ချီစွမ်းအင်လမ်းကြောင်း ပိတ်ဆို့ခြင်း။
Vol. 4 Ch. 60
အခန်း (၆၀) ချီစွမ်းအင်လမ်းကြောင်း ပိတ်ဆို့ခြင်း။
ချင်ယွင်သည် လေပြင်းချောက်နက်ထဲတွင် တင်ပျဉ်ခွေ ထိုင်နေသည်။ အေးစက်သော လေသည် ချွန်ထစ်သောဓားများကဲ့သို့ ချင်ယွင်၏ ခန္ဓာကိုယ်အနှံ့ လျင်မြန်စွာ ဝှေ့ယမ်းဖြတ် တောက်ပြီး သူ့အား အရိုးဖောက်မတတ် နာကျင်မူ ခံစားရစေသည်။
"ဒါက လေပြင်းချောက်နက်ကြီးရဲ့ဒုတိယအဆင့်ပဲရှိသေးတဲ့ ဧရိယာလား? ဘယ်လောက် ကြောက်စရာကောင်းလိုက်လဲ။"ချင်ယွင်သည် ထိုနေရာသို့ ခြေလှမ်းချ သည်နှင့် တပြိုင်နက် လေပြင်းကြောင့် ဒဏ်ရာများ ဖုံးလွှမ်းသွားရသည်။ သူသည် မချိမဆန့်ဝေဒနာကို ခံစားနေရသည့် အခြေအနေမျိုးကို ခံစားခဲ့ရသည်။
ထို့အပြင် ထိုဧရိယာရှိ လေဓားများသည် မိုးပြာရောင်လေဓားများ မဟုတ်တော့။ ယင်းအစား၊ ၎င်းတို့သည် ပုစဉ်းရင်ကွဲအတောင်များကဲ့သို့ သေးငယ်သော ဓားများဖြစ်သည်။ ၎င်းတို့သည် အလွန်အစွမ်းထက်ပြီး သူ၏ခန္ဓာ ကိုယ်ကို အလွယ်တကူ ထိုးဖောက်နိုင်ခဲ့သည်။
ယင်းကြောင့် ချင်ယွင်သည် တစ်စက္ကန့်မျှသာ ခြေချပြီးနောက် ဆုတ်ခွာသွားခဲ့ရသည်။
"ဒီဧကရာဇ် ယူမင်က ဘယ်လောက်ထိတောင်မှ ကြောက်စရာကောင်း နေရတာလဲ၊ ဒီသဘောတရားရဲ့ဒုတိယအဆင့်က သိပ်ကို အားကောင်းလွန်းနေပါ လား" ချင်ယွင်သည် ထိတ်လန့်စွာပြောသည်။
သဘောတရားကို နားလည်ခြင်း၏ ဒုတိယအဆင့်တွင်၊ သူသည် တစ်စက္ကန့်မျှပင် မရပ်တည်နိုင်ခဲ့ပေ။ အတင်းအကြပ် ဝင်လိုက်မည်ဆိုလျှင် သူသည် လေဓားများ၏ အရေခွံနွှာပြီး အရိုးခြစ်ထုတ်ခြင်းကို ခံစားရနိုင်သည်။
"အရူးပဲ၊ မင်းက သဘောတရားရဲ့ ပထမအဆင့်ကိုတောင် နားမလည်သေးဘူးလေ ၊ ဒါကြောင့် မင်းက သဘောတရား ဒုတိယအဆင့်ရဲ့တိုက်ခိုက်မှုကို သဘာဝအတိုင်း မခံနိုင်ဘူးပေါ့" ရှေးဟောင်းတာအို၏အသံက ချင်ယွင်၏ စိတ်ထဲတွင် မိုးခြိမ်းသံကဲ့သို့ ထွက်ပေါ်လာသည်။
ချင်ယွင်သည် ရုတ်တရတ် သဘောပေါက်မလာခင် တခဏလောက် ထိတ်လန့်သွား ခဲ့သည်။
လေပြင်းချောက်နက်ကြီး ၊ လေပြင်းချောက်နက်ကြီးသည် သဘာဝအတိုင်း လေထုဖြတ်တောက်ခြင်း သဘောတရားတစ်ခုမျှသာမဟုတ်ဘဲ လေဝိညာဉ်နှင့် လေကိုအသွင်ပြောင်းခြင်း သဘောတရားတို့ကို ပေါင်းစပ်ထားခြင်းဖြစ်သည်။
ယခင်က သူသည် လေထုဖြတ်တောက်ခြင်းသဘောတရားကိုသာ အာရုံစိုက်ခဲ့၏။ သို့သော်လည်း ယခုအခါ သူမှားနေပြီဟု ထင်ရသည်။
"တကယ်တော့ ချင်ဘာတန် ပြောတာမှန်တယ်။ ပေါက်ကွဲလျှပ်စီးနဲ့ မြန်နှုန်းမြင့် လျှပ်စီးကို သဘောတရားအဆင့်မှာ ပေါင်းစပ်ဖို့ ကြိုးစားတာက ဘာမှမမှားဘူး။ ဧကရာဇ်ယူမင်ဟာ သဘောတရားအဆင့်မှာတင် တူညီတဲ့စွမ်းရည်အပေါ် နားလည်မူကို ပေါင်းစပ်ရန် စတင်ခဲ့တယ်။ သူ့ရဲ့ကျင့်ကြံမူအဆင့်က အလွန် နှေးကွေးပေမယ့် ၎င်း၏စွမ်းအားသည် ထိတ်လန့်တုန်လှုပ်စရာကောင်းတယ်။ "မင်းမြင်တဲ့အတိုင်းပဲ၊ ဒီဒုတိယဧရိယာဟာ လေဝိညာဉ်၊ လေထုဖြတ်တောက်ခြင်းနဲ့ လေကိုအသွင်ပြောင်းခြင်း သဘောတရားများနှင့်ပတ်သက်ပြီး နားလည်မှုစွမ်းရည် သုံးမျိုးကို ပေါင်းစပ်ထားခြင်း၏ရလာဒ်ဖြစ်တယ်" ရှေးဟောင်းတာအိုက ဆက်ပြောသည် ။
ချင်ယွင်သည် ခဏမျှကြာအောင် တွေဝေငေးမောသွားပြီးနောက် သူ၏အာရုံများ ပြန်ပေါ်လာသည်။ ဒုတိယဧရိယာသို့ ဝင်လိုပါက သူသည်လေထုဖြတ်တောက်ခြင်း၊ လေကိုအသွင်ပြောင်းခြင်းနှင့်လေ၏လျင်မြန်သွက်လက်မူ သဘောတရားတို့နှင့် ပတ်သက်ပြီး သဘော တရားကိုနားလည်ခြင်းနယ်ပယ်၏ ပထမ အဆင့်အထိ ရောက်ရှိရမည် ဖြစ်ကာ ၎င်းတို့၏ စွမ်းရည်သုံးမျိုးကို နားလည်သဘောပေါက်ပြီး ၎င်းတို့ကို တပေါင်းတည်း ပေါင်းစည်းရန် လိုအပ်သည်။ (လေ၏ လျင်မြန်သွက်လက်မူ ဟူသည် လေဝိဉာဏ်သဘောတရားနှင့်အတူတူဖြစ်ပါသည်။ အခန်း(၄၃)မှာ ပြန်ဖတ် ကြည့်နိုင်သည်။ နောက်ပိုင်းများတွင် စာအုပ်ပါသည့်အတိုင်း သင့်သလိုရေးသား သွားပါမည်)
ယခုအခါ သူ၏လေထုဖြတ်တောက်ခြင်း သဘောတရားသည် ပထမအဆင့်သို့ ရောက်ရှိခဲ့ပြီး သူ၏လေဝိညာဉ်သည် တတိယအဆင့်သို့ ရောက်ရှိသွားပြီသောကြောင့် လေကိုအသွင်ပြောင်းလဲခြင်းသဘောတရားကို နားလည်သရွေ့ သူသည် ၎င်းစွမ်းရည် သုံးမျိုးကို ပေါင်းစပ်ရန် စတင်ကြိုးစားနိုင်မည်။
သို့သော်လည်း ဤလေကိုအသွင်ပြောင်းလဲခြင်းမှာ လေစွမ်းရည်များထဲတွင် အခက်ခဲဆုံး အင်္ဂါရပ်များထဲမှ တစ်ခုဖြစ်သည်။ ဤစွမ်းရည်ကို နားလည်ရန် အချိန်အတော်ယူရလိမ့်မည်။
အသွင်ပြောင်းလဲခြင်း၊ အသွင်ပြောင်းလဲခြင်း၊ အသွင်ပြောင်းလဲခြင်းဆိုတာ အတိအကျဘာလဲ။
ချင်ယွင်သည် ခဏတာမျှကြာအောင် နားမလည်နိုင်ဖြစ်ပြီး မည်သို့လုပ်ရမည်ကို လည်းမသိတော့ပေ။
သူသည် ရုတ်တရတ် သူ၏နဖူးကို ရိုက်လိုက်ပြီး ပြောလိုက်သည် "ငါ ဘယ်လောက်တောင် တုံးအလိုက်လဲ။ ဒီဒုတိယအဆင့် ဧရိယာက လေဒြပ်စင်သုံးမျိုးရဲ့ သဘောတရားကို ပေါင်းစပ်ခြင်းရဲ့ဒုတိယအဆင့်လေ။ သဘောတရားကို ပေါင်းစပ်ရှင်းရဲ့ ပထမဆင့်မှ မဟုတ်တာ။ ဒီနေရာမှာ ကောင်းစွာ နားလည် သဘောပေါက်ဖို့အတွက်ဆို လျှို့ဝှက်ဆန်းကျယ်တဲ့ အခြေအနေမျိုး ကြုံတွေ့ရမှသာ ကောင်းစွာနားလည်နိုင်လိမ့်မယ်။"
ဤအကြောင်းကို စဉ်းစားရင်း၊ ချင်ယွင်သည် ပထမအဆင့်ဧရိယာ၏ အလယ်ဗဟိုသို့ ပြန်လျှောက်လာခဲ့ပြီး ပတ်ဝန်းကျင်ရှိလေ၏ အပြောင်းအလဲများကို သေသေချာချာ နားလည်ရန် တင်ပျဉ်ခွေထိုင်လိုက်သည်။
ပြင်းထန်သော လေမုန်တိုင်းတိုက်ခတ်သံသည် ပြင်းထန်စွာ အော်ဟစ်နေဆဲ ဖြစ်သည်။ ချင်ယွင်၏ ခန္ဓာကိုယ်သည် ရှေးရှေးကတည်းက ဤလေပြင်းများဖြင့် သန့်စင်ထားပြီးဖြစ်သောကြောင့် ဤလေပြင်းများက သူ့ကို မထိခိုက်စေနိုင်ပေ။
လျှို့ဝှက်ဆန်းကြယ်သော မိုးပြာရောင်လေဓားများနှင့်ပတ်သက်၍လည်း ချင်ယွင်သည် သူ့ကို အနည်းငယ်မျှပင် မထိခိုက်စေဘဲ အလွယ်တကူ ပြိုကွဲသွားကြသည်။
မိုးပြာရောင်လေဓားသည် လေမှသိပ်သည်းထားသောကြောင့် အလွန်မင်းထက်ရှသည့် လေဓားပုံစံ ဖြစ်ပေါ်လာနိုင်သည်။ ဤသည်မှာ လေထု ဖြတ်တောက်ခြင်း ပထမအဆင့်၏ စစ်မှန်သော အဓိပ္ပါယ်ဖြစ်သည်။
လေဝိညာဉ်နှင့်ပတ်သက်၍ ချင်ယွင်သည် သူ ယခင်က သတိပြုမိခဲ့သည်ကို ပြန်သတိရမိသည်။ မိုးပြာရောင်လေဓားတိုက်ခိုက်မှု၏ ထူးခြားသော လမ်းကြောင်း သည် လေဓားအား ကြောက်မက်ဖွယ်ကောင်းသော အဖျက်စွမ်းအားကို ရရှိစေခဲ့သည်။ ယင်းက လေဝိညာဉ်သဘောတရားကြောင့် ဖြစ်ကောင်းဖြစ်နိုင်သည်။
ဒါပေမယ့် ဒီလေကိုအသွင်ပြောင်းလဲခြင်းက ဘယ်မှာလဲ။
ချင်ယွင် နားမလည်နိုင်ပေ။
အချိန်များ တရွေ့ရွေ့ ကုန်ဆုံးသွားခဲ့သည်။ အပြင်ဘက်ရှိ ကောင်းကင်ကြီး တောက်ပလာတော့မည်ကို မြင်ရစဉ်မှာပင် ချင်ယွင်သည် လေ၌အပြောင်း အလဲများကို နားမလည်နိုင်သေးပေ။
ကူရာမဲ့ဖြစ်ပြီး ၊ ချင်ယွင်သည် ကောင်းကင်ဘုံကိုးလွှာ ကြယ်စင်စုပုံကြမ်းမှ ထွက်ခွာရန် သာ ရွေးချယ်နိုင်ခဲ့သည်။
ကောင်းကင်ဘုံကိုးလွှာ ကြယ်စင်စုပုံကြမ်းမှ ထွက်သွားပြီးနောက် ချင်ယွင်သည် အပြင်ဘက်တွင် မိုးလင်းနေပြီ ဖြစ်ကြောင်း တွေ့ရှိခဲ့သည်။ သူသည် သူ၏ သိုလှောင်အိတ်ထဲမှ မီးခိုးရောင် တပည့်ဝတ်စုံအသစ်ကို ထုတ်ပြီး ၀တ်ဆင်ကာ ယခင်က ဇောင်ယုနှင့်သူစီစဉ်ထားသည့် ထင်းခွဲခန်းဆီသို့ လျှောက်လာခဲ့သည်။
လမ်းတစ်လျှောက်တွင် ချင်ယွင်သည် မီးဖိုချောင်မှ တပည့်များစွာကို တွေ့ခဲ့ရသည်။ တော်တော်များများက ချင်ယွင်ကို အားရပါးရ နှုတ်ဆက် ကြသည်။ ယင်းက လေ၏အသွင်ပြောင်းလဲခြင်းကို နားမလည်သည့် ချင်ယွင်ကို များစွာသက်သာလာစေခဲ့သည်။
သို့သော် ထင်းခွဲခန်းသို့ ရောက်သောအခါ သူ၏ရှေ့ရှိ မြင်ကွင်းက သူ့ကို အံ့အားသင့် စေခဲ့သည်။
အလွန်သန်မာသော တပည့်တစ်ဦးသည် တူညီသော မီးခိုးရောင် တပည့်ဝတ်စုံကို ဝတ်ဆင်ထားသည့် တပည့်တစ်ဦးအား မောက်မာစွာ နင်းချေကာ ကန်ကျောက်ခြင်း အနည်းငယ် ပြုလုပ်ခဲ့သည်။
သူ၏ခြေထောက်အောက်မှာ နင်းခံနေရသည့် တပည့်က စောစောက သူနေရန် အခန်းကို ခေါ်သွားခဲ့သည့် ဇောင်ယုဆိုသည်ကို ချင်ယွင်သည် ချက်ချင်း သိလိုက်ရသည်။ သို့သော် ချင်ယွင်သည် ခြေဖဝါးဖြင့်နင်းထားတာသော တပည့်ကို တစ်ခါမျှ မမြင်ဖူးပေ။ ထိုတပည့်သည်မီးဖိုချောင်ကတပည့် မဖြစ်နိုင်ပေ။
ထင်းခွဲခန်းမှ အခြားတပည့်များသည်လည်း ဇောင်ယုကို ကူညီဖို့နေနေသာသာ ရှေ့မတိုးဝံ့လောက်အောင် တုန်တုန်ယင်ယင်ဖြင့် ထောင့်တစ်နေရာတွင် ပုန်းနေကြသည်။
သို့သော်လည်း ချင်ယွင်သည် ပဉ္စမအဆင့် အထွက်ထိပ်ကောင်းကင်အလွှာ သိုင်းပညာရှင်တစ်ဦးဖြစ်သည့် ဇောင်ယုသည်အဘယ် ကြောင့် ဤမျှလောက် စိတ်ဆင်းရဲစွာ အနိုင်ကျင့်ခံရသနည်းဆိုသည့် အချက်ကို အံ့ဩနေခဲ့သည်။
သို့သော် မောက်မာသော ထိုတပည့်၏ နောက်စကားများက ချင်ယွင်ကို ရုတ်တရက် နားလည်သွားစေသည်။
"ဇောင်ယု၊ မင်းက အရင်ကလည်း သူရဲဘော ကြောင်သူတစ်ယောက်၊ အမှိုက်တစ်စ ဖြစ်သလိုအခုလည်းဖြစ်နေဆဲပဲ။ မင်းရဲ့ ကျင့်ကြံမှုက ပဉ္စမအဆင့် အထွတ်အထိပ် ကောင်းကင်အလွှာမှာ ရောက်နေတယ်ဆိုရင်ရော ဘာဖြစ်လဲ။ ငါ မင်းကို မနင်းချေနိုင်ဘူးလား" သန်မာသော လူငယ်သည် သူ၏ခြေထောက်အောက်က လူငယ်ကို ကြည့်ပြီး လှောင်ပြောင်ပြောဆိုနေသည်။
ဇောင်ယုသည် အံတင်းတင်းကြိတ်ကာ ဟောက်ပြီး "ဇောင်ယွမ် ၊ မင်း သေခြင်းတရားကို တောင်းခံနေတာဘဲ။..."
"ဟား၊ ဟား၊ ငါက သေခြင်းတရားကို တောင်းခံနေတာ ဟုတ်လား ။ ဘာလို့ မင်းကိုယ်တိုင် ကြောက်သေးပန်းနေရတာလဲ။ မင်းဟာ ပဉ္စမအဆင့် ကောင်းကင်အလွှာရဲ့ အထွတ်အထိပ်မှာ ရှိနေပေမယ့် သာမန်သေမျိုး
လူသားထက် တောင်မှ နိမ့်ကျလွန်းတယ်။ မင်း ငါ့ကို ဘာနဲ့ တိုက်ခိုက်မှာလဲ။ ?" ဇောင်ယွမ်အမည်ရှိ သန်မာသောလူငယ်သည် အထင်အမြင်သေးသည့် မျက်နှာဖြင့် ပြောလိုက်သည်။
ထိုစကားကိုပြောပြီးနောက် ဇောင်ယု၏မျက်နှာကို နင်းခြေရန် သူ၏ခြေဖဝါးကိုပင် အသုံးပြုပြီး ဇောင်ယု၏ပါးစပ်ထောင့်မှ သွေးများ စီးကျလာသည်။
ဇောင်ယွမ်၏ စကားကိုကြားတော့ ချင်ယွင်သည် အနည်းငယ် မျက်မှောင် ကြုတ်သွားသည် ။ သူသည် သူ၏စ်တ်ဝိညာဉ်စွမ်းအားကို
ထုတ်လွှတ်ပြီး ဇောင်ယု၏ ခန္ဓာကိုယ်တစ်ခုလုံးကို ကြည့်ရှုစစ်ဆေး ကြည့်သည်။သူကောင်းကောင်းမကြည့်ရသေးသော်လည်း သူမြင်လိုက်ရသည့် အရာကြောင့် သူ ချက်ချင်း အံ့သြသွားခဲ့သည်။
"ချီစွမ်းအင်လမ်းကြောင်းပိတ်ဆို့ခြင်း နည်းပညာရပ်လား! ဘယ်လောက်တောင် ရက်စက်လိုက်တဲ့ ပညာရပ်လဲ " ချင်ယွင် အံ့သြသွားသည်။
ချီစွမ်းအင်လမ်းကြောင်းပိတ်ဆို့ခြင်း နည်းပညာရပ်သည် အမှန်တကယ်တွင် လူတစ်ဦး၏ ခန္ဓာကိုယ်အတွင်းရှိ ချီစွမ်းအင်လမ်း ကြောင်းအားလုံးကို ပိတ်ပစ်သည့် ရက်စက်ကြမ်းကြုတ်သော သိုင်းပညာရပ်တစ်ခု ဖြစ်သည်။ ဤသိုင်းပညာရပ်ကို အသုံးပြုပြီးနောက်၊ လူတစ်ဦး၏ ခန္ဓာကိုယ်အတွင်းရှိ ချီစွမ်းအင် လမ်းကြောင်း အားလုံးကို ပိတ်ပစ်နိုင်သည်။
ဤနည်းအားဖြင့် ပိတ်ဆို့ခံရသူသည် ဆက်၍ ကျင့်ကြံနိုင် မပြုနိုင်သလို၊ သူ၏ခန္ဓာကိုယ်ရှိ ဝိညာဉ်စွမ်းအင်ကိုလည်း အသုံးမပြုနိုင်ပေ။ အချိန်ကြာလာသည်နှင့် အမျှ၊ သူ၏ခန္ဓာကိုယ်ရှိ ဝိညာဉ်စွမ်းအင်များ မထုတ်နိုင်တော့ဘဲ သူ၏ခန္ဓာကိုယ်သည် ပေါက်ကွဲကာ သေသည်အထိ ဖြစ်သွားလိမ့်မည်။ အလွန်ရက်စက်သည့် ပညာရပ်ဖြစ်၏။
ဇောင်ယုသည် သူ၏ချီစွမ်းအင်လမ်းကြောင်း များပိတ်ဆို့ရန် ဤပညာရပ် အသုံးပြုခံထားရလိမ့်မည်ဟု မည်သူထင်ထားမည်နည်း။ မည်သူက သူ့ကို ဤကဲ့သို့ ရန်ငြိုးထားပြီး ဤနည်းဖြင့် နှိပ်စက်ခဲ့ရသနည်း။
ထို့အပြင်၊ ချင်ယွင်သည် ဇောင်ယု၏ ခန္ဓာကိုယ်ရှိ ဝိညာဉ်စွမ်းအင်များသည် ပုံမှန်မဟုတ်ဘဲ မငြိမ်မသက် ဖြစ်နေကြောင်းကို ယခုလေးပင် တွေ့ရှိခဲ့သည်။ သူသည် ချီစွမ်းအင်လမ်း ကြောင်းပိတ်ဆို့ခြင်းနည်းပညာရပ်ကို အနည်းဆုံး သုံးနှစ်ကြာအောင် အသုံးပြုခံခဲ့ရသင့်သည်။ ဤအတိုင်းသာ ဆက်သွားနေမည်ဆိုရင် သူသည် နောက်သုံးလတောင် အသက်ရှင်နိုင်မှာ မဟုတ်ပါဘူး။
ယင်းကြောင့် ချင်ယွင်သည် မနေ့က ထွက်ခွာမသွားမီ ဇောင်ယုပြောခဲ့သည့် စကားကို ရုတ်တရက် သတိရသွားသည် 'ဒါဟာ သန်မာသူတို့ရဲ့ကမ္ဘာပဲ!' .
"သူဟာ ရက်စက်တဲ့ အရာတစ်ခုကို ကြုံဖူးရလိမ့်မယ် မဟုတ်ပါလား" ဇောင်ယုသည် အနည်းငယ်သနားစရာကောင်းပြီး သူ့ကိုကူညီရန် ကြိုတင်ပြင်ဆင်သင့်သည်ဟု ချင်ယွင် ရုတ်တရက် ခံစားလိုက်ရသည်။
သို့သော် သူကူညီရန်ထွက်ခါနီးတွင် ဆူဖြိုးသောအသွင်အပြင်တစ်ခုဝင်လာပြီး လမ်းလျှောက်၀င်လာပြီး လွှမ်းမိုးနိုင်စွမ်းရှိသောအော်ရာဖြင့် အော်ပြောလိုက်သည် "ဇောင်ယွမ် ၊ ငါ့မီးဖိုချောင်က မင်း ရိုင်းစိုင်းလို့ရတဲ့ နေရာမဟုတ်ဘူး" ။
စာစဉ်(၄)ပြီးပြီ။
ဘာသာပြန်သူ နေဇင်