← Chapters

စိန် ရုပ်သေးရုပ်

Vol. 5 Ch. 69

စိန် ရုပ်သေးရုပ်

Vol. 5 Ch. 69

အခန်း (၆၉) စိန် ရုပ်သေးရုပ်

"ရှီယန် စမ်းသပ်မှုအောင်မြင်ပြီး ဆုငွေ သုံးဆရမယ်!" ဆံပင်ဖြူ အဘိုးကြီးက အံ့အားသင့်ဟန်ဖြင့် ကြေညာသည်။

ချင်ယွင်သည်လည်း အနည်းငယ် အံ့သြဖို့သွားသည်။ ဤကလေးသည် အမှန် တကယ်ကို မောက်မာနိုင်စွမ်းရှိသည်။ အဋ္ဌမအဆင့် ကောင်းကင်အလွှာ အထွက်အထိပ် သိုင်းပညာရှင်သည် နဝမအဆင့် ကောင်းကင်အလွှာ အထွတ်အထိပ် သိုင်းပညာရှင်နှင့် နှိုင်းယှဉ်နိုင်သော ရွှေရုပ်သေးကို အနိုင်ယူခဲ့သည်။ ထို့အပြင် ၎င်းသည် လုံးလုံး ခြေမွနိုင်သော အခြေအနေတွင် ရှိနေသည်။ သူ၏ခွန်အားက တကယ်ကို ထူးထူးခြားခြား ဖြစ်နေတာကိုတွေ့ရမှာပါ။

"ခွန်အားက အခြေခံအကျဆုံးလို့ ငါပြောခဲ့ပါတယ်။ မင်းမှာ အဆင့်တစ်ဆယ် ဝိညာဉ်အရင်း အမြစ်ရှိတော့ရော ဘာဖြစ်လဲ။၊ မင်းက ငါ့အတွက် ပြိုင်ဘက် ဖြစ်သေးလို့လား" ရှီယန်သည် ပြိုင်ပွဲကွင်းပြင်ပေါ်တွင် ရပ်ကာ သူ၏လက်ထဲတွင် လေးလံသည့် ဓားကြီးကိုကိုင်ပြီး ချင်ယွင်ကို ရန်စလိုက်သည်။

"ငါက မင်းပြိုင်ဘက် မဟုတ်ဘူးလို့ မင်း တကယ်ထင်နေတာလား" ချင်ယွင်က ပြုံးပြီး ရှီယန်ကို ကြည့်သည်။

ရှီယန်သည် အရယ်ရဆုံး ပျက်လုံကြီးတစ်ခုကို ကြားလိုက်ပုံရသည်။ "ဟမ့်၊ မင်းက ဆဋ္ဌမအဆင့် ကောင်းကင်အလွှာ သိုင်းပညာရှင်တစ်ယောက်ပဲ၊ ငါက နဝမအဆင့် ကောင်းကင်အလွှာ အထွတ်အထိပ် သိုင်းပညာရှင်ကို ခုန်ကျော်ပြီး အနိုင်ယူနိုင်ခဲ့တယ်။ မင်းက ငါ့နဲ့ ဘယ်လိုလုပ် နှိုင်းယှဥ်နိုင်မှာလဲ။"

ချင်ယွင်က ပြုံးပြီးပြောသည် "ဒီလိုဆိုမှတော့ ငါတို့ ပြိုင်ကြမယ်ဆိုရင်ရော ဘယ်လိုလဲ။"

ရှီယန်က အေးစက်စွာ နှာခေါင်းရှုံ့ပြီးတော့ "ဘာလဲ မင်းကပြိုင်မလို့လား၊ မင်းလည်း ရွှေရုပ်သေးကို စိန်ခေါ်ဖို့ စီစဉ်နေတာလား။"

ချင်ယွင်က ပြုံးပြီး ဘာမှပြန်မပြော။ အဲဒီအစား သူက ဆံပင်ဖြူ အဘိုးကြီးဆီ လှည့်ပြီး "အကြီးအကဲ၊ ဂိုဏ်းမှာ သိုင်းပညာရှင်နယ်ပယ်ထက် သာလွန်တဲ့ စိန်ရုပ်သေး ရှိတယ်လို့ ကျွန်တော်ကြားဖူးတယ်။ အဲဒါကို ကျွန်တော် စိန်ခေါ်ချင်တယ်"

ထိုစကားများပြောပြီးချိန်မှာတော့ အားလုံးက အံ့ဩသွားကြပါသည်။

ချန်ချန်းသည် ကိုယ့်နားကို မယုံဝံ့ရုံသာမက ဆံပင်ဖြူအဖိုးအိုသည်လည်း သူ၏နားကို

မယုံရဲခဲ့ပေ။

ဆံပင်ဖြူအဘိုးအိုက အနည်းငယ် မျက်မှောင် ကြုတ်ကာ မေးလိုက်သည် "လင်းယွင်၊ ဒါကအဓိပ္ပာယ်မရှိဘူး၊ မင်းက သိုင်းပညာရှင်နယ်ပယ် ဆဋ္ဌမအဆင့် ကောင်းကင် အလွှာမှာဘဲ ရှိသေးတယ်။ မင်းထက်တစ်ဆင့်ပိုမြင့်တဲ့ တစ်စုံတစ်ယောက်ကို စိန်ခေါ်ရင်တောင် မင်းအတွက် အနိုင်ရဖို့ အများကြီး မဖြစ်နိုင်ဘူး။ မင်း အဲဒါကို ပြန်စဉ်းစားချင်သလား။"

ချင်ယွင်က ခေါင်းကို အနည်းငယ်ခါယမ်းပြီး "စိတ်မပူပါနဲ့ အကြီးအကဲ၊ ကျွန်တော် ကိုယ့်ကိုယ်ကိုယ် ယုံကြည်မှုရှိပါတယ်။"

ရှီယန်သည် ချင်ယွင်၏ စကားကို ကြားသောအခါ ချက်ချင်းပင် ရယ်မောလိုက်သည်။ သူက ချင်ယွင်ကို လက်ညှိုးထိုးပြီး ကြိမ်းမောင်းသည် "မင်းရဲ့ စောစောလေးက အရည်အချင်းတွေကြောင့် မင်းကိုယ်မင်း အံသြသွားတယ်လို့ ငါမြင်တယ်။ ဆဋ္ဌမအဆင့် ကောင်းကင်အလွှာ သိုင်းပညာရှင်အဖြစ်နဲ့ ပထမအဆင့် ကောင်းကင် အလွှာ သိုင်းသခင်တစ်ဦးရဲ့ကျင့်ကြံမှုအဆင့်ရှိတဲ့ စိန်အဆင့်ရုပ်သေးရုပ်ကို စိန်ခေါ်ဖို့ မင်းက သတ္တိရှိတယ်‌ပေါ့။ ရိုးရှင်းစွာပြောရရင် မင်းဟာ မောက်မာပြီး အသိဉာဏ် ကင်းမဲ့တဲ့ အရူးတယောက်ပဲ။"

ဆံပင်ဖြူ အဘိုးကြီးသည် ရှီယန်၏စကားကို ကြားရသည်မှာ အဆင်မပြေဟု ခံစားမိသော်လည်း ရှီယန်၏စကားများသည် သူ၏စိတ်ထဲတွင် အဓိပ္ပါယ်ရှိနေသည်ဟု ခံစားမိသည်။

ဆဋ္ဌမအဆင့် ကောင်းကင်အလွှာ သိုင်းပညာရှင်၏စွမ်းအားဖြင့် စိန်အဆင့် ရုပ်သေး ရုပ်ကို စိန်ခေါ်ရန် ချင်ယွင်အတွက် မဖြစ်နိုင်ဟု သူထင်သည်။

"အကြီးအကဲ၊ ကျွန်တော်ကိုယုံပါ ချင်ယွင်က အတတ်နိုင်ဆုံး ရှင်းပြဖို့ ကြိုးစားသည်။

အမှန်တကယ်တော့၊ ချင်ယွင်သည် စိန်အဆင့်ရုပ်သေးကို တိုက်ခိုက်ရန် အလွန်ကြိုးစားရသည့် အကြောင်းရင်းက ရှီယန်ကို ယှဉ်ပြိုင်ဖို့ပဲ ဖြစ်သည်။ နောက်ဆုံးမှာတော့ သူသည် ဤကောင်စုတ်လေးနှင့် ငြင်းခုန်စရာမလို‌တော့ပေ။ ဒါ့အပြင် သူသည် တိုက်ခိုက်နေစဉ်အချိန်အတွင်း စိန်အဆင့်ရုပ်သေး၏ အစီရင်ပုံစံများ ကို အနီးကပ်အ‌နေထားတွင် ကြည့်ရူချင်သေးသည်။

ရွှေ၊ ငွေနှင့် ကြေးရုပ်သေးတို့ကို မရွေးချယ်ရခြင်းမှာ သဘာဝအားဖြင့် ၎င်းတို့သည် အလွန်အားနည်းသောကြောင့် ဖြစ်သည်။

ဆံပင်ဖြူလူကြီးသည် ချင်ယွင်ကို စိုက်ကြည့်နေသည်။ ချင်ယွင်၏အမူအရာသည် အလွန်တည်ငြိမ်နေပြီး သူ၏လေသံမှာလည်း အလွန်တည်ငြိမ်ကြောင်း သူ သတိပြုမိ သည်။ သူသည်ကြွား၀ါနေပုံမပေါ်။ သူ၏စိတ်ထဲတွင်အနည်း ငယ် အံ့သြသွားသည်။ သူ၏ရှေ့ရှိ ဤကလေးသည် သိုင်းသခင်နယ်ပယ် ပထမအဆင့် ကောင်းကင်အလွှာ ကျွမ်းကျင်သူတစ်ဦးကို တိုက်ခိုက်နိုင်သည့်ခွန်အားကို အမှန်တကယ် ပိုင်ဆိုင်ထား သည်မှာ ဖြစ်နိုင်ပါ့မလား။

ထိုသို့ဖြစ်လျှင် သူကို အတွင်းစည်းဂိုဏ်းဝင်တပည့်တစ်ဦးအဖြစ် အကြံပေးသည်က ရိုးရှင်းမည် မဟုတ်တော့ပေ။ သူသည် သူ့ကို လက်ရွေး စင်တပည့်တစ်ဦးအဖြစ် တိုက်ရိုက်မြှင့်တင်‌ပေးပြီး အားတက်သရော ပြုစုပျိုးထောင်ပေးနိုင်သည်။

"စိန်အဆင့်ရုပ်သေးရုပ်ကို မင်းတကယ်စိန်ခေါ်မှာလား။" ဆံပင်ဖြူ အဘိုးကြီးက အတည်ပြု ပြန်သည်။

ချင်ယွင်က လေးနက်စွာ ခေါင်းညိတ်လိုက်သည်။

"ကောင်းပြီလေ ၊ ဒါဆိုလည်းပြိုင်ပွဲကွင်းပြင်ထဲကို သွားပါ။" ဆံပင်ဖြူ အဘိုးကြီးက ပြောသည်။

ချင်ယွင်သည် ပြိုင်ပွဲပကွင်းပြင်ဆီသို့ လျှောက်သွားသည်။ ထိုအချိန်တွင် ရှီယန်သည် ပြိုင်ပွဲကွင်းပြင်ထဲမှ ဆင်းလာသည်။ သူတို့နှစ်ဦး အပြန်အလှန် ဖြတ်ကျော်သွားစဉ် ရှီယန်သည် ချင်ယွင်ကို ပျော်စေပြက်စေ အမူအရာဖြင့် ကြည့်ကာ "စိန်အဆင့် ရုပ်သေးရုပ်ကို အနိုင်ယူဖို့ မင်း ဘာတွေသုံးနိုင်လဲဆိုတာ ငါမြင်ချင်မိတယ်၊ အချိန်ကျတာနဲ့ ဘာမှသုံးစားမရသူ ဖြစ်မသွားစေနဲ့။"

ချင်ယွင်သည် သူ၏ သွားဖြူဖြူများကို ပေါ်အောင် ပြုံးပြပြီး "ဒါဆိုလည်း ခဏ စောင့်ကြည့်!"ဟု ပြောလိုက်သည်။

ထိုသို့ပြောပြီးနောက် ချင်ယွင်သည် ရှီယန်ကိုလျစ်လျူရှုကာ ပြိုင်ပွဲကွင်းပြင်ပေါ်သို့ လျှောက်သွားခဲ့သည်။

ရှီယန်သည် ချင်ယွင်၏ ယုံကြည်ချက်ရှိသော ကျောပြင်ကို မြင်သောအခါ ဒေါသသည် ချက်ချင်းပင် သူ၏နှလုံးသားထဲတွင် တိုးဝင်လာသည်။ သူသည် အေးစက်စွာ နှာခေါင်းရှုံရင်း ကွင်းပေါ်မှ ဆင်းသွားသည်။

စင်မြင့်အောက်မှ ဆံပင်ဖြူအဘိုးကြီးသည် သူ၏ဝတ်စုံလက်မောင်းကို ထပ်မံ ဝှေ့ယမ်းကာ နောက်ဆုံးတွင် သူကြားဖူးသော်လည်း တစ်ခါမှမမြင်ဖူးသည့် စိန်အဆင့် ရုပ်သေးရုပ်ကို လွှတ်ပေးလိုက်သည်။

ချင်ယွင်နှင့် အခြားသူများသည် စိန်အဆင့်ရုပ်သေးရုပ်ဆီသို့ လှည့်ကြည့်လိုက် ကြသည်။

စိန်ရုပ်သေး၏ ခန္ဓာကိုယ်သည် တောက်ပပြီး ကြည်လင်နေသည်။ ခန္ဓာကိုယ်တစ်ခုလုံး ကို စိန်တုံးများဖြင့် ပြုလုပ်ထားသည်။ ၎င်းကို ခရမ်းရောင်အစီအရင်ပုံစံအလွှာဖြင့် ဖုံးအုပ်ထားပြီး ၎င်း၏မျက်လုံးများသည် ခရမ်းရွှေရောင် ရောင်ခြည်တန်းများ ထုတ်လွှတ်နေသည်။

"ဂျွတ်"

စိန်ရုပ်သေး ပေါ်လာသည်နှင့် ယခင်ရုပ်သေးများကဲ့သို့ တောင့်တင်းနေခြင်း မရှိပေ။ ယင်းအစား ၎င်းသည် အသက်ရှင်နေသကဲ့သို့ ၎င်း၏လည်ပင်းကို ရွှေ့လိုက်သည်။

ပိုထိတ်လန့်စရာကောင်းသည်က စိန်ရုပ်‌သေးသည် အမှန်တကယ်ပဲ စကားပြော လိုက်တာကိုပါ။

"ငါ့ကို ဘယ်သူမှ စိန်မခေါ်ရဲခဲ့တာ အချိန်တော် ကြာခဲ့ပြီ။ ငါ့ရဲ့ ကြွက်သားနဲ့ အရိုးတွေကို လေ့ကျင့်ဖို့ ဒီနေ့မှပဲ ထွက်လာနိုင်လိမ့်မယ်လို့ ငါ မမျှော်လင့်ထားဘူး။"

ဘေးမှာရပ်နေသည့် ရှီယန်နှင့်ချန်ချန်းတို့သည် ဒီစိန်ရုပ်သေး အမှန်တကယ် အသိဉာဏ်ရှိနေပြီဆိုသည်ကို မယုံနိုင်လောက်အောင်ပင် ဖြစ်နေကြ၏။

ဒါက သာမန် ပထမအဆင့် ကောင်းကင်အလွှာ သိုင်းသခင်နှင့် မခြားနားဘူးဟု ဆိုလိုတာမဟုတ်ပါလား။ အမျိုးမျိုးသော တိုက်ခိုက်ရေး အတွေ့အကြုံများဖြင့်၊ သူ၏ ခွန်အားသည်ပင် တိုက်ခိုက်ရမည်ကိုသာ သိသော ထိုစက်များနှင့် နှိုင်းယှဉ်နိုင်သည့် အရာမဟုတ်ပေ။ ယင်းအစား၊ ၎င်းရုပ်သေးသည် စစ်မှန်သော ပထမအဆင့် ကောင်းကင်အလွှာ သိုင်းသခင်တဦးဖြစ်သည်။

ရှီယန်၏ မျက်နှာသည် အံ့အားရာသင့်မှ အေးစက်သော အပြုံးတစ်ခုသို့ တဖြည်းဖြည်း ပြောင်းလဲသွားသည်။ ထို့ကြောင့် ချင်ယွင် သည် အနိုင်ရရန် အခွင့်အရေးမရှိပေ။ စိန်ရုပ်သေးသည် တုနှိုင်းမရသည့် ကြမ်းတမ်းမာကြောသော ခန္ဓာကိုယ်ကို ပိုင်ဆိုင် ထားရုံသာမက အသိဥာဏ်လည်း ရှိသည်။ ချင်ယွင်သည် မည်ကဲ့သို့ ဝှက်ဖဲမျိုးကို ပိုင်ဆိုင်ထားပါစေ အနိုင်ယူရန် မဖြစ်နိုင်ပေ။

"ဟား ဟား၊ မင်းရဲ့ နာခံမှုရှိရှိနဲ့ အရှုံးပေးမှုကို ငါစောင့်ကြည့်ဦးမယ်!" ရှီယန်သည် သူ၏ စိတ်ထဲမှာ အရူးအမူး အော်လိုက်သည်။

ချန်ချန်းသည် စိန်ရုပ်သေး၏ ကြောက်မက်ဖွယ်ကောင်းမှုကို ခန့်မှန်းနိုင်ပြီး ချင်ယွင်ကို နောင်တရသော မျက်နှာဖြင့် ကြည့်သည်။

သို့သော် အစမှအဆုံးအထိ၊ ချင်ယွင်သည် သူ့မျက်နှာတွင် ကြောက်ရွံ့မှု အနည်းငယ် ကိုပင် ထုတ်မပြခဲ့ပေ။ ဖော်မပြနိုင်သော စိတ်လှုပ်ရှားမှုတစ်ခု သူ၏မျက်လုံးထဲတွင် နက်နက်ရှိုင်းရှိုင်း ကွယ်ဝှက်ထားသည်။

အစီအရင်များကို အဆင့်တစ်မှ အဆင့်ဆယ့်နှစ်အထိ ခွဲခြားထားသော်လည်း၊ အဆင့်တစ်ခုစီကြားတွင် ကွာဟချက်တစ်ခုလည်း ရှိနေသည်။ လူသားဆန်သော ရုပ်သေးရုပ်ပုံကားချပ်သည် အစီရင်ပညာရပ်၏ အခက်ခဲဆုံးအပိုင်းဖြစ်သည်။ ထို့အပြင်၊ ၎င်းသည် အသိဉာဏ်ရှိပြီး လူသားဆန်သည့် ရုပ်သေးရုပ်ကို ဖန်တီးနိုင် သည်။ ဤနည်းလမ်းဟာ လွန်ခဲ့သည့်နှစ်ပေါင်းတသိန်းကျော် ကတည်းက ပျောက်ကွယ်သွားခဲ့ပြီး ဖြစ်သည်။ သူသည် တော်ဝင်ချင် အင်မော်တယ် မင်းဆက်၏ စာကြည့်တိုက် တစ်ခုလုံးကို ရှာဖွေခဲ့သော်လည်း ရှာမတွေ့ခဲ့ပေ။ ယနေ့ ဤနေရာမှာ အမှန်တကယ် တွေ့နိုင်လိမ့်မည်ဟုသူ မမျှော်လင့်ထားပေ။ (ဤနေရာတွင် မူလက ဆယ့်ရှစ်ဟုပါရှိသော်လည်း နောက်မှာပါသည့်နေရာမှာက ဆယ့်နှစ်ဟု ပါရှိပြန်သည်။ ‌ဆယ့်နှစ်က ပို၍သင့်လျော်သည့်အတွက် ဆယ့်နှစ်ဟု ပြင်လိုက်ပါသည်။ နောက်ပိုင်းတွင်လည်း အဆင်ပြေသလို ကြည့်ပြီးပြန်ဆိုပါမည်)။

သူ၏ရှေ့ရှိ စိန်ရုပ်သေးရုပ်သည် အလွန်မပြည့်စုံသော အစီအရင်ပုံစံတစ်ခု ပါရှိသည်။ ထိုသို့မဟုတ်ပါက၊ ရုပ်သေးသည် ၎င်း၏ ကျင့်ကြံမှုအဆင့်ကို ပထမအဆင့် ကောင်းကင်အလွှာ သိုင်းသခင်တစ်ဦးအဖြစ် ပြသရန် မဖြစ်နိုင်ပေ။

ချင်ယွင်၏ ထင်မြင်ယူဆချက်များအရ စိန်ရုပ်သေးပေါ်ရှိ အစီရင်ပုံစံကားချပ်သည် အဆင့်တစ်ဆယ် အစီရပုံကြမ်း သို့မဟုတ် ထို့ထက် ပိုသင့်သည်။ ကံမကောင်းစွာဖြင့်၊ ၎င်းသည် ယခုအခါ ပြည့်စုံခြင်းမရှိဘဲ ထက်ဝက်နီးပါး ပျက်စီးသွားခဲ့ပြီး အဆင့်နှစ်ပုံ ကြမ်းတစ်ခု၏ စွမ်းအားကိုသာ ပြသနိုင်စေခဲ့သည်။

ရွှေ၊ ငွေ၊ ကြေးနှင့် သံမဏိရုပ်သေးလေးခုတို့သည် အစီရင်မှော်ပညာရှင်က စိန်ရုပ်သေးကို တုပပြီး အစီရင်ပုံကြမ်းများဖြင့် ဖန်တီးထားသော ရုပ်သေးများ ဖြစ်ကောင်းဖြစ်နိုင်သည်။

သေချာသည်မှာ ဤမပြည့်စုံသည့် အစီရင်ပုံကြမ်းက ချင်ယွင်အတွက် အလွန်အသုံး ဝင်ပါသည်။ ထိုကြောင့် ဤစိန်ရုပ်သေးကို တိုက်ခိုက်ရန် သူတတ်နိုင်သမျှ သူ ကြိုးစားရမည်။

"ဂိုဏ်းမှာ ပြီးပြည့်စုံတဲ့ အစီရင်ပုံကြမ်းများပါတဲ့ ရုပ်သေးတွေ ရှိနေသေးလားလို့ သိချင်မိတယ်" ချင်ယွင်သည် သူ့ကိုယ်သူ တွေးနေသော်လည်း ယင်းအကြံကို ချက်ခြင်း ပယ်ချလိုက်ပါသည်။ ပြီးပြည့်စုံသော အစီအရင်ပုံကြမ်းပါရှိသည့် ရုပ်သေးရုပ် သည် သိုင်းဧကရာဇ်အဆင့်ထက်ပင် သေချာပေါက် အားကောင်းလိမ့်မည်။ ဂိုဏ်းတစ်ခု က ထိန်းချုပ်ခံဖို့ သူက ဘယ်လိုလုပ် ဆန္ဒရှိနိုင်ပါ့မလဲ။

"ဟိတ် ကောင်စုတ်လေး၊ မင်းက ငါ့ရန်သူလား။" စိန်ရုပ်သေးက ချင်ယွင်ကို လက်ညိုးထိုးပြီး "ဆဋ္ဌမအဆင့် ကောင်းကင်အလွှာ သိုင်းပညာရှင်လေးဘဲ ၊ မင်း သေဖို့ ဒီကိုလာတာပဲလား။"

ချင်ယွင်က ခပ်ဖျော့ဖျော့ ပြုံးပြီး ပြောသည် "ငါက သေချင်နေတယ် ဟုတ်လား ? တိုက်ပွဲပြီးရင် မင်း မသိနိုင်ဘူးလား?"

စိန်ရုပ်သေးရုပ်သည် ဒေါသတကြီးဖြစ်ကာ ချင်ယွင်၏ရှေ့တွင် ခရမ်းရောင် အလင်းတန်းများ ပေါ်လာသည်။

"မြန်လိုက်တာ၊ သူ ဘယ်လိုရွေ့လျားသွားလဲငါ မတွေ့လိုက်ရဘူး" ချန်ချန်းက ထိတ်လန့်စွာပြောသည်။

အမြဲတမ်း မာနကြီးသူ ရှီယန်သည် သူ၏ မျက်နှာပေါ်တွင် ညိုမှိုင်းနေသည့် အမူအရာရှိ နေပြီး စကားမပြောဘဲ တိတ်တိတ်ဆိတ်ဆိတ်ပင် ရပ်နေသည်။

"ကောင်စုတ်လေး၊ မင်းပြန်သွားပြီး နှစ်အနည်းငယ်ကြာအောင် ကျင့်ကြံသင့်တယ်!" စိန်ရုပ်သေးသည် ချင်ယွင်ကို အေးစက်စွာ ဟစ်အော်လိုက်ပြီး ချင်ယွင်၏ ရင်ဘတ်ထဲသို့ လက်သီးတစ်ချက် ထိုးလိုက်ကာ သူ့ကို နောက်ပြန် လွင့်သွား ချင်စေသည်။

သို့သော်၊ သူ၏လက်သီးများသည် ချင်ယွင်၏ရင်ဘတ်ကို ထိလုနီးပါး ဖြစ်နေချိန်တွင်၊ ချင်ယွင်သည် စိန်ရုပ်သေး၏မာကျောသောလက်သီးကို ဆုပ်ကိုင်လိုက်ကာ လျှပ်စီးကြောင်းကဲ့သို့ ရုတ်တရက် တိုက်ခိုက်လိုက်လေသည်။

စိန်ရုပ်သေးသည် သိသိသာသာ တုန်လှုပ်သွားသည်။ သူ့အင်အား၏ သုံးဆယ်ရာ ခိုင်နှုန်းကို ယခုလေးတင် သုံးခဲ့သော်လည်း န၀မအဆင့် ကောင်းကင်အလွှာ သိုင်းပညာရှင်တဦးသည်ပင် သူ၏လက်သီးများကို အတင်း အကျပ် တားဆီးလို့မရပေ။ သူ၏ရှေ့ရှိ ဤကောင်သည် သူ့ကို စိန်ခေါ်ရန် အမှန်တကယ်ခွန်အားရှိ‌နေသည်လား?

"ကောင်းပြီ မင်းမှာ အရည်အချင်းရှိတယ်။" စိန်ရုပ်သေးက ပြောလိုက်သည် "ဆက်ကြစို့!"

ပြောပြီးသည်နှင့် သူ၏တစ်ကိုယ်လုံးသည်ရုတ်တရတ် တွန့်လိမ်သွားပြီး လေပွေကဲ့သို့ ခြေထောက်က ချင်ယွန်းဆီ ပြေး၀င်လာသည်။

ချင်သည် ပြုံးလိုက်ပြီး တားဆီးရန် သူ၏ဘယ်ဘက်လက်ကို အသုံးပြုလိုက်သည်။ တစ်ချိန်တည်းမှာပင် သူ၏ ညာလက်သီးသည် စိန်ရုပ်သေး၏ ခါးကို အညှာအတာမဲ့စွာ ရိုက်ချိုးပြီး လွင့်ထွက်သွားစေသည်။

All Chapters