ပါးတစ်ချက်ရိုက်ခြင်း
Vol. 5 Ch. 64
အခန်း (၆၄) ပါးတစ်ချက်ရိုက်ခြင်း
"ဇောင်ယွမ်၊ မင်းငါ့ကို အရှက်ခွဲနေတာ လေးနှစ်ရှိပြီ။ ဒီလေးနှစ်အတွင်းမှာ မင်းငါ့ကို ထိုးကြိတ် ကန်ကျောက်တာ စော်ကားတာ အားလုံးလုပ်ခဲ့တယ်။ ဒါပေမယ့် ဒီနေ့ မင်းငါ့ကိုလုပ်ခဲ့သမျှအရာအားလုံးကို မင်းကို ပြန်ခံစားခွင့်ပြုမယ် ။" ဇောင်ယုသည် ဇောင်ယွမ်ကို ကြည့်ပြီး အေးစက်စွာ ပြောလိုက်သည်။ လေးနှစ်ကြာအောင် ချုပ်တည်းထားခဲ့သော သူ၏ဒေါသသည် ဤအခိုက်အတန့်တွင် ထွက်ပေါ်လာသည်။
"ပြန်ပေးမယ် ဟုတ်လား။ မင်းရဲ့ကျင့်ကြံမှုလေး ပြန်လည်ရရှိပြီးတဲ့နောက် မင်းက ငါ့ရဲ့ပြိုင်ဘက်လို့ ထင်နေသလား။ ငါက အခု ဆဋ္ဌမအဆင့် ကောင်းကင်အလွှာ သိုင်းပညာရှင်တစ်ယောက် ဖြစ်နေပြီဆိုတာ မမေ့စမ်းပါနဲ့။" ဇောင်ယွမ်က အထင်သေးစွာဖြင့် ပြော၏။
"ဒါကိုသိနိုင်ဖို့ စမ်းသပ်ကြည့်ရုံနဲ့ မလုံလောက်ဘူးလား" ဇောင်ယု၏ ပါးစပ်ထောင့် သည် ယုံကြည်စိတ်ချရသော တွန့်ကွေးတစ်ခုအဖြစ် ကွေးသွားခဲ့သည်။
ဤကာလအတွင်း သူသည် ချင်ယွင်၏ဂိုဏ်းသို့ ဝင်ရောက်ခဲ့သည်။ ချင်ယွင်သည် ခန္ဓာ ကိုယ်သန့်စင်ခြင်းနည်းပညာနှင့် ကောင်းကင်တုန်ခါလက်သီးနည်းပညာရပ်များကဲ့သို့ သိမ်မွေ့နက်နဲသော သိုင်းပညာများကို သင်ကြားပေးရုံသာမက၊ သူ၏ လေ့ကျင့်မှု အတွေ့အကြုံနှင့် ထိုးထွင်းသိမြင်မှုအချို့ကိုလည်း ပြောပြခဲ့သည်။ ၎င်းတို့အနက်မှ ဇောင်ယုသည် ကျင့်ကြံခြင်းသည် ကောင်းကင်ဘုံကို အန်တုခြင်းဖြစ်သည်ကို အခိုင်အမာ သတိရမိသည်။ မကြောက်မရွံ့သော စိတ်ဓာတ်ဖြင့်သာ သူသည် ရှေ့ဆက်နိုင်မည်ဖြစ်သည်။
ထို့ကြောင့် ဇောင်ယုသည် ယခုအခိုက်အတန့်တွင် အနည်းငယ်မျှ ကြောက်ရွံ့ခြင်း မရှိပေ။ ဆန့်ကျင်ဘက်အနေဖြင့်၊ ဇောင်ယွမ်သည် သူ၏ပထမဆုံးခြေနင်း ကျောက်တုံး ဖြစ်သည်ဟု သူခံစားမိသည်။ နောင်အနာဂတ်တွင်၊ သူသည် သူ၏ဆရာနောက်သို့ လိုက်၍ နေရာအရပ်ရပ်၌ တိုက်ပွဲဝင်ရလိမ့်မည်။
ဇောင်ယွမ်၏ မျက်လုံးများသည် ချက်ချင်းပင် ကျဉ်းမြောင်းသွားသည်။ သူအမုန်းဆုံးအရာမှာ ဇောင်ယု၏ အမူအရာကြောင့် သူ၏နှလုံးသားထဲတွင် နားမလည်နိုင်လောက်သည့် ထိတ်လန့်သွားစေမူ ဖြစ်သည်။
"မင်းက သေမယ်,မသေဘူးဆိုတာ မသိခင်ကတည်းက ငါက မင်းကို ငရဲဘုရင်ကို သွားတွေ့ဖို့ စေလွှတ်ပေးမယ်!" ဇောင်ယွမ်က အေးစက်စွာ ဟစ်အော်လိုက်သည်။ သူ၏ခန္ဓာကိုယ်ပေါ်ရှိ ဝိညာဉ်စွမ်းအင်များသည် တဟုန်ထိုး တက်လာပြီး ဆဋ္ဌမအဆင့် ကောင်းကင်အလွှာ ကျင့်ကြံမှုစွမ်းအား အထိန်းအကွပ်မရှိ ပေါ်လာသည်။
ဝှီး!
ဇောင်ယွမ်သည် သူ၏စွမ်းအားအကုန်ထုတ်ကာ ပစ်၀င်လိုက်သည်။
ဇောင်ယုသည် တောင်တလုံးကဲ့သို့ မလှုပ်မယှက်ဘဲရပ်ကာ ရက်စက်ကြမ်းကြုတ်သော
ဇောင်ယွမ်ကို မျက်ကွယ်ပြုထားပုံရသည်။
"မင်းက သေခြင်းတရားကို တောင်းခံနေတာဘဲ။!" ဇောင်ယွမ်သည် ဒေါသတကြီး ဖြစ်ကာ ဇောင်ယု၏ ရင်ဘတ်ကို ထိုးနှက်ရန် ခွန်အားအားလုံးကို အသုံးပြုခဲ့သည်။
ဇောင်ယုက ပြုံးပြီး ပြောသည် "မင်းက အရမ်းနှေးလွန်းနေတယ်!"
ထိုနောက်မှာတွင် ဇောင်ယု၏ လျှပ်စီးလက်သကဲ့သို့သော တိုက်ခိုက်မှုကို လူတိုင်းမြင် လိုက်ရပြီး ဇောင်ယွမ်၏ဝမ်းဗိုက်ထဲကို သူ၏ လက်သီးနှင့် ထိုးလိုက်သည်။ ယင်းကြောင့်ဇောင်ယွမ်သည် ပုဇွန်တစ်ကောင်လို ချက်ချင်း ညွှတ်ကွေးသွားခဲ့သည်။
ဒါပေမယ့် ဒါက အဆုံးသတ် မဟုတ်သေးပါဘူး။
ဇောင်ယု၏တစ်ကိုယ်လုံးသည် သိမ်မွေ့ပျော့ပြောင်းသော လေးတစင်းနှင့် တူပြီး သူ၏ခါးသည် ချက်ချင်းပင် ခွန်အားကို တိုးလာစေသည်။ သူသည် ဇောင်ယွမ်၏ မေးစေ့ကို သူ၏ဒူးဖြင့် တိုက်ရိုက် တိုက်ချလိုက်သည်။
ဇောင်ယွမ်သည် သူ၏ မေးစေ့အား ကြီးမားပြင်းထန်သော စွမ်းအားဖြင့် ထိမှန်သွား သကဲ့သို့ ခံစားလိုက်ရကာ သူ၏ပါးစပ်ရှိ သွားများအားလုံး ပြုတ်ကျသွားသည်။ သူ၏ ခေါင်းတစ်ခုလုံး ချာချာလည်မူးဝေသွားခဲ့ပြီး သူ၏ ခန္ဓာကိုယ်သည် ထိန်းမနိုင် သိမ်းမရဖြစ်ကာ နောက်ကို လွင့်စင်သွားခဲ့သည်။
"ဒါက ဘယ်လိုလုပ်ဖြစ်နိုင်မှာလဲ?" ပတ်ဝန်းကျင်ကလူများ အလန့်တကြား အော်ဟစ်ကြသည်။
ဆဋ္ဌမအဆင့် ကောင်းကင်အလွှာရှိ ဇောင်ယွမ်သည် ပဉ္စမအဆင့် ကောင်းကင်အလွှာ အထွတ်အထိပ်မှ ဇောင်ယု၏ရှေ့မှောက်တွင် ဤမျှအားနည်းနေရသလား။
အနားတွင်ရှိသည့် ချန်တာဖန်လည်း အံသြသွားသည်။ ဇောင်ယုသည် သူ၏ခွန်အား ပြန်လည်ရရှိချိန်တွင် ဤမျှ အစွမ်းထက်မည်ဟု သူ မမျှော်လင့်ခဲ့ပေ။ တကယ် လက်တွေ့မှာတော့ သူသည် သူ့ထက်အဆင့်ပိုမြင့်မားသည့်လူကိုပင် စိန်ခေါ်ခဲ့ပြီး သူကတောင် အနိုင်ယူနိုင်ခဲ့သည်။
သူက အံ့အားသင့်ဖွယ်အစွမ်းထက်သည့် ဆေးအချို့ကို စားလိုက်လို့များ ဖြစ်နိုင်မလား။
ဘေးမှာရပ်နေသည့် ချင်ယွင်တယောက်သာ ဒါက ဇောင်ယုခံစားခဲ့ရသည့် ဆိုးဝါးသော နာကျင်မူများကြောင့်ဆိုသည်ကို သိပါသည်။
မူလကတည်းက ဇောင်ယုသည် ပဉ္စမအဆင့်ကောင်းကင်အလွှာ အထွတ်အထိပ် တွင်သာရှိသော်လည်း မနေ့ညက ဇောင်ယုသည် ချင်ယွင်ကိုရှာဖွေပြီး သူနှင့်တိုက်ခိုက် ရန် ချင်ယွင်ကို တောင်းဆိုခဲ့သည်။
ရလာဒ်အနေဖြင့် သူသည် မိမိကိုယ်မိမိ သက်သေပြနိုင်ခဲ့သည်။ ဇောင်ယုသည် လုံးဝ ညှဉ်းပန်းနှိပ်စက်ခြင်းခံခဲ့ရခြင်း ဖြစ်သည်။
သို့သော် ဤနည်းဖြင့် ဇောင်ယု၏ ခန္ဓာကိုယ်သန့်စင်ခြင်းနည်းပညာသည် အဆင့်သစ် တစ်ခုသို့ အမှန်တကယ် တိုးတက်လာခဲ့သည်။ အရွှတ်ပြောင်းလဲခြင်း၏ အဆင့်တစ်ဝက်ကို ပြီးပြည့်စုံပြီးနောက်၊ သူသည် ဆဋ္ဌမအဆင့် ကောင်းကင်အလွှာ အထွတ်အထိပ်၏ ခွန်အားကို ရုတ်တရက် ရရှိခဲ့သည်။ ထို့ကြောင့် ဇောင်ယုသည် ယခုအချိန်တွင် ဇောင်ယွမ်ကို အလွယ်တကူ တိုက်ခိုက်နိုင်ခဲ့သည်။
ဇောင်ယွမ်သည် နောက်ပြန်လွင့်ထွက်သွားပြီး ဆယ်မီတာအကွာမှာ ပြုတ်ကျကာ ရပ်သွားခဲ့သည်။ အံသွားများက မြေပြင်ပေါ်သို့ ပြုတ်ကျကာ သူသည် အလွန်ဒေါသထွက်ပြီး အရှက်ရစေခဲ့သည်။
"ငါ မင်းကို သတ်မယ်!" ဇောင်ယွမ်သည် ဇောင်ယုဆီကို ခွေးရူးတစ်ကောင်ကဲ့သို့ ပြီးဝင်လာရင်း ဟိန်းဟောက်လိုက်၏။
"သေစမ်းကွ၊ ကျားဟိန်းလက်သီး!" ဇောင်ယွမ်သည် ကျယ်လောင်သော ဟိန်းဟောက်သံကို ထုတ်ဖော်လိုက်ပြီး သူ၏ ခန္ဓာကိုယ်သည် ရက်စက်ကြမ်းကြုတ် သော ကျားတစ်ကောင်ကဲ့သို့ စွမ်းအားများ ပေါက်ကွဲထွက်လာလေသည်။ သူ၏ ပြင်းထန်သော လက်သီးချက်ချက်သည် ရပ်တန့်၍မရသောလက်သီးအရိပ်များကို ထုတ်ဖော်ပေးသည်။
ပတ်ဝန်းကျင်ရှိလူများ ချက်ချင်း အံ့သြသွားကြသည်။ ဒါဟာ သေချာပေါက် အလယ်အလတ်အဆင့် အဆင့်နိမ့်တန်းစားသိုင်းပညာတစ်ခုဖြစ်သည်။ ဤ ဇောင်ယွမ် သည် အလယ်အလတ်အဆင့် သိုင်းပညာကို အမှန်တကယ် ကျွမ်းကျင်နေခဲ့သည်။
ဇောင်ယုသည် ဤမြင်ကွင်းကို အေးစက်စွာကြည့်နေသည်။ သူ၏မျက်လုံးများသည် အနည်းငယ်မျှ ယိမ်းယိုင်သွားခြင်းမရှိပေ။ချင်ယွင်နှင့်မတွေ့ခင်မှာ အလယ်အလတ် အဆင့် အဆင့်နိမ့်တန်းစား သိုင်းပညာရပ်ကြောင့် သူ၏ပတ်ဝန်းကျင်မှ လူများကဲ့သို့ အံ့သြသွားကြလိမ့်မည်။ ယခုမူကား၊ အလယ်အလတ်အဆင့် သိုင်းပညာရပ်သည် သူ၏မျက်လုံးထဲတွင် ဘာမှမဟုတ်တော့ပေ။
"မင်းက သိုင်းပညာစွမ်းအားခြင်း တိုက်ခိုက်ချင်မှတော့ မင်းကို ငါနည်းနည်းပါးပါး ကျွမ်းကျင်ထားခဲ့တဲ့ ငါ့ရဲ့ ကောင်းကင်တုန်ခါလက်သီး အတွေ့အကြုံကို မြည်းစမ်းခွင့် ပြုမယ်။" ဇောင်ယုက အထင်သေးဟန်ဖြင့်ပြော၏။
ထိုစကားကို ပြောပြီးနောက် သူ၏လက်ဖဝါးကို လက်သီးအသွင် ပြောင်းလိုက်သည်။ သူ၏အငွေ့အသက်သည် ကမ္ဘာမြေကြီး တုန်ခါလှုပ်ရှားမူနှင့်အတူ တောင်များပြိုပြီး ပင်လယ်ပြင်များလှိုင်ထန်သကဲ့သို့ ဖြစ်နေသောကြောင့် ပတ်ဝန်းကျင်မှ လူများသည် အသက်ရှူနိုင်စွမ်းပင်မရှိတော့ချေ။
"ဒါက ဘယ်လိုသိုင်းပညာမျိုးလဲ၊ ဘာလို့ ဒီလောက်တောင် အစွမ်းထက်နေရတာလဲ။ အငွေ့အသက်တစ်ခုတည်းကတင် ခန့်ညားထည်ဝါလွန်းတယ်။" ပတ်ဝန်းကျင်ရှိလူများ သည် အလန့်တခြား ဟစ်အော်ကြသည်။
သို့သော်လည်း ၎င်းတို့ကို ပို၍ပင် တုန်လှုပ်သွားစေသည်မှာ ဇောင်ယု ထိုးလိုက်သော လက်သီးသည် ဇောင်ယွမ်၏လက်သီးနှင့် ထိပ်တိုက်ဆုံမိခြင်း ဖြစ်သည်။
ဇောင်ယုသည် ထိုက်တောင်ကြီးကဲ့သို့ တည်ငြိမ်နေသော်လည်း ဇောင်ယွမ်သည် သဲအိတ်ကဲ့သို့နောက်ပြန်လွင့်သွားကာ သူ၏နောက်မှ နံရံကို တိုက်ရိုက်ထိမှန်ပြီး နံရံတစ်ခုလုံး ကွဲအက်ကာသွေးများ ထွက်လာခဲ့သည်။
ဇောင်ယွမ်သည် မြေပြင်ပေါ်သို့ လဲကျသွားပြီး သနားစရာကောင်းသော အော်သံတစ်ချက် ထွက်လာသည်။ သူ၏လက်မောင်းတစ်ခုလုံး ပုံသဏ္ဍာန်ပြောင်းနေပြီ ဖြစ်ပြီး လက်မောင်းပေါ်ရှိ အရိုးများ ကွဲအက်သွားခဲ့သည်။ သူ၏ပခုံးပေါ်ကို ဆုပ်ကိုင်းရင် အလွန်နာကျင်နေပုံရသည်။
"အခုတော့ နာကျင်မူဆိုတာကို သိသွားပြီပေါ့။ လွန်ခဲ့တဲ့ လေးနှစ်လောက်ကစပြီး မင်းငါ့ကို ရိုက်တိုင်း သေလုမြောပါး ရိုက်နှက်ခဲ့တယ်။ မင်း အရမ်းပျော်ခဲ့တယ် မဟုတ်လား"
ဇောင်ယုသည် ဇောင်ယွမ်ဆီသို့ တစ်လှမ်းပြီးတစ်လှမ်း လျှောက်သွားရင်း သူ၏အသံမှာ အေးစက်သွားသည် ။
"မလုပ်နဲ့... မလာနဲ့..." ဇောင်ယွမ်သည် အကြောက်လွန်ပြီး နောက်ပြန်ဆုတ် သွားသည်။ သူသည် သူ၏အနောက်က နံရံမှာကပ်နေရင်း သူ၏မျက်လုံးများ ကြောက်ရွံ့မှုများဖြင့် ပြည့်နေသည်။ ယခုပင်လျှင် ဇောင်ယုသည် ရုတ်တရက် အဘယ်ကြောင့် ဤမျှ အစွမ်းထက်လာသည်ကို သူ နားမလည်နိုင်တော့ပေ။
"မင်းလည်း ကြောက်တတ်တာဘဲလား?" ဇောင်ယုက ရယ်မောလိုက်ပြီး ဇောင်ယွမ်ရှေ့သို့ လျှောက်သွားသည်။ ဖြူဖတ်ဖြူရော်ဖြစ်နေသော ဇောင်ယွမ် မျက်နှာကိုကြည့်ရင်း သူ၏မျက်နှာပေါ်တွင် အထင်သေးဟန် အပြုံးတစ်ခု ပေါ်လာသည်။ "စိတ်မပူပါနဲ့ ငါမင်းကိုညှဉ်းပန်းနှိပ်စက်မှာ မဟုတ်ဘူး။ ငါ မင်းကို ပျော်ပျော်ကြီး သေခိုင်းမှာ။"
ဇောင်ယွမ်က ခါးခါးသီးသီး တောင်းပန်ပြီး "မဟုတ်ဘူး ... မဟုတ်ဘူး၊ ငါ့ကို သနားပါ၊
ငါကို မင်းရဲ့အစ်ကိုလို့ သတ်မှတ်လို့ မရဘူးလား။ မင်းငါ့ကို မသတ်နိုင်ဘူး..."
ဇောင်ယုက အလွန်စိတ်ပျက်ဟန်ဖြင့် ပြုံးပြီး "အစ်ကိုကြီးလား၊ အစ်ကိုကြီးက ကိုယ့်ညီလေးကို အမြဲအနိုင်ကျင့်နေမှာလား။ အစ်ကိုကြီးက မနာလိုမှုကြောင့် ကိုယ့်ညီလေးအပေါ် ယုတ်မာတဲ့ ချီစွမ်းအင်လမ်းကြောင်းပိတ်ဆို့ခြင်းပညာကို သုံးမှာလား။ အစ်ကိုကြီးက ကိုယ့်ညီလေးကို ခဏခဏ အရှက်ရအောင်လုပ်မှာလား။။"
"ဇောင်ယု..ဒါ. ဒါ ငါ့အပြစ်တွေပါကွာ၊ ဒီတစ်ခါတော့ ခွင့်လွှတ်ပေးပါ!" ဇောင်ယွမ် ဆက်လက် တောင်းဆိုလိုက်သည်။
ဇောင်ယုက ခေါင်းခါပြီး "ဒီတစ်ခါ မင်းကို ငါ ခွင့်မလွှတ်တော့ဘူး" ဟု ပြောလိုက် လိုက်သည်။
ယင်းနောက် ဇောင်ယုသည် ဇောင်ယွမ်၏ နားထင်ကိုလက်သီးဖြင့် ထိုးပစ်လိုက်သည်။
"ရပ်!"
ထိုအချိန်တွင် ခြံ၀န်းအပြင်ဘက်မှ ဒေါသတကြီး အော်ဟစ်သံ ထွက်ပေါ်လာသည်။
ဇောင်ယုသည် အနည်းငယ်မျှ တုံ့ဆိုင်းခြင်းမရှိ လက်သီးဖြင့် ထိုးချလိုက်သည်။
"မဟုတ်ဘူး" ဇောင်ယွမ်သည် အော်လိုက်ပြီး သူ၏မျက်နှာပေါ်က သွေးကြောမျ ပေါက်ထွက်ပြီး သေဆုံးသွားခဲ့သည်။
တားဆီးရန်အော်ဟစ်ခဲ့သူသည် ယခုအချိန်တွင် ခြံဝင်းအတွင်းသို့ ဝင်ရောက်လာခဲ့ သည်။ ဒီမြင်ကွင်းကို မြင်လိုက်ရတော့ သူသည်ချက်ချင်း ဒေါသဖြစ်သွားသည်။
ချင်ယွင်သည် ဤလူကိုမြင်သောအခါ၊ ဤသူသည် အလုပ်သမားခန်းမ၌ သူ့ကို တမင် တကာ အခက်တွေ့စေသော အကြီးအမှူးတပည့်ဖြစ်သည်ကို ချက်ခြင်းသိလိုက်ရ သည်။ ဤလူသည် အဋ္ဌမအဆင့် ကောင်းကင်အလွှာ သိုင်းပညာရှင် ဖြစ်သည်။
"ငါ မင်းကို ရပ်ခိုင်းတယ်လေ၊ မင်းဘာလို့မရပ်တာလဲ" အကြီးအမှူးတပည့်သည် ဇောင်ယုဆီသို့ လျှောက်လာပြီး သူ့ကို မေးခွန်းထုတ်သည်။
ဒါပေမယ့် ဇောင်ယုသည် မရှင်းပြခင်မှာ ဇောင်ယွမ်၏ရင်ဘတ်ကိုကန်ပြီး လွင့်ထွက်သွားစေသည်။
သို့သော်လည်း အကြီးအမှူးတပည့်သည် မရပ်သေးပေ။ အမှန်တကယ်တော့ သူသည် ဇောင်ယုနောက်ကို အရှိန်အဟုန်ဖြင့်လိုက်ကာ ဇောင်ယု၏ရင်ဘတ်ကို ရိုက်နှက်ရန် သူ၏လက်သီးကို ဆန့်ထုတ်လိုက်သည်။
"လုံလောက်ပြီ!"
ဒေါသတကြီး ဟိန်းဟောက်သံက ရုတ်တရက် မိုးခြိမ်းသံကဲ့သို့ ပေါက်ကွဲလာသည်။
ထို့နောက် ဇောင်ယုနှင့် အကြီးအမှူးတပည့်ကြားတွင် ပုံအရိပ်အယောင်တခုကို လူတိုင်းမြင်လိုက်ရသည်။ ထို့နောက် အကြီးအမှူးတပည့်၏မျက်နှာကို မညှာမတာ ရိုက်ချလိုက်ပြီး လွင့်သွားစေသည်။
ဤအခိုက်အတန့်တွင် လူတိုင်းသည် ထိုလူ၏ မျက်နှာကို ပြတ်ပြတ်သားသား မြင်လိုက်ကြစဉ် ထိုလူသည် ယခုမှရောက်ရှိလာစ လင်းယွင်ဖြစ်သည်ကို သိရှိလိုက်ရ သည်။