← Chapters

အဆင့်တစ်ဆယ်ဝိညာဉ် အရင်းအမြစ်

Vol. 5 Ch. 67

အဆင့်တစ်ဆယ်ဝိညာဉ် အရင်းအမြစ်

Vol. 5 Ch. 67

အခန်း (၆၇) အဆင့်တစ်ဆယ်ဝိညာဉ်အရင်းအမြစ်

"အဆင့်တစ်ဆယ် ဝိညာဉ်အရင်းအမြစ်!" ဆံပင်ဖြူအဖိုးအိုသည် တုန်တုန်ယင်ယင် အသံဖြင့် ပြောသည်။ တိုက်ကြီးတစ်ခုလုံး၏သမိုင်းတွင် အခြေခံဝိညာဉ်အရင်း အမြစ်ဆယ်ခုတွင် လေးခုငါးခုသာ ရှိခဲ့သည်။ အစောဆုံးသည် လွန်ခဲ့သော နှစ်ပေါင်း ငါးထောင်ကျော်က ဖြစ်ခဲ့သည်။ ဤဝိညာဉ်အရင်းအမြစ်ပိုင်ရှင်များ အားလုံးသည် နောက်ဆုံးတွင် မွန်းစတားဆန်ဆန် ထူးချွန်သူများ ဖြစ်လာကြသည့် ထူးထူးခြားခြား ပါရမီရှင်များ ဖြစ်ကြပါသည်။

ယခု သူ၏ရှေ့မှ လူငယ်သည် အဆင့်ဆယ် ဝိညာဉ်အရင်းအမြစ်ကို အမှန်တကယ် ပိုင်ဆိုင်ထားသောကြောင့် သူသည် မည်ကဲ့သို့မျှ မအံ့သြဘဲနေနိုင်မည်နည်း။

အခြားသူများမှာ အဆင့်တစ်ဆယ်ဝိညာဉ်အရင်းအမြစ်ဆိုသည်မှာ မည်ကဲ့သို့ဆိုလို သည်ကို မသိနိုင်သော်လည်း အဆင့်တစ်ဆယ်ဝိညာဉ်အရင်းအမြစ် ရှိသည့်သူ များသည် ၎င်းတို့၏ဝိညာဉ်စွမ်းအင်ကျင့်ကြံမှုတွင် အတားအဆီးမရှိဘဲ သိုင်းဧကရာဇ် နယ်ပယ်သို့ဖြတ်ကျော်သွားနိုင်သည်ကို သူသိသည်။

သိုင်းဧကရာဇ်နယ်ပယ်ရဲ့ သဘောတရားဆိုတာ ဘာလဲ။

ထျန်ယွန်တိုက်ကြီးတွင် သိုင်းဧကရာဇ်အဆင့် ကျွမ်းကျင်သူများကို လက်တစ်ဖက် တည်းဖြင့် ရေတွက်လို့ရသည်။ ယင်းက သိုင်းဧကရာဇ်အဆင့် ကျွမ်းကျင်သူများ မည်မျှ ရှားပါးသည်ကို တွေ့မြင်နိုင်သည်။

"အကြီးကဲ၊ ကျွန်တော် အပြင်စည်းဂိုဏ်း၀င်စာမေးပွဲရဲ့ ပထမဆုံးစမ်းသပ်မူကို အောင်မြင်ပြီလား။" ချင်ယွင်က ပြုံးပြီး ပြောလိုက်သည်။

"အောင်တယ်၊ မင်းက ပထမစမ်းသပ်မူကို အောင်ရုံတင်မကဘူး၊ ဒုတိယ စမ်းသပ်မူကိုလည်း ဖြတ်ကျော်စရာမလို‌တော့ဘူး။ မင်းအပြင်စည်းဂိုဏ်းတံခါးဆီကို တန်းတန်းမတ်မတ် သွားလို့ရပြီ။" အဘိုးအိုက ကမန်းကတန်းပြောလိုက်သည်။

ချင်ယွင်သည် ညင်သာစွာ ပြုံးလိုက်သည်။ အဆင့်တစ်ဆယ် ဝိညာဉ်အရင်းအမြစ်ကို ဖော်ထုတ်ခြင်းသည် ကြီးမားသော တုန်လှုပ်မှုကို ဖြစ်စေမည်မှာ သေချာ ပါသည်။ ထိုအချိန်တွင်၊ ဤအဘိုးကြီးသည် ဤသတင်းကို အတွင်းစည်းဂိုဏ်းအား သေချာပေါက် သတင်းပို့မည်ဖြစ်သည်။ သူသည် အတွင်းစည်းဂိုဏ်း၀င်တပည့် သို့မဟုတ် လက်ရွေးစင်တပည့်များထဲပင် တိုက်ရိုက်ပါဝင်နိုင်သည်။

တောင်ခြေမှာတွေ့ခဲသည့် တပည့်နှစ်ယောက်သည်လည်း ဤကိစ္စကို ရှာတွေ့ခဲ့ သော်လည်း ချင်ယွင်၏စိတ်ကို ရှုပ်ထွေးစေခဲ့သည်က သူတို့ဟာ ဘာကြောင့် ဂိုဏ်းကို မတင်ပြရလဲဆိုတာကိုပါ။ မဟုတ်ရင် ဘယ်လိုလုပ် လှုပ်ရှားမှုမရှိဘဲ နေမှာလဲ။ချင်ယွင် နားမလည်နိုင်ပေ။

အမှန်တကယ်မှာလည်း ဖက်တီးလျူနှင့်ကိုငပိန်ကျန်းတပည့်နှစ်ယောက်သည် ဤကိစ္စနှင့်ပတ်သက်ပြီး ဂိုဏ်းကိုပြောပြရန် အမှန်တကယ်ပြင်ဆင်ထားခဲ့တာ ဖြစ်သည်။ သို့သော် ၎င်းတို့သည် မစ်ရှင်တစ်ခုအဖြစ် ခေတ္တတာ၀န်ထမ်းဆောင်ရန် စေလွှတ်ခံထားရသူများဖြစ်ပြီး ပြန်လာလို့မရသေးပေ။ ထို့ကြောင့် ချင်ယွင်သည် ဂိုဏ်းအတွင်း လှုပ်လှုပ်ခတ်ခတ်နှောင့်ယှက်မှုကို မဖြစ်ပေါ်စေခဲ့ပေ။ မဟုတ်ရင် ချင်ယွင်ကို ဂိုဏ်း၏အစေခံတပည့်အဖြစ်မှ ခေါ်ယူသွားခဲ့သည်မှာ ကြာနေ လောက်ပါပြီ။

ဘယ်လောက်တောင်ရယ်စရာကောင်းလိုက်လဲ။ အဆင့်တစ်ဆယ် ဝိညာဉ်အရင်း အမြစ် ပိုင်ဆိုင်သော သူမတူထူးချွန်သည့် ပျိုးပင်ကောင်းလေး အစေခံတပည့်သည် လျစ်လျူရှုမူခံထားရသည်။ ဒါကအလွန်လွန်လွန်းသွားပြီမဟုတ်ပါလား။ တော်ဝင်ရန်အင်ပါယာတောင်မှ ဤကဲ့သို့အလွန်အကျွံပြုမူရဲမှာ မဟုတ်ပါဘူး။

ဘေးနားရှိ တပည့်နှစ်ယောက်၊ အထူးသဖြင့် အလွန်မာနကြီးသော လူငယ်သည် ချင်ယွင်၏ မွေးရာပါ ဝိညာဉ်အရင်းမြစ်များကြောင့် သူလည်း ထိတ်လန့်သွား ရသည်။ ကျောက်စာတိုင်ပေါ်၌ အလင်အတန်းဆယ်မျိုး ပေါ်လာသည်ကို မြင်သော အခါ သူ၏ ပထမဆုံး ခံစားချက်မှာ ကျောက်စာတိုင် ချို့ယွင်းသွား၍ ဖြစ်သည် ။ ထို့ကြောင့်၊ သူသည် ကျောက်စာတိုင်ဆီသို့ အလျင်အမြန်ပြေးကာ ချင်ယွင်သည် အဆင့် တစ်ဆယ် ဝိညာဉ်အရင်းအမြစ်ကို အမှန်တကယ်ပိုင်ဆိုင်ကြောင်း ရဲရဲဝင့်၀င့် အတည်ပြုရန် အကြိမ်အနည်းငယ် ကြိုးစားခဲ့သည်။ ယင်းက ဖော်မပြနိုင်သော မနာလိုစိတ်တစ်ခု သူ၏ နှလုံးသားထဲသို့ တိုးဝင်လာစေသည်။

'အဆင့်တစ်ဆယ် ဝိညာဉ်အရင်းအမြစ်ဆိုရင်ရော ဘာဖြစ်လဲကွာ၊ အပြင်စည်းဂိုဏ်း စမ်းသပ်မှု ဒုတိယအကျော့မှာ ပါဝင်ဖို့ မလိုဘူးလို့ ငါ့ကို လာမပြောနဲ့။ သူက အမှိုက် တစ်စဖြစ်နိုင်သလို သူ့အစွမ်းက ရုပ်သေးရုပ်ကိုအနိုင်ယူဖို့ မလုံလောက်တာလည်း ဖြစ်နိုင်တာပဲ။ အကြီးအကဲတွေက ဂိုဏ်းရဲ့စည်းမျဥ်းတွေကို ချိုးဖျက်တော့ မှာလား။ လူငယ်သည် အလွန်လက်မခံနိုင်ဖြစ်နေ၏။

ဆံပင်ဖြူအကြီးကဲ၏ အမူအရာမှာ မှုန်မှိုင်းသွားသည်။ ဒီလူငယ်လေးအပေါ် သူ၏ ကောင်းမွန်သည့် ခံစားမူက ပျောက်ကွယ်သွားခဲ့သည်။ သို့သော်၊ သူသည် ဤလူငယ်ကို ဒေါသတကြီး ပြောဆိုခါနီးတွင်၊ ချင်ယွင်က အရင်ဦးစွာ "အကြီးကဲ၊ ဤဒုတိယအကြိမ် စာမေးပွဲမှာ ကျွန်တော်ကို ဆက်လက်ပါဝင်ခွင့်ပြုပါ!"

"ဒါပေမဲ့" အဖိုးအိုက တုံ့ဆိုင်းသွားသည်။ ချင်ယွင်က (အဆင့်တစ်ဆယ် ဝိဉာဏ်အရင်းအမြစ် ) ဖြင့်ပင် ထိုက်တန်နေပြီဟု သူပြောချင်ပုံရသည် ။ သို့သော် ချင်ယွင်၏ ပြတ်သားသောအကြည့်ကို မြင်သောအခါ သူသည် သူ၏ လည်ချောင်းထဲတွင် စကားလုံးများအားလုံးကို ချက်ခြင်းမျိုချလိုက်ပြီး "ကောင်းပြီ၊ ဒါဆို မင်း ဒုတိယစမ်းသပ်မှုမှာ ဆက်လက်ပါဝင်နိုင်ပြီ။ နောက်ဆုံးရလာဒ်က ဘယ်လိုပဲ ဖြစ်နေပါစေ မင်းက အပြင်စည်းဂိုဏ်းကို ဝင်ခွင့်ရမယ်။"

ချင်ယွင်က ခေါင်းညိတ်လိုက်သည်။ တကယ်တော့ သူသည် ဒုတိယစမ်းသပ်မှုမှာ ပါဝင်ခွင့် ရရမရရ ဂရုမစိုက်ပါဘူး။ သို့သော် သူ၏ရှေ့မှ ထိုလူငယ်၏ စကားများက သူ့ကို ဒေါသထွက်စေသောကြောင့် မောက်မာသော ဤလူငယ်ကို တိုက်ခိုက်ရန် အသင့်ပြင်ထားခြင်းဖြစ်သည်။

လူငယ်သည် ချင်ယွင်ကို စိုက်ကြည့်ကာအထင်အမြင်သေးစွာဖြင့် အေးစက်စွာ အော်ပြောသည် "ဟမ့်၊ ဒါဖြင့် အဆင့်တစ်ဆယ် ဝိညာဉ်အရင်းအမြစ်ဖြစ်ရင်ရော ဘာလုပ်ရမှာလဲ။ ခွန်အားကသာ အရာအားလုံးပဲ။"

ချင်ယွင်က ပြန်မဖြေ။ သူသည် အေးစက်စက်ပြုံးရုံသာ ပြုံးနေသည် ။ ဤသူသည် အမှန်တကယ်ပင် သာမန်မာနကြီးသူ မဟုတ်ပေ။ သူ၏ခွန်အားအစစ်အမှန်ကို သိသွားရင် ဤလူလေး မည်ကဲ့သို့ခံစားသွားရမလဲဆိုသည်ကို သူ မသိသေးပေ။ သူ၏မျက်နှာမှာ ပူလောင်သည့် စပ်ဖျန်းဖျန်းဝေဒနာကို ခံစားရမှာလား။

အခြားအဖော်တစ်ယောက်အနေနှင့်မူ သူသည်ချင်ယွင်အပေါ် ရန်လိုမှုတစ်စုံတစ်ရာ မပြခဲ့ပေ။ ယင်းအစား၊ သူက ချင်ယွင်ကို မနာလိုသည့်အမူအရာဖြင့် ကြည့်ကာ သူ့ဘက်မှပင် ချင်ယွကို နှုတ်ဆက်ရန်ပင် စတင်လုပ်ဆောင်ခဲ့သည်။

"မင်္ဂလာပါ ငါ့နာမည်က ချန်ချန်းပါ" လူငယ်က သူ့ကိုယ်သူ မိတ်ဆက်သည်။

"ငါ့နာမည် လင်းယွင် ပါ!" ချင်ယွင်က ပြန်ဖြေသည်။

"မင်းမှာ တကယ်ကို အဆင့်တစ်ဆယ် ဝိညာဉ်အရင်းအမြစ် ရှိတာဘဲ။ ဘယ်လောက် တောင် အစွမ်းထက်လိုက်လဲ!" ချန်ချန်းက စိတ်လှုပ်ရှားစွာ ပြောသည်။

ချင်ယွင်က ခပ်ဖျော့ဖျော့ပြုံးပြီး "တကယ်တော့ ထိုလူငယ်လေးဟာ မာနကြီးပေမယ့် သူမှန်တာတစ်ခုတော့ ရှိတယ်။ အဲဒါက ခွန်အားက အရာအားလုံးကို သက်သေပြတယ်ဆိုတာဘဲ။ အရည်အချင်းဆိုတာက မင်းမှာ တခြားသူတွေထက် ပိုမြင့်တဲ့ အစပျိုးမှုတစ်ခုပဲ"

ချန်ချန်းက လေးလေးနက်နက် ခေါင်းညိတ်လိုက်သည်။

ချင်ယွင်၏ စကားကို ကြားသောအခါတွင် သူ၏အနားရှိ လူငယ်သည် မထီမဲ့မြင်ပြုကာ လှောင်ပြောင်သော အပြုံးကို ထုတ်ဖော်လိုက်သည်။

ဆံပင်ဖြူအဘိုးကြီးသည် ဤမြင်ကွင်းကိုမြင်သောအခါ ချင်ယွင်ကို ပို၍ပို၍ လေးစားလာလေဖြစ်ပြီး ထိုမောက်မာသောလူငယ်အပေါ် မကျေနပ်မှုများ ပို၍ပို၍ တိုးလာ လေသည်။

ထို့နောက် အဖိုးအိုသည် ၎င်းတို့ သုံးဦးကို ဒုတိယ အစမ်းလေ့ကျင့်ရာ နေရာဖြစ်သည့် သိုင်းပညာ လေ့ကျင့်ရေးခန်းမသို့ ပို့ဆောင်ခဲ့သည်။

အပြင်စည်းဂိုဏ်းတပည့် အကဲဖြတ်ခြင်း၏ ဒုတိယစမ်းသပ်မူမှာ ခွန်အားအကဲ ဖြတ်ခြင်းဖြစ်ပြီး၊ ၎င်းသည် လူတစ်ဦး၏ တကယ်အစစ်မှန် တိုက်ခိုက်ရေးစွမ်းရည်ကို စမ်းသပ်ခြင်းတစ်ခုဖြစ်သည်။ ဟုတ်ပါသည်၊ ဒီနေရာမှာတကယ့်တိုက်ပွဲက လူများနှင့် တိုက်ခိုက်ရတာမဟုတ်ဘဲ ရုပ်သေးများကို တိုက်ခိုက်ရခြင်းဖြစ်သည်။

ရွှေ၊ ငွေ၊ ကြေး၊ သံမဏိရုပ်သေးရုပ်ဟု စုစုပေါင်း လေးမျိုး သို့မဟုတ် ငါးမျိုး ရှိသည်။ ၎င်းတို့သည် နဝမအဆင့် ကောင်းကင်အလွှာသိုင်းပညာရှင်များ၊ အဋ္ဌမအဆင့် ကောင်းကင်အလွှာသိုင်းပညာရှင်များ၊ သတ္တမအဆင့် ကောင်းကင်အလွှာ သိုင်းပညာရှင်များနှင့် ဆဋ္ဌမအဆင့် ကောင်းကင်အလွှာသိုင်းပညာရှင်များနှင့် အသီးသီး သက်ဆိုင်ကြသည်။ (ရွှေရုပ်သေးက န၀မအဆင့်နှင့်အဆင့်တူ စသည်ကိုသိပါ)။

သံမဏိအဆင့်ရုပ်သေးရုပ်ကို အနိုင်ယူနိုင်သရွေ့ အပြင်စည်းဂိုဏ်းဝင်ရန် အရည်အချင်း

များ ရရှိနိုင်မည်ဖြစ်သည်။ သေချာသည်မှာ၊ အကယ်၍ သင်သည် ပိုသန်မာသော ရုပ်သေးကို စိန်ခေါ်ရန်လည်း ရွေးချယ်နိုင်ပါသည်။ သင် အနိုင်ယူနိုင်သရွေ့၊ သင်သည် ပိုမိုမြင့်မားသောဆုလာဘ်ကိုရနိုင်သည်။

ဟုတ်ပါသည်၊ ချင်ယွင်နှင့် တခြားသူများ သည်လည်း ရွှေအဆင့်ရုပ်သေးထက် ပိုမြင့်သောစိန်အဆင့်ရုပ်သေးရှိသေးသည်ဆိုသည်ကိုကြားသိထားပါသည်။ ဤရုပ်သေးသည် ပထမအဆင့် ကောင်းကင်အလွှာ သိုင်းသခင်အဆင့် ကျွမ်းကျင်သူတစ်ဦး၏ ခွန်အားကို ပိုင်ဆိုင်ထားနိုင်သော်လည်း ၎င်းကို ယခင်က မည်သူမျှ မမြင်ဖူးပေ။

"စည်းမျဥ်းတွေကို လူတိုင်းသိတယ်ဟုတ်လား။ အခုပဲ အမိန့်အတိုင်း ရုပ်သေးတွေကို တစ်ခုပြီးတစ်လုံး စိန်ခေါ်လိုက်ကြရအောင်။ ချန်ချန်း မင်းက ပထမဆုံးစလိုက်ပါ ။ မင်းဘယ်ရုပ်သေးတွေကို စိန်ခေါ်ချင်လဲ" အဘိုးအိုက ရှေ့ကို လှမ်းပြီး ပြောသည် ။

"ကြေးရုပ်သေးကို ကျွန်တော် စိန်ခေါ်တယ်။ " ချန်ချန်းက ပြန်မဖြေခင် ခဏလောက် တုံ့ဆိုင်းသွားသည်။

ယခုအချိန်တွင် သူသည် သတ္တမအဆင့် ကောင်းကင်အလွှာတွင်ရှိနေသော်လည်း တူညီသောအဆင့်ရှိ ကြေးအဆင့်ရုပ်သေးနှင့်တိုက်ခိုက်ရာတွင် ယုံကြည်မှု အနည်းငယ်သာရှိသည်။ ပိုမြင့်မားသောအဆင့်ရှိ ငွေရောင်ရုပ်သေးရုပ်ကို အနိုင်ယူနိုင် မည်ဟု သူမထင်ခဲ့ပေ။ ထို့ကြောင့် ဘေးကင်းစေရန်အတွက် ကြေးအဆင့် ရုပ်သေးရုပ်ကို ရွေးချယ်ခဲ့သည်။

အဘိုးကြီးက ခေါင်းညိတ်သည်။ ကျင့်ကြံမှုလမ်းကြောင်းသည် တည်တည်ငြိမ်ငြိမ် ရှိသင့်သည်။ ဒီလိုလူမျိုးက အသက်ရှည်ရှည် နေကြရသည်။

ထို့နောက် အဘိုးအိုသည် သူ၏ဝတ်စုံလက်မောင်းကို ဝှေ့ယမ်းလိုက်ပြီး အရပ်နှစ်မီတာ နီးပါးရှိသော လူသားဆန်သော ရုပ်သေးရုပ်လေးသည် လူတိုင်းရှေ့တွင် ပေါ်လာသည်။

ဤရုပ်သေးရုပ်ကို ကြေးဝါဖြင့်ပြုလုပ်ထားပြီး ခန္ဓာကိုယ်တစ်ခုလုံးသည် အလွန် မာကျောသည်။ ၎င်းကို မှော်သင်္ကေတများဖြင့် ဖုံးအုပ်ထားသည်။ ချင်ယွင်သည် ဤမှော်သင်္ကေတများနှင့် သူစိမ်းမဟုတ်ပေ။ ဆန့်ကျင်ဘက်အနေဖြင့် သူသည် ဤအရာများကို အချိန်အတိုင်းအတာတစ်ခုအထိ လေ့လာခဲ့ဖူးသည်။ အမှန်တကယ် တော့ ဤပုံစံများသည် အစီရင်ပုံစံများဖြစ်သည်။

အတိတ်အချိန်တုန်းက ချင်ယွင်သည် အင်မော်တယ်တော်ဝင်ချင်မင်းဆက်၏ စာကြည့်တိုက်ထက်ဝက်ကျော်ကို ဖတ်နေခဲ့သည်။သူ မည်သည့်စာအုပ်အမျိုးအစားကို အများဆုံးဖတ်ဖူးသနည်းဟု မေးလျှင် ကျင့်ကြံမှုပညာရပ်များ နှင့်သိုင်းပညာရပ်စာအုပ် များ မဟုတ်ဘဲ အစီရင်,၀င်္ကပါပညာရပ်စာအုပ်များဖြစ်သည်ဟု သေချာပေါက် သူ ဖြေနိုင်ပါလိမ့်မည်။

အစီရင်,၀င်္ကပါပညာရပ်သည် အလွန်လျှို့ဝှက်ဆန်းကြယ်ကာ မှေးမှိန်ပြီး မထင်မရှား ဖြစ်သည် ။ အစီရင်,၀င်္ကပါပညာရပ်ကို အဆင့်တစ်မှ အဆင့်ဆယ့်ရှစ်အထိ ပိုင်းခြား ထားသည်။ အစီရင်,၀င်္ကပါတခုခြင်း၏ အဆင့်တစ်ခုစီနှင့် သက်ဆိုင်သောစွမ်းအားမှာ လည်း ကွဲပြားပါသည်။ သူ၏ရှေ့ရှိ ရုပ်သေးရုပ်သည်ကနဦးအဆင့်၀င်ရောက်စ အစီအရင်ဖြစ်ပြီး အဆင့်တစ် အစီရင်တောင် မဟုတ်ပါဘူး။

သို့သော် ချင်ယွင်သည် အနည်းငယ် အံ့သြသွားသည်။ ဤကြေးရုပ်သေးတွင် ဤကြေးရုပ်သေးနှင့်အဆင့်တူ အစီအရင်ပုံစံများကို အသုံးပြုထားသောကြောင့် အခြားအဆင့်ရှိ ရုပ်သေးရုပ်များကို ထုလုပ်ရာမှာလည်း အဆင့်တူ အစီအရင်ပုံစံများကို အသုံးပြုရမည်ဖြစ်သည်။ ဤနည်းအားဖြင့်၊ မိုးကြိုး၀ိညာဥ်ဂိုဏ်းတွင် အစီအရင်၀င်္ကပါ ပညာရှင်တယောက်ရှိနိုင်သည်။

အစီအရင်,၀င်္ကပါမှော်ပညာရပ်များသည် အလွန်ရှားပါးသော တည်ရှိမှုများ ဖြစ်သည်။ ဤပညာရပ်များအတွက် ပါရမီလိုအပ်ပြီး၊ ဤပါရမီသည် ကျင့်ကြံသူတစ်ဦး ၏ ဝိညာဉ်အရင်းအမြစ်များထက် ပို၍ပင် လိုအပ်ချက်များပြားသည်။

လူတစ်ထောင်တွင် လူတစ်ဦးသည် ကျင့်ကြံရန်အတွက် သင့်လျော်သော သိုင်းပညာပါရမီရှိကောင်း ရှိနိုင်သော်လည်း လူတစ်သောင်းတွင် တစ်ဦးသည် အစီအရင်၀င်္ကပါပညာရပ်ကို ကျင့်ကြံရန် သင့်လျော်မူ ရှိကောင်းမှရှိလိမ့်မည်။ ယင်းက အစီအရင်၀င်္ကပါပညာရပ်အတွက်ပင်ကိုယ်ပါရမီလိုအပ်ချက် မည်မျှမြင့်မားသည်ကို တွေးကြည့်နိုင်သည်။ ထို့ကြောင့် အစီအရင် ၀င်္ကပါမှော်ဆရာများသည် အလွန်ရှားပါး သည်။ အဆင့်တစ် အစီအရင် ၀င်္ကပါမှော်ဆရာများပင်လျှင် မြင့်မားသောအဆင့် ဖြစ်တည်မှုများဟု မပြောနှင့် အလွန်ရှားပါးသော တည်ရှိမှုများဖြစ်သည်။ (အစီရင်၀င်္ကပါပညာရပ်ဟူသောစကားသည် တချို့နေရာများ၌ formation. တချို့နေရာများ၌ array mage ဟု သုံးထားသည့်အတွက် ပေါင်းထားခြင်းဖြစ်သည်။ နောက်ပိုင်းများတွင် သင့်သလို ခွဲ, တွဲ၍ ပြန်ဆိုသွားမည်)

All Chapters