← Chapters

အပြင်စည်း ဂိုဏ်းဝင်တပည့်

Vol. 5 Ch. 66

အပြင်စည်း ဂိုဏ်းဝင်တပည့်

Vol. 5 Ch. 66

အခန်း (၆၆) အပြင်စည်းဂိုဏ်းဝင်တပည့်

ဤမုန်တိုင်းပြီးဆုံးနောက် ချင်ယွင်သည် မီးဖိုချောင်မှ နှုတ်ဆက်ကာ စာမေးပွဲတွင် ပါဝင်ရန် အပြင်စည်းဂိုဏ်းသို့ သွားခဲ့သည်။

သူ့အတွက် အချိန်သိပ်မကျန်တော့ပေ။ သူသည် မိုးကြိုးဝိညာဥ်ဂိုဏ်းကိုဝင်ခဲ့သည်မှာ တစ်လနီးပါးရှိပြီ။

ဤလတွင်၊ သူသည် တပည့်အဖြစ်ခံယူရုံသာမက၊ သူ၏ ကျင့်ကြံမှုသည်လည်း သိုင်းပညာရှင်နယ်ပယ်၏ ဆဋ္ဌမအဆင့် ကောင်းကင်အလွှာအထိ ချိုးဖျက်နိုင်ခဲ့ သည်။ သူ၏ နားလည်သဘောပေါက်မှုနှင့် ပတ်သက်သည့် ကျင့်ကြံမှုသည် လေစွမ်းရည်ပေါင်းစပ်ခြင်း သဘောတရား၏ ပထမအဆင့်ကို စေ့စေ့စပ်စပ် နားလည်ခဲ့ပြီး လေသစ်ရွက်ဓား၀င်္ကပါကိုလည်း ဖန်တီးနိုင်ခဲ့သည်။

ထို့နောက် ချင်ယွင်သည် ၎င်းအား အခြားဓား ၀င်္ကပါနှင့် ပေါင်းစပ်ကာ နောက်ဆုံးတွင် ဓား ၀င်္ကပါနှစ်မျိုးကို ပြုပြင်ခဲ့သည်။ ဒါကချင်ယွင် ခွန်အားကို အများကြီး တိုးလာစေသည်။ သိုင်းပညာရှင်နယ် ပယ်ထဲမှာ သူ့အတွက် ယှဉ်ပြိုင်နိုင်သူမရှိဟုပင် ပြောလို့ရသည်။

သူမထွက်ခွာမီ ချင်ယွင်သည် ဇောင်ယုကို မိုးကြိုးဝိညာဉ်ဂိုဏ်းမှ ထွက်ခွာပြီး ချင်ဘာတန်ကို ရှာဖွေရန် မိုးကြိုးဝိညာဉ်မြို့သို့ သွားခိုင်းခဲ့သည်။

ဇောင်ယုသည် သဘာဝအတိုင်း သဘောတူပြီး ထွက်ခွာမသွားခင် သူ၏ ခရီးဆောင်အိတ်ကို ထုပ်ပိုးလိုက်သည်။ ချင်ယွင်သည်လည်း မီးဖိုချောင်မှ ထွက်သွားပြီး အပြင်စည်းဂိုဏ်း တပည့်စမ်းသပ်ပွဲတွင် ပါဝင်ခဲ့သည်။

အပြင်စည်းဂိုဏ်း၀င်၏ တပည့်စမ်းသပ်ပွဲကို အပြင်စည်းဂိုဏ်း၏ စည်းကမ်း ထိန်းသိမ်းရေးခန်းမ၌ ကျင်းပပြီး အတွင်းစည်းဂိုဏ်း၏ အကြီးအကဲများက ဦးဆောင်ကျင်းပသည်။

အပြင်စည်းဂိုဏ်း၀င်တပည့်စမ်းသပ်ပွဲကို အကြောင်းအရာနှစ်မျိုးဖြင့် ခွဲထားသည်။ တစ်မျိုးမှာ ကျင့်ကြံသူ၏ ကျင့်ကြံမှုသည် ဆဋ္ဌမအဆင့် ကောင်းကင်လွှာသို့ ရောက်ရှိရမည် ဖြစ်ပြီး၊ နောက်တမျိုးကတော့ အစစ်အမှန်တိုက်ခိုက်ခြင်းစွမ်းရည်ကို စမ်းသပ်ခြင်း ဖြစ်သည်။ ရုပ်သေးတရုပ်ကို အနိုင်ယူနိုင်သူ မည်သူမဆို စမ်းသပ်မူကို အောင်မြင်ပြီးဟု မှတ်ယူမည်ဖြစ်သည်။

ချင်ယွင်သည် စည်းကမ်းထိန်းသိမ်းရေးခန်းမသို့ရောက်သောအခါ အလုပ်သမားခန်းမမှ တပည့်နှစ်ယောက်လည်း စာမေးပွဲကို ၀င်ဖြေကြသည်။ သို့သော် အကြီးအကဲများ၏ ရောက်မလာသေးသောကြောင့် စည်းကမ်းထိန်းသိမ်းရေးခန်းမမှ တပည့်များက သူတို့ကို တံခါးအပြင်ဘက်တွင် စောင့်ခိုင်းထားသည်။

ချင်ယွင်သည် ထိုတပည့်နှစ်ယောက်ကို တစ်ချက်ကြည့်လိုက်သည်။ သူသည် ၎င်းတို့ကို ယခင်က မမြင်ဖူးကြောင်း တွေ့ရှိခဲ့သည်။ မီးဖိုချောင်နှင့် အဝတ်လျှော်ခန်းများ၏ တပည့်များမဟုတ်ဟု သူထင်သည်။ မလိုလားအပ်သောဒုက္ခကို ရှောင်ရှားနိုင်စေရန် အတွက် ၎င်းတို့ကို မသိခဲ့ခြင်းက ကောင်းပါသည်။

အချိန်အတော်ကြာစောင့်ဆိုင်းရသောကြောင့် ချင်ယွင်သည် တပည့်နှစ်ယောက်ကို ဂရုတစိုက်စစ်ဆေးခဲ့သည်။တယောက်က ဆယ့်သုံး ဆယ့်လေးနှစ်လောက် ရှိပြီ။ သူသည် သာမာန်ပုံစံပေါက်သော်လည်း အလွန်တက်ကြွပုံရပြီး ခိုင်မာသော ရင်းနှီးမှုကို ပေးသည်။ ချင်ယွင်က သူ့ကိုကြည့်နေတာကိုမြင်တော့ သူက ပြုံးပြီး သူ၏လက်ကို ချင်ယွင်ဆီကို ဝှေ့ယမ်းပြလိုက်သည်။

တခြားတစ်ယောက်က ပိုငယ်သေးသည်။ သူသည် အသက်ဆယ့်နှစ်နှစ်ခန့်ရှိ၍ နူးညံ့သိမ်မွေ့သောအသွင်အပြင်ရှိသော်လည်း အလွန်မာနကြီးသည်။ ချင်ယွင်ကို စူးစူးစိုက်စိုက် ကြည့်ရင်း အထင်အမြင်သေးမှုဖြင့် ပြည့်နှက်နေသည်။

ချင်ယွင်သည် ပေါ့ပေါ့ပါးပါး ပြုံးကာ ထိုကလေးလေး၏ မထီမဲ့မြင် အကြည့်ကို လျစ်လျူရှုလိုက်သည်။ မာနကြီးပြီး အသက် ၁၂ နှစ်ရှိပြီဖြစ်သော လူငယ်သည် အနာဂတ်တွင် များစွာအောင်မြင်နိုင်မည် မဟုတ်ပေ။

တစ်နာရီခန့်အကြာတွင် ဆံပင်ဖြူသော အဘိုးအိုတစ်ဦးသည် စည်းကမ်းထိန်းသိမ်းရေး ခန်းမမှ ထွက်လာခဲ့သည်။

ချင်ယွင်သည် ၎င်းကို တစ်ချက်ကြည့်လိုက်ပြီး ဤအဘိုးအိုသည် သိုင်းသခင်နယ်ပယ် န၀မအဆင့် ကောင်းကင်အလွှာသို့ ရောက်ရှိသွားပြီဖြစ်ကြောင်း သိလိုက်ရသည်။

ကျင့်ကြံသူများသည် ကျင့်ကြံမှုမှာ ၎င်းတို့၏ ပါရမီအရည်အချင်းကြောင့် အလွန်အကန့် အသတ်ရှိသည်။ သူတို့၏ ပါရမီအရည်အချင်းများ မြင့်မားလေ၊ ကျင့်ကြံမှုလမ်း ကြောင်းပေါ် ပိုလျှောက်လှမ်းနိုင်လေ ဖြစ်သည်။ တစ်ချိန်တည်းမှာပင် အမြန် လျှောက်လှမ်းနိုင်ကြသည်။ ပါရမီအရည်အချင်း မရှိသောသူများသည် လိပ်ကဲ့သို့ ဖြည်းဖြည်းချင်းသာ ကျင့်ကြံနိုင်သည်။ သူတို့သည် ဘ၀တစ်သက်တာလုံး တစ်လက်မမျှပင် အဆင့်မတက်နိုင်ဘဲ နယ်ပယ်တစ်ခုတွင်ပင် ပိတ်မိနေတတ် သည်။ ထို့ကြောင့်၊ ဤအဘိုးအိုသည် န၀မအဆင့် ကောင်းကင်အလွှာ သိုင်းသခင် တစ်ဦးမျှသာ ဖြစ်နေခြင်းမှာ အံ့သြစရာမဟုတ်ပေ။

အဘိုးအိုထွက်လာပြီးနောက် ချင်ယွင်နှင့်အခြားလူများကို လှမ်းကြည့်လိုက်သည် ။ အဘိုးအိုသည် လည်ချောင်းချင်းပြီးစကားမပြောခင် တပည့်ငယ်လေးကို လက်ဟန်ပြကာ ခဏတားလိုက်ပြီး “မင်းတို့အားလုံး အပြင်စည်းဂိုဏ်းဝင်စမ်းသပ်ပွဲမှာ ဝင်ပြိုင်ကြတဲ့အတွက် စမ်းသပ်ပွဲစည်းမျဉ်းတွေကို သိပြီးပြီလို့ ငါယုံကြည်တယ်။ ငါဘာမှ မပြောတော့ဘူး။ ပြီးတော့ စမ်းသပ်ပွဲကို တိုက်ရိုက်စမယ်။”

"ဒီစမ်းသပ်မှုမှာ ပထမဆုံးလုပ်မယ့်အရာက မင်းတို့ရဲ့ ကျင့်ကြံမှုကို စစ်ဆေးဖို့ပဲ။ ပြီးရင်

မင်းတို့အားလုံး ဒီကျောက်စာတိုင်ကိုသွားပြီးမင်းတို့ရဲ့ဝိညာဉ်စွမ်းအင်ကို အဲဒီထဲကို

ထည့်သွင်းလိုက်ပါ။ ကျောက်စာတိုင်ပေါ်က အလင်းအစက်အနည်းငယ်က မင်းတို့ရဲ့

ကျင့်ကြံမှုအဆင့် ဘယ်လောက်မြင့်တယ်ဆိုတာကို ညွှန်ပြပေးမယ့်အပြင် တစ်ချိန် တည်းမှာပဲ၊ မင်းတို့ရဲ့မွေးရာပါ ဝိညာဉ်အရင်းအမြစ်တွေကိုလည်း ဒါက ထောက်လှမ်း ပေးနိုင်တယ်။အဘိုးအိုက ပြုံးပြီးပြောသည်။

ချင်ယွင်နှင့် အခြားလူသုံးယောက်ကလည်း ခေါင်းညိတ်လိုက်သည်။

"ကောင်းပြီ ဒါဆို မင်းနဲ့စလိုက်ရအောင်" အဘိုးအိုက ဆယ့်သုံးဆယ့်လေးနှစ်အရွယ်

လူငယ်ကို လက်ညှိုးထိုးပြပြီး ပြောလိုက်သည်။

ထိုလူငယ်က ပြုံးပြီး ခေါင်းကုတ်လိုက်သည်။ ထို့နောက် သူသည် ကျောက်စာတိုင်ဆီသို့

လျှောက်သွားကာ သူ၏ဝိညာဉ်စွမ်းအင်များကိုထည့်သွင်းပြီး ၎င်းပေါ်တွင် လက်ကို

တင်လိုက်သည်။

သိပ်မကြာခင်မှာပဲ ကျောက်စာတိုင်မှာ အစင်းကြောင်းများ ထွန်းလင်းတောက်ပ လာသည်။

တစ်၊ နှစ်။ ငါး၊ ခြောက်။

သူသည် အပြင်စည်းဂိုဏ်းစမ်းသပ်မှု၏ ပထမအဆင့်အမှတ်သားသို့ ရောက်ရှိနေပြီ ဖြစ်သော်လည်း ကျောက်စာတိုင်သည် တောက်ပနေဆဲဖြစ်သည်။

နောက်ဆုံးတော့ ခုနစ်ခုမြောက်မှာ ရပ်သွားခဲ့သည်။

"သတ္တမအဆင့် ကောင်းကင်အလွှာ သိုင်းပညာရှင်၊ မဆိုးပါဘူး" အဘိုးအိုက ပြုံးပြီး ခေါင်းညိတ်ကာ "ဒါက မင်းရဲ့မွေးရာပါ ဝိညာဉ်အရင်း အမြစ်တွေကို စမ်းသပ်မှုပဲ" ဟု ဆက်ပြောသည်။

ကျောက်စာတိုင်ပေါ်တွင် အလင်းတန်းသုံးခု ထွန်းညှိထားဆဲဖြစ်ပြီး သူ၏ဝိညာဉ်အရင်း အမြစ်များသည် အဆင့်သုံးဝိညာဉ်အရင်း အမြစ်များဖြစ်ကြောင်း ညွှန်ပြနေသည်။

"တတိယတန်း ဝိညာဉ်အရင်းအမြစ်၊ မဆိုးပါဘူး၊ စာမေးပွဲအောငါတယ် ။" အဘိုးအိုက ပြုံးပြီး တပည့်ကို ဘေးမှာ ရပ်ခိုင်းလိုက်သည်။

တပည့်က ပြုံးပြီး အလွန်ရိုးသားပြီး တုံးအအပုံစံဖြင့် ဘေးနားကို လျှောက်သွားသည်။

"ဟမ့်!" တစ်ဆယ့်နှစ်နှစ်ဝန်းကျင် ဆယ်ကျော် သက်အရွယ်ကောင်လေးက မထီမဲ့မြင်ပြုကာ အော်ဟစ်လိုက်သည်။ ထို့နောက် ကျောက်စာ တိုင်ဆီသို့ တည့်တည့် လျှောက်လာခဲ့သည်။

သူ၏လက်တစ်ချောင်းက ကျောက်စာတိုင်ကို ဖိချလိုက်ပြီး ဝိညာဉ်စွမ်းအင်များကို လောင်းထည့်လိုက်ပါသည်။

တစ်၊ နှစ်၊ သုံး၊ ခြောက်၊ ခုနစ်၊ ရှစ်။

ကိုး!

မဟုတ်ဘူး၊ ကိုးခုမြောက်က အလွန်အားနည်းတဲ့အတွက် မမြင်ရသလောက်ပဲ။

"အထွတ်အထိပ် အဋ္ဌမအဆင့် ကောင်းကင်အလွှာသိုင်းပညာရှင် ကောင်းတယ်!" အဘိုးကြီးက ရယ်သည်။

ထိုတပည့်လေးသည် မာနကြီးသော ကြက်မကဲ့သို့ သူ၏လည်ပင်းကို မောက်မာစွာ မြှောက်ထားသည်။

ချင်ယွင်သည် ကူကယ်ရာမဲ့ ခေါင်းခါလိုက်မိသည်။ တကယ်တော့၊ ထိုအဘိုးကြီး အတိုင်းပင်။ သူသည် သူတို့၏ကျင့်ကြံမှုအဆင့်များကို တစ်ချက် ကြည့်ရုံဖြင့် သိနိုင်သည်။ သို့ရာတွင်၊ သူပိုသိချင်သည်မှာ သူတို့၏မွေးရာပါဝိ ဉာဏ်အရင်းအမြစ်များ ဖြစ်သည်။

ကျောက်စာတိုင်ပေါ်တွင် အလင်းတန်းလေးခု ထွန်းလင်းထားပြီး လူငယ်၏ ကျင့်ကြံမှုသည် အဆင့်လေး ဝိညာဉ်အရင်းအမြစ်ဖြစ်ကြောင်း ညွှန်ပြနေသည်။

"အဆင့်လေး ဝိညာဉ်အရင်းအမြစ်!" အဘိုးအို၏ မျက်လုံးများ တောက်ပလာပြီး "မဆိုးပါဘူး၊ သူက ပျိုးပင်ကောင်းလေးပဲ၊ သူကျင့်ကြံနေသမျှ ကာလပတ်လုံး တောက်ပတဲ့ အနာဂတ်ကို ရလိမ့်မယ်" ဟု ထပ်ခါတလဲလဲ ချီးမွမ်းလေ၏။

အဘိုးအို၏ စကားကို ထိုလူငယ်လေး ကြားသောအခါ ချက်ခြင်းပင် ခေါင်းကို ပင့်လိုက်၏။ ချင်ယွင်ကို လှည့်ကြည့်လိုက်သောအခါ သူ၏နှာခေါင်း၀တွင် ဒေါသကို မြင်လိုက်ရသည်။

ချင်ယွင်သည် ကူကယ်ရာမဲ့စွာ ပြုံးလိုက်ရသည်။ သူသည် ဤကောင်စုတ်လေးလောက် ဗဟုသုတ မကြွယ်၀တော့ပေ။ (ထိုကောင်လေးရန်လိုခြင်းအကြောင်းရင်းကို မသိဟုဆိုလိုဟန်ထင်မိ)

သူ၏အလှည့်ရောက်သည်နှင့်၊ ချင်ယွင်သည် သူ၏လက်ကို ကျောက်စာတိုင် ပေါ်တင်ပြီး ဝိညာဉ်စွမ်းအင်များကို ယင်းကျောက်စာတိုင်ထဲကို ထည့်သွင်းလိုက်သည်။

တစ်လုံး၊ နှစ်၊ သုံး… ခြောက်ခုမြောက်သည်နှင့် မီးမလင်းတော့ပေ။

"ဆဋ္ဌမအဆင့် ကောင်းကင်အလွှာ သိုင်းပညာရှင်လား ?" အဖိုးအိုက ချင်ယွင်ကို အံ့သြစွာကြည့်ကာ မေးလိုက်သည်။

"ဘာဖြစ်လို့လဲ၊ ဆဋ္ဌမအဆင့်က အပြင်စည်းဂိုဏ်းဝင်ဖို့ မဖြစ်နိုင်ဘူးလား" ချင်ယွင်က မေးသည်။ အမှန်မှာ၊ သူကိုယ်တိုင်လည်း အခြားတစ်ဖက်ရှိ တပည့်နှစ်ယောက်သည် သတ္တမအဆင့် သို့မဟုတ် အဋ္ဌမအဆင့် ကောင်းကင်အလွှာသို့ရောက်ရှိပြီးမှ အပြင်စည်းဂိုဏ်းသို့ ဝင်ရောက်ရင် ရွေးချယ်ခဲ့ကြသည့်အတွက် ဆဋ္ဌမအဆင့် ကောင်းကင်အလွှာက အပြင်စည်းဂိုဏ်းသို့ ဝင်ရောက်နိုင်ခြင်း ရှိမရှိအကြောင်းကို သိချင်မိသည်။

"အိုး သေချာပေါက် မဟုတ်ဘူးပေါ့။" အဘိုးအိုက ဘာမှ မရှင်းပြဘဲ ခေါင်းယမ်းသည်။

သို့သော် နောက်မြင်ကွင်းက အဘိုးအို၏ မျက်လုံးများကို ပေါက်ကွဲလုနီးပါး ပြူးကျယ် သွားစေသည်။

အလင်းတန်းတစ်ခု၊ အလင်းတန်းနှစ်ခု… အလင်းတန်းလေးခု။

အဘိုးအိုက ခေါင်းညိတ်ပြီး " အလင်းတန်းထွန်းလင်းမှု လေးခု၊ စတုတ္ထတန်း ဝိညာဉ်အရင်း အမြစ်များ။ ဒီစွမ်းရည်က မဆိုးပါဘူး" ဟု ပြောသည်။

ကျောက်စာတိုင်ဟာ နောက်ထပ် အလင်းတန်းတခု အမှန်တကယ် ထွန်းလင်း နေတာကြောင့် အဘိုးအိုသည် တစ်ခုခုမှားနေပြီဆိုသည်ကို ရုတ်တရက် သိလိုက်ရသည်။

အလင်းတန်းငါးခုလား? ပဉ္စမတန်း ဝိညာဉ်အရင်းအမြစ်။

အာ့?

အလင်းတန်းခြောက်။

အဘိုးအိုသည် သူ၏မျက်လုံးများကို မယုံနိုင်လောက်အောင်ပင် ဖြစ်ခဲ့ရသည်။ အလင်း တန်းခြောက်ခု၊ အဆင့် ခြောက်ဝိညာဉ်အရင်းအမြစ်များ။ မိုးကြိုးဝိညာဉ်ဂိုဏ်းတွင် အရည်အချင်းအမြင့်မားဆုံးမှာ အဆင့်ခြောက် ဝိညာဉ်အရင်းအမြစ်မျှသာ ဖြစ်သည် ။ ဤလူငယ်သည် မိုးကြိုးဝိဉာဉ်တွေကိုဂိုဏ်းတွင် ဒုတိယ အရည်အချင်းအရှိဆုံးပုဂ္ဂိုလ် ဖြစ်နိုင်ပါသလား။

"ပြီးတော့!"

အဘိုးအိုက ပြီးဆုံးသွားပြီဟု ထင်လိုက်သောအခါတွင် သူ၏ဘေးမှ အသက်ဆယ့်လေး နှစ်အရွယ် လူငယ်က သတိပေးသည့်အသံဖြင့် အော်ဟစ်လိုက်သည်။

အဖိုးအိုသည် ကျောက်စာတိုင်ကို အလျင်အမြန်ကြည့်ကာ ကျောက်စာတိုင်ပေါ်တွင်

အလင်းတန်းတစ်ခု ရှိနေသည်ကို တွေ့ရှိခဲ့သည်။

"အဆင့်ခုနှစ် ဝိညာဉ်အရင်းအမြစ်များ?" အဖိုးအိုက မျက်လုံးကို ပြူကျယ်စွာဖွင့်ပြီး

ပြောလိုက်သည်။

ဘေးနားက မောက်မာသည့် လူငယ်လေးတောင် မျက်လုံးပြူးကျယ်သွားပြီး သူ၏ မျက်နှာမှာ အံ့သြမှုအပြည့်နှင့်ပင်။

"မဟုတ်ဘူး၊ နောက်ထပ်ရှိသေးတယ်ဟ!"

ဆယ့်လေးနှစ်အရွယ်ကောင်လေးက ထပ်ပြီးအော်သည်။

အဘိုးအိုသည် သူ၏နှလုံးခုန်သံကိုပင် ခံစားလိုက်ရသည်။

"မဖြစ်နိုင်ဘူး!"

အဘိုးအိုက မယုံကြည်နိုင်စွာ ပြောလိုက်သည်။

သေချာတာကတော့ ကျောက်စာတိုင်ကနေ အလင်းတန်းကိုးခု ထွက်လာပြီး အလင်းတန်းကိုးခုထွက်လာတာ သေချာပါသည်။

"ဒီတစ်ခါတော့ မဖြစ်သင့်တော့ဘူး!"

သို့သော် အဘိုးအိုသည် စကားပြီးသည်နှင့် ကျောက်စာတိုင်ပေါ်တွင် နောက်ထပ် အလင်းတန်းတစ်ခု ပေါ်လာသည်။

အဘိုးအိုသည် သူ့အတွက် အသက်ရှူရခက်လာသည်ဟု ချက်ချင်း ခံစားလိုက်ရ သည်။ သူကမျက်လုံးပြူးပြီး"ဆယ်...အလင်းတန်းဆယ်ခု၊ အဆင့်တစ်ဆယ် ဝိညာဉ် အရင်းအမြစ်" ဟုပြောလိုက်သည်။

ဘေးအနားရှိလူငယ်နှစ်ယောက်သည် ချင်ယွင်ကို မွန်းစတား တစ်ကောင်ကို မြင်လိုက်ရသကဲ့သို့ ကြက်သေသေဖြစ်နေကြတော့သည်။

All Chapters