အလွန်ကျွံရန်စခြင်း
Vol. 5 Ch. 63
အခန်း (၆၃) အလွန်ကျွံရန်စခြင်း
ရှေးဟောင်းတာအိုသည် ချင်ယွင်မှ အားကိုးရာမဲ့ ဖြစ်သည်အထိ အတင်းအကြပ် ခိုင်းစေမူကို ခံခဲ့ရသည်။ နောက်ဆုံးတွင် သူသည် "ကောင်းကင်တုန်ခါလက်သီး" ဟုခေါ်သော သိုင်းပညာတစ်ခုကို ထုတ်ယူကာ ဇောင်ယုအား ပေးလိုက်သည်။
ဇောင်ယုသည် သူ့တွင် ပို၍ပင် အစွမ်းထက်သော ဘိုးဘေးဆရာ ရှိသည်ဟု ကြားသောအခါတွင် သူသည် အလွန်စိတ်လှုပ်ရှားသွားပြီး စကားပင်မပြောနိုင်တော့။
သို့သော် ချင်ယွင်သည် ရှေးဟောင်းတာအို၏ ခန္ဓာကိုယ်သည် ယခုအခါ လုံးဝ ပျက်စီးသွားသည့် အကြောင်းနှင့် မြူနှင်းချောက်နက်ဓားတွင်းမှာ သူ၏စိတ်ဝိဉာဏ်ကို ထည့်ထားခြင်းအကြောင်းအား ဇောင်ယုကို မပြောပြခဲ့ပေ။ ယင်းအစား၊ သူ၏ဘိုးဘေးဆရာကြီးသည် ကြီးကျယ်ခမ်းနားသည့် နတ်ဘုရားစွမ်းရည်မှတဆင့် သူတပည့်လက်ခံတော့မည်ကို ခံစားမိသည့် အတွက် ဘိုးဘေးဆရာကြီးက သူ၏ ကိုယ်စား သူ့ကို ဒီသိုင်းပညာရပ်ကို ဇောင်ယုအားပေးခိုင်းလိုက်သည်ဟုသာ သူက ပြောပြလိုက်သည်။
ပုံမှန်အားဖြင့်၊ ရှေးဟောင်းတာအိုသည် အဆင့်နိမ့်ပစ္စည်းများကို ထုတ်ပေးရန်မှာ မဖြစ်နိုင်။ "ကောင်းကင်တုန်ခါလက်သီး" သည် ဧကရာဇ်အဆင့် အဆင့်မြင့်တန်းစား သိုင်းပညာတစ်ခု ဖြစ်သည်။ ၎င်းကို သိုင်းကွက်ဆယ်ကွက်ဖြင့် ခွဲခြားထား သည်။ လေ့ကျင့်ရန်အတွက် ဘာလိုအပ်ချက်မှလည်း မရှိပေ။ ဆန့်ကျင်ဘက် အနေဖြင့်၊ သူ၏ ရုပ်ပိုင်းဆိုင်ရာခွန်အားများ အားကောင်းလာလေ၊ ဤသိုင်းပညာရပ်က ပို၍ အစွမ်းထက် လေဖြစ်သည်။ ယင်းက ဇောင်ယုအတွက်တော့ လုံး၀ လိုက်ဖက်ညီ သည်။
ဇောင်ယုသည် ဤကောင်းကင်တုန်ခါလက်သီးသိုင်းပညာက ဧကရာဇ်အဆင့် အဆင့်မြင့်တန်းစား သိုင်းပညာတစ်ခုဖြစ်ကြောင်း သိလိုက်သောအခါတွင် သူသည် ထိတ်လန့်မူကြောင့်မူးမေ့လဲလုနီးပါးဖြစ်သွားခဲ့ရသည်။ သို့သော် လည်း ချင်ယွင်၏ စကားများက သူ့ကို ထိတ်လန့်ခြင်းမှ လုံးဝ မေ့ပျောက်စေခဲ့သည်။
"ဧကရာဇ်အဆင့် အဆင့်မြင့်တန်းစား သိုင်းပညာဆိုတော့ရော ဘာဖြစ်လဲ၊ မင်းကို ငါပေးခဲ့တဲ့ 'မသေမျိုးသိမ်မွေ့နက်နဲရုပ်ခန္ဓာ ' ပညာရပ်ကလည်း ဧကရာဇ်အဆင့် အဆင့်မြင့်တန်းစား ကျင့်ကြံခြင်းနည်းပညာရပ်တခု ဖြစ်နေတုန်းပဲလေ !"
ဇောင်ယုသည် ချင်ယွင်၏ စကားကြောင့် အံသြသွားသည်။ ဧကရာဇ်အဆင့် အဆင့်မြင့်တန်းစား ကျင့်ကြံခြင်းနည်းစနစ်သည် အလွန်ရှားပါးသော ရုပ်ခန္ဓာကိုယ်ကို သန့်စင်သည့်နည်းစနစ်တစ်ခု ဖြစ်နေဆဲ ဖြစ်သည်။ အလယ်အလတ်အဆင့် ကျင့်ကြံ ခြင်းနည်းစနစ်တခုကိုပင် ကြီးမြတ်သောရတနာတခုကဲ့သို့ အမြတ်တနိုး တန်ဖိုး ထားခဲ့ရသောသူလိုလူတစ်ဦး၏အမြင်တွင်၊ ဧကရာဇ်အဆင့် သိုင်းပညာ သို့မဟုတ် ဧကရာဇ်အဆင့် ကျင့်ကြံခြင်းနည်းပညာရပ်ဟူသည် အဘယ်နည်း။
ဇောင်ယုသည် ထိုအကြောင်းကို တွေးပင်မတွေးဝံ့ချေ။"ကောင်းပြီ၊ ဒီနေ့ကစပြီး မင်း ဒီ ' မသေမျိုးသိမ်မွေ့နက်နဲရုပ်ခန္ဓာ' နဲ့ ' ကောင်းကင်တုန်ခါလက်သီး'ကို ကျင့်ကြံပြီး ကြိုးစားလေ့ကျင့်နိုင်ပြီ။ မင်း နားမလည်တာရှိရင် အချိန်မရွေး ငါဆီကို လာမေးနိုင်တယ် ။ ချင်ယွင်က ပြောလိုက်သည်။
"ဟုတ်ကဲ့ပါ ဆရာ!" ဇောင်ယုသည် သူ၏စိတ်ထဲရှိ စိတ်လှုပ်ရှားမှုကို မျိုသိပ်လိုက်ပြီး မသေမျိုးသိမ်မွေ့နက်နဲရုပ်ခန္ဓာကိုယ်ကို ကျင့်ကြံရန်စတင်ကြိုးစားလိုက်သည်။
မသေမျိုးသိမ်မွေ့နက်နဲရုပ်ခန္ဓာကိုယ်ကိုအလွှာကိုးလွှာခွဲခြားထားသည်။ ပထမအလွှာသည် အရေပြားကို သန့်စင်ရန်၊ အရွတ်များကို ပြောင်းလဲရန်နှင့် အရိုးများကို ပြုပြင်ရန်ဖြစ်သည်။ ထို့ကြောင့် ဇောင်ယုသည် သူ၏ လက်သီးများကိုလွှဲကာ နံရံပေါ်သို့ ထိုးထည့် လိုက်တော့သည်။ လက်ဖဝါးပေါ်မှာ သွေးများထွက်ပြီး သည်းမခံနိုင်သည့်အခါမှသာ ဒဏ်ရာကို ကုသရန် ကျင့်ကြံခြင်းနည်းပညာရပ်ကို ရပ်တန့်ခဲ့သည်။
ကျန်အချိန်များတွင် ဇောင်ယုသည် ဘာမှမလုပ်ဘဲ ကောင်းကင်တုန်ခါလက်သီး၏ ပထမဆုံးအကွက်ကို စတင်လေ့ကျင့်ခဲ့သည်။
ဆယ်ရက်အကြာတွင်၊ ဇောင်ယုသည် အခြေခံအားဖြင့် အရေပြားသန့်စင်ခြင်း အဆင့်တွင် လေ့ကျင့်မှုပြီးစီးခဲ့ပြီး အရွတ်များကိုပြောင်းခြင်းအဆင့်ကို လေ့ကျင့်မှု စတင်ရန် အဆင်သင့် ဖြစ်နေပြီဖြစ်သည်။
ချင်ယွင်က သူ့ကို စိတ်မပူရန်ပြောခဲ့သည်။ သူ၏အရေပြားကို ပြီးပြည့်စုံအောင် ပြုပြင်ခဲ့ပြီး သူ၏အရွတ်များကို ပြောင်းလဲရန် ကြိုးစားသည်။ နောက်ထပ် ငါးရက်အကြာတွင် ဇောင်ယုသည်သူ၏ ကျင့်ကြံမှု ပြီးမြောက်သွားခဲ့သည်။
ထိုအချိန်တွင် သူ၏အရေပြားသည် သံမဏိကဲ့သို့ မာကျောနေပြီး အပြစ်အနာဆာ ကင်းကာဖြူဖွေးနေသော်လည်း အရေပြား၏ ကျုံ့နိုင်ဆန့်နိုင်သည့်စွမ်းရည်ကတော့ ပျောက်ကွယ်သွားခြင်းမရှိပေ။
ချင်ယွင်သည် ဇောင်ယု၏ ကျင့်ကြံမှုကို အလွန်ကျေနပ်ခဲ့သည်။ လွန်ခဲ့သည့် ၁၅ ရက်အတွင်း သူသည် လုံလောက်စွာ ခံစားနေခဲ့ရသည်။သူ၏အရေပြားအားလုံးကို ပေါက်ပြဲပြီး တဖန်ပြန်ပေါက်လာခြင်း ဖြစ်သည်။ လုံးဝ ထက်ရှမာကြောလာသည်အထိ ထပ်ခါထပ်ခါပေါက်ပြဲပြီး ထပ်ခါထပ်ခါ ပြန်ပေါက်လာခြင်း ဖြစ်သည်။ ချင်ယွင်တောင်မှ ဒီကာလမှာ သူ ခံစားခဲ့ရသည့်နာကျင်မှုမျိုးကို မခံနိုင်လောက်ပေ။
သို့သော် အခက်အခဲများကို ခံနိုင်ရည်ရှိရန်အတွက်လည်း ထိုက်တန် ပါသည်။ ဇောင်ယု၏လက်ရှိခွန်အားသည် ပဉ္စမအဆင့် ကောင်းကင်အလွှာ သိုင်းပညာရှင်တဦး၏ ကျင့်ကြံမူနှင့် ညီမျှနေပြီဖြစ်သည်။ ထို့အပြင်၊ သူသည် ကောင်းကင်တုန်ခါလက်သီး၏ ပထမဆုံးသိုင်းကွက်၏ တစွန်းတစကို ဖမ်းဆုပ် ကိုင်ထားနိုင်ပြီ ဖြစ်သည်။ သဲလွန်စတစ်ခုမျှသာဖြစ်သော်လည်း၊ ၎င်းသည် ဆဋ္ဌမ အဆင့်ကောင်းကင်အလွှာအတွင်း၌ သူ့ကို ပြိုင်ဘက်ကင်း ဖြစ်သွားစေနိုင်သည်။
ဇောင်ယုသည် ဤတိုးတက်မှုအတွက် အလွန်ဝမ်းမြောက်နေခဲ့ပြီး သူသည် ချင်ယွင်အား သူ၏ကြင်နာမှုအတွက် ထပ်ခါတလဲလဲ ကျေးဇူးတင်နေခဲ့ပါသည်။
ချင်ယွင်က ပြုံးပြပြီး ဒါက ဘာမှမဟုတ်ဘူးဟုသာ ပြောလိုက်ရသည်။ မကြာခင်မှာ သူသည် ချီစွမ်းအင်လမ်းကြောင်းများပိတ်ဆို့ခြင်းကို ဖွင့်နိုင်ရန် သူ့ကို ကူညီပေးရ လိမ့်မည်။ ထိုအချိန်တွင် သူသည် ပို၍အဝေးရောက်သည်အထိ လျှောက်လှမ်း ရတော့မည်။
ဇောင်ယုသည် လေးနက်စွာ ခေါင်းညိတ်လိုက်သည်။ သူ့ထက်တစ်နှစ်ငယ်သည့် ဤဆရာအပေါ် အကန့်အသတ်မရှိ ကျေးဇူးတင်စိတ်များဖြင့် ပြည့်နေသည်။ အနာဂတ်တွင် ချီစွမ်းလမ်းကြောင်း ပိတ်ဆို့ခြင်းကို ဖွင့်နိုင်ပါက သူ့နောက်လိုက်ရန် သူ၏အသက်ကိုပင် အသုံးပြုမည်ဟု ကျိန်ဆိုခဲ့သည်။
မူလကတော့ ချင်ယွင်သည် နောက်ထပ် တစ်ရက်နှစ်ရက်ကြာလျှင် စမ်းသပ်မူကို ဖြတ်ကျော်ပြီး အပြင်စည်းဂိုဏ်းဝင်ရန်အတွက် ဇောင်ယုကိုညွှန်ကြားရန် ရည်ရွယ်ခဲ့သော်လည်း ၁၆ ရက်မြောက်နေ့တွင် ယခင်က တစ်ခါမှ မပေါ်လာဖူးသော ဇောင်ယွမ်သည် သူတို့၏ မီးဖိုချောင်ထဲဆီကို လူတစ်စုကို ခေါ်ဆောင်လာမည်ဟု သူလည်း မမျှော်လင့်ခဲ့ပေ။
"ဇောင်ယွမ်၊ မင်း ဘာလာလုပ်တာလဲ" ချန်တာဖန်က အခန်းထဲမှထွက်လာပြီး သူ၏ဇွန်းရှည်ကြီးကို ကိုင်ထားရင်း ဇောင်ယွမ်နှင့် အတူပါလာသည့် တခြားလူများကို ကြည့်လိုက်သည်။
ချင်ယွင်နှင့်ဇောင်ယုတို့သည် လေသံကြားသည့်အချိန်ကတည်းက ထွက်လာခဲ့ ကြသော်လည်း ဇောင်ယွမ်ဖြစ်သည်ကို တွေ့လိုက်ရသောအခါတွင် သူ၏အမူအရာက ချက်ချင်းပင် မှုန်ကုပ်ကုပ် ဖြစ်သွားသည်။
ချင်ယွင်သည် ဤမြင်ကွင်းကိုမြင်သောအခါ သူကို့ ဘာမျှပြန်မပြောပေ။ ဇောင်ယုနှင့် ဇောင်ယွမ်တို့သည် တစ်နေ့နေ့ တစ်ချိန်ချိန်တွင် ဤရန်အကြွေးကို ဖြေရှင်းကြမည် ဖြစ်ကြောင်း သူသိသည်။ ဒါ့အပြင် ဇောင်ယု၏ ရည်ရွယ်ချက်မှာလည်း သူသည် (ဇောင်ယွမ်)ကို ချက်ခြင်းပြောရန် ရည်ရွယ်ထားပုံမပေါ်။ ယင်းအစား သူက အပြောင်းအလဲကို ငြိမ်ငြိမ်လေးပဲ စောင့်ကြည့်နေသည်။ ယင်းအနေထားကြောင့် ချင်ယွင်သည် သူ၏စိတ်ထဲတွင် သူ့ကို အနည်းငယ် ချီးမွမ်းသွားမိသည်။ "ဒီကောင်လေး၏ စိတ်နေစိတ်ထားက တကယ့်ကို မဆိုးဘူးဘဲ"
"မင်းဘာလာလုပ်တာလဲ၊ ဟုတ်လား။ မင်းရဲ့ နောက်ဆုံး လက်ဝါးရိုက်ချက်အတွက် သေချာပေါက် လက်စားလာချေတာပေါ့ကွ။ မင်းငါ့ကို နောက်ဆုံးအကြိမ် ရိုက်လိုက်တုန်းက မင်းက ငါ့ကို ရက်အနည်းငယ်ကြာအောင် အိပ်ယာထဲ လှဲခိုင်းခဲ့ တယ်။ ဒီနေ့က အကြွေးပြန်ယူရမယ့်အချိန်ပဲ " ဇောင်ယွင်က မောက်မာစွာပြောသည်။
"မင်းကလား ?" ချန်တာဖန်သည် ရှေ့သို့ ခြေတစ်လှမ်း လှမ်းခဲ့ပြီး၊ ပဉ္စမအဆင့် ကောင်းကင်အလွှာ အထွတ်အထိပ်ရှိ သူ၏ခွန်အားသည်သံသယဖြစ်ဖွယ်မရှိ ထင်ရှားပေါ်လွင်သည်။
"ဟမ့်၊ မင်း ငါ့ကို အနိုင်ယူနိုင်မယ် ထင်လား" ဇောင်ယွမ်က အထင်သေးဟန်ဖြင့် ပြောလိုက်သည်။ သူပြောပြီးသည်နှင့် သူသည် ရှေ့သို့ ခြေတစ်လှမ်းတိုးကာ ပြင်းထန်သော အငွေ့သက်တစ်ခုက ထွက်ပေါ်လာသည်။
"ဆဋ္ဌမအဆင့် ကောင်းကင်အလွှာ သိုင်းပညာရှင်လား ။" မီးဖိုချောင်မှ တပည့်များသည် ချက်ခြင်းပင် တုန်လှုပ်ခြောက်ခြားစွာ အော်ဟစ်လိုက်ကြသည်။
ချန်တာဖန်သည် မျက်မှောင်ကြုတ်လိုက်သည်။
"ဘာလဲ ကြောက်သွားပြီလား?" ဇောင်ယွင်က ရယ်မောရင်း ပြောလိုက်သည်။
ထို့နောက် သူသည် ရှေ့သို့ခြေတစ်လှမ်းတိုးကာ ချန်တာဖန်၏ရှေ့သို့ ရောက်လာသည်။
ချန်တာဖန်၏ အမူအရာသည် ချက်ချင်း ပြောင်းသွားသည်။ သူ၏လက်မောင်းက ဇွန်းရှည်ကြီးကို သူ၏လက်ဖြင့်မြှောက်ပြီး ဇောင်ယွမ်ကို ရိုက်ချလိုက်သည်။
"အသုံးမဝင်ပါဘူး"ဇောင်ယွမ်က လှောင်ပြောင် ပြီး ချန်တာဖန်၏ ရင်ဘတ်ကို လက်သီးဖြင့် ထိုးလိုက်ရာ ချန်တာဖန်သည် ခြေလှမ်းအနည်းငယ် နောက်ပြန် ဆုတ်သွားပြီး မြေပြင်ပေါ်သို့ လဲကျသွားသည်။
"ဟမ့်၊ မင်းက သိပ်အားကောင်းပုံမရဘူး။ မင်းရဲ့သိုင်းစွမ်းရည်က အရင်က အရမ်းကို အားကောင်းခဲ့တာ မဟုတ်ဘူးလား၊ မင်း အခုဘာလို့ အရင်လို မလုပ်နိုင်ရ တာလဲ" ဇောင်ယွမ်သည် မြေပြင်ပေါ်တွင် လဲလျောင်းနေသော ချန်တာဖန်ကို ကြည့်ပြီး သူ၏မျက်နှာပေါ်တွင် အထင်အမြင်သေးသည့် အကြည့်က ပို၍ပင် မောက်မာလာ သည်။
ချန်တာဖန်၏ အမူအရာမှာ မှုန်မှိုင်းနေပြီး သူ၏မျက်နှာပေါ်ရှိ အသားများသည် ဒေါသကြောင့် တုန်ယင်နေသည်။ မတ်တပ်ထရပ်ပြီး သူ၏လက်သီးများကို တင်းတင်း ဆုပ်ထားရင်း သူ၏အသက်ကို စွန့်ပြီး တိုက်ခိုက်တော့မရောင်ပင်။
"ဘာလဲ? မင်းက သေတဲ့အထိ ရုန်းကန်မလို့လား၊ အဲ့ဒါဆိုရင်လည်း မင်းကို အနောက်ကောင်းကင်ဘုံကို ပို့ပေးလိုက်မယ်။" ဇောင်ယွမ်သည် အံ့အားသင့်သွား သည်။ မိုးခြိမ်းသံသည် သန်မာသော ကျားတစ်ကောင်ကဲ့သို့ သူ၏တစ်ကိုယ်လုံးမှ ပေါက်ကွဲထွက်ကာ ချန်တာဖန် ဆီသို့ ပြေးလာသည်။
"ငါ မင်းကို တိုက်မယ်!" ချန်တာဖန်သည် ကျယ်လောင်စွာအော်လိုက်ပြီး သူသည် အမြန်ထွက်သွားတော့မည်။
သို့သော် ဤအခိုက်အတန့်တွင် သူသည် ရုတ်တရက် သူ့ကို ဖြတ်သန်းသွားသော အရာတစ်ခုကို မြင်လိုက်ရပြီး ဇောင်ယွမ်၏ အလွန်ပြင်းထန်သော လက်သီးချက်ဖြင့် ထိပ်တိုက်ဆုံသွားသည်။
"ဘန်း!"
လက်သီးနှစ်ခုသည် ထိပ်တိုက်ဆုံမိပြီး နှစ်ယောက်စလုံး ခြေလှမ်းအနည်းငယ် နောက်ပြန်ဆုတ်သွားကြသည်။
"ဇောင်ယုလား!"
လူတိုင်းသည် ရုတ်တရက် အသံထွက်ပေါ်လာသည့်နေရာကို ကြည့်ပြီး တုန်လှုပ်စွာ အော်ဟစ် လိုက်သည်။
ချန်တာဖန်သည် ခဏကြာ အံ့အားသင့်နေပြီး စိတ်လှုပ်ရှားနေသော အပြုံးကို ထုတ်ဖော်ကာ"ဇောင်ယု၊ မင်းရဲ့ ကျင့်ကြံမှု ပြန်ကောင်းလာပြီလား?"
ဇောင်ယုက ခေါင်းညိတ်ပြပြီး သူ၏ဘေးနားက ချန်တာဖန်ကို ပြောလိုက်သည် "ဒီနှစ်တွေတစ်လျှောက်လုံး ငါ့ကို ဂရုစိုက်ပေးလို့ ကျေးဇူးတင်ပါတယ်"
"မင်း ဘာပြောလိုက်တာလဲ?" ချန်တာဖန်က ဇောင်ယု၏ပုခုံးကိုရိုက်လိုက်ပြီး ပျော်ရွှင်စွာပြောလိုက်သည် "ဟိုကုန်လွန်ခဲ့တဲ့ နှစ်တွေအားလုံးမှာ တကယ်လို့ မင်းသာ ငါ့ကို မကူညီခဲ့ရင် ငါ သေတဲ့အထိ အရိုက်ခံရတာကြာပြီ။ နောက်ပိုင်း မင်းတစ်ခုခုဖြစ်ခဲ့ရင် ငါ အပြစ်ရှိသလိုခံစားရတယ်။ မင်းကို ငါ မကူညီနိုင်ခဲ့ဘူးလေ။ မင်းရဲ့ ကျင့်ကြံမှု ပြန်ကောင်းလာလို့ မင်းအတွက် ငါ တကယ်ကို ဝမ်းသာပါတယ်။"
ဇောင်ယုသည် သူ၏နှလုံးသားထဲသို့ နွေးထွေးမှု အရိပ်အယောင်များ ဝင်လာသဖြင့် ပြုံးလိုက်သည်။
လွန်ခဲ့သည့်ငါးနှစ်အတွင်းတွင် ချန်တာဖန်က သူ့ကို ကောင်းမွန်စွာ ဆက်ဆံခဲ့ သည်။ ချန်တာဖန်က သူ့ကိုဘာမှပြန်မပြောပေမယ့် ချန်တာဖန်သည် သူ့ကို အစ်ကို တစ်ယောက်ကဲ့သို့ အမှန်တကယ် ဆက်ဆံသည်ကို ဇောင်ယု ခံစားလို့ရနိုင်သည်။
ဇောင်ယု ရုတ်တရက် ပေါ်လာသည်ကို မြင်လျှင် ဇောင်ယွမ်လည်း အံ့သြသွား သည်။ ဇောင်ယွမ်သည် သူ၏လက်သီးကို အမှန်တကယ် တားဆီးနိုင်ခဲ့သည်ကို သူ မယုံကြည်နိုင်ပေ။ ဇောင်ယုသည် သူ၏ကျင့်ကြံမှု ပြန်လည်ကောင်းမွန်လာကြောင်းကို ကြားလိုက်ရသောအခါတွင် သူသည် ပို၍ပင် တုန်လှုပ်သွားခဲ့သည်။
သို့သော်လည်း ဇောင်ယု၏ကျင့်ကြံမှုသည် ပဉ္စမအဆင့် ကောင်းကင်အလွှာ၏ အထွတ် အထိပ်၌ ရှိနေသည်ကို သူမြင်သောအခါတွင် သူ၏မျက်နှာပေါ်တွင် လှောင်ပြောင် သော အပြုံးတစ်ခု ပေါ်လာသည်။ သူက ဇောင်ယု ကို သရော်ဟန်ဖြင့် "အိုး၊ မင်းလို အမှိုက်က မင်းရဲ့ကျင့်ကြံမှုကို ပြန်ကောင်းလာအောင် လုပ်နိုင်စွမ်းရှိမယ်လို့ ငါ မမျှော်လင့်ထားဘူး။ ဒါပေမယ့် မင်းရဲ့ကျင့်ကြံမှု ပြန်ရရင်တောင် ဘာဖြစ်လဲ။ ဒီနေ့ ငါ မင်းကို လုံးဝ အဆုံးသတ်ပေးမယ်။ မင်း ပြန်လှည့်ဖို့ အခွင့်အလမ်း မရှိတော့ဘူး။"
ဇောင်ယွမ်၏ စကားကိုကြားပီုး ဇောင်ယု၏ အမူအရာသည် ချက်ချင်း မည်းမှောင် သွားခဲ့သည်။ သူလက်ကို ဝှေ့ယမ်းပြီး ချန်တာဖန်ကိုဆုတ်ခွာရန် အချက်ပြလိုက်သည်။
ချန်တာဖန်သည် အနည်းငယ် စိုးရိမ်နေပုံရသည်။ သူသည် တစ်ခုခုပြောချင်သော်လည်း ချင်ယွင်က သူ့ကို နောက်မှ ဆွဲခေါ်လိုက်သည်။
"စိတ်မပူပါနဲ့ ။ ဇောင်ယု အဆင်ပြေမှာပါ " ချင်ယွင်က နှစ်သိမ့်လိုက်သည်။
ထို့နောက် ချန်တာဖန်သည် မည်သို့ပင် ဝေခွဲမရဖြစ်နေပါစေ၊ သူသည် ဇောင်ယုနှင့် ဇောင်ယွမ် ကို လှည့်ကြည့်လိုက်သည်။
ဤအချိန်တွင် ဇောင်ယုသည် သူ၏စိတ်ထဲတွင် အမျက်ဒေါသကို လုံးလုံးလျားလျား လောင်ကျွမ်းစေပြီး ဇောင်ယွမ်နှင့် ဖြေရှင်းရန် ပြင်ဆင်နေလေသည်။