← Chapters

ဇောင်ယုနှင့် တွေ့ဆုံခြင်း

Vol. 5 Ch. 61

ဇောင်ယုနှင့် တွေ့ဆုံခြင်း

Vol. 5 Ch. 61

အခန်း (၆၁) ဇောင်ယုနှင့် တွေ့ဆုံခြင်း

ဒေါသတကြီးဟောက်သံကိုကြားရလျှင် ထောင့်တ‌နေရာမှာပုန်းနေသည့် ထင်းခန်းမ တပည့်များ၏ မျက်လုံးများသည် တောက်ပလာသည်။

"ဟမ့်၊ ဖက်တီးချန်၊ မင်းအလုပ်မဟုတ်ရင် ဘေးရှောင်နေပါ။" ချန်တာဖန် ဝင်လာသည် ကိုမြင်တော့ ဇောင်ယွမ်၏အမူယာသည် ချက်ခြင်းပြောင်းလဲသွား မကျေနပ်သည့် လေသံဖြင့်ပြောလိုက်သည်။

ချန်တာဖန်၏ပါးစပ်ထောင့်များသည် အထင် အမြင်သေးသည့် လှောင်ပြောင်မှုအဖြစ် တွန့်ကွေးသွားသည်။ အဓိပ္ပါယ်မရှိသည့် မည်သည့်အပိုစကားမှမပြောဘဲ၊ သူ၏ နောက်ကျောမှအမည်မသိပစ္စည်းများဖြင့် ပြုလုပ်ထားသော ဇွန်းရှည်ကြီးကို တိုက်ရိုက် ဆွဲထုတ်လိုက်ပြီး ဇောင်ယွမ်ဆီသို့ ရိုက်ချလိုက်သည်။

ဇောင်ယွမ်သည် သူ၏စိတ်ထဲတွင် ဒေါသတကြီးဖြစ်သွားကာ ချန်တာဖန်၏ ဇွန်းရှည်ကြီးကို ထိုးနှက်ရန် သူ၏ လက်သီးနည်းစနစ်ကို ချက်ချင်းအသုံးပြုခဲ့သည်။

ချန်တာဖန်သည် မမျှော်လင့်ဘဲ သူ၏ဇွန်းရှည်ကြီးကို ရုတ်တရက်ပြန်ဆွဲကာ ရှေ့သို့ ခြေတစ်လှမ်းတိုးလိုက်သည်။ သူသည် ရုတ်တရက် ဇောင်ယွမ်၏ရှေ့သို့ ရောက်လာပြီး နောက်အရောင်မွဲသည့် ဧရာမတူကြီးတလက် ပေါ်လာသည်။

ဇောင်ယွမ်သည် သတိလက်လွတ်ဖြစ်ပြီး ရိုက်နက်ခံလိုက်ရကာ သူ၏တစ်ကိုယ်လုံးက နံရံကို ၀င်ရိုက်ခတ်ပြီး သူ၏ပါးစပ်မှ သွေးများ ထွက်ကျလာသည်။

"မင်းရဲ့ အ၀တ်လျှော်ခန်းမကို ပြန်သွားစမ်း!" ချန်တာဖန်သည် အလွန်အားနည်းသော အငွေ့သက်ဖြင့် မြေပြင်ပေါ်တွင် လဲလျောင်းနေသော ဇောင်ယွမ်ကို ကြည့်ရင်း အော်ပြောလိုက်သည်။

"ငါ့ကို စောင့်နေဦးပေါ့!" ဇောင်ယွမ်သည်ရင်ဘတ်ကို တင်းတင်းဆုပ်ပြီး မတ်တပ်ရပ်လိုက်သည်။ သူ၏အမူအရာက ခက်ထန်နေ၏။ အဆုံးတွင် သူသည် ကြမ်းတမ်းသော တည်စကားတစ်ခွန်းကိုပြောပြီး ထွက်ပြေးသွားခဲ့သည်။

ဇောင်ယွမ်ပြေးထွက်သွားသည်ကို ချန်တာဖန်မြင်သောအခါ သူ၏မျက်နှာပေါ်ရှိ ရက်စက်မှုတို့သည် တဖြည်းဖြည်း လျော့ပါးလာသည်။

ချင်ယွင် အနည်းငယ် အံ့သြသွားသည်။ ဤချန်တာဖန်၏ခွန်အားသည် တကယ့်ကို ထူးထူးခြားခြားဖြစ်သည်။ သူသည် သိုင်းပညာရှင်နယ်ပယ် ပဉ္စမအဆင့်အထွတ်အထိပ် ကောင်းကင်အလွှာ ဖြစ်သော်လည်း၊ သူ၏ အစွမ်းမှာ ဆဋ္ဌမအဆင့် ကောင်းကင်အလွှာ သိုင်းပညာရှင်တဦးထက် အားမနည်းပေ။ ထို့ကြောင့် ဤတစ်ကြိမ်တွင် သူသည် ဇောင်ယွမ်ကို အလွယ်တကူ အနိုင်ယူနိုင်ခဲ့သည်။

ဇောင်ယွမ် ထွက်ပြေးသွားသည်ကို မြင်လိုက်ရသဖြင့် ထင်းခန်းမမှ တပည့်များသည် သက်ပြင်းချကာ ဇောင်ယုကို ကူညီရန် ရှေ့တိုးလာခဲ့သည်။

ချန်တာဖန်သည် နှာခေါင်းရောင်ကာ ပါးစပ်မှသွေးထွက်နေသော ဇောင်ယုကို တစ်ချက်ကြည့်လိုက်သည်။ သူသည် သက်ပြင်းအနည်းငယ်ချလိုက်ပြီး ဘာမှမပြောဘဲ ထွက်သွားတော့သည် ။

ဇောင်ယု၏အမူအရာက အေးစက်သွားသည်။ တစ်ခဏမျှ ငြိမ်သက်ပြီးနောက် သူသည်တပည့်များကို အလုပ်ဆက်လုပ်ရန် စီစဉ်ခဲ့သည်။ ချင်ယွင်ကိုယ်တိုင်လည်း သူ၏အိမ်နောက်ဖေးကိုသွားပြီး ထင်းခုတ်ရန် စီစဉ်လိုက်သည်။

ဇောင်ယုသည် ထင်းခုတ်နေစဉ်အတွင်း စကားတစ်ခွန်းမှ မပြောဘဲ တိတ်တိတ် ဆိတ်ဆိတ် သစ်သားကို ခုတ်နေသည်။

ချင်ယွင်လည်း သူ့ကို မနှောင့်ယှက်ဘဲသူ၏ ဆရာ ရှေးဟောင်းတာအိုနှင့် စကားစမြည်

ပြောနေသည်။

"ဆရာ၊ ဒီချီစွမ်းအင်လမ်းကြောင်းပိတ်ဆို့ခြင်းပညာရပ်ကို ဘယ်လိုဖွင့်ရမလဲ" ချင်ယွင်က မေးသည်။

"ချီစွမ်းအင်လမ်းကြောင်းပိတ်ဆိုးခြင်းနည်းပညာရပ်ဟာ ရှေးဟောင်းခေတ် နတ်ဆိုး မျိုးနွယ်စုများ နားလည်သဘောပေါက်ခဲ့တဲ့ နတ်ဆိုးနည်းစနစ်တစ်ခု ဖြစ်တယ်။ ဒီနည်းစနစ်ဟာ ယုတ်ညံ့ပြီး ရက်စက်တယ်။ သို့သော် လွန်ခဲ့သော နှစ်ပေါင်း တသိန်းကျော် ကတည်းက ရှေး‌ဟောင်းခေတ် နတ်ဆိုးမျိုးနွယ်စုများကို ဖယ်ရှားခဲ့ပြီး ဖြစ်တယ်။ အကျိုးသင့် အကြောင်းသင့်ပြောရရင် ဒီလိုနတ်ဆိုးဆန်တဲ့ ပညာရပ်မျိုး ဟာ ကမ္ဘာလောကကြီးမှာ မတည်ရှိသင့်တော့ဘူး။ ရှေးဟောင်းတာအိုက စိတ်ရှုပ်ထွေး စွာဖြင့် ပြောလိုက်သည်။

"ဆရာ၊ ဒီလူငယ်ကို ကြည့်ပါဦး။" ချင်ယွင်က စိတ်ဖြင့် ပို့လိုက်သည်။

ရှေးဟောင်းတာအိုသည် ခဏလောက် နှုတ်ဆိတ်သွားပြီး "ဒါက တကယ်ကို ပိတ်ဆို့ခြင်း နည်းလမ်းတခုပဲ။ နှစ်တွေဒီလောက် ကြာပြီးတာတောင် ဒီလို မကောင်းဆိုးဝါးနည်းပညာကို ကျွမ်းကျင်တဲ့လူတစ်ယောက် ရှိလိမ့်မယ်လို့ မထင်ထားခဲ့မိဘူး"

"ဒါဆို ဖြေရှင်းဖို့ နည်းလမ်းရှိလား" ချင်ယွင်က မေးသည်။

"ဒီချီစွမ်းအင်လမ်းကြောင်း ပိတ်ဆို့ခြင်းနည်း စနစ်ကို ဖွင့်ဖို့ဆိုတာ မဖြစ်နိုင်တာတော့ မဟုတ်ဘူး။ နည်းလမ်းနှစ်ခု ရှိတယ်၊ ဒါပေမယ့် နှစ်ခုစလုံးက အရမ်းခက်ခဲတယ်။" ရှေးဟောင်းတာအိုက သက်ပြင်းချလိုက်သည်။

"နည်းလမ်းနှစ်ခုက ဘာတွေလဲ" ချင်ယွင်က မေးသည်။

"တစ်ခုကတော့ ဒီနည်းစနစ်ကို အသုံးပြုခဲ့သူ မှော်မန္တာန်ရေးသူကိုယ်တိုင်က သူ့ရဲ့ချီစွမ်းအင်လမ်းကြောင်းတွေကို ဖွင့်ပေးရမှာဘဲ၊ ဒါပေမယ့် မှော်မန္တာန်ရေးသူက သူ့အပေါ်မှာ ဒီမှော်မန္တာန်ကို ချထားတာဖြစ်တဲ့အတွက်၊ ဒါက သူ့ကို အန္တရာယ်ဖြစ်စေဖို့ပဲ ဖြစ်ရမယ်။ သူ့ကို ဘယ်လိုလုပ် ကယ်တင်‌ပေးမှာလဲ။" ရှေးဟောင်းတာအိုက ပြောသည်။

ချင်ယွင်က ခေါင်းညိတ်ပြီး "တခြားနည်းလမ်းတခုကရော ဘယ်လိုလဲ" ဟု ဆက်မေးသည်။

"အခြားနည်းလမ်းက ပိုခက်တယ်။ မှော်မန္တာန်ရေးသူထက် ကျင့်ကြံမှုအဆင့် နှစ်ဆင့်မြင့်တဲ့ လူတစ်ယောက်က ဒီမှော်မန္တာန်ကို အင်အားသုံးပြီး ဖြတ်ကျော်ဖို့ လိုအပ်တယ်။ ဒီအရုပ်ပေါ်ကတံဆိပ်ဟာ အရမ်းပြင်းထန်တယ်လို့ ငါ မထင်ဘူး။ မှော်မန္တာန်ရေးသူရဲ့အစွမ်းက နဝမအဆင့်ကောင်းကင်အလွှာ သိုင်းသခင်တ‌ယောက် ပတ်လည်ဘဲရှိလိမ့်မယ်။ နဝမအဆင့် ကောင်းကင်အလွှာ သိုင်းမြို့စားအဆင့် ရှိသူကျွမ်းကျင်သူက ဒီမှော်မန္တာန်ကို ပြန်ဖျက်နိုင်တယ်" ရှေးဟောင်းတာအိုက ပြန်ဖြေသည်။

ချင်ယွင်သည် သူ၏မျက်ခုံးများကို တင်းကျပ်စွာ ကျုံ့လိုက်သည်။ ဒုတိယနည်းလမ်းက မဖြစ်နိုင်ဘူးဆိုတာ သိသာပါသည်။ နဝမအဆင့် ကောင်းကင်အလွှာ သိုင်းမြို့စား အဆင့်ကျွမ်းကျင်သူကို ဘယ်မှာ ရှာတွေ့နိုင်ပါ့မလဲ။ ပထမနည်းလမ်းအတွက်ပဲ ၎င်းကို စမ်းသပ်နိုင်သည်ဟု ချင်ယွင် ခံစားလို့ရသည်။ သူသာ မှော်မန္တာန်ရေးသူကို အတင်းအကြပ် ကြိုးစားခိုင်းသရွေ့ ဒါက ဖြစ်နိုင်ပါသေးသည်။ ထို့ကြောင့်၊ ယခု အရေးကြီးဆုံးအချက်မှာ ဤမှော်မန္တာန်ကို မည်သူက သူ့အပေါ် ထားခဲ့သည်ကို ရှာဖွေရန်ဖြစ်သည်။

တကယ်တော့၊ ချင်ယွင်၏ စိတ်ထဲမှာ တခြားနည်းလမ်းတစ်ခုရှိပါသေးသည်၊ ယင်းက

သူ၏ရင်ဘတ်မှာ ဝှက်ထားသည့် အစိမ်းရောင် ကြာပန်းစည်းတံဆိပ်ဖြစ်သည်။ ထိုအချိန်တုန်းက သူ၏ အင်မော်တယ်ဧကရာဇ်ခမည်းတော်ဟာ သူ၏အမှတ် ဉာဏ်များကို စည်းတံဆိပ်ခတ်လိုက်သည့်အခါ အစိမ်းရောင်ကြာပန်းအမှတ်အသားက သူ၏မှတ်ဉာဏ်များကို ပြန်ဖွင့်ပေးခဲ့တာ ဖြစ်သည်။

အစိမ်းရောင်ကြားပန်းစည်းတံဆိပ်မှ ထုတ်လွှတ်သော လျှို့ဝှက်ဆန်းကြယ်သော စွမ်းအားသည် ဇောင်ယု၏ ချီစွမ်းအင်လမ်းကြောင်းပိတ်ဆို့ခြင်းကို သေချာပေါက် ဖွင့်နိုင်မည်ဟု သူယုံကြည်ထားသည်။ သို့သော် ချင်ယွင်သည် အစိမ်းရောင် ကြာပန်းစည်းတံဆိပ်ကို မည်သို့ထိန်းချုပ်ရမည်ကို မသိသေးသလို လျှို့ဝှက်ဆန်း ကြယ်သော စွမ်းအားကိုလည်း မည်သို့ လွှတ်ပေးရမည်ကိုလည်း မသိသေးပေ။

"စီနီယာအစ်ကို‌ဇောင်ယု၊ အဲဒီဇောင်ယွမ်နဲ့ မင်းရဲ့ဆက်ဆံရေးက ဘယ်လိုလဲ။" ချင်ယွင်ကဇောင်ယုကိုကြည့်ကာ အစမ်းသဘောမေးသည်။

ဇောင်ယုက ချင်ယွင်ကို အေးစက်စွာကြည့်ပြီး "မမေးသင့်တာ မမေးစမ်းနဲ့" ဟု အေးစက်စွာ ပြောသည်။

ချင်ယွင်က ပြုံးပြီး "မင်းငါ့ကိုပြောပြရင် မင်းရဲ့ ချီစွမ်းအင်လမ်းကြောင်းများကို ဖွင့်ဖို့ ငါကူညီပေးနိုင်တယ်" ဟု ပြောလိုက်သည်။

ဇောင်ယု၏တစ်ကိုယ်လုံး တုန်လှုပ်သွားပြီး ချင်ယွင်၏ရှေ့သို့ သူ့ကိုယ်သူ ပစ်၀င်လိုက်သည်။ သူက ချင်ယွင်၏လက်မောင်းကို တင်းတင်းဆုပ်ကိုင်လိုက်ပြီး တုန်တုန်ယင်ယင်အသံဖြင့် "မင်းပြောတာက ... မင်းက ချီစွမ်းအင်လမ်း ကြောင်းပိတ်ဆို့ခြင်းနည်းပညာရပ်ကို ဖွင့်လို့ရတယ် ဟုတ်လား?"

ချင်ယွင်က ခေါင်းညိတ်ပြပြီး "ငါပြောနေတာက ဖြစ်နိုင်ပေမယ့် လုံးဝတော့ မသေချာဘူး"

ဇောင်ယု၏ အမူအရာသည် လျင်မြန်စွာ ပြောင်းလဲသွားသည်။ ပထမတော့ သူပျော်ပြီး ဝမ်းနည်းသွားရသည်၊ ဒီနောက် ဝမ်းနည်းမူရော ဝမ်းသာမူရော နှစ်မျိုးလုံး ခံစားရသည်။ နောက်ဆုံးတွင် သူသည် “ဘာလို့ ငါ မင်းကို ယုံရမှာလဲ” ဟု ပြင်းထန်သော အသံဖြင့် မေးသည်။

ချင်ယွင်က ပြုံးပြီးပြောတယ် "မင်းငါ့ကို မယုံနိုင်ပေမယ့် နောက်သုံးလကြာရင် မင်းရဲ့ခန္ဓာ ကိုယ်ထဲက ဝိညာဉ်ချီက ပေါက်ကွဲပြီး ဘယ်သူ့ကိုမှ အပြစ်တင်စရာမရှိဘဲ သေဆုံးသွားလိမ့်မယ်။ ဒါပေမယ့် မင်းရဲ့ခန္ဓာကိုယ်မှာရှိတဲ့ ချီစွမ်းအင်လမ်းကြောင်း ပိတ်ဆို့ခြင်းနည်းပညာ ရပ်ကို ကံကောင်းစွာနဲ့ ဖွင့်နိုင်ခဲ့ရင်၊ ဒါက မင်းအတွက် မတူထူးခြားသွားမှာ မဟုတ်လား။ မင်းငါ့ကို ယုံပါ၊ သေချာတာက ငါက မင်းကို ဒုက္ခမပေးဘူး။"

"အခြေအနေအားလုံးကို ငါ့ကိုပြောပြစမ်းပါ" ဇောင်ယု တည်ငြိမ်သွားပြီး ပြောသည် "မင်းငါ့ကို အကြောင်းပြချက်မရှိဘဲ ကယ်တင်ပေးမှာမဟုတ်ဘူး။ မင်းအတွက် ငါ တစ်ခုခုပြန်လုပ်ပေးရမှာ သေချာတယ်"

ချင်ယွင်က ပြုံးပြီးပြောသည် "မင်းရဲ့ အခုလက်ရှိအနေထားက ငါ့ကို အများကြီး မကူညီနိုင်ပါဘူး၊ ဒါကြောင့် မင်းရဲ့ ချီစွမ်းအင်လမ်းကြောင်းကို ဖွင့်ပြီးမှ ငါတို့ ပြောကြတာပေါ့"

ဇောင်ယုက ခဏလောက်စဉ်းစားပြီး နောက်ဆုံးမှာ "ကောင်းပြီလေ၊ မင်း ငါ့ရဲ့ ချီစွမ်းအင်လမ်းကြောင်းများကိုဖွင့်ရန် ကူညီပေးနိုင်သရွေ့ မင်းကို ငါ့သခင်အဖြစ်

ထမ်းဆောင်ဖို့တောင် ဆန္ဒရှိတယ်"

ချင်ယွင်က ခေါင်းညိတ်ပြီး "အခု မင်း ဘာလို့ ဒီချီစွမ်းအင်လမ်းကြောင်း များပိတ်ဆို့ခြင်း နည်းပညာရပ်နဲ့ ပိတ်ဆိုးခြင်းခံထားရတယ်ဆိုတာကို ငါ့ကို ပြောပြနိုင်မလား။"

ဇောင်ယုသည် ခဏလောက်စဉ်းစားပြီးနောက် ဒီကိစ္စ၏နောက်ခံအကြောင်း ချင်ယွင်ကို ပြောပြပါသည်။

ဇောင်ယုနှင့် ဇောင်ယွမ်တို့သည် ဘိုင်ယွန်မြို့တော်ရှိ ဇောင်ကလန်၏ သခင်လေးများ

ဖြစ်ကြသော်လည်း ဇောင်ယုသည် ပထမဇနီး၏သား ဇောင်ယွမ်၏ အနိုင်ကျင့်ခြင်းကို

အမြဲခံခဲ့ရသည်။

ဆယ့်နှစ်နှစ်သားအရွယ်တွင် ဇောင်ယွမ်နှင့် ဇောင်ယုတို့ကို မိုးကြိုးဝိညာဉ်ဂိုဏ်းသို့ အစေခံတပည့်အဖြစ် စေလွှတ်ခဲ့သည်။ ဇောင်ယွမ်၏ အရည်အချင်းသည် အလွန်ညံ့ဖျင်းပြီး တစ်နှစ်နီးပါးအတွင်းမှာ ပထမအဆင့် ကောင်းကင်အလွှာသို့ တက်လှမ်းနိုင်ခဲ့သည်။ ယခုဆိုလျှင် ငါးနှစ်ကြာသွားခဲ့ပြီး ဇောင်ယွမ်သည် ပဉ္စမအဆင့် ကောင်းကင်အလွှာ အထွတ်အထိပ်သို့ ရောက်ရှိ သွားခဲ့သည်။ မျိုးနွယ်စုသည် အခြေခံအားဖြင့် သူ့ကို စွန့်ပစ်ခဲ့သည်။

သို့သော်၊ ဇောင်ယုသည် မိုးကြိုးဝိညာဉ်ဂိုဏ်းသို့ဝင်ရောက်ပြီးနောက် အံ့အား သင့်ဖွယ် စွမ်းရည်များကို ပြသခဲ့သည်။ ကိုးလအတွင်းမှာပင် သူသည် ပဉ္စမအဆင့် ကောင်းကင်အလွှာ၏ အထွတ်အထိပ်သို့ ဖြတ်ကျော်သွားခဲ့ပြီဖြစ်သည်။ ဇောင်ယုသည် ပဉ္စမအဆင့် ကောင်းကင်အလွှာ၏ အထွတ်အထိပ်သို့ ဖြတ်ကျော်ပြီး ဆဋ္ဌမအဆင့် ကောင်းကင်အလွှာသို့ ဖြတ်ကျော်ဝင်ရောက်ကာ အပြင်စည်းတပည့်အဖြစ်သို့ တစ်ရှိန်ထိုးဝင်ရောက်တော့မည်ဖြစ်သည်။

ဇောင်ယွမ်သည် ဇောင်ယုကို မနာလိုသော ကြောင့် အပြင်စည်းဂိုဏ်းမှ အကြီးအကဲတစ်ဦး ဖြစ်သောသူ၏ဦးလေးလီချင်းကို ဇောင်ယုကို ဒုက္ခပေးခိုင်းခဲ့သည်။ လီချင်းသည် ချီစွမ်းအင် လမ်းကြောင်းပိတ်ဆို့ခြင်း နည်းပညာရပ်ကို မည်သည့် နေရာတွင် ရခဲ့သည်ကို မသိသော်လည်း ဇောင်ယုအပေါ်တွင် အသုံးချကာ သူသည် သုံးစားမရသူ၏အဖြစ်သို့ ပြောင်းလဲသွားခဲ့ရသည်။ ဇောင်ယွမ်သည် ဇောင်ယုကို ခဏတိုင်း အနိုင်ကျင့်နေသောကြောင့် ဇောင်ယုသည် ဇောင်ယွမ်ကို သတ်ပစ် ချင်နေခဲ့သည်။

ယင်းကိစ္စက သူ၏အမေနှင့် ပတ်သက်လာမည်ကို သူ မစိုးရိမ်ဘူးဆိုလျှင် ဇောင်ယု သည် ဇောင်ယွမ်ကို သတ်ဖြတ်ရန် ဖြစ်နိုင်သမျှ နည်းလမ်းအားလုံးကို တွေးတောမိ လိမ့်မည်။

ဇောင်ယွမ်၏ဦးလေးလီချင်းသည် လွန်ခဲ့သောသုံးနှစ်ကမှ သိုင်းသခင်နယ်ပယ် နဝမ အဆင့်ကောင်းကင်အလွှာမှ သိုင်းဂိုဏ်းချုပ်နယ်ပယ် ပထမအဆင့် ကောင်းကင် အလွှာသို့ ဖြတ်ကျော်သွားခဲ့သည်။ ယခု သူသည် အတွင်းဂိုဏ်း၏ ဂိုဏ်းအကြီးအကဲ

တစ်ဦးအဖြစ် ရာထူးတိုးမြှင့်ခံရသည်။

ဇောင်ယွမ်သည် သူ့ဦးလေး၏ကျားအရေကို ခြုံပြီး ရေထဲမှငါးအလား သဘာဝအတိုင်း လွယ်ကူစွာ လှုပ်ရှားနေ၏ ။ သူသည် အစေခံတပည့်များကြားတွင် အာဏာရှင်ဟု ဆိုနိုင်သည်။ အကြီးအမှူး တပည့်များပင်လျှင် သူ့ကို ဂါရဝသုံးကြိမ်ပြုရသည်။

သာမာန်အားဖြင့် ဇောင်ယွမ်သည် ဇောင်ယုကို အနိုင်ကျင့်သောအခါတွင် မည်သူမျှ ရှေ့မတိုးဝံ့ကြပေ။ ချန်တာဖန်သာ ဇောင်ယုကို အကာကွယ်မပေးဘူးဆိုလျှင် ဇောင်ယုသည် ဟိုးရှေးယခင်ကတည်းက ဇောင်ယွမ်၏ သေသည်အထိ ရိုက်နှက် ခြင်းကို ခံရလိမ့်မည်။

ထိုစကားကိုကြားပြီးနောက် ချင်ယွင်သည် လေးလေးနက်နက် တွေးတောမိသွားသည်။

လီချင်းသည် ယခုအခါ အတွင်းစည်းဂိုဏ်း၏ အကြီးအကဲတစ်ဦးဖြစ်ပြီး သူသည် သိုင်းဂိုဏ်းချုပ်နယ်ပယ် ကျွမ်းကျင်သူတစ်ဦးလည်းဖြစ်သည်။ ဇောင်ယု၏ ချီစွမ်းအင် လမ်းကြောင်းပိတ်ဆို့ခြင်းကို ဖွင့်လှစ်ရန်အတွက် တွန်းအားပေးဖို့ ပိုခက်ခဲပေလိမ့်မည်။

All Chapters