← Chapters

ပါးသုံးချက်ရိုက်ခြင်း

Vol. 5 Ch. 65

ပါးသုံးချက်ရိုက်ခြင်း

Vol. 5 Ch. 65

အခန်း (၆၅) ပါးသုံးချက်ရိုက်ခြင်း

အကြီးအမှူးတပည့်သည် ပြင်းပြင်းထန်ထန် ပါးရိုက်ခြင်းကို ခံလိုက်ရသည်။ ရပ်တန့်ပြီး

မြေပြင်ပေါ်သို့ မရောက်မီအထိ အကြိမ်တစ်ဒါဇင်ကျော်လောက် လေထဲတွင် ဂျင်ကဲ့သို့ လှည့်ပတ်နေခဲ့သည်။

ဤမြင်ကွင်းကို အနီးနားရှိ တပည့်များမြင်လျှင် သူတို့၏ မေးရိုးတစ်ခုလုံး အောက်ကိုပြုတ်ကျ နေကြသည်။ သူတို့သည် တစ္ဆေသရဲမြင်ရသကဲ့သို့ ချင်ယွင်ကို ကြည့်နေကြသည်။

အကြီးအမှူးတပည့်သည် မြေပေါ်သို့လဲကျပြီးနောက် မူးဝေခြင်းမှ ပြန်လည်ကောင်းမွန် လာပြီး ဖြစ်ပျက်နေသည်ကို နားလည်ရန် အချိန်အတော်ကြာယူခဲ့ရသည်။ သူသည် ပါးစပ်ထောင့်မှ သွေးများကို သုတ်လိုက်ပြီး ရုတ်တရက် ပေါ်လာသော ချင်ယွင်ကို ဒေါသတကြီး ကြည့်လိုက်သည်။

သူသည် ဇောင်ယွမ်ကို အစောပိုင်းက ကယ်တင်ခဲ့သော အကြောင်းရင်းမှာ ဇောင်ယွမ်ထံမှ အကျိုးကျေးဇူးများစွာ ရရှိထားခြင်းကြောင့် ဖြစ်နိုင်သည်။

ယင်းအပြင် ဇောင်ယွမ်၏ဦးလေးကိုလည်း ကြောက်ရဦးမည်။ ဇောင်ယွမ် တစ်ခုခု ဖြစ်ခဲ့လျှင် သူလည်း လွတ်မြောက်နိုင်မည် မဟုတ်ပေ။ ထို့ကြောင့် ဇောင်ယွမ် အသတ်ခံရပြီးနောက် လီချင်း၏ဒေါသကို ဖြေဖျောက်ရန် ဇောင်ယုကို သတ်ပစ်ပြီး အသုံးချလို၍ ဖြစ်သည်။

သို့သော် ဇောင်ယုကို အဆုံးသတ်ခါနီးတွင် သူ၏ရှေ့မှ ဤကောင်သည် သူ့ကို ခိုးဝင်တိုက်ခိုက်ခဲ့ပြီး သူ၏ပါးကိုရိုက်ကာ မြေပြင်ပေါ်သို့ ပြိုလဲကျသွားလိမ့်မည်ဟု သူ မမျှော်လင့်ထားပေ။ သူ ဘယ်လိုလုပ် ဒေါသမထွက်ဘဲနေနိုင်မလဲ။

"ကောင်စုတ်၊ မင်း သေချင်လား" အကြီးအမှူးတပည့်က အေးစက်သော အသံဖြင့် မေးသည်။

ချင်ယွင်က ပြုံးပြီး ဘာမှပြန်မပြော။ အဲဒီအစား သူက သူ၏လက်ကို ဝှေ့ယမ်းပြီး ဇောင်ယုကို နောက်ဆုတ်ခိုင်းလိုက်သည်။

ဇောင်ယုသည် သဘာဝအတိုင်း နာခံပြီး ဘေးဘက်သို့ ဆုတ်သွားသည်။

ထိုအချိန်မှစ၍ ဇောင်ယုသည် ချင်ယွင်၏ခွန်အားကို လုံး၀ ယုံကြည်လာခဲ့ သည်။ ချင်ယွင်ဆီမှ သူ့ကို ပေးခဲ့သည့် ခံစားချက်က နားမလည်နိုင်အောင် ပင်။ အကယ်၍ ချင်ယွင်သည်သိုင်းဧကရာဇ်တစ်ပါးဖြစ်ကြောင်း တစ်စုံတစ်ယောက်က ပြောပါက ဇောင်ယုသည် သူ့ကို မဆိုင်းမတွ ယုံကြည်နိုင်မည်ဖြစ်သည်။

ချင်ယွင်က ဇောင်ယုကို နောက်ပြန်ဆုတ်ခိုင်းပြီးနောက်၊ သူသည် လက်ရှိရောက်ရှိနေ သူအားလုံးကို မြေပြင်ပေါ်သို့ လဲကျသွားစေရန်အထိပင် တွန်းအားကို ဖြစ်စေခဲ့သည်။

"ငါ မလုပ်ချင်ခဲ့ဘူး!" ချင်ယွင် အရှက်ကင်းသော အပြုံးဖြင့် ပြောသည်။

ချင်ယွင်၏ မျက်နှာချိုသွေးသည့်အမူအရာကိုမြင်လိုက်ရသောအခါ အကြီးအမှူး တပည့်သည် ချင်ယွင်က ကြောက်လန့်သွားသည်ဟုအထင်ရှိသည်။ သူက ချက်ချင်းပင် မောက်မာသည့် အမူအရာကိုပြပြီး အော်ပြောလိုက်သည် "မင်းမလုပ်ချင်တဲ့နောက် မင်း ဘေးကိုလှည့်ထွက်သွားသင့်တယ်"။

ချင်ယွင်က ရှက်ရွံ့သည့်အမူအရာကို ထုတ်ဖော်ပြီး ပြောသည် "သခင်ကြီး အကြီးအမှူး၊ သူကကျွန်တော့ရဲ့ ဝမ်းကွဲအစ်ကိုပါ။ ကျွန်တော်ကြောင့် သူ့ကို ချမ်းသာပေးနိုင်မလား။"

"မင်းကြောင့်လား?" အကြီးအမှူးတပည့်က “မင်းမှာ ဘာမျက်နှာရှိလို့လဲ” ဟု လှောင်ပြောင် ပြောသည်။

ချင်ယွင်သည် တခြားအရာများကို ပြောချင်ပေမယ့် အကြီးအမှူးတပည့်သည် ချက်ချင်းပင် ဒေါသတကြီး အော်ပြောလိုက်သည်။ "ထွက်သွားစမ်း"

"ဟုတ်ကဲ့ပါ!" ချင်ယွင်က ကူကယ်ရာမဲ့စွာ ပြန်ဖြေလိုက်သည်။

အကြီးအမှူးတပည့်သည် ချင်ယွင်ကို အထင် အမြင်သေးစွာဖြင့် စိုက်ကြည့်ပြီးနောက်

ဇောင်ယုဆီသို့ လျှောက်လှမ်းရန် ပြင်ဆင်လိုက်သည်။

သို့သော် ယခုအချိန်တွင် ချင်ယွင်သည် အကြီးအမှူးတပည့်၏ မျက်နှာတစ်ဖက်ကို ရုတ်တရက် ပါးရိုက်လိုက်သည်။

ဒီတစ်ခါ ခွန်အားက ယခင်အကြိမ်တွေထက်ပိုပြင်းထန်သည်။ အကြီးအမှူးတပည့်၏ သွားများအားလုံးကို ချင်ယွင်က ရိုက်ချိုးပစ်လိုက်သည်။

သူ၏သွားများမှ သွေးစိမ်းရှင်ရှင် ထွက်ကျလာပြီး အကြီးအမှူးတပည့်သည် အမြောက်

ဆန်ကဲ့သို့ လွင့်ထွက်သွားသည်။ သူ၏ ခန္ဓာကိုယ်တစ်ခုလုံးသည် မဝေးလှသော နံရံတစ်ခုကိုထိမှန်သွားပြီး အမှန်တကယ်ပင် နံရံတွင်အပေါက်တစ်ခုကို ဖြိုခွဲကာ သူ၏တစ်ကိုယ်လုံး နံရံပေါ်တွင် ကပ်နေခဲ့သည်။

ဘေးနားမှ ကြည့်ရှုသူများသည် အံ့သြသွားကြသဖြင့် ပါးစပ်များ ကျယ်ကျယ် လောင်လောင် ပွင့်နေကြသည်။ တစ်ချို့လူများဆို မြေပြင်ပေါ်သို့ သွားရည်များ တွဲလောင်းကျနေသည့်အတွက်ပါးစပ်ကို ဘယ်လိုသုတ်ရမှန်းတောင် မသိကြ‌တော့ဘူး။

"ငါ မင်းကို ပြောခဲ့ပါတယ်၊ ငါ့မျက်နှာကြောင့် မင်း ငါ့စကားကိုနားမထောင်ခဲ့ရင် ငါ့ညာလက်က ငါ့ကိုဖြတ်ကျော်သွားနိုင်မလားဆိုတာ မင်းကြည့်ရမယ်။" ချင်ယွင်က ရောက်ရှိနေသည့် လူတိုင်းကို သွေးအန်စေလောက်သည့် တစ်စုံ တစ်ခုကို ခါးသီးသည့် အမူယာဖြင့် ပြောလိုက်သည်။

ဇောင်ယု၏ ပါးစပ်ထောင့်မှာ လှုပ်ယမ်းသွားသည်။ ဤကဲ့သို့ ကူကယ်ရာမဲ့ဖြစ်နေသည့် သူ့ဆရာ၏ တဖက်ခြမ်းကို သူ ပထမဆုံးအကြိမ် မြင်ဖူးခြင်းပင်။

အကြီးအမှူးတပည့်၏ ဦးခေါင်းသည် ပန်းများပွင့်နေပြီး သွားများလည်း ကျွတ်ထွက် သွားပြီ။ သူသည် မတ်တတ်ထရပ်ပြီး ချင်ယွင်ကို တစ်ခုခုပြောချင်သလို လက်ညှိုး ညွှန်ပြသော်လည်း ရှင်းရှင်းလင်းလင်း မပြောနိုင်ပေ။

ချင်ယွင်သည် လမ်းလျှောက်လာပြီး အကြီး အမှူးတပည့်၏ ရောင်ရမ်းနေသော မျက်နှာကို ညင်သာစွာ ပွတ်သပ်လိုက်သည်။“ သခင်ကြီးအကြီးအမှူး၊ အခု မင်း ငါ့မျက်နှာက အသုံးမကျဘူးလို့ ပြောနေတာလား။”

အကြီးအမှူးတပည့်၏ မျက်လုံးများသည် ချင်ယွင်၏ ညာလက်နှင့်အတူ လှုပ်ယမ်းပြသည်။ သူသည် ချင်ယွင်က သူ့ကို နောက်တကြိမ် ပါးထပ်ရိုက်မှာကို နက်နက်ရှိုင်းရှိုင်း ကြောက်သွားခဲ့ပြီး ကြက်အစာကောက်သလို ခေါင်းညှိတ်လိုက်၏။

"ဒါဆို သူနဲ့ပတ်သက်ပြီး ပြဿနာရှိနေသေးလား" ချင်ယွင်က ဇောင်ယုကို လက်ညှိုးထိုးပြပြီး ပြောသည် ။

အကြီးအမှူးတပည့်သည် ကမန်းကတန်း ခေါင်းခါလိုက်သည်။

ချင်ယွင်သည် ခပ်ဖျော့ဖျော့ ပြုံးလိုက်သည်။ အကြီးအမှူးတပည့်သည်လည်း ရယ်မော လိုက်သည်။ သို့သော် ဖောင်းကားပြီး ရှည်လျားသော သူ၏မျက်နှာသည် အလွန်နာကျင်သွားသဖြင့် ကျယ်လောင်စွာ အော်ဟစ်လိုက်ရသည်။

ရုတ်တရက် ချင်ယွင်သည် အကြီးအမှူးတပည့်အား မျက်နှာကို ပါးရိုက်လိုက်သည်။

ဤတစ်ကြိမ်တွင် အကြီးအမှူးတပည့်၏ ပါးစပ်သည် တွန့်လိမ်သွားကာ တစ်ကိုယ်လုံး

မီတာပေါင်းများစွာ အကွာအဝေးသို့ လွင့်ပျံသွားကာ မြေပြင်ပေါ်တွင် သတိလစ်လျက် လဲလျောင်းနေတော့သည်။

ပတ်ဝန်းကျင်မှလူများသည် မသိစိတ်က ပါးစပ်ကို ထိကိုင်လိုက်ကြပြီး ချင်ယွင်ဆီကို ပြန်လှည့်လာရင်း ကြောက်ရွံ့မှုများ ပြည့်နှက်နေသော မျက်လုံးများဖြင့် ကြည့်နေကြသည်။

အထူးသဖြင့် အစောပိုင်းက ဇောင်ယွမ်နောက်မှ နောက်လိုက်သော တပည့်များ ဖြစ်သည်။

သူတို့သည် ချင်ယွင်ကို သရဲတစ္ဆေကိုမြင်ရသလိုမျိုး ကြည့်ကြ သည်။ သူတို့သည် လွန်ကဲစွာ ထိတ်လန့်သွားကြသည်။ ချင်ယွင် လှည့်ကြည့်လိုက်သည်ကို သူတို့မြင်တော့ သူတို့သည် မြေပြင်ပေါ်မှာ တစ်ညီတစ်ညွတ်တည်း ဒူးထောက်ပြီး "မလုပ်နဲ့... ငါတို့ကို မရိုက်ပါနဲ့!"

ချင်ယွင်က ပြုံးပြီး လမ်းလျှောက်လာကာ "ငါ မင်းတို့ကို မရိုက်ပါဘူး" ဟု ပြောလိုက်သည်။

ထိုတပည့်များသည် ချင်ယွင် ဖြတ်သွားသည်ကို မြင်သောအခါ ကြောက်ရွံ့တုန်လှုပ် သွားကြသည်။ ချင်ယွင်သည် သူ၏မျက်နှာက ပြုံးနေပြီး သူတို့ကို မရိုက်ဘူးဟု ပြောနေပေမယ့် သူတို့ကရော ယုံကြည်ရဲမည်လား ။ ယခုလေးပင် ချင်ယွင်သည် သူ၏မျက်နှာတွင် တူညီသောအမူအရာရှိနေသော်လည်း အကြီးအမှူးတပည့်တစ်ဦး အား သယ်ထုတ်သွားရသည်အထိ ပါးရိုက်ခဲ့သည်ကို သူတို့ မြင်ထားကြသည်။

"မင်းတို့အားလုံးက အဝတ်လျှော်ခန်းမကတပည့်တွေ မလား။" ချင်ယွင်က ထပ်မေး သည်။

"ဟုတ်တယ်၊ ငါတို့အားလုံးက အဝတ်လျှော်ခန်းမက တပည့်တွေပါ။ ငါတို့အားလုံးကို

ဇောင်ယွမ်က ခြိမ်းခြောက်ခေါ်လာတာပါ။" တပည့်တစ်ယောက်က ချက်ချင်း ပြန်ဖြေသည်။

"ဒါဆို မိုးကြိုးဝိညာဉ်ဂိုဏ်းမှာ ဂိုဏ်းရဲ့တပည့်တွေ အချင်းချင်းသတ်ဖြတ်တဲ့ စည်းကမ်းရှိတယ်ဆိုတာ မင်းသိလား" ချင်ယွင်က ဆက်မေးသည်။

"ကျွန်တော်သိသည်!" တပည့်တစ်ယောက်က ပြန်ဖြေသည်။

"ဒီနေ့ ဘယ်သူ လူသတ်တာတွေ့လိုက်လဲ" ချင်ယွင်က ဇောင်ယုကို ညွှန်ပြပြီး မေးသည်။ ထို့နောက် သူ၏လက်ဖဝါးတဖက်ကို စတင်လှည့်ပတ်ကစားလိုက်သည်။

ချင်ယွင်သည် သူ၏လက်ဖဝါးကို လှည့်ပတ်ကစားနေသည်ကို တပည့်များက မြင်သောအခါ တံတွေးတစ်ချက်ကို ချက်ချင်းမျိုချလိုက်သည်။

"မဟုတ်ဘူး၊ ငါတို့ ဘာမှမတွေ့ကြဘူး။" တပည့်များက ကမန်းကတန်း ပြန်ဖြေ ကြသည်။

"ကောင်းကင်ဘုံကို ကျိန်ဆိုပါ။" ချင်ယွင်က ရုတ်တရက် အေးစက်စွာ အော်ပြောလိုက် သည်။

အေးစက်သောလေသံသည် သူတို့၏ခန္ဓာကိုယ်တစ်ခုလုံး တုန်လှုပ်သွားသည်အထိ တပည့်များသည် ချက်ချင်းပင် ထိတ်လန့်သွားကြပြီး သူတို့အားလုံးသည် ချက်ခြင်းဆိုသလို ကောင်းကင်တာအိုကို ကျိန်ဆိုလိုက်ကြ၏။

"မင်းတို့ကရော ဘာလဲ?" ချင်ယွင်သည် ထင်းခွဲခန်းမရှိ တပည့်တစ်စုကို လှည့်ကြည့်လိုက်သည်။

ထိုတပည့်တစ်စုသည် ချက်ချင်းပင် လည်ပင်းကို အသံရှင်းကာ ကောင်းကင်ဘုံ တာအိုအား ကျိန်ဆိုခဲ့ကြသည်။

ချန်တာဖန်သည် သူ၏လက်ကို မြှောက်ပြီး ကောင်းကင်ဘုံတာအိုကို ကျိန်ဆိုခါနီးတွင် သူ၏ဘေးတွင် ရပ်နေသော ဇောင်ယုက သူ၏ လက်ကို ဆုပ်ကိုင်လိုက်ပြီး "မင်း မလိုအပ်တော့ဘူး၊ ငါ မင်းကိုယုံတယ်" ဟုပြောလိုက်သည်။

ချန်တာဖန်က ပြုံးပြီး ဇောင်ယု၏လက်မှ ရုန်းထွက်သွားသည်။ "မင်း ငါ့ကို ယုံမှန်း ငါသိတယ်ဒါပေမယ့် အနာဂတ်မှာ ခြိမ်းခြောက်ခံရမှာကို ငါကြောက်တယ်၊ ဒါဆို ငါ မတတ်နိုင်ဘဲ အသံကျယ်ကျယ် ပြောမိသွားနိုင်တယ်။ ဒါကြောင့် အခု ငါ အသံကျယ်ကျယ်နဲ့ ကျိန်ဆိုလိုက်တာ ပိုကောင်းပါတယ်။"

ဇောင်ယုက မျက်မှောင်ကြုတ်လိုက်သော်လည်း အဆုံးတွင် သူ မတားနိုင်ခဲ့ပေ။

ဤကိစ္စအားလုံးပြီးသွားသည့်အခါ ချင်ယွင်သည် ဇောင်ယွမ်၏အလောင်းကို မီးဖိုချောင် မှာရှိသည့် မီးဖိုကြီးထဲသယ်ပြီး မီးရှို့ဖို့ လူများကို အမိန့်ပေး လိုက်သည်။ ထို့နောက် အဝတ်လျှော်ခန်းမတပည့်များကို ပြန်လွှတ်ကာ ဇောင်ယွမ်အကြောင်းမေးလျှင် ဆွေမျိုးများထံသွားလည်ရန် အိမ်ပြန်သွားသည်ဟုပြောရန် သတိပေးခဲ့သည်။

ထိုစကားကိုကြားပြီးနောက် တပည့်များသည် ခေါင်းကို အထပ်ထပ်အခါခါ ညိတ်ကာ တစ်ယောက်ပြီးတစ်ယောက် အလျင်အမြန် ထွက်သွားကြသည်။

"ဒါဆို သူ့အကြောင်းကရော?" ဇောင်ယုက အကြီးအမှူးတပည့်အား ညွှန်ပြ၍ပြော၏။

အဝတ်လျှော်တပည့်များ ထွက်သွားပြီးနောက် ဇောင်ယုသည် ချင်ယွင်ထံသို့ လျှောက်သွားကာ မေးသည်။

ချင်ယွင်က ပြုံးပြီး "စိတ်မပူပါနဲ့၊ သူက လူကြောက်တစ်ယောက် ဖြစ်နေပြီ။ အပြင်မှာ

ဘာမှမပြောရဲတော့ပါဘူး"

ထိုသို့ပြောပြီးနောက် ချင်ယွင်သည် ခေါင်းပင်လှည့်မကြည့်ဘဲထွက်ခွာသွားခဲ့ပြီး ဇောင်ယု၊ ချန်တာပန်နှင့် မီးဖိုချောင်၏ တပည့်များသည် နားမလည်နိုင်သည့် အသွင်အပြင်ဖြင့် ကျန်ရစ်ခဲ့လေသည်။

All Chapters