မိုးပြာဧကရာဇ်၏ ဒဏ္ဍာရီ
Vol. 5 Ch. 72
အခန်း (၇၂) မိုးပြာဧကရာဇ်၏ ဒဏ္ဍာရီ
ရှေးဟောင်းခေတ် အစိမ်းရောင်ကြာပန်း ရုပ်ခန္ဓာကိုယ်ထည်သည် ဒဏ္ဍာရီလာ နတ်ဘုရား ရုပ်ခန္ဓာကိုယ်ထည်သုံးခုထဲတွင် တစ်ခုအပါ၀င် ဖြစ်သည်။ တစ်ချိန်တည်း မှာပင် ၎င်းသည် လျှို့ဝှက်ဆန်းကြယ်ပြီး အစွမ်းထက်ဆုံး ရုပ်ခန္ဓာကိုယ်ထည် ဖြစ်သည်။
နတ်ဘုရားရုပ်ခန္ဓာကိုယ်ထည်သည် သုံးမျိုးရှိပြီး ၎င်းတို့မှာ ဖရိုဖရဲအင်မော်တယ် ရုပ်ခန္ဓာကိုယ်ထည်၊ ဖရိုဖရဲအုပ်စိုးရှင် ရုပ်ခန္ဓာကိုယ်ထည်နှင့် ချင်ယွင်ယခင်က ပိုင်ဆိုင်ဖူးသည့် ဖရိုဖရဲအင်မော်တယ် အရိုးများပါရှိသော ဖရိုဖရဲအင်မော်တယ် ရုပ်ခန္ဓာကိုယ်ထည်တို့ ဖြစ်သည်။ ဤရုပ်ခန္ဓာကိုယ်ထည်များသည် ဝိညာဉ်စွမ်းအင် များနှင့် အလွန်မင်းမြင့်မားသော ရင်းနှီးမှုရှိပြီး အလွန်လျင်မြန်စွာ ကျင့်ကြံနိုင်သည် ။ ယင်းကလည်း ချင်ယွင်သည် ဆယ်နှစ်သားအရွယ်မှာ အစစ်အမှန် အင်မော်တယ် နယ်ပယ်သို့ ရောက်ရှိနိုင်ခဲ့သည့် အကြောင်းရင်းလည်း ဖြစ်သည်။
ဖရိုဖရဲ အုပ်စိုးရှင်ရုပ်ခန္ဓာကိုယ်ထည်၊ ဤအရာသည် ကြောက်စရာကောင်းလုနီးပါး ရုပ်ခန္ဓာကိုယ်ထည် တမျိုးပါပဲ။ ဤရုပ်ခန္ဓာကိုယ်ထည်ရှိသူသည် ၎င်းနှင့်ပတ်သက်ပြီး ထူးထူးခြားခြား ဘာမှမရှိပါ။ တစ်ခုတည်းသော အားသာချက်မှာ သူ၏ ခန္ဓာကိုယ်သည် အလွန်သန်မာပြီး သူ၏ လက်သီးများဖြင့် ကြယ်စင်စုများကိုပင် ဖြိုခွဲနိုင်ခြင်းကြောင့် ဖြစ်သည်။
ဖရိုဖရဲ အစိမ်းရောင်ကြာပန်း ရုပ်ခန္ဓာကိုယ်ထည်သည် လျှို့ဝှက်ဆန်းကြယ်ပြီး ရှေးကျသော ရုပ်ခန္ဓာကိုယ်ထည် ဖြစ်သည်။
ဒဏ္ဍာရီဆိုအရ လွန်ခဲ့သော နှစ်သန်းပေါင်းများစွာက အစိမ်းရောင်ကြာပန်းတပွင့်သည် ရှေးဟောင်းခေတ် ဖရိုဖရဲနယ်မြေမှ မွေးဖွားလာသည်ဟု ဆိုကြသည်။ နောက်ဆုံးတွင်၊ ဤအစိမ်းရောင်ကြာပန်းသည် လူသားပုံစံအဖြစ်သို့ ပြောင်းလဲသွားပြီး နောက်ဆုံးတွင် မိုးပြာဧကရာဇ်မျိုးဆက်ဖြစ်လာရန် ကျင့်ကြံခဲ့သည်။ သူသည် ရှေးဟောင်းခေတ် အစိမ်းရောင်ကြာပန်း ရုပ်ခန္ဓာကိုယ်ထည်ကို ပိုင်ဆိုင်ထားသည့် တစ်ဦးတည်းသောသူ ဖြစ်သည်။
ယင်းပုဂ္ဂိုလ်၏ ရုပ်ခန္ဓာကိုယ်ထည်သည် ဖရိုဖရဲအုပ်စိုးရှင် ရုပ်ခန္ဓာကိုယ်ထည်ကို ယှဉ်နိုင်ရုံသာမကဘဲ သူ့၏ကျင့်ကြံခြင်း အမြန်နှုန်းက ဖရိုဖရဲအင်မော်တယ် ရုပ်ခန္ဓာကိုယ်ထည်နှင့် လုံးဝ မသက်ဆိုင်ပေ။ သူသည် ထိုမျိုးဆက်၏ ထူးချွန် ထက်မြက် သောပါရမီရှင်အားလုံးကို ဖြတ်ကျော်ပြီး ထိုပါရမီရှင်တို့၏ အရိုးများ ပေါ်သို့ ခြေချကာ ပြိုင်ဘက်ကင်းပုံရိပ်တခု ဖြစ်လာခဲ့သည်။
ဤရှေးဟောင်းခေတ် အစိမ်းရောင်ကြာပန်းပညာရပ်သည် ထိုသူကျန်ရစ်ခဲ့ဖွယ်ရှိ သည်ဟု ဆိုကြပြီး ချင်ယွင်က ၎င်းကို ယခင်က မယုံခဲ့ပေ။
သို့သော်လည်း ဖရိုဖရဲစိမ်းရောင်ကြာပန်းရုပ်ခန္ဓာကိုယ်ထည်၏ ရှေ့ပြေးပုံစံကို သူသည် အမှန်တကယ် ကျင့်ကြံထားသည်ကို တွေ့လိုက်ရသောအခါ၊ ဤကောလာဟလသည် အလွန်မှန်နိုင်သည်ဟု သူ အမှန်တကယ် ခံစားခဲ့ရသည်။
ဤရှေးဟောင်းခေတ် အစိမ်းရောင်ကြာပန်းပညာရပ်ကို သူကျင့်ကြံနိုင်ရခြင်း၏ အကြောင်းရင်းမှာ ယခင်က သူပိုင်ဆိုင်ဖူးသော ဖရိုဖရဲ အင်မော်တယ် အရိုးများနှင့် အလွန်ဆက်စပ်နေသည်ဟု ချင်ယွင်က ခံစားခဲ့ရသောကြောင့် ဖြစ်သည်။
ချင်ယွင်သည် သူ၏ကိုယ်ပေါ်ရှိ အစိမ်းရောင် သန့်စင်သည့် ပုံစံများကို ကြည့်လိုက် သည်။ သူပိုမိုကြည့်ရူလေ ပိုမိုစိတ်လှုပ်ရှားလာရလေဖြစ်ရသည်။ ၎င်းသည် ဖရိုဖရဲ အစိမ်းရောင်ကြာပန်း ရုပ်ခန္ဓာကိုယ်ထည်၏ သန္ဓေသားပုံစံမျှသာ ဖြစ်သော်လည်း ဤကဲ့သို့ ဆက်လက်ဖွံ့ဖြိုးနေသရွေ့ ချင်ယွင်သည် ပြီးပြည့်စုံသော ဖရိုဖရဲ အစိမ်းရောင်ကြာပန်း ရုပ်ခန္ဓာကိုယ်ထည်ကို ပိုင်ဆိုင်နိုင်မည်မှာ သေချာပါ သည်။ ထိုအချိန်တွင် သူ၏ အရည်အချင်းသည် ယခင်ကထက် ပို၍ပင် ကြီးမားလာ ပေလိမ့်မည်။
ချင်ယွင် နားမလည်နိုင်သော အရာမှာ သူသည် ရှေးဟောင်းခေတ် အစိမ်းရောင်ကြာပန်းပညာရပ်ကို ဟိုးယခင်ကတည်းက ကျင့်ကြံခဲ့ခြင်း ဖြစ်သည်၊ သို့သော် သူ၏ခန္ဓာကိုယ် သည်အဘယ်ကြောင့် ပြောင်းလဲသွားခြင်း မရှိခဲ့ရသနည်း။
ရုတ်တရက် ချင်ယွင်၏ ခန္ဓာကိုယ်သည် တုန်လှုပ်သွားပြီး သူ၏ရင်ဘတ်ကို အမြန် ကြည့်လိုက်သည်။
အားလုံးက ဒီအရာကြောင့်များလား။
ဒီဖရိုဖရဲ အစိမ်းရောင်ကြာပန်း မျိုးစေ့ကြောင့်လား?
ချင်ယွင်သည် ယင်းအကြောင်းကို များများတွေးလေ၊ ဖြစ်နိုင်ခြေ ပိုများလေဖြစ်သည်။ ထိုအချိန်တုန်းက မိုးပြာဧကရာဇ်သည် အစိမ်းရောင်ကြာပန်းမှ ဆင့်ကဲပြောင်းလဲ လာခဲ့သည်။ သူသည် အဆုံးသတ်ကို မသိရဘဲ ပျောက်ကွယ်သွားသည်ဟု ဆိုနိုင်သည်။ သူ မည်သည့်နေရာ ရောက်သွားမှန်း မည်သူမျှမှ မသိကြပေ။ အချို့က သူသည် အခြားကမ္ဘာ၏တံခါးကို ဖွင့်ပြီး၀င်ရောက်သွားသည်ဟု ထင်ကြေးပေးကြပြီး အချို့ကမူ သူသည် ကမ္ဘာတစ်ခုလုံးကို စိုးမိုးရန် သူ၏နောက်တစ်ကြိမ် ပြန်လည်မွေး ဖွားခြင်းကို စောင့်မျှော်နေသော ဖရိုဖရဲအစိမ်းရောင်ကြာပန်း အဖြစ်သို့ ပြန်လည် ပြောင်းလဲသွား သည်ဟု ထင်ကြေးပေးကြသည်။
ချင်ယွင်သည် ဒုတိယဒဏ္ဍာရီ အကြောင်းကို တွေးကြည့်သောအခါတွင် သူ၏စိတ်ထဲ တွင် နက်နဲသော စိုးရိမ်ပူပန်မှုတစ်ခု ထွက်ပေါ်လာသည်။
အကယ်၍ မိုးပြာဧကရာဇ်သည် အစိမ်းရောင်ကြာပန်းအဖြစ် အမှန်တကယ် ပြောင်းလဲ သွားခဲ့ပါက၊ ဤလျှို့ဝှက်ဆန်းကြယ်သော အစိမ်းရောင်ကြာပန်းစေ့သည် ထိုအချိန်တုန်းက မိုးပြာဧကရာဇ်မှ ဖြစ်တည်လာဖွယ်ရှိသည်။
အကယ်၍ မိုးပြာဧကရာဇ်သည် တစ်ဖန် ပြန်လည်နိုးထလာပါက၊ သူသည် မိုးပြာဧကရာဇ်၏ ဝါးမြိုခြင်းကံကြမ္မာကို ရင်ဆိုင်ရမည် မဟုတ်ပါလော။
"ဘာပဲဖြစ်ဖြစ်၊ အရာအားလုံးက မှန်းဆချက်သက်သက်ပဲ" ချင်ယွင်သည် သူ၏စိတ်ထဲတွင် အာရုံအနှောက်အယှက်များကို ဖယ်ရှားလိုက်ပြီး သူ၏ သိုလှောင်အိတ်ထဲမှ စိတ်ဝိညာဉ် ပြောင်းလဲခြင်း ဆေးသုံးလုံးကို စတင် ထုတ်ယူလိုက် သည်။ ထို့နောက် ကောင်းကင်ဘုံကိုးအလွှာ ကြယ်စင်စုပုံကြမ်းသို့ ဝင်ရောက်ရန် စီစဉ်လိုက် သည်။ သို့သော်လည်း ယခုတစ်ကြိမ်တွင် ချင်ယွင်သည် လေပြင်း ချောက်နက်ကြီးထဲသို့ ဝင်ရောက်ရန် မရည်ရွယ်ဘဲ လျှပ်စီးစွမ်းရည်တည်ရှိရာ ပထမဆုံး လျှပ်စီးရေကန်သို့ တိုက်ရိုက် ဝင်ရောက်ခဲ့သည်။
သူသည် လျှပ်စီးဒြဗ်စင်ကို နားလည်ရန်ရွေးချယ်ရခြင်း၏ အကြောင်းရင်းမှာ မိုးကြိုးဝိညာဉ်ဂိုဏ်းရှိ ဂိုဏ်း၀င်အားလုံးသည် လျှပ်စီးဒြဗ်စင် ကျင့်ကြံခြင်းနည်း ပညာရပ်များကို လေ့ကျင့်ကြသောကြောင့် ဖြစ်သည်။ လျှပ်စီးဒြဗ်စင် သဘောတရား နှင့် ပေါင်းစပ်ထားသောကြောင့် ၎င်းနည်းပညာရပ်များသည် ပို၍ အစွမ်းထက်သည်။
ထို့အပြင်၊ သူ၏အနာဂတ်တွင် အခြားသူများနှင့် ယှဉ်ပြိုင်ရာတွင် ရှေးဟောင်းခေတ် အစိမ်းရောင်ကြာပန်းပညာရပ်ကို လုံးဝအသုံးမပြုနိုင်တော့ပေ။ သူသည် မဟာမိုးကြိုး ဝိညာဉ်ပညာ ရပ်ကိုသာ အသုံးပြုနိုင်သည်။ ဤနည်းအားဖြင့်သူသည် လေစွမ်းရည် နားလည်နိုင်စွမ်းကိုလည်း အသုံးပြုရန် မသင့်လျော်ပေ။ ထို့ကြောင့် ချင်ယွင်သည် လျှပ်စီးစွမ်းရည်ကို တတ်နိုင်သမျှ နားလည်သဘောပေါက်ရန် လိုအပ်သည်။
ချင်ယွင်သည် လျှပ်စီးရေကန်ထဲသို့ ဝင်သွားသောအခါတွင် ဒေါသပေါက်ကွဲနေသော လျှပ်စီးမြွေကြီးက သူ၏ရှေ့တွင် ရစ်ပတ်ထားသည်။
ဒေါသပေါက်ကွဲနေသော လျှပ်စီးမြွေများသည် သူ့ကို လျှပ်စီးကြာပွတ်များကဲ့သို့ လျှပ်စီးများဖြင့် ရိုက်နှက်သည်။ သူခန္ဓာကိုယ်သည် သန်မာနေပေမယ့် သူ၏အသား အရေက အနည်းငယ်ထုံနေသေးသည် ။
"ဒါက သဘောတရားစွမ်းရည်ရဲ့ ပထမအဆင့်မှာ တည်ရှိတဲ့ မိုးကြိုးရေကန်ရဲ့ အပြင်ဘက်ကျဆုံး ဧရိယာ အစိတ်အပိုင်းပဲလား။" ချင်ယွင်သည် ပတ်ဝန်းကျင်ရှိ လျှပ်စီးမြွေများကို ကြည့်ကာ စိတ်ထဲတွင် အော်ပြောလိုက်မိသည်။
လျှပ်စီးရေကန်သည် ဝိုင်းစက်ပြီး စက်ဝိုင်း ဆယ်ခု ခွဲထားသည်။ စက်ဝိုင်းတစ်ခုစီသည် သဘောတရားစွမ်းရည်အဆင့်တစ်ခုစီ၏ စွမ်းအားကို ကိုယ်စားပြုသည်။ ယခုအချိန် တွင်၊ ချင်ယွင်သည် သဘောတရားစွမ်းရည်၏ အပြင်ဖက်ကျဆုံး ဧရိယာတွင်သာ ရှိနေသည်။
သို့သော် အပြင်ဘက်ကျဆုံးဧရိယာရှိ လျှပ်စီးသည် အမှန်တကယ်ပင် အလွန် ပြင်းထန်သည်။ ချင်ယွင်၏ ခန္ဓာကိုယ်သည် အလွန်ကောင်းမွန်လာသော်လည်း ထိခိုက်မှု ရှိနေဆဲ ဖြစ်သည်။ အပြင်ဘက် ဧရိယာမှာလည်း လျှပ်စီးနယ်မြေကို ပေါင်းစပ်ထားရမည်ဟု သူ ထင်မိသည်။ ထို့ကြောင့် ချင်ယွင်သည် ၎င်းကို နားလည် လိုပါက လျှပ်စီးစွမ်းရည်သုံးခုလုံးကို နားလည်ရမည်ဖြစ်ပါသည်။
မိုးကြိုးလျှပ်စီး ဒြပ်စင်စွမ်းရည်များကို ပေါက်ကွဲလျှပ်စီး၊ မြန်နှုန်းမြင့်လျှပ်စီးနှင့် လျှပ်စီးဖျက်ဆီးခြင်းဟူ၍ သုံးမျိုးခွဲခြားထားသည်။
ပေါက်ကွဲလျှပ်စီးနှင့် မြန်နှုန်းမြင့်လျှပ်စီးကို နားလည်ရန် အတော်လေးလွယ်ကူသော် လည်း လျှပ်စီးဖျက်ဆီးခြင်းက နားလည်ရခက်ခဲသည်။
ထိုအချိန်တုန်းက၊ ချင်ဘာတန်သည် မိုးကြိုးတိုက်ပွဲ ရုပ်ခန္ဓာကိုယ်ထည် နည်းပညာရပ်ကို ဖန်တီးရန် ပေါက်ကွဲလျှပ်စီးနှင့် မြန်နှုန်းမြင့်လျှပ်စီးတို့၏ သဘော တရားများကို နားလည်ခဲ့ပြီး ၎င်းတို့နှစ်ခုကို ပေါင်းစပ်ခဲ့ခြင်း ဖြစ်သည်။
မိုးကြိုးလျှပ်စီး၏ သဘောတရားကို နားလည်ရန် ပထမခြေလှမ်းမှာ မိုးကြိုးလျှပ်စီး၏ အစိတ်အပိုင်းများကို နားလည်ရန်ဖြစ်သည်။
ထို့ကြောင့် ချင်ယွင်သည် တင်ပျဉ်ခွေထိုင်ကာ စိတ်ဝိညာဥ်စုစည်းဆေးခြင်းကို ပါးစပ်ထဲသို့ ထိုးထည့်လိုက်ပြီး မျက်လုံးများကို မှိတ်လိုက်သည်။
စိတ်ဝိညာဥ်စုစည်းခြင်း ဆေးသည် လူများကို နားလည်သဘောပေါက်ခြင်းနှင့် ကျင့်ကြံရာမှာ ကူညီပေးနိုင်သည့် ဆေးတစ်မျိုးဖြစ်သည်။ ၎င်း၏လုပ်ဆောင်ချက်မှာ လူများအား ဉာဏ်အလင်းရသည့် အခြေအနေနှင့်တူညီသည့်အခြေနေတစ်ခုသို့ ဝင်ရောက် စေခြင်းဖြစ်ပြီး ၎င်းတို့ပတ်ဝန်းကျင်ရှိ ကမ္ဘာကြီးအပေါ် ၎င်းတို့၏ ထိုးထွင်းသိမြင်မူဉာဏ်ကို တိုးမြင့်လာစေသည်။
ချင်ယွင်သည် စိတ်ဝိညာဥ်စုစည်းခြင်းဆေးကို သောက်သုံးပြီးနောက် မကြာမီတွင် သူသည် ချက်ချင်းပင် လန်းဆန်းလာခဲ့သည်။ ကောင်းကင်နှင့်မြေကြီးအပေါ် သူ၏ ထိုးထွင်းသိမြင်မူဉာဏ်သည် နှစ်ဆတိုးလာပုံရသည်။ ထို့အပြင်၊ လျှပ်စီးရေကန် တစ်ခုလုံးသည် လျှပ်စီးဒြပ်စင်များနှင့် ပြည့်နေသောကြောင့် ချင်ယွင်သည် ပတ်ဝန်းကျင်၏ မိုးခြိမ်းသံနှင့် လျှပ်စီးလက်သည့်အရာများကို လျင်မြန်စွာ ခံစားသိရှိ လိုက်ရသည်။
ချင်ယွင်သည် မျက်လုံးများကိုမှိတ်ထားပြီးနောက် သူ၏စိတ်ထဲတွင် ထူထပ်သော ခရမ်းရောင်အလင်းအစက်များကို ခံစားလိုက်ရသည်။ ဤအလင်းအစက်များသည် တစ်ခါတစ်ရံတွင် ပေါင်းစပ်ကာ လျှပ်စီးမြွေများ ဖြစ်ပေါ်လာသည်။ ထိုလျှပ်စီး မြွေများသည် တခါတရံတွင်၊ မိုက်မဲသောကလေးများကဲ့သို့ လျင်မြန်စွာ ထွက်ပြေးကြပြီး တစ်ခါတစ်ရံ အချင်းချင်း တိုက်မိကာ ကြီးမားသော စွမ်းအင်ကို ထုတ်လွှတ်ကြသည်။
ချင်ယွင်သည် အလွန်အံ့သြဖွယ် ခံစားခဲ့ရသည်။ သူသည် ဒြပ်စင်တစ်ခုစီရှိ ခံစားချက်များကို အာရုံခံစားနိုင်ပုံရသည်။ တစ်ချို့ကရူးသွပ်ပြီး နေရာတကာ ပြေးလွှားနေကြသည်၊ တချို့က မိုက်မဲပြီး အလွန်မင်းမြန်ဆန်သည့်နှုန်းဖြင့် ရှေ့နောက် သွားလာနေကြသည်။ တချို့က အေးစက်ပြီး ရက်စက်ကြမ်းကြုတ်ကာ အရာအားလုံးကို ဖျက်ဆီးပစ်ချင်ကြသည်။
သေချာသည်မှာ၊ စိတ်ဝိဉာဏ်စုစည်းခြင်းဆေး ၏အကျိုးသက်ရောက်မှု အောက်တွင်၊ ဤဒြပ် စင်အလင်းစက်များ၏ဝိသေသလက္ခဏာများသည်လည်း အလွန် ရှင်းလင်းလှ သည်။ ဤအရာက ချင်ယွင်၏ နှလုံးသားကို တိတ်တဆိတ် သက်ပြင်းချစေ သည်။ ဤစိတ်ဝိညာဥ်စုစည်းခြင်း ဆေးက တကယ်ကို ကောင်းတဲ့အရာတခု ဖြစ်သည်။
"ဒါတွေက လျှပ်စီးရဲ့စွမ်းရည်သုံးမျိုး ဖြစ်နိုင်သလား" ချင်ယွင်သည် စိတ်ထဲတွင် သိချင်စိတ်ပြင်းပြစွာ မေးလိုက်မိသည်။သူသည် ထိုအရိုင်းဆန်သော အရာများကို စုစည်းရန် ကြိုးစားခဲ့သည်။
သို့သော် ဤအရာများသည် သူ၏အမိန့်ကို နားမထောင်ဘဲ ရိုးရိုးလေးပင် လျစ်လျူရှုခဲ့ သည်။
ချင်ယွင်သည် စိတ်မပျက်ဘဲ လျှပ်စီးဒြဗ်စင်တစ်ခုတည်းကိုသာ ကိုင်တွယ်ရန် သူ၏ အတွေးအားလုံးကို အာရုံစိုက်ခဲ့သည်။
မည်သည့်စွမ်းရည်ကိုမဆို ထိုးထွင်းနားလည်နိုင်မှု၏ အစောပိုင်းအဆင့်တွင်၊ ဒြဗ်စင် စွမ်းရည်များ ထိန်းချုပ်နည်းကို လေ့လာရပါမည်။ မဟုတ်ပါက သင်သည် ကောင်းကင်နှင့်မြေကြီး၏ စွမ်းရည်များကို စုစည်းနိုင်မည်မဟုတ်သောကြောင့် အစွမ်းထက်သော သိုင်းပညာများကို ထုတ်လွှတ်နိုင်မည် မဟုတ်ပေ။
နောက်ဆုံးတွင်၊ ချင်ယွင်၏ ချည်နှောင်မှုအောက်တွင် လျှပ်စီးဒြပ်စင်သည် ငြိမ်သက် သွားခဲ့ပြီး သူ၏အမိန့်ကို နာခံမှုစတင်ခဲ့သည်။
ချင်ယွင်သည် အလွန်ဝမ်းသာသွားသည်။ စတင်ခြင်းဖြင့် နောက်တစ်ဆင့်သည် ပိုမို လွယ်ကူလာမည် ဖြစ်သည်။ ထို့အပြင်၊ သူသည် ဤလျှပ်စီးကို အစောပိုင်းက ထိန်းချုပ်ခြင်းမှ အတွေ့အကြုံအချို့ကိုလည်း သင်ယူခဲ့သည်။ အခြားဒြပ်စင်အမှုန် အမွှားများကိုထိန်းချုပ်ရန်ပိုမိုလွယ်ကူလိမ့်မည်။
ထို့ကြောင့် သူသည် လျှပ်စီးဒြဗ်စင်များကို ပိုမိုထိန်းချုပ်နိုင်ရန် အခွင့်ကောင်းကို အသုံးချနေခဲ့သည်။
တစ်နေကုန်လွန်သွားပြီးနောက်၊ ချင်ယွင်သည် လျှပ်စီးအများစုကို ထိန်းချုပ်နိုင်ပြီး ရိုးရှင်းသော လျှပ်စီးလုံးတကို စုစည်းနိုင်ခဲ့သည်။
သို့သော်လည်း ချင်ယွင်သည် ဒြပ်စင်၏ စွမ်းရည်သုံးမျိုးအတွက် ကျရှုံးနေဆဲဖြစ်သည်။
ပေါက်ကွဲခြင်း၊ မြန်ဆန်ခြင်း၊ အဖျက်သဘောတရား။
နားလည်သဘောပေါက်ခြင်းတွင် သုံးမျိုးလုံးကို တစ်ပြိုင်နက်တည်း နားမလည်နိုင် သောကြောင့် ငါ ပေါက်ကွဲလျှပ်စီးဖြင့် စတင်ရမည်။
ချင်ယွင်သည် သူ၏စိတ်ကို ထိန်းထားပြီး ပေါက်ကွဲလျှပ်စီးကို နားလည်ရန် အာရုံစိုက်လာခဲ့သည်။
တစ်ချိန်တည်းမှာပင် သူသည် ဒုတိယ စိတ်ဝိဉာဏ်သည်စုစည်းခြင်း ဆေးကို သောက်သုံးလိုက်သည်။ သို့သော်လည်း ဒုတိယစိတ်ဝိဉာဏ်စုစည်းခြင်း ဆေး၏ အာနိသင်သည် ပထမဆေးကဲ့သို့ မကောင်းကြောင်း ချင်ယွင်သတိပြုမိခဲ့သည်။
"ဒါဆို ဒီစိတ်ဝိညာဥ်သည်စုစည်းခြင်း ဆေးမှာလည်း ဘေးထွက်ဆိုးကျိုးတွေ ရှိတယ်ပေါ့။ တစ်ကြိမ်သုံးပြီးနောက် ပို၍အသုံးပြုလေ အာနိသင်က ပိုဆိုးလာလေပဲ။ မူလက ဒီပစ္စည်းကိုနောက်ထပ်ပြန်ရဖို့ စိတ်ကူးထားသေးတယ်" ချင်ယွင်သည် သူ၏စိတ်ထဲတွင် ဝမ်းနည်းစွာ ပြောသည်။
သို့သော်၊ ၎င်းသည် ဘာမှမရှိသည်ထက်စာလျှင် ပိုကောင်းပါသည်။ ချင်ယွင်သည် မျက်လုံးများကိုမှိတ်ပြီး လျှပ်စီးဒြဗ်စင်၏ ပေါက်ကွဲလွယ်သော သဘာဝကို ရိပ်မိ လိုက်သည်။
လျှပ်စီးစွမ်းရည်များသည် လျှပ်စီးဒြပ်စင်များ၏ စွမ်းရည်များဖြစ်သောကြောင့် လျှပ်စီး၏ ပေါက်ကွဲလွယ်သော စွမ်းအားကို ဆုပ်ကိုင်လိုပါက လျှပ်စီးဒြပ်စင်များ၏ ပေါက်ကွဲလွယ်သည့် လက္ခဏာများကို လွတ်လွတ်လပ်လပ် ကိုင်တွယ်ထိန်းချုပ် နည်းကို နားလည်ထားရမည်ဖြစ်သည်။
ဤသည်မှာ အလွန်ခက်ခဲသော ချိတ်ဆက်မူဖြစ်သောကြောင့် ချင်ယွင်သည် နောက်တစ်နေ့ ရောက်သည်အထိ ထိုင်နေလိုက်သည်။