တိုက်ပွဲ၀င် ရုပ်သေးများ
Vol. 5 Ch. 68
အခန်း (၆၈) တိုက်ပွဲ၀င်ရုပ်သေးများ
သူ၏ရှေ့ရှိ ကြေးရုပ်သေးကိုမြင်သောအခါ ချန်ချန်း၏ နှလုံးသားသည် အနည်းငယ် တုန်လှုပ်သွားသည်။ သူ၏ရှေ့ရှိ ကြီးမားသည့် ရောင်းရင်းကြီးက တကိုယ်လုံး ကြေးဖြင့်ပြီး၏။ သူ၏မျက်လုံးအစုံက ခရမ်းရောင် တောက်တောက် အလင်းများ ထွက်လာသည်။ အကြည့်တချက်ဖြင့်ပင် လူတစ်ယောက်၏ နှလုံးသားကို တုန်လှုပ်သွားစေနိုင်သည် ။
အရေးအကြီးဆုံးမှာ၊ ဤရုပ်သေးသည် အနှိုင်းမဲ့လွှမ်းမိုးနိုင်သော အငွေ့အသက်ကို လည်း ထုတ်လွှတ်သည်။ ဤအငွေ့အသက်က သူ၏ဘေးမှာရပ်နေသည့် လူသတ်စက်ကဲ့သို့ ခံစားချက်မျိုးကို ပေးစွမ်းသည်။
"ဒီကြေးရုပ်သေးကို မြေပေါ်လဲကျအောင် ထိုးနှက်နိုင်သရွေ့ မင်း အနိုင်ရလိမ့်မယ်။ အဆင်သင့်ဖြစ်ပြီလား" ဆံပင်ဖြူအဘိုးကြီးကကွင်းလယ်ခေါင်မှာ ရပ်နေသည့် ချန်ချန်းကို မေးသည်။
ချန်ချန်းသည် အံကြိတ်ကာ ပြင်းထန်စွာ ခေါင်းညိတ်လိုက်သည်။
"ကောင်းပြီ ဒါဆို စမ်းသပ်ပွဲကို အခုစတော့မယ်!" အဘိုးအိုက ချက်ချင်း ကြေညာလိုက် သည်။
အဘိုးအို၏အသံ ပြီးဆုံးတဲ့သွားသည်နှင့် တပြိုင်နက် ဘေးတစ်ဖက်တစ်ချက်တွင် မလှုပ်မယှက် ရပ်နေသော ကြေးရုပ်သေးကြီးသည် ရက်စက်ကြမ်းကြုတ်သော သားရဲတစ်ကောင်ကဲ့သို့ ချန်ချန်းဆီသို့ ပြေးသွားသည်။ ၎င်း၏ အရှိန်မှာ မယုံနိုင်လောက်အောင်ပင် မြန်ဆန်လာသည်။
ချန်ချန်းသည် ချက်ချင်းပင် အံ့အားသင့်သွားသည်။ သူသည် ကမန်းကတန်း နောက်ပြန် ဆုတ်သွားသည်။ တစ်ချိန်တည်းမှာပင်၊ သူသည် သူ၏လက်ထဲတွင် ဝိညာဥ်ချီကြိုးမျှင် တစ်ခုကိုထုတ်ကာ ကြေးရုပ်သေး၏ ခန္ဓာကိုယ်ဆီသို့ ရိုက်ချိုး ပစ်လွတ်လိုက်သည်။
သို့သော်၊ ဝိညာဉ်စွမ်းအင်များက ရုပ်သေး၏ ကိုယ်ခန္ဓာထဲသို့ ထိုးဖောက်ဝင်ရောက် လာသောအခါတွင်၊ ၎င်းသည် သူ၏ခန္ဓာကိုယ်ကို ခဏတာရပ်တန့်သွားစေပြီးနောက် ဒဏ်ရာတစ်စုံတစ်ရာမရှိဘဲ ချန်ချန်းဆီသို့ ဆက်လက်ပြေးသွားခဲ့သည်။
ချန်ချန်း၏ မျက်နှာသည် သိသိသာသာပြောင်းလဲသွားသည်။ သူသည် ထပ်ခါထပ်ခါ နောက်ဆုတ်သွားသော်လည်း အလွန်လျှင်မြန်စွာပင် ပြိုင်ကွင်းအစွန်းသို့ ရောက်သွား ပြီး ရက်စက်ကြမ်းကြုတ်သော ရုပ်သေးသည် တစ်ဖန် ပြေးလာသည်။
"အားလုံး ထွက်လာစမ်း!"
ချန်ချန်းသည် ကျယ်လောင်စွာ အော်လိုက်ပြီး သူ၏တစ်ကိုယ်လုံးရှိ ဝိညာဉ် စွမ်းအင်များတဟုန်ထိုး ထိုးတက်လာသည်။ ထို့နောက် သူသည် ကြေးရုပ်သေးကို လက်သီးဖြင့် ထိုးပစ်လိုက်ပြီး ကြေးရုပ်သေး၏ လက်သီးနှင့် ထိပ်တိုက်ဆုံသွားသည်။
ချွှင် !
လက်သီးနှစ်ဖက်က ထိပ်တိုက်ဆုံမိသွားပြီးသံမဏိချင်း ထိတွေ့သံများ ထွက်လာသည်။
ပြင်းထန်သော ရိုက်ခတ်မှုကြောင့် သူတို့နှစ်ဦး နောက်ဆုတ်ခွာသွားခဲ့ပြီး ချန်ချန်းသည် လည်း ကွင်းထဲမှ ပြုတ်ကျသွားသည်။
"ဟမ့်၊ အမှိုက်ပဲ!" ဤမြင်ကွင်းကို မြင်လိုက်ရတော့ မာနကြီးသည့် လူငယ်လေးက ချက်ချင်းပင် အထင်အမြင်သေးပြီး လှောင်ပြောင်သည်။
ချင်ယွင်သည်လည်း အနည်းငယ် ထိတ်လန့်သွားသည်။ ချန်ချန်းသည် မြန်မြန် ရှုံးနိမ့်သွားမည်ဟု သူ မမျှော်လင့်ထားပေ။
သို့သော်၊ ချန်ချန်းသည် ကွင်းထဲမှ ပြုတ်ကျတော့မည်ဟု လူတိုင်း ထင်နေကြချိန်တွင်၊ ချန်ချန်း၏ မျက်လုံးများ ကျဉ်းသွားခဲ့ပြီး သူသည် သူ၏ဝိညာဥ်ချီကို သူ၏ လက်ထဲတွင် အသုံးပြု ၍ အောက်သို့ကျဆင်းနေသော သူ၏ခန္ဓာ ကိုယ်ကို ဝိညာဥ်ချီ၏ တုံ့ပြန်မှုဖြင့် တိုက်ရိုက်ရပ်တန့်ရန် ကြိုးစားလိုက်သည်။
ချန်ချန်းသည် မတ်တပ်ရပ်လိုက်ပြီး သက်ပြင်းတစ်ချက် ချလိုက်သည်။ သူသည် အစောပိုင်းလေးက ပြုတ်ကျလုနီးပါးဖြစ်သွားခဲ့ရသည်။
အချိန်မီ မတုံ့ပြန်နိုင်ခဲ့လျှင် သူသည် စာမေးပွဲ ကျရှုံးလိမ့်မည်။
သို့သော် သူ အသက်ရှူချိန်နှစ်ကြိမ် မကြာသေးခင် ကြေးရုပ်သေးသည် သူ၏အနားသို့ တစ်ဖန် ပေါ်လာပြီး ချန်ချန်းကို လက်သီးဖြင့် ထိုးခဲ့သည်။
ချန်ချန်းသည် သင်ခန်းစာကို အခုလေးတင် သင်ယူပြီးဖြစ်တာကြောင့် နာကျင်မှုကို မသိသည့် ဒီကြေးရုပ်သေးနှင့် ထိပ်တိုက်ရင်မဆိုင် ဝံ့တော့ပါဘူး။ သူသည် သူ၏ ဝိညာဉ်စွမ်းအင်ကို လျင်မြန်စွာ စုဆောင်းပြီး သူ၏ခန္ဓာကိုယ်ကို တွန့်လိမ်ကာ ဤလက်သီးကို ရှောင်တိမ်းလိုက်သည်။
သို့သော် ကြေးရုပ်သေး၏အရှိန်သည် အလွန်မြန်ဆန်သည်။ ချန်ချန်းသည် လက်သီး တစ်ချက်ကို ရှောင်ပြီးသွားသောအခါ နောက်လက်တဖက်ဖြင့် သူ၏ဝမ်းဗိုက်ထဲသို့ ထိုးသွင်းခံလိုက်ရသည်။ အကြိမ်ပေါင်းများစွာ နောက်ပြန်လွင့်သွားပြီး တုန်တုန် ယင်ယင် ဖြစ်ကာ လဲကျလုနီးပါးဖြစ်သွားခဲ့ရသည်။
"အရမ်းအစွမ်းထက်တယ်။ ဒီကြေးရုပ်သေးက သတ္တမအဆင့် ကောင်းကင်အလွှာ အထွတ် အထိပ်မှာ သေချာပါတယ်။" ချန်ချန်းသည် သူ့ကိုယ်သူ တွေးနေမိသည်။
သို့သော် သူသည် ခိုင်မြဲစွာ မရပ်တန့်နိုင်မှီတွင် ကြေးရုပ်သေးသည် အရှိန်အဟုန်ဖြင့် ပြေးလာပြန်သည်။
ချန်ချန်းသည် ထိတ်လန့်တုန်လှုပ်သွားပြီး ရုပ်သေး၏တိုက်ခိုက်မှုကို ရှောင်တိမ်းကာ အမြန်ပြန်ဆုတ်သွားရသည်။
အဘိုးအိုသည် ဤမြင်ကွင်းကိုမြင်သောအခါစိတ်ပျက်လက်ပျက်ဖြင့် ခေါင်းယမ်းသည်။ သူ၏ဘေးနားရှိ မောက်မာသောလူငယ်သည် အထင်အမြင်သေးသည့် မျက်နှာထားနှင့် ပြည့်နေသည်။
ချင်ယွင်က အဆင်ပြေပေမယ့် သူလည်းအစအဆုံး တည်ငြိမ်အောင် ထိန်းထားရသည်။ ချန်ချန်းသည် ထွက်ပေါက်လမ်းကြောင်း သေချာပေါက်ရှိမည်ဟု သူ ခံစားရသည်။
ဟုတ်ပါသည်၊ ထိုအချိန်မှာပင် ချန်ချန်း၏ရုပ်အသွင်က ရုတ်တရက် ခုန်တက်လာပြီး ကြေးရုပ်သေး၏ ဦးခေါင်းထက်မှာ တိုက်ရိုက်ပေါ်လာပါသည်။ သူ့မျိုးနွယ်စု၏ အမြန်နှုန်း စွမ်းအားကို အသုံးပြု၍ သူသည် သိုင်းပညာတစ်ခုဖြစ်သည့် ကောင်းကင်တူ ပညာရပ်ကို အသုံးပြုကာ ကြေးရုပ်သေး၏ ခေါင်းစေ့ကို ထိုးနှက်လိုက်ပြီး ကြေးရုပ်သေးလည်း မြေပြင်ပေါ်သို့ လဲကျသွားသည်။
"ချန်ချန်း အောင်မြင်သွားပြီ။ သူက စမ်းသပ်မူကို ဖြတ်ကျော်သွားပြီ!" အဘိုးအိုက ကြေညာသည်။
ဒါကိုကြားတော့ ချန်ချန်းသည် ချက်ချင်းပင် မောပန်းနွမ်းနယ်ကာ မြေပြင်ပေါ် ထိုင်ချလိုက်သည်။ ဤအချိန်မှာ သူ၏အဝတ်အစားများသည် အလွန်ရှုပ်ပွနေလေပြီ။ သူသည်သူ၏ ခွန်အားကို အကုန်အစင် အသုံးချခဲ့သည်ကို မြင်နိုင်ပါသည်။
"ရှပ်၊ အမှိုက်ပဲ ၊ ကြေးအဆင့်ရှိတဲ့ ရုပ်သေးရုပ်ကို ကိုင်တွယ်ဖို့ အများကြီး အားထုတ်ရတယ်။ " တစ်ဖက်မှ မောက်မာသော လူငယ်က အထင်အမြင်သေးစွာဖြင့် ပြောလိုက်သည်။
ချန်ချန်းသည် အနည်းငယ် ဒေါသထွက်သွားသည်။ သူသည် စိတ်ကောင်းရှိသော်လည်း သူတပါးကို ထပ်ခါထပ်ခါ စော်ကားသည်ကိုတော့ သည်းမခံနိုင်ပေ။
သို့သော် သူသည် မာနကြီးသောလူငယ်နှင့် ငြင်းခုံတော့မည့်အချိန်တွင် ချင်ယွင်က သူ့အား ခေါင်းကို အနည်းငယ် ခါယမ်းပြနေသည်ကို တွေ့လိုက်ရသည်။
"ကောင်းပြီ၊ ရှီယန် စိန်ခေါ်ရမဲ့အလှည့်ပဲ။ မင်း ဘယ်ရုပ်သေးကို စိန်ခေါ်ချင်လဲ" ဆံပင်ဖြူအဘိုးကြီးအသံက တင်းမာသည်။ သူ၏ရှေ့ရှိ ဤကလေး၏ ယုတ္တိမဲ့သည့် လုပ်ရပ်များကို သူ သည်းမခံနိုင်တော့ပေ။
ဒါဆို သူ၏နာမည်က ရှီယန်ပေါ့။
ချင်ယွင်သည် အနည်းငယ် ထိတ်လန့်သွားသည်။ မာနကြီးသော ဤလူငယ်၏ အမည်ကို သူ သိချင်နေခဲ့မိသည်။ ရှီတိုင်ယာဆိုရင်လည်း ကျောက်တုံးကို ယုံကြည်သူ ဖြစ်သည်။ သို့သော်လည်း သူ၏ရှေ့က ဤကောင်လေးသည် တိုင်ယွန် ကုန်သည် ကြီးများအသင်း၏ ရှီတိုင်ယာနှင့် ပတ်သက်မှု ရှိ၊ မရှိ သူ မသိသေးပါဘူး။
သို့သော် ချင်ယွင်က သူခန့်မှန်းချက်မှန်ကန် သည်ဟု ခံစားမိသည်။ ဤရှီယန်နှင့် ရှီတိုင်ယာတို့သည် မောက်မာမှုမှာ အတူတူပင်ဖြစ်၏။ ကျောက်တုံးများကို ယုံကြည်သူ များသည် အလွန်မောက်မာသူများ ဖြစ်နိုင်ပါသလား။
"ရွှေရုပ်သေးကို ငါရွေးတယ်!" ရှီယန်သည် ပြိုင်ကွင်းပေါ်သို့ လျှောက်သွားပြီး အလွန်မောက်မာစွာ ပြောလိုက်သည်။
ရှိနေသူအားလုံး အနည်းငယ် အံ့အားသင့်သွားကြသည်။ ဤရွှေရုပ်သေးသည် နဝမအဆင့် ကောင်းကင်အလွှာ အထွတ်အထိပ် သိုင်းပညာရှင်နှင့် နှိုင်းယှဉ်နိုင်ပြီး ရှီယန်သည် အဋ္ဌမအဆင့် ကောင်းကင်အလွှာ အထွတ်အထိပ်တွင်သာ ရှိသေးသည်။ သူတို့ကြားမှာ အဆင့်တစ်ခုလုံး ကွာခြားနားမှု ရှိနေခဲ့သည်။ သူသည် နဝမအဆင့် ကောင်းကင်အလွှာ သိုင်းပညာရှင်ထက်ကျော်လွန်သော တစ်စုံတစ်ယောက်ကို စိန်ခေါ်လိုခြင်း ဖြစ်နိုင်ပါသလား။
ဆံပင်ဖြူအဖိုးအိုက မျက်မှောင်ကြုတ်ကာ “မင်း ရွှေရုပ်သေးရုပ်လိုချင်တာ သေချာရဲ့လား” ဟု မေးသည်။
"သေချာပါတယ်။" ရှီယန်က အေးစက်စွာ အော်ပြောသည် "ဒါပေမယ့် ကျွန်တော်မှာတောင်းဆိုစရာရှိတယ်။ ကျွန်တော် လက်နက်သုံးလို့ရမယ် ထင်တယ်!"
"ကောင်းပြီ!" ဆံပင်ဖြူ အဖိုးအိုက ပြန်ဖြေတယ်။ အကဲဖြတ်မှုလိုအပ်ချက်များတွင် လက်နက်အသုံးပြုမှုအပေါ် ကန့်သတ်ချက် မရှိခဲ့ပေ။ ဟုတ်ပါသည်။ ရှီယန်၏ တောင်းဆိုမှုကို သူ ငြင်းမှာမဟုတ်ပါဘူး။
သူ၏ဝတ်စုံလက်မောင်းကို လှုပ်ယမ်းမှုနှင့်အတူ ကွင်းပြင်ပေါ်တွင် ရွှေရောင်လူသား ဆန်သော ရုပ်သေးတစ်ရုပ် ပေါ်လာသည်။ ဒီရုပ်သေး ထွက်ပေါ်လာပြီးသည်နှင့် နှလုံးသားကို တုန်လှုပ်စေမည့် အစွမ်းထက်သောအငွေ့အသက်က ချက်ချင်း ဖြစ်ပေါ်လာ၏။
ချင်ယွင်သည် ရွှေရုပ်သေးရုပ်ကို တစ်ချက်ကြည့်လိုက်သည်။ ရွှေရုပ်သေး၏ ခန္ဓာကိုယ်ကိုလည်း သိမ်မွေ့နက်နဲသော အစီရင်ပုံစံများဖြင့် ဖုံးအုပ်ထားသည်။
"တကယ်တော့ ဒါက အဆင့်တစ် အစီအရင်ပဲ။" ချင်ယွင်သည် ဤရွှေရုပ်သေးရုပ်၏ အစီအရင်သည် ပထမအဆင့်သို့ ရောက်ရှိနေပြီဟုသူ့ကိုယ်သူ တွေးနေမိသည်။
"စမ်းသပ်ပွဲ စပြီ!" ဆံပင်ဖြူအဘိုးကြီးက ကြေငြာလိုက်သည်။
သေချာပါသည်၊ အဖိုးအိုအမိန့်ပေးလိုက်သည် နှင့် ရွှေရုပ်သေးဟာ အသက်ရှင်နေပုံရပြီး ခန္ဓာကိုယ်တစ်ခုလုံး ပေါက်ကွဲထွက်သွားလာသည်။
ရှီယန်က ရယ်မောလိုက်သည်။ ရွှေရုပ်သေး၏ ရက်စက်ကြမ်းကြုတ်သော တိုက်ခိုက်မှုနှင့် ပတ်သက်ပြီး သူ၏အမူအရာက ပြောင်းလဲသွားခြင်းမရှိပေ။ ထို့နောက် ရွှေရုပ်သေးသည် သူ၏ခန္ဓာကိုယ်ကို ထိခါနီးတွင် သူသည်လည်း လျင်မြန်စွာ တိုက်ခိုက်လိုက်ပြီး ရွှေရုပ်သေးနှင့် ထိပ်တိုက်ဆုံမိလေသည်။
ချွင်!
ထိပ်တိုက်တွေ့ဆုံသည့် အသံက ခေါင်းလောင်း ထိုးသံကဲ့သို့ မြည်ဟည်းပြီး ပတ်ဝန်းကျင်ကို လေပြင်းနှင့် လှိုင်းလုံးများ လွင့်တက်လာစေသည်။
လက်သီးနှစ်ခုက ထိပ်တိုက်ဆုံမိပြီး နှစ်ယောက်စလုံး နောက်ပြန်ဆုတ်သွားကာ ဆယ်မီတာကျော် အကွာအဝေးတွင် ရပ်တန့်သွားသည်။
ကွင်းအပြင်ဘက်ရှိလူတိုင်း အံ့သြသွားကြသည်။ ဤရှီယန်သည် မူလကတည်းက အလွန်အစွမ်းထက်ပြီး အမှန်တကယ်တွင်လည်း သူသည် ရွှေရုပ်သေးကို ထိပ်တိုက် ရင်ဆိုင်နိုင်ခဲ့သည်။
"ဟမ့် ဒါက ရွှေရုပ်သေးတခုပါပဲ။ ဒီထက်မပိုဘူး" ရှီယန်က အေးစက်စွာ ဟစ်အော်လိုက်သည်။
ရွှေရုပ်သေးသည် ၎င်း၏ခန္ဓာကိုယ်ကို တည်ငြိမ်စေပြီးနောက်၊ ရှီယန်ဘက်သို့ တိုက်ရိုက် ပစ်၀င်ပြန်သည်။
ရှီယန်၏ရုပ်အသွင်အပြင်သည် လေနှင့်တူပြီး ရွှေရုပ်သေး၏တိုက်ခိုက်မှုကို ချက်ချင်း ရှောင်ရှားလိုက်သည်။
ရွှေရုပ်သေး၏လက်သီးများသည် လေထဲကိုသာ ထိုးရိုက်မိပြီး ကွင်းပြင်ထဲသို့ ထိုးကျသွားသည်။ ကွင်းပြင်ထဲတွင် ချက်ချင်းပင် နက်ရှိုင်းသော တွင်းနက်ကြီးတစ်ခု ဖန်တီးပြီး ကျောက်ပြားချပ်ကြီးသည် တစ်လက်မချင်းစီ ကွဲသွားခဲ့သည်။
"ဟမ့်၊ ဒါပဲလား။ ဒါကို အဆုံးသတ်ဖို့ အချိန်ရောက်ပြီ!" ရှီယန်က ရယ်မောလိုက်သည်။
ထို့နောက် သူ၏လက်ထဲတွင် လေးလံသည့်ဓားတစ်ချောင်း ပေါ်လာပြီး အညှာတာ ကင်းမဲ့စွာ ရွှေရုပ်သေး၏ ရင်ဘတ်ထဲသို့ ထိုးထွင်းပြီး လွင့်ထွက်သွားစေသည်။
လူတိုင်း အံ့သြသွားပြန်သည်။ ဒါဆို ဒီကလေးဟာ လေးလံသည့် ဓားကြီးတွေကို လေ့ကျင့်ထားသည်လား။ သူသည် ရွှေရုပ်သေးကို ထိပ်တိုက်ရင်ဆိုင်ရဲပြီး ဓားတိုက် ကွက်တကွက်ဖြင့် နောက်ကို လွင့်ထွက်သွားအောင်လုပ်နိုင်သည်မှာ အံ့သြစရာ မဟုတ်ပေ။