← Chapters

ပေါက်ကွဲလျှပ်စီး

Vol. 5 Ch. 73

ပေါက်ကွဲလျှပ်စီး

Vol. 5 Ch. 73

အခန်း (၇၃) ပေါက်ကွဲလျှပ်စီး။

ချင်ယွင်သည် သူ၏ ကျင့်ကြံမှုကို အာရုံစိုက်နေချိန်၌ ဧည့်သည်တစ်ဦးသည် သူ၏ ခြံဝင်းငယ်လေးဆီသို့ ရောက်လာခဲ့သည်။

"ဒေါင်ဒေါင်!" ခြံတံခါးကို ခေါက်လိုက်သည်။

မိုးကြိုးဝိညာဉ်ဂိုဏ်းတွင် နေအိမ်ပိုင်ရှင်၏ ခွင့်ပြုချက်မရှိဘဲ အခြားသူ၏နေအိမ်ကို မည်သူတစ်ဦးတစ်ယောက်မှ ကျူးကျော်ခြင်းမပြုရန် စည်းကမ်းရှိထားသည်။ မဟုတ်လျှင် ထိုသူများကို တရားဥပဒေစိုးမိုးရေးခန်းမက ပြင်းပြင်းထန်ထန် အပြစ်ပေးလိမ့်မည်။

ယခင်တုန်းက အငြိုးကြီးသည့် တပည့်နှစ်ယောက်ရှိခဲ့သည်။ တပည့်တစ်ဦးသည် အခြားတပည့်၏ ကျင့်ကြံနေသည့်အချိန်ကို အခွင့်ကောင်းယူကာ အခြားတပည့်၏ အိမ်သို့ ဖောက်ထွင်းဝင်ရောက်ခဲ့သည်။ နောက်ဆုံးတွင် ထိုတပည့်သည် အာရုံစူးစိုက်မူ ဆုံးရှုံးသွားခဲ့ပြီး သူ၏အ‌ငွေ့အသက်သည် ရုန့်ရင်းကြမ်းကြုတ်လာပြီး သေဆုံးသွားခဲ့ ရသည်။

ထို့ကြောင့်၊ ထိုအချိန်မှစ၍၊ မိုးကြိုးဝိညာဉ်ဂိုဏ်းသည် ငြိမ်းချမ်းစွာ ကျင့်ကြံနေစဉ် တပည့်များအား ဝင်ရောက်စွက်ဖက်ခြင်းမှ ကာကွယ်ရန် ဤစည်းမျဉ်းများကို ချမှတ်ခဲ့သည်။

စိန်လေးသည် ခြံဝင်းကို စောင့်ကြပ်နေသောကြောင့် ခြံဝင်းတံခါးကို ခေါက်လိုက်သည် နှင့် သူက လှမ်းလာပြီး တံခါးကို ဖွင့်လိုက်သည်။

စိန်လေးကို ထိုလူ မြင်သောအခါ သိသိသာသာ အံ့အားသင့်သွားသည်။ ဒါပေမယ့် စိန်လေးက "ငါ့သခင်က သီးသန့် တံခါးပိတ်ကျင့်ကြံခြင်း ၀င်နေတယ်။ မင်း သူ့ဆီက တစ်ခုခု လိုအပ်ရင် သူ ကျင့်ကြံရာက ထွက်လာရင် ငါပြောပြမယ်"

ရောက်ရှိလာသူမှာ တောင်ခြေရင်းတွင် ချင်ယွင်တွေ့ဆုံခဲ့သော ဖက်တီးလျူဖြစ်သည်။ ချင်ယွင်သည် အဆင့်တစ်ဆယ်ဝိညာဉ်အရင်း အမြစ်ပိုင်ရှင်ဖြစ်ကြောင်းကို သူတို့သည် မူလကတည်းက သတင်းပေးရန် ရည်ရွယ်ခဲ့သော်လည်း မစ်ရှင်လုပ်ဆောင်နေရခြင်း ကြောင့် မစ်ရှင်ပြီးဆုံးပြီးမှ သတင်းပို့ရန်စီစဉ်ခဲ့ကြသည်။

သို့သော် သူတို့ပြန်လာသောအခါ အပြင်စည်းဂိုဏ်း၀င်တပည့် စမ်းသပ်ပွဲတွင် စိန်ရုပ်သေးကိုချင်ယွင်က အနိုင်ယူနိုင်မည်ဟု သူ မထင်ထားခဲ့ပေ။ ချင်ယွင်သည် စိန်ရုပ်သေးကို အနိုင်ယူပြီး ၎င်းကို ချေမှုန်းခဲ့ကြောင်းကိုလည်း သူကြားသိရပြီး ဂိုဏ်းတစ်ခုလုံး၏ အာရုံစိုက်မူကို ဖြစ်စေခဲ့သည်။ ဒါကြောင့် လာကြည့်ရန် သူစိတ်ကူးထားပြီး တချက်လာကြည့်ခြင်း ဖြစ်သည်။ သူသည် စိန်ရုပ်သေးက တံခါးလာဖွင့်မည်ဟု မမျှော်လင့်ထားသလို ချင်ယွင်ကိုယ်တိုင်လည်း တံခါးပိတ် ကျင့်ကြံနေမည်ဟု မျှော်လင့်မထားခဲ့ပေ။

ကူကယ်ရာမဲ့စွာဖြင့် လျူဂေါ့သည် သူအဆင်‌ ပြေသည်ဟုသာ ပြောနိုင်ပြီး တံခါးပိတ်ကျင့်ကြံနေသည့် လင်းယွင် အမြန်ဆုံး ကျင့်ကြံရာမှထွက်လာရန် စောင့်ဆိုင်းနေခဲ့သည်။

ချင်ယွင်သည် အပြင်မှာ ဖြစ်ပျက်နေသည်ကို ဘာမှမသိပေ။

သူသည် ပေါက်ကွဲလျှပ်စီးနှင့်ပတ်သက်ပြီး နားလည်သဘောပေါက်မူအပေါ်မှာ နှစ်မြှုပ်နေ သေး၏။ သုံးရက်ကြာ နားလည်သဘောပေါက်ပြီးပြီးနောက် နောက်ဆုံးတွင် သူသည်ပေါက်ကွဲလျှပ်စီး၏ အစဦးအနေထားသို့ ခြေချနိုင်ခဲ့သည်။

ချင်ယွင်သည် သူ၏လက်ကို ဝှေ့ယမ်းလိုက်ပြီး ပြင်းထန်တဲ့ လျှပ်စီးအလွှာက သူ၏လက်သီးများကို ဖုံးလွှမ်းသွားခဲ့သည်။ သူသည် သူ၏ လက်သီးများကို လေထဲသို့ ထုရိုက်လိုက်ရာ မိုးခြိမ်းသံတစ်ခု ထွက်ပေါ်လာသည်။

"ဒီ ပေါက်ကွဲလျှပ်စီးက တကယ်မဆိုးဘူးဘဲ။"

ချင်ယွင်သည် ဤမြင်ကွင်းကို မြင်လိုက်ရသောအခါတွင် သူ၏ရင်တွင်း၌ ပျော်ရွှင်မှု များစွာကို ခံစားလိုက်ရသည်။ ပေါက်ကွဲလျှပ်စီးမှ သိပ်သည်းထားသော လျှပ်စီးသည် သူ၏တစ်ကိုယ်လုံးကို လွှမ်းခြုံနိုင်ပြီး သူ၏ကိုယ်တွင်းသို့ပင် ဝင်ရောက်သွားကာ မကြုံစဖူး ဒေါသပေါက်ကွဲသည့် အခြေအနေသို့ ရောက်ရှိသွားပြီး သူအား အလွန် အစွမ်းထက်သော တိုက်ခိုက်ရေး စွမ်းအားကို ထုတ်ပေးသည်။

ဟုတ်ပါသည်၊ ဤသည်မှာ ကနဦးအဆင့်ပဲရှိပါသေးသည်။ အကယ်၍ လူတစ်ဦးသည် သဘောတရားနယ်ပယ်၏ ပထမအဆင့်သို့ ဝင်ရောက်နိုင်ခဲ့လျှင် လျှပ်စီးဖြင့် နှစ်ခြင်းခံမူကို ရင်ဆိုင်ကြုံတွေ့ထားသော ခန္ဓာကိုယ်၏ ခွန်အားသည် တိုက်ရိုက် နှစ်ဆတိုးလာမည်ဖြစ်သည်။ ထို့အပြင် သဘောတရားများအပေါ် နားလည် သဘောပေါက်မူတိုးလာခြင်းဖြင့် သူ၏ခွန်အားလည်း တိုးလာမှာဖြစ်ပြီး သူသည်လည်း ပိုသန်မာလာမည်ဖြစ်သည်။

ထို့ကြောင့် နောက်သုံးရက်ကြာသောအခါ ချင်ယွင်သည် ပေါက်ကွဲလျှပ်စီးကို ဆက်လက်နားလည်ဆင်ခြင်‌နေခဲ့သည်။ နောက်ဆုံး၊ လေးရက်မြောက်သောနေ့၌ ချင်ယွင်သည် ပေါက်ကွဲလျှပ်စီး၏ ပထမအဆင့်ကို လုံးလုံးနားလည်သွားခဲ့သည်။

"စာရင်းထဲက သူတွေကို စိန်ခေါ်ဖို့ အချိန်တန်ပြီထင်တယ်" ချင်ယွင်က ရယ်မောလိုက်သည်။

သူသည် သိုင်းသခင်နယ်ပယ်၏ နဝမအဆင့် ကောင်းကင်အလွှာ အထွတ်အထိပ်သို့ ရောက်ရှိရန် ရှစ်ရက်ကြာ တံခါးပိတ်ကျင့်ကြံခြင်း ၀င်ခဲ့ပြီး ပေါက်ကွဲလျှပ်စီး သဘောတရား၏ ပထမအဆင့်ကိုလည်း နားလည်ခဲ့သည်။ ဒီလိုရလာဒ်မျိုးက အရမ်းကောင်းနေပါပြီ။

သို့သော် ထိုမတိုင်မီက ချင်ယွင်တွင် နောက်ထပ် လုပ်စရာတစ်ခုရှိသေးသည်။ သူ၏ လက်ရှိကျင့်ကြံမှုအဆင့်သည် သိုင်းပညာရှင်နယ်ပယ်၏ ဆဋ္ဌမအဆင့် ကောင်းကင်အလွှာတွင် ရှိနေဆဲ ဖြစ်သောကြောင့် သူ၏ကျင့်ကြံမှုကို သိုင်းသခင် နယ်ပယ်၏ ပထမအဆင့် ကောင်းကင်အလွှာသို့ မြှင့်တင်ရမည် ဖြစ်သည်။

သိုလှောင်အိတ်ထဲရှိ မဟာမိုးကြိုးဝိညာဉ်ပညာ ရပ်နှင့်ပတ်သက်၍ ချင်ယွင်သည် ၎င်းကိုကြည့်ရန်ပင် အလွန်ပျင်းရိခဲ့သည်။ သူ၏ပြုပြင် ပြီး၍ တိုးတက်ကောင်း မွန်လာပြီးနောက်၊ မိုးကြိုးဝိညာဉ်လေးပညာရပ်သည် မဟာမိုးကြိုးဝိညာဉ်ပညာရပ်နှင့် ထူးမခြားနားတော့ပေ။ ထို့ကြောင့် မဟာမိုးကြိုးဝိညာဉ်ပညာရပ်ကို ကျင့်ကြံခြင်းသည် ချင်ယွင်ကို လုံးဝ အကျိုးသက်ရောက်စေခြင်း မရှိပေ။

တစ်စုံတစ်ယောက်၏ ကျင့်ကြံခြင်းအဆင့်ကို မြှင့်တင်ခြင်းသည် အလွန်ရိုးရှင်းပါသည်။ လူတစ်ဦးသည် ၎င်းတို့၏ဒန်တန်တွင် လျှပ်စီးနည်းပညာရပ်ကို ပတ်ရေအနည်းငယ် ကြာအောင် လှည့်ပတ်နေသရွေ့၊ ထိုသူ၏ ကျင့်ကြံမှုသည် ဆဋ္ဌမအဆင့် ကောင်းကင်အလွှာ သိုင်းပညာရှင်နယ်ပယ်မှ ပထမအဆင့် ကောင်းကင်အလွှာ သိုင်းသခင်နယ်ပယ်အထိ တိုက်ရိုက်မြင့်တက်လာမည် ဖြစ်သည်။

ဤအရာများ ပြီးသွားသောအခါ ချင်ယွင်သည် ကောင်းကင်ဘုံကိုးလွှာ ကြယ်စင်စု ပုံကြမ်းမှ တိုက်ရိုက်ထွက်ခွာပြီး အိမ်အပြင်သို့ထွက်လျှင် ခြံဝင်းထဲတွင် ကြောင်စီစီ ထိုင်နေသော စိန်လေးကို တွေ့လိုက်ရသည်။

ချင်ယွင်သည် သူ၏စိတ်ထဲတွင် ပြုံးလိုက်မိသည်။ ဤရုပ်သေးသည် ရုပ်သေးရုပ်ပဲ ရှိနေပါသေးသည်။ သူ့မှာ အသိဥာဏ်ရှိသည်ဆိုလျှင်တောင် အသိဥာဏ်က အများကြီး မြင့်မားမှာမဟုတ်ပါဘူး။ သို့သော် သူသည် အလွန်လုံ့လဝီရိယရှိပြီး တာဝန်ကို ထမ်းဆောင်ခဲ့သည်။ သူ ခြံဝင်းထဲသို့ မထွက်သည်မှာ ရှစ်ရက်ရှိပြီ။

အမှန်တကယ်တော့ ချင်ယွင်သည် စိန်လေးကို ခြံဝင်းကို ပထမဆုံး ကာကွယ်ရေးလိုင်း အဖြစ်သာ ထားရှိသည်။ သူသည် ရှောင်ဘိုင်ကို အိမ်ထဲတွင်ထားခဲ့ သောကြောင့် မည်သူမျှမ၀င်ရောက်နိုင်ပါ။

သေချာတာက၊ သူသည် တခြားသူများ၏ နှောင့်ယှက်ခံရမူကို မကြောက်ပါဘူး။ ယင်းအစား၊ အခြားသူများ ဝင်လာပြီး သူ၏ ကောင်းကင်ဘုံကိုးလွှာ ကြယ်စင်စု ပုံကြမ်း၏ လျှို့ဝှက်ချက်များကို ရှာဖွေတွေ့ရှိသွားမည်ကို သူကြောက်ရွံ့သည်။ အခြားသူများ၏အိမ်ထဲသို့ မည်သူမျှ ဝင်ရောက်မကျူးကျော်ရန် တားမြစ်ထားသော စည်းမျဉ်းတစ်ခုရှိသော်လည်း ထိုသို့ဖြစ်လာမည်ကို သူကြောက်သည်။

စိန်လေးက ချင်ယွင်ထွက်လာသည်ကို မြင်လျှင် ချက်ချင်းထရပ်ပြီး "သခင်၊ သခင် တံခါးပိတ်ကျင့်ကြံရာက ထွက်လာပြီလား!"

ချင်ယွင်က ခေါင်းညိတ်ပြပြီး "ငါ တံခါးပိတ်ကျင့်ကြံနေစဉ်မှာ တစ်ခုခုဖြစ်ခဲ့တာလား?"

စိန်လေးက ခဏလောက်စဉ်းစားပြီး "အပြာရောင်တပည့်ဝတ်စုံဝတ်ထားတဲ့ ဖက်တီး တစ်ယောက်က သခင်ကိုရှာဖို့ လာခဲ့တယ်။ ဒါပေမယ့် သခင်ကိုရှာပွေမှုနဲ့ ပတ်သက်ပြီး ဘာမှမပြောဘူး။"

"အပြာရောင်ဝတ်ထားတဲ့ ဖက်တီးတပည့်လား?" ချင်ယွင်သည် သံသယစိတ်ဖြင့် ထပ်ခါတလဲလဲ ပြောသည်။ အပြာရောင်တပည့်ဝတ်စုံဝတ်ထားသော ဖက်တီးသည် အတွင်းစည်းဂိုဏ်းဝင် တပည့်ဖြစ်သင့်သော်လည်း သူသည် အတွင်းစည်းဂိုဏ်းဝင် တပည့် မည်သူ့ကိုမျှပင် မသိခဲ့သေးပေ။ ဘယ်သူက ငါ့ကို လာရှာတာလဲ။

ရုတ်တရက် ချင်ယွင်သည် တောင်ခြေရင်းတွင် တပည့်နှစ်ယောက်နှင့် တွေ့ခဲ့ကြောင်း သတိရမိသည်။ တယောက်က ဖက်တီးဖြစ်သည်။ သူတို့နှစ်ဦးစလုံးသည် သတ္တမအဆင့် ကောင်းကင်အလွှာ သိုင်းသခင်များဖြစ်ကြသောကြောင့် ၎င်းတို့သည် အတွင်းစည်း ဂိုဏ်းဝင်တပည့်များ ဖြစ်ရမည်။

ဖက်တီးက ဘာအတွက်လာရသလဲ?။ ယင်းအကြောင်းကို ချင်ယွင် မှန်းဆဖို့ မလိုပေ။ ဤလူသည် သူအပြင်စည်းဂိုဏ်းဝင်သွားသည်ကို ကြားဖူးလိမ့်မည်။ ယခု သူနှင့် ပူးပေါင်းလို၍ လာရောက်ခြင်း ဖြစ်လိမ့်မည်။ နောင်အနာဂတ်တွင် သူ၏ကျင့်ကြံမှု အဆင့်အတန်း မြင့်မားလာသော အခါတွင် သူသည် သူ့ကို ပို၍ ကူညီပေးနိုင်သည်။

ဤဖန်တီးလျူဂေါ့၏ အတွေးများကို သူ ဂိုဏ်း၏တောင်ခြေတွင် ရှိနေစဉ်ကတည်းက ရှာဖွေတွေ့ရှိခဲ့ပြီး ဖြစ်သည်။

ချင်ယွင်သည် လျူဂေါ့ကို အရင်ရှာဖွေရန်ရည်ရွယ်ချက်မရှိပေ။ လျူဂေါ့သည် မကြာမီ သူ့ကို ရှာဖွေရန် သေချာပေါက် လာလိမ့်မည်ဟု သူယုံကြည်ခဲ့သည်။

အခု သူလုပ်ရမယ့်အရာက အစောပိုင်းစာရင်းထဲရှိလူများကို စိန်ခေါ်ပြီး အတွင်းစည်း ဂိုဏ်းဝင်ရန် အရည်အချင်းများ ရယူဖို့ဖြစ်သည်။

ထို့ကြောင့် သူသည် ကောင်းကင်မိုးကြိုးရင်ပြင်ဆီသို့ တိုက်ရိုက် လျှောက်သွားသည်။ ကောင်းကင်မိုးကြိုးရင်ပြင်သည် မိုးကြိုးဝိညာဉ်ဂိုဏ်း၏ အကြီးဆုံးလေးထောင့်ရင်ပြင် တစ်ခုဖြစ်သည်။ ၎င်းသည် တောင်တန်းဆယ့်ရှစ်ခု၏ အလယ်ဗဟိုရှိ ကောင်းကင် မိုးကြိုးတောင်ထိပ်တွင် တည်ရှိသည်။ သာမာန်အားဖြင့် တပည့်များသည် ဤနေရာတွင် လေ့ကျင့်ခြင်းနှင့် စိန်ခေါ်ခြင်းတို့ကိုပြု၍ လေ့ကျင့်လေ့ရှိသည်။

ရင်ပြင်ဘေးတွင် ဆယ်မီတာကျော်မြင့်သော ကျောက်ပြားကြီးတစ်ခု ရှိသည်။ ဤကျောက်ပြားကြီးတွင် ဂိုဏ်း၏တပည့်အားလုံး အာရုံ စိုက်နေကြသော မိုးကြိုးဝိညာဉ်အဆင့်များကို မှတ်တမ်းတင်ထားသည်။

ချင်ယွင်သည် ကောင်းကင်မိုးကြိုးရင်ပြင်သို့ရောက်ရှိပြီး ဤမြင့်မားသောကျောက်စာ တန်းရှေ့တွင် ရပ်နေချိန်တွင် ၎င်းနှင့်ပတ်သက်သည့် အချက်အလက်များကြောင့် သူလည်း ထိတ်လန့်သွားခဲ့သည်။

ယင်းကျောက်ပြားကြီးအပေါ်မှာ စူးရှသော ရွှေရောင်စကားလုံးများ ပေါ်လာသည်။ စာရင်းထဲရှိ လူအားလုံး၏နာမည်များ တစ်ခုပြီးတစ်ခု ပေါ်လာသည်။ ထိုသူများ၏ ကျင့်ကြံမှု၊ အသုံး ပြုသည့် လက်နက်နှင့် တိုက်ပွဲမှတ်တမ်းများတောင် ယင်းအပေါ်မှာ ရေးထားသည်။ အလွန်ပြည့်စုံသည်ဟု ဆိုနိုင်သည်။

ချင်ယွင်သည် ထိပ်ဆုံးရှိစာတန်းသုံးခုကို တစ်ချက်ကြည့်လိုက်သည်။

ပထမနေရာ- ဘိုင်ချီဟန်၊ အဋ္ဌမအဆင့် ကောင်းကင်အလွှာ သိုင်းဂိုဏ်းချုပ်နယ်ပယ် ။ သူသည် ဓားများကို ကျွမ်းကျင်စွာ အသုံးချပြီး နဝမအဆင့် ကောင်းကင်အလွှာ သိုင်းဂိုဏ်းချုပ်အဆင့် နတ်ဆိုးကျွမ်းကျင်သူကိုသတ်ပစ်ခဲ့သည်။

ဒုတိယနေရာ- အဋ္ဌမအဆင့် ကောင်းကင်အလွှာ သိုင်းဂိုဏ်းချုပ်နယ်ပယ် ကျိုးယု။ သူသည် သိုင်းဂိုဏ်းချုပ်နယ်ပယ် နဝမအဆင့် အထွက်အထိပ်ရှိ ကောင်းကင်အလွှာ နတ်ဆိုးကျွမ်းကျင်သူကို တိုက်ကွက်ဒါဇင်ပေါင်းများစွာ ခုခံနိုင်ခဲ့ပြီး ဒဏ်ရာမရဘဲ ဆုတ်ခွာနိုင်ခဲ့သည်။

တတိယနေရာ- အဋ္ဌမအဆင့် ကောင်းကင်အလွှာ သိုင်းဂိုဏ်းချုပ်နယ်ပယ် ချင်ရွှန်းရွှန်း။ သူမသည် အဆင့်သုံး ငွေလဟိန်းဟောက် ကောင်းကင်ဝံပုလွေ ကြာပွတ်ကို အသုံးပြုခဲ့သည်။

ချင်ယွင်သည် ဤလူသုံးယောက်၏ အချက်အလက်ကို ကြည့်ပြီး အနည်းငယ် ထိတ်လန့်သွားသည်။ အထူးသဖြင့် ပထမအဆင့်ရှိသူ ဘိုင်ချီဟန်သည် နဝမအဆင့် ကောင်းကင်အလွှာ သိုင်းဂိုဏ်းချုပ်နယ်ပယ်ကျင့်ကြံခြင်းဖြင့် နတ်ဆိုးတစ်ကောင်ကို အမှန်တကယ် သတ်နိုင်ခဲ့သည်။ သူ၏ ခွန်အားသည် အနည်းဆုံး နဝမအဆင့် ကောင်းကင်အလွှာ သိုင်းဂိုဏ်းချုပ်နယ်ပယ်၏ အထွတ်အထိပ်တွင် ရှိနေသည်ကို တွေ့မြင်နိုင်သည်။

ယခုအချိန်တွင်၊ ချင်ယွင်သည် ကန့်သန့်ချက်မရှိဘဲ တတိယအဆင့် ကောင်းကင်အလွှာ သိုင်းဂိုဏ်းချုပ်အဆင့်ကိုသာ တိုက်ခိုက်နိုင်သည်။ တစ်နည်းဆိုရသော် ဓားဆန္ဒမရှိလျှင် ၊ချင်ယွင် သည် တတိယနေရာမှ ချင်ရွှန်းရွှန်း၊ ဒုတိယနေရာမှ ကျိုးယုနှင့် ပထမရရှိထားသော ဘိုင်ချီဟန်တို့ကို မယှဉ်နိုင်ပေ။

'"တစ်လခွဲ ကျန်နေပါသေးတယ်။ ဆိုလိုတာက ငါ့မှာ အခွင့်အရေးရှိတုန်းပဲ၊ အတွင်းစည်းဂိုဏ်းထဲကို အရင်ဝင်ရမယ်။ ဒီနည်းနဲ့ ငါ အရင်းအမြစ်တွေ ပိုရနိုင်မယ်။ ဒီအရင်းအမြစ်တွေကို သိုင်းဂိုဏ်းချုပ်နယ်ပယ်ကို ဖြတ်ကျော်ဖို့ ငါသုံးနိုင်တယ်။ အဲဒီအချိန်ရောက်ရင်၊ ဘိုင်ချီဟန်ကိုတောင် ငါ တိုက်ခိုက်နိုင်လိမ့်မယ်။" ချင်ယွင်က သူ့ကိုယ်သူ တွေးနေသည်။

ထို့ကြောင့် သူသည် မိုးကြိုးဝိညာဉ်အဆင့်သတ်မှတ်ချက်တွင် နောက်ဆုံး စာကြောင်းကို စိုက်ကြည့်လိုက်သည်၊ ဆိုလိုသည်မှာ ရှစ်ရာမြောက်စာတန်း ဖြစ်သည်။

ဤလူ၏အမည်မှာ ယန်ချွန်ဖြစ်ပြီး ၎င်း၏ ကျင့်ကြံမှုသည် စတုတ္ထအဆင့် ကောင်းကင်အလွှာ သိုင်းသခင်နယ်ပယ်တွင် ဖြစ်သည်။ သူ၏လက်နက်သည် လျှပ်စီးတူဖြစ်ပြီး ကျွမ်းကျင်စွာ အသုံးပြုနိုင်ကာ သူ၏အစွမ်းသည် စတုတ္ထအဆင့် ကောင်းကင်အလွှာ သိုင်းသခင်နယ်ပယ်၏ အထွတ်အထိပ်သို့ ရောက်နေသည်။

"ဒါဆို သူပဲ။" ချင်ယွင်က သူ့ကိုယ်သူ တွေးနေသည်။

ထို့ကြောင့် သူသည် ကျောက်တုံးဆီသို့ တည့်တည့်သွားကာ ယန်ချွန်၏ စာကြောင်းနောက်တွင် သူ၏နာမည်ကို ချန်ထားခဲ့သည်။

ဤသည်မှာ မိုးကြိုးဝိဉာဉ်ဂိုဏ်း၏ စိန်ခေါ်မှုစည်းမျဉ်း ဖြစ်သည်။ စိန်ခေါ်သူ အားလုံးသည် စိန်ခေါ်ခံရသူ၏ အချက်အလက်နောက်တွင် ၎င်းတို့၏အမည်များကို ချန်ထားခဲ့ရမည် ဖြစ်သည်။

ဤနည်းဖြင့် တရားဥပဒေစိုးမိုးရေးခန်းမ၏ တပည့်များသည် သတင်းအချက် အလက်များကို လျင်မြန်စွာ ဆုပ်ကိုင်နိုင်ပြီး တိုက်ပွဲဖြစ်ပွားချိန်ကို နှစ်ဖက်အား အသိပေးနိုင်မည် ဖြစ်သည်။

သေချာသည်မှာ၊ ချင်ယွင် နာမည်ချန်ထားခဲ့သည့် ညတွင်၊ တရားဥပဒေ စိုးမိုးရေးခန်းမမှ တပည့်များသည် သူ၏ခြံဝင်းသို့ ရောက်လာကာ မနက်ဖြန်နံနက်တွင် ကောင်းကင်မိုးကြိုး ရင်ပြင်သို့ သွားရောက်ရန် အကြောင်းကြားခဲ့သည်။

တရားဥပဒေစိုးမိုးရေးခန်းမမှ တပည့်များ ပြန်သွားပြီးနောက်၊ ချင်ယွင်သည် ကောင်းကင်ဘုံကိုးလွှာ ကြယ်စင်စုပုံကြမ်း၏ လျှပ်စီးရေကန်ထဲသို့ တိုက်ရိုက် ဝင်ရောက်ကာ မြန်နှုန်းမြင့်လျှပ်စီး၏ သဘောတရားကို ဆက်လက်ဆင်ခြင်နေခဲ့သည်။

ယန်ချွန်နှင့်တိုက်ပွဲမှာ ချင်ယွင်အတွက် ဘာဖိအားမှ မရှိပေ။ ယင်းကြောင့် တိုက်ပွဲအ‌ကြောင်းကိုပင်လုံးဝ မေ့သွားခဲ့သည်။

နောက်တစ်နေ့မနက်တွင် ချင်ယွင်သည် ကတိအတိုင်း ကောင်းကင်မိုးကြိုးရင်ပြင်သို့ ရောက်ရှိလာသည်။

All Chapters