နတ်ဘုရားခန္ဓာကိုယ်ပုံစံဖြစ်တည်စအဆင့်။
Vol. 5 Ch. 71
အခန်း (၇၁) နတ်ဘုရားခန္ဓာကိုယ်ပုံစံဖြစ်တည်စအဆင့်။
ထို့နောက် လင်ဖန်သည် ချင်ယွင်နှင့် အခြားသူများကို နေထိုင်ရာ ခြံဝင်းအသီးသီးဆီသို့ ခေါ်ဆောင်သွားခဲ့သည်။ လမ်းတစ်လျှောက်တွင် လင်ဖန်းသည် အပြင်စည်းဂိုဏ်း၏ အခြေအနေကို ဆက်လက်ပြောပြသည်။
ဤနည်းအားဖြင့် ချင်ယွင်သည်လည်း အပြင်စည်းဂိုဏ်းအခြေနေများကို နားလည် သဘော ပေါက်ခဲ့သည်။ အပြင်စည်းဂိုဏ်း၀င်များသည် မည်သည့် ကျင့်ကြံမှုအဆင့် ဖြင့်မှ အတွင်းစည်းဂိုဏ်းသို့ တစ်လှမ်းနိုင်ခြင်းမရှိဘဲ ၎င်းတို့၏စွမ်းအားအရ အဆင့် သတ်မှတ်ခံရခြင်းဖြစ်သည်။
မိုးကြိုးဝိညာဉ်ဂိုဏ်းတွင် မိုးကြိုးဝိညာဉ် အဆင့်သတ်မှတ်ချက်ဟုခေါ်သော စာရင်း တစ်ခုရှိသည်။ တပည့်များအားလုံးတွင် ထိပ်ဆုံး အယောက်ရှစ်ရာထဲသို့ ရောက်ရှိနိုင်သူ မည်သူမဆို အဆင့်သတ်မှတ်ချက်သို့ ဝင်ရောက်နိုင်ပြီး အဆင့်သတ်မှတ်ချက် ရှိသူများသည် အတွင်းစည်းဂိုဏ်ထဲသို့ ဝင်ရန် အရည်အချင်း ပြည့်မှီမည် ဖြစ်သည်။ အဆင့်သတ်မှတ်ချက်တွင်ရှိသော ထိပ်တန်းတပည့်တစ်ရာကို လက်ရွေးစင်တပည့်များ အဖြစ် ပိုင်းခြားထားသည်။
တစ်နည်းဆိုရသော် လက်ရွေးစင် တပည့်များနှင့် အတွင်းစည်းဂိုဏ်းဝင် တပည့်များ၏ အဆင့်သတ်မှတ်ချက်များသည် အမြဲတမ်းတူညီနေမည်မဟုတ်။ အဆင့်သတ်မှတ်ချက် စာရင်းတွင် ထိပ်တန်း တစ်ယောက်တစ်ရာ စာရင်းကို လက်လွတ်သွားရသည့် မည်သည့် တပည့်မဆို လက်ရွေးစင်တပည့်တစ်ဦးအဖြစ် သင်၏ ကိုယ်ပိုင် အမှတ်အသားကို ဆုံးရှုံးရမှာဖြစ်ပြီး အတွင်းစည်းဂိုဏ်း၏ တပည့်ဖြစ်လာရမည် ဖြစ်သည်။ အဆင့်သတ်မှတ်ချက် စာရင်းထဲမှ ထွက်ခွာသွားရသည့် မည်သည့် အတွင်းစည်း ဂိုဏ်း၀င်တပည့်မဆို အပြင်စည်းဂိုဏ်းဆီ ပြန်သွားရလိမ့်မည်။
အဆင့်သတ်မှတ်ချက်များတွင်၊ သုံးလတစ်ကြိမ်ပြိုင်ပွဲမှ လွဲ၍ မည်သူမဆို အဆင့်သတ်မှတ်ချက်ရှိ လူများကို သီးသန့် စိန်ခေါ်နိုင်သည်။ သင် အောင်မြင်သည်နှင့် သင်သည်ရှုံးနိမ့်သောလူ၏နေရာအဆင့်ကို အစားထိုးနိုင်မှာဖြစ်ပြီး ထိုသူရရှိသော အရင်းအမြစ်များကို သင်ရယူနိုင်မည်ဖြစ်သည်။
ချင်ယွင်သည် ဤတိုးတက်မှုစနစ်အကြောင်း ကြားသိပြီးနောက်၊ သူသည် မိုးကြိုး ဝိညာဉ်ဂိုဏ်းကို သူ၏စိတ်ထဲတွင် သဘောကျခဲ့သည်။
ယခုလိုမျိုး အဆင့်သတ်မှတ်စိန်ခေါ်သည့်စနစ်က အရမ်းတင်းကျပ်သော ပြိုင်ဆိုင်မှု တစ်ခုကို ဖန်တီးပေးထားသည်။ အဆင့်သတ် မှတ်ချက်စာရင်းအောက် ရှိနေသူများသည် အဆင့်သတ်မှတ်ချက်စာရင်းထဲ ဝင်လိုလျှင် အလုပ်ကြိုးစားရ လိမ့်မည်။ အဆင့်သတ်မှတ်ချက်တွင် ရှိနေသူများသည်လည်း လက်ရှိအဆင့်တွင် ထိုင်နေပြီး ၎င်းတို့၏အောင်မြင်မှုများကို ပျော်မွေ့နေလို့မရပေ။ ၎င်းတို့သည် အခြားလူများ သူတို့ထက်သာလွန်သွားမည်ကို အမြဲ စိုးရိမ်နေခဲ့ကြရမည်။ထို့ကြောင့် သူတို့သည်လည်း အသဲအသန် ကျင့်ကြံရကြမည်။
ဤအဆင့်သတ်မှတ်ချက်စနစ်က ရက်စက်ပေမယ့် ချင်ယွင်အတွက် ကောင်းသည့် အရာ တစ်ခုဖြစ်သည်။ ဤနည်းဖြင့် သူသည် လျင်မြန်သော အရှိန်ဟုန်ဖြင့် လက်ရွေးစင် တပည့်အဆင့်သို့ အပြေးအလွှားဝင်ရောက်နိုင်ပြီး မိုးကြိုးဝိညာဉ်တောင် သို့ ဝင်ရောက်ခွင့် အရည် အချင်းများကို ရယူနိုင်မည်ဖြစ်သည်။ မိုးကြိုးဝိညာဉ် ဂိုဏ်းသည် ၎င်းတို့တပည့်များ၏ နေထိုင်ရာများနှင့် ပတ်သက်၍ အလွန်သီးသန့်စံ၏။ အပြင်စည်း ဂိုဏ်း၀င်တပည့်အတွက် နေထိုင်ရာ သီးသန့်တောင်တစ်ခုရှိ၏။ ထိုနည်းတူစွာ အတွင်းစည်းဂိုဏ်း၀င်တပည့်များနှင့် လက်ရွေးစင်တပည့်များ သည်လည်း သီးသန့် တောင်များတွင် နေထိုင်ကြ၏။
သို့သော် အပြင်စည်းဂိုဏ်းတွင် တပည့်အများစုရှိပြီး လူနှစ်ထောင်နီးပါးရှိ၏။ ထို့ကြောင့် အပြင်စည်းဂိုဏ်းဝင် တပည့်များ၏တောင်သည် ဂိုဏ်းခြံ၀န်း တခုတည်း မှာပင် ဖြစ်သော်ငြားလည်း အလွန်စည်ကားနေသေးသည်။
အတွင်းစည်းဂိုဏ်း၀င်တပည့်များသည် တောင်တစ်တောင်လုံးကို သိမ်းပိုက်ထား သော်လည်း အတွင်းစည်းတပည့်က ခုနစ်ရာပဲရှိ၏။ အလွန် ချောင်ရှိပုံရသည် ။ လက်ရွေးစင်တပည့်များ ၏ နေအိမ်များနှင့်ပတ်သက်၍ကား ဇိမ်ခံအိမ်များအဖြစ်သာ ဖော်ပြနိုင်သည်။ လက်ရွေးစင်တပည့်များသည် အင်မော်တယ်များဘဝကဲ့သို့ ပေါ့ပေါ့ဆဆ ပူပင်ကင်းမဲ့သောဘဝဖြင့် နေထိုင်ကာ မိမိတို့၏ အစေခံများကိုပင် ရွေးချယ်နိုင်သည်ဟု ဆိုသည်။
ချင်ယွင်သည် တောင်စောင်းရှိ အတော်လေး ဆိတ်ငြိမ်သောခြံဝင်းကို ကျပန်း ရွေးချယ်ကာတိုက်ရိုက်နေထိုင်ခဲ့ပြီး ချန်ချန်းသည် ချင်ယွင်အနီးခြံ၀န်းတွင် နေထိုင်ရန် ရွေးချယ်ခဲ့သည်။
ရှီယန်ကတော့ သူ၏မာနစိတ်ကြောင့် တောင်စောင်းမှာ မနေချင်ဘဲ ခြံဝင်းတစ်ခု ရှာဖွေရန် တောင်ထိပ်ကို တက်သွားခဲ့သည်။
တကယ်တော့ တောင်မြင့်သည်ဖြစ်စေ နိမ့်သည်ဖြစ်စေ ချင်ယွင်အတွက် မထူးခြားပေ။ သူလိုချင်တာက ကျင့်ကြံရန်အတွက် ဆိတ်ငြိမ်သော နေရာတခုဖြစ်သည်။ အခု အချိန်နှစ်လပဲ ကျန်တော့သည်။ သူသည် ဤနှစ်လအတွင်း လက်ရွေးစင် တပည့်များကို ဖြတ်ကျော်ပြီး မိုးကြိုးဝိညာဉ်တောင်သို့ ဝင်ရောက်ခွင့် အရည်အချင်း များ ရယူရမည်ဖြစ်သည်။
ချင်ယွင်သည် ခြံဝင်းထဲသို့ ဝင်လိုက်သည်နှင့် ချက်ချင်းဆိုသလိုပင် သူသည် သူ၏ သီးသန့်ကျင့်ကြံခြင်းဝင်ရောက်မှုကို ကြေငြာလိုက်သည်။ ယင်းကြောင့် မူလက ချင်ယွင်နှင့် စကားပြောလိုသော ချန်ချန်းသည် သူ၏အတွေးများကို ချက်ချင်း ပယ်ချလိုက်ပြီး ကျင့်ကြံရန် ပြန်ပြေးလာခဲ့ရသည်။
ချင်ယွင်သည် သီးသန့်ကျင့်ကြံခြင်းသို့ ဝင်ရောက်ပြီးနောက် သူပထမဆုံးလုပ်သည့် အရာမှာ သူ၏ကျင့်ကြံမှုအဆင့်ကို တိုးမြှင့်ခြင်းမဟုတ်သလို၊ သူ၏ကျင့်ကြံမှုကို စတင်နားလည်ရန် ကောင်းကင်ဘုံကိုးအလွှာ ကြယ်စင်စုပုံကြမ်းထဲသို့ ဝင်ရောက်ခြင်း လည်း မဟုတ်ပေ။ ယင်းအစား၊ သူသည် သူ၏ သိုလှောင်အိတ်ထဲမှ စိန်ရုပ်သေးကို ထုတ်ယူခြင်းဖြစ်သည်။
"သခင်!" ခြံဝင်းအတွင်း၌ စိန်ရုပ်သေးရုပ်ပေါ်လာပြီး ချင်းယွင်ကို ဂါရဝပြုသည်။
ချင်ယွင်က ခေါင်းညိတ်လိုက်သည်။ သူမေးမည်ကြံမှ စိန်ရုပ်သေး၏နာမည်ကို မသိသေးဘူးဆိုသည်ကို သူသတိရလိုက်သည်ထို့ကြောင့် သူက “မင်းမှာ နာမည် ရှိလား” ဟု မေးလိုက်သည်။
စိန်ရုပ်သေးက ခေါင်းယမ်းပြီး "မရှိဘူး သခင်၊ ဒါမှမဟုတ် ငါ့မှာအရင်တုန်းက ရှိပေမယ့် အခု မေ့သွားတာ ဖြစ်နိုင်တယ်"
"အဲဒါက အစီရင်ပုံကြမ်းရဲ့ ပျက်စီးမှုကြောင့်များလား။" ချင်ယွင်က မေးသည်။
"သခင်က အစီရင်ပုံကြမ်းတွေကို သိတာလား" စိန်ရုပ်သေးက တအံ့တသြမေးသည်။
ချင်ယွင်က ပြုံးပြီး ခေါင်းညိတ်ပြကာ "မင်းမှာ နာမည်မရှိဘူးဆိုတော့ မင်းကို နောင်တစ်ချိန်မှာ စိန်လေးလို့ ငါ ခေါ်မယ်!"
စိန်ရုပ်သေး၏နောက်စေ့မှာ အနက်ရောင်လိုင်းတခု ပါရှိသည်။ စိန်လေးလား? သူသည် နှစ်ပေါင်းမည်မျှကြာအောင်နေခဲ့ရမှန်း မသိသော်လည်း ယခု သူသည် ထူးဆန်းသည့် ပိုင်ရှင်နှင့်တွေ့ပြီး ထူးဆန်းသောနာမည်တစ်ခုပေးခဲ့သည်။ သို့သော် သူက ခေါင်းညိတ် ပြီး သဘောတူဆဲဖြစ်သည် "ဟုတ်!"
"တကယ်တော့ မင်းခန္ဓာကိုယ်ပေါ်က အစီရင်ပုံကြမ်းက မပြည့်စုံတာကို ငါမြင်နေတာ ကြာပြီ။ အဲဒါကြောင့် မင်းရဲ့မှတ်ဉာဏ်တွေနဲ့ ခွန်အားတွေ အများကြီးဆုံးရှုံးခဲ့ရတယ်။ မင်းဘယ်ကလာတာလဲ၊ မင်းကို ဘယ်သူက ဖန်တီးခဲ့တာလဲဆိုတာတောင် မင်း မသိတော့ဘူးလို့ ငါ ထင်ပါတယ်။ ဟုတ်တယ်မလား။”
စိန်လေးက ခေါင်းညိတ်လိုက်သည်။ သူသည် အမှန်တကယ် နိုးထလာပြီးကတည်းက ယခုအချိန်ထိ မိုးကြိုးဝိညာဉ်ဂိုဏ်း၏ တပည့်များကို ကူညီရန် မိုးကြိုးဝိညာဉ်ဂိုဏ်း တွင်သာ နေထိုင်ခဲ့သည်။
"ငါ မင်းကို အစီရင်ပုံကြမ်းပြန်ကောင်းအောင် ကူညီပေးနိုင်တယ် ဒါပေမယ့် မင်းငါ့ကို အချိန်တစ်ခုလောက်ပေးရမယ်။" ချင်ယွင်က ပြုံးပြုံးလေးဖြင့် ပြောလိုက်သည် ။
စိန်လေးသည် ချက်ချင်းပင် စိတ်လှုပ်ရှားသွားသည်။ သူသည် ရုပ်သေးဖြစ်သော်လည်း အသိဉာဏ်ရှိသော ရုပ်သေးလည်းဖြစ်သည်။ သူ၏ခန္ဓာကိုယ်က မပြည့်စုံဘူးဆိုသည်ကို သူသိသည်။ အလားတူပင်၊ သူသည် သူ၏ယခင်မှတ်ဉာဏ်များကို ပြန်လည်ရယူပြီး သူ၏ဇာစ်မြစ်ကို သိနိုင်မည်ဟု အမြဲမျှော်လင့်ထားသည်။
သို့သော်၊ ထိုအစီရင်ဆရာအပါအဝင် မိုးကြိုးဝိညာဉ်ဂိုဏ်းတွင် မည်သူမျှ သူ့ကို မကူညီနိုင်ပေ။ နောက်ပိုင်းတွင် သူသည် မျှော်လင့်ချက်ပျောက်ဆုံးသွားခဲ့သည်။ အခုအချိန်မှာ ချင်ယွင်က သူ့ကိုဖန်တီးထားသည့် အစီရင်ပုံစံများကို ပြန်ကောင်းအောင် ကူညီပေးနိုင်သည်ဟု အမှန်တကယ်ပြောခဲ့ခြင်းက သူစိတ်ကို မလှုပ်ရှား စေနိုင် ဘူးလား?
"သခင်၊ သခင်ကက အစီရင်ဆရာတစ်ယောက်လား။" စိန်လေးက မေးသည်။
"ငါ ဖြစ်ခဲ့ပါတယ်!" ချင်ယွင်က ရယ်သည်။
"အဲဒါက ဘယ်အဆင့်လဲ။" စိန်လေးက မေးသည်။
"အဆင့် ကိုး!" ချင်ယွင်က ပြန်ဖြေသည်။
စိန်လေးသည် ချက်ချင်းပင် ထိတ်လန့်သွားပြီး လူသားဆန်သော ထိတ်လန့်သော အမူအရာကိုထုတ်ဖော်လိုက်သည်။
သိုင်းပညာရှင်၊ သိုင်းသခင်၊ သိုင်းဂိုဏ်းချုပ်၊ သိုင်းမြို့စား၊ သိုင်းဧကရာဇ်၊ တာအိုအငွေ့ရည်ဖွဲ့ခြင်း ၊အမှန်တရားသို့ပြန်လည်ခြင်း၊ အင်မော်တယ်အသွင် ကူးပြောင်းခြင်း၊ အစစ်အမှန်အင်မော်တယ် ၊ နက်နဲသိမ်မွေ့ခြင်းအင်မော်တယ်၊ လျိုအင်မော်တယ်၊ အင်မော်တယ်ဘုရင်၊ အင်မော်တယ်ဧကရာဇ်တို့နှင့်အလားတူ သက်ဆိုင်သော အစီရင်များကိုလည်း အဆင့်တစ်မှ အဆင့်တစ်ဆယ့်နှစ်အထိ ခွဲခြားထားသည်။
စိန်လေးသည် ချင်ယွင်ကို အတိတ်တုန်းက အစစ်အမှန် အင်မော်တယ်အဆင့် အစီအရင်မှော်ပညာရှင်တဦးဖြစ်နေလိမ့်ဟု မမျှော်လင့်ခဲ့ပေ။
ချင်ယွင်က ခပ်ဖျော့ဖျော့ပြုံးလိုက်ပြီး "ဒါပေမယ့် ဒါက အတိတ်တုန်းကိစ္စပါ။ လက်ရှိ ငါ့ရဲ့အစီအရင်နှလုံးသားက ကြေကွဲသွားခဲ့ပါပြီ။ တကယ်လို့ ငါပြန်ကောင်းချင်ရင် ငါက အစီအရင်နှလုံးသားကို ပြန်လည်သိပ်သည်းရဦးမယ်။ အချိန်နည်းနည်းတော့ ကြာလိမ့်မယ်။"
စိန်လေးက ခေါင်းညိတ်လိုက်သည်။ နောက်ဆုံး သူ့မှာချို့တဲ့နေခြင်း မရှိသည်မှာ အချိန်ဖြစ်ပါသည်။ သူ့တွင် လူသားတို့၏ အသက်နှင့် သေခြင်းမျိုး မရှိပေ။
"ကောင်းပြီ၊ မင်းငါ့ကို ခြံတံခါးစောင့်ဖို့ အရင် ကူညီပေးပါဦး။ ငါ အခု ပြန်ကျင့်ကြံ ရဦးမယ်။ အစီရင်ပုံကြမ်းကို ပြန်လည်ရယူခြင်းနှင့် ပတ်သက်ပြီးတော့ နောက်မှ ပြောရအောင်။"ချင်ယွင်က ပြောသည်။
"ဟုတ်ကဲ့ပါ သခင်၊ စိတ်မပူပါနဲ့၊ ဘယ်သူမှမနှောင့်ယှက်စေရဘူးလို့ ကတိပေးပါတယ်"
စိန်လေးက သူ၏ရင်ဘတ်ကို ပုတ်ပြီး ပြောလိုက်သည်။
ချင်ယွင်က ပြုံးပြီး ခေါင်းညိတ်သည်။ ထို့နောက် အခန်းထဲသို့ တိုက်ရိုက်ဝင်ကာ ကျင့်ကြံရန်စတင်လိုက်သည်။
ဤတကြိမ်မှာတော့ သူ၏ကျင့်ကြံမှုကို မြှင့်တင်ရမည်။ ယခု သူ့တွင် ဤ ချီစုစည်းခြင်း ဆေးပြားငါးဆယ်ပါရှိပြီး၊ သူ၏ကျင့်ကြံမူကို ကောင်းကင်နှစ်လွှာ တနည်းပြောရရင် န၀မအဆင့် ကောင်းကင်အလွှာအထိ ကျင့်ကြံနိုင်မည် ဖြစ်သည်။ သိုင်းဂိုဏ်းချုပ် နယ်ပယ်သို့ ဖြတ်ကျော်ဝင်ရောက်ရာတွင် ချင်ယွင်က လက်တွေ့မကျဟု ခံစားခဲ့ရသည်။
ချင်ယွင်သည် ဆံပင်ဖြူ အဘိုးကြီးပေးသော သိုလှောင်အိတ်ကိုဖွင့်ပြီး ချီစုစည်းခြင်းဆေးပါရှိသော ပုလင်းကိုဖွင့်ကာ ပါးစပ်ထဲသို့ လောင်းထည့်လိုက်သည်။
အကယ်၍၊ ထိုမြင်ကွင်းကို တစ်ယောက်ယောက်သာ မြင်သွားခဲ့လျှင်၊ ချင်ယွင်ကို အရူးဟုခေါ်မည်မှာ သေချာပါသည်။
ချီစုစည်းခြင်းဆေးတွင် ဝိညာဉ်စွမ်းအင်အများ အပြားပါရှိသည်။ သာမာန်လူများ သည်တစ်လုံးပြီးတစ်လုံး စားသုံးရန်သာ သတ္တိရှိကြသည်။
ယခု ချင်ယွင်သည် ပဲစေ့များလောင်းထည့်နေသလိုမျိုး သူ၏ပါးစပ်ထဲသို့ လောင်းထည့် နေပြီး ဆေး၏ကြီးမားလှသော ဝိညာဉ်စွမ်းအင်များက သူ့ကို တိုက်ရိုက် ပေါက်ကွဲ စေမည် မဟုတ်ပေလော။
သို့သော် ချီယွင်သည် ချီစုစည်းခြင်း ဆေးလုံငါးဆယ်ကို တသုတ်ပြီးတသုတ် မျိုချလိုက်ပြီး သူ၏မျက်နှာတွင် မည်သည့် အမူအရာမှ မရှိဘဲ သူ၏ခန္ဓာကိုယ်ကလည်း အလွန်ငြိမ်သက်နေသည်။
ရှေးဟောင်းခေတ် အစိမ်းရောင်ကြာပန်းပညာရပ် ပျံ့နှံ့လာသည်နှင့်အမျှ သူ၏ဒန်တန် ထဲရှိ ကြည်လင်သောရေကန်မှ ပြင်းထန်သော စုပ်ယူမှုစွမ်းအားတစ်ခု ထွက်ပေါ်လာ သည်။ ၎င်းသည် ချီစုစည်းခြင်းဆေးမှ ဝိညာဉ်စွမ်းအင်များကို အရူးအမူးစုပ်ယူသွားပြီး အစိမ်းရောင်ကြာပန်းများအဖြစ်သို့ ပြောင်းလဲသွားခဲ့သည်။ ချက်ခြင်းပင်၊ သူ၏ဒန်တန် တစ်ခုလုံးသည် သန့်စင်သောရနံ့များဖြင့် ပြည့်နှက်သွားသည်။
သတ္တမအဆင့် ကောင်းကင်အလွှာ သိုင်းသခင်၊ အဋ္ဌမအဆင့် ကောင်းကင်အလွှာ သိုင်းသခင်၊ နဝမအဆင့် ကောင်းကင်အလွှာ သိုင်းသခင်။
အချိန်ကြာလာသည်နှင့်အမျှ ချင်ယွင်၏ ကျင့်ကြံမှုသည် နဝမအဆင့် ကောင်းကင် အလွှာ သိုင်းသခင်၏ အထွတ်အထိပ်သို့ ဖြတ်သွားခဲ့သည်။ သူသည် သိုင်းဂိုဏ်းချုပ် နယ်ပယ်သို့ ဖြတ်ကျော်ရန် ခြေတစ်လှမ်းသာဝေးသည်။
ချင်ယွင်သည် သူ၏မျက်လုံးများကိုဖွင့်ကာ ညစ်ညမ်းသောလေထုကို ပါးစပ်ဖြင့် မှုတ်ထုတ်လိုက်သည်။ သူ၏မျက်နှာမှာ စိတ်လှုပ်ရှားနေသည့် အမူအရာ ပေါ်လာသည်။ "ဤ ' ရှေးဟောင်းခေတ် အစိမ်းရောင်ကြာပန်းပညာရပ်' သည် အမှန်တကယ် ပုံမှန် မဟုတ်ပေ။ ချီစုစည်းခြင်းဆေး အလုံးငါးဆယ်၏ ဝိညာဉ်စွမ်းအင်ကို အပြည့်အဝ စုပ်ယူရန် အချိန်တစ်နာရီသာလိုသည်။ ထို့အပြင် ၎င်း ဆေးစွမ်းအင်ကိုလည်း တစ်ရာရာခိုင်နှုန်း စုပ်ယူနိုင်ခဲ့သည်။ အမှန်တကယ်ပင် ၎င်းသည် နဝမအဆင့် ကောင်းကင်အလွှာ သိုင်းသခင်နယ်ပယ်အထွတ်အထိပ်သို့ တိုက်ရိုက် ရောက်ရှိသွားခဲ့ သည်။ အကယ်၍ ၎င်းသည် မိုးကြိုးဝိညာဉ်ဂိုဏ်း၏ မဟာမိုးကြိုးဝိညာဉ်ပညာရပ် ဖြစ်ပါက၊ ၎င်းဆေးစွမ်းအင်ကို အပြည့်အဝစုပ်ယူရန် ငါးရက် အချိန်ယူရပေမည်။ ထို့အပြင် ၎င်းဆေး၏ ၇၀ ရာခိုင်နှုန်းကိုသာ စုပ်ယူနိုင်လိမ့်မည်။ ယင်းက သိုင်းသခင်နယ်ပယ် နဝမအဆင့် ကောင်းကင်အလွှာအထိ ရောက်ရှိခဲ့လျှင်ပင် အကောင်းဆုံး ဖြစ်ပါလိမ့်မည်။”။
ဟုတ်ပါသည်။ ဤအရာက သူ့ကို စိတ်လှုပ်ရှားစေတဲ့အရာ မဟုတ်ပါဘူး။ ယင်းအစား၊ သူ၏ ခန္ဓာကိုယ်ဟာ အမှန်တကယ် သန်မာလာသည်ကို သူတွေ့ရှိခဲ့ရသည်။
အတွေးတစ်ချက်ဖြင့်ပင် ချင်ယွင်၏ အရေပြားပေါ်တွင် လျှို့ဝှက်ဆန်းကြယ်သော အစိမ်း ရောင်ပုံစံများစွာ ပေါ်လာပြီး သူ၏အရေပြားတစ်ခုလုံးသည် မွေးဖွားခါစ ကြာပန်းပင်ကဲ့သို့ ဖြူဖွေးချောမွတ်နေလေသည်။
"ရှေးဟောင်းခေတ် ဖရိုဖရဲ အစိမ်းရောင်ကြာပန်း ရုပ်ခန္ဓာကိုယ်လား?" ချင်ယွင်၏ မျက်နှာသည် ဖော်မပြနိုင်သော စိတ်လှုပ်ရှားမှုများ ချက်ခြင်း ပေါ်လာခဲ့သည်။