← Chapters

စိန်ရုပ်သေးကို အနိုင်ယူခြင်း

Vol. 5 Ch. 70

စိန်ရုပ်သေးကို အနိုင်ယူခြင်း

Vol. 5 Ch. 70

အခန်း (၇၀) စိန်ရုပ်သေးကို အနိုင်ယူခြင်း

"ဒါက ဘယ်လိုလုပ်ဖြစ်နိုင်မှာလဲ?"

ချန်ချန်းနှင့် တခြားသူများသည် ချင်ယွင်၏ လက်သီးချက်ထိပြီး လွင့်ပျံသွားသော စိန်ရုပ်သေးကို တွေ့လိုက်သည့်အခါ သူတို့၏ ပါးစပ်သည် ချက်ချင်းဆိုသလို အံ့အားသင့်သွားကြသည်။ သူတို့၏ စိတ်ကူးထဲမှာတော့ ချင်ယွင်သည် လက်ရှိ တန်ပြန် တိုက်စစ်ကို မပြောနှင့် လက်သီးတစ်ချက်ဖြင့် အထိုးခံနိုင်ခြင်းကပင် အလွန် ကောင်းမွန်နေပါပြီ။

ဆံပင်ဖြူအဘိုးကြီးလည်း အနည်းငယ် အံ့သြသွားသည်။ အစမှအဆုံးအထိ၊ ချင်ယွင်သည် သူ၏ရုပ်ပိုင်းဆိုင်ရာခွန်အားကိုသာ အသုံးပြုခဲ့ကြောင်း သူတွေ့ရှိခဲ့သည်။ သို့သော် သူ၏သန့်စင်သောရုပ်ခန္ဓာသည် စိန်အဆင့်ရုပ်သေးကို လွင့်ထွက်သွားရန် လုံလောက်သည်။ သူ၏ ခန္ဓာကိုယ်က ဘယ်လောက်ကြောက်စရာကောင်းလိုက်လဲ။

ရှီယန်သည် ယခုမြင်ကွင်းကိုမြင်လိုက်ရသည်နှင့် သူ၏မျက်လုံးများသည် ဒေါသနှင့် အတူပြည့်နေ၏။ ယခင်က သူသည် အားနည်းသော ခွန်အားကြောင့် ချင်ယွင်ကို လှောင်ပြောင်ခဲ့ဖူးသော်လည်း ယခုတွင် တစ်စုံတစ်ယောက်သည် သူ့ကို နှစ်ကြိမ် ပါးရိုက်ခဲ့ကြောင်း ခံစားလိုက်ရပြီး သူ၏မျက်နှာမှာ ပူလောင်နေတော့သည်။

စိန်ရုပ်သေးက မတ်တပ်ရပ်လိုက်သည်။ သူ သည် ဘာဝေဒနာမှ မခံစားရပေ။ ချင်ယွင်၏ လက်သီးသည် ကြီးမားသော ခွန်အားရှိသော်လည်း ၎င်းသည် သူ့ကို မထိခိုက်စေနိုင်ပေ။

"ကောင်စုတ်လေး၊ မင်းရဲ့အင်အားက မဆိုးပါဘူး၊ ငါ့ရဲ့စစ်မှန်တဲ့ခွန်အားကို မပြရင် မင်းကို ထိန်းနိုင်မှာမဟုတ်ဘူး" စိန်အဆင့်ရုပ်သေးက ဆိုသည်။

ချင်ယွင်က ပြုံးပြီးပြောသည် "မင်းရဲ့ ခွန်အားအစစ်အမှန်ကို ပြသသင့်တာကြာပြီ။ မဟုတ်ရင် မင်း နောင်တရလိမ့်မယ်"

"အိုး?" စိန်ရုပ်သေးက လူတစ်ယောက်၏ အမူအရာကို ထုတ်ဖော်ပြီး "မင်းက ငါ့ရဲ့လိပ်ခွံကို ဖြိုခွဲချင်သေးလို့လား?" (လိပ်ခံဟူသည် အကာအကွယ်ကိုဆိုလိုဟန်တူ)

"ဘာလို့မဖြစ်ရမလဲ?" ချင်ယွင်က ရယ်မောလိုက်သည်။

စိန်အဆင့်ရုပ်သေးသည်လည်း ကျယ်လောင်စွာ ရယ်မောပြီး "ကောင်းပြီလေ ငါ့ရဲ့လိပ်ခွံကို ဖြိုခွဲနိုင်ရင် မင်းကို သခင်အဖြစ် ငါအသိအမှတ်ပြုမယ်"

"အယ်?" ချင်ယွင်သည် အနည်းငယ် ထိတ်လန့်သွားသည်။ သူသည် ဆံပင်ဖြူ အဘိုးအိုကို လှည့်ကြည့်လိုက်ပြီး "သူက ဂိုဏ်းအပိုင် မဟုတ်ဘူးလား”?

အဘိုးအိုက ပြုံးပြီးပြောသည် "စိန်ရုပ်သေးမှာ သူ့ကိုယ်ပိုင်အသိစိတ်ရှိလို့ ဂိုဏ်းက သူ့ရဲ့ပိုင်ရှင်ကို သူကိုယ်တိုင် အသိအမှတ်ပြုပိုင်ခွင့် ပေးထားတယ်။ ပိုင်ရှင်အဖြစ် အသိအမှတ်ပြုခံရတဲ့သူက ဂိုဏ်းတပည့်တော့ ဖြစ်ရမယ်ပေါ့။"

ချင်ယွင်သည် ရုတ်တရက် ခေါင်းညိတ်လိုက်ပြီး စိန်ရုပ်သေးရုပ်ကို လှည့်ကြည့် လိုက်သည်။ "အဲဒါကို မင်းပြောတာနော်။"

စိန်ရုပ်သေးသည် ကျယ်လောင်စွာ ရယ်မောရင်း "ဒီခန္ဓာကိုယ်ပေါ်ရှိတဲ့ စိန်ချပ်ဝတ် တန်ဆာကို မင်းထိနိုင်သရွေ့ ငါ့စကားကို ငါအမြဲတည်တယ်"

"ဒါဆို ခဏစောင့်။"

ချင်ယွင်သည် ပေါ့ပေါ့ပါးပါး ပြုံးပြီး ပြင်းထန်သော တိုက်ခိုက်လိုသည့်ဆန္ဒက ချက်ချင်း ထွက်လာသည်။ သူသည် သူ၏ခြေထောက်ကို အနည်းငယ် ဆောင့်နင်းပြီး လေအရိပ် ခြေလှမ်းများကို ချက်ချင်းအသုံးပြုကာ ပုံရိပ်များအဖြစ်သို့ ပြောင်းလဲ သွားရင်း စိန်ရုပ်သေးဆီသို့ အပြေးအလွှား ပြေး၀င်သွားသည်။

ယင်းကို စိန်ရုပ်သေးမြင်သည်နှင့် ရယ်မောပြီး ခရမ်းရောင်အလင်းတန်းအဖြစ် ပြောင်းလဲသွားသည်။

ချက်ခြင်းတွင် ချင်ယွင်သည် စိန်ရုပ်သေးနှင့် ထိပ်တိုက်ဆုံမိပြီး လေထုသည် ပြင်းထန်သော ပေါက်ကွဲသံများကို ထုတ်လွှတ်လိုက်လေသည်။

စိန်ရုပ်သေးသည် နောက်သို့ လွင့်ပျံသန်းသွားပြီး ပြိုင်ပွဲကွင်းပြင် ကျောက်ပြားပေါ်တွင် ရှည်လျားသော အမှတ်အသားတစ်ခု ပေါ်လွင်နေသည်။

ချန်ချန်းသည် အံသြနေပြီ။ ဤ ချင်ယွင်သည် အမှန်တကယ်ပင် စိန်ရုပ်သေးကို ထိပ်တိုက်ရင်ဆိုင်ပြီး ချေမှုန်းနိုင်ခဲ့သည်။ သူ၏ဤရုပ်ခန္ဓာကိုယ်က ဘယ်လောက်ထိ ကြောက်စရာကောင်းနေပြီးတော့နေပြီလဲ။

အမှန်တကယ်တော့ ချင်ယွင်သည် သူ၏ ကျင့်ကြံမှုအဆင့်ကို သိုင်းပညာရှင်နယ်ပယ် ဆဋ္ဌမအဆင့် ကောင်းကင်အလွှာအထိ ဖိနှိပ်ထား သည်ဆိုသည်ကို သူ ဘယ်လိုလုပ် သိနိုင်မှာလဲ။ စိန်ရုပ်သေးနှင့် တိုက်ရန် သူ၏ ရုပ်ခန္ဓာ ကိုယ်ခွန်အားကို ရိုးရှင်းစွာ အသုံးပြုခဲ့ခြင်းဖြစ်သည်။

ဘေးနားရှိ ဆံပင်ဖြူအဘိုးအိုသည် သူ၏ နှလုံးသားထဲတွင် မုန်တိုင်းတစ်ခုလို ဖြစ်နေသည်။ ယခုအချိန်တွင် ချင်ယွင်၏ ကြံ့ခိုင်မှုအဆင့်ကို သူ အတည်မပြုဝံ့ပေ။

ဤစိန်ရုပ်သေး၏ လိပ်ခွံသည် အမှန်တကယ်ပင် မာကျောသည်ဟု ဆိုရပေမည်။ နဝမအဆင့် ကောင်းကင်အလွှာ သိုင်းသခင်နှင့်ယှဉ်နိုင်သော ချင်ယွင်၏ ခန္ဓာကိုယ်သည် ခွန်အားအရသာ ချေမှုန်းနိုင်သော်လည်း စိန်ရုပ်သေး၏ လိပ်ခွံကို မချိုးဖျက်နိုင်ပေ။

"ဟား ဟား မင်းက အရမ်းအစွမ်းထက်ပြီးမင်းခန္ဓာကိုယ်က အရမ်းသန်မာပေမယ့် ငါ့ခန္ဓာကိုယ်ပေါ်က စိန်ချပ်ဝတ်တန်ဆာကို မင်းမချိုးဖျက်နိုင်သေးဘူး။" စိန်ရုပ်က ကျယ်လောင်စွာ ရယ်မောလိုက်သည်။

ချင်ယွင်က ခပ်ဖျော့ဖျော့ ပြုံးလိုက်ပြီး "တကယ်လား?"

စိန်ရုပ်သေးသည် အံ့ဩသွားသည်။ သူသည် ရုတ်​တရက်​ ​တော်​​တော်​ ဆိုးရွားတဲ့ ခံစားချက်​ကို ခံခံစားလိုက်သည်။

ထိုအချိန်တွင် ချင်ယွင်သည် ရုတ်တရက်လေအရိပ်တစ်ခုအဖြစ်သို့ ပြောင်းလဲသွားပြီး သူ၏လမ်းကြောင်းတစ်ခုလုံး မသေချာမရေရာဖြစ်လာသည်။ စင်မြင့်အောက်ရှိ ဆံပင်ဖြူ အဘိုးကြီးတောင်မှ လမ်းကြောင်းတလျှောက် ချင်ယွင် လျှောက်လှမ်း သွားသည့် အရိပ်အယောင်များကိုသာ မြင်နေရသည်။

"ငါ မင်းကို လက်သီးတချက် ပေးမယ်!"

ချင်ယွင်သည် ရုတ်တရက် စိန်ရုပ်သေးပေါ်မှာ ပေါ်လာပြီး စိန်ရုပ်သေးကို လက်သီးဖြင့် ပစ်ထိုးလိုက်သည်။

စိန်ရုပ်သေးသည် ချင်ယွင်၏ လက်သီးများကို တားဆီးရန် ၎င်း၏လက်ကို အမြန်ဆန့်လိုက်သော်လည်း ကြီးမားလှသော စွမ်းအားကြောင့် မြေပြင်ပေါ်တွင် ဒူးထောက်ခဲ့ရသည်။

"ဒါက အသုံးမဝင်ဘူး။ ငါ နာကျင်မှုကို မခံစားနိုင်သလို မင်း ငါ့ရဲ့ ချပ်ဝတ်တန်ဆာကို ချိုးဖျက်လို့ မရဘူး။" စိန်ရုပ်သေးက ပြောပါသည်။

"တကယ်လား?" ချင်ယွင်၏ မေးခွန်းထုတ်သံ ထွက်ပေါ်လာသည်။

ထို့နောက် အားလုံး လန့်ဖျပ်သွားသည့် အသံကို ကြားလိုက်ရသည်။ အသံက တိုးပေမယ့် လူတိုင်း၏ နားထဲမှာ မိုးခြိမ်းသံလိုပါပဲ။

စိန်ရုပ်သေးသည် လူသားဆန်သော တုန်လှုပ်ချောက်ချားသည့် အမူအရာမျိုးလည်း ရှိ နေသည်။ ၎င်း၏ သူငယ်အိမ်များသည် ခရမ်းရွှေရောင် အလင်းတန်းများဖြင့် ပြူးကျယ်လာပြီး "ဒါ... ဒါက ဘယ်လိုဖြစ်နိုင်လဲ"

"မဖြစ်နိုင်တာ ဘာမှမရှိဘူး!" ချင်ယွင်က အေးစက်စွာ အော်ဟစ်လိုက်ပြီး သူ၏ ခွန်အားကို ထပ်ပြီး တိုးလိုက်သည့်အတွက် စိန်ရုပ်သေး၏ လက်မောင်းပေါ်က ခံစစ်ချပ်ဝတ်တန်ဆာသည် လုံးဝ ကွဲအက်သွားခဲ့သည်။

"ရှုံးနိမ့်တာကို ငါဝန်ခံပါတယ်။ မင်းကို ငါ့သခင်အဖြစ် ထမ်းဆောင်ဖို့ ဆန္ဒရှိတယ်" စိန်ရုပ်သေးက တည်ငြိမ်စွာ ပြောသည်။

သူ့မှာ အသိစိတ်ရှိသော်လည်း လူသားများလောက် ခံစားချက်က သိပ်အများကြီး မရှိပါဘူး။ ထို့ကြောင့် သူသည် ရှုံးနိမ့်မှုအတွက် အရှက်တကွဲ ဖြစ်မူကို မခံစားရပေ။ ချင်ယွင်သည် သူ၏ကိုယ်ပေါ်ရှိ ချပ်ဝတ်တန်ဆာကို ဖောက်ဖျက်ရန် မည်သည့် နည်းလမ်းကို အသုံးပြုခဲ့သည်ကို သူ သိချင်နေခဲ့သည်။

ချန်ချန်းသည် လုံးဝကို ထိတ်လန့်သွားခဲ့သည်။ ချင်ယွင်သည် တိုက်ပွဲမှာ အောက်ခြေတွင် ရှိနေသည်ဟု မူလက သူထင်ခဲ့သော်လည်း ချင်ယွင်၏ စွမ်းအားသည် ကြောက်မက်ဖွယ်ကောင်းသည်ဟု သူ မမျှော်လင့်ခဲ့ပေ။ သူသည် စိန်အဆင့်ရုပ်သေးကို အနိုင်ယူရုံသာမက စိန်ရုပ်သေးပေါ်ရှိ ချပ်၀တ်အကာကိုလည်း ဖြိုခွဲခဲ့သည်။ ဒီခွန်အား ဘယ်လောက်ကြောက်စရာကောင်းလိုက်လဲ။

သူ၏ဘေးနားရှိ ဆံပင်ဖြူအဘိုးကြီးသည် သူ၏မျက်နှာပေါ်တွင် စိတ်လှုပ်ရှားမူ အရိပ်အယောင် ပြသနေသည်။ သူသည်ဤကိစ္စကို ဂိုဏ်းသခင်ထံ တင်ပြရန်အတွက် စကားလုံးများကို မည်ကဲ့သို့သုံးစွဲရမည်ကို တွေးထားပြီးသားဖြစ်သည်။

ဆံပင်ဖြူ အဘိုးကြီးသည် ယင်းစကားလုံးများက သူ၏ရှေ့ရှိ လူငယ်၏ အလားအလာကို ဖော်ပြရန် မလုံလောက်သေးဟု ခံစားရသည်။ ဤကဲ့သို့ ကောင်းကင်ကို အံတုနိုင်သော တပည့်ကို လက်ခံရရှိရန်အတွက် မိုးကြိုးဝိညာဉ် ဂိုဏ်း၏ ဘိုးဘေးများ စုဆောင်းထားခဲ့သော ကောင်းချီးအမျိုးစားကို သူ အမှန်တကယ် နားမလည်နိုင်ခဲ့ပါ။

ရှီယန်၏ မျက်နှာသည် ဖြူဖျော့သွားပြီး သူသည် စကားတစ်လုံးမှ မပြောနိုင်သလို ချင်ယွင်၏ မျက်လုံးများကိုလည်း မကြည့်ဝံ့ခဲ့ပေ။

ထုံးစံအတိုင်း ချင်ယွင်သည် ရှီယန်နှင့် ငြင်းခုံရန် စိတ်၀င်စားခြင်းမရှိပေ။ သူသည် သူ့ကို တိုက်ရိုက် လျစ်လျူရှုလိုက်သဖြင့် ရှီယန်ကို ပို၍ပင် အရှက်ရစေခဲ့သည်။

"ကောင်းပြီ၊ လင်းယွင်က အပြင်စည်းဂိုဏ်းတပည့် စမ်းသပ်ပွဲကို အောင်ပြီးသွားပြီ။ ဒီနေ့ကစပြီး မင်းတို့သုံးယောက်က အပြင်စည်းဂိုဏ်းရဲ့ တပည့်ဖြစ်လိမ့်မယ်။ ဒါတွေက မင်းတို့ရဲ့ဆုလာဘ်တွေပဲ" ဆံပင်ဖြူ အဘိုးကြီးက ပြုံးပြီး ပြောသည်။ ထို့နောက် သူသည် သိုလှောင်အိတ်သုံးလုံးကို ၎င်းတို့ထံ ပေးလိုက်သည်။

ချင်ယွင်သည် သိုလှောင်အိတ်များကို ဖွင့်ကြည့်လိုက်သည်နှင့် ချက်ချင်းပင် ထိတ်လန့် သွားရသည်။

ချီစုဆောင်းခြင်းဆေး အလုံးငါးဆယ်၊ စိတ်ဝိညာဉ်ပြောင်းလဲခြင်း‌ဆေးသုံးလုံး ၊ အလယ် အလတ်အဆင့် အဆင့်မြင့်တန်းစား မဟာမိုးကြိုးဝိညာဉ်ပညာရပ်တခု။ အပြင်စည်း ဂိုဏ်းဝင်တပည့်တစ်ဦးမှ ရရှိသောဆုလာဘ်ကား အဘယ်လောက်များပြားနေပြီနည်း။ အတွင်းစည်းဂိုဏ်းတပည့်များရရှိသော ဆုကြေးများဆိုလျှင် သာ၍ပင်ရက်ရော ပေလိမ့်မည် ။

"ကောင်းပြီ၊ နောက်ကျရင် မင်းတို့ကို မင်းတို့နေရမယ့်အိမ်တွေဆီ ခေါ်ဆောင်ပေမယ့် တစုံတယောက်ကို ငါ စီစဉ်ပေးမယ်။ အဲဒီရောက်ရင် မင်းတို့ရဲ့အနာဂတ် ကျင့်ကြံ နေထိုင်ရာ နေရာအဖြစ် မင်းတို့ကြိုက်တဲ့ အိမ်ရာကို ရွေးချယ်နိုင်တယ်၊ ခဏကြာရင် အဲဒီတပည့်က မင်းတို့ကို စည်းကမ်းချက်တွေ ရှင်းပြလိမ့်မယ်။ အပြင်စည်းဂိုဏ်း တပည့်အဖြစ်မှ အတွင်းစည်းဂိုဏ်းတပည့်သို့ မည်ကဲ့သို့ အဆင့်တိုးမြှင့်ရ မလဲဆိုတာ ကို‌ပေါ့။" ဆံပင်ဖြူအဘိုးကြီးက ပြောသည်။

ထိုစကားကို ပြောပြီးနောက် ချင်ယွင်ကို မော့ကြည့်လိုက်ပြီး တိုက်ရိုက် ထွက်သွားသည်။

သိပ်မကြာခင်မှာပဲ အဖြူရောင် တပည့်ဝတ်စုံဝတ်ထားသည့် တပည့်တစ်ယောက် ဝင်လာပြီး နွေးထွေးစွာ ပြုံးပြကာ "ဟဲလို၊ ငါ့နာမည်က လင်ဖန်းပါ၊ မင်းတို့ ငါ့ကို စီနီယာအစ်ကို လင်ဖန်းလို့ ခေါ်နိုင်တယ်" ။

"မင်္ဂလာပါ စီနီယာအစ်ကိုလင်ဖန်း!" ချင်ယွင်တို့ သုံးယောက်စလုံး အော်ပြော လိုက်သည်။

လင်းဖန်က ခေါင်းညိတ်ပြီး "ငါ မင်းတို့ကို အခုခေါ်သွားမယ်။ အဲဒီနေရာက မင်းတို့နေရမယ့် နေရာဘဲ။ လမ်းတစ်လျှောက်မှာ မင်းတို့ကို အပြင်စည်းဂိုဏ်းရဲ့ စည်းမျဉ်းတွေကို ငါရှင်းပြမယ်"

ထိုစကားကို ပြောပြီးနောက် လင်ဖန်းသည် ဦးဆောင်ကာ ထွက်သွားလေသည်။

All Chapters