထားသည့် အတွက် သူ ဒေါသအနည်းငယ် ထွက်သွားသည်။

သို့သော်လည်း တဖက်လူသည် ဤနေရာ၏ အကြီးအမူး ဖြစ်သည်။ ပထမနေ့မှာပင် တစ်ဖက်လူကို စိတ်အနှောင့်အယှက်ဖြစ်စေပါက နောင်ပိုင်းတွင် မည်သို့ ဆက်ဆံရမည်ကို သူ မသိနိုင်ပေ။

သေချာသည်မှာ၊ တဖက်လူသည် အဋ္ဌမအဆင့် ကောင်းကင်အလွှာ သိုင်းပညာရှင် တဦးသာ ဖြစ်တာကြောင့် သူ့အတွက် ခြိမ်းခြောက်မှုများစွာပြုလုပ်ဖို့ မဖြစ်နိုင်ပေမယ့် သူ့ကို ဒုက္ခအများကြီးပေးပါလိမ့်မည်။

ထို့ကြောင့် ချင်ယွင်သည် ခဏတာခံနိုင်ရည်ရှိရန် ရွေးချယ်ခဲ့ပြီး အကြီးအမှူး တပည့်နိုးလာစေရန် စောင့်ဆိုင်းနေခဲ့သည်။

တစ်နာရီခန့်ကြာသောအခါ အကြီးအမှူးတပည့်သည် နောက်ဆုံးတွင် သမ်းဝေသွား သည်။ သူသည် ကုလားထိုင်မှထထိုင်ကာ ချင်ယွင်ကို ကြည့်လိုက်သည်။ "မင်းမှာ တံဆိပ်ပြားရှိလား"

"ဟုတ်ကဲ့။" သူ၏စကားကြားတော့ ချင်ယွင်က သူ၏ရင်ခွင်ထဲက တံဆိပ်ပြားတစ်ခုကို အမြန်ထုတ်ယူပြီး အကြီးအမှူးတပည့်ထံ ပေးလိုက်သည်။

အကြီးအမှူးတပည့်သည် တံဆိပ်ပြားကို တစ်ချက်ကြည့်လိုက်ပြီးနောက် ချင်ယွင်ဆီကို သိုလှောင်အိတ်တစ်လုံးကို ပစ်ပေးလိုက်သည်။ သူက အေးစက်စွာ ပြောသည် "အထဲမှာ မင်းရဲ့ကိုယ်ရေးအချက်တံဆိပ်ပြားနဲ့ မိုးကြိုးဝိညာဉ်လေး ပညာရပ် အဲဒါကို ယူသွားပြီး ကျင့်ကြံလိုက်တော့။ ပြီးရင် မီးဖိုချောင်ကို တိုက်ရိုက် သွားလို့ရတယ်။ အဲဒီကိုရောက်ရင် တစ်စုံတစ်ယောက်က မင်းကို ဘာလုပ်ရမယ်ဆိုတာ ပြောပြလိမ့်မယ်။"

"နားလည်ပါပြီ။ ကျေးဇူးတင်ပါတယ် အစ်ကိုကြီး" ချင်ယွင်က ကမန်းကတန်း ကျေးဇူးတင်ဟန်ဆောင်လိုက်သည်။

အကြီးမှူးတပည့်က မျက်နှာရွဲ့ပြီး သူ၏လက်ကို စိတ်မရှည်စွာ ဝှေ့ယမ်းကာ "မြန်မြန် ပြေးလိုက်တော့ ၊ ငါ ခဏလေးပဲ အိပ်ရသေးတယ်"

"ဟုတ် ဟုတ်ကဲ့ ဟုတ်ကဲ့ပါ!" ချင်ယွင်က ဆောလျင်စွာ ခေါင်းညိတ်လိုက်ပြီး တံခါးအပြင်ကို ထွက်လာခဲ့သည်။

အကြီးအမှူးတပည့်သည် ချင်ယွင်ထွက်ခွာသွားသည်ကိုမြင်ပြီး သူက အထင်အမြင်သေးသည့် အမူအရာဖြင့် "ချီး ၊ မင်းတို့က ချမ်းသာတဲ့မိသားစုက ချမ်းသာတဲ့လူငယ်သခင်လေးတွေပဲ မဟုတ်လား၊ ဒီအဖေကြီးရဲ့နေရာကို ရောက်တဲ့ အခါ မြေးတွေလိုဘဲ နာခံမှုမပြလို့ မရဘူးကွ " ဟု ပြောလိုက်သည်။

ထိုသို့ပြောပြီးနောက် ကုလားထိုင်ပေါ်ပြန်လှဲကာ ဆက်အိပ်လိုက်သည်။

ချင်ယွင်သည် တံခါးဝမှ ထွက်သွားခါနီးတွင် နောက်ပြန်လှည့်ပြီး ဆက်အိပ်ရန် အသင့်ဖြစ်နေပြီး ကုလားထိုင်ပေါ်တွင် လဲလျောင်းနေသော အကြီးအမှူးတပည့်ကို တစ်ချက်ကြည့်လိုက်သည်။ ရုတ်​တရက်​ပင်​ သူ၏မျက်​နှာတွင်​ ဆိုးသွမ်း​သောအပြုံးတစ်​ခု ​ပေါ်လာသည်​။

ချင်ယွင်သည် နတ်ဘုရားအသွင်ပြောင်း ပညာရပ်ကို ချက်ချင်း အသုံးပြုပြီး မရင်းနှီးသော ရုပ်အသွင်အပြင်အဖြစ်သို့ ပြောင်းလဲသွားသည်။ ထို့နောက် လေအရိပ်ခြေလှမ်းများကိုသုံးကာ အကြီးအမှူးတပည့်၏ နောက်မှာ ပေါ်လာ သည်။ ထို့နောက် အကြီးအမှူးတပည့်သည် မျက်လုံးမဖွင့်မီတွင် အကြီးအမှူး တပည့်အား ဝက်ခေါင်းကဲ့သို့ ဖူးရောင်လာသည်အထိ ရိုက်နှက်ဆုံးမလိုက်သည်။

ရိုက်နှက်ဆုံးမပြီးသွားသည့်အခါ လေအရိပ်ခြေလှမ်းများကို အသုံးပြုပြီး ခန်းမထဲမှ ပျောက်ကွဲသွားခဲ့သည်။

ထိုအချိန်တုန်းက ၊ ချင်ယွင်သည် အကြီးအမှူးတပည့်အား သူ၏မျက်နှာကို တမင်တကာ မြင်စေခဲ့သည်။ အကြီးအမှူးတပည့်သည် သူ့ကိုသံသယမ၀င်မိစေရန် ကြိုတင်ကာကွယ်သည့် အနေဖြင့် ထိုအကြီးအမှူးတပည့် လုံး၀မရင်းနှီးသော မျက်နှာကို သူအသုံးပြုခဲ့သည်။

ချင်ယွင်သည် အလုပ်သမားပင်မခန်းမမှ ထွက်သွားပြီး မကြာမီပင် အကြီးအမှူး တပည့်၏ ဒေါသတကြီး ကျိန်ဆဲသံများက သူ၏နားထဲတွင် ထွက်ပေါ်လာသည်။

"မင်းဘိုးဘေးတွေရဲ့မျိုးဆက်ဆယ့်ရှစ်ဆက်လုံးကို လပျွတ်ပဲကွာ! ဘယ်ကောင်က ငါ့ကို ချောင်းမြောင်းရိုက်ရဲတာလဲကွ။ မင်းကို ဖမ်းမမိစေဖို့ ဆုတောင်းထား။ မဟုတ်လို့ကတော့ မင်းကို အစိတ်စိတ်အမြွှာမြွှာ ဆုတ်ဖြဲပစ်မယ်"

ချင်ယွင်သည် ကျယ်လောင်စွာ ရယ်မောလိုက်သည်။ မောက်မာသော အကြီးအမှူး တပည့်ကို ရိုက်နှက်ပြီးနောက် သူသည် ပို၍ သက်တောင့်သက်သာရှိမူကို ခံစားရသည်။ တစ်ချိန်တည်းမှာပင် ချင်ယွင် ထိုအကြောင်းကို တွေးနေခဲ့မိ သည်။ နောင်အနာဂတ်တွင် သူကို မပျော်မရွှင် ဖြစ်အောင်လုပ်သည့် လူတိုင်းကို ဤနည်းဖြင့် သင်ခန်းစာပေးလျှင် ကောင်းမည်ဟုတွေးမိ၏။

ယခုတွင်၊ ဤ နတ်ဘုရားအသွင်ပြောင်းခြင်းပညာရပ်သည် အလွန်အံ့သြဖွယ် ကောင်းသည့် နတ်ဘုရားစွမ်းရည်တစ်ခုဖြစ်ကြောင်း သူပို၍ ရှာဖွေတွေ့ရှိခဲ့သည်။

All Chapters