← Chapters

လေသစ်ရွက် ဓား၀င်္ကပါ

Vol. 5 Ch. 62

လေသစ်ရွက် ဓား၀င်္ကပါ

Vol. 5 Ch. 62

အခန်း (၆၂) လေသစ်ရွက် ဓား၀င်္ကပါ

ချင်ယွင်သည် ဤကိစ္စကို သေချာစဉ်းစားပြီးနောက် ခဏလောက်စောင့်ရန် ဆုံးဖြတ် လိုက်သည်။ အမှန်တော့၊ ယခုအချိန်မှာ လီချင်းကိုရှာခြင်းသည် အလွန်ပညာမဲ့ သည့်ရွေးချယ်မှုတစ်ခုဖြစ်သည်။

ဇောင်ယုသည်လည်း ယင်းကိစ္စကို အလျင်စလို မလုပ်နိုင်ဘူးဆိုသည်ကို သိထားပြီး ချင်ယွင်က သူ့ကို ခဏလောက်စောင့်ရန် ပြောသည့်အခါ နည်းနည်းလေးမှ စိတ်ပျက် သွားခြင်းမရှိပါဘူး။ "မင်း ငါ့ကိုမလိမ်ဖို့မျှော်လင့်ပါတယ်" ဟုသာ ဂရုမစိုက်ဘဲ ပြောခဲ့ပါသည်။

နောက်ရက်အနည်းငယ်မှာ ချင်ယွင်၏ဘဝသည် အေးဆေးသာယာခဲ့ပါသည်။ သူသည် နေ့အချိန်တွင် ထင်းခုတ်ပြီး ညဘက်တွင်လေကိုအသွင်ပြောင်းခြင်းသဘောတရားကို နားလည်သဘောပေါက်ရန် ကျင့်ကြံနေခဲ့ပါသည်။

သို့သော် သုံးရက်အကြာတွင် သူ၏ကျင့်ကြံမှုသည် ဆဋ္ဌမအဆင့် ကောင်းကင်အလွှာထိ ချိုးဖြတ်သွားခဲ့သည်ကို သူပင် မသိလိုက်ပေ။

ယင်းကြောင့် ချင်ယွင်သည် လေကိုအသွင်အပြောင်းခြင်းကို နားလည် သဘောပေါက်အောင် ကျင့်ကြံရာမှာ အနည်းငယ် အချိန်အလျော်စားပေးခဲ့ရသည်။

သေချာသည်မှာ၊ ချင်ယွန်းကို ပို၍စိတ်လှုပ်ရှား စေပြီး ပျော်ရွှင်စေခဲ့သည့်က ပဉ္စမမြောက်နေ့တွင် သူသည် နောက်ဆုံးတွင် လေကိုအသွင်ပြောင်းခြင်း ၏အဝင်အဝကို (လက်တကမ်းအလို) ထိတွေ့သွားနိုင်ခြင်းဖြစ်သည်။

ဤတစ်ကြိမ်တွင်၊ ချင်ယွင်သည် ကောင်းကင် ဘုံကိုးအလွှာ ကြယ်စင်စုပုံကြမ်းထဲမှာ ၎င်းကို နားလည်ခဲ့ခြင်းမဟုတ်ပေ။ ယင်းအစား သူသည် ထင်းခုတ်နေစဉ် အမှတ်မထင် ဉာဏ်အလင်းရခဲ့ခြင်း ဖြစ်သည်။

ထိုအချိန်တွင် ချင်ယွင်သည် အိမ်နောက်ဖေးတွင် ရပ်နေပြီး မျက်လုံးများကို တင်းတင်းစေ့ထားကာ မလှုပ်မယှက် ဖြစ်နေသည်။

"မိုးမခပင်တွေကို လေပြည်လေညှင်းက တိုက်ခတ်နေတယ်။ မိုးမခပင်တွေရဲ့သစ်ရွက်‌ တွေဝှေ့ယမ်းနေတာကို ငါတို့အားလုံးမြင်နိုင်တာပဲ။ မြစ်ရေပြင်ကို ဖြတ်တိုက် ခတ်သွားတဲ့ လေပြည်လေညှင်းမှာတော့ ငါတို့ မြင်နိုင်သမျှဟာ ရေမျက်နှာပြင်ပေါ်က လှိုင်းလုံးတွေပဲ"

ချင်ယွင်က ရုပ်တုတစ်ခုလို ခြံဝင်းထဲမှာ ရပ်နေရင်း တိုးတိုးလေး ရေရွတ်လိုက်သည်။

ဤမြင်ကွင်းကိုမြင်လိုက်ရလျှင် ချင်ယွင်ကိုသူပိုင်သည်ဟု တွေးထားသော ဇောင်ယု သည် သူ့ကို နှိုးချင်သော်လည်း မတ်တပ်ရပ်နေသည့် ချင်ယွင်နှင့် အနီးသို့‌ ရောက်‌သောအခါ ပြင်းပြင်းထန်ထန် တွန်းထုတ်ခံလိုက်ရသည်။

သူသည် ရှေ့ကရောနောက်ကပါ အကြိမ်အနည်းငယ် ကြိုးစားသော်လည်း ယခင်အတိုင်းပင် ဖြစ်နေသောကြောင့် ဘေးတွင် တိတ်တဆိတ် မတ်တပ်ရပ်ကာ မလှုပ်မယှက် ရပ်နေသော ချင်ယွင်ကို စောင့်ကြည့်နေခဲ့သည်။

ချင်ယွင်သည် သူ၏လေစွမ်းရည်အပေါ် ကောင်းစွာနားလည်သဘောပေါက်မူအပေါ်မှာ

ဆက်လက်၍ နှစ်မြှုပ်နေလေသည်။

"လေက မမြင်နိုင်တာမို့ သူ့စိတ်တိုင်းကျ ပြောင်းလဲနိုင်ပါတယ်။" ချင်ယွင်က ယုံကြည်မှု အပြည့်ဖြင့် ပြောလိုက်သည်။

ရုတ်တရက် သူ၏လက်ကိုဖြန့်လိုက်ပြီး သူ၏လက်များကြားတွင် လေပြေလေညှင်း လေး ပေါ်လာသည်။ ယင်းလေပြေအေးသည် လှိုင်းလေထန်‌သောမုန်တိုင်းအဖြစ်သို့ ပြောင်းလဲသွားပြီး ယင်းနောက် လေနံရံအဖြစ်သို့ ပြောင်းလဲသွားကာ ယင်းမှနောက်၌ ချွန်ထက်သောမြှားများအဖြစ်သို့ အဆင့်ဆင့်ပြောင်းလဲသွားခဲ့သည်။

အနီးနားရှိ ဇောင်ယုသည် အံသြသွားသည်။ချင်ယွင်၏လက်ထဲတွင် လေသည် အသက်ရှင်နေသကဲ့သို့ ပုံစံအမျိုးမျိုးဖြင့် အဆက်မပြတ် ပြောင်းလဲနေသည်။ ထို့အပြင် လေသည် စူးရှသောအငွေ့သက်ကို ထုတ်လွှတ်သည်။ သူသည် ၎င်းကိုထိလိုက်လျှင် ချက်ခြင်းသေမည်ဟုပင် ခံစားနိုင်သည်။

လေထုဖြတ်လောက်ခြင်းသည် လေ၏ဖျက်စီးခြင်းကို ကိုယ်စားပြုသည်။ လေဝိညာဉ် သည် လေ၏အရှိန်ဟုန်ကို ကိုယ်စားပြုသည်။ လေကိုအသွင်ပြောင်းခြင်းသည် လေ၏ မမြင်နိုင်သောအဆင့်ကို ကိုယ်စားပြုသည်။ ၎င်းတို့သုံးခုကို ပေါင်းစည်းလိုက်လျှင် မည်သို့မည်ပုံရှိမည်နည်း။ ချင်ယွင်သည် ဆက်လက်ရွတ်ဆိုသည်။

ချင်ယွင်၏မျက်လုံးများသည် ရုတ်တရက် တောက်ပလာပြီး သူ၏လက်ကြားတွင် မုန်တိုင်းတစ်ခု ပေါ်လာသည်။ မုန်တိုင်းပေါ်လာသည်နှင့် ပတ်ဝန်းကျင်လေထုကို မွှေ့ရမ်းသွားစေသည်။

တစ်စုံတစ်ယောက်သည် ဂရုတစိုက် မကြည့်ဘူးဆိုလျှင် ဤမုန်တိုင်းသည် ရိုးရိုးလေ၏

လှည့်ပတ်မှုကြောင့် ဖြစ်ပေါ်လာခြင်း မဟုတ်ဘူးဆိုသည်ကို သတိထားမိမှာ မဟုတ်ပါဘူး။ ယင်းအစား၊ ဤမုန်တိုင်းသည် အလွန်မင်းသေးငယ်သော လေဓားများ၏ သိပ်သည်းမှုဖြင့် ဖွဲ့စည်းထားသည်။ လေဓားတိုင်းသည် အလွန် ကြောက်စရာကောင်းသော စွမ်းအားကို ထုတ်လွှတ်သည်။

လေဓားများသည် လေဝဲများကဲ့သို့ လှည့်ပတ်နေပြီး တခါတရံ မြန်ဆန်ကာ ၊ တစ်ခါတစ်ရံ နှေးကွေးသည်။

ထို့နောက် ချင်ယွင်သည် သူ၏လက်ကို ညင်သာစွာ ဝှေ့ယမ်းလိုက်ပြီး သူ၏လက်ထဲက လေ‌ပွေဓားများသည် အပြင်ကို လွင့်ထွက်သွားသည်။ ၎င်းသည် မီတာများစွာမြင့်သော သစ်သားပုံကြီးကို လှိမ့်တက်ပြီး လျှင်မြန်စွာ လှည့်ပတ်သွားသည်။

သုံးစက္ကန့်မပြည့်မီတွင် လေဓားများ ပျောက်ကွယ်သွားကာ သစ်သားများအားလုံး မြေပြင်ပေါ်သို့ ပြုတ်ကျကာ ပါးလွှာကျဉ်းမြောင်းသော သစ်သားအပိုင်းအစများ အဖြစ်သို့ ပြောင်းလဲသွားသည်။

"ဒါ…"

ဇောင်ယုသည် မထိန်းနိုင်ဘဲ သက်ပြင်းချလိုက်သည်။ ဤထင်းပုံကြီးသည် တစ်လလောက်ခုတ်မှရနိုင်သည်။ ဒါကို သုံးစက္ကန့်အတွင်း ချင်ယွင်က ဖြေရှင်းနိုင်လိမ့် မည်ဟု သူ မမျှော်လင့်ခဲ့ပေ။ ထို့အပြင် ဖြတ်တောက်ထားသော သစ်သားများသည် အလွန်သပ်ရပ်ပြီး အရွယ်အစားအားလုံး တူညီသည်။ ဤအရာက ဇောင်ယုကို စိတ်ကူးယဉ်ရုံမျှမကဟု ခံစားရစေသည်။

တစ်ဖက်မှ ချင်ယွင်လည်း လန့်နိုးလာသည်။ ရလာဒ်ကို မြင်လိုက်ရတော့ သူ၏ မျက်နှာပေါ်တွင် အပြုံးတစ်ခု ပေါ်လာသည်။

စောစောလေးက ရုတ်တရတ် ဉာဏ်အလင်းရခြင်းသည် သူ့ကို အများကြီး အကျိုးပြုခဲ့သည် ။ အချိန်အတော်ကြာအောင် စိတ်အနှောင့် အယှက်ဖြစ်စေခဲ့သော လေကိုအသွင်ပြောင်းခြင်းကြောင့် သူ အကြံအိုက်နေခဲ့ရသည်။

ထို့အပြင်၊ ၎င်းသည် လေ၏စွမ်းရည်သုံးမျိုးကို ကနဦးပေါင်းစပ်မှုသို့ရောက်ရှိရန် အမှန် တကယ် ခွင့်ပြုပေးခဲ့သည်။ ယခု သူသည်လေစွမ်းရည်သဘောတရား၏ ပထမအဆင့် ပေါင်းစပ်မှုကို မှီခိုအားကိုးနိုင်ပြီ ဖြစ်သောကြောင့် ဒုတိယဧရိယာအတွင်းသို့ ဝင်ရောက်ရန် သူ့အတွက် မခက်ခဲသင့်ပေ။

ဤလေပွေဓားများဖြင့် သူ၏ တိုက်ခိုက်ရေးနည်းလမ်းများလည်း အလွန်တိုးတက် ကောင်းမွန်လာခဲ့သည်။

ဤလေပွေဓါးသည် အပေါ်ယံမြင်ရသော လေပွေဓါးများကဲ့သို့ ရိုးရှင်းမည်မဟုတ်ပေ။

ဤလေဓါးတစ်ခုချင်းစီသည် ပုံစံအမျိုးမျိုးသို့ ပေါ့ပေါ့ပါးပါး ပြောင်းလဲနိုင်ကာ ကွေးညွှတ်ဆန့်နိုင်သောငါးများနှင့်တူသည်။ တိုက်ပွဲတစ်ခုအတွင်းမှာ ဆေဘာအစီ အရင်နှင့် ဓားအစီအရင်များထဲသို့ ပေါင်းစပ်လိုက်သည်နှင့် ၎င်းတို့၏ စွမ်းအားသည် တုနှိုင်းမမီနိုင်တော့ပေ။

အစောပိုင်းလေးက ချင်ယွင်သည် ထင်းဖြတ်ရန် ဤလေဓါးများကို အသုံးပြုခဲ့သည်။ သူသည် သစ်သားအပိုင်းအစတိုင်းကို သပ်ရပ်သောအရွယ်အစားဖြစ်အောင် ဓားအစီ အရင်၏ သေးငယ်သော နည်းလမ်းကို အသုံးပြုခဲ့သည်။

"အနာဂတ်မှာ ဒီတိုက်ကွက်ကို လေသစ်ရွက်ဓား၀င်္ကပါလို့ခေါ်ရလိမ့်မယ်!" ချင်ယွင်က သူ့ကိုယ်သူ တွေးနေသည်။

ဤလေသစ်ရွက်ဓား၀င်္ကပါဖြင့် အနာဂတ်တွင် သူသည် မည်သည့်ဓား၀င်္ကပါ သို့မဟုတ် ဆေဘာ၀င်္ကပါအသုံးပြုနေပါစေ၊ ၎င်းနှင့်ပေါင်းစည်းနိုင်ပြီး ပိုမိုကြီးမားသော စွမ်းအားကို ပြသနိုင်မည် ဖြစ်သည်။

"ဒါ့အပြင်၊ ယခု ငါဟာ လေရဲ့စွမ်းရည်သုံးပါးကို ငါ့ရဲ့နယ်မြေထဲသို့ ပေါင်းစပ်နိုင်ပြီ ဖြစ်တာကြောင့် ငါ့ရဲ့လေဒြပ်စင်များအပေါ် ထိန်းချုပ်မှုက ငါအလိုရှိတဲ့အဆင့်သို့ ရောက်ရှိသွားခဲ့ပြီ။ ဒုတိယအဆင့်၊ တတိယအဆင့်၊ ဒါမှမဟုတ် ဒသမအဆင့်က ဘယ်လို‌ဖြစ်မလဲဆိုတာ ငါ သိချင်မိတယ်။ (ဤနေရာ၌နယ်မြေဟူသည် domain ဟူသောဝေါဟာရကို သင့်သလို ပြန်ဆိုလိုက်ခြင်းဖြစ်ပါသည်။ နယ်မြေစွမ်းအားများ အကြောင်းကို နောက်ပိုင်းတွင် တွေ့လာရပါလိမ့်မည်)

ချင်ယွင်သည် ဤအကြောင်းကိုတွေးပြီး အနည်းငယ် စိတ်လှုပ်ရှားနေမိသည်။

အနီးနားရှိ ဇောင်ယုသည် ချင်ယွင်၏နည်းလမ်းများကြောင့် ထိတ်လန့်နေပြီဖြစ်သည်။ သူသည်အချိန်အတော်ကြာအောင် အံ့အားသင့်နေရာမှ မေးလိုက်သည်။ "လင်းယွင် ၊ မင်း စောစောလေးက ဒဏ္ဍာရီဆန်ဆန် သဘောတရားဆိုတဲ့ဟာကို အသုံးပြုခဲ့ တာလား။"

ချင်ယွင်က ဇောင်ယုကို ပြုံးပြပြီး "ဟုတ်တယ်၊ ငါက လေရဲ့ သဘောတရားကို အသုံးပြုခဲ့တာ" ဟု ပြောလိုက်သည်။

ဇောင်ယုသည် အံ့အားသင့်သွားပြီးနောက် သူ၏မျက်လုံးများသည် ပြင်းထန်သော အလင်းရောင်များဖြင့် တောက်ပလာသည်။ ယခင်က ချင်ယွင်သည် ကြွားဝါနေသည်ဟု အမြဲသံသယရှိခဲ့သည်။ ချင်ယွင်၏နည်းလမ်းများကို ယခုမြင်လိုက်ရတော့ ချင်ယွင် ပြောခဲ့သည့်အရာသည် အမှန်တကယ်အောင်မြင်နိုင်သည်ဟု သူ ထင်မှတ်လာသည်။

"မမေ့နဲ့၊ ဒီနေ့ မင်းတွေ့ခဲ့တဲ့အရာကို ဘယ်သူ့ကိုမှ မပြောပြနဲ့။" ချင်ယွင်က ရုတ်တရက် ဇောင်ယုကို လေးလေးနက်နက် ပြောလိုက်သည်။

ဇောင်ယုသည် ကမန်းကတန်း ခေါင်းညိတ်ပြီး ဘာမှ ထုတ်မပြောဘူးဟုပင် ကျိန်ဆို လိုက်ပါသည်။

ထို့နောက်တွင် သူသည် ထိုးထွင်းသိမြင်မှုဉာဏ်အမြင်နှင့်ပတ်သက်ပြီး ရိုးရှင်းသော မေးခွန်းအချို့ကို ချင်ယွင်ကိုမေးမြန်းခဲ့ပြီး ချင်ယွင်သည်လည်း အပြုံးနှင့်အတူ မေးခွန်းများကို တစ်ခုပြီးတစ်ခု ဖြေဆိုခဲ့သည်။

ချင်ယွင်က ထင်းများအားလုံးကို ချက်ချင်းခုတ်ပိုင်းလိုက်သည့်အတွက် သူတို့ နှစ်ယောက်မှာ ဘာမှလုပ်စရာမရှိပါဘူး။ ဇောင်ယုသည် ဤအခွင့်အရေးကိုရယူပြီး ကျင့်ကြံမှုနှင့်ပတ်သက်သော မေးခွန်းအနည်းငယ်ကို မေးခဲ့သည်။ အကြောင်းတစ်ခုခု ကြောင့် ဇောင်ယုသည် ရုပ်ခန္ဓာကိုယ် ကျင့်ကြံခြင်းကို အထူးစိတ်ဝင်စားပုံရပြီး ချင်ယွင်ကလည်း ရုပ်ခန္ဓာကိုယ်ကျင့်ကြံခြင်းဆိုင်ရာ ဗဟုသုတအချို့ကို ပြောပြခဲ့သည်။

ရုတ်တရက် ချင်ယွင်သည် သူ၏နဖူးကို ရိုက်လိုက်ပြီး "ဟုတ်တာပဲ။ မင်းက အခု ဝိညာဉ်စွမ်းအင် မကျင့်ကြံနိုင်သေးတဲ့အတွက် မင်းရဲ့ ခန္ဓာကိုယ်ကို ဘာလို့ မကျင့်ကြံရတာလဲ၊ ဘာကိုမှစောင့်မနေဘဲ မင်းရဲ့ခန္ဓာကိုယ်ကို အခုပဲကျင့်ကြံကြည့်ဖို့ ဘာလို့ မကြိုးစားရတာလဲ။ အနာဂတ်မှာ မင်းရဲ့ ချီစွမ်းအင်လမ်းကြောင်းတွေကိုဖွင့်ဖို့ ကူညီပေးနိုင်မယ့် အခွင့်အလမ်းကို ငါရှာတွေ့လိမ့်မယ်။ ဒါ့အပြင် မင်းရဲ့ခန္ဓာကိုယ်ကို ကျင့်ကြံခြင်းက မင်းရဲ့ခန္ဓာကိုယ်အတွင်းမှာရှိတဲ့ ဝိညာဉ်စွမ်းအင်တွေရဲ့ အချင်းချင်း ဆန့်ကျင်မှုကို နှောင့်နှေးစေနိုင်တယ်။"

"တကယ်လား?" ဇောင်ယု၏အမူအရာသည် ချက်ချင်းပင် စိတ်လှုပ်ရှားလာသည်။ "ရုပ်ခန္ဓာကျင့်ကြံခြင်းနည်းစနစ်ကို သိလို့လား"

ချင်ယွင်သည် ခေါင်းညိတ်လိုက်သည်။ သူသည် တော်ဝင်ချင်အင်မော်တယ်မင်းဆက်

စာကြည့်တိုက်၏ ထက်ဝက်ကျော်ကို ဖတ်ခဲ့ပြီးပြီ၊ ထို့ကြောင့် ကျင့်ကြံခြင်း နည်းစနစ်ကို သူ မည်သို့ မသိနိုင်နေမည်နည်း။ ထို့အပြင်၊ သူ့တွင် ဇောင်ယု၏ ကျင့်ကြံမှုအတွက် အလွန်သင့်လျော်သော ကျင့်ကြံခြင်းနည်းစနစ်ကို စိတ်ထဲတွင် ရှိထားပြီ။ ၎င်းနည်းစနစ်ကို မသေမျိုးသိမ်မွေ့နက်နဲရုပ်ခန္ဓာဟု ခေါ်သည်။

ချင်ယွင်ခေါင်းညိတ်သည်ကိုမြင်လျှင် ဇောင်ယုသည် မြေပြင်ပေါ်မှာ ဒူးထောက်လို က်ပြီး "ဆရာ၊ ကျေးဇူးပြုပြီး ကျွန်တော်ကို ရုပ်ခန္ဓာကျင့်ကြံခြင်းနည်းစနစ် သင်ပေးပါ!"

ချင်ယွင်သည် အနည်းငယ် ထိတ်လန့်သွားသည်။ ဤဇောင်ယု၏ အတွေးများသည် အမှန်တကယ် ထူးခြား၏။ ယခင်အချိန်တုန်းက သူ့ကိုကူညီရန် သူသဘောတူခဲ့သည့် အကြောင်းရင်းက သူ၏စိတ်နေစိတ်ထားနှင့် သူ၏စိတ်ဓာတ်ကို သူ သဘောကျ ခြင်းကြောင့်ဖြစ်သည်။ ယခုတော့ သူက တကယ်ကို လိမ္မာ ပါးနပ်နေပုံရသည်။

"ကောင်းပြီလေ၊ ဒါဆို မင်းကို ငါ့တပည့်အဖြစ် လက်ခံပြီး ဒီ ' မသေမျိုးသိမ်မွေ့နက်နဲ ရုပ်ခန္ဓာ' ကျင့်စဉ်ကိုသင်ကြားပေးမယ်။ နောင်တစ်ချိန်မှာ မင်းက ဂိုဏ်းကို ဆန့်ကျင်တာမျိုး တစ်ခုခုလုပ်ခဲ့တယ်ဆိုတာကို ငါသိရင် မင်းကို ငါကိုယ်တိုင် သေဒဏ်ပေးမယ်။ “ ချင်ယွင်က ပြောသည်။

“ဒီတပည့်က နောင်အနာဂတ်မှာ မိမိရဲ့ဆရာကို သစ္စာဖောက်ခဲ့ပါက ကောင်းကင်နဲ့ မြေကြီးရဲ့ ရှင်းလင်းသုတ်သင်မှုခံရပါစေလို့ ကျိန်ဆိုပါတယ်။" ဇောင်ယုက ကျိန်ဆိုလိုက်သည်။

ချင်ယွင်က ခေါင်းညိတ်လိုက်သည်။ သူ့စိတ်ထဲတွင် အလွန်ကျေနပ်သွားသည်။ ကျင့်ကြံသူများသည် ကောင်းကင်နှင့်မြေကြီးကို ချည်နှောင်ပြီး ကျိန်ဆိုကြရသည်။ ဖောက်ဖျက်လျှင် ကောင်းကင်ဘုံ၏ အမျက်ဒေါသကို အမှန်တကယ် ခံစားကြရ ပေမည်။ ထို့ကြောင့် ဇောင်ယုသည် မည်သည့်အခါမျှ သူ၏စကားကို မနာခံဘဲမနေဟု ကျိန်ဆိုခြင်းဖြစ်သည်။

"ကောင်းပြီ ဒီကျင့်ကြံခြင်းနည်းစနစ်ကို မင်းကို ငါ အခုချက်ချင်း လွှဲပေးလိုက်မယ်။" ထိုသို့ပြောပြီးနောက် ချင်ယွင်သည် လက်ညိုးနှင့် လက်ခလယ်ကို ဆန့်ထုတ်ကာ ဇောင်ယု၏ မျက်ခုံးကြားကို ညွှန်ပြသည်။ ထို့နောက် ချင်ယွင်၏လက်မှ အလင်းတန်းတစ်ခု ထွက်လာပြီး ဇောင်ယု၏ မျက်ခုံးထဲသို့ စူးဝင်သွားသည်။

ဇောင်ယုသည် သူ၏ခေါင်းပေါက်ကွဲတော့မည်ဟု ချက်ခြင်းခံစားလိုက်ရပြီး ဤကြီးမားသော အချက်အလက်ပမာဏကို လက်ခံရန် သူကြိုးစားစပြုလာသည်။

ချင်ယွင်သည် ကိစ္စအားလုံးကိုအဆုံးသတ်ပြီးနောက် ရှေးဟောင်းတာအို၏ လှောင်ပြောင်သည့်အသံက သူ၏နားထဲမှာ ကြားလာရ၏ "ကိုယ်တိုင်က မကျင့်ကြံရသေးဘူး။ တပည့်တွေကို ဘယ်လိုလက်ခံရမလဲဆိုတာ သင်ယူနေပြီပေါ့။ ကောင်စုတ်လေး၊ မင်းက ငါ့ကို လုံးလုံးအရှက်ရစေတယ်။"

ချင်ယွင်က ပြုံးပြီးပြောလိုက်သည် "ဟီးဟီး၊ ဆရာကြီး၊ ကျွန်တော်က ဒါကို ဆရာကြီးရဲ့ အကျိုးအတွက် လုပ်နေတာပါ။ ဆရာကြီးမှာ နောက်ထပ် တပည့် တစ်ယောက် ရှိလာပြီနော်၊ နောင်အနာဂတ်မှာ ကျွန်တော်တို့က ဆရာကြီးကို ဝတ်ပြုကိုးကွယ်မှု အတူတူ ပြသနိုင်မှာပါ"

"တော်စမ်းပါကွာ!" ရှေးဟောင်းတာအိုကအထင် သေးစွာ ပြော၏ "ဒါပေမယ့် မင်းလက်ခံထားတဲ့ ဒီကောင်က မဆိုးပါဘူး။ သူ့ရဲ့ အရည်အချင်းက နည်းနည်းတော့ အားနည်းပြီး သူ့ရဲ့ကျင့်ကြံမှုကို စည်းတံဆိပ်ခတ်ခံထားရပေမယ့် သူရဲ့စိတ်နေ စိတ်ထားကတော့ ကျောက်တုံးလို ဖြစ်သွားတဲ့အထိ ဒေါသကြီးနေတယ်။ အနာဂတ်မှာ သူက ဝိညာဥ်စွမ်းအားနှင့် ရုပ်ခန္ဓာကိုယ်နှစ်မျိုးလုံးကို ကျင့်ကြံလိုက်မယ်ဆိုရင် ကြီးကျယ်သော လက်နက်တစ်ခုဖြစ်လာဖို့က မဖြစ်နိုင်တာတော့ မဟုတ်ဘူး။"

"အဲဒါ!" ချင်ယွင်သည် ရယ်မောလိုက်သည်။ ရုတ်တရက်ပင် သူ့မျက်နှာတွင် ကောက်ကျစ်သော အရိပ်ယောင်တစ်ခု ပေါ်လာသည်။ သူက ဆက်ပြောလိုက်သည် "ဆရာ၊ ဆရာ ကြည့်လိုက်စမ်းပါဦး၊ ဆရာရဲ့တပည့်ကို ကျွန်တော်ကူညီပေးခဲ့တယ်။ ဆရာလည်း နှုတ်ဆက်တဲ့အနေနဲ့ လက်ဆောင်လေးဘာလေး ပေးသင့်တယ် မဟုတ်လား"

ရှေးဟောင်းတာအိုသည် စိတ်ထဲမှာ ကျိန်ဆဲလိုက်မိ၏။ ချင်ယွင်သည် ပို၍ ပို၍ပင်

လိမ္မာပါးနပ်လာသည်။ တကယ့်တကယ်က သူသည် ဒီအကွက်ကို စောင့်နေတာ

ဖြစ်လိမ့်မည်။

All Chapters